ချစ်ခြင်းမေတ္တာက ကြည့်ရှုစောင့်ရှောက်လျက်ရှိသည်
လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကိုယ်တော် လူ့ဇာတိဖြစ်လာကာ သမ္မာတရားကို ဖော်ပြပေ။
ကိုယ်တော်၏ နှုတ်ကပတ်တော်များအားလုံး သမ္မာတရားဖြစ်ကာ၊ လူ၏ စိတ်နှလုံးကို နိုးထစေကြပေ။
နေ့နေ့ညည ကိုယ်တော် ကြည့်ရှုစောင့်ရှောက်လျက်ရှိကာ၊ လေနှင့် မိုးတစ်လျှောက် ကိုယ်တော် အမြဲ ကျွန်ုပ်တို့နှင့်ရှိပေ။
လူသားမျိုးနွယ် ကယ်တင်ခံရဖို့ ကိုယ်တော်၏ နှလုံးသွေးကို ကိုယ်တော် သွန်းလောင်းလေပြီ။
ကျွန်ုပ်တို့၏ ပုန်ကန်မှုနှင့် နားလည်မှုလွဲခြင်းတို့ကို ညည်းညူခြင်းများ၊ နောင်တများမရှိဘဲ ကိုယ်တော် သည်းခံပေ။
သို့သော် ကိုယ်တော်၏ စိတ်နှလုံးကို လူမည်မျှ နားလည်ပါသနည်း။
ပြီးလျှင် လူမည်မျှ နိုးထကာ ကိုယ်တော့်ကို သူတို့၏ နှလုံးသားများ ပေးပြီးပြီနည်း။
အလွန်များစွာသော စိုးရိမ်ပူပန်မှုများ၊ အလွန်များစွာသော သောကများနှင့် သက်ပြင်းများ ကိုယ်တော် ရှိပေ။
အလွန်များသော အခက်အခဲနှင့် ခါးသီးမှု၊ ကိုယ်တော့်ဘာသာ ဤအရာများကို ခံပေ။
ကိုယ်တော်၏ နှုတ်ကပတ်တော်များက လူတို့ကို တရားစီရင်ကာ ဖော်ထုတ်ပြီး ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ၎င်းတို့ ထုတ်ဖော်ပြပေ။
ဆိုးရွားသော အရှက်ရစေခြင်းကို လူသားမျိုးနွယ်အား ကယ်တင်ဖို့ ကိုယ်တော် ခံစားလေပြီ။
နှစ်မည်မျှ ကြည့်ရှုစောင့်ရှောက်လျက်ရှိသနည်း။ နှစ်မည်မျှ စောင့်ဆိုင်းပါသနည်း။
ယင်းက ကိုယ်တော်ကို အမှန်တကယ် ချစ်သော လူအုပ်စုတစ်ခုကို ရရှိဖို့သာ ဖြစ်ပေ။
ကိုယ်တော်၏ ကြင်နာသော ရည်ရွယ်ချက်များနှင့် စစ်မှန်သော ချစ်ခြင်းတို့က
ကျွန်ုပ်၏ ခံစားချက်မဲ့သော စိတ်နှလုံးကို အသက်ပြန်ရှိစေပြီ။
အဘယ်သို့ ကျွန်ုပ်တစ်ဖန် ပုန်ကန်နိုင်မည်နည်း။ အဘယ်သို့ ကျွန်ုပ် စိတ်ပျက်အားလျော့လာနိုင်မည်နည်း၊ ပြန်လှည့်နိုင်မည်နည်း။
ကိုယ်တော် မျှော်လင့်ပေပြီ၊ အချိန်ကြာ ကိုယ်တော် စောင့်ဆိုင်းနှင့်လေပြီ။
ကိုယ်တော့်ကို နောက်ထပ်အချိန်ကြာ ကျွန်ုပ် စောင့်ဆိုင်းခွင့် ပြုကာ၊ ကိုယ်တော့်ကို ထပ်၍ မည်သို့နာကျင်စေနိုင်မည်နည်း။
ဤနောက်ဆုံး တစ်ကျော့တွင်၊ ကိုယ်တော့်နောက် နီးနီးကပ်ကပ် လိုက်ဖို့ ကျွန်ုပ် ဆန္ဒရှိ၊ ဘယ်သောအခါမျှ မရပ်တန့်ဘဲလေ။
သမ္မာတရားနှင့် အသက်ရဖို့အလို့ငှာ သမ္မာတရားကို လိုက်စားဖို့ ကျွန်ုပ် တတ်နိုင်သမျှ လုပ်ဆောင်ရန် လိုလားလျက်နေ။
မည်မျှ ဆိုးရွားပါစေ၊ နှိပ်စက်ညှင်းပန်းခြင်းနှင့် အခက်အခဲများ မည်မျှ ကြီးမားပါစေ၊ ကိုယ်တော့်နောက်လိုက်ဖို့ ကျွန်ုပ် လုံးဝ စိတ်ဆုံးဖြတ်ပေ။
ကိုယ်တော့်ကို ချစ်နိုင်ဖို့၊ ကိုယ်တော့်အတွက် ကောင်းသော သက်သေခံတစ်ဦးဖြစ်နိုင်ဖို့မှာ ဤဘဝအတွက် ကျွန်ုပ်၏ နှလုံးသား စိတ်ဆန္ဒ ဖြစ်ပေ။