ဘယ်တော့မှ မပျောက်ကင်းတဲ့ ဒဏ်ရာ

23.01.2022

လီကျိန်း တရုတ်နိုင်ငံ

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ၊ မနက် ၅ နာရီမှာပေါ့၊ တံခါးကို ကျယ်ကျယ်လောင်လောင် ခေါက်နေ တာကို ကျွန်မ ရုတ်တရက် ကြားလိုက်ရတယ်။ ကျွန်မရဲ့အိမ်ရှင်ဖြစ်တဲ့ အစ်မကျန်းက တံခါးကို ဖွင့်လိုက်တော့၊ လူတစ်ယောက်က သူတို့ဟာ အမျိုးသား လုံခြုံရေးတပ်ဖွဲ့ကဖြစ်ပြီး အိမ်ကိုရှာမယ့် အကြောင်းပြောနေတာကို ကျွန်မရဲ့အိပ်ခန်းထဲ ကနေ ကြားလိုက်ရတယ်။ အဲဒီအချိန်တုန်းက ကျွန်မ အရမ်းကြောက်ခဲ့ တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့အိတ်ထဲမှာ အသင်းသားတွေရဲ့စာရင်း ရှိတဲ့အပြင် ညီအစ်ကို၊မောင်နှမတချို့ရဲ့ ဖုန်းနံပါတ်တွေ လည်း ရှိတယ်။ အဲဒါတွေကို ရဲတွေက တွေ့သွားရင် ပြဿနာဖြစ် မှာလေ။ ဒါကြောင့် ကျွန်မက အိတ်ကို မြန်မြန်ဆွဲပြီး ပြတင်းပေါက်ကနေ ထွက်ပြေးဖို့လုပ်ပေမယ့်၊ ကျွန်မရဲ့ခြေထောက်က ပြတင်းပေါက်ဘောင်နဲ့ ရိုက်မိသွားတော့၊ အရာရှိတချို့က ကြားသွားပြီး ပြေးဝင်လာကြ တယ်။ သူတို့က ကျွန်မကို လက်ကနေ ဖမ်းလိုက်တယ်၊ ပြတင်းပေါက်ကနေ ဆွဲချပြီး ဧည့်ခန်းထဲ ခေါ်သွားတယ်။ အရာရှိတစ်ယောက်က ကျွန်မရဲ့ဘယ်ဘက် လက်ကို တင်းတင်းကျပ်ကျပ်ကိုင်ပြီး နောက်ပြန် လိမ်လိုက်တော့၊ ကျွန်မ အရမ်းနာသွားလို့ အော်လိုက်တယ်။ ဒါပေမယ့် သူက လွှတ်မပေးဘဲ ကျွန်မရဲ့ လက်မောင်းကို အပေါ်ဘက် ဆွဲမလိုက်တယ်။ သူက အရမ်းလိမ်လိုက်တော့ ကျွန်မရဲ့ လက်သူကြွယ်နောက်ဆုံးအဆစ် ကျိုးသွားပြီး အရိုးက အသားထဲက ငေါထွက်လာတာကြောင့်၊ သွေးတွေလည်း အများကြီးထွက်လာတယ်။ အရမ်းနာလွန်းအားကြီးလို့ ကျွန်မ လှုပ်တောင် မလှုပ်ရဲဘူး။

နောက်တော့၊ အရာရှိ ငါးယောက်၊ ခြောက် ယောက်ကျော်လောက် ရောက်လာတယ်၊ နှစ်ယောက်က SWAT ရဲတပ်ဖွဲ့ဝင်တွေဖြစ်ပြီး စက်သေနတ်တွေ ကိုင်ထားတယ်။ တခြားအရာရှိတွေက အိမ်ကို စပြီးရှာကြတယ်။ သူတို့ရဲ့ လူအင်အားကို တွေ့ပြီး ကျွန်မကို ဘာလုပ်မယ်ဆိုတာလည်း မသိတော့ ကျွန်မ နည်းနည်းစိတ်လှုပ်ရှားသွားတယ်။ ဒါကြောင့် ကျွန်မရဲ့စိတ်နှလုံးကို ကာကွယ်ပေးပြီး ကျွန်မကို ယုံကြည်မှုပေးဖို့ ကျွန်မ ဘုရားသခင်ကို ဆုပဲတောင်းနေလိုက်တယ်။ ကျွန်မရဲ့ ဘယ်ဘက်လက်သူကြွယ်က သွေးဆက် ထွက်နေတာကြောင့်၊ ကျွန်မရဲ့ညာဘက်လက်နဲ့ တင်းတင်းကျပ်ကျပ် ညှစ်ထားပြီး မလွှတ်ရဲဘူး။ ကျွန်မ နည်းနည်းလွှတ်လိုက်ရင်၊ သွေးပြန်ထွက် လာမှာလေ။ ကျွန်မ အရမ်းညှစ်ထားတော့ လက်ချောင်းက ထုံနေတယ်။ ရဲတွေက ကျွန်မနဲ့အစ်မကျန်းကို ရဲကားတစ်စီးစီ ထဲကို ဆွဲခေါ်သွားပြီး ဒေသန္တရစီမံရေးရုံးကို ခေါ်သွားကြတယ်။ ကျွန်မရဲ့ လက်ချောင်းကို ပတ်တီးစည်းဖို့ ဆေးရုံကိုခေါ်သွားပေးဖို့ ကျွန်မ ပြောပေမယ့်၊ ရဲတွေက ကျွန်မကို လျစ်လျူရှုပြီးတော့ပဲ နေတယ်။ ကျွန်မ နောက်တစ်ကြိမ် ထပ်ပြီးပြောတော့မှ နောက်ဆုံး သူတို့က ကျွန်မကို ဆေးရုံကို ခေါ်သွားတယ်။ ဒုတိယနေ့ မနက်မှာ၊ အရာရှိတစ်ယောက်က ကျွန်မကို ဟိုတယ်တစ်ခု ကို ခေါ်သွားပြီး ကျွန်မက အသင်းတော် ခေါင်းဆောင်တစ်ယောက် ဟုတ်၊မဟုတ် အတင်းပြောခိုင်းတယ်။ ကျွန်မ ဘာမှမပြောတော့၊ သူက ဒေါသတကြီးနဲ့- “ဟန်ဆောင်မနေနဲ့။ မင်းက ခေါင်းဆောင် တစ်ယောက်ဖြစ်တယ်ဆိုတာကို တခြားလူတွေ ငါတို့ကို သတင်းပေးပြီးပြီ” လို့ ကျွန်မကို ငေါက်တယ်။ သူက ပြောရင်းနဲ့ ကျွန်မရဲ့ဆံပင်ကနေ ဆွဲကိုင် ပြီး မျက်နှာကို နှစ်ချက်ဖြတ်ရိုက်တယ်၊ ပြီးတော့ မျက်နှာကို ခပ်ပြင်းပြင်းထိုးပြီး ကျွန်မရဲ့ ခြေထောက်ကို ကန်တယ်။ သူရိုက်နှက်တာ အရမ်းပြင်းထန်တော့ ကျွန်မ မူးလာပြီး ကြယ်တွေ မြင်သွားတယ်။ ကျွန်မရဲ့ ခြေထောက်က အရမ်းနာတော့ လှုပ်တောင်မလှုပ် ရဲဘူး။ “သူတို့ ငါ့ကို ခေါ်လာခါစပဲ ရှိသေးတာတောင် ငါ့အပေါ်ကို ဒီလောက် ကြမ်းနေတယ်၊ သူတို့ တခြားဘယ်လိုညှဉ်းပန်းနှိပ်စက်ဦးမယ် ဆိုတာ ဘယ်သူသိနိုင်မှာလဲ။ ငါက ငယ်လည်း မငယ်တော့ဘူး၊ ငါဒုက္ခိတဖြစ်သွားရင်၊ ငါ့မိသားစုအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမယ်။ အဲဒီနောက်မှာ ငါဘယ်လိုဆက်ပြီး ရှင်သန်ရမှာ လဲ” လို့ ကျွန်မ ကိုယ့်ဘာသာကိုယ် စဉ်းစားမိ တယ်။ ကျွန်မ အရမ်းဆိုးဆိုးရွားရွား ခံစားရတယ်။ အဲဒီအချိန်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တွေကို ကျွန်မ စဉ်းစားမိတယ်- “ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်ကာ ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးလျက်၊ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ကျွန်မတို့အနေနဲ့ ဘုရားသခင်ကို ငြင်းပယ်ပြီး သစ္စာဖောက်ဖို့အတွက် ဆင်းရဲဒုက္ခနဲ့ ခန္ဓာကိုယ်ရဲ့နာကျင်မှုတွေကို စာတန်က အသုံးပြုတယ်ဆိုတာကို သဘော‌ပေါက်ဖို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တွေက ကျွန်မကို ကူညီပေးတယ်။ ကျွန်မရဲ့ခန္ဓာကိုယ်နဲ့ အနာဂတ်အလားအလာ တွေကိုပဲ ကျွန်မ ထည့်စဉ်းစားရင် ကျွန်မဟာ စာတန်ရဲ့ထောင်ချောက်ထဲကို ကျသွားတာပဲ။ ကျွန်မ ဒုက္ခိတ ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာ ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိတယ်။ ကျွန်မ ဘယ်လောက်ပဲ ဒုက္ခခံရပါစေ၊ ကျွန်မ ဘုရားသခင်အတွက် သက်သေရပ်တည်ပြီး စာတန်ကို အရှက်ခွဲရမယ်။

နောက်တော့၊ နောက်အရာရှိတစ်ယောက်က ဝင်လာပြီး- “မင်းရဲ့ခေါင်းဆောင်က ဘယ်သူလဲ။ မင်း ဘယ်သူနဲ့ တွေ့သလဲ။ မင်း ပြောမလား၊ မပြောဘူးလား။ မင်း မပြော ရင် မင်းနဲ့တန်တာ မင်းရမယ်” လို့ ကျွန်မကို ပြောတယ်။ ကျွန်မက ဘာမှမပြောတော့၊ ကျွန်မရဲ့မျက်နှာကို လေးကြိမ် ဖြတ်ပြီးရိုက်တယ်။ ကျွန်မ မူးဝေပြီး ရီတီတီခံစားရသလို၊ ကျွန်မရဲ့ မျက်နှာကလည်း ထုံလာတယ်။ အဲဒီနောက် နောက်ထပ်အရာရှိတစ်ယောက် ဝင်လာပြီး၊ သူတို့နှစ်ယောက်က ကျွန်မရဲ့လက်တွေကိုဆွဲပြီး ပခုံးကနေ တွန်းရင်းနဲ့၊ ကျွန်မကို ကြမ်းပြင်ပေါ် ထိုင်စေတယ်။ နောက်တစ်ယောက်က ကျွန်မရဲ့ခြေထောက်တွေ ကို ဆွဲပြီး ဖိထားတယ်။ သူတို့က ကျွန်မကို ဘာလုပ်မယ်ဆိုတာ မသိ တော့၊ ကျွန်မ ရှိသမျှအားနဲ့ ရုန်းလိုက်တယ်။ သူတို့က ကျွန်မကို ဖိထားလို့မရတော့၊ အဝလွန် တဲ့အရာရှိတစ်ယောက်ကို ခေါ်လိုက်တယ်။ အရာရှိနှစ်ယောက်က ကျွန်မရဲ့လက်တွေကနေ ဆွဲထားပြီး တခြားအရာရှိနှစ်ယောက်က ကျွန်မရဲ့ ခြေထောက်တွေကို အပြင်ဘက်ကို ဆွဲပြီး၊ အတင်း တတ်နိုင်သမျှ ဆွဲပြီးကားထားကြတယ်။ ကျွန်မရဲ့ခြေထောက်တွေက ပျဉ်ချပ်တွေလို တောင့်နေတော့၊ ကျွန်မရဲ့အသက်အရွယ်နဲ့ ဘယ်လိုနည်းနဲ့မှ ကားလို့မရဘူး။ ကျွန်မရဲ့ခြေထောက်တွေ ကွေးမသွားနိုင်အောင် သူတို့က ကျွန်မရဲ့ခြေသလုံးကြွက်သားတွေကို တက်တောင်နင်းထားကြသေးတယ်။ ကျွန်မရဲ့ခြေထောက်တွေ ကွဲထွက်သွားသလို၊ ထိုးကျင့်တဲ့နာကျင်မှုကို ခံစားလိုက်ရပြီး ကျွန်မ ချွေးတွေပြန်လာတယ်။ ဖိအားနည်းနည်းလျော့သွားအောင် ကျွန်မရဲ့ လက်တွေနဲ့ မြေကြီးကို ထောက်လိုက်ချင်ပေ မယ့်၊ အရာရှိတစ်ယောက်က ချက်ချင်း ကျွန်မရဲ့လက် တွေကို နောက်ဘက်ကို လိမ်လိုက်ပြီး လက်ထိပ်ခတ်လိုက်တယ်။ နောက်အရာရှိတစ်ယောက်က ကျွန်မကို တီဗွီစင် ရှေ့ကို ဆွဲခေါ်သွားပြီး ကျွန်မရဲ့နောက်ကျောကို စင်မှာ မှီခိုင်းထားလိုက်တယ်။ ကျွန်မ အရမ်းဆိုးဆိုးရွားရွား နာကျင်နေခဲ့သလို၊ အဆက်မပြတ် ရုန်းကန်ပြီး အော်တော့မှပဲ သူတို့ ကျွန်မကို လွှတ်ပေးလိုက်တယ်။ နာကျင်တဲ့ဒဏ်တွေကြားကနေ ကျွန်မရဲ့ ခြေထောက်တွေကို ကျွန်မ ဖြည်းဖြည်းချင်း ပြန်စုလိုက်တယ်။ အရာရှိတစ်ယောက်က ရက်ရက်စက်စက် ခြိမ်းခြောက်ပြီး- “ငါနှစ်ဆယ်အထိ ရေမယ်၊ မင်း မပြောရင် ငါတို့ မင်းကို ထပ်ပြီးကားခိုင်းမယ်” လို့ ကျွန်မကို ပြောတယ်။ ကျွန်မ ဘာမှမပြောတော၊ သူက စပြီးရေတယ်။ ကျွန်မ အရမ်းကြောက်တာပဲ။ နာကျင်မှုက ကျွန်မ ခံနိုင်တာထက် ပိုပြီးနာတယ်။ သူတို့ ကျွန်မရဲ့ခြေထောက်တွေကို အဲဒီလိုဆွဲဆန့် ထားတာကို ကျွန်မ ဆက်ပြီးမခံနိုင်တော့ဘူး။ ဒါမှ အရာရှိတွေရဲ့ ညှဉ်းပန်းနှိပ်စက်တဲ့ဒဏ်ကို ကျွန်မ ခံနိုင်အောင် ယုံကြည်မှုနဲ့ခွန်အားပေးဖို့အတွက် ဘုရားကို ကျွန်မ ဆုတောင်းနေတော့တယ်၊ သူ ရေပြီးတဲ့အခါမှာ၊ ကျွန်မ ဘာမှမပြောဘဲ ဆက်ပြီးနေတော့၊ သူတို့က ကျွန်မရဲ့ခြေထောက်တွေကို ဘေးဘက် ကို စပြီးဆွဲပြန်တယ်။ ကျွန်မ နာလွန်းအားကြီးလို့ သွေးရူးသွေးတန်း စကန်ပြီး သူတို့ဆီက ရုန်းထွက်ဖို့ ကြိုးစား တယ်။ နောက်ဆုံး သူတို့ ပင်ပန်းသွားတဲ့အထိ ဒါကို ခုနစ်မိနစ်၊ ရှစ်မိနစ်လောက် သူတို့ ဆက်လုပ်ကြ တယ်။ ကျွန်မရဲ့ခြေထောက်တွေက ပြုတ်ထွက်တော့ မလို ခံစားရပြီး၊ ကျွန်မရဲ့ခါးအောက်ပိုင်းက လည်း ကျိုးနေသလို ခံစားရတယ်— ကျွန်မ မလှုပ်ရဲဘူး။ ကျွန်မ နာကျင်လွန်းလို့ အသံတစ်သံမှ မထွက်ရဲ သလို ချွေးတွေက ကျွန်မရဲ့မျက်နှာပေါ် အဆက်မပြတ် စီးကျနေတယ်။ ကျွန်မရဲ့ခြေထောက်တွေက နာကျင်လွန်းတော့ ကျွန်မ ထိုင်နေလို့မရတာကြောင့် နာကျင်မှု နည်းနည်းသက်သာအောင် ကျွန်မ လှဲလိုက်ဖို့ ကြိုးစားပေမယ့်၊ အရာရှိက တွေ့သွားတဲ့အခါ ကျွန်မကို ဖမ်းကိုင် ပြီး၊ ပေးမလှဲဘူး။ တံခါးနောက်ကို ကျွန်မကို ခေါ်သွားဖို့လည်း သူက တခြားအရာရှိတစ်ယောက်ကို ပြောပြီး- “ငါနှစ်ဆယ်အထိ ရေမယ်၊ မင်း မပြောရင် ငါတို့ မင်းကို ဆက်ပြီးနှိပ်စက်မယ်” လို့ မာန်ဖီ ပြီးပြောတယ်။ အဲဒီလိုပြောပြီးတော့ သူ စရေတယ်။ သူ စရေတာကို ကြားတော့၊ ကျွန်မ ချောက်ချား သွားပြီး- “ဖြည်းဖြည်းရေပါ၊ ကျေးဇူးပြုပြီး ဖြည်းဖြည်းရေပါ” လို့ ကျွန်မ စဉ်းစားနေမိ တယ်။ နောက်ထပ်ညှဉ်းပန်းနှိပ်စက်တဲ့ဒဏ်ကို ကျွန်မ မခံနိုင်တော့မှာ ကြောက်လို့၊ ကျွန်မက ဘုရားသခင်ကို- “ဘုရားသခင်၊ ကျွန်မ ညှဉ်းပန်းနှိပ်စက်တဲ့ဒဏ် ကို မခံနိုင်ဘဲ ကိုယ်တော့်ကို သစ္စာဖောက်မိမှာ စိုးတယ်။ ကျေးဇူးပြုပြီး ကျွန်မကို ခွန်အားပေးတော်မူပါ” လို့ မြန်မြန်ဆုတောင်း လိုက်တယ်။ ကျွန်မ မပြောသေးဘဲ ဆက်ပြီးနေတော့၊ သူတို့က နောက်တစ်ကြိမ် ကျွန်မရဲ့ခြေထောက်တွေကို ဆွဲကားကြတယ်၊ ပြီးတော့ နံရံကိုမှီပြီး ကျွန်မကို မတ်မတ်ထိုင်ခိုင်း တယ်။ လက်ထိပ်ခတ်ထားလို့ ကျွန်မ မတ်မတ်မထိုင်နိုင် တော့၊ သူတို့က လက်ထိပ်တွေ ဖြုတ်ပေးတယ်။ ကြမ်းပေါ်မှာ ကျွန်မရဲ့လက်တွေကို အလိုအလျောက်ဖိလိုက်ပြီး ကျွန်မရဲ့န္ဓာကိုယ်က ရှေ့ကို ကိုင်းလိုက်တယ်။ အဲဒီနည်းနဲ့ ကျွန်မရဲ့နာကျင်မှုကို နည်းနည်းသက်သာစေတယ်။ ဒါပေမယ့် ရဲအရာရှိတစ်ယောက်က ဒေါသတကြီး နဲ့ ကျွန်မရဲ့လက်တွေကို ဆွဲမလိုက်ရင်းနဲ့၊ တစ်ချိန်တည်းမှာပဲ ကျွန်မရဲ့ခါးအောက်ပိုင်းကို ခပ်ပြင်းပြင်းဖိချလိုက်တယ်။ ကျွန်မရဲ့ခါးအောက်ပိုင်းက ကျိုးတော့မလို ကျွန်မ ချက်ချင်းခံစားလိုက်ရတယ်။ နာလွန်းလို့ ကျွန်မ အော်လိုက်မိတယ်။ ကျွန်မရဲ့အာခေါင်က အရမ်းခြောက်နေလို့ ကျွန်မ သိပ်မအော်နိုင်သလို၊ အရမ်းနာကျင်ပြီး ကျွန်မ သတိလစ်တော့မယ်လို့ ထင်လိုက်မိတယ်။ သူတို့ကိုယ်တိုင် မောပန်းသွားတော့မှပဲ၊ နောက်ဆုံးမှာ သူတို့ရပ်လိုက်ကြတယ်။ သူတို့ ထွက်သွားရင်းနဲ့၊ သူတို့ထဲက အရာရှိ တစ်ယောက်က- “နောက်တစ်ခါဆိုရင် သူရဲ့ခြေထောက်တွေကို ကုတင်နှစ်ခုကြားမှာ ထားပြီး သူ့ကို ကားခိုင်းထားလိုက်။ အဲဒီအခါကျ သူ ပြော၊မပြော ကြည့်ကြရအောင်” လို့ ပြောသွားတယ်။ သူ အဲဒီလိုပြောတာ ကျွန်မကြားလိုက်ရတော့၊ ကျွန်မ ကြောက်ပြီးတုန်သွားတယ်။ နောက်ဆုံးအကြိမ် ညှဉ်းပန်းနှိပ်စက်တုန်းက တောင် အရမ်းပြင်းပြင်းထန်ထန် နာကျင်ခဲ့ပြီးပြီ လေ။ သူတို့ အဲဒီလိုဆက်လုပ်နေရင်၊ ကျွန်မရဲ့အသက် ကိုတောင် အန္တရာယ်ဖြစ်စေနိုင်မှာပဲ။ အဲဒီလိုနဲ့ သူတို့ရဲ့လက်ထဲမှာ ကျွန်မ မသေချင် ဘူး။ အဲဒီအချိန်မှာ ကျွန်မ အကြံဉာဏ်တစ်ခု ရလိုက်တယ်။ သိပ်အရေးမကြီးတဲ့ အချက်အလက်တွေ သူတို့ကို ကျွန်မပြောပြလို့ရမယ် ထင်တယ်လို့ပေါ့။ အဲဒီလို ဆိုရင် အနည်းဆုံးတော့ ကျွန်မကို သေတဲ့ အထိ ညှဉ်းပန်းနှိပ်စက်မှာ မဟုတ်ဘူး။ အဲဒီနောက်၊ သခင်ယေရှု ပြောခဲ့တဲ့ စကားတွေကို ကျွန်မ စဉ်းစားမိတယ်- “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၅) “ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။” (ရှင်မဿဲခရစ်ဝင် ၁၀:၂၈) ကျွန်မရဲ့အသက်ဟာ ဘုရားသခင်ရဲ့လက်ထဲမှာ ရှိတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေက သဘောပေါက်စေခဲ့တယ်။ ကျွန်မအနေနဲ့ ကိုယ့်အသက်ကို ကယ်တင်ပြီး ယုဒလို ဘုရားသခင်ကို သစ္စာဖောက်ခဲ့ရင်၊ ကျွန်မရဲ့ခန္ဓာကိုယ်က ဒုက္ခနည်းနည်းခံရမှာကို လွတ်သွားခဲ့ရင်တောင်၊ နောက်ဆုံးမှာ ယုဒလိုပဲ ဘုရားသခင်က ကျွန်မ ကို ကျိန်ဆဲပြီး အပြစ်ဒဏ်ပေးမှာဖြစ်တယ်။ စာတန်က ယောဘကို ထိခိုက်နစ်နာအောင်လုပ် ပြီး၊ သူ့ရဲ့တစ်ကိုယ်လုံးမှာလည်း အနာစိမ်းတွေ ပေါက်တာကြောင့်၊ သူ့ကို အလွန်နာကျင်စေတဲ့အချိန်မှာ၊ သူဟာ ဘုရားသခင်ကို ပြစ်တင်မယ့်အစား၊ သူ့ကိုယ်သူပဲ ကျိန်ဆဲပြီး၊ စာတန်ရဲ့ရှေ့မှာ ဘုရားအတွက် သက်သေခံခဲ့ပြီး နောက်ဆုံးမှာ စာတန်ကို ဘယ်လို လုံးလုံးလျားလျား အရှက်ရစေခဲ့တယ်ဆိုတာကို လည်း ကျွန်မ စဉ်းစားမိတယ်။ ကျွန်မအနေနဲ့ ယောဘကို အတုယူသင့်တယ်။ ကျွန်မ သေမယ်ဆိုရင်တောင် ကျွန်မဟာ ဘုရားသခင်အတွက် သက်သေခံပြီး စာတန်ကို အရှက်ခွဲရမှာဖြစ်တယ်။ ဒါတွေအားလုံး စဉ်းစားပြီးတဲ့အခါမှာ၊ ယုံကြည်မှုနဲ့ခွန်အားတွေ အသစ်ပြန်ဖြစ်လာ တယ်လို့ ကျွန်မ ခံစားလိုက်ရတယ်။ ရဲတွေက ကျွန်မကို ဘယ်လိုပဲညှဉ်းပန်းနှိပ်စက် ပါစေ၊ ယုဒတစ်ယောက်အနေနဲ့ ဘုရားသခင်ကို ကျွန်မ ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး။

နေ့လည် နှစ်နာရီလောက်မှာ၊ ရဲတွေက နောက်တစ်ကြိမ် ရောက်လာကြတယ်။ အရာရှိတွေထဲက တစ်ယောက်က ဝင်လာပြီး- “မင်း အခုပြောမှာလား။ မင်း မပြောရင်၊ ငါတို့ မင်းကို ဆက်ပြီးနှိပ်စက်မယ်” လို့ ချက်ချင်း ပြောလိုက်တယ်။ ကျွန်မ စပြီး ရင်တုန်ပန်းတုန် ဖြစ်လာတယ်။ ကျွန်မ အရမ်းထိတ်လန့်ပြီး ကြောက်သွားတယ်။ ကျွန်မ ဘုရားသခင်ကိုပဲ ခေါ်မြဲခေါ်နေမိတော့ တယ်။ ကျွန်မ ဘာမှမပြောတော့၊ ကျွန်မကို တံခါး နောက် ခေါ်သွားပြီး ကျွန်မရဲ့ခြေထောက်တွေကို ဆက်ပြီးဆွဲဆန့်ကြတယ်။ ကျွန်မ အရမ်းပြင်းပြင်းထန်ထန်နာကျင်ပြီး တစ်ကိုယ်လုံးလည်း ထပ်ပြီးချွေးတွေပြန်လာ တယ်။ “မင်းတို့ ဘာဖြစ်လို့ ဒီလောက်ရက်စက်နိုင်ကြ တာလဲ” လို့ ကျွန်မ ဒေါသနဲ့ အော်လိုက်တယ်။ အရာရှိတွေထဲက တစ်ယောက်က ရက်စက်ယုတ် မာတဲ့အပြုံးနဲ့- “မင်းကို ငါတို့က ရက်စက်တယ်၊ ဟုတ်လား။ ငါတို့ကို မပြောဘဲနေတာက မင်းလေ။ ဒီတစ်ခါ ငါတို့က မင်းကို ကျွမ်းဘားကစားခိုင်း မှာ။ မင်း ပြန်သွားတဲ့အခါမှာ သင်တန်းဆရာ တစ်ယောက်အနေနဲ့ မင်း အလုပ်လုပ်နိုင်မှာပေါ့” လို့ ပြောတယ်။ အဲဒီလိုနဲ့၊ ကျန်တဲ့တစ်နေ့လည်လုံးမှာ ကျွန်မကို နှစ်ကြိမ်ဆွဲကားထားကြတယ်။ အရမ်းနာကျင်လွန်းတဲ့အတွက် ကျွန်မ မကြာခဏဆိုသလို ရုန်းကန်ပြီး အော်နေခဲ့တယ်၊ ဒါကြောင့် အရာရှိတစ်ယောက်က ကျွန်မရဲ့ပါးစပ် ထဲကို ညှပ်ဖိနပ်တစ်ခု ထည့်ထားလိုက်တယ်။ မခံမရပ်နိုင်အောင်နာပြီး နည်းနည်းသက်သာဖို့ အတွက် ကျွန်မ မကြာခဏ ခေါက်တုန့်ခေါက်ပြန် ယိမ်းနေလိုက်တယ်။ ကျွန်မ လုံးဝမခံနိုင်တဲ့အနေအထား ရောက်တော့ မှသာ နောက်ဆုံး သူတို့က ကျွန်မကို ပြန်လွှတ် ပေးတယ်။ ကျွန်မ ကြမ်းပြင်ပေါ်ကို ပုံပြီးကျသွားသလို၊ အရာရှိတွေထဲက တစ်ယောက်က ရက်စက်ယုတ် မာတဲ့အပြုံးနဲ့- “ကြည့်ရတာ နောက်ဆုံးတော့ မင်း ကောင်းကောင်းကားတတ်သွားပြီနဲ့တူတယ်” လို့ ပြောတယ်။ သူတို့ရဲ့ ရုပ်ဆိုးတဲ့မျက်နှာတွေကို ကြည့်ရင်း၊ ကျွန်မ အရမ်းစိတ်ဆိုးသွားတယ်။ သူတို့အားလုံးဟာ မျက်တောင်တစ်ချက်မခတ်ဘဲ ကျွန်မ ကိုသတ်မယ့် နတ်ဆိုးအုပ်စုတစ်စုပဲ။ ကျွန်မက သူတို့ကို ဘာမှမပြောတော့၊ အရာရှိ တွေထဲ တစ်ယောက်က- “မင်းက တော်တော်ခေါင်းမာတဲ့တစ်ယောက်ပဲ၊ ဟုတ်လား။ မင်း မပြောရင်၊ ငါတို့ မင်းရဲ့လက်ချောင်းတွေကို ညှပ်ပစ်မယ်” လို့ ဒေါသနဲ့ပြောတယ်။ ပြီးတော့ ကျွန်မရဲ့တုံ့ပြန်မှုကို မစောင့်ဘဲ၊ သူတို့က ကျွန်မရဲ့လက်တွေကိုဖမ်းပြီး ကျွန်မလက်ချောင်းတွေရဲ့ လက်ဆစ်တိုင်းကို ခဲတံတွေနဲ့ ညှပ်တော့တယ်။ ကျွန်မ နာကျင်လွန်းလို့ ကျွန်မရဲ့ခြေထောက် တွေနဲ့ ပြင်းပြန်းထန်ထန် စကန်ကျောက်နေမိပြီး၊ အရာရှိတွေက ကျွန်မကို ဖမ်းချုပ်ထားကြတယ်။ ကျွန်မ နောက်ဆုံးရှိသမျှခွန်အားတွေ သုံးပေ မယ့်၊ ကျွန်မ လွတ်အောင် ရုန်းထွက်လို့မရတော့၊ အဆက်မပြတ်အော်နေမိတော့တယ်။ နာကျင်မှုက အရမ်းပြင်းထန်တော့ ကျွန်မရဲ့ လက်ချောင်းအရိုးတွေ ကျိုးသွားတော့မယ်လို့ ကျွန်မ ထင်မိတယ်။ ကျွန်မရဲ့နှလုံးသားထဲကနေ ဘုရားသခင်ကို ဆုတောင်းမြဲတောင်းနေလိုက်ပြီး၊ နတ်ဆိုးတွေရဲ့ညှဉ်းပန်းနှိပ်စက်တဲ့ဒဏ်ကို ခံနိုင် ဖို့အတွက် ကျွန်မကို ခွန်အားပေးပြီး၊ လမ်းပြပေး ဖို့ တောင်းလျှောက်နေမိတယ်။ နောက်အရာရှိတစ်ယောက်က- “မင်း ဆက်ပြီးအော်နေရင် ငါတို့ မင်းပါးစပ်ကို ဆို့ထားပြီး၊ မင်းရဲ့လက်ချောင်းတွေကိုလည်း ကျိုးအောင် ညှပ်ပစ်မယ်” လို့ ပြောတယ်။ အဲဒီနောက် သူက ကျွန်မရဲ့ပါးစပ်ထဲကို ညှပ်ဖိနပ် နဲ့ ဆို့ထားပြန်တယ်။ ကျွန်မရဲ့လက်ချောင်းတွေအားလုံးကို မညှပ်နိုင် ခင်မှာ၊ ခဲတံတစ်ချောင်း ကျိုးသွားတော့၊ သူတို့က ကျိုးသွားတဲ့ခဲတံကိုသုံးပြီး ဆက်ညှပ် ကြတယ်။ လက်ချောင်းကိုးချောင်းစလုံး ညှပ်ပြီးတော့မှပဲ နောက်ဆုံးတော့ သူတို့လွှတ်လိုက်ကြတယ်။ ကျွန်မရဲ့လက်ချောင်းတွေက ဝက်အူချောင်းတွေ လို ရောင်ကိုင်းလာပြီး ပူလောင်တဲ့နာကျင်မှုဒဏ် ကို ခံစားရတယ်။ ကျွန်မရဲ့တစ်ကိုယ်လုံးလည်း နာကျင်မှုတွေနဲ့ ပြည့်နှက်နေပြီး အသက်ရှူတာလည်း အရမ်းအား နည်းလာတယ်။ ကျွန်မ အသက်ရှုကျပ်သလို ခံစားရတယ်။ အဲဒီနောက် ကျွန်မကို နှိပ်စက်ဖို့ လျှပ်စစ်တုတ် သုံးတော့မယ်လို့ နောက်အရာရှိတစ်ယောက်က ပြောတာကို ကျွန်မကြားရတော့ ကျွန်မ ပိုပြီးတောင်ကြောက်သွားတယ်- ကျွန်မရဲ့အသက်အရွယ်မှာ လျှပ်စစ်တုတ်နဲ့တို့ တာကို ကျွန်မ ဘယ်လိုခံနိုင်မှာလဲ။ ကျွန်မ မခံနိုင်ဘဲ ဒီညှဉ်းပန်းနှိပ်စက်မှုကြောင့် သေသွားရင် ဘယ်လိုလုပ်မလဲ။ ကျွန်မ ဘုရားသခင်ကို မြန်မြန်ဆုတောင်းလိုက် တယ်- “ဘုရားသခင်၊ ကျွန်မ ဒါကို ထပ်ပြီးဒဏ်ခံနိုင် တော့မယ် မထင်ဘူး။ ဒီလူယုတ်မာတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ကျွန်မ မခံနိုင်တော့ပါဘူး။ ဒီဆင်းရဲဒုက္ခကို ခံနိုင်အောင် ကျွန်မကို စိတ်ဓာတ် ကြံ့ခိုင်မှုပေးဖို့ ကျွန်မ ဆုတောင်းပါတယ်၊ ပြီးတော့ ကိုယ်တော့်အတွက် သက်သေရပ်တည် ဖို့ ကျွန်မလိုလားလျှက်ရှိပါတယ်” လို့ပေါ့။ ဆုတောင်းပြီးတဲ့အခါမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မစဉ်းစားမိတယ်- “လူတို့သည် ၎င်းတို့၏ဘဝများကို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်သည့်အခါ၊ အရာရာတိုင်းသည် အသေးအဖွဲ ဖြစ်လာကြပြီး၊ မည်သူမျှ ၎င်းတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခြင်းမရှိတော့ချေ။ အသက်ထက် မည်သည့်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။ ထို့ကြောင့် စာတန်သည် လူတို့အထဲတွင် နောက်ထပ် မည်သည့်အရာမျှ လုပ်ဆောင်နိုင်စွမ်း ရှိမလာပေ၊ လူနှင့် ပတ်သက်၍ ၎င်းလုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃၆” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မ ကို ယုံကြည်မှုနဲ့ခွန်အားပေးခဲ့တယ်။ ကျွန်မရဲ့အသက်နဲ့ ပေးဆပ်သင့်တယ်။ ဘုရားသခင်ကို သစ္စာဖောက်မယ့်အစား၊ သေတဲ့အထိ ကျွန်မ အရိုက်ခံမယ်။ ကျွန်မရဲ့ တွန့်ဆုတ်မှုနဲ့သူရဲဘောကြောင်မှုဟာ ကျွန်မရဲ့ခန္ဓာကိုယ်ကို မက်မောလွန်းတာကြောင့် ရယ်၊ ကျွန်မရဲ့အသက်အတွက် ကျွန်မ စိုးရိမ်လွန်းတာ ကြောင့် ဖြစ်ပြီး၊ ကျွန်မရဲ့စိတ်နှလုံးကို ဘုရားသခင်ဆီ နည်းနည်း မှ ပေးမထားတာကို ကျွန်မ သဘောပေါက်လိုက် တယ်။ ဘုရားသခင်က သူ့အမှုတော်တွေကို သူဆောင်ရွက်ပြီး လူတွေဆီကတစ်ဆင့် ဘုန်းအသရေရဖို့နဲ့ သူတို့စိတ်နှလုံးတွေကို ရယူဖို့ သူတို့ကို ဘုရားက စစ်ကြောတယ်။ ဘုရားသခင်က ကျွန်မကို သက်သေခံပေးဖို့ လိုအပ်တဲ့အချိန်မှာ ကျွန်မဟာ ကိုယ့်ရဲ့ခန္ဓာကိုပဲ စဉ်းစားမိတယ်။ ကျွန်မ နည်းနည်းလေးမှ သက်သေမထွက်ဆိုခဲ့ ဘူး။ ဒါကို သဘောပေါက်လိုက်တော့၊ ကျွန်မ ရှက်ပြီး အပြစ်ရှိသလိုခံစားရတယ်။ ဘုရားသခင်ရှေ့မှောက်မှာ ကျွန်မ သန္နိဋ္ဌာန်ချ လိုက်တယ်- “ရဲတွေက ကျွန်မကို ဘယ်လိုပဲညှဉ်းပန်းနှိပ်စက် ပါစေ၊ ကျွန်မ ဘုရားသခင်ကို သစ္စာဖောက်မှာ မဟုတ်ပါဘူး” လို့ပေါ့။ အဲဒီရက်တွေအတွင်းမှာ ရဲတွေက ကျွန်မကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့နည်းတွေအားလုံးကို ကျွန်မ ပြန်စဉ်းစားတဲ့အခါမှာ ကျွန်မ စီစီပီကို ကျွန်မရဲ့စိတ်နှလုံးအကြွင်းမဲ့ မုန်းမိတယ်။ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက် လိုက်တာဟာ သဘာဝကျပြီး မှန်ကန်ပေမယ့်၊ သူတို့ဟာ ယုံကြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်ပြီး ညှဉ်းပန်းနှိပ်စက်တဲ့အပြင်၊ သူတို့အနေ နဲ့ အသင်းတော်ကို နှိမ်နင်းနိုင်မယ်လို့ အချည်းနှီး ယုံကြည်နေကြတယ်။ သူတို့ဟာ ဘုရားသခင်ကိုမုန်းပြီး ဆန့်ကျင်တဲ့ နတ်ဆိုးတစ်စုပဲ ဖြစ်တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဖော်ပြ တဲ့အတိုင်းပါပဲ- “ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။...ဘုရားသခင်၏ အမှုအဖို့ ထိုသို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် ထူထောင်ရသနည်း။ ဘုရားသခင်၏ လူစုကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံးချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့မှာ အဘယ်မှာနည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)”) စီစီပီက ဘာသာရေးလွတ်လပ်ခွင့်ကို အားပေး တယ်လို့ ကြေညာပေမယ့်၊ တကယ်တမ်းမှာ သူတို့က ယုံကြည်သူတွေကို ဖိနှိပ်၊ ဖမ်းဆီးပြီး ရက်ရက်စက်စက်ညှဉ်းပန်း နှိပ်စက်သလို၊ အားလုံးကို သတ်ပစ်တာကလွဲလို့ သူတို့ ဘာမှ မလိုချင်ကြဘူး။ သူတို့ရဲ့ ရက်စက်တဲ့ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ကျွန်မတို့ ညီအစ်ကို၊မောင်နှမ ဘယ်နှယောက် လောက်တောင် ခံခဲ့ရပြီးပြီလဲဆိုတာနဲ့၊ သူတို့ကိုယ်ပိုင်အိမ်တွေမှာ နေဖို့ မလုံခြုံတော့တဲ့ အထိ ဘယ်နှယောက်က အလိုက်ခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရပြီးပြီလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ။ တချို့ကဆိုရင် သေတဲ့အထိ၊ ဒါမှမဟုတ် ဒုက္ခိတ ဖြစ်သွားတဲ့အထိတောင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ကြ ရတယ်။ စီစီပီဟာ ဘုရားသခင်ကို ဆန့်ကျင်တဲ့၊ လူမဆန် တဲ့ နတ်ဆိုးတစ်စုသာ ဖြစ်တယ်။ စီစီပီကို ကျွန်မ စိတ်နှလုံးအကြွင်းမဲ့ မုန်းမိသလို၊ အဆင်းနီတဲ့ နဂါးကြီးရဲ့ နိုင်ငံမှာ ဘုရားသခင် အတွက် သူ့ရဲ့အမှုတော်ကို ဆောင်ရွက်ဖို့ ဘယ်လောက်ခက်ခဲမယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ လူသားမျိုးနွယ်ရဲ့ ကယ်တင်ခြင်းအတွက် ဘုရားသခင်က ဘယ်လောက်အနစ်နာခံပြီးပြီလဲ ဆိုတာကို ကျွန်မတွေ့လိုက်ရတော့ ကျွန်မ မျက်ရည်ကျတဲ့အထိ စိတ်လှုပ်ရှားသွား တယ်။ တကယ့်အဆုံးအထိ ဘုရားသခင်နောက်ကို လိုက်ဖို့ ကျွန်မကို ဒါက ပိုပြီးအားတက်သွားစေ ခဲ့တယ်။

နောက်ထပ်နှစ်ရက်အကြာ၊ ကျွန်မဆီက ဘာမှမရသေးဘူးဆိုတာ သူတို့တွေ့တော့၊ ကျွန်မကို တစ်နေကုန် မတ်တပ်ရပ်ခိုင်းထား သလို၊ ကျားထိုင်ခုံမှာ တစ်ညလုံး လက်ထိပ်ခတ် ထားပြီး ပေးမအိပ်ခဲ့ဘူး။ သူတို့က ကျွန်မကို အလှည့်ကျစောင့်ကြည့်ကြ တယ်။ ကျွန်မအိပ်ငိုက်သွားတာကို တွေ့လိုက်တာနဲ့ ကျွန်မကို အော်ပြီးနှိုးတယ်။ ခြေကုန်လက်ပန်းကျပြီး ကျွန်မရဲ့ခေါင်းက ပွင့်ထွက်တော့မယ်လို့ ကျွန်မစဉ်းစားမိတယ်။ ဒီဇင်ဘာလ ၉ ရက်နေ့၊ မနက် ၈ နာရီမှာ ရဲတွေ က ကျွန်မကို ဟိုတယ်ဝင်ပေါက်ကို ခေါ်လာပြီး၊ ကျွန်မရဲ့ဖိနပ်တွေကို ချွတ်ခိုင်းပြီး ရေခဲတွေနဲ့ အေးခဲနေတဲ့ စင်တစ်ခုပေါ်မှာ ကျွန်မကို ဖိနပ်မပါ ဘဲ ရပ်ခိုင်းထားတယ်။ ရေခဲက တစ်စင်တီမီတာလောက်ထူပြီး သိပ်မကြာခင်မှာပဲ အေးလွန်းလို့ ကျွန်မ စတုန်လာသလို၊ ကျွန်မရဲ့ခြေထောက်တွေက လည်း ထုံသွားတယ်။ အဲဒီအချိန်မှာ သူတို့က အသင်းတော်နဲ့ပတ်သက် ပြီး ကျွန်မကို ထပ်ပြီးစစ်ဆေးမေးမြန်းတော့ တယ်။ ကျွန်မက ဘာမှမပြောတော့၊ အရာရှိတွေထဲက တစ်ယောက်က လက်ချောင်းလောက်ထူတဲ့ သစ်ကိုင်းတစ်ခုကိုယူပြီး ကျွန်မရဲ့ခြေထောက်ကို ဖြတ်ရိုက်ရင်း၊ “ဆက်ပြီး မပြောဘဲနေ၊ ဘာဖြစ်မလဲ ကြည့်ကြတာပေါ့” လို့ ရက်ရက်စက်စက်အော်ပြောတယ်။ သူက ရိုက်ရတာ ပင်ပန်းလာတဲ့အခါမှာ ခဏနားပြီး နောက်ဆက်ရိုက်တယ်။ အဲဒီအချိန်မှာ သုညဒီဂရီအောက် တော်တော်လေးရောက်နေပြီး၊ ကျွန်မရဲ့ခြေဖဝါးတွေက အေးခဲလာနေတယ်၊ ကျွန်မရဲ့ခြေခုံတွေက အရမ်းနာလာပြီး၊ အေးလို့ ကျွန်မ တုန်လာတယ်။ နာကျင်မှုနဲ့အေးတဲ့ဒဏ်တွေက ကျွန်မခံနိုင်တာ ထက် လွန်ကဲနေတယ်။ အချိန်မရွေး ကျွန်မ သတိလစ်သွားနိုင်တယ်လို့ ကျွန်မခံစားရတယ်။ “သူ အဲဒီလိုဆက်ပြီးရိုက်နေရင် ငါ့ရဲ့ခြေထောက်တွေက မသန်စွမ်းဖြစ်တော့မှာ ပဲ” လို့ ကျွန်မ စဉ်းစားမိတယ်။ အဲဒီအချိန်မှာ ကျွန်မ အရင်က ကြားဖူးတဲ့ အစ်ကိုတစ်ယောက်ရဲ့ဇာတ်လမ်းကို စဉ်းစားမိ တယ်၊ ရဲတွေက သူ့ကို သစ်ပင်တစ်ပင်မှာ ချည်ထားပြီး အနှုတ်တစ်ဆယ်ဒီဂရီအအေးဒဏ်ထဲမှာ တစ်ညလုံး အပြင်ဘက်မှာ ထားတယ်။ ဘုရားသခင်ရဲ့ အကာအကွယ်နဲ့ အအေးဒဏ် ကြောင့် သူ မဖျားနာခဲ့ဘူး။ နတ်ဆိုးရဲ့ရက်စက်မှုကို ကျော်လွှားပြီး သက်သေခံဖို့အတွက် အဲဒီအစ်ကိုက ဆုတောင်း ပြီး ဘုရားသခင်ကို အားကိုးခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို အားကိုးရမှာဖြစ်တယ်လို့ ကျွန်မစဉ်းစားမိတယ်။ ဒါကြောင့် ကျွန်မ ဘုရားသခင်ကို မြန်မြန် ဆုတောင်းလိုက်ပြီး၊ နတ်ဆိုးရဲ့ညှဉ်းပန်းနှိပ်စက် တဲ့ဒဏ်ကို ကျော်လွှားနိုင်ဖို့အတွက် ကျွန်မရဲ့စိတ်နှလုံးသားကို ကာကွယ်ပြီး ကူညီဖို့ တောင်းဆိုခဲ့တယ်။ အရာရှိတွေက ကျွန်မကို မိနစ် ၄၀ လောက် ညှဉ်းပန်းနှိပ်စက်ကြပြီး၊ ကျွန်မကို ရိုက်နေတုန်း မှာ သစ်ကိုင်းရဲ့အစိတ်အပိုင်းတချို့လည်း ကျိုး ထွက်ကုန်တယ်။ ကျွန်မရဲ့ခြေထောက်တွေက မခံမရပ်နိုင်အောင် နာကျင်ပြီး ပူဖောင်းတွေလို ရောင်တက်လာသလို၊ နောက်ဆုံးမှာ လုံးဝထုံသွားတယ်။ ကျွန်မ လုံးဝခြေကုန်လက်ပန်းကျသွားပြီး၊ ပြုတ်လုတဲကာမျှပဲ ရှိသလို ခံစားရတယ်။ အဲဒီည ရှစ်နာရီမှာ ရဲတွေက ကျွန်မနဲ့ ကျွန်မရဲ့ ညီအစ်ကို၊မောင်နှမတွေကို ပြန်ပညာပေးတဲ့ ဗီဒီယိုတစ်ခု ကြည့်ခိုင်းတယ်။ အဲဒါက ဘုရားသခင်ကို ပြစ်မှားပြီး အသရေဖျက် တဲ့ အကြောင်းအရာတွေနဲ့ ပြည့်နေတယ်။ အဲဒါက ကျွန်မကို အရမ်းစိတ်ဆိုးစေပြီး မချင့်မရဲဖြစ်စေ တယ်။ ဗွီဒီယိုကြည့်ပြီးတဲ့အခါမှာ ကျွန်မတို့ ဘယ်လိုမြင် တယ်ဆိုတာကို ဆွေးနွေးခိုင်းတယ်။ ကျွန်မက- “ဘုရားသခင်အပေါ် ကျွန်မတို့ရဲ့ယုံကြည်ချက်နဲ့ သူ့နောက်လိုက်ရာမှာ ဘဝရဲ့ မှန်ကန်တဲ့ လမ်းကြောင်းကို ကျွန်မတို့ ရောက်ရှိလာတာ ပဲဖြစ်တယ်။ မင်းတို့ပြတဲ့ ဗွီဒီယိုဟာ မဟုတ်မမှန် အသရေဖျက် တာတွေနဲ့ ပြည့်နှက်နေတယ်” လို့ ပြောလိုက် တယ်။ ကျွန်မရဲ့တုံ့ပြန်မှုကို သူတို့က မကျေနပ်ကြတော့ ကျွန်မကို ပြစ်ဒဏ်ပေးတဲ့အနေနဲ့ မတ်တပ်ရပ်ခိုင်းထားတယ်။ သူတို့က ကျွန်မရဲ့ဖိနပ်တွေကိုလည်း ချွတ်ခိုင်းပြီး၊ သစ်ကိုင်းနဲ့ ကျွန်မရဲ့ခြေထောက်ကို စပြီးရိုက် ကြပြန်တယ်။ မနက်ကလည်း တစ်ကြိမ် ကျွန်မ အရိုက်ခံရပြီးပြီ ဖြစ်လို့၊ ဒီတစ်ကြိမ်ရိုက်တဲ့အခါ ပိုပြီးတောင် နာကျင်စေတယ်။ ကျွန်မခြေချောင်းတွေရဲ့အရိုးတွေ ကျိုးမတတ် ခံစားရပြီး၊ နာကျင်မှုကြောင့် ကျွန်မ တစ်ချိန်လုံး တုန်နေ တယ်။ သူတို့က ကျွန်မရဲ့အခန်းကို ပြန်မလွှတ်ခင် ကျွန်မကို နာရီဝက်လောက်ရိုက်ပြီး၊ တစ်ညလုံး မတ်တပ်ရပ်ခိုင်းထားတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ကျွန်မခံခဲ့ရတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေအားလုံးနဲ့ အိပ်ရေးပျက်လို့ ကျွန်မရဲ့ခေါင်းက တဒုတ်ဒုတ်နဲ့ ကိုက်ခဲနေခဲ့ပုံကို ကျွန်မ စဉ်းစားတယ်။ ကျွန်မရဲ့အထဲမှာ အရမ်းအားနည်းသလို ခံစားရ ပြီး၊ သူတို့ ကျွန်မကို နောက်ထပ် ဘယ်လောက်ကြာ ကြာ ညှဉ်းပန်းနှိပ်စက်ကြမယ်ဆိုတာကိုလည်း ကျွန်မ မသိဘူး။ ကျွန်မကို သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်ပြီးမှပဲ သူတို့ ရပ်ချင်ရပ်မယ့်ပုံပဲ။ ကျွန်မရဲ့ အားနည်းမှုတွေနဲ့ဆင်းရဲဒုက္ခတွေကြား ထဲက ဘုရားသခင်ကို ကျွန်မဆုတောင်း လိုက်တယ်- “ဘုရားသခင်၊ ကျွန်မ နောက်ထပ်ဆက်ပြီး ဒဏ်မခံနိုင်တော့ဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ရှေ့ဆက်လမ်းပြဖို့ တောင်းလျှောက်ပါတယ်” လို့။ ဆုတောင်းပြီးတော့၊ ကျွန်မရဲ့ခေါင်းထဲကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက စာပိုဒ်တစ်ပိုဒ် ရောက်လာတယ်။ “နောက်ဆုံးသောကာလ၏ လူစုထဲက ငါ၏အမှုသည် မကြုံစဖူးသော လုပ်ငန်းတစ်ခု ဖြစ်ပြီး၊ ထို့ကြောင့်၊ ငါ၏ဘုန်းအသရေသည် စကြဝဠာကို ပြည့်နိုင်ဖို့အလို့ငှာ၊ လူအားလုံးသည် ငါ့အတွက် နောက်ဆုံးသော ဆင်းရဲဒုက္ခကို ခံစားကြရမည်။ သင်တို့သည် ငါ၏ အလိုကို နားလည်ကြသလော။ ဤသည်မှာ လူသားနှင့်သက်ဆိုင်သည့် ငါပြုသော နောက်ဆုံးသတ်မှတ်ချက်ဖြစ်သည်၊ ဆိုလိုသည်မှာ လူအားလုံးသည် အဆင်းနီသောနဂါးကြီးရှေ့တွင် အားကောင်းသည့်၊ ထူးကဲသော သက်သေကို ခံနိုင်ကြရန်၊ ၎င်းတို့သည် နောက်ဆုံးသော အကြိမ် မိမိတို့ကိုယ်ကိုယ် ငါ့အတွက် ပူဇော်နိုင်ပြီး၊ နောက်ဆုံးအကြိမ် ငါ၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ငါမျှော်လင့်သည်။ သင်တို့သည် ဤအရာကို အမှန်တကယ် လုပ်ဆောင်နိုင်ကြသလော။ အတိတ်တွင် သင်တို့သည် ငါ၏စိတ်နှလုံးကို ကျေနပ်စေနိုင်စွမ်း မရှိခဲ့ကြချေ- နောက်ဆုံးအကြိမ်တွင် သင်တို့သည် ဤပုံစံကို ချိုးဖျက်နိုင်ကြမည်လော။ ငါသည် လူတို့ကို ဆင်ခြင်သုံးသပ်ရန် အခွင့်အရေး ပေးသည်။ ငါ့ကို နောက်ဆုံး အဖြေတစ်ခု မပေးမီ ၎င်းတို့အား သေချာစွာ တွေးဆခွင့်ပေးသည်- ဤသို့ လုပ်ဆောင်ရန် မှားယွင်းသလော။ ငါသည် လူ၏တုံ့ပြန်ချက်ကို စောင့်ဆိုင်းသည်၊ သူ၏ ‘ပြန်စာ’ ကို ငါစောင့်ဆိုင်း၏- သင်တို့သည် ငါ၏သတ်မှတ်ချက်များကို ဖြည့်ဆည်းရန် ယုံကြည်ခြင်းရှိကြသလော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃၄” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို တွေးဆရင်းနဲ့၊ လူသားမျိုးနွယ်ကို ရွေးနုတ်ကယ်တင်ဖို့ သခင်ယေရှုက ဘယ်လိုကားစင်တင်ခံခဲ့ရတယ် ဆိုတာနဲ့၊ နောက်ဆုံးသောကာလ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ နောက်တစ်ကြိမ် လူ့ဇာတိခံပြီး၊ အဆင်းနီတဲ့ နဂါးကြီးရဲ့ သွေးရူးသွေးတန်းလိုက် တာ ခံရပြီး၊ ဘာသာရေးလောကရဲ့ ပြစ်တင် ရှုတ်ချတာနဲ့ အသရေပျက်အောင် မဟုတ်မမှန် ပြောဆိုတာတွေ ခံခဲ့ရပုံကို ကျွန်မ စဉ်းစားမိ တယ်။ လူသားမျိုးနွယ်အားလုံးကို ကယ်တင်ဖို့ ဘုရားသခင်က ဒုက္ခအများကြီးခံရပြီးပြီ။ ဒီနှစ်တွေအတွင်းမှာ ဘုရားသခင်ကို ကျွန်မ ယုံကြည်ရာမှာ၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ရေလောင်းပြီး ထောက်ပံ့ပေးတာကို ကျွန်မ အရမ်းမွေ့လျော်ခဲ့ ပေမယ့်၊ တကယ် လုံးဝသက်သေမခံရသေးတာကို ကျွန်မ တွေးမိတယ်။ ကျွန်မရဲ့ယုံကြည်မှုကို စုံလင်အောင်ပြုဖို့နဲ့ ကျွန်မ ကို သက်သေခံခွင့်ပေးဖို့အတွက် ကျွန်မကို ညှဉ်းပန်းနှိပ်စက်ဖို့ အဆင်းနီတဲ့ နဂါးကြီးကို ဘုရားသခင်က ခွင့်ပေးနေခဲ့တာပါ။ အဆင်းနီတဲ့ နဂါးကြီးရှေ့မှောက်မှာ သက်သေခံ ပြီး စာတန်ကို အရှက်ခွဲဖို့အတွက် ကျွန်မ ဘုရားသခင်ကို အားကိုးရမှာဖြစ်တယ်။ အဲဒီညမှာ ဘုရားသခင်ကို ကျွန်မဆုတောင်းပြီး သူ့ရဲ့နှုတ်ကပတ်တော်တွေကို ချင့်ချိန်တွေးဆခဲ့ သလို၊ ကျွန်မရဲ့ မချိတင်ကဲဝေဒနာ လျော့သွား တယ်လို့ ကျွန်မ ခံစားရတယ်။

နောက်နှစ်ရက်၊သုံးရက်ကြာတော့၊ ရဲတွေက ကျွန်မကို စစ်ဆေးမေးမြန်းဖို့ ရောက်လာကြပြန် တယ်။ ကျွန်မ ဘာမှမပြောတော့၊ ရဲအရာရှိနှစ်ယောက်က ကျွန်မရဲ့ ဘယ်ညာခြေထောက်တွေကို ဖမ်းကိုင် ပြီး၊ သူတို့ထဲက တစ်ယောက်က ကျွန်မရဲ့ဘယ်ဘက် ခြေထောက်ကို နံရံဆီ သူ့ရဲ့ခြေထောက်နဲ့ တွန်းထားရင်းနဲ့ တခြားအရာရှိတစ်ယောက်က ကျွန်မရဲ့ခေါင်းကို ညာဘက်ကိုလိမ်ပြီး ကျွန်မရဲ့ညာခြေထောက်ပေါ် ပြင်းပြင်းထန်ထန် တက်နင်းလိုက်တယ်။ ကျွန်မ ပြင်းပြင်းထန်ထန်နာကျင်ပြီး အသက်ရှု ကျပ်သလို ခံစားရတယ်။ အဲဒီနောက် အရာရှိတစ်ယောက်က သူ့ရဲ့ ခြေထောက်ကိုသုံးပြီး ကျွန်မရဲ့ခြေထောက်တွေကို အတူဖိထားလိုက်ပြီးမှ ကန်ပြီး ခွဲထုတ်လိုက်တယ်၊ အဲဒီလို အကြိမ်ပေါင်းများစွာ ဆက်ပြီးလုပ်ရင်းနဲ့- “မင်း ဘယ်လောက်ခေါင်းမာနိုင်မလဲ ကြည့်ကြ တာပေါ့။ ငါမင်းကို သေတဲ့အထိ နှိပ်စက်မှာ” လို့ ပြောနေခဲ့တယ်။ အဲဒီနောက် သူ့ရဲ့ခြေထောက်ကိုသုံးပြီး ဒူးနောက် ကနေ ကျွန်မရဲ့ခြေထောက်ကို ပင့်မလိုက်ပြီး အဲဒါကို သုံးကြိမ်ဆက်တိုက် ရိုက်ချလိုက်တယ်။ အဲဒီ‌နောက် ကျွန်မရဲ့ပေါင်ကို ခပ်ကြမ်းကြမ်းနင်း လိုက်ပြီး၊ အပေါ်အောက် တက်ကြိတ်လိုက်တယ်။ နောက်ထပ် အကြိမ်ပေါင်းမရေတွက်နိုင်လောက် အောင် ကျွန်မရဲ့ဘယ်နဲ့ညာခြေထောက်တွေကို တလှည့်စီနင်းတယ်။ ကျွန်မပေါင်တွေရဲ့ အသားတွေကို သူက အတင်း လှီးထုတ်နေသလို ခံစားရပြီး နာကျင်လွန်းတဲ့အတွက် ကျွန်မ မထိန်းနိုင်ဘဲ မချိမဆံ့ဝေဒနာ ခံစားရင်းက အော်လိုက်တော့၊ သူက ညှပ်ဖိနပ်တစ်ခုကို ကျွန်မရဲ့ပါးစပ်ထဲ လာပြီးသိပ်ထည့်လိုက်တယ်။ ကျွန်မရဲ့ခြေထောက်ကို စုစုပေါင်း သုံးကြိမ် အတင်းဆွဲကားကြတယ်။ နောက်တော့ သူတို့က ကျွန်မရဲ့လက်ချောင်းတွေ ကို ဘောပင်နှစ်ချောင်းနဲ့ညှပ်ပြီး ဖိဆွဲချတယ်။ အဲဒီနည်းလမ်းနဲ့ ကျွန်မကို အကြိမ်ကြိမ် ညှဉ်းပန်းနှိပ်စက်ကြတယ်။ ဘယ်လောက်ဆိုးရွားတယ်ဆိုတာ ကျွန်မ ဖော်ပြ လို့တောင် မရဘူး။ ကျွန်မ ဘုရားသခင်ကို အဆက်မပြတ်ဆုတောင်း နေခဲ့တယ်၊ ပြီးတော့ ကျွန်မခေါင်းထဲမှာရှိတဲ့ တစ်ခုတည်း သောအတွေးက ယုဒတစ်ယောက်ဖြစ်မလာခင် ကျွန်မ သေမှဖြစ်မယ်ဆိုတာပဲ။ အဲဒီအချိန်မှာ ဘုရားသခင်နှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ် ကျွန်မခေါင်းထဲ ဝင်လာ တယ်- “ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “သင်၏ ဒုက္ခမည်မျှပင်ကြီးပါစေ၊ ဘုရားကို ကြိုးစားချစ်ပါ”) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို ခွန်အားပေးတယ်။ အဆင်းနီတဲ့ နဂါးကြီးရဲ့ ရှေ့မှောက်မှာ ဘုရားအတွက် ကျွန်မ သက်သေခံဖို့ အခွင့်အရေး တစ်ခု ရရှိခဲ့တာဖြစ် ပြီး— ဒါဟာ ကြီးမားတဲ့ဂုဏ် တစ်ခုပဲ။ ရဲတွေက ကျွန်မကို ဘယ်လိုပဲညှဉ်းပန်းနှိပ်စက် ပါစေ၊ ကျွန်မမှာ ထွက်သက်တစ်ခု ကျန်သေးသမျှ၊ ကျွန်မ ဘုရားသခင်အတွက် သက်သေခံပြီး၊ စာတန်ကို ကောင်းကောင်းအရှက်ခွဲသင့်တယ်။

ဒီဇင်ဘာလ ၁၃ ရက်၊ မနက် ခြောက်နာရီလောက် မှာ၊ ရဲတွေက ကျွန်မတို့ကို ခန်းမထဲခေါ်သွားပြီး နိုင်ငံတော်သီချင်းကို ဆိုခိုင်းတယ်။ ကျွန်မရဲ့ခြေထောက်တွေက ရောင်ကိုင်းနေပြီး လမ်းလျှောက်လို့မရအောင် အရမ်းဆိုးနေလို့၊ အရာရှိနှစ်ယောက်က တံခါးဝဆီကို ကျွန်မကို ဆွဲခေါ်သွားတယ်။ “သူ တစ်ညလုံး ဝမ်းသွားနေတော့ လမ်းတောင် လျှောက်လို့မရဘူး” လို့ အရာရှိတွေက ပြောပြီး လူအားလုံးရှေ့မှာ ကျွန်မကို လှောင်ပြောင်ကြတယ်။ ကျွန်မရဲ့ခြေထောက်တွေက အရမ်းနာတော့ အကူမပါဘဲ ကျွန်မ ရပ်လို့မရတာကြောင့် ကျွန်မ နံရံကို မှီနေလိုက်ရတယ်။ မနက် ကိုးနာရီလောက်မှာ သူတို့က ကျွန်မကို နောက်ထပ်သုံးကြိမ်လောက် ခြေထောက်တွေကို အတင်းဆွဲကားခိုင်းထားပြီး၊ အဲဒီနောက် ကျွန်မကို ကျားထိုင်ခုံဆီ ဆွဲခေါ်သလို သံကွင်းတွေ ထဲမှာ ကျွန်မရဲ့လက်တွေကို ခတ်ထားလိုက်ကြတယ်။ ကျွန်မရဲ့လက်ချောင်းတွေကိုလည်း ဆက်ပြီးညှပ် ကြတယ်။ အရာရှိတစ်ယောက်က သုံးပြီးသားသစ်သားတူ နှစ်ချောင်းနဲ့ ကျွန်မရဲ့ဘယ်ဘက်လက်ကို ညှပ်တယ်၊ တူတွေ ကျိုးသွားတဲ့အခါမှာ ကျိုးတဲ့အပိုင်းအစ တွေနဲ့ ကျွန်မရဲ့လက်ချောင်းလေးချောင်းကို ဆက်ပြီးညှပ်တယ်။ နောက်အရာရှိတစ်ယောက်က ကျွန်မရဲ့ ညာဘက် လက်ကိုညှပ်ဖို့ ဘောပင်တွေကို သုံးတယ်။ ကျွန်မရဲ့လက်ချောင်းတွေကို သူတို့က ညှပ်ပြီးကြိတ်တာကြောင့် အရမ်းနာကျင်ပြီး ကျွန်မရဲ့ခြေထောက်တွေနဲ့ အဆက်မပြတ် ကန်ကျောက်မိတယ်၊ ဒါနဲ့ သူတို့က ကျွန်မရဲ့ခြေထောက်တွေကို ထိုင်ခုံနဲ့ ချည်ထားလိုက်ပြီး၊ ကျွန်မ လုံးဝလှုပ်လို့မရအောင် လုပ်လိုက်တယ်။ သူတို့က ကျွန်မရဲ့ခြေထောက်တွေကိုလည်း အလှည့်ကျ ကန်ကြတယ်။ လုံးဝမခံနိုင်အောင် နာကျင်တယ်။ ကျွန်မ နောက်ထပ်ဘယ်လိုမှ ဒဏ်မခံနိုင်တော့လို့ ကျွန်မရဲ့ခေါင်းနဲ့ နံရံကို ပြင်းပြင်းဆောင့်လိုက် တယ်။ အရာရှိတွေက သူတို့လက်ထဲမှာ ကျွန်မကို မသေ စေချင်တော့၊ ကျွန်မရဲ့ခေါင်းကို သူတို့ရဲ့လက်တွေ နဲ့ ကာလိုက်ကြတယ်။

နေ့လည်မှာ၊ သူတို့ တစ်ပုံစံတည်း ကျွန်မကို ညှဉ်းပန်းနှိပ်စက်ကြပြန်တယ်။ ညှပ်ထားတဲ့ဒဏ်ကြောင့် ကျွန်မရဲ့လက်သည်း တွေအောက်မှာ နက်ရှိုင်းတဲ့ပွန်းပဲ့ရာတွေ ကျန်ခဲ့ သလို ကျွန်မရဲ့ လက်တွေကလည်း အညို၊အမည်း စွဲနေတယ်။ ကျွန်မရဲ့ ဘယ်ဘက်လက်သူကြွယ်က လုံးဝထုံ သွားပြီး၊ ကျွန်မရဲ့ခေါင်းကလည်း ပွင့်ထွက်တော့မလို ခံစားရတယ်၊ ကျွန်မရဲ့ခြေထောက်တွေကလည်း လှုပ်လို့မရ တော့သလို၊ ခန္ဓာကိုယ်တစ်ခုလုံး ဆိုးဆိုးရွားရွား နာကျင်နေတယ်။ ဒါပေမယ့် သူတို့က မလျှော့သေးဘူး။ အဲဒီညမှာ “ပညာပေးရုပ်ရှင်” လို့ခေါ်တဲ့ဟာကို ကြည့်ဖို့ သူတို့ ကျွန်မကို ဆွဲခေါ်သွားပြီး၊ နောက်နေ့မနက်မှာ ကျွန်မရဲ့ခြေထောက်တွေကို ဆွဲကားခိုင်းတာတွေ ဆက်လုပ်တယ်။ နောက်ထပ်နှစ်ရက်ခွဲလောက် အဲဒီလို ကျွန်မကို ညှဉ်းပန်းနှိပ်စက်ကြတယ်။ ကျွန်မ တကယ်ကို နောက်ထပ် ဘယ်လိုမှမခံနိုင် တော့တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် အစာငတ်ခံပြီး ဆင်းရဲဒုက္ခကို အဆုံးသတ်ဖို့ ကျွန်မစဉ်းစားမိ တယ်။ ကျွန်မရဲ့ အားနည်းမှုနဲ့ဆင်းရဲဒုက္ခကြားထဲမှာ၊ ကျွန်မ ဘုရားသခင်ကို ဆုတောင်းလိုက်တယ်- “ဘုရားသခင်၊ အဆင်းနီတဲ့ နဂါးကြီးရဲ့ ရက်စက် တဲ့ညှဉ်းပန်းနှိပ်စက်မှုကို ကျွန်မ တကယ်ကို ထပ်ပြီးမခံနိုင်တော့ဘူး။ ကိုယ်တော့်ကို သစ္စာဖောက်ပြီး ယုဒတစ်ယောက် ဖြစ်လာမှာကို ကျွန်မစိုးရိမ်မိတယ်။ အို ဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြ ပေးပြီး ယုံကြည်မှုပေးပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့အခါမှာ ကျွန်မရဲ့ခေါင်းထဲကို ဘုရားသခင်နှုတ်ကပတ်တော်တွေထဲက စာပိုဒ် တစ်ပိုဒ် ရောက်လာတယ်။ “အမှု၏ ဤအဆင့်တွင် ငါတို့ထံမှ အဆုံးစွန် ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့ လိုအပ်ပေသည်။ အမှု၏ ဤအဆင့်သည့် ယခင်အဆင့်များအားလုံးမှ ကွဲပြားခြားနားသည့်အတွက်၊ အနည်းငယ်မျှသော သတိလက်လွတ်ဖြစ်ခြင်းမှ ငါတို့ ခလုတ်တိုက်မိကောင်း ခလုတ်တိုက်မိနိုင်သည်။ ဘုရားသခင် စုံလင်နေစေသည့် အရာမှာ မြင်၍မရနိုင်သကဲ့သို့၊ လက်ဆုပ်လက်ကိုင်ပြ၍လည်း မရသည့် လူသားမျိုးနွယ်၏ ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ နှုတ်ကပတ်တော်များကို ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် အသက်တို့အဖြစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။ လူတို့သည် ရာပေါင်းများစွာသော စစ်ဆေးခြင်းများကို ကြံ့ကြံ့ခံခဲ့ကာ ယောဘ၏ယုံကြည်ခြင်းထက် သာ၍ ကြီးမားသော ယုံကြည်ခြင်းကို ပိုင်ဆိုင်သည့်အဆင့်သို့ ရောက်ရှိကြရမည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ စွန့်ခွာခြင်းမရှိဘဲ၊ မယုံကြည်နိုင်လောက်သော ဆင်းရဲဒုက္ခနှင့် ညှဉ်းဆဲမှုအမျိုးမျိုးကို သည်းခံကြရမည်။ သေသည်အထိ ၎င်းတို့ နာခံမှုရှိပြီး၊ ဘုရားသခင်၌ ကြီးမားသည့်ယုံကြည်ခြင်း ရှိသောအခါတွင်၊ အမှု၏ ဤအဆင့်သည် ပြီးစီးပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လမ်းကြောင်း... (၈)”) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ချင့်ချိန် တွေးဆရင်းနဲ့၊ ကျွန်မရဲ့ ယုံကြည်မှုကို စုံလင်အောင်ပြုဖို့အတွက် ကျွန်မကို ညှဉ်းပန်းနှိပ်စက်ဖို့ ဘုရားသခင်က အဆင်းနီတဲ့ နဂါးကြီးကို ခွင့်ပေးထားတာပဲလို့ ကျွန်မ သဘောပေါက်သွား တယ်။ ကျွန်မအနေနဲ့ သူ့အတွက် သက်သေခံပြီး စာတန်ကို အရှက်ခွဲနိုင်ဖို့ ဘုရားက ကျွန်မကို ဒီအခြေအနေထဲ ပို့ထားတာဖြစ်တယ်။ ဒါပေမယ့် ကျွန်မရဲ့ယုံကြည်မှုက အရမ်းအားနည်းပြီး ကျွန်မရဲ့ခန္ဓာကိုယ်က ဒုက္ခခံ ရတဲ့အခါမှာ၊ ကျွန်မ သေပဲသေချင်ပြီး အဆုံးသာ သတ်လိုက်ချင်ခဲ့တယ်။ ကျွန်မ ဘယ်လောက်အားနည်းခဲ့တယ်ဆိုတာကို ကျွန်မ တွေ့လိုက်ရတယ်။ ကျွန်မသေသွားခဲ့ရင်၊ စာတန်ရဲ့အကြံအစည် လှည့်စားတာ ခံလိုက်ရတာပဲ ဖြစ်မှာပါ။ ကျွန်မ သေလို့မဖြစ်ဘူး၊ ဘုရားသခင်ကို အားကိုး ပြီး ကျွန်မသက်သေခံရမယ်။

ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့်၊ ကျွန်မရဲ့ ခါးအောက်ပိုင်းတစ်ခုလုံး ဆိုးဆိုးရွားရွား ပွန်းပဲ့နေပြီး ကျွန်မရဲ့ပေါင်ခြံပတ်လည်မှာ သွေးရည်ကြည်ဖု တွေ ဖြစ်နေသလို၊ ကြက်ဥအရွယ်လောက်အထိ ရောင်ကိုင်းနေတယ်။ ကျွန်မရဲ့ပေါင်တွေက ရောင်ကိုင်းပြီး အညို၊အမည်းစွဲနေသလို၊ ကျွန်မရဲ့ ဘယ်ဘက်ခြေသလုံးကြွက်သားရဲ့ အပြင်ဘက်ကလည်း ထုံနေတယ်။ ကျွန်မရဲ့ ခြေထောက်နှစ်ခုလုံး ရောင်ကိုင်းပြီး ပွန်းပဲ့နေ တယ်။ ရဲတွေက သူတို့လက်ထဲမှာ ကျွန်မကို မသေစေချင် တော့၊ နောက်နေ့မှာ ဆရာဝန်တစ်ယောက်ခေါ် ပြီး ကျွန်မကို ကုခိုင်းတယ်။ တစ်ပတ်လောက် ကုပြီးတဲ့အခါမှပဲ၊ ကျွန်မ မတ်တပ်ထရဲပြီး ဖြည်းဖြည်းချင်း လမ်းစလျှောက်တယ်။ ကျွန်မရဲ့ခြေထောက်ဒဏ်ရာတွေက ဆိုးရွားလွန်း တော့ နာနေတာကြောင့် ကျွန်မ ရက်နှစ်ဆယ်ကြာ အိပ်လို့မရခဲ့ဘူး။ တကယ်ကို မခံမရပ်နိုင်တဲ့ ဆင်းရဲဒုက္ခပဲ။ ကျွန်မရဲ့အခြေအနေ တော်တော်လေးမကောင်း တာ ရဲတွေက သတိထားမိတဲ့အခါ သူတို့ရဲ့ ထိန်းသိမ်းမှုအောက်မှာ ကျွန်မကို မသေစေချင် တော့၊ နောက်ဆုံး ကျွန်မကို ပြန်လွှတ်ပေးလိုက်ကြ တယ်။ အဲဒီရက်ငါးဆယ်ကြာတဲ့ ညှဉ်းပန်းနှိပ်စက်မှု ကြောင့် ကျွန်မမှာ အရမ်းဆိုးရွားတဲ့ နောက်ဆက်တွဲ လက္ခဏာတွေ ကျန်ရစ်ခဲ့တယ်။ ဒီနေ့အထိ အိမ်အလုပ်လုပ်ဖို့ ကျွန်မရဲ့လက်တွေ ကို သုံးလို့မရသေးဘူ။ ဂျုံမုန့်ညက်နယ်တာတို့၊ အဝတ်လျှော်တာတို့ ကျွန်မ ကြိုးစားပြီးလုပ်ရင်၊ စူးရှတဲ့နာကျင်မှုကို ခံစားရတယ်။ ကျွန်မရဲ့ပေါင်ရိုးတွေကလည်း အရမ်းနာတော့ ကျွန်မ ဝပ်ပြီးနေလို့မရသလို၊ ဝပ်နေရင်းကလည်း ပြန်ထလို့ မရဘူး။ ကျွန်မရဲ့ခန္ဓာကိုယ်က ဒုက္ခနည်းနည်းခံလိုက်ရပေ မယ့်၊ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို ကျွန်မ သက်သေခံလိုက်ရတယ်။ ကျွန်မ နှိပ်စက်ခံနေရပြီး ခန္ဓာကိုယ်က ဒဏ်မခံ နိုင်တော့တဲအချိန်မှာ၊ ဘုရားသခင်ရဲ့ အကာအကွယ်ပေးမှုနဲ့ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှု တွေက ကျွန်မကို ယုံကြည်မှုနဲ့ခွန်အားပေးခဲ့ပြီး နတ်ဆိုးတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို အောင်မြင် ကျော်လွှားပြီး အသက်ရှင်ရက် ပြန်ထွက်လာခွင့် ပေးခဲ့တာပါ။ စီစီပီရဲ့ ရက်စက်မှုနဲ့လူသားမဆန်မှုတွေကိုလည်း ကျွန်မ ရှင်းရှင်းလင်းလင်းတွေ့လိုက်ရတယ်။ အဲဒါ ဘုရားသခင်ကိုဆန့်ကျင်နေတဲ့ စာတန်မာရ် နတ်ပဲ။ စီစီပီကို ကျွန်မ စိတ်နှလုံးအကြွင်းမဲ့ မုန်းတီးပြီး အဲဒါကို လုံးဝကျောခိုင်းပြီး စွန့်ပစ်ချင်ခဲ့သလို ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ သမ္မာတရားနောက်ကိုလိုက်ပြီး ကျွန်မရဲ့တာဝန် ကို ဖြည့်ဆည်းချင်တယ်။

<

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မ၏ မှားယွင်းသော စိတ်ကူးနှင့် ရှုထောင့်အမြင်များကို ပြောင်းလဲစေသည်

ပေဟီ၊ ဟေဘေးစီရင်စု စာကိုလုံလောက်စွာ ကျွန်မတို့ မသင်ခဲ့သောကြောင့်၊ အသိပညာ မရှိခဲ့ကြသောကြောင့်၊ ကျွန်မနှင့် ကျွန်မအမျိုးသာတို့က “နဖူးက ချွေး...

ဧဝံဂေလိဟောခြင်း လမ်းကြောင်း

ဖန်လု တရုတ်နိုင်ငံ ဧဝံဂေလိ ဝေမျှဖို့ ပထမဆုံး သင်ယူတဲ့အချိန်ကို ကျွန်တော် အမှတ်ရမိတယ်။ ဟူဘေးမှာ ကြီးမားသော ချီးမွမ်းခြင်း အသင်းတော်ရဲ့...

နောက်ကွယ်၌ရှိသော တာဝန်တစ်ခုရှိ ကျွန်မ၏ စိတ်အခြေအနေ

ဝူယမ် တရုတ်နိုင်ငံ ၂၀၂၁ခုနှစ်၊ ဇွန်လကုန်ခါနီးမှာ ကွန်မြူနစ်ပါတီက ခရစ်ယာန်တွေကို အရူးအမူးလိုက်ဖမ်းနေတာကြောင့် ကျွန်မရဲ့ ဧည့်ခံတဲ့အိမ်က...

မာနထောင်လွှားသည့် စိတ်သဘောထားကို ပြောင်းလဲ၍မရနိုင်ဟု မည်သူ ပြောသနည်း

ကျောက်ဖန် တရုတ်နိုင်ငံ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။