ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၉၇

လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူတွေ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘက စုံစမ်းခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အဆင့်တိုင်း၏ နောက်ကွယ်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။ ဥပမာ- သင်က သင့်ညီအစ်ကို မောင်နှမတွေအပေါ်ကို မကောင်းမြင်နေသည်။ သင်ပြောချင်နေသည့် စကားလုံးများ ရှိနေသည်။ ဘုရားသခင်ကို မကျေနပ်စေနိုင်ဟု သင်ခံစားရနိုင်သည့် စကားလုံးများရှိနေသည်။ သို့သော်လည်း သင့်အတွင်း၌ ခက်ခဲနေလိမ့်မည်။ ဤအချိန်မှာ သင့်အတွင်း၌ တိုက်ပွဲတစ်ခု စတင်ဖြစ်ပေါ်လိမ့်မည်။ ငါ ပြောမလား၊ မပြောဘူးလား။ ဤသည်မှာ တိုက်ပွဲပင်။ ထို့ကြောင့် အရာအားလုံးမှာ တိုက်ပွဲတစ်ခုရှိသည်။ သင့်အတွင်းမှာ တိုက်ပွဲတစ်ခုရှိနေလျှင် သင့်အတွင်းမှာ ဘုရားသခင် လုပ်ဆောင်သည့် အမှန်တကယ် လက်တွဲလုပ်ဆောင်မှုနှင့် အမှန်တကယ် ဒုက္ခခံစားခြင်းတို့ကို ကျေးဇူးတင်လိုက်ပါ။ အဆုံး၌ သင့်အတွင်းမှာ ပြဿနာကို ဘေးဖယ်ထားနိုင်လိုက်ပြီး ဒေါသသည် သဘာဝအလျောက် ပျက်ပြယ်သွားသည်။ ဤကဲ့သို့အရာမျိုးသည် ဘုရားသခင်နှင့်အတူ သင်၏ လက်တွဲလုပ်ဆောင်မှု၏ အကျိုးသက်ရောက်မှု ဖြစ်သည်။ သင်လုပ်သမျှ အားလုံးမှာ သင်၏အားထုတ်မှုထဲ ပေးဆပ်မှု တစ်ခုလုပ်ဖို့ လိုအပ်သည်။ အမှန်တကယ် ဒုက္ခခံစားရခြင်း မပါဝင်ဘဲ၊ သင်သည် ဘုရားသခင်ကို စိတ်မကျေနပ်စေနိုင်ပေ။ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းနှင့် နီးတောင် မနီးစပ်ပေ။ သင်က အနှစ်သာရမပါသည့် ဆောင်ပုဒ်များကို ပြောနေခြင်းပင် ဖြစ်လိမ့်မည်။ ဤအနှစ်သာရမရှိသည့် ဆောင်ပုဒ်များက ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ပါသလား။ ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။ ပြင်ပပုံပန်းသဏ္ဌာန်မှာ အလွန်အရေးကြီးသည့်ကိစ္စဟု ထင်စရာမရှိနိုင်သော်လည်း ဤအရာများ ဖြစ်ပျက်သည့်အခါ သင်သည် ဘုရားသခင်ကို ချစ်သလား၊ မချစ်ဘူးလားဆိုသည်ကို ဤအရာများက ပြနေသည်။ သင်က ချစ်သည်ဆိုလျှင် သူ့အတွက် သင်၏သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်နိုင်မှာဖြစ်ပြီး၊ သင်က သူ့အပေါ်ချစ်ခြင်းကို လက်တွေ့ မကျင့်သုံးဘူးဆိုလျှင် သင်သည် သမ္မာတရားကို လက်တွေ့ မကျင့်သုံးသည့်သူ၊ သင်သည် သမ္မာတရား မပါဝင်သည့်သူ၊ အသက် မပါဝင်သည့်သူ၊ တန်ဖိုးမရှိသူ တစ်ယောက် ဆိုသည်ကို ပြသည်။ လူတွေအပေါ်မှာ ဖြစ်ပျက်သည့် အရာတိုင်းသည် သူ့အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာရပ်တည်ဖို့ ဘုရားသခင် အလိုရှိတဲ့ အချိန်ပင်ဖြစ်သည်။ လက်ရှိအချိန်မှာ သင်က ကြီးမားသည့် အရာများ ဘာမျှမဖြစ်။ ကြီးမားသည့် သက်သေခံမှုများ မရှိ။ သို့သော်လည်း သင်၏ နေ့စဉ်အသက်တာ အသေးစိတ်သည် ဘုရားသခင်အပေါ် သက်သေခံခြင်းနှင့် ဆက်စပ်နေသည်။ သင်က သင့်ညီအစ်ကို မောင်နှမများ၊ သင့်မိသားစုအဖွဲ့ဝင်များနှင့် သင့်ဘေးမှာရှိတဲ့ လူတိုင်း၏ လေးစားမှုကို ရယူနိုင်လျှင်၊ တစ်နေ့မှာ မယုံကြည်သူများ ရောက်လာပြီး သင်လုပ်ဆောင်သမျှအားလုံးကို လေးစားပြီး ဘုရားသခင် လုပ်ဆောင်သည့် အရာအားလုံးက အံ့သြဖွယ် ဖြစ်သည်ဆိုသည်ကို မြင်လျှင် သင်သည် သက်သေခံပြီး ဖြစ်သည်။ သင်သည် ထိုးထွင်းဉာဏ်မရှိ၊ အရည်အချင်းက နိမ့်ကျသော်လည်း ဘုရားသခင်၏ သင့်ကို ပြည့်စုံစေခြင်းမှတစ်ဆင့် သင်သည် သူ့ကို ကျေနပ်စေနိုင်ပြီး သူ့အလိုကို သတိပြုမိမည် ဖြစ်သည်။ အနိမ့်ကျဆုံး အရည်အချင်းရှိသူတို့မှာ သူလုပ်ဆောင်ခဲ့သည့် ကြီးမြတ်သော လုပ်ဆောင်မှုကို လူများက မြင်မည်ဖြစ်သည်။ လူများက ဘုရားသခင်ကို သိလာပြီး၊ စာတန်ကို အောင်နိုင်သူများဖြစ်လာကာ၊ ဘုရားသခင်ကို အတိုင်းအတာ တစ်ခုအထိ သစ္စာရှိလာကြသည်။ ဤကဲ့သို့ လူအုပ်စုများထက် အဘယ်အရာမျှ ပိုမိုကောင်းမွန်သည့် ကျောထောက်နောက်ခံ မဖြစ်တော့ပေ။ ဤသည်မှာ အကြီးမားဆုံးသော သက်သေခံချက် ဖြစ်ပါလိမ့်မည်။ သင်က ကြီးမားသည့် အလုပ်များကို မလုပ်နိုင်သော်လည်း၊ ဘုရားသခင်ကို ကျေနပ်စေနိုင်သည်။ တစ်ခြားလူများက သူတို့၏ အယူအဆများကို ဘေးဖယ်မထားနိုင်သော်လည်း သင်က ဘေးဖယ်ထားနိုင်သည်။ တစ်ခြားလူများက သူတို့၏ အမှန်တကယ် အတွေ့အကြုံများမှာ ဘုရားသခင်ကို သက်သေမခံနိုင်သော်လည်း သင်က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ပြီး သူ့အပေါ်မှာ ခိုင်မာသည့် သက်သေခံမှုကို ပြုလုပ်ဖို့အတွက် သင်၏ အမှန်တကယ် အရေးပါမှုနှင့် အပြုအမူတို့ကို အသုံးပြုနိုင်သည်။ ဤအချက်ကသာ ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းအနေနှင့် အသိအမှတ်ပြုနိုင်သည်။ သင်က ဤအချက်ကို မတတ်နိုင်ဘူးဆိုလျှင် သင့်မိသားစုဝင်များကြား၌၊ သင့်ညီအစ်ကို မောင်နှမများကြား၌၊ သို့မဟုတ် လောက၏ လူများကြား၌ သက်သေမခံပေ။ စာတန်ရှေ့မှာ သင်က သက်သေမခံနိုင်လျှင် စာတန်က သင့်ကို ရယ်မောပါလိမ့်မည်။ စာတန်သည် သင့်ကို ရယ်စရာတစ်ခု၊ ကစားစရာတစ်ခုအနေနှင့် ဆက်ဆံပါလိမ့်မည်။ သင့်ကို မကြာခဏ အရူးလုပ်ပြီး ရူးနှမ်းသွားအောင် လုပ်ပါလိမ့်မည်။ အနာဂတ်မှာ သင့်ဆီကို ကြီးမားသည့် စမ်းသပ်မှုများ ကျရောက်လာပါမည်။ သို့သော်လည်း ယနေ့ သင်သည် ဘုရားသခင်ကို စစ်မှန်သည့် နှလုံးသားနှင့် ချစ်လျှင် စမ်းသပ်မှုသည် မည်မျှပင် ကြီးမားပါစေ၊ သင့်ထံ ဖြစ်ပျက်သည့်အရာနှင့် မသက်ဆိုင်တော့ဘဲ သင်သည် သင်၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေပါလိမ့်မည်။ နောက်မှာတော့ သင့်နှလုံးသားသည် စိတ်သက်သာရာ ရပါလိမ့်မည်။ အနာဂတ်၌ သင်ကြုံတွေ့ရမည့် စမ်းသပ်မှုက မည်မျှပင် ကြီးမားပါစေ၊ သင်သည် ကြောက်ရွံ့မည် မဟုတ်ချေ။ အနာဂတ်မှာ အဘယ်အရာဖြစ်မည်ဆိုသည်ကို သင်တို့ မမြင်နိုင်ပေ။ ယနေ့ အခြေအနေများ၌သာ သင်တို့သည် ဘုရားသခင်ကို ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်သည်။ သင်တို့က ကြီးမားသည့် လုပ်ဆောင်မှုများကို မလုပ်ဆောင်နိုင်ပေ။ လက်တွေ့ဘဝမှာ သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်း၊ စာတန်ကို အရှက်ရစေသည့် ခိုင်မာသေချာသော သက်သေခံခြင်းတို့ကို အာရုံစိုက် ပြုလုပ်သင့်သည်။ သင့်ဇာတိပကတိက ကျေနပ်မှုမရှိဘဲ ဒုက္ခခံစားရမည် ဖြစ်သော်လည်း သင်က ဘုရားသခင်ကို ကျေနပ်စေမည်ဖြစ်ပြီး စာတန်ကို အရှက်ရစေမည်ပင်။ သင်သည် ဤပုံစံအတိုင်း ကျင့်ကြံလျှင် ဘုရားသခင်သည် သင့်ရှေ့မှာ လမ်းဖွင့်ပေးပါလိမ့်မည်။ တစ်နေ့ ကြီးမားသည့် စမ်းသပ်မှု ရောက်ရှိလာသောအခါ တစ်ခြားလူများက ကျရှုံးသွားကြပါလိမ့်မည်။ သို့သော်လည်း သင်က ခိုင်မြဲစွာ ရပ်တည် နေနိုင်ဦးမည် ဖြစ်သည်။ သင်ပြုလုပ်ခဲ့သည့် ပေးဆပ်မှုကြောင့် ဘုရားသခင်သည် သင့်ကို ကာကွယ်မည် ဖြစ်သည်။ ထို့ကြောင့် သင်သည် ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး ကျရှုံးမည်မဟုတ်။ ပုံမှန်အားဖြင့် သင်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်ပြီး ဘုရားသခင်ကို အမှန်တကယ်ချစ်သည့် နှလုံးသားနှင့် သူ့ကို ကျေနပ်စေနိုင်လျှင် ဘုရားသခင်သည် ရှေ့မှာလာမည့် စမ်းသပ်မှုများမှာ သင့်ကို သေချာပေါက် ကာကွယ်ပေးမည်ဖြစ်သည်။ သင်က မိုက်မဲကာ အရေးပါမှုနည်းပြီး အရည်အချင်းမရှိသော်လည်း၊ ဘုရားသခင်က သင့်ကို နှိမ့်ချ ဆက်ဆံမည် မဟုတ်။ သင်၏ ကြံရွယ်ချက်များက မှန်ကန်သလား ဆိုသည့်အပေါ်၌ မူတည်သည်။ ယနေ့ သင်သည် အသေးဆုံး အချက်အလက်များကို အာရုံစိုက်ခြင်း၊ အရာအားလုံးအတွင်းမှာ ဘုရားသခင်ကို ကျေနပ်စေခြင်း၊ ဘုရားသခင်ကို အမှန်တကယ်ချစ်သည့် နှလုံးသားတစ်ခုရှိခြင်း၊ ဘုရားသခင်ကို သင်၏ စစ်မှန်သည့် နှလုံးသားကို ပေးအပ်ခြင်းတို့ကြောင့် သင်သည် ဘုရားသခင်ကို ကျေနပ်စေနိုင်သည်။ သင်နားမလည်တဲ့ တစ်ချို့အရာများ ရှိနေသော်လည်း သင်၏ ရည်ရွယ်ချက်များကို မှန်ကန်အောင် ပြုပြင်ပေးဖို့ ဘုရားသခင်ရှေ့ကို လာရောက်နိုင်သည်။ ဘုရားသခင်၏ အလိုကို ရှာဖွေနိုင်သည်။ ဘုရားသခင်ကို ကျေနပ်စေသည့် အရာအားလုံးကို သင်လုပ်ဆောင်သည်။ သင့်ညီအစ်ကို မောင်နှမများက သင့်ကို စွန့်ပစ်ကောင်း စွန့်ပစ်လိမ့်မည်။ သို့သော်လည်း သင်၏ နှလုံးသားက ဘုရားသခင်ကို ဖြည့်ဆည်းပေးနေမည်ဖြစ်ပြီး ဇာတိပကတိ၏သာယာမှုကို စွဲလမ်းတပ်မက်မည် မဟုတ်။ သင်သည် ဤနည်းလမ်းနှင့် အမြဲတမ်း ကျင့်ကြံမည်ဆိုလျှင် သင့်အပေါ်၌ ကြီးမားသည့် စမ်းသပ်မှုများ ကျရောက်သည့်အချိန်မှာ သင်သည် ကာကွယ်ပေးခြင်း ခံရပါလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၂၀

အဲဂုတ္တုပြည်ထဲမှထွက်ကာ မောရှေနောက်သို့ လိုက်လာကြသော ဣသရေလလူတို့ကို လက်ဆင့်ကမ်းပေးအပ်ရန် ယေဟောဝါသည် မောရှေအတွက် ပညတ်တော်အများအပြားကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၁

လူတို့၏ အဆုံးသတ်ရလဒ်များကို ဘုရားသခင် သတ်မှတ်ပုံနှင့် ထိုသို့ပြုရာ၌ သူအသုံးပြုသော စံနှုန်းများ သင်သည် မည်သည့်အမြင် သို့မဟုတ် ကောက်ချက်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၈၉

ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင် အရာအားလုံးသည် စုံလင်ခြင်းသို့ ရောက်ကြသည် ခြောက်ရက်မြောက်နေ့တွင် ပြုလုပ်ခဲ့သည့် တောရိုင်းတိရစ္ဆာန်များ၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၅၈

သင့်ကိုယ်သင် သိရှိရန်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်း နှင့်ဆိုင်သော ဖော်ပြချက်များ၊ သင်ကိုယ်တိုင်၏ ပဓာနကျသော အားနည်းချက်များ၊ သင်၏ စိတ်သဘောထား၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။