ကျေးကျွန်ဘဝ၏ အချုပ်အနှောင်များမှ ထွက်ပြေးလွတ်မြောက်ခြင်း

27.02.2021

ကျောက်ရွမ် တရုတ်နိုင်ငံ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယခုအချိန်သည် လူတစ်ဦးစီအတွက် အဆုံးသတ်ခြင်းကို ငါဆုံးဖြတ်သည့်အချိန်ဖြစ်ပြီး လူသားကို ငါ စတင် အမှုပြုသည့် အဆင့် မဟုတ်ပေ။ လူတစ်ဦးစီ၏ စကားများနှင့် လုပ်ဆောင်ချက်များ၊ ငါ့နောက်သို့ လိုက်ရာတွင် ထိုသူတို့၏လမ်းကြောင်းများ၊ အရင်းခံ ထူးခြားသော လက္ခဏာများနှင့် သူတို့နောက်ဆုံးတွင် မည်သို့ ကျင့်ကြံပြုမူသည် ဆိုသည်တို့ကို ငါ၏မှတ်တမ်း စာအုပ်ထဲတွင် တစ်ခုပြီးတစ်ခု ငါချရေးသည်။ ဤနည်းအားဖြင့် ထိုသူတို့သည် မည်သို့သောလူစားမျိုး ဖြစ်နေပါစေ၊ မည်သူမျှ ငါ၏လက်မှ မလွတ်မြောက်နိုင်။ ထို့အပြင် ခပ်သိမ်းသောလူတို့သည် ငါချမှတ်ပေးသည့်အတိုင်း ၎င်းကဲ့သို့သော လူစားများနှင့် ရှိနေရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့)အယောက်တိုင်း၏ ရလဒ်သည် ၎င်းတို့၏ အပြုအမူမှလာသော အနှစ်သာရနှင့်အညီ ဆုံးဖြတ်ခြင်း ဖြစ်ပြီး၊ ယင်းကို အမြဲ သင့်တင့်လျောက်ပတ်စွာ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ မည်သူမျှ အခြားသူ၏ အပြစ်များကို မသယ်ပိုးနိုင်ပေ။ ထို့ထက်မက မည်သူမျှ အခြားသူကိုယ်စား အပြစ်ပေးခြင်းကို လက်မခံနိုင်ပေ။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ မိဘတစ်ဦး၏ မိမိတို့ သားသမီးများအပေါ် မေတ္တာဖြင့် စောင့်ရှောက်မှုသည် မိမိတို့၏ သားသမီးများကိုယ်စား ဖြောင့်မတ်သော လုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်သည်ဟု မညွှန်ပြသကဲ့သို့၊ ကလေးတစ်ဦး၏ သူ့မိဘများ အပေါ် သားသမီးဝတ္တရားကျေသော ချစ်ခင်မှုသည် ၎င်းတို့အနေဖြင့် ၎င်းတို့၏ မိဘများကိုယ်စား ဖြောင့်မတ်သော လုပ်ဆောင်မှုများကို လုပ်ဆောင်နိုင်သည်ဟု မညွှန်ပြပေ။ ဤသည်မှာ၊ ‘ထိုအခါ လယ်၌ရှိသော လူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။’ ဟူသော နှုတ်ကပတ်တော်များက အမှန်တကယ် ရည်ရွယ်သည့်အရာ ဖြစ်သည်။ လူတို့သည် မိမိတို့၏ သားသမီးများအတွက် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာပေါ် အခြေခံ၍ မိမိတို့၏ မကောင်းမှုပြုသော သားသမီးများကို ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူ၍ မရနိုင်သကဲ့သို့၊ မည်သူကမျှ ၎င်းတို့၏ဇနီး (သို့မဟုတ် ခင်ပွန်း) ကို ၎င်းတို့ကိုယ်တိုင်၏ ဖြောင့်မတ်သော လုပ်ဆောင်မှုပေါ် အခြေခံ၍ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူ၍မရနိုင်ပေ။ ဤသည်မှာ စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းတစ်ခု ဖြစ်သည်။ မည်သူအတွက်မျှ ခြွင်းချက်များ မရှိနိုင်ပေ။ အဆုံးသတ်တွင် ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူများမှာ ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူများ ဖြစ်ပြီး မကောင်းမှုပြုသူများသည် မကောင်းမှုပြုသူများ ဖြစ်ကြသည်။ ဖြောင့်မတ်သူတို့သည် နောက်ဆုံးတွင် ရှင်သန်ခွင့် ရကြလိမ့်မည်ဖြစ်သော်လည်း၊ မကောင်းမှုပြုသူများသည် ဖျက်ဆီးခံကြရလိမ့်မည်။ သန့်ရှင်းသူများသည် သန့်ရှင်းသူများ ဖြစ်သည်။ ၎င်းတို့သည် မညစ်ညမ်းကြပေ။ ညစ်ညမ်းသော သူတို့သည် ညစ်ညမ်းသူများ ဖြစ်ကြပြီး ၎င်းတို့ထဲမှ အစိတ်အပိုင်းတစ်ခုမျှ မသန့်ရှင်းပေ။ ဆိုးယုတ်သူတစ်ဦး၏ ကလေးများသည် ဖြောင့်မတ်သော လုပ်ဆောင်ချက်များကို ဆောင်ရွက်လျှင်ပင်၊ ပြီးလျှင် ဖြောင့်မတ်သူတစ်ဦး၏ မိဘများက ဆိုးယုတ်သော လုပ်ဆောင်ချက်များ ကျူးလွန်လျှင်ပင်- ဖျက်ဆီးခံရမည့် လူများမှာ ဆိုးယုတ်သောသူများသာ ဖြစ်ပြီး၊ ရှင်သန်မည့်သူများမှာ ဖြောင့်မတ်သောသူများသာ ဖြစ်သည်။ ယုံကြည်သော ခင်ပွန်းသည်တစ်ဦးနှင့် မယုံကြည်သော ဇနီးတစ်ဦးအကြားတွင် မည်သည့် ဆက်နွှယ်မှုမျှ မရှိသကဲ့သို့၊ ယုံကြည်သော သားသမီးများနှင့် မယုံကြည်သော မိဘများကြားတွင် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ ဤလူနှစ်မျိုးနှစ်စားသည် လုံးဝ သဟဇာတ မဖြစ်ပေ။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်မီတွင်၊ တစ်ဦးတစ်ယောက်သည် ရုပ်ခန္ဓာပိုင်းဆိုင်ရာ ဆွေမျိုးများ ရှိသော်လည်း၊ ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့် တစ်ပြိုင်နက်၊ ပြောဆိုစရာ ရုပ်ခန္ဓာပိုင်းဆိုင်ရာ ဆွေမျိုးများ ရှိတော့မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်သည် လူများကို သူတို့ အမျိုးအစားအလိုက် ခွဲခြားဖို့ဖြစ်သည်ဟု ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မတို့အား ပြောသည်။ လူတိုင်း၏ အဆုံးသတ်နှင့် ခရီးပန်းတိုင်ကို သူတို့၏အပြုအမူ၊ သူတို့၏ သဘာဝနှင့် အနှစ်သာရများအပေါ် အခြေခံပြီး ဘုရားသခင် ဆုံးဖြတ်သည်။ ယင်းက မည်သူမျှ ပြောင်းလဲ၍မရသည့် အရာတစ်ခုဖြစ်ပြီး၊ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားက ဆုံးဖြတ်သည့်အရာဖြစ်သည်။ သူတစ်ပါးကို သူ၏ နှုတ်ကပတ်တော်များ၊ သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ ဆက်ဆံဖို့ ဘုရားသခင်က ကျွန်မတို့ကို တောင်းဆိုသည်။ မည်သူ့ကိုမျှ ခံစားချက်ပေါ် အခြေခံပြီး ကာကွယ်ပေး၍၊ မျက်နှာသာပေး၍ မရသကဲ့သို့၊ ကျွန်မတို့ ချစ်ရသည့်သူများကိုပင်လျှင် ကာကွယ်ပေး၍၊ မျက်နှာသာပေး၍ မရပေ။ ယင်းက သမ္မာတရားနှင့် ဆန့်ကျင်သကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမှုတစ်ခု ဖြစ်ပေမည်။

တစ်ချိန်က၊ လွန်ခဲ့သည့် သုံးနှစ်ခန်က၊ ဝတ်ပြုအစည်းအဝေးကို အပြီးသတ်ရင်းနှင့် ခေါင်းဆောင်က ကျွန်မကို၊ “ခင်ဗျားအဖေက အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး ညီအစ်ကို မောင်နှမတွေကြားမှာ သဘောထား ကွဲလွဲမှု အမြဲ ဖန်တီးနေတယ်။ သူနဲ့ ကျွန်တော်တို့ မိတ်သဟာယပြုပြီးပြီ၊ ဒါကို ဆွေးနွေးပြီး သူ့ကို သတိပေးပြီးပြီ၊ ဒါပေမဲ့ သူက နောင်တမရဘူး။ အရင်တခြားနေရာတုန်းက သူ့တာဝန်မှာ ဒီလိုပဲ သူလုပ်ခဲ့တယ်လို့ ညီအစ်ကို မောင်နှမတွေက သတင်းပို့ကြတယ်။ သူ့ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်တဲ့အချက်တွေကို ကျွန်တော်တို့ စုစည်းဖို့ လုပ်တော့မှာပါ။” ဟု ပြောခဲ့သည်။ ဤသည်ကို ကြားသည့်အခါ ကျွန်မ ရင်တုန်သွားခဲ့ပြီး၊ “တကယ်ပဲ အဲဒီလောက်ဆိုးတာလား။” ဟု တွေးမိခဲ့သည်။ သို့ရာတွင် ကျွန်မအဖေနှင့်လုပ်သည့် စုဝေးပွဲများမှာ သူက အသင်းတော် အသက်တာကို မည်သို့တကယ်နှောင့်ယှက်ပြီး သမ္မာတရားကို လက်မခံခဲ့ကြောင်းနှင့် ပတ်သက်၍ ကျွန်မ တွေးမိခဲ့သည်။ စုဝေးပွဲများမှာ သူက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ မိတ်သဟာယမပြုခဲ့ဘဲ၊ ဘုရားသခင် နှုတ်ကပတ်တော်များကို လူများ ငြိမ်ငြိမ်သက်သက် မစဉ်းစားနိုင်အောင် လှုံ့ဆော်ပြီး သမ္မာတရားနှင့် မဆိုင်သည့်အရာများကို အမြဲ ပြောခဲ့သည်။ ဤသည်ကို သူ့ကို ကျွန်မ ပြောခဲ့သော်လည်း၊ သူက လုံးဝ နားမထောင်ခဲ့ပါ။ သူ့မှာ ကျွန်မကို ပြန်ပြောဖို့ ဆင်ခြေ တောင်ပုံရာပုံသာ ရှိခဲ့သည်။ အသင်းတော်ခေါင်းဆောင်ကို အခြေအနေ ကျွန်မ ပြောပြခဲ့သည်၊ သူက ကျွန်မ အဖေနှင့် မိတ်သဟာယပြုပြီး၊ အကြိမ်များစွာ ကူညီခဲ့သကဲ့သို့၊ သူ့ အပြုအမူ၏ အနှစ်သာရနှင့် အကျိုးဆက်များကို ရှင်းပြခဲ့သည်။ သို့ရာတွင် ကျွန်မ အဖေက လက်မခံခဲ့ပါ။ သူက ဆင်ခြေများနှင့် ငြင်းခုံခြင်းများသာ ဆက်လုပ်နေခဲ့သည်။ သူက လုံဝ နောင်တမရခဲ့ပါ။ ယခု ညီအစ်ကို မောင်နှမများက အကြောင်းကြားရသည် ဆိုကတည်းက ပိုဆိုးလာသောကြောင့် ဖြစ်ရမည်။ အသင်းတော်မှာ ဆိုးသည်ဟု သတ်မှတ်၍ရသည့် လူအချို့ရှိခဲ့သည်ကို ကျွန်မ သတိရမိသည်၊ သူတို့က သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ၊ အသင်းတော် အသက်တာကို အမြဲတမ်းနှောင့်ယှက်ပြီး နောင်တမရ၍ ထုတ်ခံခဲ့ရသည်။ ကျွန်မ အဖေက တကယ် ထိုသို့ဖြစ်ခဲ့ပါက၊ သူလည်း အထုတ်ခံရမည်သာ မဟုတ်ပါလား။ ယင်းက တကယ်ဖြစ်ခဲ့ပါက၊ သူ၏ ယုံကြည်ခြင်း လမ်းကြောင်းက အဆုံးသတ်သွားမည် ဖြစ်သည်။ ကယ်တင်ခံရဖို့ အခွင့်အရေး သူ့မှာ ရှိပါဦးမလား။ ကျွန်မ ယင်းကို တွေးသည်နှင့်အမျှ ပိုထိတ်လန့်လာခဲ့သကဲ့သို့၊ ကျွန်မ စိတ်နှလုံးက ကြံရာမရ ဖြစ်သွားခဲ့သည်။

ကျွန်မ အဖေအကြောင်း အခြားသူများ ပြောခဲ့ခြင်းနှင့် ပတ်သက်၍ တွေးရင်းနှင့် ထိုညမှာ ကျွန်မ ဟိုလှိမ့် သည်လှိမ့်နှင့် အိပ်မရနိုင်ခဲ့ပါ။ သူတို့က ညီအစ်ကို မောင်နှမများ၏ အသက်ဝင်ရောက်မှုကို ထည့်တွက်ပြီး အသင်းတော် အသက်တာ နှောင့်ယှက်မခံရအောင် ကာကွယ်ဖို့ ကြိုးစားနေကြပြီး ယင်းက ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည်ကို ကျွန်မ သိခဲ့သည်။ ကျွန်မ အ‌ဖေ၏ အပြုအမူကို ကျွန်မ သိခဲ့သကဲ့သို့၊ ထိုအကြောင်းကို ခေါင်းဆောင်ထံ ကျွန်မ ပြောသင့် မပြောသင့် တွေးခဲ့သည်။ ကျွန်မ ငယ်ငယ်က ကျွန်မ၏ အဖေ မည်သို့ ချစ်ခင်ကြင်နာခဲ့သည်ကို ကျွန်မ တွေးမိခဲ့သည်။ ကျွန်မ အစ်ကိုနှင့် ကျွန်မ ရန်ဖြစ်တိုင်းမှာ၊ ကျွန်မ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ သူက ကျွန်မကို ကာကွယ်ပေးခဲ့သည်။ ရာသီဥတုက အေးပြီး ကျွန်မ ကျောင်းမှာ နွေးသည့်အိပ်ရာမရှိသည့်အချိန်မှာ ဂွမ်းစောင် ယူလာပေးဖို့ သူ မိုင် ၆၀ ကျော် စက်ဘီးစီးခဲ့ရသည်။ ကျွန်မ အမေက သူမ၏ တာဝန်များ လုပ်ဆောင်ရ၍ အိမ်မှာမရှိနေခဲ့သောကြောင့်၊ ကျွန်မအတွက် ကျွန်မ အဖေက ပုံမှန် ချက်ပြုတ်ပေးပြီး ဂရုစိုက်လေ့ရှိပါသည်။ ကျွန်မ ဆက်တွေးရင်းနှင့် မျက်ရည်များကို မထိန်းနိုင်ခဲ့ပါ။ “ငါ့ကို ပျိုးထောင်ပေးခဲ့သူက အဖေပဲ။ သူ့ကို ငါဖော်လိုက်ပြီး အဲဒါကို သူ သိသွားရင်၊ ငါ အသိစိတ်မရှိဘူး၊ ရက်စက်တယ်လို့ သူ ပြောမှာပဲမဟုတ်လား။ အဲဒါပြီးရင် အိမ်မှာ သူ့ကို ငါ ဘယ်လို ရင်ဆိုင်ရမှာလဲ။” ဟု ကျွန်မ တွေးခဲ့သည်။ ကျွန်မအဖေ၏ အပြုအမူအကြောင်း တစ်ခုခုရေးဖို့ အင်တင်တင်နှင့် စခဲ့သော်လည်း ဆက်မရေးနိုင်ခဲ့ပါ။ “ငါ သိသမျှကို ရေးလိုက်ပြီး သူ အထုတ်ခံရရင် ဘယ်လိုလုပ်မလဲ။ ထားလိုက်ပါတော့။ ဒါကို ငါ မရေးသင့်ပါဘူး။” ဟု ကျွန်မ တွေးနေမိခဲ့သည်။ လက်တွေ့ဘဝကနေ အဝေးကို ထွက်သွားဖို့အတွက် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပစ်လိုက်ချင်သော်လည်း၊ တစ်မှေးမှ အိပ်မရခဲ့ပါ။ ကျွန်မ စိုးရိမ်ပြီး အပြစ်ရှိသကဲ့သို့ ခံစားခဲ့ရသည်။ ခုတလော သူ၏ အပြုအမူများ တကယ်ကို မကောင်းခဲ့သကဲ့သို့၊ သူ၏ အတိတ်က လုပ်ရပ်များကို ကျွန်မ နည်းနည်း သိခဲ့သည်။ ယင်းကို ကျွန်မ မိမိဘာသာ သိမ်းထားလိုက်ပါက၊ အမှန်တရားကို ဖုံးကွယ်နေခြင်း ဖြစ်မည် မဟုတ်ပါလား။ ကျွန်မ စိတ်ထဲမှာ တကယ်ကို ဝေခွဲမရဖြစ်နေသည်။ ဘုရားသခင် ရှေ့ကိုလာပြီး ကျွန်မ “ဘုရားသခင်၊ ကျွန်မ အဖေလုပ်ခဲ့တဲ့ ဆိုးယုတ်မှုတစ်ချို့ကို ကျွန်မ သိပါတယ်၊ ပြီးတော့ အသင်းတော်ရဲ့ အလုပ်ကို ကျွန်မ ထိန်းသိမ်းရမှာဖြစ်ပြီး ကျွန်မ သိတဲ့အရာနဲ့ပတ်သက်လို့ ရိုးသားဖြောင့်မတ်ရမယ်ဆိုတာ သိပါတယ်၊ ဒါပေမဲ့ သူ အထုတ်ခံရမှာ စိုးလို့ ကျွန်မ အဲဒါ မလုပ်ချင်ပါဘူး။ ဘုရားသခင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ဖို့၊ ရိုးသားတဲ့လူတစ်ယောက်ဖြစ်ဖို့နဲ့ အသင်းတော်ရဲ့ အလုပ်ကို ထိန်းသိမ်းနိုင်ဖို့ ကျွန်မကို ကျေးဇူးပြုပြီး လမ်းပြတော်မူပါ။” ဟု ဆုတောင်းလိုက်ပါသည်။ ဤဆုတောင်းချက် ပြီးသည့်နောက် ကျွန်မ နည်းနည်း တည်ငြိမ်လာခဲ့သည်။ ထို့နောက်တွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ခဲ့ရသည်- “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့- သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည် ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ စိတ်ခံစားမှုများကို ဘေးဖယ်ကာ၊ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ ရည်ရွယ်ချက်များ ပြည့်စုံစေခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏အလိုကို လုပ်ဆောင်သောသူ တစ်စုံတစ်ဦးလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မကြာခဏ စဉ်းစားလော့။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃))၎င်းတို့အားလုံးသည် စိတ်ခံစားချက်ဖြင့် အသက်ရှင်ကြ၏- ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကိုမျှ မရှောင်ဘဲ၊ လူသားမျိုးနွယ် အားလုံး၏ စိတ်နှလုံးများထဲ၌ ကွယ်ဝှက်ထားသော လျှို့ဝှက်ချက်များကို ဖော်ထုတ်လေသည်။ လူတို့အတွက် ၎င်းတို့ကိုယ်ကိုယ် စိတ်ခံစားချက်မှ သီးခြားခွဲရန် အဘယ်ကြောင့် အလွန်ခက်ခဲရသနည်း။ ထိုသို့ လုပ်ဆောင်ခြင်းသည် အသိတရား၏ စံနှုန်းများကို ကျော်လွန်သလော။ အသိတရားသည် ဘုရားသခင်၏ အလိုကို ပြီးမြောက်စေနိုင်သလော။ စိတ်ခံစားချက်သည် ဘေးအန္တရာယ်တစ်လျှောက် လူတို့ကို ကူညီနိုင်သလော။ ဘုရားသခင်၏ အမြင်တွင် စိတ်ခံစားချက်သည် သူ၏ ရန်သူ ဖြစ်သည်- ဤအရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ရှင်းလင်းစွာ ဖော်ပြပြီးပြီ မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၂၈)) ဘုရားသခင် နှုတ်ကပတ်တော်များထဲက ဤမေးခွန်းများအတွက် ကျွန်မမှာ အဖြေ မရှိခဲ့ပါ။ ကျွန်မအဖေက သမ္မာတရား မလိုက်စားခဲ့ကြောင်း၊ စုဝေးပွဲများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သူတစ်ပါး စားသောက်နေခြင်းကို သူ နှောင့်ယှက်ခဲ့ကြောင်း ကျွန်မ ကောင်းကောင်းသိခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်၏ မိတ်သဟာယကိုမျှ သူ နားမထောင်ခဲ့ပါ၊ သူတစ်ပါးအပေါ် အာဃာတထားခဲ့သည်၊ သူတို့နောက်ကွယ်မှာ ဝေဖန်ခဲ့ပြီး သဘောကွဲလွဲမှု ဖြစ်စေခဲ့သည်။ သို့ရာတွင် စိတ်ခံစားချက်၏ ထိန်းချုပ်မှုကို ခံရပြီး ကျွန်မ၏ ညီအစ်ကို မောင်နှမများ၏ အသက်တာ ဝင်ရောက်မှု မည်သို့နှောင့်ယှက်ခံရသည်ကို ကျွန်မ အာရုံမစိုက်မိခဲ့ဘူး။ သူ့ကို ကာကွယ်ဖို့ ခေါင်းဆောင်များနှင့် ကျွန်မ ထိပ်တိုက်မတွေ့လိုခြင်းသာ ဖြစ်သည်။ ကျွန်မက သမ္မာတရားကို လက်တွေ့လုပ်ဆောင်မနေခဲ့သကဲ့သို့၊ ဘုရားသခင်၏ အလိုတော်ကို မထောက်ထားခဲ့ပါ။ ယခင်က ဆိုးယုတ်သည့် လူနှစ်ဦးကို အသင်းတော်က မည်သို့ နှင်ထုတ်ခဲ့သည်ကို တွေးမိခဲ့သည်။ သမ္မာတရား လက်တွေ့လုပ်ဆောင်ဖို့ သူတို့ ငြင်းပယ်ပြီး အသင်းတော် အသက်တာကို နှောင့်ယှက်နေသည်ကို မြင်ရသောကြောင့်၊ ကျွန်မကို ဒေါသအမျက်နှင့်ပြည့်စေခဲ့ပြီး သူတို့ကို ကျွန်မ တရားမျှတစွာနှင့် ပြင်းထန်စွာ ဖော်ထုတ်ခဲ့သည်။ ထို့ကြောင့် ကျွန်မ အဖေ၏ အပြုအမူအကြောင်း ရေးဖို့ဖြစ်လာသည့်အခါ၊ ကျွန်မ အဘယ့်ကြောင့် မရိုးသားနိုင်ရမည်နည်း။ ကျွန်မ ရိုးသားသည့် လူတစ်ဦးမဟုတ်ခဲ့ကြောင်း၊ တရားမျှတသည့် စိတ် ကင်းမဲ့နေခဲ့ကြောင်းတို့ကို ကျွန်မ မြင်ခဲ့ရသည်။ သမ္မာတရားကို ကျွန်မ လက်တွေ့မလုပ်ဆောင်နေခဲ့သကဲ့သို့၊ ဤအရေးကြီးသည့်အချိန်မှာ အသင်းတော် အလုပ်ကို ထိန်းသိမ်းမနေခဲ့ပါ။ ထိုအစား ကျွန်မက စိတ်ခံစားချက်ကြောင့် ကျွန်မအဖေကို ကာပေးနေခဲ့ပြီး၊ သူ၏ ဆိုးယုတ်မှုကို ဖုံးပေးနေခဲ့သကဲ့သို့၊ သမ္မာတရား အခြေခံသဘောတရားများကို ဆန့်ကျင်နေခဲ့ခြင်း ဖြစ်ပါသည်။ ယင်းက စာတန်ဘက်မှာ ရပ်တည်ပြီး ဘုရားသခင်၏ ရန်သူတစ်ယောက် ဖြစ်နေခဲ့ခြင်း မဟုတ်ပါလား။ ဤသည်ကို နားလည်လျက်၊ ဘုရားသခင်ကို ကျွန်မ ဆုတောင်းပြီး နောင်တရခဲ့သည်။ “စိတ်ခံစားချက်အတိုင်း ကျွန်မ နောက်ထပ် မပြုမူချင်တော့ပါဘူး။ ကျွန်မအဖေနဲ့ ပတ်သက်ပြီး ရိုးသားချင်ပါတယ်။”

ကျွန်မ၏ ဆုတောင်းချက်ပြီးသည့်နောက်မှာ၊ သူ၏ မကောင်းမှုကို ဖော်ပြခြင်းများအချို့ကို ကျွန်မ ပြန်တွေးခဲ့ပြီး၊ တစ်ခုပြီးတစ်ခု အားလုံးကို ရေးမှတ်လိုက်သည်။ ဧဝံဂေလိ လက်ထောက်အနေနှင့် ထမ်းဆောင်နေစဉ်၊ သူက သူ၏ လုပ်ဖော်ဆောင်ဖက် ညီအစ်ကိုကျန်းအပေါ် မလိုမုန်းထား ဖြစ်လာခဲ့သည်။ ကျွန်မ အဖေက အခြား ညီအစ်ကို မောင်နှမများရှေ့မှာ အစ်ကိုကျန်းကို ဝေဖန်ပြီး ခွဲခြားဆက်ဆံသည့်အခါ၊ အစ်ကိုကျန်းက စိတ်ဖိစီးပြီး အပျက်သဘောဆောင်သည့် အခြေအနေကို ရောက်လာသည်။ ခေါင်းဆောင်က ကျွန်မ အဖေကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခဲ့သော်လည်း၊ သူ နားမထောင်ခဲ့ပါ။ သူ၏ ပြဿနာကို ညီအစ်ကို မောင်နှမများက ထောက်ပြသည့်အခါ၊ သူက တစ်ခုတစ်လေမျှ လက်မခံခဲ့ပါ။ သူတစ်ပါး၏ ကျရှုံးမှုများကိုသာ သူ အမြဲ အာရုံစိုက်ခဲ့ပြီး သူတို့၏ အားနည်းချက်များကို အသုံးချခဲ့သည်၊ “ဒီနှစ်တွေအားလုံးမှာ ငါ ယုံကြည်သူတစ်ဦးဖြစ်ခဲ့တယ်။ အားလုံးကို ငါသိတယ်။” ဟု သူ အမြဲပြောခဲ့သည်။ ကျွန်မ၏ တာဝန်မှာ ကျွန်မ တက်တက်ကြွကြွ ပါဝင်သည်ကို သူ မြင်ပြီး ငွေနှင့် လောကီအရာများကို ရှာဖွေဖို့ တိုက်တွန်းသည်၊ ပြီးလျှင် ကျွန်မတာဝန်အတွက် စိတ်အားထက်သန်မှုကို လျှော့ဖို့ အပျက်သဘောဆောင်သည့် အရာများကို အမြဲပြောခဲ့သည်။ တစ်ကြိမ်မှာ သူ မတော်တဆ ကားတိုက်မှုဖြစ်ပြီးသည့်နောက်၊ သူ့ကို ကြည့်ဖို့ အသင်းတော်မှာ ရှိသည့် အစ်ကိုလင်းက သွားခဲ့ပြီး သူ့ကိုယ်သူ ဆန်းစစ်ဖို့နှင့် သင်ခန်းစာယူဖို့ ပြောခဲ့လျက်၊ သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုခဲ့သော်လည်း၊ သူက တစ်ခုမျှ မခံယူခဲ့ပါ။ အချက်အလက်များကို မဟုတ်မမှန်ပြောပြီး အစ်ကိုလင်းက သူ့ကို လှောင်ဖို့ လာခဲ့သည်ဟု ကောလဟလ ဖြန့်ခဲ့သည်။ ယင်းက အချို့သော ညီအစ်ကို မောင်နှမများ အစ်ကိုလင်းအပေါ် မလိုမုန်းထားမှု ဖြစ်စေခဲ့သည်။ ဤအရာများအားလုံးကို စဉ်းစားကြည့်လျက်၊ ကျွန်မ တကယ်ကို အံသြပြီး စိတ်ဆိုးခဲ့သည်။ “ဒါတကယ် ငါ့အဖေလား။ ဒါ ဆိုးယုတ်တဲ့ လူတစ်ယောက် မဟုတ်ဘူးလား။” ဟု ကျွန်မ တွေးမိသည်။ သူ၏ ယုံကြည်ခြင်းနှစ်များအားလုံး၌ သူက သူ၏တာဝန်နှင့် ဧဝံဂေလိဖြန့်ဝေခြင်းတို့ကို လုပ်ဆောင်နေခဲ့သည်၊ သူက ဒုက္ခခံပြီး အဖိုးအခပေးဆပ်နိုင်သည်ဟု ကျွန်မ အမြဲ တွေးခဲ့သည်။ သူက စစ်မှန်သည့် ယုံကြည်သူတစ်ဦးဖြစ်သည်ဟု ထင်လျက်၊ အပြင်ပန်း သူ၏ ပုံစံကြောင့် ကျွန်မ လှည့်စားခံခဲ့ရခြင်း ဖြစ်သည်။ သူ၏ အပြုအမူများကို ဆန်းစစ်ဖို့ ကျွန်မ လုံးဝ မကြိုးစားခဲ့ပါ။ ကျွန်မ အရမ်းကို မိုက်မဲပြီး မျက်ကန်းဖြစ်ခဲ့ပါသည်။ စိတ်ခံစားချက်၏ လွှမ်းမိုးခြင်းကို ခံရပြီး သူ့ကို တယုတယထားကာ ကာကွယ်ပေးမိခြင်းအတွက် ကျွန်မ မိမိကိုယ်ကိုယ် ယခုအပြစ်တင်မိပါသည်။ ထို့နောက် ဘုရားသခင်၏နှုတ်ကပတ်တော်များထဲမှာ ဤသည်ကို ကျွန်မ ဖတ်ခဲ့သည်- “မိမိတို့၏ အဆိပ်ရှိ၍ မလိုမုန်းထားရှိသော အပြောအဆိုများကို အသင်းတော်အတွင်း ဖွင့်ပြောတတ်သူများ၊ ညီအစ်ကိုမောင်နှမများကြား ကောလာဟလများ ဖြန့်ကာ၊ စိတ်သဘော မတိုက်ဆိုင်ခြင်းကို ဆွပေးသောသူများနှင့် အုပ်စုများဖွဲ့သော သူတို့သည်- အသင်းတော်မှ နှင်ထုတ်ခြင်း ခံခဲ့ရသင့်သည်။ သို့သော် ယခုသည် ဘုရားသခင်အမှု၏ ခြားနားသော ခေတ်ကာလဖြစ်သောကြောင့်၊ ၎င်းတို့သည် ဖယ်ရှားခြင်းအချို့ကို ရင်ဆိုင်ရသည့်အတွက် ဤလူများသည် ထိန်းချုပ်ခြင်း ခံရပေသည်။ စာတန်၏ ဖျက်ဆီးခြင်း ခံထားရသော လူအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ အချို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာရှိသော်လည်း၊ အခြားသူများ၌မူ ထိုကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသည်သာမက သူတို့၏ သဘာဝသည်လည်း အလွန်အမင်း မလိုမုန်းထားတတ်ကြသည်။ ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားကို ဖော်ပြသည်သာမက ဤလူများသည် နတ်ဆိုးစာတန် စစ်စစ်လည်း ဖြစ်သည်။ သူတို့၏အပြုအမူသည် ဘုရားသခင်၏အလုပ်ကို ကြားဖြတ်ပြီး နှောင့်ယှက်သည်၊ ညီအစ်ကို မောင်နှမများ၏ အသက်တာ ဝင်ရောက်မှုကို နှောင့်ယှက်ပြီး၊ အသင်းတော်၏ သာမန်အသက်တာကို ဖျက်ဆီးသည်။ သိုးရေခြုံထားသည့် ဤဝံပုလွေများသည် အနှေးနှင့်အမြန် ရှင်းလင်းခံရမည် ဖြစ်သည်။ စာတန်၏ ဤအစေအပါးများအပေါ် မညှာတာသည့် သဘောထား၊ ငြင်းပယ်သည့် သဘောထားကို ထားရှိရမည်။ ဤသည်သာ ဘုရားသခင်ဘက်၌ ရပ်တည်ခြင်းဖြစ်ပြီး ထိုသို့လုပ်ရန် ပျက်ကွက်သော သူများသည် စာတန်နှင့် ဒုစရိုက်နွံထဲတွင် မွေ့လျော်နေသူများ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ကျွန်မ အဖေ၏ အပြုအမူများကို ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ချိန်ထိုးကြည့်လျက်၊ သူ ပြသနေသည့်အရာသည် သာမန် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမဟုတ်ဘဲ၊ မလိုမုန်းထားသည့် သဘာဝ ဖြစ်မှန်း ကျွန်မ မြင်ခဲ့ရသည်။ အပေါ်ယံမှာ သူက စိတ်ထက်သန်ပြီး သူ့တာဝန်အတွက် ဒုက္ခခံနိုင်ခဲ့သကဲ့သို့၊ တရုတ်ကွန်မြူနစ်ပါတီ၏ နှိပ်စက်ညှဉ်းပန်းမှုကို ရင်ဆိုင်ရာမှာ ဧဝံဂေလိတရားကို ဆက်ဖြန့်နိုင်ခဲ့သော်လည်း၊ သမ္မာတရားကို သူ လက်မခံနိုင်ခဲ့ပါ။ သူက သမ္မာတရားကို မုန်းပင်မုန်းခဲ့သည်။ သူ၏ လုပ်ရပ်များက သူ၏ ကောက်ကျစ်ပြီး ကြမ်းတမ်းသည့် သဘာဝကို ဖော်ပြခဲ့သည်။ သူက အနှစ်သာရအနေနှင့် စာတန်နှင့်ဆိုင်သည့် ဆိုးယုတ်သည့်လူဖြစ်ပြီး ထုတ်ပယ်ခြင်း ခံရသင့်သည်။ ကျွန်မက သူ့သမီးဖြစ်သော်ငြားလည်း၊ ကျွန်မ၏ ကိုယ်ပိုင်ခံစားချက်အတိုင်း သွား၍မရပါ။ ကျွန်မ၏ ယုံကြည်ခြင်းမှာ ဘုရားသခင်ဘက်မှာ ကျွန်မ ရပ်တည်ပြီး စာတန်ကို ဖော်ထုတ်၊ စွန့်ပစ်ရမည် ဖြစ်သည်။ သူနှင့်ပတ်သက်ပြီး ချင့်ချိန်မှုမရှိသည့် ကျွန်မ စီမံသည့်အဖွဲ့ထဲက ညီအစ်ကို မောင်နှမများအကြောင်း ကျွန်မ တွေးမိခဲ့သည်။ ကျွန်မ အဖေ၏လှည့်စားခြင်းကို သူတို့ နောက်ထပ်မခံရဖို့ သူတို့ကို ကျွန်မ မိတ်သဟာယပြုပေးပြီး ကျွန်မအဖေ၏ ဆိုးယုတ်မှုကို ဖော်ထုတ်ရမည် ဖြစ်သည်။ သို့ရာတွင် ထို့နောက် ကျွန်မ စိုးရိမ်လာခဲ့သည်။ “သူတို့ထဲက တချို့က အဖေကြောင့် ယုံကြည်လာခဲ့ကြပြီး အဖေနဲ့ အဆင်ပြေကြတယ်။ အဖေ့ကို ငါ ဖော်လိုက်ရင်၊ ငါ့မှာ အသိစိတ်မရှိဘူး၊ ရက်စက်တယ်လို့ သူတို့ ပြောကြမှာမဟုတ်လား။ သူ နှင်ထုတ်ခံရပြီး ကယ်တင်ခံရမဲ့ အခွင့်အရေး ဆုံးရှုံးသွားရင်၊ အဲဒါ သူ့အတွက် နာကျင်စရာ ဖြစ်မှာပဲ။” ဤအတွေးက တကယ်ကို စိတ်ပျက်စရာဖြစ်ခဲ့ပြီး၊ ထိုမိတ်သဟာယ ဝေမျှဖို့ ကျွန်မ၏ ဆန္ဒက မရှိတောပါ။ အကယ်၍ ကျွန်မအဖေ၏ ဆိုးယုတ်မှုကို ကျွန်မ မဖော်ထုတ်ဘဲ၊ ညီအစ်ကို မောင်နှမများက အလှည့်ဖြားခံရပြီး သူ့ဖက်မှာ ရပ်တည်ခဲ့ပါက၊ သူတို့က အဖေ့၏ မကောင်းမှုကို မျှဝေခံစားကြရမည် ဖြစ်သည်ဟု တွေးရင်း၊ ထိုညမှာ ကျွန်မ အိပ်ရာထဲ မအိပ်ဘဲ လှဲနေခဲ့သည်။ သူတို့ လှည့်စားခံရသည်ကို ကျွန်မ မြင်ခဲ့သော်လည်း၊ သူတို့ကို မိတ်သဟာယမပြုခဲ့ပါက၊ ကျွန်မက သူတို့ကို အန္တရာယ်ပေးခြင်း ဖြစ်နေမည် မဟုတ်ပါလား။ ထိုအတွေးနှင့် ကျွန်မ မိမိကိုယ်ကိုယ် ပြစ်တင်မိခဲ့သောကြောင့်၊ ဘုရားသခင်ထံ ကျွန်မ ဆုတောင်းခဲ့သည်၊ “အို ဘုရားသခင်၊ ကျွန်မ အခု သိပ် စိုးရိမ်မိပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးတော်မူပါ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဒီဆိုးယုတ်တဲ့လူကို ဖော်ထုတ်ဖို့ ကျွန်မကို လမ်းပြ ဦးဆောင်တော်မူပါ။”

ကျွန်မ ဆုတောင်းပြီးသည့်နောက်၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော် ကျမ်းပိုဒ်ကို ကျွန်မ ဖတ်ရသည်- “ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် လူတို့သည် တစ်ဦးနှင့်တစ်ဦး မည်သို့ဆက်ဆံသင့်ကြောင်းနှင့် ပတ်သက်၍ မည်သည့် အခြေခံသဘောတရားကို ဖော်ပြထားသနည်း။ ဘုရားသခင် ချစ်သောအရာကို ချစ်၍ ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ တစ်နည်းဆိုသော် သမ္မာတရားကို အမှန်တကယ် လေ့လာလိုက်စားပြီး ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်သည့် ဘုရားသခင်ချစ်သော လူများသည် သင်ချစ်သင့်သောသူများ စင်စစ်ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို မဆောင်သောသူ၊ ဘုရားသခင်ကို မုန်းတီးသောသူ၊ သူ့ကို မနာခံသောသူနှင့် ဘုရားသခင်က ရွံမုန်းသောသူများမှာ ငါတို့လည်း ရွံမုန်းပြီး ငြင်းပယ်သင့်သောသူများ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်က တောင်းဆိုသော အရာဖြစ်သည်။ သင်၏ မိဘများက ဘုရားသခင်ကို မယုံကြည်ပါက၊ သူ့ကို ၎င်းတို့ မုန်းကြပေသည်။ သူ့ကို ၎င်းတို့ မုန်းပါက၊ ဘုရားသခင်သည် ၎င်းတို့ကို သေချာပေါက် စက်ဆုပ်သည်။ ထို့ကြောင့်၊ သင်၏ မိဘများကို မုန်းရန် သင့်ကို ပြောပါက၊ သင် လုပ်ဆောင်နိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်ကို ခုခံကာ ပုတ်ခတ်ဝေဖန်ပါက၊ ၎င်းတို့သည် ဘုရားသခင် မုန်းကာ ကျိန်သော လူများ သေချာပေါက် ဖြစ်ကြပေသည်။ ထိုသို့သော အခြေအနေများအောက်တွင်၊ သင်၏ မိဘများက ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းအား နှောင့်ယှက်သည်ဖြစ်စေ၊ မနှောင့်ယှက်သည်ဖြစ်စေ၊ သင်သည် ၎င်းတို့ကို မည်သို့ ဆက်ဆံသင့်သနည်း။ ကျေးဇူးတော်ခေတ်အတွင်း တစ်ချိန်က သခင်ယေရှု ပြောခဲ့သည်မှာ ‘ကိုယ်တော်က ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။...ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏’ ထိုမြွက်ဟချက်သည် ယခင်ကျေးဇူးတော်ခေတ်အတွင်း၌ ရှိနှင့်ပြီးဖြစ်ကာ ယခုဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပို၍ပင် ဆီလျော်နေသည်။ ‘ဘုရားသခင် ချစ်မြတ်နိုးရာများကို ချစ်မြတ်နိုးပြီး၊ ကိုယ်တော် ရွံမုန်းသောအရာများကို ရွံမုန်းလော့။’ ယင်းနှုတ်ကပတ်တော်များသည် တိုတိုနှင့်လိုရင်းကိုပြောခြင်း ဖြစ်သော်လည်း လူများသည် ၎င်း၏စစ်မှန်သော အဓိပ္ပါယ်ကို နားလည်နိုင်စွမ်း မရှိတတ်ကြပေ။ အကယ်၍ လူတစ်ယောက်သည် ဘုရားသခင်၏ကျိန်ဆဲခြင်းကို ခံရသော်လည်း၊ ထိုသူသည် အပြင်ပန်းတွင် အင်မတန်ကောင်းမည့်ဟန်ရှိနေလျှင်၊ သို့မဟုတ် ထိုသူသည် သင်၏မိဘ သို့မဟုတ် ဆွေမျိုးဖြစ်နေလျှင်၊ သင်သည် ထိုသူကို မရွံမုန်းနိုင်ဘဲ ဖြစ်နေသည်ကို သင်တွေ့ရမည်။ ထို့အပြင် သင်တို့နှစ်ဦးကြားတွင် များစွာသောရင်းနှီးကျွမ်းဝင်မှုနှင့် အနီးကပ် ဆက်ဆံရေးပင် ရှိနိုင်သည်။ ဘုရားသခင်ထံမှ ထိုကဲ့သို့သောစကားကို သင်ကြားရသောအခါ သင် ဝမ်းနည်းလာပြီး ထိုသို့သောသူအပေါ် သင့်နှလုံးသား မာကျောလာရန် မတတ်သာ၊ သို့မဟုတ် ထိုသို့သောလူကို စွန့်ခွာရန် မတတ်သာဘဲရှိနေသည်။ ဤသည်မှာ သင့်ကို နှောင်ဖွဲ့ထားသော အစဉ်အလာအယူအဆတစ်ရပ် ရှိနေသောကြောင့် ဖြစ်သည်။ သင်ထိုသို့လုပ်ပါက သင်သည် ကောင်းကင်၏အမျက်သင့်ကာ ကောင်းကင်၏ ဒဏ်ခတ်ခြင်းကို ခံရရုံမျှမက လူ့အဖွဲ့အစည်း၏ ရှောင်သွေခြင်းကိုပင်ခံရကာ လူထုသဘောထားဖြင့် ရှုတ်ချခံရမည်ဟု သင်တွေးသည်။ ထို့အပြင် ပိုပြီးလက်တွေ့ကျသော ပြဿနာမှာ ၎င်းကြောင့် သင်သည် အပြစ်ရှိသည်ဟု ထပ်တလဲလဲ ခံစားရလိမ့်မည်။ ယင်းအသိတရားသည် သင့်ငယ်ဘဝက သင့်မိဘများ သင်ကြားခဲ့သည်များမှ၊ သို့မဟုတ် လူမှုရေးယဉ်ကျေးမှု၏ လွှမ်းမိုးမှုနှင့် ကူးစက်မှုများမှ လာသည်။ နှစ်ခုစလုံးသည် ဤမျှအမြစ်တွယ်နေကြပြီး သင့်အထဲ၌ စဉ်းစားပုံစဉ်းစားနည်း ဖြစ်နေသောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်လက်တွေ့မကျင့်သုံးနိုင်တော့ပေ။ ကိုယ်တော် ချစ်မြတ်နိုးရာများကို မချစ်မြတ်နိုး၊ ကိုယ်တော် ရွံမုန်းသည်ကို မရွံမုန်းပေ။ သို့သော် ၎င်းကိုရွံမုန်းရမည်၊ ငြင်းပယ်ရမည်ဟု သင့်စိတ်ထဲသိနေသည်။ အကြောင်းမှာ သင်၏အသက်တာသည် ဘုရားသခင်ထံမှလာခဲ့ပြီး သင်၏မိဘများက ပေးခဲ့ခြင်း မဟုတ်ပေ။ လူသားသည် ဘုရားသခင်ကို ဝတ်ပြုပြီး မိမိကိုယ်ကိုယ် ကိုယ်တော်ထံ ပြန်အပ်နှံသင့်သည်။ သင်သည် ပြန်မလှည့်လာနိုင်ကြောင်း၊ လက်တွေ့ကျင့်သုံးရန် မတတ်နိုင်ကြောင်း ပြောလည်းပြော၊ တွေးလည်း တွေးနေသော်လည်း သင်သည် ပြန်အပ်နှံသင့်သည်။ ဤနေရာတွင် ဘာဖြစ်နေသည်ကို သင်တို့သိသလော။ ယင်းအရာများက သင့်ကိုတင်းကျပ်စွာ၊ အကြီးအကျယ် ချုပ်နှောင်ထားခြင်း အကြောင်းဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံနိုင်စေရန် စာတန်သည် သင်၏အတွေးအခေါ်များ၊ သင်၏စိတ်နှင့် သင်၏နှလုံးသားကို ချုပ်နှောင်ရန် ယင်းအရာများကို အသုံးပြု၏။ သင်၌ ဘုရားသခင်၏နှုတ်ကပတ်တော်များအတွက် နေရာမရှိတော့သည်အထိ ယင်းအရာများက သင့်တွင် ပြည့်လျှံသွားပေပြီ။ ထို့အပြင် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးရန် သင်ကြိုးစားလျှင် ယင်းအရာများက သင့်အထဲ၌ စတင် အကျိုးသက်ရောက်ပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်များ၊ တောင်းဆိုချက်များနှင့် သင့်ကိုပဋိပက္ခဖြစ်စေမည်။ ဤသို့ဖြင့် သင့်အား ထိုအနှောင်အဖွဲ့မှ ရုန်းမထွက်သာအောင်နှင့် ဤအချုပ်အနှောင်မှ လွတ်အောင်မရုန်းနိုင်အောင် ပြုပေသည်။ ယင်းသည် မျှော်လင့်ချက်မဲ့မည်ဖြစ်ပြီး ရုန်းကန်ရန် ခွန်းအားမရှိဘဲ တစ်ခဏကြာပြီးနောက် သင် လက်လျှော့လိမ့်မည်ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကို သတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်”) ထို့နောက် အခြားသူများနှင့် ဆက်ဆံရာမှာ ကျွန်မတို့ကို ဘုရားသခင် တောင်းဆိုသည့် အခြေခံသဘောတရားက သူချစ်သည့်အရာကို ချစ်ပြီး သူမုန်းသည့်အရာကို မုန်းဖို့သာ ဖြစ်ရမည်ဟု ကျွန်မ နားလည်သွားခဲ့သည်။ သမ္မာတရားကို ချစ်ပြီး ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်နိုင်သူများသည် ကျွန်မတို့ ချစ်ခြင်းမေတ္တာနှင့် ဆက်ဆံသင့်သည့်လူများ ဖြစ်သော်လည်း၊ သမ္မာတရားကို မုန်းပြီး ဘုရားသခင်ကို အာခံသည့် ဆိုးယုတ်သည့်လူများက ကျွန်မတို့ မုန်းသင့်သည့် သူများ ဖြစ်သည်။ ဤလက်တွေ့လုပ်ဆောင်ခြင်းကသာ ဘုရားသခင်၏အလိုတော်နှင့်ညီပါသည်။ သို့ရာတွင် ကျွန်မ အဖေနှင့် ပတ်သက်လာသည့်အခါ စိတ်ခံစားမှု၏ ထိန်းချုပ်ခြင်းကို ကျွန်မ အမြဲခံရသည်။ သူ့ကို ကျွန်မ ကာကွယ်ပြီး ဖုံးဖိပေးနေမိခဲ့သည်။ ဘုရားသခင် ချစ်သည့်အရာကို ကျွန်မ မချစ်နိုင်သကဲ့သို့၊ ဘုရားသခင် မုန်းသည့်အရာကို မမုန်းနိုင်ခဲ့ပါ။ ယင်းက “အရေးကြီးတော့ သွေးနီးသည်၊” နှင့် “လူသားသည် သက်မဲ့မဟုတ်ပါ။ သူသည် စိတ်ခံစားမှုများနှင့် မည်သို့ကင်းနိုင်မည်နည်း။” ဟူသည့် စာတန်၏ အယူအဆဟောင်းများက ကျွန်မ စိတ်နှလုံးကို ထိန်းချုပ်ပြီးဖြစ်သောကြောင့်ပင်တည်း။ ကျွန်မအ‌ဖေ၏ ဆိုးယုတ်သည့် အပြုအမူကို ဖော်ထုတ်ခြင်းက လက်ခံနိုင်စရာမဟုတ်သကဲ့သို့၊ လွန်ကဲသည့်အရာဖြစ်သည်ဟု တွေးရင်းနှင့် အဆိုးနှင့်အကောင်းကို ကျွန်မ မခွဲနိုင်ခဲ့ပါ။ အခြားသူများ ဝေဖန်ပြီး ရှုတ်ချမည်ကို ကျွန်မ ကြောက်ခဲ့သည်။ ဇာတိပကတိ မိသားစု ဆက်ဆံရေးကို ကာကွယ်ဖို့၊ သမ္မာတရားကို ထိန်းသိမ်းပြီး ဆိုးယုတ်သည့် လူတစ်ဦးကို မဖော်ထုတ်နိုင်ခဲ့ပါ၊ ဘုရားသခင့်အိမ်တော်၏ အမှုတော်နှင့် ညီအစ်ကို မောင်နှမများ၏ အသက်ဝင်ရောက်မှုကို အရေးမထားနိုင်ခဲ့ပါ။ ယင်းက တကယ်ကို လွန်ကဲပြီး လူ့သဘာဝ ကင်းမဲ့ခဲ့ခြင်း ဖြစ်ပါသည်။ ဤဆိုးယုတ်သည့် အယူအဆဟောင်းများက စာတန်ဘက်မှာ ကျွန်မကို ရပ်တည်စေရင်း၊ မရည်ရွယ်ဘဲနှင့် ဘုရားသခင်ကို အာခံစေရင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာကနေ ကျွန်မကို တားဆီးနေမှန်း ကျွန်မ မြင်ခဲ့ရသည်။ အမှန်မှာမူ၊ နတ်ဆိုးများနှင့် ဆိုးယုတ်သည့် လူများကို ဆက်ဆံရာမှာ ကျွန်မတို့ သိတတ်သင့်သည်ဟု ဘုရားသခင်က မည်သည့်အခါမျှ မပြောခဲ့သကဲ့သို့၊ စာတန်နှင့်သက်ဆိုင်သည့် ချစ်ခင်ရင်းနီးသူများကို ငြင်းပယ်ခြင်းက အကျင့်ပျက်ခြင်း ဖြစ်သည်ဟု မပြောခဲ့ပါ။ ပညတ်တော်ခေတ်မှာ၊ ယောဘ၏ မယုံကြည်သည့် သားသမီးများသည် ကပ်ဘေးထဲတွင် သေဆုံးခဲ့ကြသော်လည်း၊ ယောဘက စိတ်ခံစားချက်ဖြင့် သူ့သားသမီးများနှင့်ပတ်သက်ပြီး ဘုရားသခင်ကို မညည်းညူခဲ့ပါ။ ဆန့်ကျင်ဘက်အားဖြင့် ဘုရားသခင်၏ နာမတော်ကို သူ ချီးမွမ်းခဲ့သည်။ ကျေးဇူးတော်ခေတ်မှာ၊ ပေတရု၏ မိဘများက သူ၏ ယုံကြည်ခြင်းလမ်းမှာ သူ့ကို နှိမ်ပြီး တားဆီးခဲ့သောကြောင့်၊ သူက ဘုရားသခင်နောက်လိုက်ဖို့ အရာရာကို စွန့်ရင်းနှင့် သူ့မိဘများကို စွန့်လွှတ်ပြီး အိမ်ကိုစွန့်ခွာခဲ့သည်၊ ထိုသို့ဖြင့် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိခဲ့သည်။ ယောဘနှင့် ပေတရုတို့၏ အတွေ့အကြုံများကို အချိန်ယူစဉ်းစားသည့်အခါ၊ ဘုရားသခင် ချစ်မြတ်နိုးသည့် အရာများကို ချစ်မြတ်နိုးပြီး၊ သူ ရွံမုန်းသောအရာများကို ရွံမုန်းဖို့ ဘုရားသခင်၏ သတ်မှတ်ချက်နှင့်ပတ်သက်ပြီး ကျွန်မ နည်းလည်မှုအချို့ ရခဲ့သည်။

ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ပိုပြီးဖတ်ခဲ့သည်။ “မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို မနာခံသောသူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ယုံကြည်ခြင်း ရှိသည်ဟု အခိုင်အမာ ပြောဆိုသော်လည်း သမ္မာတရား ကင်းမဲ့သောသူများ မဟုတ်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရန်မျှ ကြိုးစားကြသော်လည်း၊ ဘုရားသခင်အတွက် သက်သေမခံနိုင်သူများ ဖြစ်ကြသည် မဟုတ်လော။ သင်သည် ယနေ့ ထိုမကောင်းဆိုးဝါးများနှင့် ရောနှောဆဲဖြစ်ပြီး ၎င်းတို့အပေါ် အသိတရားနှင့် ချစ်ခြင်းမေတ္တာ ထားရှိနေနိုင်ဆဲ ဖြစ်သည်၊ သို့သော် ဤကိစ္စတွင် သင်သည် စာတန်အပေါ် ကောင်းသော ရည်ရွယ်ချက်များကို လက်ကမ်း ပေးနေခြင်း မဟုတ်လော။ သင်သည် မကောင်းဆိုးဝါးများနှင့် ပေါင်းဖော်နေခြင်း မဟုတ်လော။ အကယ်၍ ဤနေ့ရက်များတွင် လူတို့သည် အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်ခြင်း မရှိသေးသကဲ့သို့၊ ဘုရားသခင်၏အလိုကို ရှာဖွေရန် မည်သည့်ရည်ရွယ်ချက်မျှ မရှိဘဲ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မိမိတို့ကိုယ်ပိုင်အဖြစ် မည်သည့်နည်းနှင့်မျှ လက်သင့်ခံနိုင်ခြင်း မရှိဘဲ၊ ဆက်လက်၍ ကျိုးကြောင်းမမြင်ဘဲ ချစ်တတ်ပြီး သနားကရုဏာစိတ်ရှိနေပါက၊ ၎င်းတို့၏ အဆုံးသတ်များသည် ပို၍ပင် စုတ်ချာလိမ့်မည်။...ငါ စက်ဆုပ်ရွံရှာပြီး ငါ သဘောမတွေ့သော သူတို့နှင့် သင်သည် သဟဇာတ ဖြစ်ပြီး၊ ၎င်းတို့အပေါ် ချစ်ခြင်းမေတ္တာ သို့မဟုတ် ပုဂ္ဂိုလ်ရေး ခံစားချက်များ ထားရှိနေသေးပါက၊ သင်သည် မနာခံသောသူဖြစ်သည် မဟုတ်လော။ သင်သည် တမင်တကာ ဘုရားသခင်ကို ဆန့်ကျင်နေခြင်း မဟုတ်လော။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို ပိုင်ဆိုင်သလော။ လူတို့သည် ရန်သူများအပေါ် အသိစိတ်၊ မကောင်းဆိုးဝါးများအတွက် ချစ်ခြင်းမေတ္တာနှင့် စာတန်အတွက် သနားကရုဏာ ထားရှိပါက၊ ၎င်းတို့သည် ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်နေကြသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဤသည်ကို ဖတ်ခြင်းက ကျွန်မကို အရမ်း သောကရောက်စေခဲ့ပြီး အပြစ်ရှိသကဲ့သို့ ခံစားရစေခဲ့သည်။ ကျွန်မအဖေက သမ္မာတရားကို မုန်းတီးခဲ့ပြီး အသင်းတော် အသက်တာကို အမြဲ အနှောင့်အယှက် ပေးခဲ့သကဲ့သို့၊ သူ၏ သဘာဝနှင့် အနှစ်သာရက ဆိုးယုတ်သည်ကို ကျွန်မ သိခဲ့သော်လည်း၊ သူ့အတွက် ဖုံးပင် ဖုံးကွယ်ပေးပြီး ကာဆီးပေးရင်းနှင့် သူ့အပေါ် ကျွန်မ ဆက်ပြီး သိတတ်ခဲ့သလို ချစ်ခင်ခဲ့သည်။ ယင်းက၊ “စာတန်အား ကောင်းသောရည်ရွယ်ချက်များကို လက်ကမ်းပေးနေခြင်း” နှင့် “မကောင်းဆိုးဝါးများနှင့် ပေါင်းဖော်ခြင်း” ဟူသည့် ဘုရားသခင် ဆိုလိုသည့်အရာ အတိအကျသာ ဖြစ်သည် မဟုတ်ပါလား။ ကျွန်မက ဘုရားသခင်ကို အရှက်မရှိ ဆန့်ကျင်ပြီး အသင်းတော်၏အလုပ်ကို နှောင့်ယှက်နေခြင်း မဟုတ်ပါလား။ ဘုရားသခင်၏ အိမ်တော်မှာ၊ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်း အုပ်စိုးပါသည်။ ဆိုးယုတ်သည့် လူများနှင့် အန္တိခရစ်များ အပါအဝင် စာတန်၏ ဆိုးယုတ်သည့် အင်အားစုများ အားလုံးသည် မကျန်ရှိနိုင်ပါ။ သူတို့က ဖော်ထုတ်ခံရမည်ဖြစ်ပြီး ဘုရားသခင်၏ ပယ်ရှင်းခြင်းကို ခံရကြမည်ဖြစ်သကဲ့သို့၊ အသင်းတော်ကနေ နုတ်ပယ်ခံရကြမည် ဖြစ်သည်။ ဤသည်ကို ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားက ဆုံးဖြတ်ခြင်း ဖြစ်ပါသည်။ သို့ရာတွင် ကျွန်မက ဆိုးယုတ်သည့် လူတစ်ဦးကို ဖုံးကွယ်ပေးမိနေခဲ့ပြီး ဘုရားသခင်၏အိမ်တော်မှာ နေခွင့်ပေးဖို့ ကြိုးစားနေခဲ့မိသည်။ အသင်းတော် အသက်တာကို ဆိုးယုတ်သည့်လူ နှောင့်ယှက်သည်ကို ကျွန်မက သည်းခံနေခဲ့ခြင်း မဟုတ်ပါလား။ ဆိုးယုတ်သည့် ရန်သူကို ကျွန်မက ကူညီနေပြီး ဘုရားသခင်ကို ဆန့်ကျင်နေခဲ့ခြင်း မဟုတ်ပါလား။ ဆက်လုပ်နေတာက ဆိုးယုတ်သည့်လူနှင့်အတူ ဘုရားသခင်၏ အပြစ်ပေးခြင်းကို ခံရဖို့ ဖြစ်စေမည် မဟုတ်ပါလား။ ဤနားလည်မှုက ကျွန်မကို အနည်းငယ် လန့်သွားစေခဲ့သည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားက မည်သည့်ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံသကဲ့သို့၊ မကောင်းမှုပြုသူကို ပုဂ္ဂိုလ်ရေး ခံစားချက်နှင့် ဖုံးကွယ်ပေးနေမိခြင်းက အလွန်အန္တရာယ်ရှိသည်ကို ကျွန်မ မြင်ခဲ့သည်။ ကျွန်မ၏ ခံစားချက်ပေါ်အခြေခံပြီး ပြောဆို ပြုမူ၍ မရတော့ပါ။ သူက ကျွန်မအဖေဖြစ်သော်ငြားလည်း၊ သမ္မာတရားကို ကျွန်မ လက်တွေ့လုပ်ဆောင်ရမည် ဖြစ်သည်၊ ဘုရားသခင် ချစ်သည့်အရာကို ချစ်ပြီး မုန်းသည့်အရာကို မုန်းရမည်ဖြစ်သကဲ့သို့၊ ဘုရားသခင့်အိမ်တော်၏ အကျိုးကို ထိန်းသိမ်းရမည် ဖြစ်သည်။

နောက်ပိုင်းတွင် စုဝေးပွဲတစ်ခုကို ကျွန်မ အဖွဲ့နှင့် ကျွန်မ သွားခဲ့ပြီး ကျွန်မ အ‌ဖေ၏ အပြုအမူ၊ ဆိုးယုတ်သည့် လုပ်ရပ်များ အားလုံးနှင့်ဆိုင်သည့် အမှန်တရားကို ထုတ်ပြောခဲ့သည်။ သူလှည့်စားသည်ကို ခံခဲ့ရသည့် ညီအစ်ကို မောင်နှမများက သူ၏ အနှစ်သာရကို စပြီး သိမြင်ခဲ့ကြသည်။ နောက်ပိုင်းတွင် အသင်းတော်က ကျွန်မအဖေကို ထုတ်ပယ်ကြောင်း အသိပေးစာကို ထုတ်ပြန်ခဲ့သည်။ ကျွန်မ အိမ်ပြန်ပြီး သူ့ကို ဖတ်ပြခဲ့သည်၊ ပြီးလျှင် သူ၏ ဆိုးယုတ်သည့် အပြုအမူအကြောင်း ပြောပြခဲ့သည်။ သူက၊ “ခုချိန် အဖေ အထုတ်ခံရမယ်ဆိုတာ သိပြီးသားပါ။ ကောင်းချီးမင်္ဂလာအတွက်ပဲ ဘုရားသခင်ကို ဒီနှစ်တွေ အားလုံးမှာ အဖေ ယုံကြည်ခဲ့တယ်၊ အဲဒီလိုမှမဟုတ်ရင် ယုံကြည်မှုကို အဖေရပ်ခဲ့တာ ကြာပြီ။” လို့ မထီမဲ့မြင်ပြုပြီး ပြောသည့်အခါ၊ ကျွန်မ အံ့အားသင့်မိသည်။ နောင်တရဖို့ သူရည်ရွယ်ချက် မရှိသည်ကို မြင်သည့်အခါ၊ သူ၏ ဆိုးယုတ်သည့် အနှစ်သာရက အပြည့်အဝ ထုတ်ဖော်ပြခံခဲ့ရပြီ ဖြစ်သည်ကို ကျွန်မ စိတ်နှလုံးထဲမှာ ရှင်းရှင်းလင်းလင်း သိသွားခဲ့သည်။ ကျွန်မ အဖေအထုတ်ခံရပြီးသည့်နောက် အသင်းတော်ထဲက ကိစ္စများကို နှောင့်ယှက်သည့် မကောင်းမှုပြုသူများ မရှိတော့ပါ။ စုဝေးပွဲများမှာ၊ ညီအစ်ကို မောင်နှမများအားလုံးက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီး အနှောင့်အယှက် မရှိဘဲ၊ သမ္မာတရားအပေါ် မိတ်သဟာယ ပြုနိုင်ခဲ့ကြသည်။ လုပ်သင့်သည့်အတိုင်း သူတို့တာဝန်များကို လုပ်ခဲ့ကြပြီး၊ အသင်းတော် အသက်တာက အကျိုးဖြစ်ထွန်းခဲ့သည်။ ဘုရားသခင်၏ အိမ်တော်ထဲမှာ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်း အုပ်စိုးပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါ၊ ဘုရားသခင်၏ လမ်းပြမှုနှင့် ကောင်းကြီးမင်္ဂလာများကို မျက်မြင် တွေ့ကြုံကြရသည်ကို ကျွန်မ တွေ့ခဲ့ရသည်။ ကျွန်မအဖေနှင့် ပတ်သက်၍၊ ကိုယ်ပိုင်ခံစားချက်များမှ တဖြည်းဖြည်း ကျွန်မ လွတ်မြောက်ခဲ့ပြီး နောက်ဆုံးမှာ သမ္မာတရား အနည်းငယ်ကို လက်တွေ့လုပ်ဆောင်လာနိုင်ခဲ့သကဲ့သို့၊ အသင်းတော်၏ အလုပ်ကို ထောက်ပံ့နိုင်ခဲ့သည်။ ဤအရာအားလုံးကို ဘုရားသခင့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းများမှတစ်ဆင့် ရရှိခဲ့ခြင်း ဖြစ်ပါသည်။

နောက်တစ်ခုသို့- ဝိညာဉ်ရေးရာ တိုက်ပွဲ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်တော့်ခံစားချက်တွေက ကျွန်တော့်ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ဖုံးအုပ်သွားခဲ့တယ်

ကျိုးမင် တရုတ်နိုင်ငံ နေကောင်းရဲ့လား။ ဟီကျွမ် ငါ မင်းစာကို ရတယ်။ ငါတို့ကလေးတွေက အသင်းတော်ကနေ ရှင်းလင်းပစ်ခံရတယ်လို့ မင်းစာထဲမှာ ပြောထားတယ်။...

“ချစ်မေတ္တာ”ရဲ့ နောက်ကွယ်

ချန်ယန် တရုတ်နိုင်ငံ ယုံကြည်သူမဖြစ်ခင်က ကျွန်မထင်ခဲ့တယ်။ “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော...

ဘဝင်မြင့်ခြင်းမှ လွတ်မြောက်ရန်မှာ မလွယ်ကူပါ

ဟွမ်အိုက် ဂျပန်နိုင်ငံ ၂၀၂၀ခုနှစ်၊ ဇူလိုင်လမှာ ဗီဒီယိုအလုပ် လိုအပ်ချက်တွေကြောင့် ကြီးကြပ်သူက ညီမကို ဗီဒီယိုတွေလုပ်ဖို့ စီစဉ်ပေးတယ်။...

ကျွန်ုပ် အလွန်မာနထောင်လွှားလာပြီး ကိုယ်မှန်သည်ဟု ယူဆရသည့်အကြောင်းရင်း

မုတုံ ဂျပန်နိုင်ငံ ၂၀၁၇ ခုနှစ်မှာ အသင်းတော်က ကျွန်မအတွက် နိုင်ငံခြားလူသစ်တွေကို ရေလောင်းပေးဖို့ စီစဉ်တယ်။ နိုင်ငံခြားဘာသာစကားတွေမှာ ကျွန်မက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။