နောက်ဆုံးတွင် လူသားပုံသဏ္ဍာန်တစ်ခုအတိုင်း ကျွန်ုပ် အသက်ရှင်ပြီ
၁ လောက၏ လွမ်းမိုးမှုထဲ ထိုးကျလျက်၊ မှားယွင်းမှုနှင့် အယောင်ဆောင်ခြင်း ဘဝတစ်ခု ကျွန်ုပ် အသက်ရှင်ခဲ့သည်။ အခြားသူများနှင့် ပတ်သက်၍ ကျွန်ုပ် အလွန်ဂရုစိုက်ကာ သတိထားနေခဲ့သည်၊ မှန်ကန်သော စကားတစ်ခွန်းကို ပေါ့ပေါ့တန်တန် ဘယ်သောအခါမျှ ကျွန်ုပ် မပြောဆိုခဲ့။ မိမိကိုယ်ကိုယ် မြင့်မြတ်သည်ဟု ယုံကြည်လျက် လျှို့ဝှက်စွာကြံစည်လုပ်ဆောင်ရင်း ဘဝဒဿနများဖြင့် ကျွန်ုပ် ပြုမူခဲ့သည်။ ကျွန်ုပ်၏ ဝင့်ဝါမှုကို ကျေနပ်ခဲ့သော်လည်း ကျွန်ုပ် စိတ်နှလုံးထဲရှိ ကြောက်ရွံ့မှုကို မဖုံးကွယ်နိုင်ခဲ့ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝကို တရားစီရင်ကာ ဖော်ထုတ်သည်။ အိပ်မက်မှ နိုးထသကဲ့သို့၊ ကျွန်ုပ် လူသားတစ်ဦးကဲ့သို့ အသက်ရှင်မနေခဲ့သည်ကို ကျွန်ုပ် သိခဲ့။ လိမ်ညာမှု၊ ကောက်ကျစ်မှုနှင့် လှည့်ဖြားမှုတို့က ကျွန်ုပ်၏ ဘဝစင်စစ် ဖြစ်လာခဲ့။ ရိုးသားပြီး ကောင်းမြတ်သော စိတ်နှလုံးမရှိဘဲနှင့်၊ မည်သည့် သိက္ခာ သို့မဟုတ် တည်ကြည်မှု ရှိပါသနည်း။ လှည့်ဖြားတတ်သော လူတို့သည် ဘုရားသခင်အားဖြင့် သုတ်သင်ဖယ်ရှားခံရကာ စွန့်ပစ်ခံရမည့် နတ်ဆိုးများဖြစ်သည်။ လူ့သဘာဝ ကျွန်ုပ် ကင်းမဲ့နေသည်ကို မုန်းမိသည်၊ ကျွန်ုပ် မိမိကိုယ်ကိုယ် အသစ်ဖြစ်စေရန် ဆုံးဖြတ်သည်။
၂ အနှစ်သာရအားဖြင့် ဘုရားသခင်သည် သစ္စာရှိကာ ဖြောင့်မတ်ပြီး အရာအားလုံးကို သူ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ဘုရားသခင်၏ မျက်မှောက်တော်ကို လူသား၏ လှည့်ဖြားမှုက မလွတ်မြောက်နိုင်၊ နောက်ဆုံးတွင် ဖော်ထုတ်ခံရပေမည်။ ရိုးသားသောလူတို့သည် သမ္မာတရားကို ချစ်ကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကွယ်ကာခြင်းတို့ ရှိကြသည်။ သမ္မာတရားကို နားလည်ရင်း၊ ကျွန်ုပ်၏ ရုပ်ဖျက်ထားခြင်းကို ဆုတ်ဖြဲပစ်ပြီး ရိုးသားသော လူတစ်ဦးဖြစ်ဖို့ ကြိုးစားသည်။ ရိုးရှင်းစွာနှင့် ပွင့်လင်းစွာ၊ ကျွန်ုပ် မိမိကိုယ်ကိုယ် စိတ်ဖြာလေ့လာကာ မိမိကိုယ်ကိုယ် ဖွင့်ဟခဲ့ပြီး လှောင်ရယ်ခံရမည်ကို ကျွန်ုပ် မကြောက်ရွံ့ပေ။ ကျွန်ုပ်သည် စိတ်ခံစားချက်များအပေါ် မှီခိုခြင်းမရှိသကဲ့သို့ ရည်ရွယ်ချက်များ ရောနှောခြင်းမရှိဘဲ ကျွန်ုပ်၏ အပြောအဆိုတွင် မျှတသည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် ကျွန်ုပ် လှည့်ဖြားမှုမရှိသလို၊ ကိုယ်တော့်ကို ကျွန်ုပ်၏ စိတ်နှလုံးအား လွှဲအပ်သည်။ အပြန်အလှန်အားဖြင့် မည်သည့်အရာမျှ မတောင်းဆိုဘဲ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့သာ ကျွန်ုပ်၏ တာဝန်ကို သစ္စာရှိရှိ ကျွန်ုပ် ဆောင်ရွက်။ ကျွန်ုပ် သမ္မာတရားနှင့်အညီ မိမိကိုယ်ကိုယ် ပြုမူနေထိုင်သောအခါ ကျွန်ုပ်၏ စိတ်နှလုံး အေးချမ်းကာ ပျော်မွေ့မှုရှိသည်။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့် အလင်းထဲတွင် အသက်ရှင်ခြင်းတို့က စစ်မှန်သော လူသားဘဝ ဖြစ်ပေ။ ဘုရားသခင်ကို ချီးမြောက်ရင်းနှင့် ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်ရင်း၊ ယခု သိက္ခာနှင့် တည်ကြည်မှု ကျွန်ုပ် ပိုင်ဆိုင်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူသားပုံသဏ္ဍာန်တစ်ခုအဖြစ် အသက်ရှင်နေထိုင်ဖို့ အခွင့်ပေးရင်း ကျွန်ုပ်ကို သန့်စင်စေသည်။