၆၆၆ ဘုရားနှုတ်ကပတ်တော်များ၏ စမ်းသပ်မှုကို ခံရခြင်းသည် ကောင်းချီးခံစားရခြင်းတည်းကျူး

၁ လူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် စစ်ဆေးခြင်းကို ခံကြရသည်။ ဘုရားသခင်သည် လူ့ဇာတိ မခံယူပြီးခဲ့ပါက၊ လူသားမျိုးနွယ်သည် ဤစစ်ဆေးခြင်းမှတစ်ဆင့် ဆင်းရဲဒုက္ခနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာ ရှိခဲ့လိမ့်မည် မဟုတ်ပေ။ တစ်နည်းအားဖြင့်၊ ဘုရားနှုတ်ကပတ်တော်များ၏ စမ်းသပ်မှုများကို လက်ခံနိုင်သော သူများအားလုံးသည် ကောင်းချီးခံစားရပေသည်။ လူများ၏ ပင်ကိုအရည်အသွေး၊ ၎င်းတို့၏ အပြုအမူနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားများကို အခြေခံ၍ ၎င်းတို့သည် ဤကဲ့သို့သော စစ်ဆေးခြင်းမျိုးကို ရရှိခြင်းငှာ မထိုက်တန်ကြပေ။ ၎င်းတို့အနေဖြင့် ဤကောင်းချီးမင်္ဂလာကို မွေ့လျော်ခဲ့သည်မှာ ဘုရားသခင်က ၎င်းတို့ကို မြှင့်တင်ခဲ့သောကြောင့် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ မျက်နှာကို မြင်ခြင်းငှာ သို့မဟုတ် သူ၏နှုတ်ကပတ်တော်များကို ကြားခြင်းငှာ မထိုက်တန်ဟု ပြောလေ့ရှိကြသည်။ ယနေ့တွင်၊ လူတို့အနေဖြင့် ဘုရားနှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းကို ရရှိကြသည်မှာ ဘုရားသခင်၏ ချီးမြှောက်ခြင်းနှင့် သူ၏ ကရုဏာကြောင့် လုံးလုံးလျားလျားဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသော ကာလ၌ မွေးဖွားကြသည့် လူတစ်ဦးချင်းစီတိုင်း၏ ကောင်းချီးမင်္ဂလာဖြစ်သည်- ဤသည်ကို သင်တို့ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံပြီးပြီလော။

၂ မည်သည့်ရှုထောင့်များဖြင့် ဆင်းရဲဒုက္ခနှင့် အနှောင့်အယှက်တို့ကို လူတို့ တွေ့ကြုံသင့်သည်ကို ဘုရားသခင်က ကြိုတင်ခွဲခန့်မှတ်ထားခြင်းဖြစ်၏- ယင်းသည် လူတို့ကိုယ်တိုင်၏ သတ်မှတ်ချက်များပေါ် အခြေမခံပေ။ ဤအချက်က ပြတ်သားသည့် သမ္မာတရားဖြစ်သည်။ ယုံကြည်သူတိုင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စမ်းသပ်မှုများကို လက်ခံနိုင်စွမ်းနှင့် သူ့နှုတ်ကပတ်တော်အတွင်း ဆင်းရဲဒုက္ခခံစားနိုင်စွမ်းကို ပိုင်ဆိုင်သင့်သည်။ ဤသည်မှာ သင်တို့အဖို့ ရှင်းလင်းပါသလော။ ထို့ကြောင့် သင်ကြုံတွေ့ပြီးဖြစ်သည့် ဆင်းရဲဒုက္ခများအတွက် အလဲအလှယ်အနေဖြင့်၊ သင်သည် ယနေ့၏ ကောင်းချီးမင်္ဂလာများကို ရရှိပြီးဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် ဒုက္ခမခံပါက သူ၏ချီးမွမ်းမှုကို မရရှိနိုင်။ သင်သည် ယခင်က ညည်းညူခဲ့နိုင်သည်၊ သို့သော် သင်သည် မည်မျှ ညည်းညူခဲ့သည်ဖြစ်စေ၊ ဘုရားသခင်သည် သင်နှင့်ပတ်သက်၍ ထိုအကြောင်းကို မမှတ်မိပေ။ ယနေ့သည် ရောက်လာလေပြီ၊ ယမန်နေ့၏ အရေးကိစ္စများကို စုံစမ်းစစ်ဆေးရန် မလိုပေ။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်းသည် သဘာဝအလျောက် ဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၆၅ စမ်းသပ်မှုများ၌ ဘုရားတောင့်တသောအရာမှာ လူ၏စစ်မှန်သောနှလုံးသားပင်

နောက်တစ်ခုသို့- ၆၆၇ ဘုရား၏ရည်ရွယ်ချက်ကောင်းများကို လူတို့နားမလည်ကြကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ကမ္ဘာပေါ်သို့ကြွလာပြီ နှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊...

၇၉၉ ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်

၁ဘုရားရဲ့အမှုတော်များစွာထဲမှာစစ်မှန်သောကိုယ်တွေ့ ရှိသူတိုင်း ဘုရားကို ချစ်ကြောက်ကြသည်ဘုရားရဲ့စစ်ကြောခြင်းနှင့်ဆုံးမခြင်းက လူသားတို့ကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။