၃၀၁ လူတို့သည် ဘုရား၏ မျက်နှာတော်အမှန်ကို မသိကြကျူး
၁ ကမ္ဘာလောကကို ဖန်ဆင်းခြင်းကတည်းက၊ လူတို့ကို စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းမှသည် ၎င်းတို့ ယနေ့ ဖောက်ပြန်ပျက်စီးကြသည့် အတိုင်းအတာအထိ၊ ၎င်းတို့၏ ရှုထောင့်အမြင်မှ၊ ငါသည် သာ၍ ကွယ်ဝှက်သည်ထက် ကွယ်ဝှက်လာခဲ့ပြီး တိုး၍ နားလည်မရနိုင်ဖြစ်လာပြီးသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုကြောင့် ဖြစ်ခဲ့ပေသည်။ လူသားမျိုးနွယ်သည် ငါ၏စစ်မှန်သောမျက်နှာကို မည်သည့်အခါကမျှ မမြင်ဖူးသကဲ့သို့၊ မည်သည့်အခါမျှ ငါနှင့် တိုက်ရိုက် မဆက်ဆံဖူးပေ။ တစ်ဆင့်စကားနှင့် ဒဏ္ဍာရီဖြင့်သာ လူသား၏စိတ်ကူးတွင် “ငါ” တစ်ဦး ရှိနေခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ငါသည် ၎င်းတို့ နှစ်ပေါင်းများစွာ သိုထားကြပြီးဖြစ်သည့် “ငါ့” ၏ အခြေအနေကို ပြောင်းလဲနိုင်ဖို့အလို့ငှာ၊ လူတို့၏ စိတ်များထဲက “ငါ” ကို ကိုင်တွယ်ရန် ငါသည် လူသား၏ စိတ်ကူးစိတ်သန်းနှင့်- ဆိုလိုသည်မှာ လူသား၏ အယူအဆများနှင့်- ကိုက်ညီရ၏။ ဤသည်မှာ ငါ့အမှု၏ အခြေခံသဘောတရား ဖြစ်သည်။ မည်သည့်လူသားတစ်ဦးကမျှ ဤအရာကို အပြည့်အဝ မသိနိုင်လေပြီ။
၂ လူသားတို့သည် ငါ့ထံ မိမိတို့ကိုယ်ကိုယ် ဝပ်စင်းကြပြီးဖြစ်ကာ ငါ့ကို ကိုးကွယ်ရန် ငါ့ရှေ့မှောက်သို့ လာကြပြီးဖြစ်သော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးများတွင် ငါ၏ ပုံသဏ္ဌာန်ကို ထိန်းသိမ်းထားခြင်းမရှိဘဲ၊ ငါ၏ ပုံသဏ္ဌာန်ထက် အခြားပုံသဏ္ဌာန်တစ်ခုကို ထိန်းသိမ်း ထားကြသည့်အတွက်၊ ငါသည် ထိုသို့သော လူသား လုပ်ရပ်များကို မွေ့လျော်ခြင်း မရှိပေ။ ထို့ကြောင့် ၎င်းတို့သည် ငါ၏ စိတ်သဘောထားနှင့်ဆိုင်သည့် သိနားလည်မှု ကင်းမဲ့သောကြောင့်၊ လူတို့သည် ငါ၏ စစ်မှန်သော မျက်နှာကို လုံးဝ မမှတ်မိပေ။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ငါ့အား ခုခံပြီးဖြစ်သည် သို့မဟုတ် ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ကြပြီးဖြစ်သည်ဟု ယုံကြည်ကြချိန်တွင်၊ ငါသည် မသိကျိုးကျွန်ပြုနေဆဲဖြစ်သည်- ထို့ကြောင့် ၎င်းတို့၏ မှတ်ဉာဏ်များတွင်၊ ငါသည် လူတို့ကို ပြစ်တင်ဆုံးနေသည်ထက် ၎င်းတို့အပေါ် သနားကရုဏာပြသသည့် ဘုရားသခင်တစ်ပါး သို့မဟုတ် ငါသည် အပြောနှင့်အလုပ်မညီသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ ဤသည်တို့မှာ လူသား အတွေးမှ ပေါက်ဖွားသည့် စိတ်ကူးစိတ်သန်းများသာ ဖြစ်ပြီး၊ ယင်းတို့သည် အမှန်တရားများနှင့် မကိုက်ညီပေ။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၄)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်