၅၃၄ သမ္မာတရားကို မလိုက်စားခြင်းသည် မျက်ရည်များနှင့် အံသွားခဲကြိမ်ခြင်းတွင် အမြဲ အဆုံးသတ်သည်

၁ ဘဝကို မလိုက်လျှောက်သောသူ များစွာရှိသည်။ လိုက်လျှောက် သူအချို့ ရှိမည်ဆိုလျှင်ပင် အရေအတွက်က လက်တစ်ဆုပ်စာသာ ဖြစ်သည်။ လူတို့သည် သူတို့၏အနာဂတ်အကြောင်းများကိုသာ အာရုံစိုက်နေကြပြီး အသက်ကို အနည်းငယ်မျှ အာရုံစိုက်တတ်ကြသည် မဟုတ်ပေ။ လူအချို့တို့သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ကာ ခုခံကြပြီး သူ၏နောက်ကွယ်တွင် သူ့ကို ဝေဖန်ကြကာ သမ္မာတရားကို လက်တွေ့ မကျင့်ဆောင်ကြပေ။ ဤလူတို့ကို ယခု လစ်လျူရှုထားသည်။ ဤပုန်ကန်ခြင်း၏သားများကို ယာယီအားဖြင့် မည်သည့်အရာမျှ မပြုသော်လည်း အနာဂတ်၌ သင်သည် ငိုကြွေရင်း၊ အံကြိတ်ရင်းဖြင့် မှောင်မိုက်၌ အသက်ရှင်ရလိမ့်မည်။ အလင်းထဲ၌ အသက်ရှင်ချိန်တွင် သင်သည် ယင်း၏ အဖိုးတန်မှုကို မသိ၊ သို့သော် အမှောင်ည၌ သင်ရှင်သန်နေသည်နှင့် တစ်ပြိုင်နက် ၎င်း၏ အဖိုးတန်မှုကို သိမည်ဖြစ်ပြီး၊ ထိုအခါ သင် ဝမ်းနည်းလိမ့်မည်။ ထိုသို့ဖြစ်ရသည့် အကြောင်းမှာ ပစ္စုပ္ပန်အမှုကို သင်နားမလည်သေးဘဲ ရှိခြင်းကြောင့် ယခုသင်၌ရှိသည့်အချိန်ကို မြတ်နိုးတန်ဖိုးထားဖို့ သင်ပျက်ကွက်သည့်အတွက် ဖြစ်သည်။ စကြဝဠာတစ်ခုလုံးနှင့်ဆိုင်သော အလုပ် စတင်သည်နှင့် တစ်ပြိုင်နက်၊ ဆိုလိုသည်မှာ ယနေ့ ငါမိန့်ဆိုနေသောအရာအားလုံး အမှန်ဖြစ်လာသောအခါ လူများစွာတို့သည် မိမိတို့၏ဦးခေါင်းများကို ကိုင်ကာ မချိတင်ကဲဝေဒနာ မျက်ရည်များ ငိုကြွေးကြလိမ့်မည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ၎င်းတို့သည် ငိုကြွေးခြင်းနှင့် အံကြိတ် ခြင်းတို့ဖြင့် မှောင်မိုက်ထဲသို့ လဲကျခြင်း မဟုတ်သလော။

၂ အသက်ကို အမှန်တကယ် လိုက်စား၍ စုံလင်စေခြင်းခံရသူ အားလုံးကို အသုံးပြုနိုင်ကြသော်လည်း အသုံးပြုရန် မသင့်လျော်သော ပုန်ကန်ခြင်း၏ သားအားလုံးသည် မှောင်မိုက်ထဲသို့ လဲကျကြသည်။ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးပြီး မည်သည့်အရာကိုမျှ နားမလည်ဘဲ ရှိကြမည်။ အပြစ်ဒဏ်ထဲသို့ ကျရောက်စေခြင်း ခံရခဲ့သဖြင့်၊ ၎င်းတို့သည် ထိုကဲ့သို့ ရှိုက်ငိုခြင်းဖြင့် ဖိစီးနှိပ်စက်ခံရကြလိမ့်မည်။ သင်သည် အလုပ်၏ ဤအဆင့်၌ အဆင်သင့်ဖြစ်ပြီး သင့်အသက်တာ ရင့်ကျက်ပြီဆိုလျှင် အသုံးပြုခံရရန် သင့်လျော်သောသူ ဖြစ်ပေသည်။ အကယ်၍ သင်သည် အဆင်သင့်မရှိလျှင် အလုပ်၏နောက်တစ်ဆင့်အတွက် သင့်ကိုပြင်ဆင်ထားလျှင်ပင် သင်သည် အသုံးပြုရန် သင့်လျော်မည်မဟုတ်ပေ။ ဤအခြေအနေတွင် သင့်ကိုယ်သင် ပြင်ဆင်ချင်လျှင်ပင် အခွင့်အလမ်း နောက်တစ်ခု ရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်က ထွက်ခွာသွားပြီး ဖြစ်လိမ့်မည်၊ ယခု သင့်ရှေ့၌ ရှိသော အခွင့်အလမ်းမျိုးကို တွေ့ရန် သင်အဘယ်သို့ သွားနိုင်မည်နည်း၊ ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ပေးသော စွမ်းဆောင်မှုကို လက်ခံရရှိရန် သင်အဘယ်သို့ သွားနိုင်မည်နည်း။ ထိုအချိန်တွင် ဘုရားသခင်သည် ကိုယ်တိုင်ကိုယ်ကျ စကားပြောနေလိမ့်မည်မဟုတ်၊ သို့မဟုတ် ထုတ်ဖော်ပြောဆိုမည် မဟုတ်ပေ။ သင်လုပ်နိုင်သည်မှာ ယနေ့ ပြောလျက်ရှိသည့်အရာကို ဖတ်ရှုနိုင်ခြင်းသာ ဖြစ်လိမ့်မည်။ ထိုအခါ သင်မည်သို့ အလွယ်တကူ နားလည်နိုင်မည်နည်း။ အနာဂတ်ဘဝက ယနေ့ဘဝထက် မည်သို့ ပိုကောင်းနိုင်လိမ့်မည်နည်း။ ထိုချိန်တွင် သင်သည် ငိုကြွေး၍ အံကြိတ်ကာ အသက်ရှင်လျက် သေနေခြင်းကို ခံစားနေရမည် မဟုတ်လော။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၃၃ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သူ မည်သူမဆို ဖယ်ရှင်းသုတ်သင်ခံရလိမ့်မည်

နောက်တစ်ခုသို့- ၅၃၅ သမ္မာတရားကို မလိုက်စားသူတို့သည် နောင်တရကြလိမ့်မည်ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

၇၉၉ ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်

၁ဘုရားရဲ့အမှုတော်များစွာထဲမှာစစ်မှန်သောကိုယ်တွေ့ ရှိသူတိုင်း ဘုရားကို ချစ်ကြောက်ကြသည်ဘုရားရဲ့စစ်ကြောခြင်းနှင့်ဆုံးမခြင်းက လူသားတို့ကို...

၄၆၇ ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

၁ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါလူတွေကို စကားတချို့ သူအမြဲမိန့်မှာ သမ္မာတရားများ ဟောကြားဤသမ္မာတရားများ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။