ပေတရု၏ ယေရှုကို နားလည်မှုကျူး
၁ ပေတရုဟာ ယေရှုနောက်ကို နှစ်အနည်းငယ်လိုက်ခဲ့ပြီး လူတွေမှာ မရှိတဲ့အရာတွေကို ယေရှုဆီမှာ တွေ့ခဲ့ရတယ်။ ယေရှုရဲ့ အပြုအမူတိုင်းဟာ သူ့ဘဝအတွက် စံနမူနာ ယူစရာဖြစ်ခဲ့ပြီး၊ အထူးသဖြင့် ယေရှုရဲ့ တရားဒေသနာတွေဟာ သူ့နှလုံးသားမှာ ထွင်းထုထားခဲ့ပါတယ်။ သူဟာ ယေရှုအပေါ် အလွန်ကို စိတ်နှစ်မြုပ်ပြီး အလွန်ကိုပဲ ထည့်သွင်း စဉ်းစားပေးတတ်ပါတယ်။ ယေရှုအပေါ်မှာ အထွန့်တက် ငြင်းခုန်ခြင်း တစ်ခါမှ မရှိခဲ့ဘူး။ ဒါကြောင့် ပေတရုဟာ သူဘယ်သွားသွား ယေရှုရဲ့ သစ္စာရှိတဲ့ အဖော်တစ်ယောက် ဖြစ်ခဲ့တယ်။ ပေတရုဟာ ယေရှုရဲ့ သင်ကြားချက်တွေ၊ သူ့ရဲ့ နူးညံ့တဲ့ စကားလုံးတွေနဲ့ သူဘာစားတယ်၊ ဘာဝတ်တယ် ဆိုတာတွေ၊ သူ့ရဲ့ နေ့စဉ်ဘဝနဲ့ သူ့ရဲ့ ခရီးသွားခြင်းတို့ကို လေ့လာကြည့်ရှု ခဲ့ပါတယ်။ ယေရှုရဲ့ စံနမူနာအတိုင်း သူတတ်နိုင်သမျှ လိုက်လျှောက်တယ်။ သူဟာ ဘဝင်မမြင့်ဘူး။ ဒါပေမဲ့ သူ့ရဲ့အရင်က ဟောင်းနွမ်းနေပြီဖြစ်တဲ့ အရာတွေအားလုံးကို ထားခဲ့ပြီး၊ ယေရှုရဲ့ စကားလုံးနဲ့ လုပ်ဆောင်မှု စံနမူနာတွေကို လိုက်လျှောက်ခဲ့တယ်။
၂ အဲဒီအချိန်တုန်းက ပေတရုဟာ ကောင်းကင်၊ မြေကြီးနဲ့ ရှိသမျှအရာ အားလုံးဟာ အနန္တဘုန်းတန်ခိုးရှင်ရဲ့ လက်ထဲမှာရှိတယ်ဆိုတာကို ခံစားခဲ့ရတယ်။ ဒါကြောင့် သူ့မှာ ကိုယ်ပိုင် ရွေးချယ်မှု မရှိခဲ့ဘူး။ ဒါပေမဲ့ ယေရှုရဲ့ အပြုအမူအားလုံးကို သူ့ရဲ့ စံနမူနာအဖြစ် ထားခဲ့တယ်။ ယေရှုဟာ သူလုပ်ခဲ့တဲ့အပေါ်မှာ ဘဝင်မြင့်ခြင်း မရှိသလို၊ သူ့ကိုယ်သူ ကြွားဝါခြင်းလည်းမရှိဘူး၊ ဒါတွေကို မပြုလုပ်ဘဲ သူဟာ လူတွေကို ချစ်ခြင်းမေတ္တာနဲ့ ထိတွေ့တယ်ဆိုတာကို သူ့အသက်တာကနေ သူတွေ့မြင်နိုင်ခဲ့တယ်။ မတူညီတဲ့ အခြေအနေတွေမှာ ပေတရုဟာ ယေရှုက ဘယ်လိုလူမျိုးလဲဆိုတာကို မြင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ယေရှုမှာ ရှိသမျှအရာ အားလုံးဟာ ပေတရုအတွက် စံနမူနာယူစရာတွေပဲ ဖြစ်လာခဲ့တာပါ။ သူတွေ့ကြုံရတာတွေထဲမှာ သူဟာ သခင်ယေရှုရဲ့ ချစ်ခင် နှစ်သက်ဖွယ်ကောင်းမှုကို ပိုပိုပြီး ခံစားခဲ့ရတယ်။
၃ သူက ဒီလိုမျိုးပြောတယ်- “စကြာဝဠာမှာ အနန္တတန်ခိုးရှင်ကို ငါရှာဖွေခဲ့ပြီး ကောင်းကင်၊ မြေကြီးနဲ့ အရာအားလုံးရဲ့ အံ့သြဖွယ်ရာတွေကို တွေ့မြင်ခဲ့ရတယ်။ ဒါကြောင့် အနန္တတန်ခိုးရှင်ရဲ့ ချစ်ခင် နှစ်သက်ဖွယ်ကောင်းမှုကို လေးလေးနက်နက် ခံစားခဲ့ရတယ်။ ဒါပေမဲ့ ငါ့နှလုံးသားမှာ ဘယ်တုန်းကမှ စစ်မှန်တဲ့ ချစ်ခြင်းမရှိခဲ့ဘူး။ အနန္တတန်ခိုးရှင်ရဲ့ ချစ်ခင် နှစ်သက်ဖွယ်ကောင်းမှုကို ငါ့မျက်လုံးနဲ့ တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ ဒီနေ့တော့ အနန္တတန်ခိုးရှင်ရဲ့ အမြင်မှာ ငါ့ကို သူမျက်နှာသာပေးပြီး ကြည့်ရှုစောင့်မခဲ့ပြီ၊ ဘုရားရဲ့ ချစ်ခင် နှစ်သက်ဖွယ် ကောင်းမှုကို နောက်ဆုံးမှာ ခံစားခဲ့ရပြီးတော့ လူသားအားလုံးက သူ့ကို ချစ်ဖို့အတွက် သက်သက်ပဲ အရာအားလုံးကို ဖန်ဆင်းခဲ့ခြင်း မဟုတ်ဘူးဆိုတာ သိရှိခဲ့ရတယ်။ ငါရဲ့ နေ့စဉ်အသက်တာမှာ သူ့ရဲ့ အဆုံးမရှိတဲ့ ချစ်ခင် နှစ်လိုဖွယ်ကောင်းမှုကို တွေ့ရှိခဲ့တယ်။ ဒီနေ့ အခြေအနေမျိုးအထိပဲ ကန့်သတ်ထားတာမျိုး ဘယ်လို ဖြစ်နိုင်မှာလဲ။”
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အသက်တာ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။