ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၃၅

သင်တို့၏ခရီးပန်းတိုင်နှင့် ကံကြမ္မာသည် သင်တို့အဖို့ အလွန် အရေးကြီး၏- ၎င်းတို့သည် အရေးကြီးသည့် အမှုထားစရာကိစ္စ ဖြစ်သည်။ သင်တို့သည် အမှုအရာများကို အလွန်ဂရုတစိုက် မလုပ်ဆောင်ပါက၊ ယင်းသည် သင်တို့အနေဖြင့် ခရီးပန်းတိုင် မရှိတော့ခြင်း၊ သင်တို့ကိုယ်တိုင်၏ကံကြမ္မာကို သင်တို့ ဖျက်ဆီးလိုက်ခြင်းဟု ဆိုလိုလိမ့်မည်ဟု သင်တို့ ယုံကြည်ကြလေသည်။ သို့သော်၊ ၎င်းတို့၏ ခရီးပန်းတိုင်တစ်ခုတည်းအတွက် အားထုတ်မှုကို အသုံးပြုသောသူတို့သည် အချည်းနှီး ကြိုးပမ်းနေကြသည်ဟု သင်တို့ အတွေးပေါ်လာဖူးသလော။ ထိုသို့သော ကြိုးပမ်းအားထုတ်မှုသည် မစစ်မှန်ပေ- ၎င်းတို့သည် အတုအယောင်နှင့် လှည့်ဖြားမှု ဖြစ်သည်။ ဤသို့ဖြစ်ပါက၊ ဘုရားသခင်၌ မိမိ၏ယုံကြည်မှုတွင် ကျရှုံးခြင်းသည် လှည့်ဖြားမှုကြောင့် ဖြစ်သည့်အတွက်၊ မိမိတို့၏ ခရီးပန်းတိုင် အတွက်သာ အလုပ်လုပ်သောသူတို့သည် ၎င်းတို့၏ နောက်ဆုံး ရှုံးနိမ့်မှု၏ လက်တစ်ကမ်းတွင် ရှိကြပေသည်။ ငါသည် မြှောက်ပင့်ခံရဖို့၊ သို့မဟုတ် မျက်နှာလိုမျက်နှာရလုပ်ခံရဖို့ သို့မဟုတ် စိတ်အားထက်သန်မှုဖြင့် ဆက်ဆံခံရဖို့ မနှစ်သက်သည်ကို ယခင်က ငါ ပြောပြီး ဖြစ်သည်။ ငါသည် ရိုးသားသောလူတို့ကို ငါ၏ သမ္မာတရားနှင့် ငါ၏ မျှော်လင့်ချက်တို့ကို ရင်ဆိုင်ကြစေလိုသည်။ ထို့ထက်ပင်ပို၍၊ လူတို့သည် ငါ၏ စိတ်နှလုံးအတွက် အဆုံးစွန် ဂရုစိုက်မှုနှင့် အရေးထားမှုတို့ကို ပြသနိုင်သည့်အခါ၊ ပြီးလျှင် ငါ့အတွက် အရာရာကိုပင် စွန့်လွှတ်နိုင်စွမ်းရှိကြသည့်အခါတွင် ငါနှစ်သက်သည်။ ဤနည်းဖြင့်သာ ငါ၏ စိတ်နှလုံး နှစ်သိမ့်ခံရနိုင်ပေသည်။ ယခု၊ သင်တို့နှင့် ပတ်သက်၍ ငါမနှစ်သက်သည့်အရာ မည်မျှရှိပါသနည်း။ သင်တို့နှင့် ပတ်သက်၍ ငါနှစ်သက်သည့်အရာ မည်မျှရှိသနည်း။ သင်တို့၏ ခရီးပန်းတိုင်အတွက် သင်တို့ ပြုလုပ်ပြီးဖြစ်သည့် အကျည်းတန်မှု၏ သရုပ်သကန်မျိုးစုံကို သင်တို့ထဲမှ မည်သူမျှ နားမလည်သေးသည်မှာ ဖြစ်နိုင်သလော။

ငါ၏ စိတ်နှလုံးထဲတွင်၊ မိမိ၏ တာဝန်ကို သစ္စာရှိစွာ လုပ်ဆောင်နေသူ မည်သူမဆို၏ အားအင်ကို လျော့စေလိုသည့်ဆန္ဒ ရှိဖို့မဆိုထားနှင့်၊ အပြုသဘောဆောင်ပြီး ရည်ရွယ်ချက်မြင့်မားသော မည်သည့်စိတ်နှလုံးကိုမဆို ထိခိုက်နာကျင်စေလိုသောဆန္ဒ မရှိပေ။ မည်သို့ပင်ဆိုစေကာမူ၊ သင်တို့၏ မစုံလင်မှုများနှင့် သင်တို့ စိတ်နှလုံးများ၏ အနက်ရှိုင်းဆုံးသော နေရာများတွင် တည်ရှိသည့် ညစ်ညူးသော ဝိညာဉ်နှင့်သက်ဆိုင်၍ သင်တို့အသီးသီးကို ငါ သတိပေးရပေမည်။ ငါ အမုန်းတီးဆုံးသော အရာမှာ ငါ့အပေါ် လူတို့၏ လှည့်ဖြားမှုဖြစ်သောကြောင့်၊ ငါ၏ နှုတ်ကပတ်တော်များနှင့် မျက်နှာချင်းဆိုင်လာရာတွင် သင်တို့၏ စစ်မှန်သော စိတ်နှလုံးကို သင်တို့ ပူဇော်ပေးအပ်နိုင်ကြလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ငါသည် ထိုသို့ လုပ်ဆောင်ခြင်းဖြစ်သည်။ ငါ၏ အမှု နောက်ဆုံးအဆင့်တွင်၊ သင်တို့သည် သင်တို့၏ အပြောင်မြောက်ဆုံးသော စွမ်းဆောင်မှုကို ပေးနိုင်လိမ့်မည်ဖြစ်ပြီး၊ စိတ်မပါ့တပါ မဖြစ်တော့ဘဲ၊ မိမိတို့ကိုယ်ကိုယ် စိတ်ပါလက်ပါ ဆက်ကပ်ကြလိမ့်မည်ဟုသာ ငါ မျှော်လင့်၏။ ဟုတ်ပေ၏၊ သင်တို့ အားလုံး ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခု ရှိကြဖို့လည်း ငါ မျှော်လင့်ပေသည်။ သို့သော်လည်း၊ ငါ၌ ငါ၏ သတ်မှတ်ချက် ရှိဆဲဖြစ်၏၊ ယင်းမှာ သင်တို့၏ တစ်ခုတည်းနှင့် နောက်ဆုံးဖြစ်သော ဆက်ကပ်မှုကို ငါ့အား ပေးအပ်ရာတွင် အကောင်းဆုံး ဆုံးဖြတ်ချက်ကို သင်တို့ ပြုလုပ်ဖို့ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ထိုတစ်ခုတည်းသော ဆက်ကပ်မှုမရှိပါက၊ သူသည် ဧကန်မုချ စာတန်၏ တန်ဖိုးထားရသော ပိုင်ဆိုင်မှုတစ်ခုဖြစ်ပြီး၊ ငါသည် သူ့ကို ဆက်လက်အသုံးပြုတော့မည် မဟုတ်ဘဲ၊ သူ၏မိဘများ၏ ကြည့်ရှုစောင့်ရှောက်မှုကို ခံရဖို့ သူ့ကို အိမ်သို့ ပို့မည်ဖြစ်သည်။ ငါ၏ အမှုသည် သင်တို့အဖို့ ကြီးမားသော အထောက်အကူတစ်ခု ဖြစ်၏။ သင်တို့ထံမှ ငါရဖို့ မျှော်လင့်သည့်အရာမှာ ရိုးသားပြီး ရည်ရွယ်ချက်မြင့်မားသော နှလုံးသားတစ်ခု ဖြစ်သော်လည်း၊ ယခုထိ ငါသည် လက်ချည်းဗလာ ဖြစ်နေဆဲဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ စဉ်းစားကြလော့- တစ်နေ့တွင် ငါသည် ပြောဖို့ စကားလုံးများ၏ အတိုင်းအတာ ကျော်လွန်သည်အထိ၊ အလွန်စိတ်ထိခိုက်ရဆဲဖြစ်ပါက၊ သင်တို့အပေါ် ငါ၏ သဘောထားသည် အဘယ်အရာဖြစ်လိမ့်မည်နည်း။ ထိုအခါ ငါသည် ယခုကဲ့သို့ သင်တို့ကို ဖော်ရွေမည်လော။ ထိုအခါတွင် ငါ၏စိတ်နှလုံးသည် ယခုကဲ့သို့ တည်ငြိမ်အေးချမ်းမည်လော။ ဒုက္ခသုခခံ၍ စိုက်ကွင်းကို ထွန်ယက်လျက်၊ ဂျုံစပါးတစ်စေ့ကိုမျှ မရိတ်သိမ်းရသေးသည့် လူတစ်ဦး၏ ခံစားချက်များကို သင်တို့ နားလည်သလော။ အလွန် ထိုးကြိတ်ခံရပြီးသည့်အခါတွင်၊ လူတစ်ဦး၏ နှလုံးသားသည် မည်မျှကြီးမားစွာ အနာတရဖြစ်သည်ကို သင်တို့ နားလည်သလော။ တစ်ချိန်က မျှော်လင့်ချက် အလွန်ပြည့်ခဲ့လျက်၊ မသင့်မြတ်၍ ခွဲခွာခဲ့ရပြီးသည့် လူတစ်ဦး၏ ခါးသီးမှုကို သင်တို့ မြည်းစမ်းနိုင်သလော။ ရန်စခံခဲ့ရသော လူတစ်ဦးထံမှ ထွက်သည့် အမျက်ဒေါသကို သင်တို့ မြင်ဖူးသလော။ မလိုမုန်းထားစိတ်နှင့် လှည့်ဖြားမှုတို့ဖြင့် ဆက်ဆံခံရပြီးသော လူတစ်ဦး၏ လက်စားချေဖို့အတွက် စိတ်ထက်သန်မှုကို သင်တို့ သိနိုင်သလော။ ဤလူတို့၏ စိတ်နေသဘောထားကို သင်တို့ နားလည်ပါက၊ သူ၏ ဒဏ်ခတ်ခြင်း အချိန်ကာလတွင် ဘုရားသခင် ထားရှိမည့် သဘောထားကို တွေးကြည့်ဖို့ သင်တို့အတွက် မခက်ခဲသင့်ဟု ငါ ထင်သည်။ နောက်ဆုံးအနေဖြင့်၊ သင်တို့၏ အားထုတ်မှုများတွင် လှည့်ဖြားသော နည်းလမ်းကို အသုံးမပြုသည်က သာ၍ ကောင်းမည်ဖြစ်သော်လည်း၊ သင်တို့၏ ခရီးပန်းတိုင်အတွက် လေးနက်သော အားထုတ်မှုကို သင်တို့အားလုံး ထားရှိမည်ဟု ငါ မျှော်လင့်၏၊ သို့မဟုတ်ပါက၊ ငါ၏စိတ်နှလုံးထဲ၌ သင်တို့ကို ဆက်လက် စိတ်ပျက်နေမိလိမ့်မည်ဖြစ်သည်။ ထိုသို့သော စိတ်ပျက်ခြင်းသည် မည်သည့်အရာသို့ ဦးတည်သနည်း။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် လှည့်စားနေခြင်း မဟုတ်လော။ မိမိတို့၏ ခရီးပန်းတိုင်ကို ဆင်ခြင်တွေးတောမှုပြုသော်လည်း၊ ယင်းကို ဖျက်ဆီးသောသူများသည် ကယ်တင်ခံရဖို့ အနည်းဆုံးသော လူများဖြစ်သည်။ သူသည် စိတ်တိုလာပြီး ဒေါသထွက်လာလျှင်ပင်၊ အဘယ်သူသည် ထိုသို့သော လူတစ်ဦးအပေါ် သနားမည်နည်း။ အကျဉ်းရုံးအနေဖြင့်၊ သင့်လျော်ကာ ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခုရှိဖို့ သင်တို့အတွက် ငါ ဆန္ဒရှိဆဲ ဖြစ်သကဲ့သို့၊ ထို့ထက်ပင်ပို၍၊ သင်တို့ထဲမှ မည်သူမျှ ကပ်ဘေးထဲသို့ ကျရောက်လိမ့်မည်မဟုတ်ဟု ငါမျှော်လင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရီးပန်းတိုင်နှင့်ပတ်သက်၍

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၉၀

သိမ်းပိုက်အောင်နိုင်ခြင်းအမှုပြီးဆုံးသည်နှင့် လူသားသည် လှပသောကမ္ဘာသို့ ခေါ်ဆောင်ခြင်းခံရလိမ့်မည်။ ဤဘဝသည် ကမ္ဘာမြေကြီးပေါ်တွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၃

ဘုရားသခင်သည် သက်ရှိသတ္တဝါများအပေါ်တွင် လုံးဝရန်ငြိုးမထားပါ။ စာတန်ကိုသာ ရှုံးနိမ့်စေလို၏။ ပြစ်တင်ဆုံးမခြင်းဖြစ်စေ၊ တရားစီရင်ခြင်းဖြစ်စေ၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၇၀

လူသည် အလင်းအလယ်တွင် နေထိုင်သော်ငြားလည်း၊ သူသည် အလင်း၏ အဖိုးတန်မှုကို မသိချေ။ သူသည် အလင်း၏ အနှစ်သာရနှင့် အလင်း၏ အရင်းအမြစ်၊ ထို့အပြင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၉၉

ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်သည် အနှစ်ခြောက်ထောင် သက်တမ်းရှိပြီး ယင်းကို သူ့အမှု၏ ကွဲပြားခြားနားမှုများအပေါ် အခြေခံ၍...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။