၉၇ ယခုချိန်ထိ ဘုရားသခင် အမှုပြုနေခဲ့သော်လည်း၊ အဘယ်ကြောင့် သင် နားမလည်နိုင်သေးသနည်း

၁ စစ်မှန်သော ဘုရားသခင်သည် သူ့ကို လူသား သိစေဖို့ ကမ္ဘာမြေပေါ် အမှုပြုသည်၊ မိမိကိုယ်ကိုယ် လူ့ဇာတိ၌ ပြသသည်၊ လူသား၏ စိတ်နှလုံးကို သူ ရရှိနိုင်ဖို့ပါ၊ လူသား၏ ချစ်ခြင်းကို သူ ရရှိနိုင်ဖို့ပါ။ သို့သော်၊ ဤအရာကို ဘာမျှမသိဘဲလျက်၊ အံ့သြဖွယ်သောအမှု ကို ခေါင်းမာစွာ သင်ရှာဖွေ။ အာ၊ ဘုရားသခင်၏ အလိုတော်ကို သင် မည်သို့ မတွေ့နိုင်သနည်း။ ဘုရားသခင်သည် လူတို့ကို ကယ်တင်ဖို့ သူ၏နှုတ်ကပတ်တော်များကို မိန့်မြွက်ပြီး သူ၏အမှုကို ပြုတော်မူပေ။ အာ၊ ဘုရားသခင်သည် ယနေ့ချိန်ထိ အမှုပြုနေဆဲ၊ သို့သော် အဘယ်ကြောင့် သင် နားမလည်သေးသနည်း။ သခင့်ကို ဘုရားသခင် အချစ် မည်မျှ ပေးခဲ့ကြောင်း သင်သည် မသိသေးပေ။

၂ လူ့ဇာတိခံ ဘုရားသခင်ကို သင် ယုံသည်ဟု ပြောသော်လည်း မရေရာသော ဘုရားသခင်ကို သင် ရှာဖွေဆဲ။ ကောင်းကင်ဘုံရှိ ဘုရားသခင်ထံ သင်၏စိတ်နှလုံးထဲမှ သင်ဆုတောင်းပြီး ထိုကြီးမြတ်လှသော ဘုရားသခင်ကို မြင်ဖို့ သင်မျှော်လင့်။ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်လက်ခံသည့်အခါ၊ လက်တွေ့ကျသော ဘုရားသခင်ကို သင် သိပေ။ အာ၊ ဘုရားသခင်၏ အလိုတော်ကို သင် မည်သို့ မတွေ့နိုင်သနည်း။ ဘုရားသခင် စကားပြောပြီး အမှုပြုသည့် နည်းလမ်းများစွာရှိပေ။ အာ၊ ဘုရားသခင်သည် ယနေ့ချိန်ထိ အမှုပြုနေဆဲ၊ သို့သော် အဘယ်ကြောင့် သင် နားမလည်သေးသနည်း။ ဘုရားသခင်၏ အမှုတော်ကို သင် မသိလျှင်၊ စုံလင်ခံရသည့်အဖြစ်ကို ဆွေးနွေးခြင်းက အဘယ်အသုံးဝင်သနည်း။

၃ နာခံခြင်း သို့မဟုတ် ချစ်ခြင်း တစ်စက်မျှ မရှိဘဲ၊ သင်၏ အယူအဆများဖြင့် ဘုရားသခင်ကို သင် အစဉ်အမြဲ တောင်းဆိုမှုများ ပြုပေသည်။ ဘုရားသခင်၏ အမှုတော်က အလွန် လက်တွေ့ကျပေ၊ ယင်းသည် အဘယ်သို့ လူသား၏ စိတ်ကူးနှင့် ကိုက်ညီနိုင်မည်နည်း။ အယူအဆများကို မြဲမြံစွာ ဖက်တွယ်ထားခြင်းသည် ပုန်ကန်လိုစိတ်ဖြစ်သည်။ များစွာ တောင်းဆိုခြင်းသည် ကျိုးကြောင်းမဆီလျော်ခြင်း ဖြစ်သည်။ အာ၊ ဘုရားသခင်၏ အလိုတော်ကို သင် မည်သို့ မတွေ့နိုင်သနည်း။ ဘုရားသခင်၏ စိတ်နှလုံးနှင့် ဘုရားသခင်၏ အလိုတော် - ယင်းတို့ကို နားလည်အောင် ကြိုးစားလော့။ အာ၊ ဘုရားသခင်သည် ယနေ့ချိန်ထိ အမှုပြုနေဆဲ၊ သို့သော် အဘယ်ကြောင့် သင် နားမလည်သေးသနည်း။ သင်သည် အကြင်နာကင်းမဲ့ရမည်မဟုတ်၊ ဘုရားသခင်၏ စိတ်နှလုံးကို သင် အရေးထားသင့်ပေ။

၄ သင် ဘုရားသခင်ကို ချစ်လိုပါက၊ သင်၏ချစ်ခြင်းသည် လှိုက်လှဲရမည်။ သင်၏ ဘာသာရေးဆိုင်ရာ အယူအဆများအားလုံးကို ဖယ်ရှားလော့။ သင်သည် ကောင်းကြီးမင်္ဂလာများရဖို့သာ သင့်ကိုယ်သင် ထိခိုက်နေခြင်း ဖြစ်သည်။ သင်သည် တစ်သက်တာ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးနေသည်။ မည်မျှသည် ဘုရားသခင်ပြောကြားသည့် လှိုက်လှဲသော ထောင်ပေါင်းများစွာသော နှုတ်ကပတ်တော်များ ဖြစ်သနည်း- အားလုံးသည် လူကို စုံလင်စေဖို့အတွက်သာ ဖြစ်ပေ။ အာ၊ ဘုရားသခင်၏ အလိုတော်ကို သင် မည်သို့ မတွေ့နိုင်သနည်း။ သမ္မာတရားကို သင် မရှာဖွေဘဲ အဘယ်ကြောင့် အမြဲ ကိုယ်တော့်ကို မနာခံသနည်း။ အာ၊ ဘုရားသခင်သည် ယနေ့ချိန်ထိ အမှုပြုနေဆဲ၊ သို့သော် အဘယ်ကြောင့် သင် နားမလည်သေးသနည်း။ သင် အမြန်ဆုံး သင့် အသက်တာကို ပြောင်းလဲရန် ကြိုးစားပြီး ထိုသို့ဖြင့် ဘုရားသခင်၏ စိတ်နှလုံးဆီ ဖြေသိမ့်မှု ယူဆောင်လာပါ။

အရှေ့သို့- ၉၆ အင်မတန် ကြီးမားသော အဖိုးအခတစ်ခု ကိုယ်တော်ပေးပြီ

နောက်တစ်ခုသို့- ၉၈ ဘုရား၏မေတ္တာတော်ကို အစဉ်မပြတ် ချီးမွမ်းခြင်းရှိပါစေ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။