၉၅ ဘုရားသခင်၏ ချစ်ခြင်း
၁ အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော်သည် ကောင်းကင်ဘုံမှ ဤလောကထဲသို့ ကြွလာပြီ။ ဇာတိပကတိကို ဆင်မြန်းရင်း၊ သမ္မာတရားကို ဖော်ပြကာ တရားစီရင်ခြင်းကို ယူဆောင်ရင်း၊ လူသားကို ကယ်တင်ဖို့ ခမည်းတော်၏ အလိုတော်ကို ကိုယ်တော် လိုက်လျှောက်ပေ။ ကိုယ်တော် ဖြောင့်မတ်ကာ ဘုန်းအာနုဘော်ရှိပြီး၊ လူသား ပြစ်မှားခြင်းကို သည်းမခံပေ။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ညည်းညူခြင်းမရှိဘဲ အရာရာကို ကိုယ်တော် ခံစားလေပြီ။ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ်၊ ငြင်းပယ်ခြင်း၊ အသရေဖျက်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းများစွာနှင့် ဆင်းရဲဒုက္ခများစွာ ကိုယ်တော် သည်းခံ။ ကိုယ်တော်၏ ရွေးချယ်ထားသော သူတို့အတွက် ထောက်ပံ့ပေးရန်နှင့် သူတို့ကို ဦးဆောင်လမ်းပြရန် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ကိုယ်တော် ဖော်ပြပေ။ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို ရေလောင်းပေ။ အို ဘုရားသခင်။ လူသားမျိုးနွယ်အတွက် ကိုယ်တော်၏ ချစ်ခြင်းအားလုံးကို ကိုယ်တော် ပေးပေ။ နောင်တမရှိဘဲနှင့် စောဒကတက်ခြင်းမရှိဘဲ မည်သည့်အဖိုးအခကိုမဆို ကိုယ်တော် ပေးလေ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ အလွန်ကြီးမြတ်လှ၊ ကိုယ်တော်၏ စိတ်သဘောထား နှိုင်းဆမရအောင် ဂုဏ်သရေရှိပေ။ ဝမ်းမြောက်ခြင်းနှင့် ကခုန်ကာ ကိုယ်တော်၏ ချီးမွမ်းခြင်းများကို မသီဆိုဘဲ အဘယ်သို့ ကျွန်ုပ်တို့ နေနိုင်မည်နည်း။
၂ အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော် အလွန် ဂုဏ်သရေရှိပေ၊ အလွန်ကောင်းမြတ်ကာ လှပပေ။ အသင်းတော်များကြား ကိုယ်တော် လျှောက်လှမ်းကာ နှုတ်ကပတ်တော်များ မိန့်မြွက်ပေ။ နေ့ရက်စဉ်တိုင်း ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို တရားစီရင်ကာ သန့်စင်စေရင်း ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို လမ်းပြ။ စမ်းသပ်မှုများနှင့် စစ်ဆေးမှုတို့မှတဆင့် ကိုယ်တော်၏ စစ်မှန်သော မေတ္တာကို ကျွန်ုပ် တွေ့မြင်။ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ်၊ ကျွန်ုပ်တို့၏ အာခံမှု၊ ပုန်ကန်မှု၊ နားလည်မှုလွဲခြင်းနှင့် ညည်းညူမှုများကို ကိုယ်တော် သည်းခံပေ။ မဆုတ်မနစ်သော သည်းခံခြင်းဖြင့် ကျွန်ုပ်တို့ လိုအပ်ချက်များ ကိုယ်တော် ထောက်ပံ့ပေ။ သမ္မာတရားကို ကျွန်ုပ်တို့ ရရှိကာ အသက်သစ် ရှိလေပြီ။ အို ဘုရားသခင်။ ကိုယ်တော်၏ အမှုတော်ကို တွေ့ကြုံရင်း၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့ သိလာကြ။ ကိုယ်တော်၏ စိတ်သဘောထားက ဖြောင့်မတ်ကာ သန့်ရှင်းပြီး အလွန် ချစ်ခင်ဖွယ် ဖြစ်ပေ။ ကျွန်ုပ်တို့၏ နှလုံးသားများကို ကိုယ်တော့်ထံ လွှဲအပ်ဖို့၊ ကျွန်ုပ်တို့၏ အရာအားလုံးကို ပူဇော်ဖို့ ကျွန်ုပ်တို့ လိုလားနေ။ ကိုယ်တော်ကို အမြဲ ချစ်ကာ သက်သေခံဖို့ ကျွန်ုပ်တို့ စိတ်နှလုံးများ ဆန္ဒရှိကြပေ။