တရားစီရင်ခြင်းကို ကြုံရခြင်းမှ နောင်တ
၁
ခရစ်တော်၏ တရားစီရင်ခြင်းကို ကြုံရင်း ကျွန်ုပ်မှာ စိတ်ခံစားမှုဖြင့် ဖုံးလွှမ်းသွားသည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ပြသနေသော သမ္မာတရားဖြစ်ပေ။
ကျွန်ုပ်၏ လုပ်ရပ်များနှင့် အပြုအမူတို့ကို သုံးသပ်ဆင်ခြင်ရင်း ဝမ်းနည်းမှုဖြင့် ကျွန်ုပ်ပြည့်နှက်သည်။
မာနထောင်လွားခြင်း၊ မိမိကိုယ်ကိုယ် စိတ်ကြီးဝင်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စက်ဆုပ်ဖွယ်ဖြစ်ခြင်းရှိသည့် ကျွန်ုပ်သည် လူသားပုံသဏ္ဍာန် မရှိပေ။
ဘုရားသခင်၏ တရားစီရင်ခြင်း မပါဘဲ မိမိကိုယ်ကို ကောင်းမြတ်သည်ဟု ကျွန်ုပ်ယုံကြည်မိဆဲဖြစ်မည်။
ဘုရားနှုတ်ကပတ်တော်များက ကျွန်ုပ်ကို နှိုးဆော်ကာ သတိပေးသည်၊ ကျွန်ုပ် အဘယ်ကြောင့် မနိုးထသနည်း။
ကိုယ်တော် ကျွန်ုပ်ကို အဖန်ဖန်တိုက်တွန်းသည်၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာက မိခင်၏မေတ္တာကို ကျော်လွန်ပေ။
အားလုံးက သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးပြီး သူ့ကိုနာခံကြဖို့ ဘုရားသခင် မျှော်လင့်သည်။
၂
နှုတ်ကပတ်တော်များစွာကို ဘုရားသခင် ပြောဆိုထားပြီဖြစ်ပြီး ကိုယ်တော်၏ အလိုတော်ကို အပြည့်အဝ ထုတ်ဖော်ပြထားလေပြီ။
လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ အလွန် ကြီးမြတ်ပြီး စစ်မှန်ကြောင်း ကျွန်ုပ်သိမြင်သည်။
ကျွန်ုပ်၏ လုပ်ရပ်များနှင့် အပြုအမူတို့ကို သုံးသပ်ဆင်ခြင်ရင်း၊ ဝမ်းနည်းမှုဖြင့် ကျွန်ုပ်ပြည့်နှက်သည်။
ကျွန်ုပ်၏ အကြိမ်ကြိမ်ခေါင်းမာခြင်းနှင့် ပုန်ကန်မှုတို့က ဘုရားသခင်ကို အလွန့်အလွန်နာကျင်မှု ယူဆောင်ပေးသည်။
ကျွန်ုပ်တို့ ပေါက်ရောက်ခဲ့သည့်လမ်းကို ကိုယ်တော်၏ အသွေးနှင့် မျက်ရည်များဖြင့် ခင်းထားသည်။
ကျွန်ုပ်တို့၏ စိတ်သဘောထားများ မကြာမီပြောင်းလဲမည်ဟု ဘုရားသခင်မျှော်လင့်သည်။
ဘုရားသခင်၏ တရားစီရင်ခြင်း ရောက်လာသည့်အခါ ကျွန်ုပ် ထွက်ပြေးတော့မည် မဟုတ်ပါ။
သန့်စင်ခံရပြီး စုံလင်အောင်ပြုလုပ်ခံရဖို့ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန် ကျွန်ုပ်အလိုရှိသည်။
အင်မတန်ကြီးမားသည့် မျှော်လင့်ချက်ကို ကျွန်ုပ်တို့အထဲ၌ ဘုရားသခင် ထည့်ထားလေပြီ၊
လူတို့က သူတို့၏ စိတ်နှလုံးများကို သူ့ထံပေးဖို့ ဘုရားသခင် စောင့်ဆိုင်းနေဆဲပင်။
လူသားမျိုးနွယ်အတွက် ကိုယ်တော်၏ အလွန်ထက်သန်သော မျှော်လင့်ချက်ကို ကျွန်ုပ်မြင်တွေ့လေပြီ။
ဘုရားသခင် လုပ်ဆောင်ခဲ့သည့် တပတ်တကုတ်အားထုတ်မှုများနှင့် လျော်ညီအောင်နေဖို့ ကျွန်ုပ် ကျရှုံး၍မဖြစ်ပေ။
ဘုရားသခင်ကို ကျွန်ုပ်ချစ်ကာ သူ့စိတ်နှလုံးကို ထာဝရနှစ်သိမ့်မည်။