အခြားသူများနှင့် မှန်ကန်သောဆက်ဆံရေးရှိရန် ဘုရား၏နှုတ်ကပတ်တော်များကို နမူနာယူလော့ကျူး
၁ အကယ်၍ သင်သည် ဘုရားသခင်နှင့် မှန်ကန်သောဆက်ဆံရေးကို ရရှိလိုလျှင် သင့်စိတ်နှလုံးသည် ဘုရားသခင်ကို အားထားရမည်၊ ဤအခြေခံအုတ်မြစ်ပေါ်မှနေ၍ သင်သည် အခြားလူများနှင့် မှန်ကန်သောဆက်ဆံရေးတစ်ခုလည်း ရရှိလိမ့်မည်။ သင်၌ ဘုရားသခင်နှင့် မှန်ကန်သောဆက်ဆံရေး မရှိလျှင် အခြားသူများနှင့် သင်၏ဆက်ဆံရေးများကို ထိန်းသိမ်းဖို့ရန် မည်သည့်အရာကိုပင် သင်ပြုသည်ဖြစ်စေ၊ မည်မျှကြိုးစားပြီး လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် အားအင်မည်မျှကို သင်အသုံးပြုသည်ဖြစ်စေ လုပ်ဆောင်သမျှသည် လူ့ဘဝဒဿနနှင့်သာ သက်ဆိုင်နေဆဲဖြစ်လိမ့်မည်။ လူများက သင့်ကို ချီးမွမ်းကြစေရန်အလို့ငှာ သင်သည် လူ့အမြင်၊ လူ့ခံယူချက်အားဖြင့် လူများအကြားတွင် သင့်ရပ်တည်ချက်နေရာကို ထိန်းသိမ်းစောင့်ရှောက်နေခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်အညီ လူများနှင့် မှန်ကန်သောဆက်ဆံရေးများ မတည်ဆောက်ပေ။ အကယ်၍ သင်သည် လူများနှင့်ဆက်ဆံရေးများအပေါ် အာရုံမစိုက်ဘဲ ဘုရားသခင်နှင့် မှန်ကန်သောဆက်ဆံရေးကိုသာ ထိန်းသိမ်းလျှင်၊ သင့်စိတ်နှလုံးကို ဘုရားသခင်အား ပုံအပ်ရန်ဆန္ဒရှိနေပြီး သူ့ကိုနာခံတတ်ရန်သင်ယူလျှင် လူအပေါင်းတို့နှင့် သင်၏ဆက်ဆံရေးများမှာ အလိုအလျောက် မှန်ကန်လာလိမ့်မည်။
၂ ဤနည်းအားဖြင့် ယင်းဆက်ဆံရေးများသည် ဇာတိပကတိပေါ်တွင်မဟုတ်ဘဲ ဘုရားသခင့်ချစ်ခြင်းမေတ္တာ၏ အခြေခံအုတ်မြစ်ပေါ်တွင်သာ တည်ဆောက်ထားပေလိမ့်မည်။ ဇာတိပကတိအပေါ်အခြေခံ၍ အပြန်အလှန်အကျိုးပြုမှုများ မရှိသလောက်ဖြစ်သော်လည်း ဝိညာဉ်၌မူကား မိတ်သဟာယဖွဲ့ခြင်းသာမက ချစ်ခြင်းမေတ္တာ၊ နှစ်သိမ့်ခြင်းနှင့် အချင်းချင်းပံ့ပိုးခြင်းရှိ၏။ ဤအမှုအားလုံးကို ဘုရားသခင်အား ကျေနပ်အားရစေသည့် နှလုံးသားတစ်ခုအပေါ်အခြေခံပြီး ပြုလုပ်ခြင်းဖြစ်သည်။ ဤဆက်ဆံရေးများကို လူ့ဘဝဒဿနကို အမှီပြုကာ ထိန်းသိမ်းပြုစုသည်မဟုတ်၊ ၎င်းတို့သည် ဘုရားအတွက်ဝန်တာထားသည့် စိတ်သဘောထားကြောင့်သာ အလိုအလျောက်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၎င်းတို့သည် လူ့ကြိုးစားအားထုတ်မှုကို မလိုအပ်ပေ၊ ၎င်းတို့ကို ဘုရားသခင့်နှုတ်ကပတ်တော်၏ အခြေခံသဘောတရားများအားဖြင့် ကျင့်ကြံပြုမူကြခြင်းဖြစ်သည်။ အကယ်၍ သင်သည် လူများနှင့်ဆက်ဆံရေးများအပေါ် အာရုံမစိုက်ဘဲ ဘုရားသခင်နှင့် မှန်ကန်သောဆက်ဆံရေးကိုသာ ထိန်းသိမ်းလျှင်၊ သင့်စိတ်နှလုံးကို ဘုရားသခင်အား ပုံအပ်ရန်ဆန္ဒရှိနေပြီး သူ့ကိုနာခံတတ်ရန်သင်ယူလျှင် လူအပေါင်းတို့နှင့် သင်၏ဆက်ဆံရေးများမှာ အလိုအလျောက် မှန်ကန်လာလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။န်ကန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ခြင်းသည် အလွန်အရေးကြီး၏” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။