သန့်ရှင်းသောဝိညာဉ်တော်သည် အခြေခံသဘောတရားအရ အလုပ်လုပ်သည်

24.06.2019

ကင်ရှပ်တင်၊ ရှန်ဒေါင်စီရင်စု

အချိန်အတော်ကြာသည်အထိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ကျွန်မဖတ်သည့်အချိန်တိုင်း၊ ကျွန်မသည် အလင်းကို မခံစားရပေ။ ကျွန်မမှာ ထိုအကြောင်းအရာအတွက် အလေးအနက်ပြန်လှန်သုံးသပ် ခဲ့ခြင်းမရှိ ့သော်လည်း ဘုရားသခင်အား ဆက်လက်၍သာ ဆုတောင်းနေခဲ့ပြီး၊ သူ့အား ကျွန်မကို ဉာဏ်အလင်းပေးဖို့ရန် တောင်းလျှောက်နေခဲ့သည်။ သို့သော်လည်း ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မဖတ်ရှုသော အချိန်တွင်၊ ကျွန်မထံ၌ ဉာဏ်အလင်း ရရှိခြင်း မရှိသေးပေ။ ထို့ကြောင့် ကျွန်မသည် “ဘုရားသခင်အတွက် လူသားတစ်ဦးစီတိုင်းအား ဉာဏ်အလင်းပေးသော အချိန်ရှိသည်၊ ထို့ကြောင့် ၎င်းကို အလောတကြီး ကြိုးစားလုပ်ဆောင်ရာတွင် အသုံးမဝင်” ဟုတွေးတော မိခဲ့သည်။ ထို့နောက်၊ အဆောတလျင်မပြုပဲ ဖြည်းဖြည်းချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး၊ စိတ်ရှည်စွာဖြင့် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို စောင့်ဆိုင်းနေခဲ့သည်။

ထိုသို့စောင့်ဆိုင်းနေခဲ့ရာမှ တစ်ရက်တွင် ဘုရားသခင်၏ ဤ နှုတ်ကပတ်တော်များအား ကျွန်မဖတ်ရှုရာ- “ဘုရားသခင် မျက်မှောက်တွင် သင့်စိတ်နှလုံးငြိမ်းချမ်းနေမှသာလျှင် သင်၏သမ္မာတရား လိုက်စားမှုနှင့် သင်၏စိတ်သဘောထားတွင်း၌ ပြောင်းလဲမှုများ သီးပွင့်ပေမည်။ သင်သည် ဝန်ထုပ်ကိုထမ်းလျက် ဘုရားသခင်ရှေ့မှောက်ကို ရောက်လာသောကြောင့်နှင့် သင်သည် နည်းလမ်းပေါင်းများစွာဖြင့် ချို့တဲ့နေသည်ဟု အမြဲတစေခံစားရလျက် ရှိသောကြောင့်၊ သင်သိရန်လိုသည့် သမ္မာတရားများစွာနှင့် သင်ကြုံတွေ့ရန်လိုသည့် လက်တွေ့တရား များစွာရှိနေပြီး၊ ဘုရားသခင်၏အလိုတော်ကို အလုံးစုံဂရုပြုရမည်ဟု သင်အမြဲခံစားရ သောကြောင့်- ဤအရာတို့သည် သင့်စိတ်ထဲ အမြဲတစေရှိနေသည်။ ယင်းသည် သင့်ကို အင်အားဖြင့် ဖိထားသကဲ့သို့ဖြစ်ရာ သင်သည် အသက်မရှူနိုင်ဘဲ ဖြစ်ကျန်ရစ်သဖြင့် (သင်သည်အပျက်သဘောဆောင်သည့် အနေအထား၌မရှိလင့်ကစား) သင်သည် စိတ်နှလုံး လေးလံမှုကို ခံစားရသည်အလားဖြစ်သည်။ ထိုသို့သော လူသားများသည်သာ ဘုရားသခင် နှုတ်ကပတ်တော်၏ ဉာဏ်အလင်းပေးမှုကို လက်ခံရန်နှင့် ဘုရားသခင်၏ဝိညာဉ်တော်၏ တို့ထိမှုကိုရရန်၊ သတ်မှတ်ချက်နှင့်ပြည့်မီသည်။ ၎င်းတို့၏ ဝန်ထုပ်ကြောင့်၊ ၎င်းတို့သည် စိတ်နှလုံးလေးလံလျက်ရှိကာ သူတို့ပေးချေခဲ့သည့် အဖိုးအခနှင့် ဘုရားသခင်မျက်မှောက်တွင် သူတို့ခံရသည့် ဒုက္ခကြောင့် သူတို့သည် ကိုယ်တော်၏ အသိဉာဏ်ဖွင့်ခြင်းနှင့် အလင်းပေးခြင်းကို ရရှိသည်ဟု ဆိုနိုင်သည်။ အကြောင်းမူကား ဘုရားသခင်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အထူးအရေးပေးခြင်းမရှိ။ ကိုယ်တော်သည် လူများအပေါ်ဆက်ဆံရာတွင် အမြဲတစေ တရားမျှတသည်။ သို့သော် ကိုယ်တော်သည် လူများအား စိတ်ကူးပေါက်သလို၊ သို့မဟုတ် ခြွင်းချက်မရှိပေးသနားခြင်း မပြုပေ။ ဤသည်မှာ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ လက္ခဏာသွင်ပြင်တစ်ရပ်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးတောစဉ်းစားရာ၌၊ ကျွန်မ နားလည်သဘောပေါက်လာ ခဲ့သည်မှာ- ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်သည်။ သူသည် ဘယ်သောအခါမျှ သူ၏ လူသားအား ထောက်ပံ့ခြင်း၌ တစ်ဖက်သတ် ပြုလုပ်ခြင်း မရှိသည့်အပြင် လူသားအား အကြွင်းမဲ့ မပေးပါ။ ဘုရားသခင်၏ အမှုတော် နောက်ကွယ်တွင် အခြေခံသဘောတရားတစ်ခု ရှိသည်။ လူသားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အချိန်တွင် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပေးခြင်းတို့ကို လက်ခံရရှိရန်အတွက် ၎င်းတို့၏ နှလုံးသားများကို ဆိတ်ငြိမ်စွာထားရှိရမည်ဖြစ်ပြီးလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တမ်းတ၍ရှာဖွေသော နှလုံးသားတစ်ခုကိုလည်း ပိုင်ဆိုင်ထားရှိပါမည်။ လူများသည် ၎င်းတို့၏ ဝန်ကိုထမ်းရာတွင် သမ္မာတရားကို ပိုမိုနက်ရှိုင်းစွာ သိရှိကျင့်သုံးနိုင်ရန်လည်းကောင်း၊ ၎င်းတို့၏ ဖောက်ပြန်သော စိတ်သဘောထားကို ဖြေရှင်းရန်လည်းကောင်း၊ ၎င်းတို့၏ တာဝန်များကို ဖြည့်စွမ်းရန်လည်းကောင်း စသည်တို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖတ်ရှုရမည် ဖြစ်ပါသည်။ လူတစ်ယောက်သည် ဘုရားသခင်နှင့် အလုပ်လုပ်ဆောင်ရန်အတွက် ဤသို့လက်တွေ့ကျစွာ အဖိုးအခကို ပေးခြင်းအားဖြင့်သာလျှင် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ရရှိနိုင်မည် ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဉီးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆာလောင်ငတ်မွတ်မှုမရှိသည့်အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာတွင် ဉီးတည်ချက်မဲ့စွာ၊ အသက်မဲ့စွာဖြင့် ဖတ်ရှုခြင်း၊ ပေါ့ဆစွာယူဆခြင်း စသည်တို့ဖြစ်ပါက ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိနိုင်မည် မဟုတ်ချေ။ ပြန်ပြောင်းရှုမျှော်လိုက်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းအား ကျွန်မ ကောက်ကိုင်လိုက်သောအချိန်တိုင်း၊ ကျွန်မသည် လှန်လှော ကြည့်ကာ ဤစာပိုဒ်အား ဖတ်ရှုပြီး ဖြစ်သည်၊ ထိုစာပိုဒ်အား ဖတ်ရှုပြီး ဖြစ်သည် နှင့်၊ စာပိုဒ် အားလုံးကို ကျွန်မအနေဖြင့် အကြမ်းဖျဉ်း သဘောပေါက် သည်ဟု တွေးထင်နေသည်။ ထို့နောက်တွင် ကျမ်းစာပိုဒ်အဟောင်းတစ်ပိုဒ် အား တွေ့ရှိကာ၊ ထိုကျမ်းပိုဒ်အား သာမန်ကာလျှံကာ ဖတ်ပြီး့နောက်တွင် ကျွန်မ၏ဖတ်ရှုခြင်းအလုပ်သည် ပြီးဆုံး၍၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အား ဤကဲ့သို့ အလေးအနက်မထား သော ပုံစံဖြင့် ဝတ်ကျေတမ်းကျေ ဖတ်ရှု ခဲ့သည်။ ထိုအချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသော အခါ၌ ကျွန်မထံတွင် တောင့်တသော နှလုံးသား ရေးရေးမျှ ပင်မရှိသည်ကို ကျွန်မတွေ့ရှိခဲ့သည်။ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာတွင် အရေးကြီးသည်ဟု အမှန်တကယ် ယုံကြည်ခြင်းမရှိပဲ ဖတ်ရှုသွားခြင်းသာ ဖြစ်ပြီးလျှင် ထိုထိုသော စည်းမျဉ်းများ နှင့် အစဉ်အလာများ ကို ထိန်းသိမ်း ကာ၊ အချို့သော အရှိအတိုင်း ယုံကြည်ခံယူချက်များ ကို နားလည် နေရုံမျှဖြင့် ကျေနပ်အားရ နေခဲ့သည်။ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော် များအား တစိမ့်စိမ့်ချင့်ချိန် တွေးဆခြင်း သမ္မာတရားကို နားလည်ရန် ရှာဖွေခြင်း တို့ တွင် အလေးအနက်မထားရုံသာမက၊ မိမိကိုယ်ကိုပြန်လှန်သုံးသပ်ခြင်း နှင့် မိမိပြဿနာများကို ဖြေရှင်းခြင်းတို့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် တသားတည်းဖြစ်အောင် ဆောင်ရွက်ခြင်းကိုလည်း အလေးအနက်မထားခဲ့ပေ။ ကျွန်မသည် မိမိ၏ ကိုယ်ပိုင်အသက်တာ အတွက် ဝန်ထုပ်ဝန်ပိုး ကို ပုခုံးထမ်းခြင်း မရှိဘဲ၊ စိတ်နေသဘောထား ပြောင်းလဲခြင်း သို့မဟုတ် သမ္မာတရား၏ လက်တွေ့ဘဝသို့ ဝင်ရောက်မှုနှင့် ပတ်သတ်၍ ကျွန်မသည် နည်းနည်းမျှ အလေးမထားခဲ့ပေ။ ဤကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော် အား မထီမဲ့မြင်လုပ်သော ဘဘောထား ဖြင့်၊ ကျွန်မသည် အဘယ်ကဲ့သို့ သူ၏ ဉာဏ်အလင်းရခြင်း နှင့် အလင်းပေးခြင်းကို ရရှိ နိုင်မည်နည်း။ ကျွန်မသည် မိမိ၏ ကိုယ်ပိုင် အခြေအနေအား လက်တွေ့အားဖြင့် ပြန်လည် သုံးသပ်နေခြင်း မရှိ သို့မဟုတ် ကျွန်မ၏ ပြဿနာများ ကို ဖြေရှင်းရန် သမ္မာတရားအား ရှာဖွေခြင်းမရှိခဲ့ပေ။ ထိုသို့ ပြန်လည်သုံးသပ်ခြင်း သို့မဟုတ် ရှာဖွေခြင်း ရှိရမည့်အစား၊ ကျွန်မသည် မိမိ၏ ကိုယ်ပိုင် အယူအဆများ နှင့် စိတ်ကူးစိတ်သန်းများ ပေါ်တွင် မှီခိုနေပြီး၊ “လူသားတစ်ဦးချင်းစီ အတွက် ဘုရားသခင်ထံတွင် ဉာဏ်အလင်းရရှိခြင်းအဖို့ အချိန်ရှိသည်” ဟုယုံကြည် နေသည်။ ကျွန်မ ဘုရားသခင်၏ဉာဏ်အလင်းရခြင်းအတွက် မတုန်မလှုပ် ဆက်လက်စောင့်ဆိုင်းခဲ့သည်။ ကျွန်မသည် အလွန်ပင် မသိနားမလည်ခဲ့ သောသူဖြစ်ခဲ့သည်။ လူသားတစ်ဦးချင်းစီအား ဉာဏ်အလင်းပေးရန် ဘုရားသခင်အဖို့ အချိန်ရှိဆိုသည့်အချက်သည် ဤမျှအထိမှန်ကန်နေသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လူသားအပေါ် လုပ်ဆောင်မှုနောက်ကွယ်တွင် အခြေခံသဘောတရားတစ်ခု ရှိသည်ဆိုသည်ကို ထိုအချိန်မှသာ ကျွန်မ်အနေဖြင့် သတိပြုမိ လာခဲ့သည်။ ဘုရားသခင်သည် တစ်စုံတစ်ဦးအား သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်း ရရှိစေရန်သာ မတုန်မလှုပ် စောင့်ဆိုင်းနေပြီး အခြား အဘယ်အရာမျှ မလုပ်ဆောင်လျှင် ဉာဏ်အလင်းရရှိစေလိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ်အ တွက် ဘုရားသခင်ပေးသော အသီးအပွင့်သည် သူတို့အဘယ်မျှ ပူးပေါင်းဆောင်ရွက်သည် ဆိုသည့်အပေါ် တွင် အဆုံးအဖြတ်ပေးသည်။ ဘုရားသခင်ပြောခဲ့သလိုပင်- “သန့်ရှင်းသောဝိညာဉ်တော်သည် ဤအခြေခံသဘောတရားအားဖြင့် အမှုပြု၏- လူတို့၏ ပူးပေါင်းဆောင်ရွက်မှတစ်ဆင့်၊ ၎င်းတို့ တက်ကြွစွာ ဆုတောင်းခြင်း၊ ဘုရားသခင်ကို ရှာဖွေခြင်းနှင့် ဘုရားသခင်ထံသို့ တိုးဝင်ချဉ်းကပ်ခြင်း တို့မှတစ်ဆင့်၊ ရလဒ်များကို ရရှိနိုင်ပြီး ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရကာ အလင်းပေးခြင်း ခံရနိုင်ပေသည်။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်က တစ်ဖက်သတ် လုပ်ဆောင်သည် သို့မဟုတ် လူသားက တစ်ဖက်သတ် လုပ်ဆောင်သည် မဟုတ်ပေ။ နှစ်ဦးလုံးသည် မရှိမဖြစ်ဖြစ်ပြီး၊ လူတို့က ပူးပေါင်းဆောင်ရွက်လေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်သက်ဆိုင်သည့် စံချိန်စံနှုန်းများကို ရရှိရန် အားထုတ်လေလေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်က သာ၍ ကြီးမားလေလေ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်အပြင်၊ လူတို့၏ စစ်မှန်သော ပူးပေါင်းဆောင်ရွက်မှုသည်သာ၊ စစ်မှန်သော အတွေ့အကြုံများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် ထိရောက်သော အသိပညာကို ဖြစ်ပေါ်စေနိုင်ပေသည်။ တဖြည်းဖြည်းနှင့်၊ ဤနည်းလမ်းဖြင့် တွေ့ကြုံခြင်းမှတစ်ဆင့်၊ နောက်ဆုံးတွင် စုံလင်သည့် လူတစ်ဦး ထွက်ပေါ်၏။ ဘုရားသခင်သည် သဘာဝလွန်ကဲသည့် အရာများကို မလုပ်ဆောင်ပေ- လူတို့၏အယူအဆများတွင် ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ပြီး၊ အရာအားလုံးကို ဘုရားသခင် လုပ်ဆောင်သည်— အကျိုးဆက်အနေဖြင့် လူတို့သည် မလှုပ်မယှက် စောင့်ဆိုင်းကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုကြချေ၊ သို့မဟုတ် ဆုတောင်းခြင်း မရှိကြချေ၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏တို့ထိမှုကို စောင့်ရုံမျှ စောင့်ကြလေသည်။ သို့သော် မှန်ကန်သော သိနားလည်မှုရှိသူများက ဆက်လက်ဖော်ပြပါအရာကို ယုံကြည်ကြသည်- ဘုရားသခင်၏ လုပ်ဆောင်မှုများသည် ကျွန်ုပ် ပူးပေါင်းဆောင်ရွက်သလောက်အထိသာ သွားပြီး၊ ကျွန်ုပ်အထဲ၌ ဘုရားသခင်၏အမှု သက်ရောက်မှုသည် ကျွန်ုပ် မည်သို့ပူးပေါင်းဆောင်ရွက်သည် ဆိုသည့်အပေါ် တည်မှီသည်။ ဘုရားသခင်က စကားပြောဆိုသည့်အခါတွင်၊ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရှာဖွေရန် တတ်နိုင်သမျှ လုပ်ဆောင်သင့်ပြီး ရှေ့ဆက်ကြိုးပမ်းသင့်သည်။ ဤသည်ကား ကျွန်ုပ် စွမ်းဆောင် ရရှိသင့်သည့် အရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့အရှိတရားကို သိရှိပုံ)

သူ၏ အချိန်ကိုက် ဉာဏ်အလင်းပေးခြင်းအတွက် ဘုရားသခင်အား ကျေးဇူးတင်သည်။ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာတွင် အလင်းမရှိခြင်း အကြောင်းအရင်းကိုရှာဖွေ တွေ့ရှိခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုနောက်ကွယ်ရှိ အခြေခံသဘောတရား အား နားလည်ခဲ့ခြင်း မရှိသောကြောင့် ကျွန်မ၏ အတွေ့အကြုံ ၌ ပြဿနာများ ရှိသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ယခုတွင်ကျွန်မသည် မိမိ၏ အခြေအနေကို ပြောင်းလဲဖို့ရန်နှင့်၊ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက် ခြင်းကို ဖန်တီးယူဖို့ရန် ဆန္ဒရှိနေသည်။ သမ္မာတရားအား လက်တွေ့ကျင့်သုံးဖို့ရန်၊ မိမိ၏ တာဝန်ကို ကောင်းမွန်စွာ ဆောင်ရွက်ပြီး၊ ကျွန်မ၏ ဖောက်ပြန်သော စာတန်၏ စိတ်နေသဘောထားကို ဖယ်ရှားပစ်ရန်နှင့် သန့်စင်ဖို့ရန် ကျွန်မသည်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုမည် ဖြစ်သည်။ ဤသည်မှာ ကျွန်မသည် သမ္မာတရားထဲသို့ ပိုမို နက်ရှိုင်းစွာ နားလည်ကျင့်သုံးနိုင်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်ပြီး ကျွန်မ၏ အသက်တာတွင် ဖြည်းဖြည်းချင်း ကြီးထွားရင့်ကျက် လာနိုင်မည်ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ရိုးသားစွာပြောဆိုခြင်းမှ ကျွန်မ ရရှိခဲ့သည့်အရာ

ချူးဂို အမေရိကန်နိုင်ငံ သိပ်မကြာခင်တုန်းက ဘုရားရဲ့ မိတ်သဟာယတစ်ပိုဒ်ကို ညီမ ကြားခဲ့ရတယ်။ အဲဒီမှာပြောတာက “မျက်နှာလိုမျက်နှာရလုပ်ခြင်း၊...

ကျွန်မရဲ့ အတိတ်က အမည်းစက်တစ်ခု

လီယင်း တရုတ်နိုင်ငံ ၂၀၁၅ခုနှစ် ဩဂုတ်လမှာ၊ မိသားစုနဲ့ ကျွန်မက စင်းကျန်းကို ပြောင်းခဲ့တယ်။ ကွန်မြူနစ်ပါတီက ဝေးဂေါ်လူနည်းစုတွေရဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။