၉၃ မေတ္တာစစ်ဟာ လောကမှာရှားနေတာ ဘာကြောင့်များလဲ
၁
ကိုယ်တော်ကို မြင်တွေ့ရန် ကျွန်ုပ်တောင့်တ
ကိုယ်တော်နဲ့ ထပ်မခွဲခွာလိုတော့ပါ အဖဘုရား
ကိုယ်တော်သည် ကျွန်ုပ်၏ ဖန်ဆင်းရှင်
ဒါပေမဲ့လည်း ကျွန်ုပ်တို့ အမြဲအတူမရှိနိုင်ပါ
ဖောက်ပြန်လူကို ကယ်ဖို့ အရှက်ကွဲခြင်း ကိုယ်တော်ခံလည်း
အဘယ်သူ နားလည်နိုင်မှာလဲ
သွေးနဲ့မျက်ရည်လမ်းမပေါ် ကိုယ်တော်ခရီးနှင်ခဲ့ပြီး
လချီ နှစ်ချီ ဝေဒနာခံရင်းပင်
ကျွန်ုပ်တို့ထံ ကိုယ်တော့်မေတ္တာ ယူဆောင်ပေးခဲ့
လူတို့ရဲ့အခက်အခဲများ ဝေမျှခံယူပေးလည်း
စွန့်ပစ်ခံ အထီးကျန်ဘဝသာ ကိုယ်တော်ရခဲ့
ကိုယ်တော်ကို ဘယ်သူ အရေးစိုက်ပြီး ချစ်မလဲ။
မျှော်လင့်ရာ နေ့တိုင်း ခေါ်သံတိုင်းမှာ
လူတွေချစ်လာဖို့ ရှိသမျှ ကိုယ်တော်ပေးလည်း
ဘယ်သူကမှ ကိုယ်တော့်ကို အမှန်တကယ် မနှစ်သိမ့်နိုင်ပါ။
မေတ္တာစစ်ဟာ လောကမှာရှားနေတာ ဘာကြောင့်များလဲ
၂
နောင်တ ဝန်ချခြင်း တွေ ကိုင်ဆွဲရင်း
ကျွန်ုပ်ဝမ်းနည်းစွာ ကိုယ်တော်ရှေ့ပျပ်ဝပ်
ကျွန်ုပ်လုပ်ရပ်တွက် သိပ်နောင်တရပါပြီ
ကိုယ်တော့်စိတ်ကို အရေးမစိုက်ခဲ့လို့ စိတ်မကောင်းဖြစ်ရပါပြီ
ကျွန်ုပ်ဖောက်ပြန်ခြင်းတွေကြောင့် ကိုယ်တော်စိတ်ပျက်ခဲ့ရပြီ
ကျွန်ုပ်အမှားတွေကို ဘယ်လို ကုစား နိုင်မလဲ
လူတွေကို ကယ်ဖို့ သမ္မာတရားဖော်ပြမူပြီ
တောက်လောင်မေတ္တာ လောကကိုပေးခဲ့
ကိုယ်တော်စေခိုင်းချက် ကျွန်ုပ် နက်ရှိုင်းနှလုံးသားထဲ ထွင်းထားပြီ
အခြားဆန္ဒများ မရှိတော့ပါ
ထာဝရ စောင့်သိရိုသေပါမည် ကိုယ်တော်ကိုသာ