ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၀၃

ဘုရားသခင်တွင် ခံစားတတ်သော စိတ်ရှိသောကြောင့် လူသားသည် ဘုရားသခင်နှင့် မဆည်းပူးနိုင်ခြင်း မဟုတ်ပေ။ လူသား၏ဆည်းပူးခြင်းကို ဘုရားသခင်က မလိုလားသောကြောင့်လည်း မဟုတ်ပေ။ လူသား၏ ဘုရားသခင်ကို မဆည်းပူးလိုခြင်းနှင့် ဘုရားသခင်ကို အပူတပြင်း ရှာဖွေတွေ့ရှိလိုသော ဆန္ဒမရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို အမှန်ရှာဖွေသော လူသားတစ်ဦးအား ဘုရားသခင်က မည်သို့လျှင် ကျိန်ဆိုနိုင်မည်နည်း။ ပကတိ အသိဉာဏ်နှင့် သတိရှိသော သိစိတ်တစ်ခုကို ဘုရားသခင်က မည်သို့လျှင် ကျိန်ဆိုနိုင်မည်နည်း။ ဘုရားသခင်ကို အမှန်ကိုးကွယ်၍ ဘုရားသခင်အား အစေခံသူတစ်ဦးကို သူ၏ဒေါသမီးဖြင့် မည်သို့လျှင် လောင်ကျွမ်းစေနိုင်မည်နည်း။ ဘုရားသခင်၏ စကားကို နာခံခြင်းတွင် မွေ့လျော်နေသူတစ်ဦးသည် ဘုရားသခင်၏ အိမ်တော်မှ မည်သို့လျှင် ကန်ထုတ်ခြင်းကို ခံရနိုင်မည်နည်း။ ဘုရားသခင်အပေါ် ချစ်၍မဝသူ တစ်ဦးသည် ဘုရားသခင်၏ ပြစ်ဒဏ်ပေးမှု အောက်တွင် မည်သို့လျှင် နေရမည်နည်း။ ဘုရားသခင်အတွက် အရာရာကို ကြည်ဖြူစွာ စွန့်လွတ်နိုင်သူတစ်ဦးအား မည်သို့လျှင် အခြေအနေမဲ့သော သူကဲ့သို့ စွန့်ပစ်ထားခြင်း ခံရနိုင်မည်နည်း။ လူသားသည် ဘုရားသခင်နောက်သို့ လိုက်လိုစိတ်မရှိ။ မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာကို ဘုရားသခင်အတွက် အသုံးခံလိုစိတ်မရှိ။ မိမိတစ်သက်တာ အစွမ်းအစများကို ဘုရားသခင်ထံ ဆက်ကပ်လိုစိတ် မရှိ။ ထိုသို့ပြုမည့်အစား ဘုရားသခင်ကို အစွန်းရောက်လွန်းသည် ဟူ၍လည်းကောင်း၊ အလွန်များစွာသော ဘုရားသခင်၏ အကြောင်းအရာသည် လူ့အယူအဆနှင့် ဆန့်ကျင်သည်ဟူ၍လည်းကောင်း ပြောတတ်သည်။ သင်တို့၏ ဘုရားသခင်ကို ရှာဖွေခြင်းမရှိသည့် အဖြစ်မှန်ကို မဆိုထားဘိ၊ သင်တို့သည် ဘုရားသခင်ကို အကြွင်းမဲ့ ဆက်ကပ်ကြသော်လည်း ဤလူ့သဘောသဘာဝမျိုးဖြင့် ဘုရားသခင်၏ ချီးမွမ်းမှုကို လုံးဝရမည် မဟုတ်ပေ။ သင်တို့သည် လူသားမျိုးနွယ်၏ အနာအဆာရှိသော ကုန်ပစ္စည်းဖြစ်သည်ကို မသိကြသလော။ သင်တို့၏ လူ့သဘောသဘာဝထက် အောက်တန်းကျသော သဘောသဘာဝ မရှိသည်ကို သင်တို့ မသိကြသလော။ သင်တို့အား ရည်ညွန်းသည့် “ဂုဏ်ထူးဆောင်ဘွဲ့” ကို သင်တို့သိကြသလော။ ဘုရားသခင်အပေါ် စစ်မှန်သော ချစ်ခြင်းရှိသူများက သင်တို့ကို ဝံပုလွေဖခင်၊ ဝံပုလွေမိခင်၊ ဝံပုလွေသား၊ ဝံပုလွေမြေး ဟုခေါ်ကြသည်။ သင်တို့သည် ဝံပုလွေ၏ သားစဉ်မြေးဆက်၊ ဝံပုလွေလူမျိုး ဖြစ်ကြသည်။ မိမိ၏ မျိုးရိုးဗီဇကို သိထားသင့်သည်။ မမေ့လျော့သင့်ပေ။ သင်တို့သည် အများတကာထက် သာလွန်သည်ဟု မိမိကိုယ်ကို မတွေးထင်နှင့်။ လူသားမျိုးနွယ်ဝင် လူသားမဟုတ်သော အုပ်စုများတွင် သင်တို့သည် အဆိုးညစ်ဆုံး အုပ်စုဖြစ်သည်။ ဤအရာများကို သင်တို့မသိသလော။ သင်တို့အကြား အလုပ်လုပ်ရန် ငါမည်မျှ အရဲစွန့်ခဲ့ရသည်ကို သိကြသလော။ အကယ်၍ သင်တို့၏ အသိဉာဏ်သည် နဂိုအခြေအနေသို့ ပြန်မရောက်နိုင်ပါက၊ သင်တို့၏ သိစိတ်သည် ပုံမှန်အလုပ် မလုပ်နိုင်ပါက “ဝံပုလွေ” ဟုရည်ညွှန်းခြင်းမှ လွတ်မြောက်နိုင်မည်မဟုတ်၊ ကျိန်ခြင်းနေ့ရက်ကိုလည်း လွတ်မြောက်နိုင်မည် မဟုတ်သကဲ့သို့ ပြစ်ဒဏ်ပေးမည့်နေ့ကိုလည်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သင်တို့သည် နိမ့်ကျစွာမွေးဖွားလာသည့် တန်ဖိုးမရှိသောလူသားဖြစ်သည်။ သင်တို့သည် ပင်ကိုဗီဇအရ ဆာလောင်သော ဝံပုလွေအုပ်စုတစ်စုဖြစ်ပြီး၊ အပျက်အဆီးနှင့် အမှိုက်ပုံသာ ဖြစ်သည်။ ငါသည် သင်တို့နှင့် တူသည်မဟုတ်။ မျက်နှာသာရရန် သင်တို့အကြား၌ ငါအလုပ်လုပ်ခဲ့ခြင်း မဟုတ်။ လိုအပ်၍ လုပ်ရခြင်းသာ ဖြစ်သည်။ သင်တို့သည် ငါ့ကို ဤကဲ့သို့ ဆက်လက်ပုန်ကန်နေမည် ဆိုပါက၊ ငါ့အလုပ်ကို ရပ်တန့်ကာ မည်သည့်အခါမျှ သင်တို့အတွက် ပြန်လုပ်တော့မည် မဟုတ်။ ယင်းအစား ငါ့ကို စိတ်ချမ်းသာစေမည့် လူတစ်စုထံသို့ ကူးသွားကာ သူတို့အတွက် လုပ်ဆောင်မည်။ ထိုနည်းဖြင့် သင်တို့ထံမှ ထာဝရထွက်သွားမည်။ အဘယ်ကြောင့်ဆိုသော် ငါ့ကိုရန်လိုသောသူများအား ကြည့်ရှုလိုသောစိတ် ငါ၌မရှိ။ ထို့ကြောင့် သင်တို့သည် ငါနှင့် သဟဇာတ ဖြစ်လိုသလော၊ သို့မဟုတ် ငါ့ကိုရန်ဘက်ပြုလိုသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၂၉

ဆဌမဆုံမှတ်- သေခြင်း များပြားလှသည့် ပျားပန်းခတ်မှု နှင့် အလုပ်များခြင်းများ၊ များပြားလှသည့် အားမလိုအားမရဖြစ်ခြင်းများနှင့် စိတ်ပျက်မှုများ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၀၉

သောဒုံမြို့ကို ဘုရားသခင် ဖျက်ဆီးခြင်း၌ ဘုရားသခင်၏ အမျက်ဒေါသ၏ အနှစ်သာရကို သင်တို့ မြင်နိုင်သလော။ သူ၏ဒေါသအတွင်းမှာ အရောအနှော တစ်ခုခုပါသလော။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၈၀

သင်တို့သည် ဘုရားသခင်၏အမှုကို လူ၏ အလုပ်မှ မည်သို့ခွဲခြားရမည်ဆိုသည်ကို သိရမည်။ လူ၏အလုပ်တွင် မည်သည့်အရာကို သင် မြင်နိုင်သနည်း။ လူ၏အလုပ်တွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၃၉

ယေဟောဝါ ဘုရားသခင်နှင့် စာတန်အကြားမှ အပြန်အလှန် ပြောစကား (လက်ရွေးစင် ကျမ်းပိုဒ်များ) ယောဘ ၁:၆-၁၁ ယခုတွင် ဘုရားသခင်၏ သားတို့သည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။