ဤမျှလောက်ဆိုးညစ်သောပြည်တွင် အသက်ရှင်နေထိုင်သောလူများ
၁
လူသားသည် ဘုရားသခင်နှင့် ပို၍အလှမ်းဝေးပြီး ဆန့်ကျင်လေ၏
အကြောင်းမှာ လူသားသည် ဆိုးညစ်သောပြည်ထဲ၌ မွေးဖွားလာခြင်းကြောင့် ဖြစ်၏၊
သူသည် လူ့အဖွဲ့အစည်း၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်၊
သူသည် မြေရှင်ပဒေသရာဇ်ဆိုင်ရာ ကျင့်ဝတ်တရားများ၏ စိုးမိုးခြယ်လှယ်ခြင်းကို ခံခဲ့ရပြီး
“အဆင့်မြင့်ပညာရေး စာသင်ကျောင်းများ” တွင် ပုံစံသွင်းခြင်းကို ခံခဲ့ရ၏၊
လူသား၏စိတ်နှလုံးသည် ကျူးကျော်ခြင်းကို ခံခဲ့ရသည်၊ အသိစိတ်သည်လည်း
ခေတ်နောက်ကျန်သောအတွေးများ၊ ဖောက်ပြန်ပျက်စီးသော အကျင့်စာရိတ္တများ၊
ဆိုးယုတ်သောအတွေးအမြင်များ၊ တန်ဖိုးမဲ့သောဖြစ်တည်ခြင်း၊
စာရိတ္တပျက်သောထုံးတမ်းစဉ်လာများ၊ နေပုံထိုင်ပုံနှင့် ဘဝအပေါ် ဆိုးသွမ်းသောအမြင်များ၏ တိုက်ခိုက်ခြင်းကို ခံရလေသည်။
အမှောင်ထဲ၌ အသက်ရှင်သောသူများသည်
သမ္မာတရားကို ကြားလျှင်လည်း လက်တွေ့လုပ်ဆောင်ခြင်း မရှိ၊
သို့မဟုတ် ဘုရားသခင်၏ပေါ်ထွန်းခြင်းကို ၎င်းတို့ မြင်သော်လည်း ကိုယ်တော့်ကို ရှာဖွေခြင်း မရှိကြချေ။
လွန်စွာစာရိတ္တပျက်ပြားပြီး ယိုယွင်းကျဆင်းသော လူသားမျိုးနွယ်သည်
အဘယ်အတွက်ကြောင့် ကယ်တင်ခြင်း ရ၍၊
အလင်းထဲ၌ အသက်ရှင်နိုင်သနည်း။
၂
လူသား၏စိတ်သဘောထားသည် နေ့စဉ် ပို၍ဆိုးယုတ်လာ၏။
ဘုရားသခင်အတွက် တစ်စုံတစ်ရာကို စိတ်ပါပါဖြင့်
စွန့်လွှတ်လိုသူ သို့မဟုတ် သူ့ကို နာခံပြီး
သူ၏ပေါ်ထွန်းခြင်းကို ရှာလိုသူ တစ်ဦးတစ်ယောက်မျှပင် မရှိချေ။
ယင်းအစား ၎င်းတို့သည်
စာတန်၏အုပ်စိုးမှုအောက်တွင် အပျော်အပါးလိုက်စားရန် ရွေးချယ်ကြ၏၊
ရွံ့ဗွက်ပြည်ထဲ၌ ဇာတိပကတိ ဖောက်ပြန်ပျက်စီးခြင်းသို့
၎င်းတို့ကိုယ်ကိုယ် အပ်လိုက်ကြ၏။
အမှောင်ထဲ၌ အသက်ရှင်သောသူများသည်
သမ္မာတရားကို ကြားလျှင်လည်း လက်တွေ့လုပ်ဆောင်ခြင်း မရှိ၊
သို့မဟုတ် ဘုရားသခင်၏ပေါ်ထွန်းခြင်းကို ၎င်းတို့ မြင်သော်လည်း ကိုယ်တော့်ကို ရှာဖွေခြင်း မရှိကြချေ။
လွန်စွာစာရိတ္တပျက်ပြားပြီး ယိုယွင်းကျဆင်းသော လူသားမျိုးနွယ်သည်
အဘယ်အတွက်ကြောင့် ကယ်တင်ခြင်း ရ၍၊
အလင်းထဲ၌ အသက်ရှင်နိုင်သနည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။