၅၀၇ စစ်မှန်စွာ ကျင့်ကြံအသက်ရှင်ခြင်းဖြင့်သာ သင်သည် ပုံသက်သေဖြစ်နိုင်၏
၁
သမ္မာတရားရှိသူတို့သည်
ကိုယ်တွေ့အားဖြင့် ဘုရားဘက်မှာ ခိုင်မာစွာ သက်သေခံ၊
ခိုင်မာစွာ ရပ်တည်သူများဖြစ်ကြ၊
ဘယ်တော့မှ နောက်မဆုတ်ဘဲ၊ သေသည့်တိုင် ဘုရားကို နာခံကာ၊
ဘုရားကို ချစ်သောသူများနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသည်။
လက်တွေ့ဘဝ၌ သင်၏ပြုမူကျင့်ကြံပုံနှင့် ဖော်ပြချက်များသည်
လူတို့ လက်တွေ့ကျင့်သုံးရမည့် ဘုရားအတွက်သက်သေပင်ဖြစ်သည်။
ဒါ ဘုရား၏ချစ်ခြင်းမေတ္တာ၌ အမှန်တကယ် မွေ့လျော်ခြင်းပါ။
သင် ထိုအဆင့်သို့ ရောက်သောအခါ ထိုက်တန်သောရလဒ်ကို ရရှိလိမ့်မည်။
၂
စစ်မှန်သည့်အသက်တာကို ရရှိသောအခါ၊
သင် ပြုလေသမျှတို့ကို အများက မြတ်နိုးကြ၏။
သင်၏ပုံပန်းသဏ္ဌာန်သည် ရိုးရှင်းပေမဲ့
ယုံကြည်ခြင်းခိုင်မာသော အသက်တာကို သင် ရှင်သန်။
သင် ဘုရား၏နှုတ်ကပတ်တော်ကို ဝေမျှသောအခါ
ဘုရား သင့်ကို ဉာဏ်အလင်းပေး၏။
လက်တွေ့ဘဝ၌ သင်၏ပြုမူကျင့်ကြံပုံနှင့် ဖော်ပြချက်များသည်
လူတို့ လက်တွေ့ကျင့်သုံးရမည့် ဘုရားအတွက် သက်သေပင်ဖြစ်သည်။
ဒါ ဘုရား၏ချစ်ခြင်းမေတ္တာ၌ အမှန်တကယ် မွေ့လျော်ခြင်းပါ။
သင် ထိုအဆင့်သို့ ရောက်သောအခါ ထိုက်တန်သောရလဒ်ကို ရရှိလိမ့်မည်။
၃
စစ်မှန်မှုအကြောင်းဟောပြောကာ၊
ဝိညာဉ်ရေးရာအစေခံခြင်းအမှုများကို သိရှိပြီး၊
သင့်စကားလုံးများဖြင့် အလိုတော်ကို ဖွင့်ပြနိုင်သည်။
သင်သည် ရိုးသားပွင့်လင်း၍၊ လျော်ကန်၊ ဖြောင့်မတ်ပြီး၊ တိုက်ခိုက်လိုမှုမရှိ၊
ဘုရား၏အစီမံကို နာခံနိုင်၊ ခိုင်မာစွာ ရပ်တည် သက်သေခံ။
ဘဝ၌ အခြေအနေမလှသောအခါ သင်သည် တည်ငြိမ်၏။
ထိုသို့သောသူသည် ဘုရား၏ချစ်ခြင်းမေတ္တာကို
အမှန်တကယ် မြင်တွေ့ဖူးသောသူဖြစ်သည်။
လက်တွေ့ဘဝ၌ သင်၏ပြုမူကျင့်ကြံပုံနှင့် ဖော်ပြချက်များသည်
လူတို့ လက်တွေ့ကျင့်သုံးရမည့် ဘုရားအတွက် သက်သေပင်ဖြစ်သည်။
ဒါ ဘုရား၏ချစ်ခြင်းမေတ္တာ၌ အမှန်တကယ် မွေ့လျော်ခြင်းပါ။
သင် ထိုအဆင့် ရောက်သောအခါ ထိုက်တန်သောရလဒ်ကို ရရှိလိမ့်မည်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်