၅၅၁ သမ္မာတရားကို လိုက်စားဖို့ မရှိမဖြစ်လိုအပ်သည့် သန္နိဋ္ဌာန်

အတွဲအဖက်- သမ္မာတရားကို နားလည်ဖို့၊ သမ္မာတရားကို ရရှိဖို့နှင့် နောက်ဆုံးတွင် ဘုရားသခင်အားဖြင့် စုံလင်ခံရရန် စိတ်ပိုင်းဖြတ်မှု သင်တို့ ရှိကြပါသလော။

၁ မည်သည့် ပတ်ဝန်းကျင်ကို သင် ကြုံရပါစေ သင်၏ သန္နိဋ္ဌာန် မပြောင်းလဲသည့် အဆင့်တစ်ခုကို သင် ရောက်ရမည်။ ယင်းမှာ စစ်မှန်သောသူဖြစ်ဖို့ ဆိုသည့် အရာဖြစ်ပြီး၊ ယင်းသည်သာ သမ္မာတရားကို အစစ်အမှန် ချစ်ခြင်းဖြစ်သည်။ သင်သည် ထိုသို့သော လူတစ်ဦးဖြစ်ရမည်။ ပြဿနာ သို့မဟုတ် အခက်အခဲ အချို့ ဖြစ်ပေါ်သည့်အခါတိုင်း သင်၏ ကိုယ်ပိုင် သန္နိဋ္ဌာန်ကို စွန့်လွှတ်ရင်း၊ တွန့်ဆုတ်ဖို့ သို့မဟုတ် အပျက်သဘောဆောင်လာဖို့မှာ အလုပ်ဖြစ်မည်မဟုတ်။ အသက်အန္တရာယ် စွန့်စားဖို့ လိုလားနေသည့် သူတစ်ဦး၏ ခွန်အားကို သင် ပိုင်ဆိုင်ရမည်- “မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ ကျွန်ုပ်အတွက် သေဖို့လိုအပ်လျှင်ပင်၊ ကျွန်ုပ်၏ သန္နိဋ္ဌာန်ကို ဘယ်သောအခါမျှ စွန့်လွတ်မည်မဟုတ်၊ သို့မဟုတ် ဤပန်းတိုင်ကို ဘယ်သောအခါမျှ လက်လျှော့မည်မဟုတ်။” သင် ထိုသို့လုပ်ဆောင်လျှင်၊ မည်သည့် ဆင်းရဲဒုက္ခကမျှ သင့်ကို တားဆီးနိုင်မည်မဟုတ်။ ဘုရားသခင်က သင့်အတွက် အမှုအရာများကို ဖြစ်စေလိမ့်မည်။

၂ တစ်စုံတစ်ရာ ဖြစ်ပေါ်သည့်အခါတိုင်း ဤသိနားလည်မှုမျိုး သင်ရှိရမည်- “မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ ထိုအရာအားလုံးသည် ကျွန်ုပ်၏ ပန်းတိုင်ကို ရရှိခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ဘုရားသခင်က လုပ်ဆောင်နေခြင်းဖြစ်သည်။ ကျွန်ုပ်အထဲ၌ အားနည်းချက်ရှိသော်လည်း၊ ကျွန်ုပ် အပျက်သဘောဆောင်မည် မဟုတ်။ ကျွန်ုပ်အပေါ် အပ်နှင်းသည့် ချစ်ခြင်းမေတ္တာနှင့် ထိုသို့သော ပတ်ဝန်းကျင်တစ်ခုကို ကျွန်ုပ်အတွက် စီစဉ်ပေးခြင်းအတွက် ဘုရားသခင်ကို ကျွန်ုပ် ကျေးဇူးတင်သည်။ ကျွန်ုပ်၏ စိတ်ဆန္ဒနှင့် သန္နိဋ္ဌာန်ကို ကျွန်ုပ် စွန့်လွှတ်ရမည်မဟုတ်။ လက်လျှော့ခြင်းသည် စာတန်နှင့် အပေးအယူလုပ်ခြင်း သဘောသက်ရောက်လိမ့်မည်၊ မိမိကိုယ်ကိုယ် ဖျက်ဆီးခြင်းသဘော သက်ရောက်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ခြင်း သဘောသက်ရောက်လိမ့်မည်။” ဤသည်မှာ သင် ရှိရမည့် တွေးခေါ်မှုအလေ့အထမျိုး ဖြစ်သည်။ အခြားသူများ မည်သည့်အရာ ပြောပါစေ၊ မည်သို့ ဆောင်ရွက်ကြပါစေ၊ ပြီးလျှင် ဘုရားသခင်က သင့်အပေါ် မည်သို့ဆက်ဆံပါစေ၊ သင်၏ စိတ်ပိုင်းဖြတ်ချက် မယိမ်းယိုင်ရ။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၅၀ ရှင်ကျန်သူတစ်ဦးဖြစ်ဖို့ သင် ကြိုးစားသင့်သည်

နောက်တစ်ခုသို့- ၅၅၂ သမ္မာတရားအပေါ် လက်မလျှော့လျှင် သင် ကယ်တင်ခံရနိုင်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၆၆ အသင်းတော် ဓမ္မတေးသီချင်း

ဘုရားအပေါ် ပေတရု၏ချစ်ခြင်း၁အို ဘုရား၊အချိန်၊ နေရာမရွေး ကိုယ်တော်ကို သတိရနေမှာပါဘယ်အချိန်နေရာမဆို ကိုယ်တော်ကို ချစ်လိုပါ၏သို့သော်...

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

၅၀၁ ဇာတိပကတိအား စွန့်လွှတ်ခြင်း

၁ဆင်းရဲဒုက္ခရင်ဆိုင်ဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ဖြစ်လာ ရင်ထိုအချိန် ဘုရား၏အလိုတော်ကို သိရှိ နားလည်ပါကိုယ့်ကိုယ်ကို ကျေနပ်မနေပါနဲ့၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။