သင်တို့သည် ဘုရား၏အမွေကို လက်ခံရရှိမည့်သူများတည်းကျူး
၁ ဘုရားသခင်အား ယုံကြည်သောသူ တစ်ယောက်ဖြစ်သော သင်သည် ယနေ့ နောက်ဆုံးသောကာလရှိ ဘုရားသခင်၏အမှုနှင့် သင့်အထဲ၌ ဘုရားသခင်၏စီမံချက်၏ အမှုအားလုံးကိုလက်ခံရာ၌၊ သင်သည် ဘုရားသခင်၏ ကြီးစွာသော ချီးမြှောက်ခြင်းနှင့် ဘုရားသခင်ထံမှ ကယ်တင်ခြင်းကို အမှန်တကယ်ပင် လက်ခံရရှိပြီး ဖြစ်ကြောင်း နားလည်သင့်သည်။ စကြဝဠာတစ်ဝှမ်းလုံးရှိ ဘုရားသခင်၏ အမှုအားလုံးသည် ဤလူတစ်စုအပေါ်တွင် အာရုံစူးစိုက်ထားလျက်ရှိခဲ့သည်။ ဘုရားသခင်သည် သူ၏ ကြိုးစားအားထုတ်မှုအားလုံးအား သင်တို့အတွက် ပေးအပ်မြှုပ်နှံထားပြီး၊ သင်တို့အတွက် အရာအားလုံးကို စွန့်လွှတ်ပေးဆပ်ခဲ့၏၊ သူသည် စကြဝဠာတစ်ခွင်လုံးမှ ဝိညာဉ်တော်၏ အမှုများအား ပြန်လည်သိမ်းယူကာ သင့်အားပေးအပ်ခဲ့၏။ ထိုအကြောင်းကြောင့် သင်တို့သည် မင်္ဂလာရှိသူများ ဖြစ်သည်ဟု ငါပြောဆိုရခြင်းဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် သင်တို့ လူစုမှတစ်ဆင့် သူ့အစီအစဉ်၏ ရည်ရွယ်ချက်ကို အပြည့်အဝ ထင်ရှားပြသနိုင်ရန် သူ၏ဘုန်းတော်အား သူ၏ရွေးကောက်ခံ လူမျိုးဖြစ်သည့် ဣသရေလလူမျိုးထံမှ သင်တို့ထံသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်၏ အမွေအား လက်ခံရရှိမည့်သူများ ဖြစ်ရုံမျှသာမက ဘုရားသခင်၏ ဘုန်းတော်အား ဆက်ခံသော သူများလည်း သာ၍ ဖြစ်နေသည်။
၂ “အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏” ဟူသည့် နှုတ်ကပတ်တော်အား သင်တို့အားလုံး မှတ်မိကောင်းမှတ်မိလိမ့်မည်။ အတိတ်ကာလက ဤစကားအား သင်တို့အားလုံး ကြားဖူးကြသော်လည်း မည်သူမျှ ဤနှုတ်ကပတ်တော်များ၏ စစ်မှန်သောအဓိပ္ပာယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့ ၎င်းတို့၏ စစ်မှန်သောရည်ရွယ်ချက်အား သင်တို့ ကောင်းစွာသိရှိ နေပြီဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် နောက်ဆုံးသောကာလတွင် ဘုရားသခင် ပြီးမြောက်စေမည့် အရာများဖြစ်ကြသည်။ ထိုအရာများတို့သည် အဆင်းနီသော နဂါးကြီး၏ ကိန်းဝပ်ရာနေရာ၌ ရက်စက်စွာ ဒုက္ခပေးခြင်းကို ခံစားရသူများအပေါ် ပြီးပြည့်စုံစေမည် ဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်အား နှိပ်စက်ညှဉ်းပန်းပြီး ဘုရားသခင်၏ ရန်သူဖြစ်သောကြောင့် ဤနယ်မြေတွင် ဘုရားသခင်အား ယုံကြည်သော သူများတို့သည် အရှက်ကွဲခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့ ခံစားကြရသည်။ ထိုအကြောင်းကြောင့် ဤနှုတ်ကပတ်တော်များသည် သင်တို့လူစုအတွင်းတွင် အမှန်တရားတစ်ခု ဖြစ်လာမည်။
၃ ၎င်းအရာသည်လည်း ဒုက္ခဆင်းရဲခံခြင်း၏ အခြေခံကျသည့် အရာတစ်ခုဖြစ်သည်။ အဆင်းနီသောနဂါးကြီး၏ နယ်မြေ၌ သူ၏အမှုအား လုပ်ဆောင်ရခြင်းသည် ဘုရားသခင်အဖို့ လွန်စွာ အားစိုက် လုပ်ဆောင်ရသည့် ကိစ္စဖြစ်သော်လည်း ဘုရားသခင်သည် သူ၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းသည့် အမှုအရာများအား ထင်ရှားစေရန် ဤကဲ့သို့သော ခက်ခဲမှုမှတစ်ဆင့် သူ့အမှု၏ အဆင့်တစ်ဆင့်အား ဆောင်ရွက်ခြင်းဖြစ်သည်။ ဘုရားသခင်သည် ဤလူစုအား စုံလင်စေရန် ဤအခွင့်အရေးကို အသုံးချသည်။ လူတို့၏ ဒုက္ခခံစားရခြင်း၊ သူတို့၏ အရည်အသွေးနှင့် ဤမသန့်ရှင်းသည့် နယ်မြေ၌ ရှိနေကြသည့် လူတို့၏ စာတန်ဆန်သော သဘောထားအားလုံးတို့ကြောင့်၊ ဘုရားသခင်သည် သူ၏ သန့်ရှင်းစေခြင်းနှင့် သိမ်းပိုက်အောင်မြင်ခြင်းအမှုအား ပြုရခြင်းဖြစ်ပြီး ထိုအရာမှတဆင့် သူဘုန်းပွင့်ကာ လုပ်ရပ်များအား သက်သေခံသူများ ရရှိရန်ဖြစ်သည်။ ၎င်းသည် ဤလူစုအတွက် ဘုရားသခင်ပြုသော စွန့်လွှတ်ခြင်းအရာများတို့၏ ရည်ရွယ်ချက် အပြည့်ပင်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။ုသည် ရိုးရှင်းလွန်းသလော” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။