ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၇၉

ယေရှု သေခြင်းမှရှင်ပြန်ထမြောက်အပြီးတွင် သူ၏တပည့်တော်များကိုပြောသည့် စကားများ

ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၂၀:၂၆-၂၉ ထို့နောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တဖန်အထဲ၌ရှိကြ၍ သောမလည်းပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက်၊ သင်တို့၌ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။ ထိုအခါ သောမအား၊ သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့ နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။ သောမကလည်း၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု ပြန်၍လျှောက်၏။ ယေရှုကလည်း၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၂၁:၁၆-၁၇ တဖန်ယေရှုက၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်၊ ငါ၏ သိုးတို့ကို ထိန်းလော့ဟုမိန့်တော်မူ၏။ ယေရှုကလည်း၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည်စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကိုသိတော်မူ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။

ဤစာပိုဒ်မှာ ပြန်လည်ဖော်ပြထားသောအရာတို့က သူ၏ရှင်ပြန်ထမြောက်ခြင်းပြီးနောက်မှာ သခင်ယေရှု လုပ်ဆောင်ခဲ့ပြီး သူ၏တပည့်တော်တို့ကို ပြောခဲ့သော အရာတချို့ဖြစ်သည်။ ပထမဆုံး သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းမတိုင်ခင်နှင့် ပြီးနောက်ကြားက ကွာခြားချက်ကို ကြည့်ကြစို့။ သူသည် ယခင်က သခင်ယေရှုနှင့် အတူတူပင်လော။ ကျမ်းစာမှာ သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းပြီးနောက်မှာ ဖော်ပြထားသော ဤစာသားတို့ပါဝင်သည်။ “တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက်၊ သင်တို့၌ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။” ထိုအချိန်မှာ သခင်ယေရှုသည် လူ့ဇာတိမဟုတ်တော့ဘဲ ဝိညာဉ်ခန္ဓာတစ်ခုဖြစ်နေသည်ဆိုသည်မှာ အလွန်ရှင်းသည်။ ၎င်းသည် လူ့ဇာတိ၏ အကန့်အသတ်ကို သူကျော်လွန်သွားသောအတွက်ကြောင့်ဖြစ်သည်။ တံခါးပိတ်ထားစဉ်မှာ လူတို့ကြားထဲကို သူလာပြီး သူတို့ကို မြင်စေနိုင်သေးသည်။ ၎င်းသည် ရှင်ပြန်ထမြောက်ပြီးနောက် သခင်ယေရှုနှင့် ရှင်ပြန်ထမြောက်ခြင်းမတိုင်မီ လူ့ဇာတိမှာ အသက်ရှင်သော သခင်ယေရှုကြား အကြီးမားဆုံး ခြားနားချက်ဖြစ်သည်။ ထိုအချိန်ခဏမှာ ဝိညာဉ်ခန္ဓာ၏ အသွင်အပြင်နှင့် ယခင်က သခင်ယေရှု၏ အသွင်အပြင်ကြားမှာ ခြားနားချက်မရှိသော်လည်း ထိုအချိန်ခဏမှာ သခင်ယေရှုသည် လူတို့အတွက် သူစိမ်းတစ်ယောက်ကဲ့သို့ခံစားရသော ယေရှုဖြစ်သွား၏။ အဘယ့်ကြောင့်ဆိုသော် သေခြင်းမှ ရှင်ပြန်ထမြောက်လာပြီးနောက်မှာ သူသည် ဝိညာဉ်ခန္ဓာဖြစ်လာသောအတွက်ကြောင့်ဖြစ်ပြီး သူ၏ယခင်က လူ့ဇာတိနှင့်ယှဉ်လျှင် ဝိညာဉ်ခန္ဓာက လူတို့အတွက် ပို၍ပဟေဠိဆန်ပြီး ပို၍ရှုပ်ထွေးစေသည်။ သခင်ယေရှုနှင့် လူတို့ကြား၌ ပိုဝေးသော အကွာအဝေးကိုလည်း ဖန်တီးခဲ့ပြီး ထိုအချိန်ခဏမှာ သခင်ယေရှုသည် ပိုပြီး ထူးခြားဆန်းကြယ်သည်ဟု သူတို့၏ နှလုံးသားထဲ၌ ခံစားရသည်။ လူတို့၏ ဤနားလည်မှုတို့နှင့် ခံစားချက်တို့သည် မမြင်နိုင်၊ မထိတွေ့နိုင်သော ဘုရားသခင်ကို ယုံကြည်ခြင်းခေတ်ကို ရုတ်တရက် ပြန်လည်သယ်ဆောင်သွားသည်။ ထို့ကြောင့် သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်မှာ သခင်ယေရှုလုပ်ဆောင်ခဲ့သော ပထမဆုံးအရာက လူတိုင်းက သူ့ကိုမြင်ရန်၊ သူတည်ရှိသည်ဆိုသည်ကို အတည်ပြုရန်နှင့် သူ၏ ရှင်ပြန်ထမြောက်ခြင်းကို အတည်ပြုရန် ဖြစ်သည်။ ထပ်ပြောရလျှင် ဤအချက်က လူ့ဇာတိနှင့် သူအလုပ်လုပ်နေသောအချိန်မှာ သူတို့နှင့် ရှိခဲ့သော ဆက်ဆံရေးအတိုင်း လူတို့နှင့် သူ့ဆက်ဆံရေးကို ပြန်လည်ရရှိစေခဲ့ပြီး သူသည် သူတို့မြင်နိုင်ပြီး ထိတို့နိုင်သော ခရစ်တော်ဖြစ်သည်။ ဤနည်းလမ်းနှင့်ပတ်သက်၍ ရလဒ်တစ်ခုက သခင်ယေရှုသည် လက်ဝါးကပ်တိုင်မှာ သံနှင့်ရိုက်ခံရပြီးနောက် သေခြင်းမှ ရှင်ပြန်ထမြောက်လာခြင်းကို လူတို့ သံသယမရှိတော့ပေ။ လူသားမျိုးနွယ်ကို ရွေးနုတ်ရန် သခင်ယေရှု၏ လုပ်ဆောင်မှုမှာ သံသယမရှိတော့ပေ။ နောက်ရလဒ်တစ်ခုက သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းပြီးနောက် လူတို့ဆီသို့ သခင်ယေရှု ပေါ်ထွန်းခြင်းနှင့် လူတို့ကို သူ့ကို မြင်ခွင့် ထိခွင့်ပေးခြင်းက ကျေးဇူးတော်ခေတ်မှာ လူသားမျိုးနွယ်ကို ခိုင်ခိုင်မာမာနှင့် ထိန်းသိမ်းနိုင်စေခဲ့သည်။ ဤအချိန်မှစပြီး လူတို့သည် ယခင်ခေတ်ဖြစ်သော ပညတ်တော်ခေတ်ကို ပြန်မသွားနိုင်တော့ပေ။ သခင်ယေရှု၏ “ပျောက်ကွယ်ခြင်း”၊ သို့မဟုတ် “စွန့်ပစ်ခြင်း” ကြောင့်ဖြစ်သည်။ သို့သော်လည်း သူတို့သည် သခင်ယေရှု၏ ဆုံးမစကားတို့နှင့် သူလုပ်ဆောင်ခဲ့သော အလုပ်တို့ကို လိုက်လျှောက်ရင်း ရှေ့ဆက်ပါလိမ့်မည်။ ထို့ကြောင့် ကျေးဇူးတော်ခေတ်မှာ အဆင့်အသစ်တစ်ခုသည် စနစ်တကျ ပေါ်ထွက်လာသည်။ ပညတ်တော်အောက်မှာရှိနေသော လူတို့သည် ထိုအချိန်မှစပြီး စနစ်တကျ ထွက်ပေါ်လာခဲ့ပြီး အသစ်စတင်ခြင်းနှင့်အတူ ခေတ်သစ်တစ်ခုဆီကို ဝင်ရောက်ခဲ့သည်။ ၎င်းတို့က ရှင်ပြန်ထမြောက်အပြီးမှာ လူသားမျိုးနွယ်ဆီကို သခင်ယေရှုပေါ်ထွန်းခြင်း၏ အမျိုးမျိုးသော အဓိပ္ပာယ်တို့ဖြစ်သည်။

သူသည် ဝိညာဉ်ခန္ဓာတစ်ခုဖြစ်သောကြောင့် လူတို့က သူ့ကို မည်ကဲ့သို့ ထိနိုင်၊ မြင်နိုင်သနည်း။ ၎င်းက လူသားမျိုးနွယ်အပေါ် သခင်ယေရှု၏ ပေါ်ထွန်းခြင်း၏ အဓိပ္ပာယ်နှင့် သက်ဆိုင်သည်။ ကျမ်းစာ၏ ဤစာပိုဒ်တို့မှာ သင်တို့ တစ်ခုခု သတိပြုမိသလော။ ယေဘုယျအားဖြင့် ဝိညာဉ်ခန္ဓာတို့က မမြင်နိုင်၊ သို့မဟုတ် ထိတွေ့၍မရနိုင်ပေ။ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သခင်ယေရှုလုပ်ဆောင်ခဲ့သောအလုပ်သည် ပြီးပြည့်စုံသွားပါပြီ။ ထို့ကြောင့် သီအိုရီအရဆိုလျှင် သူသည် လူတို့နှင့်တွေ့ရန်အတွက် သူ၏ ပင်ကိုပုံရိပ်နှင့် လူတို့ကြားထဲကို ပြန်လာရန် လုံးဝ မလိုအပ်ပေ။ သို့သော်လည်း သောမလိုမျိုးလူတို့ဆီကို သခင်ယေရှု၏ ဝိညာဉ်ခန္ဓာ ပေါ်ထွန်းခြင်းက သူ၏ အဓိပ္ပာယ်ကို ပို၍ပင် ခိုင်မာစေပြီး လူတို့၏ နှလုံးသားထဲကို ပို၍ပင် နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သည်။ သောမထံ သူလာခဲ့သောအခါ သူသည် သံသယဝင်နေသော သောမကို သူ့လက်ကိုထိစေပြီး သူ့ကိုပြောခဲ့သည်။ “သင်၏လက်ကိုဆန့်၍ ငါ့ နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။” ဤစကားလုံးတို့ ဤအမူအရာတို့သည် သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်မှာမှ သူပြောလို၊ လုပ်လိုခဲ့သော အရာတို့မဟုတ်ဘဲ ၎င်းတို့သည် လက်ဝါးကပ်တိုင်မှာ သံနှင့်မရိုက်ခံရခင်မှာ သူလုပ်လိုခဲ့သော အရာတို့ဖြစ်သည်။ ၎င်းသည် လက်ဝါးကပ်တိုင်မှာ ရိုက်ခြင်းမခံရသေးသော သခင်ယေရှုသည် သောမလိုလူမျိုးတို့အပေါ် နားလည်မှုရှိနှင့်ပြီးဖြစ်သည်ဆိုသည်ကို ထင်ရှားမြင်သာစေသည်။ ဤသို့ဆိုလျှင် ဤအချက်မှ ငါတို့ ဘာကို မြင်နိုင်သနည်း။ သူသည် ရှင်ပြန်ထမြောက်ပြီးနောက်မှာ ဤတူညီသော သခင်ယေရှုပင်ဖြစ်သည်။ သူ၏ အနှစ်သာရသည် ပြောင်းလဲမသွားပေ။ သောမ၏ သံသယက အခုလေးတင် စဖြစ်ခြင်းမဟုတ်ဘဲ သခင်ယေရှုနောက်ကိုလိုက်နေစဉ် တစ်ချိန်လုံးမှာ သူနှင့်အတူ ရှိနေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူသည် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သော သခင်ယေရှုဖြစ်ပြီး သူ၏ နဂိုမူလ ပုံရိပ်နှင့်၊ သူ၏ နဂိုမူလ စိတ်သဘောထားနှင့်၊ သူ၏ လူ့ဇာတိဖြစ်နေစဉ် လူသားမျိုးနွယ်အပေါ် သူ၏ နားလည်ခြင်းနှင့် ဝိညာဉ်ကမ္ဘာမှ ပြန်လာခဲ့သည်။ ထို့ကြောင့်သောမကို အရင်ရှာရန် သူသွားခဲ့သည်။ သောမကို သူ၏နံရိုးကို ထိစေရန်၊ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သူ၏ ဝိညာဉ်ခန္ဓာကို မြင်စေရုံတင်မကဘဲ သူ၏ ဝိညာဉ်ခန္ဓာ၏ တည်ရှိမှုကို ထိတွေ့ခံစားစေပြီး သူ၏ သံသယတို့ကို လုံးဝ ကင်းရှင်းစေခဲ့သည်။ သခင်ယေရှုသည် လက်ဝါးကပ်တိုင်မှာ သံနှင့်အရိုက်မခံခင်မှာ သူသည် ခရစ်တော်ဖြစ်သည်ဆိုသည်ကို သောမက အမြဲတစေသံသယရှိနေပြီး မယုံကြည်နိုင်ခဲ့ပေ။ ဘုရားသခင်အပေါ်မှာ သူ၏ ယုံကြည်ခြင်းက သူ့မျက်လုံးနှင့် သူမြင်နိုင်သည့်အပေါ်၊ သူ၏ကိုယ်ပိုင်လက်နှင့် ထိတွေ့နိုင်သည့်အပေါ်မှာသာ အခြေခံပြီး တည်ဆောက်သည်။ သခင်ယေရှုသည် ဤကဲ့သို့သောလူမျိုး၏ ယုံကြည်မှုအပေါ် ကောင်းမွန်သော နားလည်မှုရှိသည်။ သူတို့သည် ကောင်းကင်ဘုံက ဘုရားသခင်ကိုပင် ယုံကြည်ပြီး ဘုရားသခင်စေလွှတ်လိုက်သောသူ၊ သို့မဟုတ် လူ့ဇာတိခံယူသော ခရစ်တော်ကို လုံးဝမယုံကြည်ဘဲ လက်မခံပေ။ သခင်ယေရှု၏ တည်ရှိမှုနှင့် သူသည် အမှန်တကယ်ပင် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သည်ဆိုသည်ကို သူအသိအမှတ်ပြုပြီး ယုံကြည်စေရန်အတွက်၊ သောမကို သူ၏လက်ကိုလှမ်းပြီး သူ့နံရိုးကိုထိစေရန် ခွင့်ပြုခဲ့သည်။ သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းမတိုင်မီနှင့် ပြီးနောက်မှာ သောမ၏ သံသယဝင်ခြင်းက ကွဲပြားမှုရှိသလော။ သူက အမြဲတမ်း သံသယဝင်နေပြီး သခင်ယေရှု၏ ဝိညာဉ်ခန္ဓာက သူ့ဆီကို သီးသန့်ပေါ်လာပြီး သူ့ကိုယ်ခန္ဓာက သံရိုက်ရာတို့ကို သောမကို ထိစေခြင်းကလွဲ၍ မည်သူကမျှ သူ့သံသယကို မဖြေရှင်းနိုင်ပေ။ မည်သူကမျှ သူ၏သံသယတို့ကို စွန့်လွှတ်အောင် မလုပ်နိုင်ပေ။ ထို့ကြောင့် သခင်ယေရှုက သူ့နံရိုးကို သူ့ကို ထိခွင့်ပေးပြီး သူ့ကို သံရိုက်ရာတို့ရှိကြောင်းကို အမှန်တကယ်ခံစားစေခဲ့သောအချိန်ကစ၍ သောမ၏ သံသယတို့သည် ပျောက်ကွယ်သွားပြီး သခင်ယေရှုသည် ရှင်ပြန်ထမြောက်ခဲ့သည်ဆိုခြင်းကို အမှန်တကယ်ပင် သိပြီး သခင်ယေရှုသည် စစ်မှန်သော ခရစ်တော်ဖြစ်ကြောင်း၊ သူသည် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်ကြောင်းကို အသိအမှတ်ပြုပြီး ယုံကြည်ခဲ့သည်။ ဤအချိန်မှာ သောမက သံသယမရှိတော့သော်လည်း သူသည် ခရစ်တော်နှင့်တွေ့ဆုံရန် အခွင့်အရေးကို ထာဝရ ဆုံးရှုံးခဲ့ရပြီ။ သူနှင့် အတူရှိရန်၊ သူ့နောက်ကိုလိုက်ရန်၊ သူ့ကိုသိရန် အခွင့်အရေးကို ထာဝရ ဆုံးရှုံးခဲ့ရပြီ။ သခင်ယေရှုက သူ့ကို စုံလင်စေရန်အတွက် အခွင့်အရေးကို သူဆုံးရှုံးခဲ့ပြီ။ သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် သူ၏နှုတ်ကပတ်တော်တို့သည် သံသယတို့နှင့် ပြည့်နေသောသူတို့၏ ယုံကြည်ခြင်းအပေါ်မှ ဆုံးဖြတ်ချက်နှင့် အဆုံးသတ်ကို ထောက်ပံ့ပေးခဲ့သည်။ သံသယရှိသူတို့ကို ပြောရန်၊ ကောင်းကင်ဘုံက ဘုရားသခင်ကိုသာ ယုံကြည်ပြီး ခရစ်တော်ကိုမယုံကြည်သောသူတို့ကို ပြောရန် သူ၏ အစစ်အမှန် နှုတ်ကပတ်တော်တို့နှင့် လုပ်ဆောင်ချက်တို့ကို သူအသုံးပြုခဲ့သည်။ ဘုရားသခင်သည် သူတို့၏ ယုံကြည်မှုကို မချီးကျူးခဲ့သကဲ့သို့ သံသယတို့ပြည့်နေသော သူတို့၏ လိုက်လျှောက်ခြင်းကိုလည်း မချီးကျူးခဲ့ပေ။ ဘုရားသခင်နှင့် ခရစ်တော်ကို သူတို့ အပြည့်အဝယုံကြည်သော နေ့၌သာ ဘုရားသခင်က သူ၏ ကြီးမြတ်သောအလုပ်ကို ပြည့်စုံစေသောနေ့ဖြစ်နိုင်သည်။ ထိုနေ့က သူတို့၏သံသယသည် စီရင်ခြင်းကို ရရှိသော နေ့လည်းဖြစ်သည်။ ခရစ်တော်အပေါ်မှာထားသော သူတို့၏ သဘောထားသည် သူတို့၏ ကံကို သတ်မှတ်ပြီး သူတို့၏ ခေါင်းမာသော သံသယတို့က သူတို့ယုံကြည်ခြင်းသည် ရလဒ်မရှိပေဟု ဆိုလိုခြင်းဖြစ်သည်။ သူတို့၏ မာကျောခြင်းက သူတို့မျှော်လင့်ချက်တို့သည် အလဟဿဖြစ်သည်ဟု ဆိုလိုသည်။ ကောင်းကင်ဘုံက ဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်းက အစွဲမှားတို့ကိုမှီပြီး ကြီးထွားလာခြင်းဖြစ်သောကြောင့်၊ ခရစ်တော်အပေါ် သူတို့၏သံသယသည် အမှန်တကယ်တွင်မူ ဘုရားသခင်အပေါ် သူတို့၏ တကယ့် သဘောထားဖြစ်ခြင်းကြောင့် သူတို့သည် သခင်ယေရှု၏ ကိုယ်ခန္ဓာပေါ်က သံရိုက်ရာတို့ကို ထိတွေ့ခဲ့ရသော်လည်း သူတို့၏ ယုံကြည်ခြင်းသည် အသုံးမဝင်ဆဲဖြစ်ပြီး သူတို့၏ ရလဒ်တို့သည်လည်း ခြင်းကြားနှင့် ရေသယ်ခြင်းကဲ့သို့ အလဟဿဖြစ်နေသည်ဟုပင် ဖော်ပြနိုင်သည်။ သခင်ယေရှုက သောမကို ပြောသောအရာက လူတိုင်းကိုလည်း ရှင်းရှင်းလင်းလင်းပြောပြနေသည်။ ရှင်ပြန်ထမြောက်ပြီးသော သခင်ယေရှုသည် အစပိုင်း၌ လူသားမျိုးနွယ်ကြားမှာ အလုပ်လုပ်ရင်းနှင့် သုံးဆယ့်သုံးနှစ်ခွဲကုန်ဆုံးခဲ့သော သခင်ယေရှုဖြစ်သည်။ သူသည် လက်ဝါးကပ်တိုင်မှာ သံနှင့်ရိုက်ခံရပြီး သေမင်းအရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းကို ကြုံတွေ့ခဲ့ရပြီး သေခြင်းမှရှင်ပြန်ထမြောက်ခြင်းကို ကြုံတွေ့ခဲ့ရသော်လည်း သူ၏ သွင်ပြင်လက္ခဏာတိုင်းက ပြောင်းလဲခြင်းမရှိပေ။ သူ့ကိုယ်ခန္ဓာမှာ သံရိုက်ရာတို့ရှိသော်လည်း၊ သူသည် သေခြင်းမှရှင်ပြန်ထမြောက်ပြီး အုတ်ဂူထဲမှ ထွက်ခဲ့သော်လည်း၊ သူ၏စိတ်သဘောထား၊ လူသားမျိုးနွယ်အပေါ် သူ၏နားလည်မှုနှင့် လူသားမျိုးနွယ်အပေါ် သူ၏ ရည်ရွယ်ချက်တို့သည် အနည်းငယ်မျှ မပြောင်းလဲပေ။ သူသည် လက်ဝါးကပ်တိုင်မှ ဆင်းခဲ့သည်၊ အပြစ်တရားကို အောင်နိုင်ခဲ့သည်၊ အခက်အခဲတို့ကို အောင်နိုင်ခဲ့သည်၊ သေခြင်းကို အောင်နိုင်ခဲ့သည်ဟုလည်း လူတို့ကို ပြောနေသည်။ သံရိုက်ရာတို့က စာတန်အပေါ် သူ၏ အောင်နိုင်မှုသက်သေ၊ လူသားမျိုးနွယ်အားလုံးကို အောင်မြင်စွာ ရွေးနုတ်ရန် အပြစ်ဖြေရာယဇ်ဖြစ်ခြင်း၏ သက်သေဖြစ်သည်။ သူသည် လူသားမျိုးနွယ်၏ အပြစ်ကို ယူဆောင်ပြီး သူ၏ ရွေးနုတ်ခြင်းအလုပ်ကို ပြီးမြောက်စေခဲ့သည်ဟု လူတို့ကို ပြောနေသည်။ သူ၏ တပည့်တော်တို့ကို တွေ့ရန် သူပြန်လာသောအခါ သူ၏ ပေါ်ထွန်းမှုနှင့် သူတို့ကိုပြောခဲ့သည်။ “ငါသည် အသက်ရှင်ဆဲပင်။ ငါသည် တည်ရှိနေဆဲပင်။ ယနေ့ သင်တို့ ငါ့ကို မြင်နိုင်ပြီး ထိတွေ့နိုင်ရန်အတွက် သင်တို့ရှေ့မှာ ငါအမှန်တကယ် ရှိနေသည်။ ငါသည် သင်တို့နှင့်အတူ အမြဲတစေရှိလိမ့်မည်။” သခင်ယေရှုသည် နောက်လူတို့အတွက် သတိပေးချက်အနေနှင့် သောမ၏ အကြောင်းအရာကိုလည်း အသုံးပြုလိုခဲ့သည်။ သင်က သခင်ယေရှုကို ယုံကြည်သော်လည်း သင်သည် သူ့ကို မမြင်နိုင်၊ မထိတွေ့နိုင်ပေ။ သို့သော်လည်း သင်၏ စစ်မှန်သော ယုံကြည်ခြင်းအားဖြင့် သင်ကောင်းချီးခံစားရနိုင်သည်။ သင်သည် သင်၏ စစ်မှန်သော ယုံကြည်ခြင်းမှတစ်ဆင့် သခင်ယေရှုကို မြင်နိုင်သည်။ ဤကဲ့သို့လူမျိုးသည် ကောင်းချီးခံစားရသည်။

သခင်ယေရှုသည် သောမရှေ့၌ ပေါ်လာသောအချိန်မှာ သူစကားပြောခြင်းကို သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားသော ဤစကားတို့သည် ကျေးဇူးတော်ခေတ်မှာရှိသော လူတို့အားလုံးအတွက် အလွန်ပင် အထောက်အကူဖြစ်သည်။ သောမရှေ့မှာ ပေါ်ထွက်လာခြင်းနှင့် သူ့ကိုပြောခဲ့သော စကားတို့သည် အနာဂတ်မျိုးဆက်တို့အပေါ် ကြီးမားသော သက်ရောက်မှုရှိပြီး ထာဝရတည်ရှိနေမည့် အဓိပ္ပာယ်ပါဝင်သည်။ သောမသည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်ကို သံသယဝင်သော လူအမျိုးအစားကို ကိုယ်စားပြုသည်။ သူတို့မှာ သံသယဝင်တတ်သော အကျင့်စရိုက်၊ ထိခိုက်မှုပြုတတ်သော နှလုံးသားရှိပြီး ဖောက်ပြန်တတ်သည်။ ဘုရားသခင်ပြီးမြောက်စေနိုင်သောအရာတို့ကို မယုံကြည်ကြပေ။ ဘုရားသခင်၏ အဆုံးအစမရှိသော ဘုန်းတန်ခိုးနှင့် သူ၏ အုပ်ချုပ်မှုကို မယုံကြည်ကြပေ။ လူ့ဇာတိခံယူသော ဘုရားသခင်ကို မယုံကြည်ကြပေ။ သို့သော်လည်း သခင်ယေရှု၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက သူတို့ကို အထိနာသွားစေသည်။ ဤအချက်က သူတို့ကိုယ်တိုင်၏ သံသယတို့ကို ရှာဖွေတွေ့ရှိရန်၊ သူတို့ကိုယ်တိုင်၏ သံသယတို့ကို သတိပြုမိရန်၊ သူတို့ကိုယ်တိုင်၏ ဖောက်ပြန်မှုတို့ကို သိမြင်ရန်ကိုလည်း ထောက်ပံ့ပေးသောကြောင့် သခင်ယေရှု၏ တည်ရှိမှုနှင့် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကို အမှန်တကယ် ယုံကြည်သွားစေသည်။ သောမ၏ အဖြစ်အပျက်သည် နောက်ပိုင်းမျိုးဆက်တို့အတွက် သတိပေးချက်နှင့် သတိထားစရာတစ်ခုဖြစ်ခဲ့ပြီး လူတို့သည် သောမကဲ့သို့ သံသယမဝင်ရန်အတွက် သူတို့ကိုယ်သူတို့ ပိုပြီး သတိပေးနိုင်ရန်အတွက် ဖြစ်ခဲ့သည်။ သံသယဝင်ခဲ့လျှင် သူတို့သည် မှောင်မိုက်ထဲ၌ နှစ်မြုပ်သွားပါလိမ့်မည်။ သင်သည် ဘုရားသခင်နောက်ကိုလိုက်သော်လည်း သောမကဲ့သို့ သခင်၏ နံရိုးကို အမြဲထိတွေ့လိုပြီး ဘုရားသခင် ရှိမရှိ အတည်ပြုရန်၊ သေချာစေရန်၊ သုံးသပ်ရန်အတွက် သူ၏ သံရိုက်ရာတို့ကို အမြဲ စမ်းကြည့်ချင်နေလျှင် ဘုရားသခင်က သင့်ကို စွန့်ပစ်ပါလိမ့်မည်။ ထို့ကြောင့် သခင်ယေရှုသည် လူတို့ကို သောမကဲ့သို့မဖြစ်စေလိုပေ။ သူတို့၏ ကိုယ်ပိုင်မျက်လုံးနှင့် မြင်နိုင်သောအရာကိုသာ ယုံကြည်ခြင်းမျိုးမဖြစ်စေလိုဘဲ သန့်စင်သော၊ ရိုးသားသော သူတစ်ယောက်ဖြစ်ရန်၊ ဘုရားသခင်အပေါ် သံသယတို့ မွေးမြူမထားဘဲ သူ့ကိုယုံကြည်ပြီး သူ့နောက်ကိုသာ လိုက်စေလိုသည်။ ဤကဲ့သို့လူမျိုးသည် ကောင်းကြီးခံစားရသည်။ ၎င်းက လူတို့အတွက် သခင်ယေရှု၏ အလွန်သေးငယ်သော သတ်မှတ်ချက်တစ်ခုဖြစ်ပြီး သူ့နောက်လိုက်တို့အတွက် သတိပေးချက်တစ်ခုဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၉

လူသားတို့အကြား ဘုရားသခင်၏အမှုကို လူသားထံမှ ကွယ်ဝှက်ထားသည် မဟုတ်ပေ။ ထို့အပြင် ဘုရားသခင်ကို ကိုးကွယ်သူအားလုံးမှ သိသင့်သည်။ ဘုရားသခင်သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၈၃

ယေရှုသည် ဤကမ္ဘာပေါ်တွင် ၃၃ နှစ်ခွဲ နေထိုင်သွားခဲ့သည်။ သူသည် ကားစင်တင်သတ်ခံရခြင်းအမှုကိုပြုရန် လာရောက်ခဲ့ပြီး၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၁၆

ဘုရားသခင်၏စီမံခန့်ခွဲမှုအလုပ်သည် ကမ္ဘာကိုဖန်ဆင်းချိန်က စတင်ခဲ့ပြီး လူသားသည် ဤအလုပ်၏ ဗဟိုအချက်အချာတွင်ရှိသည်။ ဘုရားသခင်၏ အရာအားလုံးကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၃၅

အာဗြဟံအတွက် ဘုရားသခင်၏ ကတိတော် ကမ္ဘာဦးကျမ်း ၂၂:၁၆-၁၈ သင်သည် ဤအမှုကို ပြုပြီး သင်၏သား၊ တစ်ဦးတည်းသောသားကို ထိန်ဝှက်မထားသည့်အတွက်ကြောင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။