၅၄၆  လူသားကို ကယ်တင်ဖို့ လူ့ဇာတိခံဘုရားသခင် တိတ်ဆိတ်စွာ အမှုတော်ဆောင်ရွက်

ဘုရားသည် သာမန်လူတစ်ဦးအဖြစ် လူ့ဇာတိခံယူကာ လူများအကြား၌ ပုန်းကွယ်လျက် ငါတို့ကို ကယ်တင်ခြင်း အလုပ်သစ်အား လုပ်ဆောင်နေသည်။ သူသည် ငါတို့ကို မည်သည့် ရှင်းပြချက်မျှ မပေးသကဲ့သို့၊ အဘယ်ကြောင့် ကြွလာပြီးဖြစ်သည်ကိုလည်း မပြောပြပေ၊ သို့သော် သူ၏အစီအစဉ်နှင့် သူ၏လုပ်ရိုးလုပ်စဉ်တို့အတိုင်း သူလုပ်ရန်ရည်ရွယ်သည့် အမှုကိုသာ လုပ်ဆောင်လေသည်။ သူ၏ နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များသည် ယခင်ထက် အကြိမ်ရေ ပိုများလာ။ နှစ်သိမ့်ခြင်း၊ တိုက်တွန်းခြင်း၊ အသိပေးခြင်းနှင့် သတိပေးခြင်းမှသည် အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့အထိ၊ သိမ်မွေ့ကာ သာယာညင်းပျောင်းသော လေသံမှသည် ခက်ထန်၍ ဘုန်းအာနုဘော်ရှိသော နှုတ်ကပတ်တော်များအထိ ယင်းတို့အားလုံးသည် လူကို ကြီးမားသော သနားကရုဏာနှင့် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့ခြင်းတို့ကို ခံစားရစေသည်။ သူပြောသမျှတိုင်းသည် ငါတို့အတွင်းရှိ နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားသည့် လျှို့ဝှက်ချက်များကို အရှိုက်ထိလေသည်။ သူ၏နှုတ်ကပတ်တော်များသည် ငါတို့၏ နှလုံးသားများနှင့် စိတ်ဝိညာဉ်တို့ကို စူးပြီး ငါတို့အနေဖြင့် မည်သည့်နေရာတွင် ပုန်းရမည်ကို နည်းနည်းမျှ မသိစေဘဲလျက် မခံမရပ်နိုင်သော အရှက်ရခြင်းဖြင့် ငါတို့ကို ပြည့်သွားစေသည်။

ငါတို့သည် သူ့ထံမှ အသက်ရေ၏ အဆုံးမရှိသော အထောက်အပံ့တစ်ခုကို မွေ့လျော်ခံစားရပြီး သူ့အားဖြင့် ငါတို့သည် လူနှင့် ဘုရား မျက်နှာချင်းဆိုင်သော အသက်တာကို အသက်ရှင်နေထိုင်ရသည်။ သို့သော် ငါတို့သည် ကောင်းကင်ဘုံ၌ရှိသော သခင်ယေရှု၏ ကျေးဇူးတော်ကိုသာ ကျေးဇူးတင်နေကြပြီး ဘုရားသဘောသဘာဝကို ပိုင်ဆိုင်သည့် ဤသာမန်လူ၏ ခံစားချက်များကိုမူ လုံးဝ မည်သို့မျှ အရေးမစိုက်ကြပေ။ သို့ဖြစ်စေကာမူ သူသည် လူသားတို့၏ သူ့အား ပစ်ပယ်မှုကို အာရုံမခံစားနိုင်သည့်အလား၊ လူသား၏ မရင့်ကျက်မှုနှင့် မသိနားမလည်မှုကို ထာဝရခွင့်လွှတ်ပေးနေပြီး သူ့အပေါ် လူသား၏ အကြည်ညိုမရှိသည့် သဘောထားကို အစဉ်အမြဲ သည်းခံသည့်အလား၊ သူ့စိတ်နှလုံး၏ အသံကို ဖော်ပြလျက်နေရင်း ယခင်ကကဲ့သို့ သူသည် နှိမ့်ချစွာဖြင့် ဇာတိပကတိတွင် ကွယ်ဝှက်လျက် သူ၏ အမှုကို လုပ်ဆောင်ဆဲဖြစ်လေသည်။

ဘုရား၏ နှုတ်ကပတ်တော်များသည် အသက် အစွမ်းတန်ခိုးကို သယ်ဆောင်သည်၊ ငါတို့ လိုက်လျှောက်သင့်သည့် လမ်းခရီးကို ပေးပြီး သမ္မာတရားက မည်သည့်အရာ အတိအကျ ဖြစ်သည်ကို ငါတို့အား သဘောပေါက်နားလည်စေသည်။ သူသည် ငါတို့ကိုယ်စား အရိုးကြေကြေ၊ အရည်ခမ်းခမ်း အလုပ်လုပ်သည်၊ ငါတို့အတွက်ကြောင့် အအိပ်ပျက်ခံပြီး အစားပျက်ခံသည်၊ ငါတို့အတွက် ငိုကြွေး၊ သက်ပြင်းချ၊ နာမကျန်းဖြစ်လျက် ညည်းညူသည်။ ငါတို့၏ ခရီးပန်းတိုင်နှင့် ငါတို့၏ ကယ်တင်ခြင်းအတွက် အရှက်ကွဲခြင်းကို ခံသည်၊ ပြီးလျှင် ငါတို့၏ ထုံထိုင်းခြင်းနှင့် ပုန်ကန်ခြင်းက သူ၏စိတ်နှလုံးမှ မျက်ရည်များနှင့် သွေးများကို ကျစေသည်။ မည်သည့်သာမန်လူတစ်ဦးမျှ ဤသို့သော ဖြစ်ခြင်းနှင့် အရာအားလုံးကို မပိုင်ဆိုင်သကဲ့သို့ ဖောက်ပြန်ပျက်စီးသော မည်သည့်လူသားတစ်ဦးမျှ ယင်းတို့ကို မပိုင်ဆိုင်နိုင်၊ မရနိုင်။ သူ့တွင် မည်သည့် သာမန်လူကမျှ မပိုင်ဆိုင်သည့် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ ရှိပြီး သူ့ချစ်ခြင်းမေတ္တာသည် မည်သည့်ဖန်ဆင်းခံတစ်ဦးမျှ မရှိသည့်အရာတစ်ခုဖြစ်သည်။

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၄)- ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှုမြင်ခြင်း မှ

အရှေ့သို့- ၅၄၄  လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် ရသည့် အကျိုးကြီးမားလေ

နောက်တစ်ခုသို့- ၅၄၇  ဘုရားသခင်ကျွန်ုပ်တို့ကြားတွင် တိတ်တဆိတ်ရောက်ရှိလာ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၉၃၆  လူသားမျိုးနွယ်အားလုံး ဘုရားကို ကိုးကွယ်သင့်၏

ဘုရားသခင်ကို အစစ်အမှန်ယုံကြည်ခြင်းသည်ကယ်တင်ခြင်းအတွက်မဟုတ်ပါလူကောင်းတစ်ယောက်ဖြစ်ဖို့လည်းမဟုတ် လူလိုသူလိုဖြစ် ဖို့ လည်းမဟုတ်။ဘုရားသခင်ကို...

၂၀၉  ပေတရုသည် စစ်မှန်သော ယုံကြည်ခြင်းနှင့် ချစ်ခြင်းကို ကိုင်စွဲထားခဲ့၏ကျူး

ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းခဲ့ခြင်းနှင့် ဘုရားသခင်၏ စံနှုန်းများနှင့် မကိုက်ခဲ့ခြင်းကြောင့် နောင်တရ၍ အကြွေးတင်ရှိခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။