ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၉၈

ဤအရာက လူအများစုအတွက် ကမ္ဘာဦးကျမ်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှတ်ရကောင်း အမှတ်ရစေနိုင်သည်- “‘ငါတို့’ ပုံသဏ္ဌာန်နှင့်အညီ တစ်သဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့။” (ကမ္ဘာဦးကျမ်း ၁:၂၆) ဘုရားသခင်သည် “ငါတို့” ပုံသဏ္ဌာန်နှင့် အညီ တစ်သဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့ဟု ပြောသည်ကို ထောက်ဆလျှင်၊ “ငါတို့” သည် နှစ်ပါး သို့မဟုတ် နှစ်ပါးထက် ပိုသည်ကို ညွှန်ပြ၏။ သူက “ငါတို့” ဟု ဖော်ပြခဲ့သည့်အတွက်၊ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည် မဟုတ်ပေ။ ဤနည်းဖြင့် လူသည် စိတ်ကူးသက်သက်ဖြစ်သည့် ကွဲပြားသည့် ပုဂ္ဂိုလ်များကို စတင် တွေးထင်ခဲ့ပြီး၊ ဤနှုတ်ကပတ်တော်များမှ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်တို့နှင့်ဆိုင်သည့် ထင်မြင်ယူဆချက် ပေါ်ပေါက်လာခဲ့သည်။ သို့ဆိုလျှင် ခမည်းတော်သည် မည်သည့်အရာနှင့် တူသနည်း။ သားတော်သည် မည်သည့်အရာနှင့် တူသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သည့်အရာနှင့် တူသနည်း။ ယနေ့ခေတ်၏ လူသားမျိုးနွယ်အား သုံးပါးစလုံး အတူတကွ ပေါင်းထားသော ပုံသဏ္ဌာန် တစ်ခုဖြင့် ဖန်ဆင်းခဲ့သည်မှာ ဖြစ်နိုင်မည်လော။ သို့ဆိုလျှင် လူ၏ ပုံသဏ္ဌာန်သည် ခမည်းတော်နှင့် သားတော်၏ ပုံသဏ္ဌာန်နှင့်တူသလော သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ ပုံသဏ္ဌာန်နှင့် တူသလော။ ဘုရားသခင်၏ ပုဂ္ဂိုလ်များထဲမှ မည်သည့်ပုဂ္ဂိုလ်သည် လူသား၏ ပုံသဏ္ဌာန် ဖြစ်သနည်း။ လူသား၏ ဤထင်မြင်ယူဆချက်သည် တကယ်ကို မမှန်ကန်သကဲ့သို့ အဓိပ္ပာယ်မရှိပေ။ ယင်းမှာ ဘုရားသခင် တစ်ပါးကို အချို့သော ဘုရားသခင်များအဖြစ်သို့သာ ခွဲနိုင်သည်။ မောရှေက ကမ္ဘာဦးကျမ်းကို ရေးခဲ့သည့် အချိန်တွင်၊ ယင်းမှာ ကမ္ဘာကြီးအား ဖန်ဆင်းခြင်းနောက် လူသားမျိုးနွယ်အား ဖန်ဆင်းပြီး နောက်ပိုင်းတွင် ဖြစ်ခဲ့သည်။ ကမ္ဘာကြီး စတင်ခဲ့သည့်အချိန် အစအဦး၌ မောရှေသည် ရှိမနေခဲ့ပေ။ များစွာကြာပြီး နောက်ပိုင်းတွင်မှ မောရှေသည် ကျမ်းစာကို ရေးသားခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့် စကားပြောခဲ့သည်မှာ ကောင်းကင်ဘုံရှိ ဘုရားသခင်ဖြစ်သည်ဟု သူမည်သို့ သိနိုင်ခဲ့မည်နည်း။ ဘုရားသခင်သည် ကမ္ဘာလောကအား မည်ကဲ့သို့ ဖန်ဆင်းခဲ့သည်ဆိုသည်နှင့် ပတ်သက်သည့် နားလည်သဘောပေါက်မှု အရိပ်အမြွက်မျှ သူ့ထံတွင် မရှိခဲ့ပေ။ သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းတွင် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့အား ဖော်ပြချက် ဘာမျှမရှိပေ၊ စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်ဖြစ်သည့် ယေဟာဝါမှ ဣသရေလတွင် သူ၏ အမှုအား ဆောင်ရွက်နေခဲ့သည်ကိုသာ ဖော်ပြထားသည်။ ခေတ်များ ပြောင်းလဲသည်နှင့်အမျှ၊ သူ့ကို မတူကွဲပြားသော နာမများဖြင့် ခေါ်ဆိုထားသည်၊ သို့သော် ဤအရာက နာမအသီးသီးသည် ကွဲပြားခြားနားသော ပုဂ္ဂိုလ်တစ်ပါးကို ရည်ညွှန်းသည်ဟု သက်သေမပြနိုင်ပေ။ ဤသို့ဖြစ်မည်ဆိုပါက ဘုရားသခင်၌ မရေမတွက်နိုင်သော ပုဂ္ဂိုလ်များ ရှိမည် မဟုတ်လော။ ဓမ္မဟောင်းကျမ်းတွင် ရေးသားထားသော အရာမှာ ယေဟောဝါ၏ အမှု၊ ပညတ်တော်ခေတ်၌ စတင်ခြင်းအတွက် ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုအဆင့်တစ်ခု ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အမှုဖြစ်ခဲ့ပြီး၊ ထိုအမှု၌ သူပြောဆိုသည့်အတိုင်း ဖြစ်ခဲ့ကာ သူ အမိန့်ပေးခဲ့သည့်အတိုင်း တည်မြဲခဲ့သည်။ မည်သည့်အချိန်တွင်မျှ ယေဟောဝါက သူသည် အမှုဆောင်ရွက်ဖို့ ကြွလာသော ခမည်းတော် ဖြစ်ကြောင်း မပြောခဲ့သကဲ့သို့၊ လူသားမျိုးနွယ်အား ရွေးနုတ်ရန် သားတော်ကြွလာခြင်းကို တစ်ကြိမ်တစ်ခါမျှ ပရောဖက်မပြုခဲ့ပေ။ ယေရှု၏ အချိန်ကာလ ရောက်လာသောအခါတွင်၊ လူသားမျိုးနွယ်အား ရွေးနုတ်ရန် ဘုရားသခင်သည် လူ့ဇာတိ ခံယူခဲ့ပြီးဖြစ်သည်ဟုသာ ပြောခဲ့ပြီး၊ ကြွလာခဲ့ပြီးသူမှာ သားတော် ဖြစ်သည်ဆိုသည်ကို မပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ခေတ်ကာလများသည် မတူကြသကဲ့သို့၊ ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်သော အမှုသည်လည်း ကွဲပြားသောကြောင့်၊ သူသည် သူ၏ အမှုကို မတူကွဲပြားသော နယ်ပယ်များအတွင်းတွင် လုပ်ဆောင်ရန် လိုအပ်ပေသည်။ ဤနည်းဖြင့်၊ သူကိုယ်စားပြုသော ပင်ကိုလက္ခဏာသည်လည်း ကွဲပြားသွားသည်။ လူက ယေဟောဝါသည် ယေရှု၏ ခမည်းတော်ဖြစ်သည်ဟု ယုံကြည်သည်၊ သို့သော် “ငါတို့သည် ဘယ်သောအခါမျှ ခမည်းတော်နှင့် သားတော်ဟူ၍ ခွဲခြားမနေ။ ငါနှင့် ကောင်းကင်ဘုံရှိ ခမည်းတော်သည် တစ်ဦးတည်း ဖြစ်၏။ ခမည်းတော်သည် ငါ၌ရှိတော်မူ၍ ငါသည်လည်း ခမည်းတော်၌ ရှိ၏၊ သားတော်ကို မြင်သောသူသည်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်ကို မြင်၏။” ဟုပြောဆိုခဲ့သည့် ယေရှုက ဤအရာကို အသိအမှတ်မပြုခဲ့ပေ။ အနှစ်ချုပ်အားဖြင့်၊ ခမည်းတော်ဖြစ်စေ၊ သားတော်ဖြစ်စေ၊ ၎င်းတို့သည် သီးခြား ပုဂ္ဂိုလ်များအဖြစ်သို့ ခွဲခြားမခံရဘဲ၊ ဝိညာဉ်တော် တစ်ပါးတည်းဖြစ်သည်။ လူက ရှင်းပြရန် ကြိုးစားသည်နှင့်တစ်ပြိုင်နက်၊ ကိစ္စရပ်များသည် ကွဲပြားသော ပုဂ္ဂိုလ်များနှင့်ဆိုင်သည့် ထင်မြင်ယူဆချက်အပြင် ခမည်းတော်၊ သားတော်နှင့် ဝိညာဉ်တော်တို့ အကြားရှိ ဆက်နွှယ်မှု တို့ဖြင့် ရှုပ်ထွေးသွား၏။ လူသည် သီးခြား ပုဂ္ဂိုလ်များနှင့်သက်ဆိုင်၍ ပြောသောအခါတွင်၊ ဤသည်မှာ ဘုရားသခင်အား ရုပ်ဝါဒသဘောသို့ သွင်းလိုက်သည် မဟုတ်လော။ လူသည် ပုဂ္ဂိုလ်များကို ပထမ၊ ဒုတိယနှင့် တတိယဟူ၍ပင် အဆင့်သတ်မှတ်ကြသည်။ ဤအရာ အားလုံးသည် လူ၏ စိတ်ကူးစိတ်သန်းများသာ ဖြစ်ကြပြီး၊ ရည်ညွှန်းခြင်းငှာ မထိုက်တန်သကဲ့သို့ လုံးဝ လက်တွေ့မကျပေ။ အကယ်၍ သင်သည် ထိုသူ့ကို “ဘုရားသခင် ဘယ်နှစ်ပါး ရှိသနည်း။” ဟု မေးခဲ့ပါက၊ ထိုသူက ဘုရားသခင်သည် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်နှင့်ဆိုင်သည့် သုံးပါးတစ်ဆူဖြစ်သည်- စစ်မှန်သော ဘုရားတစ်ဆူ ဖြစ်သည်ဟု ပြောပေမည်။ သင်က “ခမည်းတော် ဆိုသည်မှာ မည်သူနည်း။” ဟု နောက်ထပ်မေးလျှင် ထိုသူက၊ “ခမည်းတော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်သည်၊ သူသည် အရာအားလုံးကို ကွပ်ကဲပြီး ကောင်းကင်ဘုံ၏ အရှင်သခင် ဖြစ်သည်။” ဟု ပြောပေမည်။ “သို့ဆိုလျှင် ယေဟောဝါသည် ဝိညာဉ်တော် ဖြစ်သလော။” ဟု သင်မေးမည်ဆိုပါက၊ ထိုသူက “ဟုတ်သည်” ဟု ပြန်ဖြေမည်။ ထို့နောက် သင်က “သားတော်သည် မည်သူနည်း။” ဟု ထိုသူကို မေးမည်ဆိုပါက၊ ယေရှုမှာ သားတော် အမှန်ဖြစ်သည်ဟု ထိုသူက ပြောပေမည်။ “ဤသို့ဆိုလျှင် ယေရှု၏ အဖြစ်အပျက်ကား မည်သည့်အရာဖြစ်သနည်း။ မည်သည့်နေရာမှ သူလာခဲ့သနည်း။” ဟု မေးမည် ဆိုပါက၊ ထိုသူက “ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပဋိသန္ဓေ စွဲယူခြင်းမှတစ်ဆင့် မာရိထံ မွေးဖွားခဲ့သည်။” ဟု ပြောပေမည်။ သို့ဆိုလျှင် သူ၏ အနှစ်သာရသည်လည်း ဝိညာဉ်တော် ဖြစ်သည် မဟုတ်လော။ သူ၏အလုပ်သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်အား ကိုယ်စားပြုခြင်း ဖြစ်သည် မဟုတ်လော။ ယေဟောဝါသည် ဝိညာဉ်တော်ဖြစ်၏၊ ယေရှု၏ အနှစ်သာရသည်လည်း ဝိညာဉ်တော်ပင် ဖြစ်သည်။ ယခုနောက်ဆုံးသော ကာလတွင် ယင်းက ဝိညာဉ်တော်ပင် ဖြစ်နေဆဲဖြစ်သည်ကို သိပ်ပြောစရာပင် မလိုပေ၊ ၎င်းတို့သည် အဘယ်သို့ မတူကွဲပြားသော ပုဂ္ဂိုလ်များ ဖြစ်နိုင်မည်နည်း။ ကွဲပြားခြားနားသော ရှုထောင့်များမှ ဝိညာဉ်တော်၏ အလုပ်အား ဆောင်ရွက်နေသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော် သက်သက် ဖြစ်သည် မဟုတ်လော။ ထိုသို့ဖြင့် ပုဂ္ဂိုလ်များကြားတွင် ကွဲပြားချက် မရှိပေ။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့သည်၊ မလွဲဧကန် သူ၏ အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် အတိအကျ ဖြစ်ပေသည်။ ယေဟောဝါက ဆောင်ရွက်ခဲ့သည့် အမှု၏ ပထမအဆင့်တွင်၊ သူသည် လူ့ဇာတိ မခံယူခဲ့သကဲ့သို့၊ လူ့ထံသို့လည်း မပေါ်ထွန်းခဲ့ပေ။ ထို့ကြောင့် လူသည် သူ၏ မည်သည့်အသွင်အပြင်ကို လုံးဝ မမြင်ခဲ့ရပေ။ သူသည် မည်မျှ ကြီးမြတ်ကာ မည်မျှမြင့်မားခဲ့သည်ဖြစ်စေ၊ သူသည် ဝိညာဉ်တော်ဖြစ်နေဆဲ၊ လူကို အစအဦး၌ ဖန်ဆင်းခဲ့သည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နေဆဲ ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်ခဲ့သည်။ သူသည် မိုးတိမ်များအလယ်မှ ဝိညာဉ်တော်သက်သက်ဖြင့် လူကို စကားပြောခဲ့ပြီး သူ၏ အသွင်အပြင်ကို မည်သူမျှ မျက်မြင် မတွေ့ခဲ့ကြရပေ။ ကျေးဇူးတော်ခေတ်တွင်သာ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူ့ဇာတိဖြစ်လာခဲ့ပြီး၊ ယုဒနယ်တွင် လူ့ဇာတိ ခံယူခဲ့သည့်အခါတွင်သာ လူသည် ပထမဦးဆုံးအနေနှင့် လူ့ဇာတိခံယူခြင်း၏ ပုံသဏ္ဌာန်ကို ယုဒလူတစ်ဦးအဖြစ် တွေ့မြင်ခဲ့ရပေသည်။ သူနှင့်ပတ်သက်၍ ယေဟောဝါနှင့်ဆိုင်သောအရာ ဘာတစ်ခုမျှ မရှိခဲ့ပေ။ သို့သော် သူသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့ပြီး၊ ဆိုလိုသည်မှာ ယေဟောဝါ ကိုယ်တော်တိုင်၏ ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့ပြီး၊ ယေရှုသည် ဘုရားသခင် ဝိညာဉ်တော်၏ ပြယုဂ်အဖြစ် မွေးဖွားလာခဲ့ဆဲဖြစ်သည်။ လူက ပထမအဦးဆုံး မြင်ခဲ့ရသော အရာမှာ ယေရှုအပေါ်သို့ ချိုးငှက်အဖြစ် ဆင်းသက်နေသည့် သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်သည်။ ယင်းမှာ ယေရှုအဖို့ သီးသန့်ဝိညာဉ်တော် မဟုတ်ခဲ့ဘဲ၊ ယင်းထက် သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ခဲ့သည်။ သို့ဆိုလျှင် ယေရှု၏ ဝိညာဉ်တော်ကို သန့်ရှင်းသော ဝိညာဉ်တော်မှ ခွဲ၍ ရနိုင်သလော။ အကယ်၍ ယေရှုသည် ယေရှု၊ သားတော် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ပါက၊ ၎င်းတို့သည် အဘယ်သို့ တစ်ပါးတည်း ဖြစ်နိုင်မည်နည်း။ ထိုသို့ဖြစ်ပါက အမှုကို ဆောင်ရွက်နိုင်ခဲ့မည် မဟုတ်ပေ။ ယေရှုအတွင်းရှိ ဝိညာဉ်တော်၊ ကောင်းကင်ဘုံရှိ ဝိညာဉ်တော်နှင့် ယေဟောဝါ၏ ဝိညာဉ်တော်တို့သည် တစ်ပါးတည်းသာ ဖြစ်သည်။ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော်၊ ဘုရားသခင်၏ ဝိညာဉ်တော်၊ ခုနှစ်ဆပြင်းသော ဝိညာဉ်တော်နှင့် အလုံးစုံ ခြုံလွှမ်းသော ဝိညာဉ်တော်ဟူ၍ ခေါ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလုပ်များစွာ ဆောင်ရွက်နိုင်သည်။ သူသည် ကမ္ဘာလောကကို ဖန်ဆင်းနိုင်ပြီး၊ ယင်းကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးနိုင်သည်။ သူသည် လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်နိုင်သည့်အပြင်၊ လူသားမျိုးနွယ် အားလုံးကိုလည်း သိမ်းပိုက်ကာ ဖျက်ဆီးနိုင်သည်။ ဤအလုပ်အားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်က ဆောင်ရွက်ခြင်းဖြစ်ပြီး သူ၏ကိုယ်စား ဘုရားသခင်၏ မည်သည့်ပုဂ္ဂိုလ်တော်အဖြစ်ကမျှ လုပ်ဆောင်၍ မရနိုင်ပေ။ သူ၏ဝိညာဉ်တော်အား ယေဟောဝါ၊ ယေရှုနှင့် အနန္တတန်ခိုးရှင် ဟူသည့်နာမဖြင့် ခေါ်ဆိုနိုင်သည်။ သူသည် သခင်ဖြစ်ပြီး၊ ခရစ်တော်ဖြစ်သည်။ သူသည် လူသားလည်း ဖြစ်လာနိုင်သည်။ သူသည် ကောင်းကင်ဘုံ၌ရှိပြီး မြေကြီးပေါ်၌လည်း ရှိသည်။ သူသည် စကြဝဠာများအထက်နှင့် လူထုများအလယ်တွင် ရှိသည်။ သူသည် ကောင်းကင်နှင့် မြေကြီး၏ တစ်ဦးတည်းသော အရှင်သခင် ဖြစ်သည်။ ဖန်ဆင်းခြင်းအချိန်မှ ယခုအထိ၊ ဤအမှုကို ဘုရားသခင်ကိုယ်တော်တိုင်၏ ဝိညာဉ်တော်က ဆောင်ရွက်ပြီးဖြစ်သည်။ ကောင်းကင်ဘုံရှိ အလုပ်ဖြစ်စေ၊ လူ့ဇာတိထဲက အလုပ်ဖြစ်စေ၊ အားလုံးကို သူကိုယ်တိုင်၏ ဝိညာဉ်တော်က ဆောင်ရွက်ပေသည်။ ကောင်းကင်ဘုံတွင် ဖြစ်စေ၊ မြေကြီးပေါ်တွင် ဖြစ်စေ၊ ဖန်ဆင်းခံ သတ္တဝါအားလုံးသည် သူ၏ အနန္တလက်ဝါးတွင် ရှိကြသည်။ ဤအရာအားလုံးသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှု ဖြစ်ပြီး၊ သူ၏ ကိုယ်စား အခြားမည်သူကမျှ လုပ်ဆောင်၍မရနိုင်ပေ။ ကောင်းကင်ဘုံတွင်၊ သူသည် ဝိညာဉ်တော်ဖြစ်ပြီးသော်လည်း၊ ဘုရားသခင် ကိုယ်တော်တိုင်လည်း ဖြစ်သည်။ လူတို့အလယ်တွင် သူသည် လူ့ဇာတိဖြစ်သော်လည်း၊ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နေဆဲဖြစ်သည်။ သူ့ကို ရာထောင်ချီသော နာမများဖြင့် ခေါ်ဆိုကောင်း ခေါ်ဆိုနိုင်သော်လည်း၊ သူသည် သူကိုယ်တိုင် ဖြစ်နေသေးပြီး၊ သူ့ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက် ဖြစ်သည်။ သူ၏ ကားစင်တင်ခံရခြင်းမှတစ်ဆင့် လူသားမျိုးနွယ် အားလုံးနှင့်ဆိုင်သည့် ရွေးနုတ်ခြင်းသည် သူ၏ ဝိညာဉ်တော်၏ တိုက်ရိုက် အလုပ် ဖြစ်ခဲ့ပြီး၊ နောက်ဆုံးသော ကာလအတွင်းတွင် တိုင်းနိုင်ငံအားလုံးနှင့် နယ်မြေအားလုံးထံ ကြွေးကြော်ခြင်းလည်း ဖြစ်သည်။ တစ်ချိန်လုံး၊ ဘုရားသခင်ကို အနန္တတန်ခိုးရှိသကဲ့သို့ စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်၊ အလုံးစုံ လွှမ်းခြုံသော ဘုရားသခင်ဟုသာ ခေါ်ဆို၍ရနိုင်သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့နှင့်ဆိုင်သည့် ဤထင်မြင်ယူဆချက်ကို မဆိုထားနှင့်၊ ကွဲပြားသော ပုဂ္ဂိုလ်များ မတည်ရှိပေ။ ကောင်းကင်နှင့် မြေကြီးပေါ်တွင် ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၄

လူတို့၏ အဆုံးသတ်ရလဒ်များကို မည်သူ သတ်မှတ်သနည်း ဆွေးနွေးဖို့ရန် အဆုံးစွန်အရေးကြီးသော အခြားကိစ္စရှိပြီး ၎င်းမှာ ဘုရားသခင်အပေါ် သင်တို့၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၀၉

ယနေ့ကာလ၏ လမ်းကြောင်းသည် လျှောက်ဖို့ မလွယ်လှပေ။ ယင်းအရာအား ရှာတွေ့ရန် ခဲယဉ်းပြီး ခေတ်ကာလတစ်လျှောက်တွင် အလွန်ပင် ရှားပါးသည်ဟု ပြော၍ရပါသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၀၀

ယနေ့ သင့်အနေဖြင့် မည်ကဲ့သို့ သိမ်းပိုက်ခံရရန်နှင့် လူတို့အနေဖြင့် သိမ်းပိုက်ခံရပြီးနောက် မည်သို့ ကိုယ်တိုင်ပြုမူ ကျင့်ကြံကြသည်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၈၈

ဘုရားသခင်ကို ယုံကြည်သောသူများအနေဖြင့်၊ သင်တို့အသီးသီးသည် နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ အမှုနှင့် ယနေ့ သင့်အထဲတွင် သူ ပြုသည့် သူ၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။