၆၂ သူ၏ ပလ္လင်တော်ရှေ့မှောက် လာသူအားလုံးကို ဘုရားသခင် တရားစီရင်ကာ သန့်စင်စေမည်
အချိန်သည် နီးကပ်လာပြီး ဘုရားသခင်၏နေ့ရက်သည် ရောက်လာပြီဖြစ်သည့်အတွက်၊ နောက်ဆုံးသောကာလ၏ အမှုသည် အားလုံးကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားရန်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို အပြီးသတ်ရန်ဖြစ်သည်။ ဘုရားသခင်သည် သူ၏နိုင်ငံတော်ထဲသို့ ဝင်ရောက်သူအားလုံး- တကယ့်အဆုံးတိုင် သူ့ကို သစ္စာစောင့်သိသူအားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်၏ ခေတ်ထဲသို့ ဆောင်ကြဉ်း၏။ သို့သော် ဘုရားသခင် ကိုယ်တော်တိုင်၏ခေတ် မရောက်ရှိမီတွင်၊ ဘုရားသခင်၏ အမှုသည် လူသား၏လုပ်ဆောင်ချက်များကို စောင့်ကြည့်လေ့လာရန်၊ သို့မဟုတ် လူသား၏ဘဝကို စုံစမ်းရန် မဟုတ်ဘဲ၊ လူသား၏မနာခံမှုကို တရားစီရင်ရန်ဖြစ်၏၊ အကြောင်းမှာ ဘုရားသခင်သည် သူ၏ ပလ္လင်ရှေ့သို့ လာသူတိုင်းကို သန့်စင်ပေးမည် ဖြစ်သောကြောင့်တည်း။ ဤနေ့အထိ ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့သူ အားလုံးသည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ လာကြသူများ ဖြစ်ပြီး၊ ထိုသို့ဖြစ်သဖြင့်၊ ဘုရားသခင်၏ အမှုကို ယင်း၏နောက်ဆုံးအဆင့်တွင် လက်ခံသောလူ တစ်ဦးစီတိုင်းသည် ဘုရားသခင်၏ သန့်စင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏အမှုကို ယင်း၏နောက်ဆုံးအဆင့်တွင် လက်ခံသူ အယောက်တိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရသည့်သူများဖြစ်ကြ၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်