၅၀၆ သမ္မာတရားကို ပိုလက်တွေ့ကျင့်သုံးလေ၊ ဘုရား၏ ကောင်းချီးပေးခြင်းကို ပိုခံရလေကျူး
၁ သမ္မာတရား၊ အသိဉာဏ်နှင့် ရူပါရုံများရှိပြီး သူ့ကို အမှန်တကယ်ချစ်သောသူများကို ဘုရားသခင်သည် ကောင်းချီးပေး၏။ အကယ်၍ လူတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရန် ဆန္ဒရှိပါက၊ သူတို့အနေဖြင့် လက်တွေ့ဘဝတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်။ ဝေဒနာကို တောင့်ခံလိုစိတ် ရှိရမည်ဖြစ်ပြီး ဘုရားသခင် စိတ်ကျေနပ်စေရန် သူတို့ချစ်သော အရာများကို စွန့်လွှတ်ရမည်။ ထို့အပြင် သူတို့မျက်လုံးထဲတွင် မျက်ရည်များ ရှိသော်လည်း၊ ဘုရားသခင်၏ စိတ်နှလုံးကျေနပ်စေရန်အတွက် ပြုလုပ်နိုင်ကြရမည်။ ထိုသို့ပြုလျှင် ဘုရားသခင်သည် သင့်အား အမှန်တကယ် ကောင်းချီးပေးမည်ဖြစ်သည်။ ထိုသို့သော အခက်အခဲကို သင်သည်းခံနိုင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကလည်း နောက်မှ လိုက်လာလိမ့်မည်။ လက်တွေ့ဘဝအားဖြင့် သော်လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်းအားဖြင့် သော်လည်းကောင်း၊ လူတို့သည် ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ် ကောင်းမှုကို မြင်နိုင်စွမ်းရှိကြသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြည်းစမ်းကြည့်ဖူးမှသာလျှင် သူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ချစ်နိုင်ကြမည် ဖြစ်သည်။
၂ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လေလေ သမ္မာတရားကို ပိုင်ဆိုင်လေလေ ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လေလေ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်လေလေ ဖြစ်သည်။ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်လေလေ ဘုရားသခင်က ကောင်းချီးပေးလေလေ ဖြစ်သည်။ အကယ်၍ သင်သည် ထိုသို့အမြဲ လက်တွေ့လုပ်ဆောင်ပါက၊ သင့်အပေါ်ထားသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပေတရုက ဘုရားသခင်ကို သိကျွမ်းလာခဲ့သည့်နည်းတူ သင့်အား တဖြည်းဖြည်း တွေ့မြင်စေလိမ့်မည်- ဘုရားသခင်၌ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းသော ဉာဏ်ပညာ ရှိရုံမျှသာမကဘဲ၊ ထို့အပြင် လူတို့ထဲတွင် စစ်မှန်သော အမှုကို ပြုနိုင်သည့် ဉာဏ်ပညာလည်း ရှိသည်ဟု ပေတရုက ပြောခဲ့သည်။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခဲ့သောကြောင့်သာမက၊ ထို့အပြင် လူကို ဖန်ဆင်းနိုင်သော၊ ကယ်တင်နိုင်သော၊ လူကို စုံလင်အောင် ပြုလုပ်နိုင်သော၊ လူထံ၌ သူ၏ချစ်ခြင်းမေတ္တာကို ပေးထားခဲ့နိုင်သော သူ့အစွမ်းတို့ကြောင့်လည်း လူတို့၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သည်ဟု ပေတရုက ပြောခဲ့သည်။ ထို့ကြောင့် ပေတရုက ဘုရားသခင်ထံတွင် လူသားတို့ ချစ်မြတ်နိုးရန် ထိုက်တန်သော အရာများစွာရှိသည်ဟုလည်း ပြောခဲ့၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်