ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၃၇

အသင်းတော်အသက်တာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အရသာခံရန် လူတို့စုဝေးကြသည့် အသက်တာမျိုးသာ ဖြစ်ပြီး၊ ယင်းသည် လူတစ်ဦး၏ အသက်တာ၏ အစငယ်လေး တစ်စသာ ဖြစ်သည်။ အကယ်၍ လူတို့၏ လက်တွေ့အသက်တာသည် ပုံမှန်ဝိညာဉ်အသက်တာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပုံမှန်ခံစားခြင်း၊ ဆုတောင်းခြင်းနှင့် ဘုရားသခင်နှင့် ပုံမှန်နီးကပ်စွာရှိနေခြင်း၊ ဘုရားသခင်၏ အလိုတော်နှင့် အညီ အရာရာကို လုပ်ကိုင်ဆောင်ရွက်သော လက်တွေ့အသက်တာတွင် နေထိုင်ခြင်း၊ သမ္မာတရားနှင့်အညီ အရာရာကို လုပ်ကိုင် ဆောင်ရွက်သော လက်တွေ့အသက်တာတွင် နေထိုင်ခြင်း၊ ဆုတောင်းမေတ္တာများ ရွတ်ဆိုပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်စွာရှိသည့် လက်တွေ့ဘဝတွင် နေထိုင်ခြင်းနှင့် ဓမ္မတေးများ သီဆိုပြီး ကခုန်ခြင်းတို့ကို လက်တွေ့လုပ်ဆောင်ခြင်း အပါအဝင် အသင်းတော်၏ အသက်တာနှင့်လည်း တူနိုင်လျှင် ထိုကဲ့သို့သော အသက်တာမျိုးသည်သာ ၎င်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သော အသက်တာအတွင်းသို့ ဆောင်ယူပေးမည် ဖြစ်သည်။ လူအများစုမှာ နာရီ အနည်းငယ်သာ ဖြစ်သည့် အသင်းတော်အသက်တာကို အလေးထားပြီး ကျန်နာရီများရှိ သူတို့၏အသက်တာသည် သူတို့နှင့် မဆိုင်သည့်အလား သူတို့၏ အသက်တာများကို “ပြုစုစောင့်ရှောက်ခြင်း” မရှိကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဓမ္မတေးများ သီဆိုခြင်း သို့မဟုတ် ဆုတောင်းခြင်း တို့ကို ပြုလုပ်သည့်အခါမှသာ သန့်ရှင်းသူတို့၏ အသက်တာများကို ဝင်ရောက်သော လူများလည်း အများအပြားရှိသည်။ ထို့နောက်တွင်မူ ယင်းအချိန်များပြင်ပတွင် သူတို့၏ အသက်တာဟောင်းသို့သာ ပြန်ပြောင်းသွားကြသည်။ ယင်းသို့သော နေထိုင်ခြင်းသည် လူတို့ကို မပြောင်းလဲနိုင်ဘဲ ဘုရားသခင်ကို သိစေရန် သာ၍ မဖြစ်နိုင်ပေ။ ဘုရားသခင်ကို ယုံကြည်ရာ၌ အကယ်၍လူတို့သည် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲစေလိုလျှင် ထိုသူတို့သည် မိမိတို့ကိုယ်ကိုယ် လက်တွေ့အသက်တာမှ ခွဲခွာခြင်း မပြုရပေ။ လက်တွေ့အသက်တာတွင် သင်သည် သင့်ကိုယ်သင် သိရမည်၊ သင့်ကိုယ်သင် စွန့်လွှတ်ရမည်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံး ရမည်သာမက တဖြည်းဖြည်း ပြောင်းလဲခြင်းကို ရရှိနိုင်ခြင်း မရှိသေးမီတွင် အခြေခံသဘောတရားများ၊ အခြေခံအသိဉာဏ်နှင့် ခပ်သိမ်းသောအမှုအရာတို့၌ မိမိကိုယ်ကိုယ် ကျင့်ကြံပြုမူ နေထိုင်ခြင်း စည်းမျဉ်းစည်းကမ်းများကို လေ့လာရမည်။ သင်သည် စစ်မှန်မှုအတွင်း နက်နက်ရှိုင်းရှိုင်း မသွားဘဲ၊ လက်တွေ့ဘဝထဲသို့ ဝင်ရောက်ခြင်း မရှိဘဲ၊ သဘောတရားဆိုင်ရာ အသိပညာကိုသာ စူးစိုက်ပြီး ဘာသာရေး ပွဲလမ်းသဘင်များ ကြားတွင်သာ နေထိုင်မည်ဆိုပါက၊ သင်သည် စစ်မှန်မှုအတွင်း မည်သည့်အခါမျှ ဝင်ရောက်မည် မဟုတ်၊ သင့်ကိုယ်သင်နှင့် သမ္မာတရားကို သို့မဟုတ် ဘုရားသခင်ကို မည်သည့်အခါမျှ သိမည်မဟုတ်ဘဲ၊ သင်သည် အစဉ်အမြဲ မျက်စိကန်းလျက် အသိပညာ ကင်းမဲ့လျက်ရှိမည်။ ဘုရားသခင်၏ လူသားကို ကယ်တင်ခြင်း အမှုသည် တိုတောင်းသော အချိန်ကာလပြီးနောက် ၎င်းတို့ကို ပုံမှန် လူသားဘဝများအား အသက်ရှင်ခွင့်ပေးဖို့ မဟုတ်သကဲ့သို့၊ ၎င်းတို့၏ မှားယွင်းသော အယူအဆများနှင့် အယူဝါဒများကို ပြောင်းလဲဖို့လည်း မဟုတ်ပေ။ ယင်းထက်၊ သူ၏ ရည်ရွယ်ချက်မှာ လူတို့၏ စိတ်သဘောထားဟောင်းများကို ပြောင်းလဲရန်၊ ၎င်းတို့၏ ဘဝနေထိုင်မှု နည်းလမ်းဟောင်း တစ်ခုလုံးကို ပြောင်းလဲရန်နှင့် ၎င်းတို့၏ခေတ်နောက်ကျသော တွေးတောပုံများကို ပြောင်းလဲရန်နှင့် သူ၏စိတ်အမြင်ကို ပြောင်းလဲရန် ဖြစ်သည်။ အသင်းတော်အသက်တာကိုသာ အာရုံစိုက်ခြင်းသည် လူတို့၏ အသက်တာ၏ အကျင့်ဟောင်းများ သို့မဟုတ် ကာလကြာရှည်စွာ သူတို့နေထိုင်ခဲ့ပုံ အဟောင်းများကို ပြောင်းလဲမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေကာမူ၊ လူတို့သည် လက်တွေ့ဘဝမှ မကင်းကွာရပေ။ ဘုရားသခင်က လူတို့ကို အသင်းတော်အသက်တာ သက်သက်တွင်သာ မဟုတ်ဘဲ၊ လက်တွေ့အသက်တာတွင် ပုံမှန်လူ့သဘာဝဖြင့် နေရန်၊ အသင်းတော်အသက်တာ သက်သက်တွင်သာ မဟုတ်ဘဲ၊ လက်တွေ့ဘဝတွင် သမ္မာတရားအတိုင်း နေရန်၊ အသင်းတော်အသက်တာ သက်သက်တွင်သာ မဟုတ်ဘဲ၊ လက်တွေ့အသက်တာတွင် သူတို့၏တာဝန်ဝတ္တရားများကို အကောင်အထည်ဖော်ရန် တောင်းဆိုသည်။ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်မှာ လူတစ်ဦးသည် အရာရာကို လက်တွေ့ အသက်တာသို့ ဦးတည်ရမည်။ ဘုရားသခင်ကို ယုံကြည်ရာတွင် လူတို့သည် လက်တွေ့ဘဝထဲ ဝင်ရောက်ခြင်းအားဖြင့် မိမိကိုယ်ကိုယ် သိနားလည်ခြင်း ရှိမလာနိုင်ပါက၊ ထို့ပြင် လက်တွေ့ဘဝတွင် ပုံမှန်လူ့သဘာဝကို အသက်မရှင်နိုင်ပါက၊ ထိုသူတို့သည် မဖြစ်ထွန်းသူများ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်အား မနာခံသော သူအားလုံးတို့သည် လက်တွေ့အသက်တာကို မဝင်ရောက်နိုင်သူများ ဖြစ်ကြသည်။ သူတို့အားလုံးသည် လူ့သဘာဝအကြောင်း ပြောဆိုသော်လည်း နတ်ဆိုးသဘာဝအတိုင်း အသက်ရှင်နေထိုင်ကြသူများ ဖြစ်သည်။ သူတို့အားလုံးသည် သမ္မာတရားအကြောင်း ပြောဆိုသော်လည်း ယင်းအစား အယူဝါဒများကိုသာ အသက်ရှင်နေထိုင်သူများ ဖြစ်ကြသည်။ လက်တွေ့ဘဝတွင် သမ္မာတရားအတိုင်း မနေထိုင်နိုင်သူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်၏ ရွံရှာမုန်းတီးမှုနှင့် ငြင်းပယ်မှုတို့ကို ခံရသူများ ဖြစ်သည်။ သင်သည် လက်တွေ့အသက်တာသို့ ဝင်ရောက်ခြင်းကို လေ့ကျင့်ရမည်၊ သင်ကိုယ်တိုင်၏ အားနည်းချက်များ၊ မနာခံမှုများနှင့် မသိနားမလည်မှုများကို သိရမည့်အပြင် သင်၏ ပုံမှန်မဟုတ်သော လူ့သဘာဝနှင့် အားနည်းချက်များကို သိရမည်။ ထိုနည်းဖြင့် သင်၏ အသိပညာသည် သင်၏ လက်တွေ့ အခြေအနေနှင့် အခက်အခဲများနှင့် ပေါင်းစပ်သွားလိမ့်မည်။ ယင်းသို့သော အသိပညာသည်သာ စစ်မှန်ပြီး သင်၏ ကိုယ်ပိုင်အခြေအနေကို အမှန်တကယ် နားလည် သဘောပေါက်စေမည်ဖြစ်ကာ သင်၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို ရရှိနိုင်သည်။

ယခုတွင် လူတို့အပေါ် စုံလင်စေခြင်းသည် တရားဝင် စတင်ပြီဖြစ်ရာ၊ သင်သည် လက်တွေ့အသက်တာအတွင်း ဝင်ရောက်ရမည်။ သို့ဖြစ်ရာ ပြောင်းလဲခြင်းကို ရရှိရန် သင်သည် လက်တွေ့အသက်တာထဲသို့ ဝင်ရောက်ခြင်းမှ စတင်ရမည်ဖြစ်ပြီး နည်းနည်းချင်းစီ ပြောင်းလဲရမည်။ သင်သည် လူသား၏ ပုံမှန်အသက်တာကို ငြင်းပယ်ပြီး ဝိညာဉ်ရေးရာ ကိစ္စများကိုသာ ပြောပါက၊ အမှုအရာများသည် ငြီးငွေ့ဖွယ် ကောင်းသွားသည်။ လက်တွေ့မကျသော အရာများ ဖြစ်သွားသည်၊ သို့ဖြစ်လျှင် လူတို့သည် မည်သို့ ပြောင်းလဲမည်နည်း။ ယခုတွင် စစ်မှန်သော အတွေ့အကြုံထဲသို့ ဝင်ရောက်ဖို့ အခြေခံ အုတ်မြစ်ကို တည်ဆောက်နိုင်ရေးအတွက် လေ့ကျင့်ရန် လက်တွေ့ အသက်တာသို့ သင့်ကို ဝင်ရောက်ခိုင်းသည်။ ယင်းသည် လူတို့ လုပ်ရမည့် အလုပ်များထဲမှ ရှုထောင့်တစ်ခု ဖြစ်သည်။ ကျန်သောအရာများသည် လူတို့၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုအပေါ် မူတည်နေချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် အဓိကအားဖြင့် လမ်းညွှန်ရန်သာ ဖြစ်သည်။ လူအယောက်စီတိုင်းသည် ဘုရားသခင်ကို လက်တွေ့ အသက်တာအတွင်းသို့ ရောက်လာစေနိုင်ပြီး၊ စစ်မှန်သော ပုံမှန်လူ့သဘာဝကို လက်တွေ့ အသက်ရှင်နေထိုင်နိုင်စေမည့် လမ်းကြောင်း အမျိုးမျိုးမှ တဆင့် လက်တွေ့အသက်တာသို့ ဝင်ရောက်နိုင်သည်၊ ယင်းသည်သာလျှင် အဓိပ္ပာယ်ရှိသော အသက်တာဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အသင်းတော် အသက်တာနှင့် လက်တွေ့အသက်တာ ဆွေးနွေးခြင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၂၈

တောက်ပသည့်လရောင် တက်လာသောအခါ ငြိမ်းချမ်းနေသောညသည် ရုတ်တရက် အက်ကွဲသွား၏။ လသည် စုတ်ပြတ်နေသော်လည်း လူသား၏စိတ်သည် ကောင်းမွန်နေပြီး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၈၆

စတုတ္ထနေ့တွင် ဘုရားသခင်သည် သူ၏သြဇာအာဏာကို နောက်တစ်ကြိမ် အသုံးပြုသည့်အခါတွင် လူသားတို့၏ ရာသီများ၊ နေ့များ၊ နှစ်များ ပေါ်ပေါက်လာသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၉၃

စုံလင်စေခြင်း ခံလိုသောသူအားလုံးတွင် စုံလင်စေခြင်းခံခွင့်ရှိသဖြင့် လူတိုင်း အေးအေးလူလူနေရမည်၊ နောင်တွင် သင်တို့အားလုံး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၇၇

လာဇရု၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက ဘုရားသခင်ကို ဘုန်းထင်ရှားစေ၏ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၁:၄၃-၄၄ လာဇရုထွက်၍လာလော့ဟု ကြီးစွာသောအသံနှင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။