အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို တိုင်ကြားခြင်း- ပုဂ္ဂိုလ်ရေး ရုန်းကန်ခြင်း

23.01.2022

ကန်းရှောင် တရုတ်နိုင်ငံ

ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ၊ ကျွန်မတာဝန်ကနေ ထုတ်ပယ်ခံရတဲ့နောက် တခြားအသင်းတော်တစ်ခုဆီ ကျွန်မ လွှဲပြောင်းခံခဲ့ရတယ်။ အဲဒီမှာ ကျွန်မရဲ့ ပထမဆုံး စုဝေးပွဲကို အစ်ကို လျန်းက တစ်နာရီနောက်ပိုင်းမှ ပေါ်လာခဲ့တယ်။ အသင်းတော် ခေါင်းဆောင်ဖြစ်တဲ့ အစ်မ တန်လည်း အဲဒီမှာရှိတယ်။ ကျွန်မက၊ “အစ်ကို လျန်းက တာဝန်မှာ အရေးမထားသလို သူလုပ်ချင်တာ လုပ်တယ်လို့ ညီအစ်ကို မောင်နှမတွေပြောတာ ငါ ကြားရပြီးပြီ၊ ပြီးတော့ တစ်ချိန်လုံး စုဝေးပွဲကို နောက်ကျမှ သူ ပေါ်လာတယ်။ ဒီနေ့ စုဝေးပွဲကိုသူ တကယ် နောက်ကျတယ်ဆိုတော့၊ အစ်မတန်က ဒီပြဿနာနဲ့ပတ်သက်ပြီး သူ့ကို မိတ်သဟာယပြုသင့်တယ်”လို့ တွေးမိတယ်။ ဒါပေမယ့် အစ်မတန်က အဲဒါနဲ့ပတ်သက်လို့ လုံးဝ သာမန်ကာလျှံကာ ဖြစ်နေခဲ့ပြီး တစ်ခုမှ မပြောဘူး။ စုဝေးပွဲအတောအတွင်းမှာ၊ တခြားညီအစ်ကိုတစ်ယောက် ငွေရဲ့ ဘောင်ခတ်တာ ခံခဲ့ရပုံအကြောင်း ပြောပြခဲ့ပြီး သူ တော်တော် စိတ်ပျက်ပုံရခဲ့တယ်။ ကျွန်မတို့ အနည်းအကျဉ်းက ဘုရားနှုတ်ကပတ်တော် တချို့ကို ရှာပြီး အဲဒါတွေကို ကျွန်မတို့ရဲ့ ကိုယ်ပိုင် နားလည်မှု၊ အတွေ့အကြုံနဲ့ ဆက်စပ်ခဲ့ကြပေမယ့်၊ အသင်းတော် ခေါင်းဆောင်ဖြစ်တဲ့ အစ်မတန်က ဘာမိတ်သဟာယကိုမှ လုံးဝ မဝေမျှခဲ့ဘူး။ သူက ဘာတာဝန်ကိုမှ ယူမနေခဲ့ဘဲ၊ တစ်ဦးတစ်ယောက်ကိုမှ သူတို့ပြဿနာတွေနဲ့ပတ်သက်လို့ ကူညီတာမရှိဘဲ ဟန်ဆောင်လုပ်ပြနေခဲ့တယ်။ အဲဒါကို သူ့ဆီ ကျွန်မ ပြောပြချင်ခဲ့တယ်။ ဒါပေမယ့် နောက်တော့ ကျွန်မရဲ့ ပထမဆုံး စုဝေးပွဲဖြစ်တဲ့အတွက်၊ ကိစ္စတစ်ခုလုံးကို မြင်ကောင်းမမြင်တာ ဖြစ်နိုင်လို့၊ စောင့်သာ စောင့်ကြည့်သင့်တယ်လို့ တွက်ဆမိတယ်။ နောက်ထပ် စုဝေးပွဲအနည်းငယ်မှာလည်း အဲဒီအတိုင်း အတိအကျဖြစ်နေတာ မြင်ရတော့ ကျွန်မ အံ့အားသင့်သွားတယ်။ တစ်ခါတလေ ကျွန်မတို့ ဘုရားနှုတ်ကပတ်တော်တချို့ ဖတ်ပြီးတဲ့နောက် သူက ခပ်မြန်မြန်ပဲ စုဝေးပွဲတစ်ခုကို လက်စသတ်လိုက်ပြီး၊ မိတ်သဟာယထဲကို ဘာအားစိုက်ထုတ်တာမှ မလုပ်ခဲ့ဘူး။ ကျွန်မ တွေးနေမိတာက ခေါင်းဆောင်ရဲ့ တာဝန် အဓိက အစိတ်အပိုင်းက ညီအစ်ကို မောင်နှမတွေအနေနဲ့ သမ္မာတရားကို နားလည်ပြီး ဘုရားနှုတ်ကပတ်တော်တွေရဲ့ စစ်မှန်မှုထဲ ဝင်ရောက်နိုင်ဖို့ ဘုရားနှုတ်ကပတ်တော်တွေနဲ့ပတ်သက်တဲ့ မိတ်သဟာယမှာ သူတို့ကို လမ်းပြဖို့ဖြစ်တယ်လို့ပေါ့။ ဒါပေမယ့် အစ်မ တန်က မိတ်သဟာယမှ မဦးဆောင်သလို၊ လူတွေရဲ့ ပြဿနာတွေကိုလည်း မဖြေရှင်းခဲ့ဘူး။ အဲဒါက တာဝန်ကို တမင်ပျက်ကွက်တာ မဟုတ်လား။ ကျွန်မ တစ်ခုခု ပြောချင်ပေမယ့်၊ သူလက်မခံမှာ၊ ကျွန်မ မာနထောင်လွှားတာဖြစ်ပြီး ကျွန်မတာဝကို ဆုံးရှုံးလိုက်ရပြီးတဲ့နောက်မှာ တခြားလူတွေရဲ့ ကိစ္စထဲ ဝင်စွက်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ် သုံးသပ်နေသင့်တယ်လို့ သူပြောမှာ စိုးခဲ့တယ်။ ဒီအတွေးနဲ့၊ အဲဒါကို မေ့လိုက်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ်အပေါ် အာရုံစိုက်ဖို့ပဲ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။

တစ်လကြာပြီးတဲ့နောက် စာတည်းဖြတ်ရေး အသင်းဆီကို ကျွန်မ အထားခံရပြီး၊ တခြား အဖွဲ့စုဝေးပွဲနှစ်ခုကို တာဝန်ပေးခံရတယ်။ အဲဒီစုဝေးပွဲတွေရဲ့ အဖွဲ့သားတွေက ဘုရားနှုတ်ကပတ်တော်နဲ့ပတ်သက်တဲ့ မိတ်သဟာယ၊ ဒါမှမဟုတ် သူတို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံအကြောင်း ပြောဆိုဆွေးနွေးတာအပေါ်လည်း အာရုံမစိုက်ကြတာ တွေ့ရတော့ ကျွန်မ တကယ်ကို အံ့ဩသွားရတယ်။ တစ်ခါတလေ သူတို့က သာမန်ကာလျှံကာ စကားစမြည် ပြောရုံပြောကြတယ်။ အသင်းတော်ရဲ့ အရည်အသွေးက အဲ့ဒီအသင်းတော်ကို ဦးဆောင်နေသူနဲ့ တိုက်ရိုက်ဆက်နွှယ်သလို၊ အဲဒီလိုသာ ဆက်ဖြစ်ရင် ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုက ထိခိုက်သွားမှာပဲလို့ ကျွန်မ ခံစားရတယ်။ ဒါကြောင့် အဲဒါကို အစ်မတန်ဆီ ကျွန်မ တင်ပြခဲ့တယ်။ သူက လုံးဝ အတိုက်အခံလုပ်ပြီး၊ အသင်းတော်ရဲ့ အရည်အသွေးက ညီအစ်ကို မောင်နှမတွေရဲ့ ပြဿနာပဲလို့တောင် မရမက ပြောတယ်။ သူက သူ့ကိုယ်သူ မဆင်ခြင်မသုံးသပ်ခဲ့ဘဲ တာဝန်အားလုံးကို တခြားအသင်းသားတွေအပေါ် ပုံချခဲ့တဲ့ပုံနဲ့ပတ်သက်လို့ ကျွန်မ စဉ်းစားမိတယ်။ အသင်းတော် ခေါင်းဆောင်တစ်ယောက်အနေနဲ့တောင်၊ သမ္မာတရားကို သူ လက်မခံခဲ့ဘူး၊ ဒါမှမဟုတ် ညီအစ်ကို မောင်နှမတွေရဲ့ အကြံပေးတာတွေကို နားမထောင်ခဲ့သလို၊ အသင်းတော် အသက်တာအတွက် ဝန်ထုပ်ဝန်ပိုးကို တာဝန်မယူခဲ့ဘူး။ သူ ဘယ်လိုလုပ်ပြီး တခြားလူတွေကို သမ္မာတရား နားလည်အောင်၊ သမ္မာတရားစစ်မှန်မှုထဲ ဝင်ရောက်အောင် ဦးဆောင်ဖို့ ဖြစ်နိုင်မှာလဲ။ အဲဒါက ညီအစ်ကို မောင်နှမတွေကို ထိပဲထိခိုက်စေနိုင်မှာ။ အဲဒါနဲ့ပတ်သက်လို့ သူနဲ့ ကျွန်မ ထပ်ဆွေးနွေးသင့်တယ်လို့ ကျွန်မ ခံစားရတယ်။ ဒါပေမယ့် တစ်ခုခုကို ကျွန်မ ပြောတော့မယ့်ဆဲဆဲမှာပဲ၊ ကျွန်မ စစိုးရိမ်လာတယ်။ ပြီးခဲ့တဲ့ အခေါက်က၊ အဲဒါကို သူ လက်ခံဖို့ငြင်းခဲ့ရုံမက၊ အဲဒါနဲ့ပတ်သက်လို့ သဘောထားတစ်ခု ရှိခဲ့တယ်။ ကျွန်မ ကိုယ့်ဖာသာ ထပ်ပြောတာက ဘာကောင်းကျိုးရှိမှာလဲပေါ့။ သူက အသင်းတော် ခေါင်းဆောင်တစ်ယောက်၊ ဒီတော့ သူ့ကို ကျွန်မ ထပ်ဆွေးနွေးရင်၊ ကျွန်မက ကိုယ့်ဘောင်ကို ကျော်နေတယ်လို့ သူပြောကောင်းပြောမှာဖြစ်ပြီး၊ ကျွန်မအပေါ် မကျေနပ်တာတစ်ခု ဖြစ်နိုင်တယ်။ ကျွန်မ ဆက်နှုတ်ပိတ်နေသင့်တယ်လို့ တွက်ဆလိုက်တယ်။ အဲဒါနဲ့ပတ်သက်လို့ ကျွန်မ စိတ်လက်ချမ်းသာ မခံစားရဘဲ၊ နောက်ဆုံးမှာ ဘာတစ်ခုမှ မပြောဖို့ ဆုံးဖြတ်လိုက်တယ်။ ရက်အနည်းငယ် ကြာပြီးတဲ့နောက်၊ အစ်မတန်က စုဝေးပွဲတစ်ခုမှာ ညီအစ်ကို မောင်နှမတွေကို သူ ကိုင်တွယ်ဖြေရှင်းလိုက်ပြီလို့ ကျွန်မကို ပြောတယ်၊ အဲဒီနောက် သူတို့ကို သူ ကိုင်တွယ်ဖြေရှင်းခဲ့ပုံကို တကယ်ကို ကွက်ကွက်ကွင်းကွင်း ပြန်ပြောပြခဲ့တယ်။ အဲဒါကို ကြားတော့ ကျွန်မ အံ့အားသင့်သွားမိတယ်- ဘယ်လိုလုပ်ပြီး သူ ကိုယ့်ကိုယ်ကိုယ် သိစိတ် ကင်းမဲ့လွန်းရတာလဲပေါ့။ သူက အသင်းတော် ခေါင်းဆောက်နေနဲ့ တာဝန်မဲ့ပြီး အရေးမစိုက်ခဲ့လို့ အသင်းတော် အသက်တာက စည်းကမ်းမဲ့ခဲ့တာလေ။ ဘယ်လိုလုပ် သူက အဲဒါကို တခြားသူတွေအပေါ် အပြစ်တင်နိုင်ရတာလဲပေါ့။ သမ္မာတရားအပေါ် မိတ်သဟာယတစ်ခုမှ မရှိဘဲ လူတွေကို ပြုပြင်ရုံပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းတာက ဘာတစ်ခုကိုမှ ဖြေရှင်းပေးမှာ မဟုတ်ဘူး။ သူ့ပြဿနာတွေကို ကျွန်မ ထပ်ပြောပြချင်ခဲ့တယ်။ ဒါပေမယ့် သူ ဘယ်လောက် မခံမရပ်နိုင်ဖြစ်တာကို မြင်တော့၊ အဲဒါကို သူသိပ်ကောင်းကောင်း ခံယူမှာမဟုတ်မှန်း ကျွန်မ တွေးမိတယ်။ ကျွန်မ တာဝန်ကနေ ကျွန်မ ခုလေးတင် အထုတ်ခံခဲ့ရတာလေ၊ ဒီတော့ သူ့ပြဿနာတွေကို ပြောပြဖို့ ကျွန်မမှာ ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ။ ဒါ့အပြင် ကျွန်မတို့က အချင်းချင်း အမြဲ ဆုံနေရတာ၊ ဒီတော့ သူ စိတ်ဆိုးသွားခဲ့ရင် အဲဒါက ကိစ္စတွေကို ကျွန်မအတွက် ခက်ခဲသွားစေမှာပဲ။ အဲဒီနောက် သူ ကျွန်မကို တာဝန်တစ်ခုပေးဖို့ ငြင်းခဲ့ရင်၊ ကယ်တင်ခံရဖို့ ကျွန်မရဲ့အခွင့်အရေး ဆုံးရှုံးသွားမှာ စိုးမိတယ်။ ဘာကိုမှ မပြောဘဲ ကိုယ့်ခေါင်းကိုသာ ငုံ့မြဲငုံ့ထားဖို့၊ အသင်းတော် အသက်တာတစ်ခု အသက်ရှင်ပြီး ကိုယ့်တာဝန်ကို လုပ်ဖို့ပဲ ကျွန်မ ဆုံးဖြတ်လိုက်တယ်။

နောက်ပိုင်းမှာ ဧဝံဂေလိ အဖွဲ့ရဲ့ စုဝေးပွဲကို ကျွန်မ သွားခဲ့ပြီး၊ သူတို့က အစ်မတန်က ဧဝံဂေလိအလုပ်ကို ကြီးကြပ်တဲ့အခါ၊ သူက သူတို့နဲ့ခဏလေးတောင် စုဝေးပွဲတွေ မလုပ်ဘူးလို့ ပြောနေကြတယ်။ သူတို့က လူသစ်တွေရဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်သလို၊ အကျိုးဆက်အနေနဲ့ တချို့လူသစ်တွေက စုဝေးပွဲတွေတက်တာ ရပ်လိုက်ကြတယ်လို့လည်း ပြောကြတယ်။ “ဧဝံဂေလိအလုပ်က အရမ်းအရေးကြီးပေမယ့်၊ အစ်မတန်က သူတို့ရဲ့ ပြဿနာတွေနဲ့ပတ်သက်လို့ ဆက်အရေးယူဆောင်ရွက်တာ ဒါမှမဟုတ် အဲဒါတွေကို ဖြေရှင်းဖို့ တစ်ခုခု လုပ်တာ မရှိဘူး။ အဲဒါ အရမ်းအရမ်းကို တာဝန်မဲ့တာပဲ။ လူသစ်တွေက ရေလောင်းတာ၊ အာဟာရ တစ်ခုခု ရတာမရှိလို့ လက်လျှော့လိုက်ရာမှာ အစ်မတန်က တိုက်ရိုက်ပါဝင်ပတ်သက်နေတာပဲ”လို့ ကျွန်မ တွေးမိတယ်။ အဲဒါ တကယ်ကို ဆိုးရွားတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အဲဒါနဲ့ပတ်သက်လို့ သူ့ကို ကျွန်မ မျက်နှာချင်းဆိုင် လုံးဝ ပြောဆိုဆွေးနွေးရမယ်လို့ ခံစားရတယ်။ နောက်နှစ်ရက်နေတော့ အစ်မတန်ကို ကျွန်မ တွေ့ရပြီး ဧဝံဂေလိအဖွဲ့ရဲ့ ပြဿနာကို တင်ပြခဲ့တယ်၊ ဒါပေမယ့်‌ သူက အဲဒါကို ညီအစ်ကို မောင်နှမတွေရဲ့ ပခုံးတွေပေါ် လုံးဝ တင်လိုက်တယ်။ သူ့ကြည့်ရတာ ဘာတာဝန်ကိုမှ လုံးဝ ယူမယ့်ပုံမရဘူး။ အသင်းတော် ခေါင်းဆောင်တစ်ယောက်အနေနဲ့ လက်တွေ့ကျတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဘာတစ်ခုမှ မလုပ်ခြင်းအားဖြင့်၊ သူ့တာဝန်ကို သူ မလုပ်တာဖြစ်သလို၊ အဲဒါက ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထိခိုက်ပြီး ညီအစ်ကို မောင်နှမတွေအတွက် အကျိုးမဲ့စေတဲ့ အလုပ်တစ်ခုဖြစ်မယ်လို့လည်း သူ့ကို ကျွန်မ ပြောခဲ့တယ်။ ဒါပေမယ့် သူက သဘောမကျတဲ့ မျက်နှာထားပဲ ရှိနေပြီး တစ်ခွန်းမှ မပြောခဲ့ဘူး။ သူက လက်တွေ့ကျတဲ့ အလုပ် လုပ်မနေခဲ့ဘူး၊ သူ့တာဝန်အတွက် ဝန်တာတစ်ခု မယူခဲ့သလို၊ အမှန်တရားကို လုံးဝ လက်မခံခဲ့ဘူး။ ဒါက သူဟာ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့သဘောဖြစ်ပြီး၊ သူ့ကို အဲဒီရာထူးကနေ ဖြစ်နိုင်သမျှ မြန်မြန် ဖယ်ရှားဖို့ အထက်အဆင့် ခေါင်းဆောင်တစ်ယောက်ဆီ တိုင်ကြားသင့်တယ်ဆိုတာ ကျွန်မ သိလိုက်တယ်။ ဒါပေမယ့် ကျွန်မက ချီတုံချတုံဖြစ်ခဲ့တယ်။ အခြေအနေကို ကျွန်မ အသိပေးလိုက်ပြီး သူ့ကို သိသွားကြရင်၊ ကျွန်မက သူ့အပေါ် ရမယ်ရှာနေတာဖြစ်ပြီး သူနဲ့ တမင် သဘောကွဲလွဲတာလို့ သူ ပြောမလားပေါ့။ သူ အထုတ်ခံရရင် သိပ်ဆိုးမှာ မဟုတ်ပေမယ့်၊ အထုတ်မခံရင်၊ သူ့ကို ကျွန်မ စိတ်ဆိုးစေရုံပဲဖြစ်မှာ မဟုတ်လား။ အဲဒါက ကျွန်မအတွက် အဲဒီအသင်းတော်မှာ နေဖို့ တကယ် ခက်ခဲစေမှာ။ သူ ကျွန်မကို အိမ်ပြန်ပို့ပြီး တာဝန်တစ်ခု ကျွန်မ မထမ်းဆောင်နိုင်ရင်၊ အဲဒါက ကယ်တင်ခံရဖို့ ကျွန်မရဲ့ အခွင့်အရေးကို ကျွန်မ ဆုံးရှုံးမယ့် သဘောဖြစ်မှာလေ။ အဲဒါဆိုရင် ကျွန်မ ယုံကြည်ခဲ့တဲ့ နှစ်တွေအားလုံး အချည်းနှီးအတွက် ဖြစ်သွားမှာ မဟုတ်လား။ ဒါကြောင့် သူ့ပြဿနာတွေနဲ့ပတ်သက်လို့ တိုင်ကြားဖို့ကို ကျွန်မ မေ့လိုက်ပြီး၊ အဲဒီအချိန်မှာ ကျွန်မရှိတဲ့ တာဝန်ကိုပဲ ဆက်ထိန်းထားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် အဲဒီလို ကိုင်တွယ်ဖို့ ဆုံးဖြတ်တဲ့အချိန်မှာ ကျွန်မ တကယ်ကို စိတ်မကောင်းခဲ့ဘူး။ အစ်မတန်က အယောင်‌ဆောင် ခေါင်းဆောင်ဖြစ်မှန်း ကျွန်မသိပေမယ့် စိတ်ထဲမှာပဲ ထားခဲ့တယ်။ အဲဒါက ဘုရားအိမ်တော်ကို ထိန်းသိမ်းတာမှ မဟုတ်တာ။ အဲဒါနဲ့ပတ်သက်နဲ့ ကျွန်မ တကယ်ကို မတင်မကျဖြစ်မိတယ်။ ဒါကြောင့် ဘုရားရှေ့ကိုလာပြီး ကျွန်မ ဆုတောင်းတယ်၊ “အို ဘုရားသခင်၊ အစ်မတန်ရဲ့ ပြဿနာတွေကို ကျွန်မ မြင်ပြီးပါပြီ၊ ပြီးတော့ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကာကွယ်ဖို့ သူ့ကို တိုင်ကြားချင်ခဲ့ပေမယ့်၊ ကျွန်မမှာ ပူပန်စရာတချို့ ရှိပါတယ်။ သူ စိတ်ဆိုးသွားပြီး ကျွန်မအပေါ် မဲမှာ စိုးတယ်။ ကျေးဇူးပြုပြီး ဒီအမှောင်အင်အားစုတွေကို ကျော်လွှားအောင်မြင်ပြီး သမ္မာတရားကို လက်တွေ့လုပ်နိုင်အောင် ကျွန်မကို လမ်းပြပါ” လို့ပေါ့။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော် ဖတ်ရွတ်တဲ့ ဗီဒီယိုတစ်ခု ကျွန်မတွေ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ခေါင်းဆောင် သို့မဟုတ် အလုပ်သမားတစ်ဦးကို ဆက်ဆံပုံနှင့်ပတ်သက်၍ လူတို့၌ ရှိသင့်သည့် သဘောထားမှာ အဘယ်နည်း။ ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦး လုပ်ဆောင်သည့်အရာ မှန်ကန်ပါက၊ ၎င်းတို့ကို သင် နာခံနိုင်သည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာ မှားယွင်းပါက၊ ၎င်းတို့ကို သင် ဖော်ထုတ်နိုင်ပြီး၊ ဆန့်ကျင်ခြင်းပင်ပြုကာ ကွဲပြားသော အယူအဆကို တင်ပြနိုင်သည်။ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သည့်အပြင်၊ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၊ အယောင်ဆောင် အမှုတော်ဆောင်တစ်ဦး၊ သို့မဟုတ် အန္တိခရစ်တစ်ဦးအဖြစ် ထုတ်ဖော်ပြခံရပါက၊ ၎င်းတို့၏ ခေါင်းဆောင်မှုကို သင် ငြင်းနိုင်ပြီး၊ သင်သည်လည်း သူ့အကြောင်း တိုင်ကြားကာ သူ့ကို ဖော်ထုတ်နိုင်သည်။ သို့သော်၊ ဘုရားသခင် ရွေးကောက်ထားသော လူအချို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့၊ အထူးသဖြင့် သူရဲဘောကြောင်ကြ၏၊ ထို့ကြောင့် မည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ဆောင်ဝံ့ကြချေ။ ၎င်းတို့က၊ ‘ခေါင်းဆောင်က ကျွန်ုပ်ကို ထုတ်လိုက်ပါက၊ ကျွန်ုပ် အဆုံးသတ်ပြီ။ သူက အယောက်တိုင်းအား ကျွန်ုပ်ကို ဖော်ထုတ်စေပါက သို့မဟုတ် ကျွန်ုပ်ကို ပစ်ပယ်စေပါက၊ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်နိုင်တော့မည် မဟုတ်။ အသင်းတော်ကို ကျွန်ုပ် စွန့်ခွာပါက၊ ဘုရားသခင်က ကျွန်ုပ်ကို လိုချင်မည်မဟုတ်သလို ကျွန်ုပ်ကို ကယ်တင်မည်မဟုတ်ပါ။ အသင်းတော်သည် ဘုရားသခင်ကို ကိုယ်စားပြုပါသည်’ ဟု ပြောကြသည်။ ဤသို့တွေးတောပုံများသည် ထိုသို့သောလူ၏ အမှုအရာများကိုသဘောထားပုံအပေါ် သက်ရောက်မှုရှိသည် မဟုတ်လော။ ခေါင်းဆောင်က သင့်ကို နှင်ထုတ်ပါက၊ သင် ကယ်တင်ခြင်း မခံရနိုင်တော့သည်မှာ အမှန်တကယ် မှန်နိုင်ပါမည်လော။ သင်၏ ကယ်တင်ခြင်းနှင့်ဆိုင်သော စဉ်းစားရမည့် အကြောင်းအရာသည် သင်၏ ခေါင်းဆောင်၏ သင့်အပေါ်သဘောထားအပေါ် တည်မှီသလော။ များလှစွာသော လူတို့သည် ထိုသို့သော အကြောက်တရား အတိုင်းအတာတစ်ခု အဘယ်ကြောင့် ရှိကြသနည်း။ ခေါင်းဆောင် အတုအယောင် သို့မဟုတ် အန္တိခရစ်တစ်ဦး ဖြစ်သူက သင့်ကို ခြိမ်းခြောက်သည်နှင့်တစ်ပြိုင်နက် ယင်းကို သင်က အထက်သို့ အကြောင်းမကြားဝံ့သည့်အပြင်၊ ထိုအချိန်မှစ၍ သင်သည် ခေါင်းဆောင်နှင့် တစ်စိတ်တည်းဖြစ်လိမ့်မည်ဟု အာမခံပါက၊ သင်သည် ကျဉ်းထဲကျပ်ထဲကျပြီ မဟုတ်လော။ ဤသည်မှာ သမ္မာတရား ရှာဖွေသော လူစားမျိုးလော။ သင်သည် စာတန်ဆန်သော အန္တိခရစ်များက ကျူးလွန်နိုင်သည့်အရာဖြစ်သည့် ထိုသို့သော ယုတ်မာသည့် အပြုအမူကို မဖော်ထုတ်ဝံ့သည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့်၊ ထိုအန္တိခရစ်များကို နာခံပြီး ၎င်းတို့၏ စကားများကို သမ္မာတရားအဖြစ်ပင်ခံယူပြီး ယင်းတို့ကို သင် နာခံလေသည်။ ဤသည်မှာ မိုက်မဲမှု၏ စံနမူနာ ဖြစ်သည် မဟုတ်လော။ သို့ဆိုလျှင် သင်သည် ထိခိုက်နစ်နာသည့်အခါ၊ ယင်းက သင်နှင့် ထိုက်တန်သည့်အရာ မဟုတ်သလော။ ဘုရားသခင်က သင့်အား ထိခိုက်နစ်နာစေပြီး ဖြစ်သလော။ ယင်းကို သင့်ဘာသာသင် ဆန္ဒပြုခဲ့ခြင်းဖြစ်သည်။ သင်သည် အန္တိခရစ်တစ်ဦးကို သင်၏ခေါင်းဆောင်အဖြစ် ခံယူပြီး၊ သူ့အား ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မ တစ်ဦးအလား ဆက်ဆံခဲ့သည်- ပြီးလျှင် ယင်းက သင်၏အမှားဖြစ်သည်။ အန္တိခရစ်တစ်ဦးကို ဆက်ဆံသင့်သည့် သဘောထားမှာ အဘယ်နည်း။ သူ့ကို ဖော်ထုတ်ပြီး အင်တိုက်အားတိုက် ဆန့်ကျင်တွန်းလှန်သင့်သည်။ သင်သည် ဤသည်ကို တစ်ဦးတည်း မလုပ်ဆောင်နိုင်ပါက၊ လူပေါင်းစုံတို့က အတူတကွ စုပေါင်းလျက်၊ ၎င်းကို တိုင်ကြားရမည်။ အထက်မှ ခေါင်းဆောင်အချို့နှင့် အမှုတော်ဆောင်အချို့တို့သည် အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်နေကာ၊ တကယ့်အလုပ်ကို မလုပ်နေဘဲ၊ ညီအစ်ကိုမောင်နှမများကို ဒုက္ခရောက် စေပြီး၊ ဂုဏ်ဒြပ်နှင့်သက်ဆိုင်သည့် အကျိုးခံစားခွင့်များကို အငမ်းမရ ဖြစ်နေသည်ကို သိရှိရခြင်း၌ လူအချို့သည် ထိုအန္တိခရစ်များကို ဖယ်ရှားဖို့ ပန်ကြားခြင်းတစ်ခုကို လက်မှတ်ထိုးခဲ့ကြသည်။ ဤလူများသည် အဘယ် ဆန်းကြယ်သည့်အလုပ်ကို လုပ်ခဲ့ကြသနည်း။ ယင်းက လူအချို့သည် သမ္မာတရားကို နားလည်ကြောင်း၊ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှုပမာဏ အချို့ကို ပိုင်ဆိုင်ကြောင်းနှင့် ၎င်းတို့သည် စာတန်အားဖြင့် ထိန်းချုပ်ခံရခြင်း မရှိသကဲ့သို့၊ လှည့်စားခံရခြင်းလည်း မရှိကြောင်း ပြနေသည်။ ဤသည်က အန္တိခရစ်များနှင့် ခေါင်းဆောင်အတုအယောင်များသည် အသင်းတော်၌ အဓိကဖြစ်သော ရာထူးတစ်ခုကို မကိုင်စွဲထားဘဲ၊ ၎င်းတို့သည် ၎င်းတို့ပြောသမျှနှင့် လုပ်သမျှတွင် ၎င်းတို့၏စရိုက်မှန်ကို ထင်ထင်ရှားရှား မပြရဲကြောင်းကိုလည်း သက်သေပြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် တကယ် ထုတ်ဖော်ပြပါကလည်း၊ ၎င်းတို့ကို စောင့်ကြည့်စစ်ဆေးဖို့၊ ဖော်ထုတ်ဖို့နှင့် ပစ်ပယ်ဖို့ လူများရှိသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်”) ဒါကို ဖတ်လိုက်ရတာက ကျွန်မ စိတ်နှလုံးကို တကယ် အားတက်စေခဲ့တယ်။ အသင်းတော်မှာ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက် တွေ့တဲ့အခါ၊ ကျွန်မတို့ အကြိုက်လိုက်လို့မရသလို၊ အခေါက်တိုင်း သူတို့ကြောင့် နောက်ဆုတ်လို့ မရဘဲ၊ ကျွန်မတို့ ထရပ်ပြီး သူတို့ကို ဖော်ထုတ်ရမယ်၊ အထက်ခေါင်းဆောင်တွေဆီ သူတို့ကို သတင်းပို့ရမယ်။ အဲဒါ ဘုရားအလိုတော်ပဲ။ အစ်မ တန်က လက်တွေ့ကျတဲ့အလုပ် မလုပ်မှန်း၊ သူက အယောင်ဆောင် ခေါင်းဆောင်မှန်း ကျွန်မ သိပေမယ့်၊ မမှန်တဲ့ ရှုထောင့် အမြင်ကနေ အဲဒါကို ကြည့်မိနေလို့ သူ့ပြဿနာကြောင်း ကျွန်မ ထုတ်မဖော်ရဲခဲ့ဘူး။ ကျွန်မမှာ တာဝန်ရှိမရှိဆိုတာကို ခေါင်းဆောင်က ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ ကျွန်မတွေးနေခဲ့ပြီး၊ သူ့ကို ကျွန်မစိတ်ဆိုးမိစေခဲ့ရင်၊ ကျွန်မ တာဝန်ကို ကျွန်မ ဆုံးရှုံးနိုင်သလို၊ အဲဒါဆိုရင် ကျွန်မ ကယ်တင်ခံရမှာ မဟုတ်ဘူးလို့ပေါ့။ ဒါပေမယ့် အမှန်က၊ ဘုရားအိမ်တော်မှာ သမ္မာတရားနဲ့ ဘုရားကိုယ်တိုင်က ဩဇာလွှမ်းမိုးတယ်။ ကျွန်မမှာ တာဝန်တစ်ခု ရှိမရှိ၊ ကျွန်မ ကယ်တင်ခံရခြင်း ရှိမရှိဆိုတာ ဘုရားရဲ့သဘောပဲ၊ ခေါင်းဆောင် တစ်ဦးတစ်ယောက်နဲ့မှ မဆိုင်ဘူး။ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်က အချိန်တစ်ခုကြာ အသင်းတော်အပေါ် ထိန်းချုပ်ပြီး ကျွန်မ ဖိနှိပ်ခံရရင်တောင်၊ အဲဒါ ခဏပဲဖြစ်မှာ။ ဘုရားက အရာရာကို မြင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်က အားလုံးကို ထုတ်ဖော်ပြလိမ့်မယ်၊ ဒါကြောင့် အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေက အနှေးနဲ့အမြန် ထုတ်ဖော်ခံရပြီး ဖယ်ရှင်းသုတ်သင်ခံရမှာပဲ။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မ နားမလည်မှန်း၊ ကျွန်မက တခြားလူတွေကို စိတ်ဆိုးစေမိမှာကို ကြောက်ပေမယ့် ဘုရားကို စိတ်ဆိုးစေမိမှာ မကြောက်မှန်း ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားက ကျွန်မ စိတ်နှလုံးထဲမှာ နေရာမရှိခဲ့ဘူး။ ကျွန်မ ဘယ်လို ယုံကြည်သူမျိုး ဖြစ်ခဲ့တာလဲ။ ကျွန်မ လူနုံလူအတစ်ယောက်ဖြစ်မှန်း မြင်ခဲ့ရတယ်။ ကျွန်မက ခေါင်းဆောင်တစ်ယောက် မဟုတ်တဲ့အတွက်၊ သူ့ကို ဝေဖန်ရမယ့် အနေအထားမှာ မရှိသလို၊ လူတွေက ကျွန်မ ကိုယ့်ကိစ္စကိုပဲ အရေးစိုက်သင့်တယ်လို့ ပြောမှာပဲဆိုပြီး ကျွန် တွေးနေခဲ့တာ။ အဲဒါက မှန်ကန်တဲ့ ကြည့်ပုံကြည့်နည်း မဟုတ်ခဲ့ဘူး။ ဘုရားအိမ်တော်သားတစ်ယောက်အနေနဲ့၊ ဝတ်ပြုမှုဆိုင်ရာတွေကို လုပ်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ ကျွန်မ ထုတ်ပယ်ခံရမလား ဒါမှမဟုတ် ကျွန်မမှာ တာဝန်ရှိမရှိဆိုတာက အရေးမကြီးဘူး၊ ဘုရားအိမ်တော်မှာ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ကို ကျွန်မ ရှာတွေ့ရင်၊ သူတို့ကို တိုင်ကြားဖို့က ကျွန်မရဲ့ တာဝန်၊ ကျွန်မရဲ့ ဝတ္တရားပဲဖြစ်တယ်။ အဲဒါက ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထိန်းသိမ်းတာဖြစ်ပြီး အပြုသဘောဆောင်တဲ့ အရာပါ။ အဲဒါက ညီအစ်ကို မောင်နှမတွေရဲ့ အသက်တာတွေအတွက် တာဝန်ယူတာလည်း ဟုတ်တယ်။ ပြီးတော့ ကျွန်မရဲ့ ဘောင်ကို ကျော်တာ ဒါမှမဟုတ် စွက်ဖက်တာ လုံးဝ မဟုတ်သလို၊ အထူးသဖြင့် မာနထောင်လွှားတာနဲ့ ဘဝင်မြင့်တာ မဟုတ်ပါဘူး။ အဲဒီအရာအပေါ် အရင်က ကျွန်မရဲ့ သဘောထား ဘယ်လောက် အဓိပ္ပာယ်မရှိမှန်း ကျွန်မ တွေ့ရတယ်။

ဒီအရာကို သဘောပေါက်လိုက်တာက ကျွန်မအနေနဲ့ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ကို ဖော်ထုတ်ဖို့ ကြောက်ရတဲ့အကြောင်းရင်းအပေါ် ကျွန်မကို သုံးသပ်မိစေခဲ့တယ်။ ပြဿနာရဲ့ တကယ့် အရင်းအမြစ်က ဘာလဲ။ ကျွန်မ ရှာဖွေကြိုးစားရာမှာ ဒီဘုရားနှုတ်ကပတ်တော် စာပိုဒ်ကို ဖတ်ရတယ်။ “အသိစိတ်နှင့် ဆင်ခြင်တုံတရား နှစ်ခုလုံးတို့သည် လူတစ်ဦး၏ လူ့သဘာဝ၏ အစိတ်အပိုင်းများ ဖြစ်သင့်သည်။ ယင်းတို့နှစ်ခုလုံးသည် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး ဖြစ်သည်။ အသိစိတ် ကင်းမဲ့ပြီး သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားမရှိသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ယေဘုယျအားဖြင့် ပြောရလျှင်၊ သူသည် လူ့သဘာဝကင်းမဲ့သူ ဖြစ်သည်၊ ညံ့ဖျင်းသော လူ့သဘာဝကို ပိုင်ဆိုင်သည့်လူတစ်ဦး ဖြစ်သည်။ ဤအရာကို သေချာစွာ စိစစ်ကြစို့။ ဤလူသည် လူ့သဘာဝ မရှိဟု လူတို့ပြောဆိုသည်အထိ ဤလူသည် မည်သည့် ပျောက်ဆုံးသော လူ့သဘာဝကို ပြသနေသနည်း။ ထိုသို့သော လူများသည် မည်သည့် ထူးခြားသော လက္ခဏာရပ်များ ပိုင်ဆိုင်ကြသနည်း။ ၎င်းတို့သည် မည်သည့် သရုပ်သကန်များ အတိအကျကို ပြကြသနည်း။ ထိုသို့သော လူတို့သည် မိမိတို့၏ လုပ်ဆောင်ချက်များတွင် ဝတ်ကျေတမ်းကျေဖြစ်ကြပြီး ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရ မပတ်သက်သည့် မည်သည့်အရာကိုမဆို အဖက်မလုပ်ဘဲ နေတတ်ကြသည်။ ဘုရားသခင်၏အိမ်တော်၏ အကျိုးများကို ၎င်းတို့ အရေးမထားကြသကဲ့သို့၊ ဘုရားသခင်၏ အလိုတော်ကိုလည်း အရေးထားခြင်း မပြကြပေ။ ဘုရားသခင်အတွက် သက်သေခံခြင်း သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ခြင်း ဝန်ထုပ်ကို သူတို့ တာဝန်မယူကြသကဲ့သို့၊ တာဝန်သိစိတ် မရှိကြပေ။...၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ရာတွင် ပြဿနာကို သိမြင်သောအခါ ဆိတ်ဆိတ်နေသော သူတို့ပင် ရှိကြသည်။ ၎င်းတို့သည် အခြားသောသူတို့က နှောင့်ယှက်ခြင်းများနှင့် အတားအဆီးများ ဖြစ်စေလျက်ရှိကြသည်ကို တွေ့မြင်သော်လည်း၊ ထိုသူတို့ကို တားဆီးရန် မည်သည့်အရာမျှ မလုပ်ဆောင်ကြချေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးတို့ကို အနည်းဆုံး ထည့်သွင်းစဉ်းစားခြင်း မရှိသည်သာမက ၎င်းတို့ကိုယ်တိုင်၏ ဝတ္တရားများနှင့် တာဝန်များနှင့် ပတ်သက်၍လည်း မစဉ်းစားကြချေ။ ၎င်းတို့သည် ၎င်းတို့ ကိုယ်တိုင်၏ ဝင့်ဝါမှု၊ သိက္ခာ၊ ရာထူး၊ အကျိုးများနှင့် ဂုဏ်သရေတို့အတွက်သာ ပြောဆို၊ လုပ်ဆောင်၊ ထင်ပေါ်၊ အားထုတ်ကြိုးပမ်းကာ အားအင်ကို အသုံးပြုကြသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”)လူအများစုသည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကြသော်လည်း၊ များသောအားဖြင့် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိရုံမျှရှိကြလေသည်။ သမ္မာတရားသည် ၎င်းတို့၏အသက် မဖြစ်လာသေးပေ။ အကျိုးဆက်အနေဖြင့်၊ ဆိုးယုတ်သော အင်အားစုများကို ၎င်းတို့ အမှတ်မထင်တွေ့ရသည့်အခါ သို့မဟုတ် ကောက်ကျစ်စဉ်းလဲပြီး ဆိုးသွမ်းသော လူတို့က ဒုစရိုက်မှုများ ကျူးလွန်နေသည် သို့မဟုတ် ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်တို့က အခြေခံသဘောတရားများကို ချိုးဖောက်သည့် နည်းလမ်းဖြင့် အမှုအရာများ လုပ်ဆောင်နေကြ၍ ထိုသို့ဖြင့် ဘုရားသခင်၏အိမ်တော်၏ အမှုကို ဆုံးရှုံးမှုများဖြစ်စေပြီး ဘုရားသခင်ရွေးကောက်ထားသူတို့ကို အန္တရာယ်ဖြစ်စေသည်ကို ကြုံရသည့်အခါ၊ ၎င်းတို့သည် ထရပ်ပြီး ထုတ်ပြောဖို့သတ္တိ မရှိတော့ပေ။ သင်တို့ သတ္တိမရှိသည့်အချိန်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့ ကြောက်တတ်သည် သို့မဟုတ် စိတ်ထဲရှိသမျှ မဖော်ပြတတ်ဟု ဆိုလိုသလော။ သို့မဟုတ် သင်က နားမလည်သကဲ့သို့၊ ထုတ်ပြောရဲခြင်း မရှိသောကြောင့် ဖြစ်သလော။ ဤအရာများထဲမှ မည်သည့်အရာမျှ မဟုတ်ပေ။ ယင်းမှာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစား အချို့၏ ထိန်းချုပ်ခြင်းကို ခံရနေခြင်း ဖြစ်သည်။ ဤစိတ်သဘောထားများထဲမှ တစ်ခုမှာ ကလိမ်ကကျစ်အပြုအမူ ဖြစ်သည်။ သင်က၊ ‘ကျွန်ုပ် ထုတ်ပြောလိုက်လျှင်၊ ကျွန်ုပ်ကို မည်သို့ အကျိုးပြုမည်နည်း။ ကျွန်ုပ် ထုတ်ပြောလိုက်ပြီး တစ်စုံတစ်ဦးကို သဘောမကျဖြစ်စေပါက၊ အနာဂတ်တွင် ကျွန်ုပ်တို့ မည်သို့ အဆင်ပြေမည်နည်း’ ဟု တွေးရင်း၊ သင့်ကိုယ်သင် ဦးစွာပထမ စဉ်းစားလေသည်။ ဤသည်မှာ ကလိမ်ကကျစ် စိတ်နေစိတ်ထားဖြစ်၏၊ မှန်သည်လော။ ဤသည်မှာ ကလိမ်ကကျစ် စိတ်သဘောထား၏ အကျိုးဆက်မဟုတ်လော။ နောက်ထပ်တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်က၊ ‘ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးခြင်းတစ်ခုသည် ငါနှင့် အဘယ်ပတ်သက်စရာ ရှိသနည်း။ အဘယ်ကြောင့် ငါ ဂရုစိုက်သင့်သနည်း။ ထိုအရာသည် ငါနှင့် မည်သို့မျှ မပတ်သက်ပါ။ ယင်းကို ငါမြင်ကာ ဖြစ်ပျက်နေသည်ကို ကြားလျှင်ပင်၊ မည်သည့်အရာကိုမျှ လုပ်ဆောင်ဖို့ မလိုအပ်ပါ။ ယင်းသည် ငါ၏ တာဝန် မဟုတ်- ငါသည် ခေါင်းဆောင်တစ်ဦး မဟုတ်’ဟု တွေးသည်။ ထိုသို့သော အရာများသည် သင်၏ မသိစိတ်မှ ပေါက်ဖွားသည့်အလား၊ ပြီးလျှင် သင်၏ စိတ်နှလုံးတွင် ယင်းတို့က အမြဲတမ်းနေရာများ ယူထားကြသည့်အလား- သင်၏ အတွင်းတွင် ရှိကြလေသည်၊ ယင်းတို့သည် လူသား၏ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားများ ဖြစ်သည်။...သင်သည် အမှန်တကယ်ထင်သည့်အရာကို မည်သည့်အခါမျှ မပြောပေ။ အားလုံးကို သင်၏ ဦးနှောက်က၊ သင်၏ စိတ်ထဲတွင် ကြိုတင် တည်းဖြတ်ပြင်ဆင်ထားသည်။ သင်ပြောသမျှအရာတိုင်းသည် မုသားဖြစ်သည်။ အမှန်တရားများနှင့် ဆန့်ကျင်သည်။ အားလုံးက သင်၏ ကိုယ်ပိုင် အတုအယောင်ကာကွယ်မှုတွင်ရှိပြီး သင်၏ ကိုယ်ပိုင် အကျိုးကျေးဇူးအတွက်ဖြစ်သည်။ လူအချို့သည် အယုံသွင်းခံရပြီး ဤသည်မှာ သင့်အတွက် လုံလောက်သည်။ သင်၏ စကားများနှင့် လုပ်ရပ်များသည် သင်၏ ရည်ရွယ်ချက်များကို ရရှိခဲ့ပြီဖြစ်သည်။ ဤသည်မှာ သင်၏ စိတ်နှလုံးတွင် ရှိသည့်အရာဖြစ်သည်။ ဤသည်တို့မှာ သင်၏ စိတ်သဘောထားများဖြစ်သည်။ သင်သည် သင်ကိုယ်တိုင်၏ ဆိုးယုတ်သော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို အလုံးစုံ ခံထားရသည်။ သင်ပြောသည့်၊ လုပ်ဆောင်သည့်အရာအပေါ်တွင် သင်သည် ဩဇာမရှိပေ။ သင်အလိုရှိလျှင်ပင် သမ္မာတရားကို သင်မပြောဆိုနိုင်ပေ၊ သို့မဟုတ် သင်အမှန်တကယ်ထင်သည့်အရာကို မပြောနိုင်ပေ။ သင်အလိုရှိလျှင်ပင် သမ္မာတရားကို သင်လက်တွေ့မလုပ်ဆောင်နိုင်ပေ။ သင်အလိုရှိလျှင်ပင် သင်၏ တာဝန်များကို မဖြည့်ဆည်းနိုင်ပေ။ သင်ပြောသမျှ၊ လုပ်သမျှ၊ လက်တွေ့လုပ်ဆောင်သမျှ အရာတိုင်းသည် မုသားဖြစ်သည်။ သင်သည် ပေါ့ပေါ့တန်တန်နိုင်ပြီး ဝတ်ကျေတမ်းကျေလုပ်သည်။ သိသာထင်ရှားစွာပင်၊ သင်သည် သင်၏ ဆိုးယုတ်သော စိတ်သဘောထား၏ ချည်နှောင်ခြင်း၊ ထိန်းချုပ်ခြင်းကို အလုံးစုံ ခံထားရသည်။ သင်သည် သမ္မာတရားကို လက်ခံပြီး သမ္မာတရားအတွက် ကြိုးပမ်းလိုစိတ်ရှိနိုင်သည်။ သို့သော် ဤသည်မှာ သင့်အပေါ်တွင် မမူတည်ပေ။ သင်သည် ဖောက်ပြန်ပျက်စီးသော ဇာတိပကတိ၏ ရုပ်သေးရုပ်တစ်ရုပ်ကလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်ပေ။ သင်သည် စာတန်၏ တန်ဆာပလာတစ်ခုဖြစ်လာသည်။ သင်၏ ဆိုးယုတ်သော စိတ်သဘောထားက သင့်ကိုပြောဆိုသည့်အရာမှန်သမျှကို သင်လုပ်ဆောင်ပြောဆိုသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”)သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေပေ။ သင်၏ စိတ်ပိုင်းဖြတ်ချက်များကို တိုးမြှင့်ရင်း၊ စိတ်ဆုံးဖြတ်ချက်များကို ပြုလုပ်ရင်းနှင့် ကျမ်းသစ္စာများ ကျိန်ဆိုရင်း၊ ဆုတောင်းမြဲ ဆုတောင်းနေသည်။ ထို့ကြောင့် ဤအရာများအားလုံးမှ မည်သည့်အရာ ဖြစ်လာပြီနည်း။ သင်သည် မှန်ပါ့သမားဖြစ်နေဆဲ ဖြစ်သည်- သင်သည် မည်သူ့ကိုမျှ ရန်မစပေ၊ မည်သူ့ကိုမျှ မစော်ကားပေ။ ကိစ္စတစ်ခုက သင်နှင့် မသက်ဆိုင်လျှင်၊ သင်သည် ဝေးဝေးနေပြီး စဉ်းစားလိမ့်မည်။ ‘ငါနှင့် မည်သို့မျှ မသက်ဆိုင်သည့် အရာများနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ ငါ ပြောမည်မဟုတ်သည့်အပြင်၊ ဤအရာသည် ခြွင်းချက်မရှိ ဖြစ်သည်။ တစ်ခုတစ်လေက ငါ၏ အကျိုးစီးပွားများ၊ ငါ၏မာန၊ သို့မဟုတ် ငါ၏ မိမိကိုယ်ကို လေးစားမှုကို ထိခိုက်စေပါက၊ ယင်းတို့ထဲမှ တစ်ခုမျှကို ငါသည် အရေးထားမည် မဟုတ်ပေ၊ ထိုအရာအားလုံးကို သတိရှိရှိ ချဉ်းကပ်မည်ဖြစ်သည်။ ငါ မဆင်မခြင် ပြုရမည်မဟုတ်။ ထောင်ထွက်သည့် သံချောင်းက ဦးစွာပထမ ထိုးနှက်ခံရတတ်၏၊ ငါသည် ဤမျှမိုက်မဲခြင်း မရှိ။’ သင်သည် ဆိုးသွမ်းမှု၊ ကလိမ်ကကျစ်ကျခြင်း၊ တင်းမာခြင်းနှင့် သမ္မာတရားကို စက်ဆုပ်ခြင်းနှင့်ဆိုင်သော သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိနေ၏။ ၎င်းတို့သည် သင့်ကို ဖျက်ဆီးနေပြီး မျောက်ဘုရင် ဝတ်ဆင်ခဲ့သည့် ရွှေကွင်းထက်ပင် သင့်အတွက် ခံရပ်ရန် သာ၍ ခက်ခဲစေပြီဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် အသက်ရှင်ခြင်းသည် အလွန် ခြေကုန်လက်ပန်းကျစရာဖြစ်ပြီး ဒုက္ခကြီးလှပေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ကို ဖော်ထုတ်ဖို့ကြောက်တာက “ပုဂ္ဂိုလ်ရေးအရ မထိခိုက်ပါက အကြောင်းကိစ္စများကို လက်လွှတ်လိုက်ပါ”၊ “မိမိကိုယ်ကို ကာကွယ်ရန် ဆိတ်ဆိတ်ငြိမ်နေ၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားပါ”ဆိုတာနဲ့ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏”ဆိုတာတွေလို ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်ရာကနေ လာတာဖြစ်မှန်း ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တယ်။ ဒီဆိုးယုတ်တဲ့ အဆိပ်တွေက ကျွန်မသဘာဝရဲ့ အစိတ်အပိုင်း ဖြစ်လာခဲ့တယ်၊ ဒါကြောင့် ဘုရားအိမ်တော်အတွက် ဘာတစ်ခုမှ မတွေးဘဲ၊ ကိုယ့်အကျိုးစီးပွားကို ကာကွယ်ဖို့ ကျွန်မ အမြဲ ကြိုးစားနေခဲ့တာ။ ကျွန်မ ပိုပိုပြီး စက်ဆုပ်စရာဖြစ်လာတယ်၊ တစ်ကိုကောင်းဆန်ပြီး ကောက်ကျစ်လာတယ်။ အစ်မတန်က လက်တွေ့ကျတဲ့ အလုပ် မလုပ်သလို အမှန်တရားကို လက်မခံမှန်း၊ သူက အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်မှန်း၊ ရှင်းရှင်းလင်းလင်း ကျွန်မ မြင်ခဲ့တယ်။ သူ့အပြုအမူက အသင်းတော်ရဲ့ အလုပ်နဲ့ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို ဆိုးဆိုးရွားရွား ထိခိုက်နှင့်နေခဲ့ပြီးပြီ။ ဒီတော့ ကျွန်မအနေနဲ့ အဲဒါကို ဖော်ထုတ်သင့်တယ်။ ဒါပေမယ့် သူ စိတ်ဆိုးသွားခဲ့ရင် သူ့ဆီက လူမှုရေးတုန့်ပြမှုကို ကျွန်မ ကြောက်နေခဲ့ပြီး၊ ကျွန်မ တာဝန်တစ်ခု လုပ်ဆောင်ဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာ စိုးခဲ့တယ်။ ဒီတော့ ကျွန်မ သူ့ကို မတိုင်ရဲခဲ့ဘူး။ ကျွန်မရဲ့ နာမည်ဂုဏ်သတင်းနဲ့ ကျွန်မရဲ့ အနာဂတ် ခရီးပန်းတိုင်ကို ကျွန်မ ကာကွယ်ချင်ခဲ့တယ်၊ ဒါကြောင့် လုံးဝ လက်ရှောင်တဲ့ သဘောထားနဲ့၊ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ကို မသိကျိုးကျွန်ပြုရင်းနဲ့ အသင်းတော်အလုပ်နဲ့ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှု ထိခိုက်တာကို ကြည့်ပဲကြည့်နေမိခဲ့တယ်။ စာတန်ဘက်မှာ ကျွန်မ ရပ်နေမိခဲ့တာ၊ အသင်းတော်ရဲ့ အလုပ်ကို နှောင့်ယှက်နေခဲ့တဲ့ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ကို တယုတယထားပြီး လက်သင့်ခံမိနေခဲ့တာ။ စာတန်ရဲ့ အဆိပ်တွေနဲ့ ကျွန်မ အသက်ရှင်နေခဲ့တာ၊ ကိုယ့်အတွက်ပဲ ကြည့်နေခဲ့တာ၊ ဘုရားကို ဆက်ကပ်မှု လုံးဝ ကင်းမဲ့နေခဲ့တာ၊ အသိတရားနဲ့ ဆင်ခြင်တုံတရား မဲ့နေခဲ့တာပါ။ ကျွန်မက စာတန်ရဲ့ လက်ပါးစေဖြစ်ခဲ့ပြီး၊ လူသားသဏ္ဍာန်ကို လုံးဝ အသက်ရှင်မနေထိုင်ခဲ့ဘူး။ ကျွန်မှာ သိပ်တစ်ကိုယ်ကောင်းဆန်၊ ကောက်ကျစ်ပြီး ဆိုးယုတ်တဲ့ သဘာဝရှိမှန်း တွေ့ခဲ့ရတယ်။ ဒီအရာအားလုံး ကျွန်မအတွက် ရှင်းလာတဲ့အခါ၊ ဘုရားကို တကယ် ကျေးဇူးကြွေတင်မိသလို ကျွန်မ ခံစားရပြီး၊ ကျွန်မ ဘယ်လောက် တစ်ကိုယ်ကောင်းဆန်ပြီး လွန်လွန်းခဲ့တာကို မုန်းမိတယ်။ အစ်မတန်ကို ကျွန်မ ချက်ချင်း တိုင်ကြားပြီး ဘုရားစိတ်နှလုံး နာကျင်စေတာကို ရပ်လိုက်ချင်တယ်။ ဒါကြောင့် အစ်မ တန်ရဲ့ ပြဿနာ အားလုံးကို အထက်ခေါင်းဆောင်ဆီ ကျွန်မ ပြောလိုက်တယ်။ ဒါပေမယ့် ရက်အနည်းငယ် ကုန်သွားပြီး၊ အခြေအနေကို သူ ဘယ်လိုကိုင်တွယ်ခဲ့တယ် ဆိုတာနဲ့ပတ်သက်လို့ သူ့ဆီက ဘာတစ်ခုမှ ကျွန်မ မကြားမိဘူး။ ကျွန်မ စိုးရိမ်စိတ်တစ်မျိုး ခံစားရတယ်။ ဒီအယောင်ဆောင် ခေါင်းဆောင်ကို မထုတ်ပယ်ရင်၊ မကြာခင် သူက ဘုရားအိမ်တော်အလုပ်ကို ကြန့်ကြာစေတော့မှာ။ ဒါကြောင့် ဘာဖြစ်နေတယ်ဆိုတာ သိရအောင် စာထပ်ရေးဖို့ တွေးမိတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်မ တွေးမိတာက အဲဒါကို ကျွန်မ ထပ်တင်ပြရင်၊ ကျွန်မက အရမ်းပါဝင်ပတ်သက်လွန်းတယ်လို့ ခေါင်းဆောင်က ထင်ကောင်းထင်မှာပဲလို့ပေါ့။ ကျွန်မအပိုင်းကို ကျွန်မ ပြောနှင့်ပြီးမှတော့၊ ကျွန်မ တာဝန်တွေကို ကျွန်မ ဖြည့်ဆည်းခဲ့ပြီးတာ ဖြစ်နိုင်သလို၊ ကျန်တာတွေနဲ့ပတ်သက်လို့ ကျွန်မ မစိုးရိမ်သင့်ဘူးလေ။ ဒါပေမယ့် ဒီအတွေးက ကျွန်မကို မသက်မသာ ခံစားရစေသလို၊ အဲဒီညမှာ ကျွန်မ တစ်မှေးမှ မအိပ်နိုင်ခဲ့ဘူး။

တစ်မနက်မှာ ဘုရားနှုတ်ကပတ်တော်ထဲက ဒီအရာကို ကျွန်မ ဖတ်မိခဲ့တယ်။ “အကယ်၍ အသင်းတော် တစ်ခုတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူ တစ်ဦးမျှ မရှိပါက၊ ထို့အပြင် ဘုရားသခင်အတွက် သက်သေခံနိုင်သောသူ တစ်ဦးမျှ မရှိပါက၊ ထိုအသင်းတော်ကို လုံးဝ သီးခြားဖြစ်သွားစေရမည်ဖြစ်ပြီး အခြားအသင်းတော်များနှင့် ထိုအသင်းတော်၏ ချိတ်ဆက်မှုများ ဖြတ်တောက်ရမည်။ ဤသည်ကို ‘သေခြင်းကို မြေမြှုပ်ခြင်း’ ဟုခေါ်သည်၊ ယင်းသည် စာတန်ကိုနှင်ထုတ်ခြင်းကို ဆိုလိုသည်။ အကယ်၍ အသင်းတော်တွင် ဒေသခံ ဗိုလ်ကျသူအချို့ ပါရှိပြီး ၎င်းတို့နောက်သို့ ချင့်ချိန်နိုင်စွမ်း လုံးဝကင်းမဲ့သည့် ‘ယင်ကောင်ငယ်များ’ လိုက်ပါက၊ ထို့အပြင် အသင်းသားများသည် သမ္မာတရားကို မြင်ပြီးနောက်တွင်ပင် ဤဗိုလ်ကျသူများ၏ အနှောင်အဖွဲ့များနှင့် ကြိုးကိုင်ခြယ်လှယ်မှုတို့ကို ငြင်းပယ်နိုင်စွမ်းမရှိသေးပါက၊ ထိုမိုက်မဲသူများ အားလုံးသည် အဆုံးတွင် သုတ်သင်ဖယ်ရှင်းခံရမည်ဖြစ်သည်။ ဤယင်ကောင်ငယ်များသည် မည်သည့် ဆိုးရွားသောအရာကိုမျှ မလုပ်ခဲ့ သော်ငြားလည်း၊ ၎င်းတို့သည် ပို၍ပင် လှည့်ဖြားတတ်ကာ၊ ပို၍ပင် ပါးနပ်ပြီး တိမ်းရှောင်တတ်၍၊ ဤကဲ့သို့သော လူတိုင်းသည် သုတ်သင်ဖယ်ရှင်း ခံရမည်ဖြစ်သည်။ တစ်ဦးတစ်ယောက်မျှ ကြွင်းကျန်ရစ်မည် မဟုတ်။ စာတန်နှင့်သက်ဆိုင်သော သူများသည် စာတန်ထံ ပြန်သွားကြ ရမည်ဖြစ်သော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သော လူများကမူ သမ္မာတရားကို ဧကန်အမှန်ပင် ရှာဖို့ကြိုးစား ကြလိမ့်မည်။ ဤအရာကို သူတို့၏သဘာဝဗီဇများအရ သတ်မှတ်ပိုင်းခြားထားခြင်း ဖြစ်သည်။ စာတန်နောက်ကို လိုက်သောသူမှန်သမျှ ပျက်စီးပါလေစေ။ ထိုကဲ့သို့သော လူများကို မည်သည့်သနားခြင်းမျှ ပြသမည် မဟုတ်ပေ။ သမ္မာတရားကိုရှာသော သူများအား ထောက်ပံ့မှုများ ရရှိစေလော့၊ ပြီးလျှင်သူတို့၏စိတ်နှလုံးများ တင်းတိမ်ရောင့်ရဲသည်အထိ ဘုရားသခင်၏နှုတ်ကပတ်တော်တွင် နှစ်သက် ပျော်မွေ့ကြပါစေ။ ဘုရားသခင်သည် ဖြောင့်မတ်၏။ သူသည် မည်သူကိုမျှ မျက်နှာမလိုက်။ အကယ်၍ သင်သည် နတ်ဆိုးတစ်ကောင်ဖြစ်ပါက သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ရန် သင် မတတ်စွမ်းနိုင်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေသော သူတစ်ယောက်ဆိုပါက၊ စာတန်၏ ဖမ်းချုပ်ထားခြင်းကို ဧကန်အမှန် သင်ခံရမည် မဟုတ်ပေ။ ဤသည်ကား ယုံမှားဖွယ်ရာ လုံး၀မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ဘုရားရဲ့ စိတ်သဘောထားက သန့်ရှင်း၊ ဖြောင့်မတ်ပြီး၊ ဘယ်ပုန်ကန်ပြစ်မှားမှုကိုမှ သည်းခံမှာ မဟုတ်တာကို ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကနေ မြင်နိုင်ခဲ့တယ်။ သူက အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေကို အသင်းတော် အလုပ်ကို နှောင့်ယှက်ခွင့်မပေးသလို၊ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကိုလည်း တားဆီးခွင့်မပေးဘူး။ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေ ပေါ်လာတဲ့အခါ၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်တဲ့၊ အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို မထိန်းသိမ်းတဲ့သူတွေကို ဘုရားမုန်းတယ်။ သူတို့က သမ္မာတရားကို နားလည်ပြီး လက်တွေ့မလုပ်ဆောင်သေးဘဲ၊ အဲဒီအစား သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေကိုပဲ တွေးကြတယ်။ သူတို့က တကယ် လည်တဲ့လူတွေဖြစ်ပြီး၊ နောင်တရဖို့ လက်မခံရင် ဖယ်ရှင်းသုတ်သင်ခံရမှာ။ အစ်မတန်က အယောင်ဆောင် ခေါင်းဆောင် တစ်ယောက်ဖြစ်သလို၊ အခု သူ့အထက်က ခေါင်းဆောင်က ကျေနပ်လောက်အောင် မြန်မြန် မတုန့်ပြန်တာ ကျွန်မ တွေ့ရတယ်၊ ကျွန်မအနေနဲ့ ဆက်ထုတ်ပြောပြီး အဆုံးထိ ဒီအရာကို ရိပ်စားမိဖို့ လိုတယ်။ ဒါပေမယ့် ကျွန်မ ကိုယ့်ကိုယ်ကိုယ်ကိုပဲ ကာကွယ်ချင်ခဲ့ပြီး၊ ကျွန်မကို ကိုယ်တိုင်ကိုယ်ကျ မထိခိုက်တဲ့ ဘယ်အရာကိုမဆို လျစ်လျူရှုလိုက်ချင်ခဲ့တယ်။ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ကို တိုင်းကြားမယ့်အစား၊ အသင်းတော်ထဲမှာ သူ့ကို သောင်းကျန်းခွင့်ပေးပြီး အသင်းတော်ရဲ့အလုပ်ကို နှောင့်ယှက်ခွင့်ပေးနေမိခဲ့တယ်။ အဲဒါက စာတန်ဘက်မှာ ရပ်တည်တာဖြစ်ပြီး အယောင်ဆောင်ခေါင်းဆောင်ရဲ့ ဆိုးယုတ်မှုမှာ ပါဝင်ပတ်သက်နေတာပဲ။ ကျွန်မအနေနဲ့ ဆိုးရွားတဲ့ အရာတစ်ခုခု လုပ်ခဲ့ပုံမရပေမယ့်၊ ပြဿနာတွေကို ရင်ဆိုင်ရာမှာ သမ္မာတရားကို ကျွန်မ လက်တွေ့မလုပ်ဆောင်ရင်၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို မကာကွယ်ရင်၊ နောက်ဆုံးမှာ ဖယ်ရှင်းရုံ ဖယ်ရှင်းခံရနိုင်တယ်။ ဒါကို ကျွန်မ သဘောပေါက်လိုက်တဲ့အခါ၊ အစ်မတန်ကို စောစော မတိုင်ကြားလိုက်မိတာကို အရမ်းနောင်တရခဲ့တယ်၊ ပြီးတော့ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားကို ဦးစားပေးတာနဲ့ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ကို အသင်းတော် အလုပ် ဆက်လက် ထိခိုက်ခွင့်ပေးတာကို ရပ်ရမယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ နောက်ပိုင်းမှာ ဒါကို ဘုရားနှုတ်ကပတ်တော်ထဲမှာ ဖတ်ခဲ့ရတယ်- “သင် လုပ်သည့်အရာတိုင်းတွင်၊ သင်၏ ရည်ရွယ်ချက်များ မှန်သည်၊ မမှန်သည်ကို သင် ဆန်းစစ်ရမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်လုပ်ဆောင်နိုင်ပါက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ပေသည်။ ဤသည်မှာ အနိမ့်ဆုံး စံနှုန်းဖြစ်သည်။ သင်၏ ရည်ရွယ်ချက်များကို ဆန်းစစ်လော့၊ ပြီးလျှင် မမှန်ကန်သော ရည်ရွယ်ချက်များ ထွက်ပေါ်သည်ကို ရှာတွေ့ပါက၊ ထိုအရာများကို ကျောခိုင်းနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လုပ်ဆောင်နိုင်စွမ်းရှိလော့။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် မှန်ကန်သောသူတစ်ဦး ဖြစ်လာလိမ့်မည်၊ အပြန်အလှန်အားဖြင့် ယင်းသည် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်သည်ကို ပြသပြီး၊ သင်လုပ်ဆောင်သမျှတို့သည် သင် ကိုယ်တိုင်အတွက် မဟုတ်၊ ဘုရားသခင်အတွက် ဖြစ်သည်ကို ပြပေသည်။ သင် လုပ်ဆောင်သမျှနှင့် ပြောဆိုသမျှတွင်၊ သင်၏စိတ်နှလုံးကို တည့်မှန်အောင်ထားနိုင်ပြီး၊ သင်၏ လုပ်ရပ်များတွင် ဖြောင့်မတ်နိုင်စွမ်းရှိလော့၊ ပြီးလျှင် သင့်စိတ်ခံစားမှုများ၏ ဦးဆောင်မှုကို မခံနှင့်၊ သို့မဟုတ် သင်ကိုယ်တိုင်၏ အလိုအတိုင်း မလုပ်ဆောင်နှင့်။ ဤသည်တို့မှာ ဘုရားသခင်ကို ယုံကြည်သူများ မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်ရမည့် အခြေခံစည်းမျဉ်းများဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း) ကျွန်မကို ဘုရားနှုတ်ကပတ်တော်က ရှေ့ဆက်ရမယ့်လမ်းကို ပြခဲ့တယ်။ ယုံကြည်သူတွေအနေနဲ့၊ ဘုရားတောင်းဆိုတဲ့အတိုင်း ကျွန်မတို့ ပြောဆို၊ ပြုမူရမှာဖြစ်ပြီး သူ့ရဲ့ စိစစ်တာကို လက်ခံရမယ်။ ကျွန်မတို့ရဲ့ ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်တွေ မမှန်ကန်တာ တွေ့ရတဲ့အခါ၊ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမယ်။ အဲဒါ ဘုရားရဲ့ အလိုတော်ပဲ။ အထက်ခေါင်းဆောင်က အစ်မတန်ရဲ့ ပြဿနာကို ကိုင်တွယ်တာ နှောင့်နှေးခဲ့တယ်၊ ဒါကြောင့် နောက်ကွယ်က အကြောင်းရင်းကို ကျွန်မ မသိခဲ့ပေမယ့်၊ ကျွန်မအနေနဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားကို ဘေးဖယ်ပြီး သမ္မာတရား အခြေခံသဘောတရားတွေကို ထိန်းသိမ်းနိုင်မလားဆိုတာ တွေ့ရဖို့ အဲဒါက ကျွန်မအတွက် စမ်းသပ်ချက်တစ်ခု ဖြစ်ခဲ့တယ်။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ဒီအရာကို ကျွန်မအနေနဲ့ ဆက်ဖော်ထုတ်ပြီး အစ်မတန်ကို တိုင်ကြားရမယ်။ ဒီတော့ အခြေအနေကို အထက်ခေါင်းဆောင်ဆီ ကျွန်မ ထပ်ပြောပြခဲ့ပြီး၊ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ကို ထုတ်ပယ်ဖို့ ပျက်ကွက်ခြင်းရဲ့ အန္တရာယ်များတဲ့ အကျိုးဆက်တွေကို အလေးပေးခဲ့တယ်။ သူက ပြီးခဲ့တဲ့ ရက်အနည်းငယ်တစ်လျှောက်မှာ ဂရုစိုက်ရမယ့် အရေးပေါ် ကိစ္စတစ်ချို့ရှိခဲ့တယ်၊ ဒါပေမယ့် သူ့အနေနဲ့ အစ်မတန်ကို အခြေခံသဘောတရားနဲ့အညီ ချက်ချင်း ထုတ်ပယ်လိုက်မယ်လို့ ပြန်တုန့်ပြန် ပြောဆိုခဲ့တယ်။ အဲဒီ အဖြေကို သိရတာ ကျွန်မအတွက် တကယ်ကို ကြီးမားတဲ့ စိတ်သက်သာရာရစရာတစ်ခု ဖြစ်ခဲ့ပြီး၊ ငြိမ်သက်ခြင်းကို သိဖို့ တစ်ခုတည်းသော နည်းလမ်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့မှန်း ကျွန်မ သိလိုက်ရတယ်။

သိပ်မကြာခင် အစ်မတန်က သူ့တာဝန်ကနေ ဖယ်ရှားခံလိုက်ရပြီး၊ အသင်းတော် အလုပ်ကို တာဝန်ယူဖို့ တခြားခေါင်းဆောင်တစ်ယောက် အရွေးခံခဲ့ရတယ်။ အသင်းတော် အသက်တာက ခဏကြာပြီးတဲ့နောက် ပုံမှန် ပြန်ဖြစ်သွားတယ်၊ ပြီးတော့ ကျွန်မတို့အလုပ်အားလုံးက စပြီး အရှိန်ရလာခဲ့တယ်။ ကိစ္စတွေက အဲဒီလိုဖြစ်သွားတာ မြင်ရတော့ ကျွန်မတကယ်ပျော်မိပေမယ့်၊ အပြစ်ရှိတဲ့စိတ်နဲ့ နောင်တတချို့ ခံစားရတယ်။ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ကို သတိထားမိပြီးတဲ့နောက်မှာ၊ သမ္မာတရားကို ကျွန်မ လက်တွေ့မလုပ်ဆောင်ခဲ့သလို၊ သူ့ကို ကျေနပ်လောက်အောင် မြန်မြန် မတိုင်ကြားခဲ့ဘဲ၊ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေအကြောင်းပဲ တွေးမိခဲ့တယ်။ တစ်ကိုယ်ကောင်းဆန်၊ ကောက်ကျစ် ဆိုးယုတ်တဲ့ စိတ်သဘောထားတစ်ခု ကျွန်မ ပြခဲ့ပြီး၊ အဲဒါက ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထိခိုက်ခဲ့တယ်။ ဖောက်ပြန်ပျက်စီး ဆိုးယုတ်တဲ့ စိတ်သဘောထားနဲ့ အသက်ရှင်တာ၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်တာက မကောင်းမှုကို လုပ်နေတာ ဘယ်လိုဖြစ်မှန်း တွေ့ခဲ့ရတယ်။ ပြီးတော့ အဲဒီအရာအားလုံးကို ဘုရားက ရှုတ်ချပြီး စက်ဆုပ်ရွံရှာပါတယ်။ ဘုရားရဲ့ အမှုတော်က ဘယ်လောက် အမြော်အမြင်ရှိမှန်းလည်း မြင်ခဲ့ရသလို၊ အသင်းတော်ထဲမှာ ဒီအယောင်ဆောင် ခေါင်းဆောင်ကို မြင်ရတာက ကျွန်မကို ထိုးထွင်းသိမြင်မှု ဖြစ်စေခဲ့တယ်။ အသင်းတော်ထဲက အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်က ဘုရားရွေးချယ်ထားသူတွေကို လုပ်နိုင်တဲ့ ကြီးမားတဲ့ အန္တရာယ်နဲ့ သူတို့ကို ထုတ်ပယ်တာက ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထား ပြသတာဖြစ်မှန်းလည်း တွေ့ကြုံခဲ့ရတယ်။ ဒါ့အပြင်၊ အဲဒါက ဘုရားရွေးချယ်ထားတဲ့ သူတွေအတွက် ကွယ်ကာမှုနဲ့ ကယ်တင်ခြင်း ဖြစ်ပါတယ်။ ဘုရားအိမ်တော်မှာ ခရစ်တော်နဲ့ သမ္မာတရားက ဩဇာလွှမ်းမိုးပြီး ဘယ်သူတစ်ဦးတစ်ယောက်မှ ဦးစီးဦးကိုင် မလုပ်နိုင်ဘူးဆိုတာကို မြင်ခဲ့ရတယ်။ တစ်ယောက်ယောက်ရဲ့ ရာထူး ဘယ်လောက် မြင့်မားပါစေ၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သလို ဘုရားတောင်းဆိုတာကို မလုပ်ရင်၊ ဘုရားအိမ်တော်မှာ သူတို့က ခိုင်မာတဲ့ ခြေကုပ် လုံးဝ ရမှာမဟုတ်ဘူး။ နောက်ဆုံးမှာ ဖယ်ရှားသုတ်သင်ခံရမှာပဲ။ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်တာနဲ့ အခြေခံသဘောတရားတွေအတိုင်း ကိစ္စတွေကို လုပ်တာကပဲ ဘုရားအလိုတော်နဲ့ညီတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

တာဝန်တစ်ခုသည် ကောင်းချီးရရန်အတွက် အပေးအယူလုပ်သည့်အရာမဟုတ်ပေ

ရှောင်ချန် တရုတ်နိုင်ငံ ကျွန်တော်က အမြဲတမ်း နေမကောင်းဖြစ်လွယ်တယ်။ အသက် ၁၁နှစ်မှာ ကျွန်တော် သွေးအားနည်းရောဂါရှိနေတယ်လို့ တွေ့ရတယ်။ ဒါကြောင့်...

ယုံကြည်ခြင်းမှာ ဘုရားသခင်အပေါ် မှီခိုအားကိုးခြင်းကို ဆိုလိုသည်

ချန်ချန် အီတလီနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်၏ယုံကြည်ခြင်းအတွင်း၌သာ ဘုရားသခင်ကို သင်မြင်တွေ့နိုင်မည် ဖြစ်ပြီး သင်၌...

သင်းအုပ်ဆရာတွေနဲ့ ကျွန်တော်ရဲ့ ငြင်းခုံဆွေးနွေးမှု

ကျဲမုန် အိန္ဒိယ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလမှာ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို...

သက်သေခံချက် ရေးသားခြင်းမှ ရရှိခဲ့သည့်အရာ

ချန်ရှင်း တောင်ကိုရီးယားနိုင်ငံ ခုတစ်လော ညီအစ်ကို မောင်နှမ အတော်များများက သူတို့ အတွေ့အကြုံတွေအကြောင်း သက်သေခံချက်တွေ ရေးတာ သတိထားမိတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။