ခေါင်းဆောင်တစ်ဦး မဖြစ်လိုခြင်း၏ နောက်ကွယ်တွင် မည်သည့်အရာ ကွယ်ဝှက်နေသနည်း
ပက်ထရီရှာ၊ တောင်ကိုရီးယားနိုင်ငံ၂၀၂၄ ခုနှစ်၊ မေလအစပိုင်းမှာ ကျွန်မက အသင်းတော်မှာ အကတာဝန်ကို ထမ်းဆောင်နေခဲ့တယ်။ တစ်ညနေမှာ ခရိုင်ခေါင်းဆောင်က...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ ကျွန်မနဲ့ ညီအစ်မ ရွှီစင်ကို ဧဝံဂေလိအလုပ်အတွက် ကြီးကြပ်ရေးမှူးတွေအနေနဲ့ ရွေးချယ်ခဲ့ကြတယ်။ ရွှီစင်က ချန်ပေအသင်းတော်ကို တာဝန်ယူပြီး ကျွန်မကတော့ ချန်နန်အသင်းတော်ကို တာဝန်ယူခဲ့ရတယ်။ ချန်နန်အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်က သိပ်ပြီး ထိရောက်မှုမရှိခဲ့ဘူး။ လွန်ခဲ့တဲ့ သုံးလေးနှစ်တုန်းက ကျွန်မ ဒီအသင်းတော်ရဲ့ ဧဝံဂေလိအလုပ်ကို တာဝန်ယူခဲ့ဖူးပြီး ရလဒ်တွေက ဘယ်တုန်းကမှ သိပ်မကောင်းခဲ့ဘူးလေ။ ဒါကြောင့် ဒီအသင်းတော်အတွက် နောက်တစ်ခါ တာဝန်ပြန်ကျတဲ့အခါ ကျွန်မ စိတ်ထဲမှာ နည်းနည်း တွန့်ဆုတ်နေမိတယ်။ ဒါပေမဲ့ ကျွန်မပြန်တွေးလိုက်တယ်၊ “သုံးလေးနှစ်လောက်လည်း ရှိပြီ၊ အခုလောက်ဆိုရင် အလုပ်ရဲ့ ထိရောက်မှုက နည်းနည်းတော့ တိုးတက်လာလောက်မှာပါ” လို့ပေါ့။ ဒီလိုနဲ့ ကျွန်မ အသည်းအသန် လုပ်နေရတဲ့ အလုပ်တွေထဲမှာ နစ်မြုပ်နေလိုက်တယ်။
မကြာခင်မှာပဲ အလုပ်ကို အကျဉ်းချုပ်သုံးသပ်ရမယ့်အချိန် ရောက်လာရော။ ရလဒ်တွေက မကောင်းသေးဘူး၊ ဧဝံဂေလိအမှုဆောင်တွေက သမ္မာတရား စည်းမျဉ်းတွေကို မကျွမ်းကျင်ကြဘူး၊ ဧဝံဂေလိတရားဟောပြောတာနဲ့ဆိုင်တဲ့ သမ္မာတရားတွေကို သူတို့ရဲ့နားလည်မှုကလည်း သိပ်မရှင်းလင်းဘူး၊ ပြီးတော့ ဧဝံဂေလိအမှုဆောင်တွေနဲ့ ရေလောင်းသူတွေကို ပျိုးထောင်တဲ့အလုပ်မှာလည်း ဘာတိုးတက်မှုမှ မရှိတာကို ကျွန်မ တွေ့လိုက်ရတယ်။ ခေါင်းဆောင်က အခြေအနေကို သိသွားပြီးတဲ့နောက်မှာ သူက ကျွန်မတို့ဆီကို စာရေးပြီးတော့ ကျွန်မတို့ရဲ့ ပြဿနာတွေကို ထောက်ပြရင်း မိတ်သဟာယပြုခဲ့တယ်၊ အလုပ်က ထိရောက်မှုမရှိရင် ကျွန်မတို့ အမှန်တကယ် အလုပ်လုပ်ရဲ့လားဆိုတာကို ဆင်ခြင်သုံးသပ်သင့်တယ်လို့ သူက သတိပေးခဲ့တယ်။ ချန်ပေအသင်းတော်ရဲ့ ရလဒ်တွေက ပိုကောင်းပြီး သူတို့ဆီကနေ ရှာဖွေပြီး သင်ယူဖို့လည်း ကျွန်မကို အကြံပေးခဲ့တယ်။ စာကိုဖတ်ပြီးတဲ့နောက်မှာ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးလိုက်တယ်၊ “ရွှီရှင်နဲ့ငါက တစ်ချိန်တည်းမှာ ဧဝံဂေလိအလုပ်ကို ကြီးကြပ်ဖို့ တာဝန်ပေးခံခဲ့ရတာ၊ ဒါပေမဲ့ ရွှီစင်က ပိုကောင်းတဲ့ရလဒ်တွေရှိတဲ့ အသင်းတော်ကို တာဝန်ကျတော့ ကံကောင်းသွားပြီး၊ ငါကတော့ ပိုညံ့တဲ့ရလဒ်တွေရှိတဲ့ အသင်းတော်ကို တာဝန်ကျတယ်။ အခုမှ အလုပ်စလုပ်တုန်းရှိသေးတယ်၊ ပြဿနာတွေ အများကြီး ထောက်ပြခံနေရပြီ။ ကံဆိုးလိုက်တာ။ ရလဒ်တွေသာ ဆက်ပြီးဆိုးနေရင်၊ ကြီးကြပ်ရေးမှူးက ငါ့ကို အလုပ်မလုပ်တတ်ဘူးလို့ ပြောတော့မှာပဲ။ အဲဒါဆိုရင် အရမ်းရှက်စရာကောင်းမှာပဲ။ ငါ တကယ်ကို ကံမကောင်းပါလား” လို့ပေါ့။ အဲဒီအချိန်တုန်းက ကျွန်မတို့အသင်းတော်ရဲ့ ဧဝံဂေလိအလုပ် ရလဒ်တွေက ဆက် ညံ့ဖျင်းနေခဲ့ပြီး မှန်သောလမ်းခရီးကို ရှာဖွေနေတဲ့လူတချို့ဆိုရင် အခြေအမြစ်မရှိတဲ့ ကောလာဟလတွေရဲ့ လွှမ်းမိုးမှုခံရပြီးတဲ့နောက်မှာ အယူဆတွေဝင်ပြီး မစုံစမ်းရဲကြတော့ဘူး။ ဧဝံဂေလိအမှုဆောင်တချို့ကလည်း ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူတွေမေးတဲ့ မေးခွန်းတွေကို ရှင်းရှင်းလင်းလင်း မိတ်သဟာယမပြုနိုင်ကြဘူး၊ ဒါကြောင့် သူတို့က ကျွန်မဆီကို အကူအညီတောင်းပြီး စာရေးကြတယ်၊ ကျွန်မလဲ တစ်ယောက်ချင်းစီကို စာပြန်ခဲ့ပေမဲ့ အလုပ်မှာ သိသိသာသာ တိုးတက်မှု မရှိခဲ့ဘူး။ ဒါက ကျွန်မကို ကိုယ့်ကိုယ်ကိုယ် ကံမကောင်းဘူးလို့ ပိုပြီးယုံကြည်သွားစေပြီး ကျွန်မတွေးမိတယ်၊ “ဘယ်လိုဖြစ်လို့ ဒီလိုအသင်းတော်မျိုးနဲ့ လာတွေ့ရတာလဲ။ ကြီးကြပ်ရေးမှူးက ငါ့ကို ဘယ်လိုများထင်တော့မှာလဲ။ ငါ တကယ် အလုပ်မလုပ်ဘူး၊ တာဝန်မှာ ပျင်းတယ်လို့ ပြောမှာလား” ပေါ့။ ကျွန်မ ဒါကို ပိုပြီးတွေးလေလေ၊ ပိုပြီး စိတ်ဓာတ်ကျလေလေပဲ။ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေနဲ့ ပြည့်နေပြီး လုပ်သမျှအရာအားလုံးအပေါ်မှာ စိတ်ဝင်စားမှု ပျောက်ဆုံးသွားတယ်။ တစ်နေ့မှာ၊ ဧဝံဂေလိအမှုဆောင်တစ်ယောက်ရဲ့ အခြေအနေက မကောင်းဘဲ သူ့ရဲ့တာဝန်ထမ်းဆောင်မှုကိုပါ ထိခိုက်နေတာကို ကျွန်မ သတိထားမိတယ်၊ ဒါပေမဲ့ ကျွန်မလဲ ဂရုမစိုက်ချင်တော့ဘူး၊ စိတ်ထဲမှာ “ငါ့ကံက ဆိုးနေမှတော့ ဘယ်လောက်ပဲ အလုပ်ကြိုးစားလုပ်လုပ် ရလဒ်တွေက အတူတူပဲ ဖြစ်နေမှာပဲ” လို့ တွေးလိုက်တယ်။ ဒါကြောင့် အချိန်မီ မိတ်သဟာယပြုပြီး ပြဿနာကို ကျွန်မ မဖြေရှင်းပေးခဲ့ဘူး။ တစ်ယောက်ယောက်က အလုပ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေနဲ့ စာရေးလာတဲ့အခါ ရက်အတော်ကြာတဲ့အထိ ကျွန်မ စာမပြန်ခဲ့ဘူး၊ အလုပ်မှာ ပေါ်လာတဲ့ ပြဿနာတွေကို ရှာဖွေဖို့၊ ဒါမှမဟုတ် စဉ်းစားသုံးသပ်ဖို့လည်း စိတ်မပါခဲ့ဘူး။ နေ့တစ်နေ့ ကုန်သွားတိုင်း စိတ်ထဲမှာ ဟာတာတာကြီးဖြစ်ပြီး ဘုရားသခင်နဲ့ စိတ်နှလုံးက အဝေးကြီး ဝေးကွာသွားသလို ခံစားရတယ်။ ဆုတောင်းတဲ့အခါ ဘာပြောရမှန်းတောင် ကျွန်မ မသိတော့ဘူး။ ဒီအခြေအနေကို မဖြေရှင်းရင် အန္တရာယ်များမှန်း ကျွန်မသိတယ်၊ ဒါနဲ့ ကိုယ့်ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို သတိရှိရှိနဲ့ ရှာဖွေခဲ့တယ်။
တစ်နေ့ ဝတ်ပြုခြင်းလုပ်နေတုန်းမှာ၊ ကျွန်မရဲ့အခြေအနေနဲ့ တစ်ထပ်တည်းကျတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့လိုက်တယ်။ ဘုရားသခင်က ပြောသည် “၎င်းတို့ ကံခေသည်ဟု အမြဲ တွေးသည့် လူတို့နှင့်ပတ်သက်၍ ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့၏ လုပ်ရပ်များ မှန်ကန်ခြင်း၊ မှားယွင်းခြင်း ရှိမရှိဆိုသည်ကို တိုင်းတာရန်နှင့် မည်သည့် လမ်းကြောင်း ၎င်းတို့ လျှောက်သင့်သည်၊ ၎င်းတို့ တွေ့ကြုံသင့်သည့် အရာများနှင့် ရင်ဆိုင်ရသည့် ပြဿနာတစ်ခုတလေကို ချိန်ဆရန် ကံစံနှုန်းကို အမြဲ အသုံးပြုကြသည်။ ဤသည်မှာ မှန်သလော၊ မှားသလော။ (မှားပါသည်။) ၎င်းတို့သည် မကောင်းသည့် အရာများကို ကံခေခြင်းနှင့် ကောင်းသည့်အရာများကို ကံကောင်းခြင်း၊ သို့မဟုတ် အကျိုးပြုခြင်းအဖြစ် ဖော်ပြကြသည်။ ဤရှုထောင့်အမြင်သည် မှန်သလော၊ မှားသလော။ (မှားပါသည်။) အမှုအရာများကို ဤရှုထောင့်အမြင်မျိုးမှ အကဲဖြတ်ခြင်းသည် မှားယွင်း၏။ ထိုအရာမှာ အမှုအရာများကို အကဲဖြတ်ခြင်းအတွက် အစွန်းရောက်ပြီး မမှန်ကန်သည့် နည်းစနစ်နှင့် စံနှုန်းတစ်ခု ဖြစ်သည်။ ဤနည်းစနစ်မျိုးသည် လူတို့ကို စိတ်မချမ်းမြေ့ခြင်းထဲသို့ မကြာခဏ ကျဆင်းစေပြီး ၎င်းတို့ကို စိတ်မသက်မသာဖြစ်စေကာ မည်သည့်အရာမျှ မိမိတို့ သဘောအတိုင်း တစ်ကြိမ်တစ်ခါမျှ မဖြစ်ကြောင်းနှင့် မိမိတို့အလိုရှိသည့်အရာကို မည်သည့်အခါတွင်မျှ မရရှိကြောင်း ခံစားစေသည်။ ယင်းက နောက်ဆုံးတွင် ၎င်းတို့ကို စဉ်ဆက်မပြတ် စိတ်သောကရောက်၊ ကသိကအောက်ဖြစ်ပြီး စိတ်တထင့်ထင့် ခံစားစေလေသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများ ပြေလည်သွားခြင်း မရှိသည့်အခါ ဤလူများသည် စိတ်မချမ်းမြေ့ခြင်းထဲသို့ စဉ်ဆက်မပြတ် ကျဆင်းပြီး ဘုရားသခင်က ၎င်းတို့ကို မျက်နှာသာပေးခြင်း မရှိဟု ခံစားစေသည်။ ဘုရားသခင်သည် ၎င်းတို့ကို မဟုတ်ဘဲ အခြားသူများကို ကျေးဇူးပြုခြင်းဖြင့်ဆက်ဆံကြောင်းနှင့် ၎င်းတို့ကို မဟုတ်ဘဲ အခြားသူများကို ဘုရားသခင် စောင့်ရှောက်ကြောင်း တွေးထင်ကြသည်။ ‘အဘယ်ကြောင့် ငါ အမြဲ စိတ်မသက်မသာ ဖြစ်ပြီး စိတ်သောက ခံစားရသနည်း။ အဘယ့်ကြောင့် ဆိုးသည့်အရာများသည် ငါ့အပေါ် အမြဲဖြစ်ပျက်နေရသနည်း။ အဘယ်ကြောင့် ကောင်းမွန်သည့်အရာများ ငါ့ထံ လုံးဝ ရောက်မလာသနည်း။ တစ်ကြိမ်တစ်ခါမျှသာ ငါတောင်းဆိုနေခြင်း ဖြစ်သည်’ဟူ၍ ဖြစ်၏။ ဤမှားယွင်းသည့် အတွေးနှင့် ရှုထောင့်အမြင် နည်းလမ်းမျိုးဖြင့် အမှုအရာများကို သင်ရှုမြင်သည့်အခါ ကောင်းသည့်ကံနှင့် မကောင်းသည့်ကံတို့၏ ထောင်ချောက်ထဲသို့ သင် သက်ဆင်းမိလိမ့်မည်။ ဤထောင်ချောက်ထဲသို့ သင် အဆက်မပြတ် ကျဆင်းသည့်အခါ စဉ်ဆက်မပြတ် စိတ်မချမ်းမြေ့ဖြစ်လိမ့်မည်။ ဤစိတ်မချမ်းမြေ့ခြင်းအလယ်တွင် သင့်အပေါ် ကျရောက်သည့် အရာများက ကံကောင်းခြင်း၊ ကံခေခြင်း ရှိမရှိဆိုသည်ကို သင်သည် အထူးသဖြင့် သတိထားနေမိလိမ့်မည်။ ဤအရာဖြစ်ပျက်သည့်အခါ ကံကောင်းခြင်း၊ ကံဆိုးခြင်းနှင့်ဆိုင်သည့် ဤရှုထောင့်အမြင်နှင့် စိတ်ကူးက သင့်ကို ထိန်းချုပ်ပြီးဖြစ်ကြောင်း သက်သေပြပေသည်။ သင်သည် ဤရှုထောင့်အမြင်မျိုး၏ ထိန်းချုပ်ခြင်းခံရသည့်အခါ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် သင်၏ အမြင်များနှင့် သဘောထားတို့သည် ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား အပိုင်းအခြားအတွင်းတွင် မရှိတော့ဘဲ အစွန်းရောက်မှုမျိုးထဲသို့ ကျဆင်းသွားပြီ ဖြစ်သည်။ ဤအစွန်းရောက်မှုထဲသို့ သင် ကျဆင်းသွားသည့်အခါ သင်၏ စိတ်မချမ်းမြေ့ခြင်းမှ သင် လွတ်လာလိမ့်မည် မဟုတ်။ တစ်ချိန်ပြီးတစ်ချိန် သင် ဆက်လက် စိတ်မချမ်းမြေ့ဘဲ နေမိလိမ့်မည်ဖြစ်ပြီး သင်သည် ပုံမှန်အားဖြင့် စိတ်မချမ်းမြေ့ခြင်းမရှိလျှင်ပင် တစ်စုံတစ်ရာ မှားယွင်းသွားသည်နှင့်တစ်ပြိုင်နက်၊ ကံခေသည့် အရာတစ်ခု ဖြစ်ပျက်သည်ဟု သင် ခံစားရသည်နှင့်တစ်ပြိုင်နက် စိတ်မချမ်းမြေ့ခြင်းထဲသို့ သင် ချက်ချင်း ကျဆင်းသွားလိမ့်မည်။ ဤစိတ်မချမ်းမြေ့ခြင်းက သင်၏ ပုံမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ ဆုံးဖြတ်ချက်ချခြင်းနှင့် သင်၏ ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ဝမ်းမြောက်မှုတို့ကိုပင် ထိခိုက်လိမ့်မည်။ သင်၏ ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ဝမ်းမြောက်ခြင်းတို့ကို ထိုအရာက ထိခိုက်သည့်အခါ သင်၏ တာဝန် ထမ်းဆောင်ခြင်းအပြင် ဘုရားသခင်နောက်လိုက်ရန် သင်၏ လိုအင်နှင့် စိတ်ဆန္ဒတို့ကို နှောင့်ယှက်ကာ ဖျက်ဆီးလိမ့်မည်။ ဤအပြုသဘောဆောင်သောအရာများ ဖျက်ဆီးခံရသည့်အခါ သင် နားလည်လာပြီးဖြစ်သည့် သမ္မာတရား အနည်းငယ်သည် ပျောက်ချင်းမလှ ပျောက်သွားလိမ့်မည်ဖြစ်ပြီး သင့်အဖို့ လုံးဝ အကူအညီ ဖြစ်လိမ့်မည် မဟုတ်။ ထို့ကြောင့် ဤရက်စက်သည့် သံသရာထဲသို့ သင် ကျဆင်းသည့်အခါ သင် နားလည်သည့် သမ္မာတရား စည်းမျဉ်းအနည်းငယ်ကို လက်တွေ့လုပ်ဆောင်ရန် သင့်အတွက် ခက်ခဲလိမ့်မည်ဖြစ်သည်။ သင်သည် အင်တင်တင်ဖြင့် အဖိုးအခတစ်ခု ပေးဆပ်နိုင်သည်မှာ၊ အခက်အခဲ အနည်းငယ် ခံနိုင်ပြီး မိမိလုပ်ဆောင်လိုသည့်အရာများကို လုပ်ဆောင်နေစဉ် ရိုးသားစစ်မှန်မှုတစ်စကို ပြနိုင်သည်မှာ သင်၏ ကံရှိလာသည်ဟု သင် ခံစားရသည့်အချိန် စိတ်မချမ်းမြေ့ခြင်းဖြင့် သင်ဖိစီးခြင်းမခံရသည့်အချိန်တွင်သာ ဖြစ်သည်။ ကံက သင့်ကို စွန့်ခွာပြီးဖြစ်ကြောင်းနှင့် သင့်ထံ ကံအကြောင်းမလှသည့် အရာများ တစ်ဖန် ဖြစ်ပျက်နေသည်ဟု သင်ခံစားရသည်နှင့်တစ်ပြိုင်နက် သင်၏ စိတ်မချမ်းမြေ့ခြင်းသည် မကြာမီ သင့်ကို တစ်ဖန် ထိန်းချုပ်ကာ သင်၏ ရိုးသားစစ်မှန်မှု၊ သစ္စာစောင့်သိခြင်းနှင့် အခက်အခဲ သည်းညည်းခံလိုစိတ်တို့သည် ချက်ချင်း သင့်ကို စွန့်ခွာလေသည်။ ထို့ကြောင့် မိမိတို့ ကံခေသည်ဟု တွေးထင်သူ၊ သို့မဟုတ် ကံကို အလေးအနက် သဘောထားသည့်သူများသည် မိမိတို့ ကံကြမ္မာများ ဆိုးသည်ဟု တွေးထင်သည့် လူများကဲ့သို့သာ ဖြစ်သည်။ ၎င်းတို့တွင် မကြာခဏ အလွန် အစွန်းရောက်သည့် စိတ်ခံစားမှုများ ရှိကြသည်။ အထူးသဖြင့် စိတ်မချမ်းမြေ့ခြင်းကဲ့သို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများထဲသို့ ၎င်းတို့ မကြာခဏ ကျဆင်းကြသည်။ ၎င်းတို့သည် အထူးသဖြင့် အပျက်သဘောဆောင်ကာ အားနည်းကြပြီး စိတ်အခြေအနေပင် ပြောင်းလဲလွယ်ကြသည်။ ကံကောင်းသည်ဟု ၎င်းတို့ ခံစားရသည့်အခါ ဝမ်းမြောက်ခြင်းနှင့် ပြည့်ကြသည်၊ အားအင်နှင့် ပြည့်ကြပြီး အခက်အခဲများကို သည်းညည်းခံကာ အဖိုးအခ ပေးနိုင်ကြလေသည်။ ညတွင် လျှော့အိပ်နိုင်ကြပြီး နေ့ချိန်အတောအတွင်းတွင် အစားလျှော့စားနိုင်ကြသည်။ မည်သည့် အခက်အခဲကိုမဆို ၎င်းတို့ ဒုက္ခခံလိုစိတ် ရှိနေကြပြီး ခဏတာ စိတ်လှုပ်ရှားတက်ကြွပါက မိမိတို့ အသက်များကိုပင် ပူဇော်ရန် ဆန္ဒရှိကြလေသည်။ သို့ရာတွင် လတ်တလော ၎င်းတို့ ကံခေကြောင်း ခံစားရသည့် အခိုက် ၎င်းတို့အတွက် မည်သည့်အရာမျှ အဆင်ပြေပုံမရသည့်အခါ စိတ်မချမ်းမြေ့ခြင်းစိတ်ခံစားမှုက ၎င်းတို့၏ စိတ်နှလုံးကို ချက်ချင်း ထိန်းချုပ်သွားသည်။ ယခင်က ၎င်းတို့ ပြုခဲ့သည့် သန္နိဋ္ဌာန်နှင့် ဆုံးဖြတ်ချက်တို့သည် အားလုံး အချည်းနှီးဖြစ်သွားသည်။ ရုတ်တရက် ၎င်းတို့သည် လေလျော့သည့် ဘောလုံးတစ်လုံးကဲ့သို့ မည်သည့် အားအင်မျှ မစုစည်းနိုင်ဖြစ်ကြသည်၊ သို့မဟုတ် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန်၊ သို့မဟုတ် ပြောဆိုရန် လုံးဝ လိုလားခြင်းမရှိဘဲ ဗွက်အိုင်တစ်အိုင်ကဲ့သို့ ဖြစ်သွားကြလေသည်။ ၎င်းတို့က ‘သမ္မာတရား စည်းမျဉ်းများ၊ သမ္မာတရား လိုက်စားခြင်း၊ ကယ်တင်ခြင်း ရယူခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း ဟူသည့် ဤအရာတစ်ခုမျှ ငါနှင့် မည်သည့် ပတ်သက်မှုမျှမရှိပါ။ ငါသည် ကံခေပြီး သမ္မာတရား မည်မျှ လက်တွေ့လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် အဖိုးအခ မည်မျှ ပေးဆပ်သည်ဖြစ်စေ အသုံးမဝင်ပါ။ ကယ်တင်ခြင်းကို ငါ လုံးဝ ရရှိလိမ့်မည် မဟုတ်ပါ။ ငါ ဇာတ်သိမ်းပေပြီ။ ငါသည် ကံမကောင်းသည့် အဆောင်တစ်ခု၊ ကံအကြောင်းမလှသည့် လူတစ်ဦးကဲ့သို့ ဖြစ်သည်။ ကောင်းပြီ၊ ရှိစေတော့၊ မည်သို့ဆိုစေ ငါကံမကောင်းပါ’ဟု တွေးကြလေသည်။ မြင်ကြသလော၊ တစ်မိနစ်တွင် ၎င်းတို့သည် ပေါက်ထွက်တော့မည့် လေအလွန်ပြည့်သော ဘောလုံးတစ်လုံးကဲ့သို့ ဖြစ်ကြပြီး နောက်တစ်မိနစ်တွင် ၎င်းတို့ သိမ်ငယ်သွားကြသည်။ ဤသည်မှာ ဒုက္ခပေးတတ်သည် မဟုတ်လော။ ဤဒုက္ခသည် အဘယ်သို့ ဖြစ်လာသနည်း။ ဖြစ်ကြောင်းရင်းမြစ်မှာ အဘယ်နည်း။ ၎င်းတို့သည် စတော့စျေးကွက်ကို တက်ခြင်း ကျခြင်းရှိမရှိ၊ အစုရှယ်ယာများကို အမြတ်နှင့်ရောင်းချရန် ဝယ်ယူရမည့် စျေးကွက်၊ သို့မဟုတ် ထုတ်ရောင်းသူများ၍ ထိုးကျနေသော စျေးကွက် ဟုတ်မဟုတ်ဆိုသည်ကို စောင့်ကြည့်နေသည့်အလား၊ မိမိတို့၏ ကိုယ်ပိုင် အခွင့်အလမ်းများကို အမြဲ စောင့်ကြည့်နေကြသည်။ ၎င်းတို့သည် မိမိတို့ ကံကိစ္စနှင့် ပတ်သက်၍ အမြဲ မူမှန်ခြင်းမရှိ၊ အလွန့်အလွန် သတိထားတတ်ကြပြီး အလွန့်အလွန် ခေါင်းမာကြသည်။ ဤအစွန်းရောက်သည့် လူစားမျိုးသည် မိမိတို့ကိုယ်ပိုင် အခွင့်အလမ်းနှင့်ပတ်သက်၍ အလွန် ဂရုစိုက်လွန်းပြီး မိမိတို့ စိတ်အခြေအနေများပေါ် အခြေခံပြီး အသက်ရှင်ကြသောကြောင့် စိတ်မချမ်းမြေ့ခြင်းစိတ်ခံစားမှုထဲသို့ မကြာခဏ နွံနစ်လာကြရသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မရဲ့ စိတ်ဓာတ်ကျနေတဲ့အခြေအနေဟာ ဘုရားသခင်က ကျွန်မအတွက် စီစဉ်ပေးတဲ့ ပတ်ဝန်းကျင်တွေကို ကံကောင်းခြင်း၊ ကံဆိုးခြင်းလိုမျိုး မှားယွင်းတဲ့အမြင်တွေနဲ့ အမြဲတမ်း တိုင်းတာသုံးသပ်ခဲ့လို့ ဖြစ်ရတာမှန်း နားလည်သွားတယ်။ ဒုက္ခခံစရာ၊ အဖိုးအခပေးဆပ်စရာမလိုတဲ့အပြင် တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုနဲ့ ချီးမွမ်းမှုကိုတောင် ရနိုင်တဲ့၊ ဖိအားမရှိ၊ အခက်အခဲမရှိတဲ့ တာဝန်ကို ထမ်းဆောင်ရတာက ကံကောင်းတာလို့ ကျွန်မ အမြဲထင်ခဲ့တယ်။ တာဝန်မှာ အမြဲတမ်း အခက်အခဲတွေပါပြီး၊ အလုပ်ကလည်း ရလဒ်မထွက်၊ ဒါမှမဟုတ် ပြုပြင်ခံရရင်၊ ဒါကို ကံဆိုးတယ်လို့ သတ်မှတ်ပြီး စိတ်ဓာတ်ကျတဲ့ စိတ်ခံစားချက်တွေနဲ့ အသက်ရှင်ပြီး တာဝန်ထမ်းဆောင်ဖို့ စိတ်အားထက်သန်မှု ပျောက်သွားတာပဲ။ ကျွန်မရဲ့အလုပ်က ထိရောက်မှုမရှိတော့ ခေါင်းဆောင်က လမ်းပြကူညီပြီး ရလဒ်ပိုကောင်းတဲ့ အသင်းတော်ဆီကနေ သင်ယူဖို့ အကြံပေးခဲ့တယ်။ ဒါက တကယ်တော့ ကောင်းတဲ့ကိစ္စတစ်ခုပဲ။ အဲဒါက ကျွန်မကို ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး နားလည်စေဖို့၊ အလုပ်ထဲက ပြဿနာတွေ၊ လမ်းလွဲမှုတွေကို အကျဉ်းချုပ်သုံးသပ်ပြီး အချိန်မီ ပြုပြင်တည့်မတ်စေဖို့ တိုက်တွန်းပေးနိုင်တယ်။ ဒါဟာ ကျွန်မရဲ့ အသက်ဝင်ရောက်မှုရော၊ အသင်းတော်ရဲ့အလုပ်အတွက်ပါ အကျိုးရှိမှာ။ ဒါပေမဲ့ ဒီလို ထိရောက်မှုမရှိတဲ့ ရလဒ်တွေက ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ထိခိုက်ခဲ့လို့ ဒါတွေအားလုံးက ကိုယ်ကံဆိုးလို့ ဖြစ်ရတာလို့ ကျွန်မ တွေးခဲ့တယ်။ ရွှီစင်တာဝန်ယူတဲ့ အသင်းတော်က ရလဒ်တွေကောင်းပြီး ခေါင်းဆောင်ရဲ့ အလေးထားမှုနဲ့ အသိအမှတ်ပြုမှုကို သူရတာကို မြင်တော့၊ ကျွန်မ အရမ်းကို မနာလိုဖြစ်ခဲ့တယ်၊ သူက ကံကောင်းတယ်လို့ ထင်ခဲ့တယ်။ ပြီးတော့ ကိုယ်တာဝန်ယူတဲ့ အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်က ရလဒ်တွေညံ့တာကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ကံဆိုးမလို့ ပိုပြီးတောင် ယုံကြည်သွားမိတယ်။ ဘုရားသခင် စီစဉ်ပေးတဲ့ ပတ်ဝန်းကျင်တွေကို ဒီလို ကံကောင်းခြင်း၊ ကံဆိုးခြင်းဆိုတဲ့ မှားယွင်းတဲ့အမြင်နဲ့ ကျွန်မ အမြဲကြည့်ခဲ့ပြီး၊ မလိုလားအပ်တဲ့ အခြေအနေတွေနဲ့ ကြုံရတဲ့အခါ ဘုရားသခင်က ရွှီစင်ကို မျက်နှာသာပေးပြီး ကျွန်မကိုတော့ မျက်နှာသာမပေးဘူးလို့ထင်ပြီး ညည်းညူခဲ့တယ်။ ပြီးတော့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေနဲ့ အသက်ရှင်ပြီး မတုန်မလှုပ်ဖြစ်လာတယ်၊ အတိုက်အခံလုပ်လာတယ်။ ဘုရားသခင်ကို မယုံကြည်၊ သမ္မာတရားကို နားမလည်တဲ့ ဘာသာတရား မရှိသူတွေက သူတို့အပေါ် ကျရောက်လာသမျှ အရာအားလုံးကို ကံကောင်းခြင်း၊ ကံဆိုးခြင်းနဲ့ အမြဲတိုင်းတာကြတယ်။ ကျော်ကြားမှု၊ အကျိုးအမြတ်၊ ချမ်းသာကြွယ်ဝမှု၊ ရာထူးတိုးတာတွေ ရတဲ့အခါ ကံကောင်းတယ်လို့ ခံစားကြပြီး၊ ကိစ္စတွေ အဆင်မပြေတဲ့အခါကျတော့ ကောင်းကင်ဘုံက မတရားဘူးလို့ ညည်းညူကြတယ်၊ ဒါမှမဟုတ် တခြားသူတွေကို အပြစ်တင်ကြတယ်။ ဒါပေမဲ့ ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်အနေနဲ့၊ လူ့ရှုထောင့်ကနေကြည့်ရင် ကောင်းတယ်ထင်ရတာဖြစ်ဖြစ်၊ ဆိုးတယ်ထင်ရတာဖြစ်ဖြစ်၊ ကျွန်မအပေါ်မှာ ဖြစ်ပျက်သမျှအရာအားလုံးက ဘုရားသခင်ရဲ့ အုပ်စိုးမှုနဲ့ စီစဉ်မှုအောက်မှာရှိပြီး ကျွန်မသင်ယူရမယ့် သင်ခန်းစာတွေ ပါတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိခဲ့ပေမဲ့၊ ကျွန်မက ဘုရားသခင်ဆီကနေ ဒါကို လက်မခံခဲ့ဘူး။ အဲဒီအစား ဘုရားသခင်က ကျွန်မအတွက် စီစဉ်ပေးတဲ့ ပတ်ဝန်းကျင်တွေကို ဘာသာတရား မရှိသူတွေရဲ့ ရှုထောင့်အမြင်နဲ့ သုံးသပ်ခဲ့တယ်။ ဒါက တကယ်ကို အဓိပ္ပာယ်မရှိတာပဲ။ ဒါတွေက မယုံကြည်သူရဲ့ အမြင်တွေပဲ။ ဒါကို သဘောပေါက်သွားတော့ ကျွန်မ အရမ်းကို ရှက်မိပြီး၊ ဒီမမှန်ကန်တဲ့ ရှုထောင့်အမြင်ကို ပြုပြင်ဖို့ သမ္မာတရားကို ရှာဖွေချင်ခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် ဒီအပိုဒ်တွေကို ကျွန်မဖတ်ခဲ့တယ်။ “ကောင်းသည့် ကံနှင့် ဆိုးသည့်ကံ အကြောင်းအရာကို ပြန်သွားရလျှင် ယခု ကံနှင့်ဆိုင်သော ဤဆိုရိုးသည် ခိုင်လုံခြင်း မရှိကြောင်းနှင့် ကောင်းခြင်း မရှိသကဲ့သို့ ဆိုးခြင်းလည်း မရှိကြောင်းကို လူတိုင်း သိရှိကြပြီဖြစ်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သင် ကြုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံးကို ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များက သတ်မှတ်ထားခြင်းဖြစ်သောကြောင့် ထိုအရာများကို သင့်တင့်လျောက်ပတ်စွာ သင် ရင်ဆိုင်သင့်သည်။ ဘုရားသခင်ထံမှ ကောင်းသည့်အရာကို ခံယူပြီး ဘုရားသခင်ထံမှ မကောင်းသည့်အရာကိုလည်း ခံယူလော့။ ကောင်းသည့်အရာများ ဖြစ်ပျက်သည့်အခါ သင်ကံကောင်းကြောင်းနှင့် မကောင်းသည့်အရာများ ဖြစ်ပျက်သည့်အခါ သင် ကံခေသည်ဟု မဆိုနှင့်။ ဤအရာများအားလုံးအတွင်းတွင် လူတို့အတွက် သင်ယူရမည့် သင်ခန်းစာများရှိသည်ဟုသာ ဆိုနိုင်သည်။ ယင်းတို့ကို မငြင်းပယ်သင့်ပေ၊ သို့မဟုတ် မရှောင်ကြဉ်သင့်ပေ။ ကောင်းသောအရာများအတွက် ဘုရားသခင်ကို ကျေးဇူးတင်လော့။ သို့သော် မကောင်းသည့်အရာအားလုံးကို ဘုရားသခင် စီစဉ်ထားခြင်း ဖြစ်သောကြောင့် ထိုအရာများအတွက်လည်း ဘုရားသခင်ကို ကျေးဇူးတင်လော့။ ကောင်းသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများက ၎င်းတို့ သင်ယူသင့်သည့် သင်ခန်းစာများကို ပေးသော်လည်း မကောင်းသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် ပတ်ဝန်းကျင်များမှ သင်ယူရမည့်အရာ သာ၍ပင်ရှိ၏။ ဤအရာများသည် အကြင်သူ၏ ဘဝတစ်စိတ်တစ်ပိုင်း ဖြစ်သင့်သည့် အတွေ့အကြုံများနှင့် ဖြစ်ရပ်များသာ ဖြစ်သည်။ ထိုအရာများကို တိုင်းတာရန် ကံနှင့်ဆိုင်သည့် စိတ်ကူးကို လူတို့ အသုံးမပြုသင့်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) “သင်မည်မျှ ကံကောင်းသည်၊ သို့မဟုတ် ကံမကောင်းသည်ဟူသည့် စိတ်ကူးကို သင် စွန့်လွှတ်ပြီး အမှုအရာများကို တည်ငြိမ်စွာနှင့် မှန်ကန်စွာ သင် သဘောထားပါက အမှုအရာအများစုသည် အလွန် သဘောမကျစရာ မဖြစ်သည်ကို၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းရန် မခက်ခဲသည်ကို သင် တွေ့ရှိရလိမ့်မည်။ သင်၏ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများကို သင် လက်လွှတ်သည့်အခါ သင့်အပေါ် ကျရောက်သည့် ကံအကြောင်းမလှသော မည်သည့်ဖြစ်ရပ်ကိုမဆို ငြင်းပယ်ခြင်း၊ သို့မဟုတ် ရှောင်ရှားခြင်းအား သင် ရပ်တန့်ပြီး သင်မည်မျှ ကံကောင်းသည်၊ သို့မဟုတ် ကံမကောင်းသည်ဆိုသည်အားဖြင့် ထိုသို့သောအရာများကို အကဲဖြတ်ခြင်းအား သင် ရပ်တန့်သည့်အခါ ကံအကြောင်းမလှသည့် ဖြစ်ရပ်နှင့် မကောင်းသောအရာအဖြစ် သင်မြင်လေ့ရှိခဲ့သည့် အရာများစွာတို့ကို ယခုတွင် ကောင်းသည့်အရာအဖြစ် သင် ယခု မြင်လိမ့်မည်။ မကောင်းသည့်အရာများက ကောင်းသည့်အရာများအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ သင်၏ စိတ်နေစိတ်ထားနှင့် အမှုအရာများကို သင် ရှုမြင်သည့် နည်းလမ်းတို့သည် ပြောင်းလဲသွားလိမ့်မည်။ ထိုအရာက သင့်ကို သင်၏ ဘဝအတွေ့အကြုံနှင့်ပတ်သက်၍ မတူကွဲပြားစွာ ခံစားနိုင်စေလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် မတူကွဲပြားသည့် ဆုလာဘ်များကို ရိတ်သိမ်းနိုင်စေလိမ့်မည်။ ဤသည်မှာ စိတ်ကူးမရသည့် ဆုလာဘ်များကို သင့်ထံ ဆောင်ကြဉ်းမည့် သာမန်ထက်လွန်ကဲသော အတွေ့အကြုံဖြစ်သည်။ ထိုအရာမှာ ဆိုးသည့်အရာတစ်ခုမဟုတ်၊ ကောင်းသည့်အရာတစ်ခု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မအပေါ် ကျရောက်လာတဲ့အရာအားလုံးဟာ လူ့ရှုထောင့်ကနေကြည့်ရင် ကောင်းတယ်လို့ပဲထင်ရထင်ရ၊ ဆိုးတယ်လို့ပဲထင်ရထင်ရ၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာအောက်မှာ ရှိပြီး အဲဒီနောက်ကွယ်မှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် ရှိတယ်ဆိုတာကို ကျွန်မနားလည်ခဲ့တယ်။ ကျွန်မဟာ ဘုရားသခင်ဆီကနေ အမှုအရာတွေကို လက်ခံပြီး ကျိုးနွံနာခံသင့်တယ်၊ သမ္မာတရားကိုရှာဖွေပြီး သင်ခန်းစာတွေ သင်ယူသင့်တယ်။ ဒါဟာ ကျွန်မရှိသင့်တဲ့ သဘောထားနဲ့ လက်တွေ့လုပ်ဆောင်မှုပဲ။ ကျွန်မ ယောသပ်အကြောင်းကို တွေးမိတယ်။ သူ့ကို သူ့ညီအစ်ကိုတွေက အီဂျစ်ပြည်မှာ ကျွန်အဖြစ် ရောင်းစားခဲ့ပြီး ဒုက္ခဆင်းရဲအများကြီး သူခံခဲ့ရတယ်။ ဒါက ကောင်းတဲ့ကိစ္စတစ်ခု မဟုတ်ဘူးလို့ ထင်ရပေမဲ့၊ ယောသပ်ဟာ နောက်ဆုံးမှာ အီဂျစ်ပြည်ရဲ့ အုပ်ချုပ်ရေးမှူးချုပ် ဖြစ်လာခဲ့တယ်။ အစာခေါင်းပါးတဲ့ ကပ်ဘေးကာလအတွင်းမှာ ယောသပ်ဟာ ငတ်မွတ်ခေါင်းပါးခြင်းဒုက္ခကနေ လွတ်မြောက်ခဲ့ပြီး ဘုရားသခင်ရဲ့ ကြည့်ရှုစောင့်ရှောက်မှုနဲ့ ကာကွယ်မှုအောက်မှာ ရှိခဲ့တယ်။ နောက်ပိုင်းမှာ ယောသပ်ရဲ့အစ်ကိုတွေက အီဂျစ်ပြည်ကို ကောက်နှံဝယ်ဖို့ ရောက်လာကြပြီး သူတို့မိသားစုတစ်စုလုံး အီဂျစ်ပြည်ကို ပြောင်းရွှေ့ခဲ့ကြတယ်၊ သူတို့ရဲ့မျိုးဆက်တွေဟာ အဲဒီမှာ နှစ်ပေါင်းလေးရာကြာ နေထိုင်ခဲ့ကြတယ်။ လူ့ရှုထောင့်ကနေကြည့်ရင် ကံဆိုးတယ်လို့ထင်ရတဲ့ အရာတချို့က မကောင်းဘူးလို့ တထစ်ချပြောလို့မရဘူးဆိုတာနဲ့ ဒီအရာအားလုံးမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကောင်းတွေ ပါဝင်တယ်ဆိုတာကို ဒါက ကျွန်မကို မြင်စေခဲ့တယ်။ ဒီတစ်ခေါက် ချန်နန်အသင်းတော်ကို ကြီးကြပ်ဖို့ ကျွန်မ တာဝန်ပေးခံရသလိုပေါ့၊ တစ်ဖက်မှာတော့ ဒါက အလုပ်ရဲ့ လိုအပ်ချက်တွေအပေါ်မှာ အခြေခံတယ်၊ ကျွန်မက ဒီအသင်းတော်က လူတွေနဲ့ ပိုပြီး ရင်းနှီးကျွမ်းဝင်သလို ရွှီစင်ထက် ဧဝံဂေလိအလုပ်မှာ အတွေ့အကြုံပိုရှိတယ်လေ၊ ဒါကြောင့် ဒီအစီအစဉ်က အသင်းတော်အလုပ်အတွက် အကျိုးရှိမှာဖြစ်ပြီး၊ နောက်တစ်ဖက်မှာတော့ ဒါက ကျွန်မရဲ့ အသက်ဝင်ရောက်မှုအတွက် လိုအပ်တယ်။ ကျွန်မက ဇာတိပကတိ သက်သာမှုကို မွေ့လျော်ခံစားရတာကို ကြိုက်တဲ့သူ၊ ပြဿနာတွေကို ရင်ဆိုင်ရတဲ့အခါမှာ သမ္မာတရားကို မရှာတတ်တဲ့သူဖြစ်ပြီးတော့ ကျွန်မတာဝန်ယူရတဲ့ အသင်းတော်မှာ ပြဿနာတွေ၊ အခက်အခဲတွေ အများကြီးရှိတော့၊ ဒါတွေက ကျွန်မကို အားထုတ်ဖို့၊ ရှာဖွေဖို့၊ ဆင်ခြင်သုံးသပ်ဖို့၊ ဆက်သွယ်ပြောဆိုပြီး အမှုအရာတွေကို ပိုပြီး အနှစ်ချုပ်ဖို့ လိုအပ်စေခဲ့တယ်။ ဒီလိုလုပ်တဲ့အခါ ကျွန်မ ဇာတိပကတိထဲမှာ အသက်ရှင်ပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတာမျိုးကို ရှောင်ရှားနိုင်မှာပဲ။ ဘုရားသခင်က ကျွန်မရဲ့ သေနိုင်လောက်တဲ့ အားနည်းချက်တွေအရ ဒီပတ်ဝန်းကျင်ကို စီစဉ်ပေးခဲ့တယ်။ ဒါဟာ ကျွန်မအတွက် ကိုယ်တော့်ရဲ့ ကယ်တင်ခြင်းပဲ။ လွန်ခဲ့တဲ့ သုံးလေးနှစ်တုန်းက ဒီအသင်းတော်ကို ကျွန်မတာဝန်ယူခဲ့တုန်းက၊ တကယ့်အလုပ်ကို မလုပ်ခဲ့ဘူးဆိုတာကိုလည်း ကျွန်မပြန်တွေးမိတယ်။ ညီအစ်ကိုမောင်နှမတွေက သူတို့တာဝန်တွေမှာ ရလဒ်တွေညံ့တာကို မြင်တဲ့အခါ၊ ကျွန်မက သူတို့ကို မထီမဲ့မြင်ပြုပြီး အကဲဖြတ်ရုံပဲလုပ်ခဲ့တယ်၊ သူတို့ရဲ့အသက်ဝင်ရောက်မှုအတွက် ဘာအကူအညီမှ မပေးခဲ့ဘူး။ ကျွန်မဟာ နောင်တတွေနဲ့ အကြွေးတွေကို ချန်ထားခဲ့ပြီး၊ အခု သူတို့အလုပ်ကို နောက်တစ်ခါ တာဝန်ယူဖို့ အခွင့်အရေး ပြန်ပေးခံရတာပဲ။ ဒါက ကျွန်မရဲ့ အတိတ်က ပြစ်မှားခြင်းတွေကို ပြန်ပေးဆပ်ဖို့ အခွင့်အရေးတစ်ခုဖြစ်ပြီး ကျွန်မရဲ့ တာဝန်အပေါ်ထားတဲ့ သဘောထားကို အချိန်မီ ပြင်ဆင်ရမယ်၊ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ရမယ်၊ ပြီးတော့ ဘာနောင်တမှ မချန်ထားခဲ့ရဘူး။ အဲဒီအချိန်မှာ၊ ဘုရားသခင်က ကျွန်မကို ဒီအသင်းတော်ကို ကြီးကြပ်ဖို့ အခွင့်အရေးပေးတာဟာ ကျွန်မရဲ့အသက်တာအတွက် လိုအပ်တယ်၊ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်တွေကို ပြသတယ်၊ ပြီးတော့ ကျွန်မက အရာတွေကို ဘာသာတရားမရှိသူတွေရဲ့ ရှုထောင့်ကနေ မရှုမြင်နိုင်တော့ဘူး၊ ဘုရားသခင် စီစဉ်ပေးတဲ့ ပတ်ဝန်းကျင်တွေကို အတိုက်အခံ မလုပ်နိုင်တော့ဘူးဆိုတာကို ကျွန်မ ခံစားခဲ့ရတယ်။ အမှန်တော့ ဘုရားသခင် ဘယ်လိုပတ်ဝန်းကျင်ကိုပဲ စီစဉ်ပေးပါစေ၊ အဲဒါဟာ ကျွန်မတို့ရဲ့ အသက်တာအတွက် လိုအပ်တာချည်းပဲ၊ ကံကောင်းခြင်း၊ ကံဆိုးခြင်းဆိုတာမျိုး မရှိပါဘူး။ လူတွေ၊ ဖြစ်ရပ်တွေနဲ့ အရာတွေကို ကံတရားအပေါ်မူတည်ပြီး အကဲဖြတ်တာကို ကျွန်မ ရပ်လိုက်ပြီး အဲဒီအစား ဘုရားနှုတ်ကပတ်တော်တွေအတိုင်း ရှုမြင်တဲ့အခါမှာ ကျွန်မ စိတ်သက်သာရာရပြီး အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေနဲ့ မနေထိုင်တော့ဘူး။
မလိုလားအပ်တဲ့ အခြေအနေတွေကြုံရတာက ကံဆိုးတာပဲလို့ ဘာလို့ ကျွန်မအမြဲထင်ခဲ့တာလဲ၊ ပြီးတော့ ကောင်းတဲ့အရာတွေ ကျွန်မအပေါ်မှာ ဖြစ်ပျက်လာဖို့ ဘာလို့ အမြဲ မျှော်လင့်နေခဲ့တာလဲ၊ ပြီးတော့ ဒါက ဘယ်လို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက တွန်းအားပေးခဲ့တာလဲဆိုတာကို ကျွန်မ တွေးမိတယ်။ ဝတ်ပြုခြင်းလုပ်နေတုန်းမှာ၊ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မဖတ်ခဲ့တယ်။ “ထို့ကြောင့် အမှုအရာများ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ရန် ကံကို အသုံးပြုသည့် လူတို့၏ အတွေးများနှင့် ရှုထောင့်အမြင်များသည် အဘယ်နည်း။ ထိုလူတို့၏ အနှစ်သာရမှာ အဘယ်နည်း။ ကောင်းသည့်ကံနှင့် ဆိုးသည့်ကံကို အဘယ်ကြောင့် ၎င်းတို့ အလွန် အာရုံစိုက်ကြသနည်း။ ကံအပေါ် များစွာ အာရုံစိုက်သည့်လူများသည် မိမိတို့ကံ ကောင်းရန် မျှော်လင့်ကြသလော၊ သို့မဟုတ် ကံဆိုးရန် မျှော်လင့်ကြသလော။ (ကံကောင်းရန် မျှော်လင့်ကြပါသည်။) မှန်ပေ၏။ အမှန်တွင် ၎င်းတို့သည် ကောင်းသည့်ကံနှင့် ကောင်းသည့်အရာများ ၎င်းတို့ထံ ဖြစ်ပျက်ဖို့အတွက် လိုက်စားအားထုတ်ကြပြီး ထိုအရာများကို ၎င်းတို့ ကောင်းကောင်း အသုံးချကာ ထိုအရာများမှ အကျိုးအမြတ်များ ရယူကြသည်။ အခြားသူများ မည်မျှ ဆင်းရဲဒုက္ခခံစားရသည်၊ သို့မဟုတ် အခြားသူများက ဆင်းရဲဒုက္ခ၊ သို့မဟုတ် အခက်အခဲမည်မျှ သည်းညည်းခံရမည်ဆိုသည်ကို ၎င်းတို့ ဂရုမစိုက်ကြချေ။ ကံမကောင်းသည့်အရာအဖြစ် ၎င်းတို့ မြင်သည့် မည်သည့်အရာကိုမျှ မိမိတို့ထံ မဖြစ်စေချင်ကြပေ။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့ထံ မကောင်းသည့်အရာ မည်သည့်အရာမျှ ၎င်းတို့ မဖြစ်စေချင်ကြပေ။ အနှောင့်အယှက်များ၊ ကျရှုံးမှုများ၊ သို့မဟုတ် အရှက်ရစရာများ၊ ပြုပြင်ခံရခြင်း၊ အမှုအရာများ ဆုံးရှုံးခြင်း၊ အခွင့်အရေး ဆုံးရှုံးခြင်းနှင့် လှည့်စားခံရခြင်းများ မဖြစ်စေချင်ကြပေ။ ထိုအရာများထဲမှ တစ်ခုတလေဖြစ်ပျက်ပါက မကောင်းသည့် ကံအဖြစ် မှတ်ယူလိုက်ကြသည်။ မည်သူက ထိုအရာကို စီစဉ်သည်ဖြစ်စေ မကောင်းသည့်အရာများ ဖြစ်ပျက်လျှင် ထိုအရာမှာ ကံမကောင်းခြင်း ဖြစ်သည်။ ၎င်းတို့သည် ရာထူးတိုးခံရခြင်း၊ လူအုပ်မှ ထင်ပေါ်ခြင်းနှင့် အခြားသူများ၏ ထိခိုက်နစ်နာမှုမှ အကျိုးကျေးဇူး ခံစားရခြင်းမှသည် တစ်စုံတစ်ရာမှ အကျိုးအမြတ်ရခြင်း၊ ငွေများစွာ ရှာခြင်း၊ သို့မဟုတ် အဆင့်မြင့် အရာရှိတစ်ဦး ဖြစ်ခြင်းအထိ ကောင်းသည့်အရာများအားလုံး ၎င်းတို့ထံ ဖြစ်ပျက်ရန် မျှော်လင့်ကြပြီး ယင်းမှာ ကောင်းသည့်ကံဟု ၎င်းတို့ တွေးထင်ကြလေသည်။ ၎င်းတို့သည် မိမိတို့ ကြုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ကံပေါ်အခြေခံ၍ အမြဲ တိုင်းတာကြသည်။ မကောင်းသည့်ကံကို မဟုတ်ဘဲ ကောင်းသည့်ကံကို လိုက်စားနေကြသည်။ အမှုအရာ အနည်းငယ်မျှ မှားယွင်းသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ဒေါသထွက်၊ စိတ်အနှောင့်အယှက်ဖြစ်ပြီး မကျေမနပ်ဖြစ်ကြသည်။ ဘွင်းဘွင်း ပြောရလျှင် ဤလူစားမျိုးများသည် တစ်ကိုယ်ကောင်းဆန်၏။ ၎င်းတို့သည် အခြားလူများ၏ ထိခိုက်နစ်နာမှုမှ မိမိတို့အတွက် အကျိုးကျေးဇူးခံစားခြင်း၊ မိမိတို့ကိုယ်ကိုအတွက် အကျိုးအမြတ် ဖန်တီးခြင်း၊ ထိပ်ဆုံးသို့ ရောက်လာခြင်းနှင့် လူအုပ်ထဲမှ ထင်ပေါ်ခြင်းတို့ကို လိုက်စားအားထုတ်ကြသည်။ ၎င်းတို့ တစ်ဦးတည်းထံတွင် ကောင်းသည့်အရာမှန်သမျှ ဖြစ်ပျက်လျှင် ၎င်းတို့ စိတ်ကျေနပ်ကြမည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝ အနှစ်သာရဖြစ်သည်။ ၎င်းတို့၏ စစ်မှန်သော သဘောသဘာဝ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကိုယ် ကံဆိုးတာကို အမြဲတမ်း ညည်းညူနေတဲ့လူတွေဟာ တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်ကျိုးရှာတဲ့သူတွေ ဖြစ်တယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ဒီလိုလူတွေက သူတို့အပေါ်မှာ ကောင်းတဲ့အရာတွေ ဖြစ်ပျက်လာဖို့၊ အရာရာတိုင်း အဆင်ပြေချောမွေ့ဖို့၊ အလုပ်အကိုင် အောင်မြင်ဖို့၊ ထင်ပေါ်ကျော်ကြားပြီး ဂုဏ်ကျက်သရေ ရရှိဖို့၊ ပြီးတော့ ဘာအနှောင့်အယှက်၊ ဘာရှုံးနိမ့်မှုမှ မကြုံတွေ့ရဖို့ကို အမြဲတမ်း လိုလားကြတယ်။ ဘုရားသခင်ရဲ့ အိမ်တော်က သူတို့ရဲ့ တာဝန်မှာတောင်မှ အားမစိုက်ထုတ်ဘဲ ရလဒ်တွေကို ခံစားချင်ကြတယ်၊ သူတို့တာဝန်တွေ ထမ်းဆောင်ဖို့အတွက် လိုအပ်တဲ့ ဒုက္ခဆင်းရဲကို ခံဖို့၊ အဖိုးအခပေးဆပ်ဖို့ စိတ်မပါကြဘူး၊ ပြုပြင်ခံရမှာကိုလဲ တွန့်ဆုတ်ကြတယ်။ မျက်နှာပျက်ရတာ ဒါမှမဟုတ် နည်းနည်းလေး စိတ်တိုင်းမကျတာနဲ့ သူတို့က စပြီး ညည်းညူကြတယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မလဲ ဒီလိုပဲဆိုတာကို သိလိုက်ရတယ်။ တာဝန်မှာ အခက်အခဲတွေကြုံရတိုင်း၊ ဒါမှမဟုတ် အနှောင့်အယှက်တွေ၊ ရှုံးနိမ့်မှုတွေ၊ ဒါမှမဟုတ် ပြုပြင်ခံရတာတွေနဲ့ ရင်ဆိုင်ရတိုင်း၊ ဘုရားသခင်က ကျွန်မအတွက် စီစဉ်ပေးတဲ့ပတ်ဝန်းကျင်ကို ညည်းညူခဲ့တယ်၊ စိတ်ပူစရာမလို၊ ဒုက္ခဆင်းရဲမခံရဘဲ နာမည်နဲ့အကျိုးအမြတ်ရဖို့၊ သက်သောင့်သက်သာနဲ့ နေရဖို့ကိုပဲ အမြဲလိုလားခဲ့တယ်။ ကျွန်မတာဝန်ယူရတဲ့ ချန်နန်အသင်းတော်မှာ ပြဿနာတွေများတယ်၊ အလုပ်မှာ ထိရောက်မှုမရှိဘူး၊ ကျွန်မတို့လည်း ခဏခဏ ပြုပြင်ခံရတယ်၊ ဒါကြောင့် ဒီလိုအသင်းတော်ကို တာဝန်ယူရတာ ဘာအကျိုးကျေးဇူးမှမရှိဘူး၊ နေ့တိုင်း ဘယ်လောက်ပဲလုပ်လုပ် တခြားသူတွေက မြင်မှာမဟုတ်ဘူးလို့ ကျွန်မထင်ခဲ့တယ်၊ ဒီလိုနဲ့ စိတ်ထဲမှာ မကျေမနပ်ဖြစ်တဲ့စိတ်ဝင်လာပြီး၊ အပျက်သဘောဆောင်လာတယ်၊ ခိုကပ်လာတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေက ပိုဆိုးလာပြီး သူတို့ရဲ့တာဝန်တွေကိုပါ ထိခိုက်နေတာကို မြင်ပေမဲ့ ကျွန်မ ဂရုမစိုက်ခဲ့ဘူး၊ အလုပ်ထဲက ပြဿနာတွေကိုလည်း ဖြေရှင်းပေးဖို့ စိတ်မပါခဲ့ဘူး။ ကျွန်မဟာ “ဆုလာဘ်မရှိဘဲ လုံးဝ မလုပ်နှင့်”၊ “အလကားတော့ ဘယ်သူမှ အလုပ်မလုပ်ဘူး” ဆိုတဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်တွေကို မှီခိုအားထားပြီး တစ်ကိုယ်ကောင်းဆန်၊ ကိုယ်ကျိုးရှာ၊ စက်ဆုပ်စရာကောင်းပြီး ယုတ်ညံ့တဲ့လူတစ်ယောက် ဖြစ်လာခဲ့တယ်။ အသင်းတော်က ကျွန်မကို ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးခဲ့ပြီး လေ့ကျင့်ဖို့ အခွင့်အရေးတွေ အများကြီး ပေးခဲ့တာကို တွေးကြည့်လိုက်တော့ အခု ဧဝံဂေလိအလုပ်ရလဒ်ညံ့တဲ့ အသင်းတော်ကို ကြီးကြပ်ဖို့ ကျွန်မကို တာဝန်ပေးတာကို ပြန်စဉ်းစားကြည့်တော့၊ ကျွန်မဟာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အလေးထားပြီး အလုပ်ထဲက ပြဿနာတွေ၊ အခက်အခဲတွေကို ဖြေရှင်းဖို့ ကိုယ့်တာဝန်မှာ တက်တက်ကြွကြွ ပါဝင်ခဲ့သင့်တယ်။ ဒါပေမဲ့ အဲဒီအစား ဇာတိပကတိ ဒုက္ခခံရမှာနဲ့ မျက်နှာပျက်မှာကို ကြောက်လို့ ကျွန်မ ညည်းညူခဲ့ပြီး ကိုယ့်ရဲ့ တာဝန်တွေကို မထမ်းဆောင်ဘဲ ပျက်ကွက်ခဲ့တယ်။ ကျွန်မ တာဝန်ထမ်းဆောင်နေခဲ့တာဟာ ဘုရားသခင်ကို ကျေနပ်စေဖို့မဟုတ်ဘဲ ဇာတိပကတိ သာယာမှု၊ ကျော်ကြားမှုနဲ့ အဆင့်အတန်းကို လိုက်စားဖို့အတွက်ပဲ။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်တာ။ ဒါကို သဘောပေါက်သွားတော့ စိတ်ထဲမှာ အရမ်းကို အပြစ်ရှိသလို ခံစားရပြီး၊ ကိုယ့်ရဲ့ကိုယ်ပိုင်အကျိုးစီးပွားကို မလိုက်စားချင်တော့ဘူး။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အလေးထားပြီး ကိုယ့်ရဲ့တာဝန်တွေကို ဖြည့်ဆည်းရာမှာ ကိုယ်တော့်ကို အားကိုးချင်ခဲ့တယ်။ နောက်ပိုင်းမှာ၊ ဧဝံဂေလိအမှုဆောင်တွေက အခက်အခဲ၊ ပြဿနာတွေနဲ့ ရင်ဆိုင်ရတာ၊ ဒါမှမဟုတ် ဧဝံဂေလိ စည်းမျဉ်းတွေကို နားမလည်တာတွေ မြင်တဲ့အခါ၊ ကျွန်မ မညည်းညူတော့ဘဲ သူတို့နဲ့ အကြိမ်ကြိမ် ဆက်သွယ်ပြောဆိုဖို့ စာတွေရေးခဲ့တယ်၊ သူတို့ရဲ့အခြေအနေတွေ မကောင်းတာကို မြင်တဲ့အခါ၊ သူတို့ကို ကူညီဖို့နဲ့ ထောက်ပံ့ဖို့ ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယပြုပေးခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်တဲ့အခါ၊ နေ့ရက်တိုင်းက ပြည့်စုံနေပြီး၊ ကိုယ်တိုင်လည်း ရရှိမှုတွေရှိတယ်လို့ ခံစားခဲ့ရတယ်။
တစ်နေ့မှာ ချန်နန်အသင်းတော်က ဧဝံဂေလိအမှုဆောင်တစ်ယောက်ဆီကနေ ကျွန်မ စာတစ်စောင်လက်ခံရရှိခဲ့တယ်၊ သူ့ရဲ့တွဲဖက် ညီအစ်မကျင်းအန်းက တာဝန်အတွက် သူ့ရဲ့အရည်အချင်းက မမီဘူးလို့ ခံစားရလို့ နုတ်ထွက်သွားတယ်လို့ ပြောထားတယ်။ ရက်ပိုင်းလောက်နေတော့ အဖွဲ့ခေါင်းဆောင်တစ်ယောက်ဆီကနေ နောက်ထပ်စာတစ်စောင် ကျွန်မလက်ခံရရှိခဲ့တယ်၊ ညီအစ်မ ဝေကျန်းရဲ့အခြေအနေကလည်း မကောင်းဘူး၊ သူက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ အသက်ရှင်နေပြီး ဧဝံဂေလိတရား မဟောချင်တော့ဘူးလို့ ဆိုပါတယ်။ အဖွဲ့ခေါင်းဆောင်က “ကျွန်မလည်း အခက်အခဲနဲ့ ရှင်သန်နေရပြီး ဘယ်လို ပူးပေါင်းဆောင်ရွက်ရမလဲဆိုတာ မသိဘူး...” လို့လည်း ပြောခဲ့တယ်။ ဒီပြဿနာတွေကို မြင်တော့ ကျွန်မ တကယ်ကို စိတ်ရှုပ်သွားပြီး တွေးမိတယ်၊ “နင်တို့တွေ ဘာလို့ ပြဿနာတွေ ဒီလောက်များရတာလဲ။ အလုပ်ရလဒ်တွေမှာ အားနည်းတာကို ပြဿနာတစ်ပုံတစ်ပင်နဲ့ အစားဖြည့်ကြတယ်ပေါ့။ ဒီနေ့တစ်ယောက်က နုတ်ထွက်တယ်၊ နောက်နေ့ နောက်တစ်ယောက်က အခြေအနေမကောင်းဘူးဖြစ်ပြန်ရော။ နင်တို့ရဲ့ အခြေအနေတွေကို ဖြေရှင်းပေးရတာနဲ့တင် အားအများကြီးကုန်နေပြီ။ ငါ ဧဝံဂေလိတရားဟောဖို့ အချိန်ဘယ်လိုရှာရတော့မှာလဲ။ ဒါတောင် ဇာတိပကတိ ဒုက္ခခံရတာ မပါသေးဘူး၊ အရေးကြီးဆုံးက အလုပ်က ထိရောက်မှုမရှိရင် ကြီးကြပ်ရေးမှူးက ငါ့ကို ဘယ်လိုမြင်မှာလဲ။ ဒီအသင်းတော်မှာ ပြဿနာတွေ အများကြီးပဲ၊ ငါ တကယ် ကံမကောင်းပါလား” လို့ပေါ့။ ကျွန်မရဲ့ အခြေအနေက မှားနေမှန်း သဘောပေါက်လိုက်တယ်၊ ဒါနဲ့ ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖတ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မဖတ်ခဲ့တယ်။ “ဤစိတ်မချမ်းမြေ့ခြင်းထဲမှ ထွက်လာရန် လွယ်ကူသလော။ အမှန်တွင် လွယ်ကူ၏။ သင်၏ မှားယွင်းသည့် ရှုထောင့်အမြင်များကိုသာ လက်လွှတ်လော့။ အရာရာ အဆင်ပြေဖို့၊ သို့မဟုတ် သင် အလိုရှိသည့်နည်းလမ်းအတိုင်း အတိအကျဖြစ်ဖို့၊ သို့မဟုတ် အဆင်ပြေချောမွေ့စွာ ဖြစ်ဖို့ မမျှော်လင့်နှင့်။ တလွဲဖြစ်သွားသည့် အရာများကို မကြောက်နှင့်၊ မခုခံနှင့်၊ သို့မဟုတ် မငြင်းပယ်နှင့်။ ထိုအစား သင်၏ အတိုက်အခံလုပ်ခြင်းကို လက်လွှတ်လော့၊ စိတ်ငြိမ်ငြိမ်ထားပြီး ကျိုးနွံနာခံမှု သဘောထားဖြင့် ဘုရားသခင်၏ ရှေ့မှောက်သို့လာပြီး ဘုရားသခင် စီစဉ်သမျှအားလုံးကို လက်ခံလော့။ ‘ကောင်းသည့်ကံ’ဟုခေါ်သည့် အရာကို မလိုက်စားနှင့်၊ ပြီးလျှင် ‘မကောင်းသည့်ကံ’ဟုခေါ်သည့် အရာကို မငြင်းနှင့်။ ဘုရားသခင်ကို သင်၏ စိတ်နှလုံးနှင့် ဖြစ်တည်မှုတစ်ခုလုံး ပေးလော့။ သူ့ကို ဆောင်ရွက်ခြင်းနှင့် စီစဉ်ညွှန်ကြားခြင်းတို့ကို လုပ်ဆောင်ခွင့်ပေးပြီး သူ၏ စီစဉ်ညွှန်ကြားခြင်းနှင့် အစီအစဉ်များကို ကျိုးနွံနာခံလော့။ သင်လိုအပ်သည့်အခါ သင်လိုအပ်သည့်အရာကို ဘုရားသခင်က ထိုက်တန်သော အတိုင်းအတာဖြင့် သင့်ကို ပေးလိမ့်မည်။ သင် အမှတ်မထင် ဆုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများမှ သင် သင်ယူနေသင့်သည့် သင်ခန်းစာများကို သင်ယူနိုင်ရန်အလို့ငှာ သင်၏ လိုအပ်ချက်များနှင့် ချို့တဲ့ခြင်းများအတိုင်း သင်လိုအပ်သည့် ပတ်ဝန်းကျင်များ၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို သူ စီစဉ်ညွှန်ကြားလိမ့်မည်။ ဤအရာအားလုံးအတွက် မရှိမဖြစ် လိုအပ်ချက်မှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များအပေါ် ကျိုးနွံနာခံမှု စိတ်နေစိတ်ထားတစ်ခု သင် ရှိရမည်ဟူ၍ ဖြစ်သည်မှာ အမှန်ဖြစ်၏။ ထို့ကြောင့် ပြီးပြည့်စုံခြင်းကို မလိုက်စားနှင့်။ မလိုလားအပ်သည့်၊ ကသိကအောက်ဖြစ်စေသော၊ သို့မဟုတ် သဘောမကျစရာဖြစ်သော အရာများ ဖြစ်ပွားခြင်းကို မငြင်းပယ်နှင့်၊ သို့မဟုတ် မကြောက်နှင့်။ ပြီးလျှင် မကောင်းသည့်အရာများ ဖြစ်ပွားခြင်းကို အတွင်းကျိတ် အတိုက်အခံလုပ်ရန် သင်၏ စိတ်မချမ်းမြေ့ခြင်းကို အသုံးမပြုနှင့်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ဒီအခြေအနေတွေထဲမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကောင်းတွေ ရှိတယ်ဆိုတာကို ကျွန်မနားလည်ခဲ့တယ်။ ကျွန်မ ကျိုးနွံနာခံပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေတာနဲ့ အရင်စသင့်တယ်၊ ပြီးတော့ တစ်ခုခုက ကျွန်မရဲ့ ဂုဏ်သတင်း ဒါမှမဟုတ် ဇာတိပကတိ အကျိုးစီးပွားကို ထိခိုက်လာတာနဲ့ အတိုက်အခံလုပ်တာ၊ ညည်းညူတာ၊ ဒါမှမဟုတ် မြည်တွန်တောက်တီးတာတွေနဲ့ မတုံ့ပြန်သင့်ဘူး၊ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေထဲမှာ အသက်မရှင်သင့်ဘူး။ ဒါဟာ ကိုယ့်တာဝန်အပေါ်ထားသင့်တဲ့ သဘောထားမဟုတ်ဘူး။ အဲဒီအချိန်မှာ ညီအစ်မသုံးယောက်က အပျက်သဘောဆောင်ပြီး အားနည်းနေကြတယ်၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေထဲမှာ အသက်ရှင်နေပြီး အဲဒီအထဲကနေ မထွက်နိုင်ဘဲ အရမ်းကို နာကျင်နေကြတယ်၊ ဒါကို အချိန်မီ မိတ်သဟာပြုပြီး မဖြေရှင်းရင် ဧဝံဂေလိအလုပ်ကို ထိခိုက်ရုံတင်မကဘဲ သူတို့ရဲ့ အသက်ဝင်ရောက်မှုကိုပါ နှောင့်နှေးစေမှာပဲ။ ကျွန်မ သူတို့ကို မထီမဲ့မြင်မပြုသင့်ဘဲ၊ မေတ္တာနဲ့ မိတ်သဟာယဖွဲ့ပြီး ကူညီရင်း ကျွန်မရဲ့ တာဝန်ကို ဖြည့်ဆည်းသင့်တယ်။ ဒါနဲ့ ကျွန်မ သူတို့ဆီကို မြန်မြန် စာရေးပြီးတော့ ကျွန်မရဲ့ အတွေ့အကြုံတွေကို မျှဝေရင်း သူတို့နဲ့ မိတ်သဟာယဖွဲ့ခဲ့တယ်၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို နားလည်စေပြီး အခက်အခဲတွေထဲမှာ ဆက်မနေတော့ဖို့ ကူညီပေးခဲ့တယ်။ ဧဝံဂေလိတရားဟောပြောခြင်းမှာရခဲ့တဲ့ ကိုယ့်ရဲ့အတွေ့အကြုံတွေနဲ့ အကျိုးကျေးဇူးတွေကိုလည်း ကျွန်မ ဝေမျှခဲ့တယ်။ သုံးလေးရက်နေတော့၊ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ခြင်းကနေ သူတို့ရဲ့အခြေအနေတွေ တိုးတက်လာပြီး၊ သူတို့ရဲ့တာဝန်တွေကို ပုံမှန်အတိုင်း ပြန်ထမ်းဆောင်နိုင်ပြီလို့ ပြောထားတဲ့ စာတစ်စောင် လက်ခံရရှိခဲ့တယ်။ ဒီလိုရလဒ်တွေကို တွေ့ရတော့ ကျွန်မ အရမ်းကို စိတ်သက်သာရာရပြီး ကျွန်မရဲ့ ယုံကြည်ခြင်းက ခိုင်မာလာတယ်။ အရာအားလုံးဟာ ဘုရားသခင်ရဲ့ လက်ထဲမှာပဲရှိတယ်၊ ဘုရားသခင်က ကျွန်မအတွက် ဘယ်လိုအခက်အခဲတွေ၊ အနှောင့်အယှက်တွေကိုပဲ စီစဉ်ပေးပါစေ၊ ကျွန်မဟာ အဲဒါတွေကို တွေ့ကြုံခံစားဖို့ ကိုယ်တော့်ကို အားကိုးသင့်တယ်၊ အရာရာမှာ သမ္မာတရားကိုရှာဖွေပြီး ဝင်ရောက်သင့်တယ်။ ဒါဟာ ကိုယ့်တာဝန်တွေအပေါ်ထားသင့်တဲ့ သဘောထားပဲ။ သက်သောင့်သက်သာဖြစ်တဲ့ အခြေအနေတစ်ခုမှာ ဒီရရှိမှုတွေနဲ့ ဒီနားလည်မှုကို ကျွန်မ ရနိုင်မှာ မဟုတ်ဘူး။
ဒီအတွေ့အကြုံပြီးတဲ့နောက်၊ အမှုအရာတွေကို ကံကောင်းခြင်း၊ ကံဆိုးခြင်းတွေနဲ့ သုံးသပ်တိုင်းတာတာက တကယ်ကို အဓိပ္ပာယ်မရှိဘူးဆိုတာကို ကျွန်မ သိလိုက်ရတယ်။ တစ်ချိန်တည်းမှာပဲ၊ နေ့တိုင်း ဘုရားသခင်က ကျွန်မအတွက် စီစဉ်ပေးတဲ့ ပတ်ဝန်းကျင်ကို ကျွန်မက ကောင်းတယ်လို့ပဲ မြင်မြင်၊ ကျွန်မရဲ့ ဆန္ဒနဲ့ ဆန့်ကျင်တယ်လို့ပဲ မြင်မြင်၊ ကျွန်မ သင်ယူဖို့အတွက် သင်ခန်းစာတွေ အမြဲတမ်း ပါဝင်တယ်ဆိုတာကိုလည်း သဘောပေါက်ခဲ့တယ်။ ဒါတွေအားလုံးဟာ ကျွန်မရဲ့ အသက်ဝင်ရောက်မှုအတွက် လိုအပ်ပြီး၊ အဲဒီထဲမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကောင်းတွေ ပါတယ်။ သမ္မာတရားကို လိုက်စားဖို့နဲ့ လူတွေနဲ့ အမှုအရာတွေကို ဘုရားနှုတ်ကပတ်တော်တွေရဲ့ စံနှုန်းနဲ့ ရှုမြင်တဲ့အဆင့်ကို ရောက်အောင် ကြိုးစားသင့်တယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လက်တွေ့ကျမှုထဲကို အမြန်ဆုံး ဝင်ရောက်သင့်တယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ပက်ထရီရှာ၊ တောင်ကိုရီးယားနိုင်ငံ၂၀၂၄ ခုနှစ်၊ မေလအစပိုင်းမှာ ကျွန်မက အသင်းတော်မှာ အကတာဝန်ကို ထမ်းဆောင်နေခဲ့တယ်။ တစ်ညနေမှာ ခရိုင်ခေါင်းဆောင်က...
ရှောင်လု တရုတ်နိုင်ငံ ၂၀၁၈၊ နိုဝင်ဘာလမှာ အထက်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ လီကျန်က ကျွန်မတို့အလုပ်ကို ကြီးကြပ်ဖို့ ကျွန်မတို့အသင်းတော်ဆီလာတယ်။...
ရှမ်းရီ ဂျပန်နိုင်ငံတစ်ခါတုန်းက ကျွန်မတို့အလုပ်ကို အနှစ်ချုပ်တော့ ကျွန်မတို့ရဲ့ ဧဝံဂေလိအလုပ်က အဲဒီလအစပိုင်းမှာ သိပ်အဆင်မပြေဘူးလို့...
ကြီးပြင်းလာတော့ ကျွန်မရဲ့ မိသားစုက အတော်ဆင်းရဲခဲ့တယ်။ အခြေခံလိုအပ်တွေအတွက် ဘယ်တော့မှ မသေချာခဲ့ဘူး။ ကျွန်မတို့ကို ကျွေးမွေးဖို့ အမေက...