အပြုသဘောဘက်သို့ တိုးတက်အောင် သင်ကြိုးစားသင့်၏ကျူး
လူတို့သည် ဘုရားသခင်၏အလိုတော်ကို နားလည်နိုင်စွမ်းရှိကြပြီး မျှဝေထားသည့် စံနှုန်းများအတွက် ဘုရားသခင်ကို ကျေနပ်စေဖို့ အတူတကွလုပ်ဆောင်နိုင်ကာ၊ နိုင်ငံတော်ဆီသို့ သွားရာလမ်းတွင် အတူတကွ ရှေ့သို့ တက်လှမ်းနိုင်လိမ့်မည်ဟု ဘုရားသခင်မျှော်လင့်သည်။ အဘယ်ကြောင့်မလိုလားအပ်သော အယူအဆများကို စိတ်ကူးရရန် လိုအပ်မည်နည်း။ ယနေ့ထိတိုင် မိမိတည်ရှိနေခြင်းသည် ဘုရားသခင်အဖို့အလို့ငှာမဖြစ်ဘဲ ရှိနေခဲ့ဖူးသူ မည်သူရှိသနည်း။ ဤကဲ့သို့ ဖြစ်နေကတည်းက အဘယ်အတွက်ကြောင့် ဝမ်းနည်းခြင်း၊ နာကျည်းခြင်းနှင့် မြည်တမ်းခြင်းများပြုဖို့ လိုအပ်မည်နည်း။ ဤအရာသည် မည်သူအတွက်မျှ ကောင်းကျိုးမရှိပေ။ လူတို့၏ ဘဝတစ်ခုလုံးသည် ဘုရားသခင်၏လက်ထဲတွင် ရှိနေသည်ဖြစ်ရာ အကယ်၍ ဘုရားသခင်၏ရှေ့တော်တွင် သူတို့၏ ဆုံးဖြတ်မှုကြောင့်သာ မဟုတ်လျှင် ဗလာကျင်းနေသော ဤလူ့လောကကြီးထဲတွင် မည်သူသည် အချည်းနှီးသက်သက် ဘဝရှင်သန်ဖို့ ဆန္ဒရှိလိမ့်မည်နည်း။ အဘယ်ကြောင့် စိတ်ရှုပ်ခံနေမည်နည်း။ လောကထဲတွင် အမြန်ပြေးလွှားရုန်းကန်နေရင်း ဘုရားသခင်အတွက် ဘာတစ်ခုမျှ သူတို့မလုပ်ဆောင်ပါက သူတို့၏ဘဝတစ်ခုလုံးကို ဖြုန်းတီးပစ်ရာ ရောက်မည်မဟုတ်လော။ အကယ်၍ ဘုရားသခင်သည် သင်၏လုပ်ဆောင်မှုများကို ဖော်ပြထိုက်သည်ဟု မယူဆဘူးဆိုလျှင်ပင် မိမိသေဆုံးချိန်ရောက်ခိုက်တွင် ပျော်ရွှင်သောအပြုံးပန်းတစ်ခုကို မပေးကမ်းတော့ဘူးလော။ သင့်အနေဖြင့် အပြုသဘောဘက်သို့ တိုးတက်အောင် ကြိုးစားသင့်ပြီး အပျက်သဘောဘက်သို့ မဆုတ်ယုတ်သင့်ပေ။ ဤသည်မှာ ပိုကောင်းသော လက်တွေ့လုပ်ဆောင်မှုဖြစ်သည် မဟုတ်လော။ အကယ်၍ သင်၏လုပ်ဆောင်မှုတို့သည် ဘုရားသခင်ကို ကျေနပ်စေဖို့အတွက်သက်သက် ဖြစ်သည်ဆိုလျှင် သင့်အနေဖြင့် အပျက်သဘော သို့မဟုတ် ဆုတ်ယုတ်ခြင်းသဘော ဆောင်နေမည်မဟုတ်ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “အခန်း ၃၉” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။