၂၆၃ ဆုံးမခြင်းနှင့် အပြစ်စီရင်ခြင်း၌ ဘုရား၏ချစ်ခြင်းမေတ္တာကို ကျွန်ုပ် မြင်တွေ့ခဲ့သည်

အို ဘုရားသခင်၊ စုံစမ်းခြင်းများစွာ ကျွန်ုပ် ခံစားခဲ့ရလည်း၊

သေခြင်းသို့ ရောက်လုနီးပင် ဖြစ်သော်လည်း

ထိုအရာများ ကျွန်ုပ်ကို ကိုယ်တော်အား စစ်မှန်စွာ သိခွင့်ရစေ၍

ကျွန်ုပ်သည် အကြီးမားဆုံး ကယ်တင်ခြင်း ရရှိခဲ့၊

ကိုယ်တော်၏ စစ်ကြောစီရင်ခြင်း၊

ဆုံးမခြင်း၊ ပဲ့ပြင်ခြင်း ကျွန်ုပ်နှင့် ဝေးရင်

မှောင်မိုက်ထဲ၌ ကျွန်ုပ် နေရလိမ့်မည်၊

စာတန်၏အုပ်စိုးမှုအောက် ကျွန်ုပ် ရောက်လိမ့်မည်။

အို ဘုရားသခင်၊ ကိုယ်တော်အား ကျွန်ုပ်တောင်းဆိုပါ၏။

ကျွန်ုပ်၏ အကြီးမားဆုံး ခိုလှုံပျော်မွေ့ဖွယ်ရာများကို ယူမသွားပါနဲ့၊

နှစ်သိမ့်မှုစကားအနည်းငယ်ပင် ကျေနပ်ဖွယ်ဖြစ်၏။

ကျွန်ုပ်သည် ကိုယ်တော်၏ချစ်ခြင်းမေတ္တာကို နှစ်သက်သဖြင့်

ကျွန်ုပ်သည် ကိုယ်တော်နှင့် မခွဲနိုင်ပါ၊

ကျွန်ုပ်သည် ကိုယ်တော်ကို မချစ်ဘဲ နဲ့ မည်သို့၊ မည်သို့ နေနိုင်မည်နည်း။


လူသားဇာတိ အကျိုးကျေးဇူးက ဘာတွေများလဲ။

ကိုယ်တော်၏ဆုံးမခြင်း ကျွန်ုပ်နှင့် ဝေးရမည်ဆိုလျှင်

ကိုယ်တော်၏ဝိညာဉ်တော်သည် ကျွန်ုပ်ကို စွန့်ခွာသကဲ့သို့ပင်။

ကိုယ်တော်သည် ကျွန်ုပ်နှင့် အတူမရှိတော့သလိုပင်။

ကိုယ်တော် ကျွန်ုပ် ၏ လွတ်လပ်ခြင်းကို ရုပ်သိမ်းကာ၊

ကျွန်ုပ်ကို ဖျားနာခြင်းပေးလျှင်

ကျွန်ုပ် ဘဝဆက်လက်ရပ်တည်နိုင်သည်။

သို့သော် ကိုယ်တော်၏စစ်ကြောစီရင်ခြင်း ကျွန်ုပ်နှင့် ဝေးခဲ့ရလျှင်

ကျွန်ုပ်၌ ဘဝဆက်လက်ရပ်တည်ရန် လမ်းမရှိ။

အို ဘုရားသခင်၊ ကိုယ်တော်အား တောင်းဆိုပါ၏။

ကျွန်ုပ်၏ အကြီးမားဆုံး ခိုလှုံပျော်မွေ့ဖွယ်ရာများကို ယူမသွားပါနဲ့၊

နှစ်သိမ့်မှုစကားအနည်းငယ်ပင် ကျေနပ်ဖွယ်ဖြစ်၏။

ကျွန်ုပ်သည် ကိုယ်တော်၏ချစ်ခြင်းမေတ္တာကို နှစ်သက်သဖြင့်

ကျွန်ုပ်သည် ကိုယ်တော်နှင့် မခွဲနိုင်ပါ၊

ကျွန်ုပ်သည် ကိုယ်တော်ကို မချစ်ဘဲ နဲ့ မည်သို့၊ မည်သို့ နေနိုင်မည်နည်း။


ကိုယ်တော်၏ဆုံးမခြင်းမရှိဘဲ ကျွန်ုပ်နေရလျှင်

ကျွန်ုပ်တွင်ရှိ ကိုယ်တော်၏ချစ်ခြင်း ပျောက်ဆုံးနေလိမ့်မည်။

စကားလုံးများနှင့်ပင် မပြောတတ်တော့ပါ၊

ထိုချစ်ခြင်းမေတ္တာ ကျွန်ုပ်အတွက် နက်ရှိုင်းလွန်းသည်။

ကိုယ်တော်၏ချစ်ခြင်းမေတ္တာမရှိလျှင်

ကိုယ်တော်၏ တန်ခိုးကြီးသော မျက်နှာတော်ကို မမြင်နိုင်ဘဲ

စာတန်၏အောက်တွင် အသက်ရှင်နေပေမည်။

ကျွန်ုပ် မည်ကဲ့သို့ အသက်ဆက်နိုင်မည်နည်း။

ထိုမှောင်မိုက်ဘဝကို ကျွန်ုပ် သည်းမခံနိုင်။

ကိုယ်တော် ကျွန်ုပ်အနားရှိလျှင် ကိုယ်တော်ကို မြင်တွေ့ခြင်းပဲ၊

ကျွန်ုပ် ကိုယ်တော်ကို မည်သို့ စွန့်ခွာနိုင်မည်နည်း။

အို ဘုရားသခင်၊ ကိုယ်တော် အား တောင်းဆိုပါ၏။

ကျွန်ုပ်၏ အကြီးမားဆုံး ခိုလှုံပျော်မွေ့ဖွယ်ရာများကို ယူမသွားပါနဲ့၊

နှစ်သိမ့်မှုစကားအနည်းငယ်ပင် ကျေနပ်ဖွယ်ဖြစ်၏။

ကျွန်ုပ်သည် ကိုယ်တော်၏ချစ်ခြင်းမေတ္တာကို နှစ်သက်သဖြင့်

ကျွန်ုပ်သည် ကိုယ်တော်နှင့် မခွဲနိုင်ပါ၊

ကျွန်ုပ်သည် ကိုယ်တော်ကို မချစ်ဘဲ နဲ့ မည်သို့၊ မည်သို့ နေနိုင်မည်နည်း။


ကိုယ်တော့်မေတ္တာ ကျွန်ုပ်ကို ဝမ်းနည်းမျက်ရည် ကျစေခဲ့။

သို့သော် ဤကဲ့သို့သော ဘဝ ပိုလေးနက်သည်။

ကျွန်ုပ်ကို ကြွယ်ဝပြည့်စုံစေ၍ ပြောင်းလဲစေ သည်

ဖန်ဆင်းခံတစ်ဦး၌ ရှိရမည့် သမ္မာတရားကို ရရှိစေသည်။

အို ဘုရားသခင်၊ ကိုယ်တော် အား တောင်းဆိုပါ၏။

ကျွန်ုပ်၏ အကြီးမားဆုံး ခိုလှုံပျော်မွေ့ဖွယ်ရာများကို ယူမသွားပါနဲ့၊

နှစ်သိမ့်မှုစကားအနည်းငယ်ပင် ကျေနပ်ဖွယ်ဖြစ်၏။

ကျွန်ုပ်သည် ကိုယ်တော်၏ချစ်ခြင်းမေတ္တာကို နှစ်သက်သဖြင့်

ကျွန်ုပ်သည် ကိုယ်တော်နှင့် မခွဲနိုင်ပါ၊

ကျွန်ုပ်သည် ကိုယ်တော်ကို မချစ်ဘဲ နဲ့ မည်သို့၊ မည်သို့ နေနိုင်မည်နည်း။

အရှေ့သို့- ၂၆၂ ကိုယ်တော်၏ဆုံးမခြင်းနှင့်စီရင်ခြင်းကြောင့် ကျွန်ုပ် အကျိုးများစွာ ရရှိ

နောက်တစ်ခုသို့- ၂၆၄ ကိုယ်တော်၏ဆုံးမခြင်းနှင့်စီရင်ခြင်းမရှိလျှင် ကျွန်ုပ်မဖြစ်နိုင်ပါ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊...

၇၅၈ ဘုရားသခင်ကို ချစ်သောသူတို့သည် မင်္ဂလာရှိ၏

ဘုရားကိုချစ်သောသူ ဘုရားရဲ့သက်သေခံနိုင်သူဘုရားရဲ့ကောင်းချီးနဲ့ ကတိတော်များရှိဘုရားကိုချစ်သောသူ ဘုရားရဲ့သားသမီး ယုံကြည်သူဘုရားရဲ့ကောင်းချီး...

၄၇၄ သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်

၁သမ္မာတရားကိုဦးတည်ရာလမ်းကြောင်းမှာ ခက်ခဲကြမ်းတမ်းမှု ခံစားရမယ်သင့်ကိုယ်သင် အပြည့်အဝပေးဆပ်ထားအောက်ကျနောက်ကျခြင်းနဲ့ ဒုက္ခဆင်းရဲခြင်း...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။