၄၇၃ လူသား စိတ်နှလုံးကို သမ္မာတရားကသာ အေးချမ်းစေနိုင်သည်

၁ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း နှစ်ခုလုံးသည် သမ္မာတရားဖြစ်သည်။ ယင်းသည် ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းမဟုတ်ဘဲ၊ လူတစ်ယောက်စီတိုင်း၏ စိတ်နှလုံးလိုအပ်ချက်များကို ပံ့ပိုး ပေးသောကြောင့်၊ ယင်း၏ တန်ဖိုးကို မည်သည့်ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းနှင့်မျှ မည်မျှအဖိုးတန်သည်ဖြစ်စေ ယှဉ်၍ တိုင်းတာ၍ မရနိုင်သကဲ့သို့၊ ယင်း၏ တန်ဖိုးကို ငွေကြေးအရလည်း အဖိုးဖြတ်၍ မရပေ။ သင်၏ စိတ်သဘောထားထဲက ပြောင်းလဲမှုတစ်ခုကို သင် အားထုတ်စဉ်တွင် ဘုရားသခင်အားဖြင့် သင်၏ ကယ်တင်ခြင်း အတွေ့အကြုံဖြစ်စဉ်၌၊ သင်သည် သူ၏အလိုကို သင်နားမလည်ပါက သို့မဟုတ် သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို သင် မသိပါက၊ ဘုရားသခင်၏ စိတ်သဘောထားကို သင်နားမလည်ပါက၊ သင်သည် စိတ်မသက်သာမှုကို အလွန်တရာ ခံစားရမည်မဟုတ်လော။ သင်၏ စိတ်နှလုံးထဲတွင် အားကောင်းသော ဆာလောင်မှုနှင့် ငတ်မွတ်မှုကို ခံစားရမည် မဟုတ်လော။ ဤခံစားချက်တို့က သင်၏ စိတ်နှလုံးထဲတွင် ငြိမ်ဝပ်ခြင်းကို ခံစားရခြင်းမှ သင့်ကို တားဆီးသည် မဟုတ်လော။ သို့ဆိုလျှင် သင်၏ စိတ်နှလုံးထဲရှိ ထိုဆာလောင်မှုကို သင်မည်သို့ ဖြည့်ဆည်းနိုင်မည်နည်း။

၂ သမ္မာတရား၏ လက်တွေ့အရှိတရားနှင့် သူ၏အလိုကို သင့်အား သိရှိခွင့်ပေးဖို့ ဘုရားသခင်ထံမှ အသိဉာဏ်ပွင့်လင်းခြင်းကို ရရှိရန် ပြင်းပြသော ဆန္ဒကို သင်ခံစားရသောအခါတွင်၊ သင် အလိုအပ်ဆုံး ဖြစ်သည်မှာ ဗိုက်ပြည့်စေသည့် ထမင်းတစ်နပ်မဟုတ်သကဲ့သို့၊ ဇာတိပကတိနှင့်ဆိုင်သည့် ယာယီ နှစ်သိမ့်မှုနှင့် စိတ်ကျေနပ်ခြင်းတို့ မဆိုထားနှင့် ကြင်နာသော စကားအနည်းငယ် မဟုတ်ပေ- သင်လိုအပ်သည်မှာ သင် မည်သည့်အရာ လုပ်ဆောင်သင့်သည် ဆိုသည်နှင့်၊ မည်သို့ လုပ်ဆောင်သင့်သည်ဆိုသည်ကို သင့်အား ဘုရားသခင်က တိုက်ရိုက် ရှင်းလင်းစွာပြောပြရန် သမ္မာတရားက အဘယ်အရာ ဖြစ်သည်ဆိုသည်ကို သင့်အား ရှင်းရှင်းလင်းလင်း ပြောပြရန် ဖြစ်သည်။ ဤအရာကို သင် နားလည်ပြီးသည့်နောက်၊ အနည်းငယ်မျှသော သိနားလည်မှုကို သင် ရရှိလျှင်ပင်၊ အစားအစာကောင်းကောင်း စားရသည်ထက် သင်၏ စိတ်နှလုံးတွင် သာ၍ ကျေနပ်မှုခံစားရမည် မဟုတ်လော။ သင်၏ စိတ်နှလုံး ကျေနပ်သောအခါတွင်၊ သင်၏ စိတ်နှလုံးနှင့် သင်၏ ဖြစ်တည်မှုတစ်ခုလုံးသည် စစ်မှန်သော ငြိမ်ဝပ်ခြင်းကို ရရှိသည်မဟုတ်လော။

၃ ဘုရားသခင်ထံမှ လာသောအရာ၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့် သူနှင့် သက်ဆိုင်သည့် အရာရာတိုင်းသည် သင် တန်ဖိုးအထားဆုံးဟု တစ်ချိန်က သင်ယုံကြည်ခဲ့သော အမှုအရာ သို့မဟုတ် လူအပါအဝင် အခြား မည်သည့်အရာမဆိုထက် သာ၍ကြီးမြတ်ပေသည်။ လူတစ်ဦးသည် ဘုရားသခင်၏နှုတ်မှ စကားများကို မရရှိနိုင်ပါက၊ သို့မဟုတ် သူ၏အလိုကို နားမလည်နိုင်ပါက၊ ငြိမ်သက်ခြင်းချမ်းသာကို ၎င်းတို့ မရရှိနိုင်ပေ။ ဘုရားသခင် လုပ်ဆောင်သော အရာတိုင်းသည် သမ္မာတရားနှင့် အသက်ဖြစ်၏။ သမ္မာတရားမှာ လူတို့အနေဖြင့် မိမိတို့ အသက်တာများတွင် ကင်းမဲ့၍မရသည့် အရာတစ်ခု ဖြစ်ပြီး၊ မရှိဘဲနှင့် ၎င်းတို့ လုံးဝ အဆင်မပြေနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ယင်းမှာ အကြီးမြတ်ဆုံးသောအရာ ဖြစ်သည်ဟုလည်း သင်ဆိုနိုင်သည်။ သင်သည် ယင်းကို သင်ကြည့်၍မရ သို့မဟုတ် ထိ၍မရသော်လည်း၊ သင့်အဖို့ ယင်း၏ အရေးပါမှုသည် လျစ်လျူရှု၍မရနိုင်ပေ။ ယင်းသည် သင်၏ စိတ်နှလုံးကို ငြိမ်သက်ခြင်း ချမ်းသာ ယူဆောင်ပေးနိုင်သည့် တစ်ခုတည်းသော အရာဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၄၇၂ သမ္မာတရားသည် ဘဝရဲ့အမြင့်ဆုံး ဆောင်ပုဒ်

နောက်တစ်ခုသို့- ၄၇၄ သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

၂၀၆ ဘုရားသခင်၌သာ အသက်လမ်းရှိ

၁ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူးလူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူးအသက်မှာ ဘုရားဆီကသာ လာသည်မို့ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။