ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၉၉

မောရှေက ကျောက်တုံးကို ရိုက်ခဲ့သည့်အခါ ယေဟောဝါပေးသနားသောရေ ပန်းထွက်လာခဲ့ခြင်းသည် သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ဒါဝိဒ်သည် နှလုံးသားထဲ ရွှင်လန်းခြင်း အပြည့်နှင့် ငါယေဟောဝါကို ချီးမွမ်း၍ စောင်းတီးခဲ့သောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဘသည် တောင်များအပေါ် ပြည့်လျှံနေသော သူ၏ခြံမွေးတိရစ္ဆာန်နှင့် သူ၏ မပြောပြနိုင်လောက်သော စည်းစိမ်ချမ်းသာများ ဆုံးရှုံးသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် အနာစိမ်းများနှင့် ဖုံးလွှမ်းခံခဲ့ရသောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ယေဟောဝါဖြစ်သော ငါ၏အသံကို ကြားနိုင်ခဲ့ပြီး၊ ငါ၏ ဘုန်းအာနုဘော်ကို မြင်နိုင်ခဲ့သောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ပေတရုသည် ယေရှုခရစ်တော်နောက် လိုက်နိုင်ခဲ့ခြင်းမှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ငါ့အကြောင်းကြောင့် ကားတိုင်ပေါ်မှာ သံမှိုစွဲနှက်ခြင်းခံရပြီး ကြီးမားစွာ သက်သေခံနိုင်ခဲ့သည်မှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဟန်သည် လူသားတော်၏ ကြီးမြတ်သော ပုံသဏ္ဌာန်ကို မြင်တွေ့ခဲ့သောအခါ သူ၏ ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။ သူသည် နောက်ဆုံးသော ကာလ၏ ရူပါရုံကို မြင်ခဲ့ရသည်မှာလည်း သူ၏ ယုံကြည်ခြင်းအားဖြင့် သာ၍ပင် ဖြစ်သည်။ မြောက်မြားလှစွာသော တစ်ပါးအမျိုးသား တိုင်းနိုင်ငံများဟုဆိုသော ထိုတိုင်းနိုင်ငံများသည် ငါ၏ ထုတ်ဖော်ခြင်းရပြီး လူသားများအကြားတွင် ငါ၏အမှုကို ပြုဖို့ရန်အတွက် ဇာတိခန္ဓာနှင့် ငါဆင်းကြွလာသည်ဆိုခြင်းကို သိလာရသည့် အကြောင်းရင်းသည်လည်း ၎င်းတို့၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ငါ၏ ကြမ်းတမ်းသော စကားလုံးများဖြင့် ရိုက်ခတ်ခံရသော်လည်း သူတို့အားဖြင့် နှစ်သိမ့်မှုခံရသောသူတို့နှင့် ကယ်တင်ခံရသောသူတို့အားလုံး— ၎င်းတို့အားလုံး မိမိတို့၏ ယုံကြည်ချက်ကြောင့် ပြုခဲ့ကြပြီ မဟုတ်လော။ လူတို့သည် ၎င်းတို့၏ ယုံကြည်ခြင်းကြောင့် အမှုအရာများစွာကို ရရှိခဲ့ကြသည်။ ယင်းသည် ကောင်းချီးမင်္ဂလာတစ်ရပ် အမြဲမဟုတ်ပေ။ ဒါဝိဒ် ခံစားခဲ့ရသော ပျော်ရွှင်မှုနှင့် ဝမ်းမြောက်ခြင်းမျိုးကို မခံစားခဲ့ရဘဲ ရှိချင်ရှိနိုင်သည်၊ သို့မဟုတ် မောရှေပြုသကဲ့သို့ ယေဟောဝါအား ရေပေးကမ်းစေခြင်း မရှိဘဲ ဖြစ်နိုင်သည်။ ဥပမာအားဖြင့်၊ ယောဘသည် သူ၏ယုံကြည်ခြင်းကြောင့် ကောင်းချီးမင်္ဂလာ ခံစားရသော်လည်း သူသည် ကပ်ဆိုက်မှုကိုလည်း ခံစားခဲ့ရသည်။ သင့်အနေဖြင့် ကောင်းချီးမင်္ဂလာ ခံစားရသည်ဖြစ်စေ ကပ်ဆိုက်မှု ခံစားရသည်ဖြစ်စေ၊ နှစ်ခုလုံးသည် မင်္ဂလာရှိသော ဖြစ်ရပ်များ ဖြစ်ကြသည်။ ယုံကြည်ခြင်းမရှိလျှင် သင်တို့သည် ဤသိမ်းပိုက်ခြင်းအလုပ်ကို ရရှိနိုင်လိမ့်မည်မဟုတ်၊ ယနေ့ သင်တို့မျက်မှောက်၌ ပြသသော ယေဟောဝါ၏ လုပ်ဆောင်ချက်များကို သာ၍ပင်မမြင်နိုင်ပေ။ သင်တို့ မြင်တွေ့နိုင်လိမ့်မည် မဟုတ်သလို ရရှိနိုင်စွမ်း သာ၍ပင် မရှိနိုင်ပေ။ ဤကပ်ဆိုက်မှုများ၊ ဤဘေးဒုက္ခများနှင့် တရားစီရင်ခြင်းအားလုံး— ဤအရာများ သင့်အပေါ်သို့ မကျရောက်ခဲ့လျှင် ယနေ့ ယေဟောဝါ၏ လုပ်ဆောင်မှုများကို သင် မြင်နိုင်လိမ့်မည်လော။ ယနေ့ သင်တို့ အသိမ်းပိုက်ခံရဖို့ အခွင့်ပေးသည်မှာ ယုံကြည်ခြင်း ဖြစ်ပြီး၊ သိမ်းပိုက်ခံနေရခြင်းက ယေဟောဝါ၏ လုပ်ဆောင်မှုတိုင်းကို ယုံကြည်ရန် သင့်ကို အခွင့်ပေးခြင်းဖြစ်သည်။ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမျိုးကို ယုံကြည်ခြင်းကြောင့်သာ သင်လက်ခံရရှိခြင်းဖြစ်သည်။ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအားဖြင့် သင်သည် သိမ်းပိုက်ခံရပြီး စုံလင်ခြင်းသို့ရောက်ရှိသည်။ ယနေ့ သင်လက်ခံရရှိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမျိုး မရှိလျှင် သင်၏ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်လိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကို သိမည် မဟုတ်သောကြောင့် ဖြစ်သည်။ သင်သည် သူ့ကို အဘယ်မျှလောက် ယုံကြည်သည်ဖြစ်စေ သင့်ယုံကြည်ခြင်းသည် စစ်မှန်မှု၌ အခြေခံမထားသော အနှစ်မဲ့ဖော်ပြချက်သာ ဖြစ်နေဦးမည်ဖြစ်သည်။ သင့်ကို လုံးလုံးလျားလျားနာခံစေသော အလုပ်ဖြစ်သည့် ဤသိမ်းပိုက်ခြင်းအလုပ်ကို သင်လက်ခံရရှိပြီးမှသာလျှင် သင်၏ ယုံကြည်ခြင်းသည် စစ်မှန်လာပြီး ယုံကြည်စိတ်ချရလာကာ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ဘက်သို့ လှည့်ခြင်းဖြစ်သည်။ ဤ “ယုံကြည်ခြင်း” ဟူသော စကားလုံးကြောင့် သင်သည် ကြီးမားသော တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းကိုခံရသော်လည်း သင့်မှာ စစ်မှန်သော ယုံကြည်ခြင်းရှိပြီး အမှန်ကန်ဆုံး၊ အစစ်မှန်ဆုံးနှင့် အဖိုးတန်ဆုံးသောအရာကို သင်လက်ခံရရှိခြင်း ဖြစ်ပေသည်။ ဤသို့ဖြစ်ရသည်မှာ တရားစီရင်ခြင်းဖြစ်စဉ်အထဲ၌သာ ဘုရားသခင်၏ ဖန်ဆင်းခံများ၏ နောက်ဆုံးပန်းတိုင်ကို သင်မြင်ရသောကြောင့် ဖြစ်သည်။ ဖန်ဆင်းရှင်က အချစ်ခံရဖို့ဖြစ်သည်ကို သင်မြင်ရသည်မှာ ဤတရားစီရင်ခြင်းထဲ၌ ဖြစ်သည်၊ သင်သည် ဘုရားသခင်၏ လက်တော်ကိုမြင်ရသည်မှာ ထိုသို့သော သိမ်းပိုက်ခြင်းအလုပ်ထဲ၌ ဖြစ်သည်၊ လူ့အသက်တာကို သင်အပြည့်အဝ နားလည်သဘောပေါက်လာသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်၊ သင်သည် လူ့အသက်၏ မှန်ကန်သောလမ်းကို ရပြီး “လူသား” ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်သဘောပေါက်လာသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်။ သင်သည် အနန္တတန်ခိုးရှင်နှင့် သူ၏ လှပပြီး ဘုန်းအသရေရှိသော မျက်နှာတော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ဖူးတွေ့ရသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌သာ ဖြစ်သည်၊ သင်သည် လူသား၏ ဇာစ်မြစ်ကို သိပြီး လူသားမျိုးနွယ်အားလုံး၏ “ထာဝရရှင်သန်သော သမိုင်း” ကို နားလည်ရသည်မှာ ဤသိမ်းပိုက်ခြင်းအလုပ်၌ ဖြစ်သည်။ လူသားမျိုးနွယ်၏ ဘိုးဘေးများနှင့် လူသားမျိုးနွယ်၏ ပျက်စီးခြင်း ဇာစ်မြစ်ကို သင်နားလည်လာရသည်မှာ ဤသိမ်းပိုက်ခြင်းအလုပ်ထဲ၌ ဖြစ်သည်။ ဝမ်းမြောက်ခြင်းနှင့် နှစ်သိမ့်ခြင်းသာမက အဆုံးမဲ့ ပြစ်တင်ဆုံးမမှု၊ ပြစ်ဒဏ်ပေးခြင်းနှင့် ဖန်ဆင်းရှင်မှ အဖန်ဆင်းခံ လူသားမျိုးနွယ်အား အပြစ်တင်သည့် နှုတ်ကပတ်တော်များကို သင်လက်ခံရရှိသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်၊ သင်ကောင်းချီးမင်္ဂလာများအပြင် လူသားရရှိသင့်သည့် ဘေးဒုက္ခများကိုလည်း လက်ခံရရှိသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်။...ဤအရာအားလုံးသည် သင်၏ ယုံကြည်ခြင်းအနည်းငယ်ကြောင့် ဖြစ်သည် မဟုတ်လော။ ထို့အပြင် ဤအရာများ ရရှိပြီးနောက် သင်၏ ယုံကြည်ခြင်း ကြီးထွားခဲ့သည် မဟုတ်လော။ သင်သည် ကြီးမားသည့် ပမာဏတစ်ခု ရရှိခဲ့သည် မဟုတ်လော။ သင့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီး ဘုရားသခင်၏ ဉာဏ်ပညာကို မြင်တွေ့ခဲ့သည်သာမက သူ့အလုပ်၏ အဆင့်တစ်ခုစီကိုလည်း ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ရပြီ ဖြစ်သည်။ သင့်အနေဖြင့် ယုံကြည်ခြင်းမရှိခဲ့လျှင် ဤပြစ်တင်ဆုံးမမှုမျိုး သို့မဟုတ် ဤတရားစီရင်ခြင်းမျိုးကို သင်ခံစားရမည်မဟုတ်ဟု သင်ပြောကောင်း ပြောလိမ့်မည်။ သို့သော် သင်သိသင့်သည်မှာ ယုံကြည်ခြင်းမရှိလျှင် အနန္တတန်ခိုးရှင်ထံမှ ဤပြစ်တင်ဆုံးမမှုမျိုး သို့မဟုတ် ဤပြုစုစောင့်ရှောက်မှုမျိုးကို သင်လက်ခံရရှိနိုင်လိမ့်မည် မဟုတ်သည်သာမက ဖန်ဆင်းရှင်ကို မြင်တွေ့ဖို့ အခွင့်အလမ်းကိုလည်း သင်ထာဝရ ဆုံးရှုံးလိမ့်မည် ဖြစ်သည်။ သင်သည် လူသားမျိုးနွယ်၏ မူလအစကို ဘယ်သောအခါမျှ သိလိမ့်မည်မဟုတ်သလို လူ့အသက်တာ၏ အရေးပါမှုကိုလည်း လုံးဝ နားလည်လိမ့်မည် မဟုတ်။ သင့်ကိုယ်ခန္ဓာ သေဆုံးပြီး သင်၏ဝိညာဉ်ထွက်ခွာလျှင်ပင် ဖန်ဆင်းရှင်၏ လုပ်ဆောင်မှုအားလုံးကို သင် နားလည်လိမ့်ဦးမည် မဟုတ်ပေ။ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက် ဖန်ဆင်းရှင်သည် ကမ္ဘာမြေကြီးပေါ် ဤမျှ ကြီးမားသော အလုပ်ကို လုပ်ဆောင်တော်မူခဲ့သည်ကို သင် သာ၍ပင် သိမည်မဟုတ်ပေ။ သူဖန်ဆင်းသော လူသားမျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦးအဖြစ် သင်သည် မသိနားမလည်စွာဖြင့် မှောင်မိုက်ထဲသို့ ဤသို့လဲကျပြီး ထာဝရ ပြစ်ဒဏ်စီရင်ခြင်းကို ခံစားလိုသလော။ သင်သည် ယနေ့ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းတို့မှ သင့်ကိုယ်သင် ခွဲခွာမည်ဆိုပါက၊ သင်မည့်သည့်အရာနှင့် တွေ့ဆုံမည်နည်း။ လက်ရှိတရားစီရင်ခြင်းမှ ကွဲကွာသည်နှင့်တပြိုင်နက် ဤခက်ခဲသောဘဝမှ သင်လွတ်မြောက်နိုင်လိမ့်မည်ဟု ထင်သလော။ “ဤအရပ်” ကို သင်စွန့်ခွာလျှင် သင်ကြုံတွေ့ရမည့်အရာမှာ နတ်ဆိုးပေးသည့် နာကျင်သောညှဉ်းဆဲခြင်း သို့မဟုတ် ရက်စက်သော ညှဉ်းပန်းနှိပ်စက်ခြင်းများ ဖြစ်သည်မှာ အမှန်မဟုတ်လော။ သည်းမခံနိုင်သော နေ့နှင့်ညများကို သင် ရင်ဆိုင်နိုင်သလော။ ယနေ့ ဤတရားစီရင်ခြင်းမှ သင်လွတ်မြောက်သောကြောင့် အနာဂတ်ညှဉ်းပန်းနှိပ်စက်ခြင်းကို သင်ထာဝရ ရှောင်လွှဲနိုင်သည်ဟု သင်ထင်သလော။ သင့်လမ်း၌ အဘယ်အရာ လာလိမ့်မည်နည်း။ သင်မျှော်လင့်သော ရှန်ဂရီလာ အမှန်ပင် ဖြစ်နိုင်သလော။ သင်သည် ယခုသင်ပြုနေသကဲ့သို့ လက်တွေ့ဘ၀မှ အဝေးသို့ ပြေးရုံဖြင့်သာ နောက်နောင် ထာဝရ ပြစ်တင်ဆုံးမမှုမှ သင် လွတ်မြောက်နိုင်သည်ဟု ထင်သလော။ ယနေ့ပြီးနောက် ဤအခွင့်အလမ်းမျိုးနှင့် ဤကောင်းချီးမင်္ဂလာမျိုး နောက်တဖန် သင်ရှာတွေ့နိုင်လိမ့်ဦးမည်လော။ သင့်အပေါ် ဘေးဥပဒ်ကျရောက်သောအခါ ၎င်းတို့ကို သင်ရှာတွေ့နိုင် လိမ့်မည်လော။ လူသားမျိုးနွယ်အားလုံး ချမ်းသာထဲသို့ ဝင်ရောက်သောအခါ ၎င်းတို့ကို သင်ရှာတွေ့နိုင်လိမ့်မည်လော။ သင်၏ လက်ရှိပျော်ရွှင်သောဘဝနှင့် သဟဇတဖြစ်သော သင့်မိသားစုငယ်လေး— ၎င်းတို့က သင်၏အနာဂတ် ထာဝရ ပန်းတိုင်ကို အစားထိုးနိုင်သလော။ သင့်အနေဖြင့် စစ်မှန်သော ယုံကြည်ခြင်း ရှိလျှင်၊ သင်၏ ယုံကြည်ခြင်းအားဖြင့် ကြီးစွာ ရရှိလျှင် ထိုအရာအားလုံးသည်— အဖန်ဆင်းခံ သတ္တဝါတစ်ခုဖြစ်သော— သင်ရရှိသင့်သည့် အရာဖြစ်ပြီး ကနဦးကတည်းက သင်၌ ရှိခဲ့သင့်သော အရာလည်း ဖြစ်သည်။ သင်၏ယုံကြည်ခြင်းနှင့်ဘ၀အတွက် မည်သည့်အရာမျှ ဤသိမ်းပိုက်ခြင်းမျိုးထက် သာ၍အကျိုးမပြုပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၃၉

သင်သည် ငါ့အိမ်ထောင်ရှိ လူများထဲမှ တစ်ဦးဖြစ်သောကြောင့်နှင့် ငါ၏ နိုင်ငံတော်အပေါ်သင်သည် သစ္စာစောင့်သိသောကြောင့် သင်လုပ်သမျှ အရာအားလုံးသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၆၁

ပညတ်တော်ခေတ်၏ စီရင်ချက်များ ပညတ်တော်ဆယ်ပါး ယဇ်ပလ္လင် တည်ခြင်းဆိုင်ရာ တရားနုများ အစေခံများအပေါ် ဆက်ဆံခြင်းဆိုင်ရာ စီရင်ချက်များ ခိုးမှုနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၂၃

ပေတရုအား ဘုရားသခင် ဆုံးမချိန်၌ သူဆုတောင်းခဲ့သည်၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ ဇာတိပကတိ သည် နာခံခြင်းမရှိပါ၊ ကိုယ်တော် ကျွန်ုပ်အား...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၀၃

ဘုရားသခင်တွင် ခံစားတတ်သော စိတ်ရှိသောကြောင့် လူသားသည် ဘုရားသခင်နှင့် မဆည်းပူးနိုင်ခြင်း မဟုတ်ပေ။ လူသား၏ဆည်းပူးခြင်းကို ဘုရားသခင်က...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။