သမ္မာတရားကို ချစ်သောသူတို့အား ဘုရားသခင် ကယ်တင်သည်
၁ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ နေ့တိုင်း ဖြစ်ပျက်သည့်အရာများနှင့် သင်၏ သန္နိဋ္ဌာန်ကို ကိုင်လှုပ်နိုင်သည့်အရာ၊ သင်၏ စိတ်နှလုံး၌ နေရာယူနိုင်သည့်အရာ၊ သင်၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်းကို ကန့်သတ်နိုင်သည့်အရာ သို့မဟုတ် သင်၏ ရှေ့ဆက်တိုးတက်မှုကို ထိန်းချုပ်နိုင်သည့်အရာများ - ဤအရာများအားလုံးကို အလေးအနက် သဘောထားဖို့ လိုအပ်သည်၊ သမ္မာတရားကို ရှာဖွေဖို့ရန် သေချာစွာ ဆန်းစစ်သင့်ပြီး ဤအရာများအားလုံးသည် အတွေ့အကြုံနယ်ပယ်အတွင်း ဖြစ်ပျက်သည့် အရာများအားလုံးဖြစ်သည်။ အချို့လူတို့သည် ၎င်းတို့အပေါ် အပျက်သဘောဆောင်သောအရာ တစ်စုံတစ်ခုကျရောက်သောအခါ၊ ၎င်းတို့၏ တာဝန်မှ နုတ် ထွက်ကြပြီး ဆုတ်ဆိုင်းမှုတစ်ခုချင်းစီ နောက်ပိုင်းတွင် မထနိုင်ကြချေ။ ဤလူအားလုံးမှာ သမ္မာတရားကို မချစ်သော လူနုံလူအများဖြစ်ကြပြီး၊ ၎င်းတို့သည် တစ်သက်တာလုံး ယုံကြည်ခြင်း ရှိသော်လည်း သမ္မာတရားကို ရကြလိမ့်မည်မဟုတ်ပေ။ ယင်းကဲ့သို့ လူနုံလူအများသည် အဆုံးတိုင် အဘယ်သို့ လိုက်နိုင်မည်နည်း။
၂ ပါးနပ်ချက်ချာသောလူများနှင့် အတွင်းအရည်ချင်း အမှန်တကယ်ရှိပြီး ဝိညာဉ်ရေးရာကိစ္စများကို နားလည်သောသူများမှာ သမ္မာတရားကို ရှာဖွေသောသူများ ဖြစ်ပြီး၊ ၎င်းတို့သည် ဆယ်ကြိမ်တွင် ရှစ်ကြိမ် လှုံ့ဆော်အားပေးမှု၊ သင်ခန်းစာ၊ ဉာဏ်အလင်းနှင့် တိုးတက်မှု အချို့တို့ကို ရကောင်းရနိုင်ကြသည်။ ဝိညာဉ်ရေးရာကိစ္စများကို နားမလည်သော လူနုံလူအတစ်ဦးအပေါ် ၎င်းအရာပင် ဆယ်ကြိမ် ဖြစ်သောအခါ၊ ၎င်းတို့သည် ဆယ်ကြိမ်တွင် တစ်ကြိမ်တစ်ခါမျှ ဘဝအကျိုးကျေးဇူးတစ်စုံတစ်ရာ ရရှိလိမ့်မည်မဟုတ်၊ တစ်ကြိမ်တစ်ခါမျှ ပြောင်းလဲမှုတစ်စုံတစ်ရာ ပြုလိမ့်မည်မဟုတ်ဘဲ၊ ၎င်းတို့၏ ဗီဇကို တစ်ကြိမ်တစ်ခါမျှ နားလည်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့ ဆယ်ကြိမ် ရှုံးနိမ့်သည်၊ ဆယ်ကြိမ် ခလုတ်တိုက်သော်လည်း ၎င်းတို့သည် နိုးကြားခြင်း မရှိသေးသည့်အပြင် ပြဿနာ၏အမြစ်ကို ရှာရန်အတွက် သမ္မာတရားကို ရှာဖွေခြင်း မပြုကြပေ။ ယင်းကဲ့သို့ လူအမျိုးအစားသည် တရားဟောချက်များကို မည်မျှပင် နားထောင်စေကာမူ၊ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ နားလည်မည်မဟုတ်ပေ၊ ၎င်းတို့သည် ဆန်ကုန်မြေလေးဖြစ်ကြ၏။ ၎င်းတို့ ခလုတ်တိုက်သည့်အကြိမ်တိုင်း ၎င်းတို့ ပြန်ထနိုင်စေရန်၊ ၎င်းတို့ကို ချော့မော့ရန် ကူညီပေးမည့် အခြားသူတစ်စုံတစ်ဦးကို လိုအပ်ကြသည်။ အကယ်၍ ၎င်းတို့ကို ချော့မော့ခြင်း သို့မဟုတ် ကူညီပေးခြင်းမရှိပါက ၎င်းတို့သည် နောက်တစ်ဖန် ပြန်ထမည် မဟုတ်ပေ။ ယင်းသို့ ဖြစ်သည့်အကြိမ်တိုင်း ကျဆင်းမည့်အန္တရာယ်ရှိပြီး၊ အကြိမ်တိုင်း ၎င်းတို့ ယိုယွင်းပျက်စီးမည့်အန္တရာယ် ရှိနေ၏။ ဤသည်မှာ ၎င်းတို့အတွက် အဆုံးသတ်ပင်ဖြစ်သည် မဟုတ်လော။ အသုံးမကျသော ဤလူများကို ကယ်တင်ရန်အတွက် အကြောင်းပြချက်တစ်စုံတစ်ရာ ရှိသေးသလော။
၃ လူသားမျိုးနွယ်ကို ဘုရားသခင်၏ကယ်တင်ခြင်းမှာ သမ္မာတရားကို ချစ်သောသူများအတွက် ဖြစ်၏။ ၎င်းမှာ စိတ်စွမ်းအားနှင့် စိတ်ဓာတ်ကြံ့ခိုင်မှု ရှိသောသူများ၊ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းအတွက် ပြင်းပြင်သောဆန္ဒရှိသူများအတွက် ကယ်တင်ခြင်းဖြစ်သည်။ တစ်စုံတစ်ဦး၌ စိတ်ဓာတ်ကြံ့ခိုင်မှု ရှိသည်ဟုဆိုခြင်းမှာ ၎င်းတို့သည် ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းနှင့် သမ္မာတရားကို တမ်းတကြောင်းနှင့် ၎င်းတို့၌ အသိတရား ရှိကြောင်း ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်သည် ဤလူများထဲ၌ အမှုပြုခြင်းမှာ သမ္မာတရားကို ၎င်းတို့ နားလည်ပြီး ရရှိရန်၊ ၎င်းတို့၏ဖောက်ပြန်ပျက်စီးခြင်းကို ဆေးကြောသန့်စင်ပြီး ၎င်းတို့၏အသက်တာစိတ်သဘောထား ပြောင်းလဲနိုင်ရန် ်ဖြစ်သည်။ အကယ်၍ သင်အတွင်း၌ သမ္မာတရားကို ချစ်မြတ်နိုးခြင်း သို့မဟုတ် ဖြောင့်မတ်ခြင်းနှင့် အလင်းအတွက် ပြင်းပြသောဆန္ဒမရှိပါက သင် မကောင်းမှုနှင့် ကြုံတွေ့သည့်အခါတိုင်း သင်သည် မကောင်းသောအရာများကို စွန့်လွှတ်လိုစိတ် သို့မဟုတ် ဒုက္ခဆင်းရဲကို ခံစားရန် စိတ်ဓာတ်ကြံ့ခိုင်မှု ရှိလိမ့်မည်မဟုတ်ပေ၊ သင်သည် သမ္မာတရား သို့မဟုတ် ဖြစ်ပေါ်သော အမှုအရာများအတွက် အသိတရားမရှိပေ၊ တစ်စုံတစ်ရာကိုမျှ ဝေခွဲနိုင်ခြင်း မရှိသည့်အပြင်၊ အမှုအရာများကို ကိုင်တွယ်နိုင်စွမ်း သို့မဟုတ် ဖြေရှင်းနိုင်စွမ်း သင်၌မရှိသဖြင့် ကယ်တင်ခြင်းခံရရန် နည်းလမ်းမရှိပေ။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စိတ်ဇဝေဇဝါဖြစ်နေသောလူများကို မကယ်တင်နိုင်ပေ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။