ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၆၅

ရှင်မဿဲ ၁၂:၁ ထိုကာလအခါ ယေရှုသည် ဥပုသ်နေ့၌ ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကို ဆွတ်၍စားကြ၏။

ရှင်မဿဲ ၁၂:၆-၈ ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင်၊ အပြစ်ကင်းသောသူတို့ကို အပြစ်မတင် မစီရင်ကြပြီ။ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။

ဤစာပိုဒ်ကို အရင်ကြည့်ကြမည်။ “ထိုကာလအခါ ယေရှုသည် ဥပုသ်နေ့၌ ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကို ဆွတ်၍စားကြ၏။”

ဤစာပိုဒ်ကို ဘာကြောင့် ငါတို့ရွေးချယ်ခဲ့သနည်း။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ၎င်းက မည်သို့သောဆက်စပ်မှုရှိသနည်း။ ဤစာပိုဒ်တွင် ငါတို့သိသော ပထမဆုံးအရာက ထိုနေ့သည် ဥပုသ်နေ့ဖြစ်သည်ဆိုသော်လည်း သခင်ယေရှုက အပြင်ကိုထွက်၍ ပြောင်းဖူးကွင်းကို ဖြတ်ပြီး သူ၏ တပည့်တော်တို့ကို ခေါ်ဆောင်ခဲ့သည်။ ပို၍ပင် “ဖောက်ပြန်သည်က” သူတို့သည် “စပါးအသီးအနှံကို ဆွတ်၍စားကြ၏” ဆိုသည်ပင်ဖြစ်သည်။ ပညတ်တော်ခေတ်တွင် ယေဟောဝါဘုရားသခင်၏ ပညတ်တော်တို့အရ လူတို့က ခပ်ပေါ့ပေါ့နှင့် အပြင်ထွက်၍မရသော၊ သို့မဟုတ် ဥပုသ်နေ့ လှုပ်ရှားမှုတို့တွင် ပါဝင်ခြင်းတို့ မလုပ်ရ။ ဥပုသ်နေ့တွင် လုပ်ဆောင်၍မရသော အရာများစွာရှိသည်။ သခင်ယေရှု၏ ဤအပြုအမူသည် ပညတ်တော်အောက်တွင် ကြာမြင့်စွာနေခဲ့သောသူတို့အတွက် ခေါင်းရှုပ်စေသည်။ ဝေဖန်မှုတို့ကိုပင် လှုံ့ဆော်ခဲ့သည်။ သူတို့၏ စိတ်ရှုပ်ထွေးမှုနှင့် သခင်ယေရှုလုပ်ဆောင်ခဲ့သည်နှင့်ပတ်သက်ပြီး သူတို့ပြောခဲ့သောပုံစံတို့ကိုမူ ယခုလောလောဆယ် ခေတ္တခဏထားထားပြီး ယေရှုက နေ့များအားလုံးထဲတွင် ဘာကြောင့် ဥပုသ်နေ့၌ ၎င်းကိုလုပ်ရန် ရွေးချယ်ခဲ့သနည်း၊ ဤအပြုအမူမှတစ်ဆင့် ပညတ်တော်အောက်တွင် နေထိုင်နေသော လူတို့အား သူမည်သည်ကို ဆွေးနွေးပြောဆိုလိုသနည်း ဆိုသည်ကို အရင် ဆွေးနွေးကြမည်။ ၎င်းသည် ဤစာပိုဒ်နှင့် ဘုရားသခင်၏ စိတ်သဘောထားကြား၌ရှိသည့် ငါပြောလိုသော ဆက်စပ်မှုဖြစ်သည်။

သခင်ယေရှု ကြွလာသောအခါတွင် လူတို့ကို ဆက်သွယ်ပြောဆိုရန် သူ၏လက်တွေ့လှုပ်ရှားမှုတို့ကို အသုံးပြုခဲ့သည်။ ဘုရားသခင်က ပညတ်တော်ခေတ်ကို စွန့်ခွာခဲ့ပြီး အလုပ်အသစ်ကို စတင်ခဲ့သည်။ ဤအလုပ်အသစ်က ဥပုသ်နေ့ကို စောင့်ထိန်းရန် မလိုအပ်ပေ။ ဘုရားသခင်က ဥပုသ်နေ့၏ အကန့်အသတ်တို့မှ ထွက်လာသောအခါတွင် ၎င်းသည် သူ့လုပ်ဆောင်မှုအသစ်၏ နမူနာတစ်ခုသာဖြစ်သည်။ စစ်မှန်ပြီးကြီးမြတ်သော အလုပ်က လာဦးမည်ဖြစ်သည်။ သခင်ယေရှုက သူ၏အလုပ်ကို စတင်လုပ်ဆောင်သောအခါတွင် သူသည် ပညတ်တော်ခေတ်၏ အချုပ်အနှောင်တို့ကို နောက်ချန်ထားခဲ့ပြီး ထိုခေတ်၏ စည်းမျဉ်းစည်းကမ်းတို့ကို ချိုးဖျက်ခဲ့ပြီးပြီဖြစ်သည်။ သူ့ထံ၌ ပညတ်တော်နှင့် ပတ်သက်သောအရာတို့၏ အရိပ်လက္ခဏာတစ်ခုမျှ မရှိပေ။ သူသည် ၎င်းကို လုံးဝလွှင့်ပစ်ခဲ့ပြီး စောင့်ထိန်းခြင်း မရှိတော့ပေ။ လူသားမျိုးနွယ်ကိုလည်း ၎င်းကိုစောင့်ထိန်းခိုင်းရန် မလိုအပ်တော့ပေ။ ထို့ကြောင့် ဤနေရာတွင် သခင်ယေရှုသည် ဥပုသ်နေ့တွင်ပင် ပြောင်းဖူးကွင်းကို ဖြတ်သန်းသွားသည်ကို သင်တွေ့ရသည်။ သခင်က အနားယူခြင်းမရှိဘဲ အပြင်၌ အလုပ်လုပ်နေသည်။ သူ၏ ဤအပြုအမူသည် လူတို့၏ အယူအဆတို့အပေါ် အံ့အားသင့်သွားစေခဲ့ပြီး သူသည် ပညတ်တော်အောက်တွင် မနေတော့ပေ၊ ဥပုသ်နေ့၏ အကန့်အသတ်တို့ကို သူထားခဲ့ပြီး လူသားမျိုးနွယ်ရှေ့တွင်၊ ပုံစံအသစ်နှင့် သူတို့၏ကြားထဲတွင် လုပ်ဆောင်နည်းအသစ်တစ်ခုနှင့် ပေါ်လာသည်။ သူ၏ ဤအပြုအမူသည် ပညတ်တော်မှ ထွက်ခွာခြင်းနှင့် ဥပုသ်မှ ထွက်ခွာခြင်းနှင့်စတင်သော သူ၏ လုပ်ဆောင်မှုအသစ်နှင့် သူယူဆောင်လာခဲ့သော လူတို့ကို ပြောပြသည်။ ဘုရားသခင်က သူ၏လုပ်ဆောင်မှုအသစ်ကို လုပ်သောအခါတွင် သူသည် အတိတ်ကို ဖက်တွယ်မနေတော့ပေ။ တဖန် သူသည် ပညတ်တော်ခေတ်၏ စည်းမျဉ်းစည်းကမ်းတို့နှင့် ပတ်သက်ပြီး အလေးထားခြင်း မရှိတော့ပေ။ အရင်ခေတ်ကာလက သူ၏လုပ်ဆောင်ချက်တို့၏ သက်ရောက်မှုတို့လည်း သူ့တွင် မရှိတော့ဘဲ ဥပုသ်နေ့၌ ပုံမှန်အတိုင်းသာ အလုပ်လုပ်ပြီး သူ၏ တပည့်တော်တို့က ဆာလောင်သောအခါတွင် ပြောင်းဖူးသီးနှံတို့ကို စားရန် သူတို့ ခူးဆွတ်နိုင်ကြသည်။ ၎င်းတို့အားလုံးက ဘုရားသခင်၏ အမြင်တွင် အမှန်တကယ်သာမန်ပင်ဖြစ်သည်။ ဘုရားသခင်က သူလုပ်လိုသော အလုပ်များစွာအတွက်၊ သူပြောလိုသည်တို့အတွက် အသစ်စတင်နိုင်သည်။ အသစ်စတင်မှုတစ်ခုကို သူလုပ်လိုက်သည်နှင့် သူ၏အရင်အလုပ်ကို မပြောသကဲ့သို့ ဆက်၍လည်းမလုပ်တော့ပေ။ ဘုရားသခင်သည် သူ့အလုပ်တွင် စည်းမျဉ်းတို့ရှိသောကြောင့်ဖြစ်သည်။ အလုပ်အသစ်ကို သူစတင်လိုသောအချိန်သည် သူ့အလုပ်၏ အဆင့်အသစ်တစ်ခုဆီသို့ လူသားမျိုးနွယ်ကို ခေါ်ဆောင်လိုသောအချိန်ပင်ဖြစ်ပြီး သူ့အလုပ်သည် ပိုမိုမြင့်မားသောအဆင့်တစ်ခုကို ဝင်ရောက်သောအချိန်လည်း ဖြစ်သည်။ လူတို့က ဆိုရိုးများ၊ သို့မဟုတ် စည်းမျဉ်းများအတိုင်း ဆက်လက်ပြုမူလျှင်၊ သို့မဟုတ် ဤအရာတို့ကို ဆက်လက်၍ စွဲကိုင်ထားလျှင် သူသည် ၎င်းကို မှတ်မိခြင်း၊ သို့မဟုတ် ချီးမွမ်းခြင်းရှိမည် မဟုတ်ပေ။ အကြောင်းမှာ သူက အလုပ်အသစ်ကို ယူဆောင်လာပြီးဖြစ်ပြီး သူ့အလုပ်၏ အဆင့်အသစ်တစ်ခုဆီသို့ ဝင်ရောက်ပြီးဖြစ်သောကြောင့်ဖြစ်သည်။ အလုပ်အသစ်ကို သူစတင်သောအခါတွင် သူ၏စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၏ မတူညီသော အချက်အလက်တို့ကို လူတို့သိနိုင်ရန်အတွက် ပြီးပြည့်စုံသော ပုံရိပ်အသစ်တစ်ခုနှင့် ရှုထောင့်အသစ်တစ်ခုအနေနှင့် လူသားမျိုးနွယ်ဆီသို့ သူပေါ်ထွန်းလာသည်။ ၎င်းသည် သူ၏အလုပ်အသစ်၌ရှိသော သူ၏ပန်းတိုင်တို့ထဲမှ တစ်ခုဖြစ်သည်။ ဘုရားသခင်က ယခင်ကအရာတို့ကို ကိုင်စွဲမထားပေ၊ သို့မဟုတ် အသားကျပြီးသား လမ်းကြောင်းကို မလျှောက်ပေ။ သူအလုပ်လုပ်ပြီး စကားပြောသောအခါတွင် လူတို့ထင်သကဲ့သို့ ပိတ်ပင်တားမြစ်ခြင်း မရှိပေ။ ဘုရားသခင်ထံတွင် အားလုံးက လွတ်လပ်ပြီး ချုပ်ချယ်မှုကင်းသည်။ ပိတ်ပင်တားမြစ်ခြင်း၊ ကန့်သတ်ခြင်းတို့ မရှိပေ။ လူသားမျိုးနွယ်ဆီသို့ သူယူဆောင်လာသောအရာအားလုံးက လွတ်လပ်ခြင်းနှင့် အချုပ်အချယ်ကင်းခြင်းတို့ဖြစ်သည်။ သူသည် အသက်ရှင်သော ဘုရားသခင်၊ အမှန်တကယ် စစ်မှန်စွာ တည်ရှိသော ဘုရားသခင်ဖြစ်သည်။ သူသည် ရုပ်သေးရုပ်တစ်ရုပ်၊ သို့မဟုတ် ရွှံ့စေးရုပ်တုတစ်ရုပ် မဟုတ်ပေ။ လူတို့ အမြတ်တနိုးထားပြီး ကိုးကွယ်သော ရုပ်တုတို့နှင့် လုံးဝ ကွဲပြားသည်။ သူသည် အသက်ရှင်ပြီး အားမာန်အပြည့်ရှိသည်။ လူသားတို့ဆီကို သူ၏နှုတ်ကပတ်တော်တို့နှင့် လုပ်ဆောင်မှုတို့က သယ်ဆောင်လာသမျှအားလုံးသည် အသက်နှင့် အလင်း၊ လွတ်လပ်ခြင်းနှင့် အချုပ်အချယ်ကင်းခြင်းတို့ဖြစ်သည်။ သူသည် သမ္မာတရား၊ အသက်နှင့် လမ်းခရီးကို ကိုင်ဆောင်ထားသည့်အတွက် သူ၏ မည်သည့်အလုပ်၏ ကန့်သတ်ခြင်းကိုမျှ မခံရပေ။ လူတို့က မည်သို့ပင်ပြောပါစေ၊ သူတို့က မည်ကဲ့သို့ပင် မြင်ပါစေ၊ သို့မဟုတ် သူ၏အလုပ်အသစ်ကို မည်ကဲ့သို့ အကဲဖြတ်ပါစေ၊ စနိုးစနောင့်ဖြစ်ခြင်းမရှိဘဲ သူ၏အလုပ်ကို လုပ်ဆောင်ပါလိမ့်မည်။ မည်သူတစ်ဦးတစ်ယောက်၏ အယူအဆများ၊ သူ့အလုပ်နှင့် နှုတ်ကပတ်တော်တို့ကို လက်ညှိုးထိုးဝေဖန်ခြင်းများ၊ သို့မဟုတ် သူ၏အလုပ်အသစ်အပေါ် သူတို့၏ ပြင်းထန်သော ဆန့်ကျင် ခုခံခြင်းတို့နှင့်ပတ်သက်၍ပင် သူစိုးရိမ်ပူပန်မည် မဟုတ်ပေ။ ဘုရားသခင်လုပ်ဆောင်သောအရာကို တိုင်းတာရန်၊ သို့မဟုတ် အဓိပ္ပာယ်ဖွင့်ရန်၊ သူ့အလုပ်ကို ချိုးနှိမ်ရန် သို့မဟုတ် နှောင့်ယှက်ရန်၊ သို့မဟုတ် တမင်ဖျက်ဆီးရန် ဖန်ဆင်းခံအားလုံးထဲတွင် ဘယ်သူကမျှ လူသား၏ ကျိုးကြောင်းဆင်ခြင်မှု၊ သို့မဟုတ် လူသား၏ စိတ်ကူးတွေးတောမှု၊ အသိပညာ၊ သို့မဟုတ် ကိုယ်ကျင့်တရားကို အသုံးမပြုနိုင်ချေ။ သူ၏အလုပ်နှင့် သူလုပ်သောအရာတို့တွင် ပိတ်ပင်တားမြစ်ထားခြင်းတို့ မရှိပေ။ မည်သည့်လူ၊ အကြောင်းအရာ၊ သို့မဟုတ် အရာဝတ္ထု၏ ကန့်သတ်ခြင်းမျှ ရှိမည်မဟုတ်ပေ။ မည်သို့သော ရန်လိုသောအင်အားစု၏ နှောင့်ယှက်ခြင်းကိုမှ ခံရမည်မဟုတ်ပေ။ သူ၏အလုပ်သစ်နှင့် ပတ်သက်လာလျှင် သူသည် အမြဲတမ်း အောင်နိုင်မှုကို ရရှိနေသော ဘုရင်တစ်ပါးဖြစ်ပြီး လူသားမျိုးနွယ်ထံမှ ရန်လိုသောအင်အားစုများ၊ မိစ္ဆာဒိဋ္ဌိနှင့် အယူလွဲမှားမှုများ အားလုံးသည် သူ၏ ခြေတင်ခုံအောက်တွင် နင်းချေခြင်းကို ခံကြရသည်။ သူ့အလုပ်၏ မည်သည့်အဆင့်အသစ်ကို သူလုပ်ဆောင်နေသည်ဖြစ်စေ ၎င်းအလုပ်ကို လူသားတို့၏အလယ်တွင် ဧကန်မုချ တည်ဆောက်ပြီး ချဲ့ထွင်ရမည်ဖြစ်သည်၊ ထို့ပြင် သူ၏ ကြီးမားသောအလုပ် ပြီးဆုံးသည်အထိ စကြဝဠာတစ်ခွင်လုံးတစ်လျှောက်တွင် အတားအဆီးမရှိ ဧကန်မုချ လုပ်ဆောင်မည်ဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာဖြစ်သည်။ သူ၏ အာဏာနှင့် တန်ခိုးဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုသည် ဥပုသ်နေ့တွင် အပြင်ကို ပွင့်လင်းစွာ သွားလာနိုင်ပြီး အလုပ်လုပ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် သူ့နှလုံးသားထဲတွင် စည်းမျဉ်းတို့မရှိ။ လူသားမျိုးနွယ်မှ ဖြစ်ပေါ်လာသော အသိပညာ၊ သို့မဟုတ် အယူဝါဒတို့ မရှိပေ။ သူရှိသောအရာက ဘုရားသခင်၏ လုပ်ဆောင်မှုအသစ်နှင့် သူ၏လမ်းခရီးပင်ဖြစ်သည်။ သူ၏အလုပ်က လူသားမျိုးနွယ်ကို လွတ်မြောက်စေရန်၊ သူတို့ကို လွှတ်ပေးရန်၊ သူတို့ကို အလင်း၌ ဖြစ်တည်ခွင့်ပေးရန်၊ သူတို့ကို အသက်ရှင်ခွင့်ပေးရန် လမ်းခရီးဖြစ်သည်။ ရုပ်တုများ၊ သို့မဟုတ် မှားယွင်းသော ဘုရားများကို ကိုးကွယ်သောသူတို့သည် စာတန်၏ချည်နှောင်ခြင်းကိုခံရရင်း၊ စည်းမျဉ်းနှင့် ဘာသာရေးယဉ်ကျေးမှုဆိုင်ရာ တားမြစ်ချက်ပေါင်းစုံ၏ ကန့်သတ်ချက်တို့နှင့် နေ့စဉ် အသက်ရှင်နေထိုင်ရသည်။ ယနေ့၌ တစ်ခုကို ပိတ်ပင်တားမြစ်ပြီး နောက်တစ်နေ့၌ နောက်တစ်ခုကို ပိတ်ပင်တားမြစ်သည်။ သူတို့ဘဝတွင် လွတ်လပ်ခြင်းမရှိချေ။ သူတို့သည် ဝမ်းမြောက်စရာအကြောင်း ပြောစရာမရှိသော အချုပ်အနှောင်တို့နှင့် အကျဉ်းသားတို့ကဲ့သို့ပင်ဖြစ်သည်။ “ပိတ်ပင်တားမြစ်ခြင်း” ဆိုသည်မှာ မည်သည်ကို ကိုယ်စားပြုသနည်း။ အကန့်အသတ်များ၊ ချည်နှောင်မှုများနှင့် ဆိုးယုတ်ခြင်းများကို ကိုယ်စားပြုသည်။ လူတစ်ယောက်က ရုပ်တုတစ်ခုကို ကိုးကွယ်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့သည် မှားယွင်းသော ဘုရားကို ကိုးကွယ်နေခြင်းဖြစ်သည်။ ဆိုးယုတ်သော နတ်ဆိုးကို ကိုးကွယ်နေခြင်း ဖြစ်သည်။ ပိတ်ပင်တားမြစ်ခြင်းတွင် ၎င်းတို့ပါလာသည်။ သင်က ဤအရာ၊ ထိုအရာကိုမစားရ။ ယနေ့ သင်အပြင်ထွက်၍မရ။ မနက်ဖြန် မီးဖိုကို ဖွင့်၍မရ။ နောက်တစ်နေ့တွင် သင် အိမ်အသစ်ကို ပြောင်း၍မရ။ မင်္ဂလာဆောင်များ၊ အသုဘ အခမ်းအနားများနှင့် ကလေးမွေးခြင်းတို့အတွက်ပင် သတ်မှတ်ထားသော ရက်တို့ကို ရွေးချယ်ရသည်။ ၎င်းကို မည်သို့ခေါ်သနည်း။ ပိတ်ပင်တားမြစ်ခြင်းဟု ခေါ်သည်။ ဤသည်မှာ လူသားမျိုးနွယ်၏ ကျွန်ခံရခြင်းပင်ဖြစ်သည်။ စာတန်၏ အချုပ်အနှောင်ဖြစ်ပြီး ဆိုးယုတ်သော နတ်ဆိုးတို့က သူတို့ကို ထိန်းချုပ်နေကာ သူတို့၏နှလုံးသားနှင့် ကိုယ်ခန္ဓာကို ကန့်သတ်နေခြင်းဖြစ်သည်။ ဤပိတ်ပင်တားမြစ်ခြင်းတို့က ဘုရားသခင်တွင် တည်ရှိသလော။ ဘုရားသခင်၏ သန့်ရှင်းမြင့်မြတ်ခြင်းကို ပြောသောအခါတွင် သင်သည် ဤအရာကို ဦးစွာစဉ်းစားသင့်သည်။ ဘုရားသခင်နှင့်ဆိုလျှင် ပိတ်ပင်တားမြစ်ခြင်းတို့ မရှိပေ။ သူ၏နှုတ်ကပတ်တော်တို့နှင့် အလုပ်တွင် စည်းမျဉ်းစည်းကမ်းတို့ ရှိသည်။ သို့သော်လည်း ပိတ်ပင်တားမြစ်ခြင်းတို့ မရှိပေ။ အကြောင်းမှာ ဘုရားသခင်ကိုယ်တော်တိုင်က သမ္မာတရား၊ အသက်နှင့် လမ်းခရီးဖြစ်သောကြောင့်ပင်ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၆၁

ပညတ်တော်ခေတ်၏ စီရင်ချက်များ ပညတ်တော်ဆယ်ပါး ယဇ်ပလ္လင် တည်ခြင်းဆိုင်ရာ တရားနုများ အစေခံများအပေါ် ဆက်ဆံခြင်းဆိုင်ရာ စီရင်ချက်များ ခိုးမှုနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၈၇

လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့် ပြီးမြောက်အောင်မြင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၄၆

ယောဘနှင့်ပတ်သက်၍ လူတို့၏ များစွာသော နားလည်မှုလွဲမှားခြင်းများ ယောဘခံစားခဲ့ရသည့် ဆင်းရဲဒုက္ခသည် ဘုရားသခင် စေလွှတ်ခဲ့သော တမန်များ၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၄၉

ပညာမရှိသော ထိုသူများသာမက မာနကြီးသူများသည် ၎င်းတို့အတတ်နိုင်ဆုံး ကြိုးစားခြင်း သို့မဟုတ် ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ရမည့်အစား ၎င်းတို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။