လူကိုဖျက်ဆီးရန် စာတန်က လူမှုလားရာများကို အသုံးချပုံကျူး
၁ နောက်ဆုံးအကြောင်းအရာသည်ကား စာတန်သည် လူသားကို ဖျက်ဆီးရန်အတွက် လူမှုလားရာများကို အသုံးချပုံပင်ဖြစ်သည်။ လှုမှုလားရာများကြောင့် လူတို့အတွက် ပေါ်ပေါက်လာသော အယူအဆများ၊ ကမ္ဘာပေါ်တွင် ယင်းတို့ကြောင့် လူတို့၏ မိမိအလိုကျပြုမူနေထိုင်ပုံ၊ လူတို့တွင် ယင်းတို့ကြောင့် ဖြစ်ပေါ်သည့် ဘဝပန်းတိုင်များနှင့် အမြင်များအကြောင်းကိုသာ ဆွေးနွေးချင်သည်။ ဤသည်တို့သည် လွန်စွာအရေးကြီး၏၊ ၎င်းတို့သည် လူသား၏ စိတ်အခြေအနေကို ထိန်းချုပ်ကာ၊ လွှမ်းမိုးနိုင်၏။ ဤလူမှုလားရာများအားလုံးသည် တစ်ခုပြီးတစ်ခုဆင့်ကာဖြင့် မကောင်းသောလွှမ်းမိုးမှုကို သယ်ဆောင်သောကြောင့်၊ လူသားအား အဆက်မပြတ် ဆုတ်ယုတ်စေကာ၊ ၎င်းတို့ထံတွင် အသိတရား၊ လူ့သဘာဝနှင့် ဆင်ခြင်မှုတို့ကို ထပ်တလဲလဲ ဆုံးရှုံးစေလေသည်။ ထို့အတူ ၎င်းတို့၏ ကိုယ်ကျင့်တရား၊ ၎င်းတို့၏ စရိုက်လက္ခဏာအရည်အသွေးကိုလည်း ပို၍ပို၍ နိမ့်ကျစေကာ၊ ယနေ့ လူအများစုတွင် ဂုဏ်သိက္ခာ၊ စာနာမှု၊ အသိတရားနှင့် ဆင်ခြင်မှုဟူသည် မရှိကြတော့ဟု ပြောနိုင်လောက်သော အတိုင်းအတာဖြစ်သည်။
၂ စာတန်သည် လူတို့အား နတ်ဆိုးတို့၏ ရိပ်မြုံဆီသို့ ဖြည်းဖြည်းချင်း သွေးဆောင်ရန်အလို့ငှာ ဤလူမှုခေတ်ရေစီးကြောင်းတို့ကို အသုံးပြုခြင်းကြောင့် လူမှုခေတ်ရေစီးကြောင်းများထဲတွင် အမှုမဲ့အမှတ်မဲ့ လိုက်ပါသွားကြသောလူတို့သည် ငွေကြေးနှင့် ရုပ်ဝတ္ထုတပ်မက်မှုများကို ထောက်ခံအားပေးကြသကဲ့သို့၊ ကောက်ကျစ်စဉ်းလဲမှုနှင့် အကြမ်းဖက်မှုကိုလည်း ထောက်ခံအားပေးကြသည်။ ဤအရာတို့သည် လူသား၏စိတ်နှလုံးထဲသို့ ဝင်ရောက်သွားသည်နှင့်၊ လူသားသည် ဘာဖြစ်လာသနည်း။ လူသားသည် စာတန်မာရ်နတ်ဖြစ်လာသည်တကား။ ဤသည်မှာ လူသား၏စိတ်နှလုံးထဲရှိ မည်သည့် စိတ်ပိုင်းဆိုင်ရာ ယိမ်းယိုင်မှုကြောင့် ဖြစ်သနည်း။ လူသားသည် ကောက်ကျစ်စဉ်းလဲမှုနှင့် အကြမ်းဖက်မှုကို စတင်နှစ်သက်လာသည်။ သူတို့သည် ငြိမ်းချမ်းမှုကို မဆိုထားနှင့်၊ လှပတင့်တယ်ခြင်း သို့မဟုတ် ကောင်းမြတ်ခြင်းကို မနှစ်သက်ကြပေ။ လူတို့သည် သာမန်လူ့သဘာဝ၏ ရိုးရှင်းသောဘဝကို နေထိုင်လိုစိတ်မရှိကြဘဲ၊ ယင်းအစား သူတို့ကို ပြန်ဆွဲထားမည့် ကန့်သတ်ချုပ်ချယ်မှုများ၊ နှောင်ကြိုးများမဲ့ကာ မိမိတို့၏ ဇာတိအသွေးအသားအား ဖြည့်ဆည်းကျေနပ်စေရန် အစွမ်းကုန်ကြိုးစားလျက်၊ တစ်နည်းဆိုရလျှင် အလိုရှိရာကို လုပ်ဆောင်လျက်နှင့်ပင် မြင့်မားသောအဆင့်အတန်းနှင့် ကြီးမားသောကြွယ်ဝမှုကို ခံစားပျော်မွေ့ရန်၊ ဇာတိအသွေးအသား သာယာမှုများထဲတွင် ပျော်မြူးရန် ဆန္ဒရှိကြလေသည်။
၃ ထို့ကြောင့် လူသားသည် ဤသို့သော ခေတ်ရေစီးများ၌ နစ်မြုပ်သွားသည့်အခါ သင် သင်ယူထားသော အသိပညာသည် သင့်အား လွတ်မြောက်အောင် ကူညီပေးနိုင်သလော။ ဤသို့ဖြင့် လူသားသည် ပို၍ပင် ဆိုးယုတ်လာ၏၊ မာနထောင်လွှားလာ၏၊ အထက်စီးဆန်လာ၏၊ တစ်ကိုယ်ကောင်းဆန်ကာ အန္တရာယ်ပြုတတ်လာ၏။ လူတို့ကြားတွင် ချစ်ခင်မှုဟူသည် မရှိတော့၊ မိသားစုဝင်တို့ကြားတွင် ချစ်ခြင်းမေတ္တာသည် မရှိတော့၊ ဆွေမျိုးအပေါင်းအဖော်တို့ကြားတွင် နားလည်မှုဟူသည် မရှိတော့ပေ။ လူသားချင်းဆက်ဆံရေးတို့သည် အကြမ်းဖက်မှုတို့နှင့် ပြည့်လာခဲ့လေပြီ။ လူအယောက်ချင်းစီတိုင်းသည် ၎င်းတို့၏ ဘဝတူလူသားတို့ကြား ရှင်သန်နေထိုင်ဖို့ရန် အကြမ်းဖက်သော နည်းလမ်းတို့ကို အသုံးပြုချင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အသက်မွေးမှုကို အကြမ်းဖက်မှုသုံးကာ အရယူကြသည်။ အကြမ်းဖက်မှုကို သုံးကာ ၎င်းတို့၏ ရာထူးနေရာများကို ရယူပြီး၊ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်များကို ရရှိကြသကဲ့သို့၊ အကြမ်းဖက်မှုနှင့် မကောင်းသော နည်းလမ်းများကို သုံးကာ ၎င်းတို့လုပ်ချင်ရာကို လုပ်ကြ၏။ ဤလူ့သဘာဝသည် လွန်စွာ ထိတ်လန့်စရာမကောင်းသလော
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။