ဘုရားသခင်၏ ကယ်တင်ခြင်း

27.02.2021

ရီးချန် တရုတ်နိုင်ငံ

အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောသည်မှာ- “ပြင်းထန်သော နှုတ်ကပတ်တော်များဖြစ်စေ၊ တရားစီရင်မှုဖြစ်စေ၊ ပြစ်တင်ဆုံးမမှုဖြစ်စေ ဘုရားသခင့်အမှု၏ အဆင့်တိုင်းသည် လူသားကို စုံလင်စေရန်ဖြစ်ပြီး လုံးဝသင့်လျော်မှုရှိသည်။ ဘုရားသခင်သည် ဤကဲ့သို့သော အမှုကို ခေတ်ကာလအဆက်ဆက်တွင် မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ဖူးပေ။ သူ၏ဉာဏ်ပညာကို သင်တို့ အသိအမှတ်ပြုစေရန် ယနေ့ သူသည် သင်တို့အတွင်း၌ အမှုပြုခြင်း ဖြစ်သည်။ သင်တို့သည် မိမိတို့၏အတွင်း၌ နာကျင်မှုအချို့ကို ခံစားခဲ့ပြီး သော်လည်း၊ သင်တို့၏စိတ်နှလုံးသည် တည်ကြည်မှုကို ခံစားရပြီး ငြိမ်သက်ခြင်း ရှိနေသည်။ သင်တို့အနေဖြင့် ဘုရားသခင့်အမှု၏ ဤအဆင့်ကို မွေ့လျော်ခံစားနိုင်ခြင်းမှာ သင်တို့၏ ကောင်းချီးမင်္ဂလာပင်ဖြစ်သည်။ အနာဂတ်တွင် သင်တို့အနေဖြင့် မည်သည့်အရာကို ရရှိနိုင်မည်ဖြစ်စေ ယနေ့တွင် သင်တို့အတွင်း၌ ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ သင်တို့မြင်ရသမျှမှာ ချစ်ခြင်းမေတ္တာပင် ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို မကြုံတွေ့ရပါက၊ သူ၏လုပ်ဆောင်မှုများနှင့် စိတ်အားထက်သန်မှုသည် အပေါ်ယံအဆင့်တွင် အမြဲရှိနေမည် ဖြစ်ပြီး သူ၏စိတ်သဘောထားသည်လည်း အမြဲမပြောင်းမလဲ တည်ရှိနေမည် ဖြစ်သည်။ ဤအရာအား ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို ခံထားရခြင်း အဖြစ် မှတ်ယူ၍ ရသလော။ ယနေ့တွင် လူသားအတွင်း၌ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုတို့ များစွာရှိနေသေးသော်လည်း၊ လူသား၏ စိတ်သဘောထားကမူ ယခင်ကထက် များစွာတည်ငြိမ်၏။ ဘုရားသခင်က သင့်အား ရိုက်နှက်ဆုံးမခြင်းမှာ သင့်ကို ကယ်တင်ရန် ဖြစ်၏၊ ထို့ပြင် သင့်အနေဖြင့် ထိုအချိန်တွင် နာကျင်မှုအနည်းငယ် ခံစားရနိုင်သော်လည်း၊ သင့်စိတ်သဘောထားထဲ၌ ပြောင်းလဲမှု ဖြစ်ပေါ်လာသည့် နေ့ရက် ရောက်ရှိလာလိမ့်မည်။ ထိုအချိန်တွင် သင်သည် ပြန်ပြောင်းတွေးကြည့်ပြီး ဘုရားသခင်၏အမှုသည် မည်မျှအမြော်အမြင် ရှိကြောင်းကို မြင်လိမ့်မည်ဖြစ်ကာ၊ ထိုအချိန်၌ ဘုရားသခင်၏ အလိုတော်ကို သင်အမှန်တကယ်နားလည်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) ဤကျမ်းပိုဒ်ကို ဖတ်မိတော့၊ ဟိုယခင်က ကျွန်မ မည်မျှ မာနထောင်လွှားခဲ့ဖူးသည်ကို မတွေးဘဲ မနေနိုင်ပါ။ ကျွန်မက ကျော်ကြားမှုနှင့် အဆင့်အတန်းနောက်ကိုသာ အမြဲတမ်း လိုက်ခဲ့သည်။ အခြားသူများကို လိုက်ပြိုင်သည်။ မိမိကိုယ်ကိုယ် အခြားသူများနှင့် နှိုင်းယှဉ်ကြည့်သည်။ ကျွန်မမှာ ထိုကဲ့သို့ အတောမသတ်နိုင်သည့် ဆန္ဒများ ရှိခဲ့ဖူးသည်။ လူသားပုံသဏ္ဌာန် လုံးဝမရှိဘဲ ရှင်သန်ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှုနှင့် ပဲ့ပြင်မှုကို တွေ့ကြုံလိုက်ရတော့မှ၊ ကျွန်မ၏ ဆိုးယုတ်သည့် သဘာဝကို အနည်းငယ် စတင် နားလည်ခဲ့ခြင်း ဖြစ်သည်။ မိမိကိုယ်ကိုယ် ရွံရှာတတ်လာသည်၊ နောင်တရတတ် လာသည်။ အနည်းငယ် ပို၍ ရိုးသားနှိမ့်ချလာသည်။ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုတို့က လူသားမျိုးနွယ်အတွက် ကယ်တင်ခြင်းဖြစ်မှန်း၊ အမှန်တကယ် ခံစားမိခဲ့ပါသည်။

အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံပြီး၊ တစ်နှစ်ကျော်ကျော် ၂၀၀၅ ခုနှစ်မှာ၊ ကျွန်မက အသင်းတော် ခေါင်းဆောင်တစ်ယောက်အဖြစ် အရွေးခံရသည်။ ဘုရားသခင်၏ ချီးမြှောက်မှုနှင့် ညီအစ်ကိုမောင်နှမများ၏ ယုံကြည်မှုကို ရလိုက်သောကြောင့်၊ သူ၏ချစ်ခြင်းကို ပြန်ဆပ်နိုင်အောင် မိမိတာဝန်ကို ကောင်းကောင်း လုပ်မည်ဟု၊ ဘုရားသခင်ထံ ဆုတောင်းရင်း ဆုံးဖြတ်လိုက်သည်။ အသင်းတော် အလုပ်ထဲမှာ ကျွန်မလည်း ချက်ချင်း နစ်မြှုပ်သွားသည်။ အခြားသူများ အခက်အခဲရှိလာသည်၊ အချို့အခြေအနေများနှင့် ကြုံလာပါက၊ ကျွန်မက သူတို့ကို ကူညီဖို့၊ ဘုရားသခင့်နှုတ်ကပတ်တော် အချို့ကို ရှာဖွေပေးသည်။ ကျွန်မ မိတ်သဟာယ ပြုခြင်းက သိပ်မလေးနက်ပါသော်လည်း၊ အချို့အကျိုးဆက်များက ရှိခဲ့ပါသည်။ ကျွန်မ၏မိတ်သဟာယက သူတို့ကို အနည်းငယ် အကူအညီဖြစ်သည့်ဟု ညီအစ်ကိုမောင်နှမများက ပြောကြသည်။ ကျွန်မက အလုပ်မှာ အောင်မြင်မှုအနည်းငယ် ရသောကြောင့်၊ ခေါင်းဆောင် တစ်ယောက်က နောက်ပိုင်းမှာ ကျွန်မကို အချို့အသင်းတော်များ၏ အလုပ်ကိုပါ တာဝန်ယူခိုင်းသည်။ ကျွန်မလည်း တော်တော် ပျော်သွားခဲ့သည်။ အထူးသဖြင့် ကျွန်မနှင့်အတူလုပ်သည့် အစ်မထက် ကျွန်မက ဘုရားသခင့် နှုတ်ကပတ်တော်များကို ပို၍ မြန်မြန်ဆန်ဆန် နားလည်ခြင်း၊ ခေါင်းဆောင်က ကျွန်မကို အထင်ကြီးခြင်းတို့ကို မြင်လာသောကြောင့်၊ မိမိကိုယ်ကိုယ် တော်တော် ကျေနပ်မိသည်။ ကျွန်မက အမှန်တကယ် အလားအလာ ရှိသည့်သူ၊ အသင်းတော်မှာ မရှိမဖြစ် ပါရမီထူးသည့်သူ အဖြစ် ခေါင်းဆောင်က မြင်သည်ဟု ကျွန်မ ထင်မိသည်။ အချိန်ကြာလာတော့ ကျွန်မက ပို၍ပို၍ မာနထောင်လွှား လာသည်။ ကျွန်မမှာ သမ္မာတရား၏ စစ်မှန်မှုအနည်းငယ် ရှိနေပြီဟု ထင်ခဲ့သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ မိမိကိုယ်ကိုယ် ဆင်ခြင်သည်ကို အာရုံစိုက်ခြင်းအား ရပ်လိုက်သည်။ ကိစ္စတစ်ခု ကြုံပါက၊ သမ္မာတရားကို မရှာဖွေတော့ပါ။ ငါဟု အမြဲတမ်း မာန်တက်ခဲ့ပါသည်။ ညီအစ်ကိုမောင်နှမများကိုလည်း အထင်သေးခဲ့သည်။ သူတို့ထဲက အချို့က အကျင့်ပျက်သည့် စိတ်သဘောထားများနှင့် ချုပ်မိပြီး၊ သူတို့ အလုပ်များကို ကောင်းကောင်းမွန်မွန် မလုပ်နိုင်သည်ကို မြငပါက၊ သူတို့ကို ချစ်ခြင်းမေတ္တာနှင့် ကူညီဖို့ သမ္မာတရားကို မိတ်သဟာယ ပြုပေးခြင်း လုပ်မပေးတော့ဘဲ၊ စိတ်မရှည်ဖြစ်ပြီး “ဘုရားသခင့် အမှုတော်က ဒီအဆင့်အထိ ရောက်နေတာတောင်၊ ရှင်တို့က ဇာတိပကတိကို လောဘတကြီးနဲ့ ခံစားနေတုန်းပဲ။ ကပ်ဘေးတွေထဲ ကျပြီး၊ အပြစ်ဒဏ်ပေးခံရမှာကို ရှင်တို့ မကြောက်ကြဘူးလား။ ကိုယ့်တာဝန်ကို ကောင်းအောင် မလုပ်သေးဘူးဆိုရင်၊ ရှင်တို့ ဖယ်ရှားခံရလိမ့်မယ်။” ဟု ကြိမ်းမောင်းသည်။ သူတို့က ချုပ်ချယ်ခံရသလိုဖြစ်ပြီး ကျွန်မနှင့် မတွေ့ချင်ကြသည်ကို ကျွန်မ သိသည်။ သို့သော်လည်း ကျွန်မကိုယ်ကျွန်မ မဆင်ခြင်မိခဲ့ပါ။ သူတို့ကို သမ္မာတရား အားမထုတ်ဟုသာ အပြစ်တင်နေမိသည်။

နောက် သိပ်မကြာမီ ခေါင်းဆောင်တစ်ယောက်က ကျွန်မတို့စည်းဝေးပွဲကို ရောက်လာသည်။ ကျွန်မကို ရာထူးတိုးပေးဖို့ ဲဟု ထင်ခဲ့သည်။ သို့သော်လည်း ကျွန်မ၏ အသက်ဝင်ရောက်မှုက လေးနက်ခြင်းမရှိဟု သူမက ပြောသည့်အခါ ကျွန်မ အံ့ဩသွားရသည်။ ကျွန်မ၏ မိတ်သဟာယက ပြဿနာများကို မဖြေရှင်းပေးနိုင်ပါ။ ပြီးလျှင် ကျွန်မက အသင်းတော်များ၏အလုပ်ကို ဆက်ပြီး ဦးဆောင်ဖို့ မသင့်တော်ပါသည့်။ ဤသည်ကို ကြားလိုက်ရတော့၊ ကျွန်မ တုန်လှုပ်သွားသည်။ စိတ်ထဲမှာ မည်သည့်အရာမျှ မခံစားမိတော့သလို ဖြစ်သွားသည်။ စည်းဝေးပွဲပြီးတော့ အိမ်ကို မည်သို့ပြန်ရောက်မှန်းပင် မသိပါ။ တစ်လမ်းလုံး ငိုရင်း လျှောက်တွေးလာသည့်အရာများကိုသာ မှတ်မိသည်၊ “ငါက ငါ့တာဝန်မှာ အရမ်းကို ကြိုးစားထားတယ်။ ဒါပေမဲ့ ရှေ့ရောက်ရမယ့်အစား၊ ငါက ဆုတ်ယုတ်သွားပြီ။ ညီအစ်ကိုမောင်နှမတွေက ငါ့ကို ဘယ်လို ထင်လာကြမလဲ။ ငါက အဲဒီလောက် အလုပ်တွေမျိုးစုံကို တာဝန်မယူနိုင်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အလုပ်တာဝန်အသေးလေးတွေဆိုရင် ငါ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။” သုံးလေးရက်လောက်အထိ ကျွန်မ မစားနိုင်၊ မအိပ်နိုင်ခဲ့ပါ။ တော်တော်ကို စိတ်ဆင်းရဲသွားသည်။ ဘုရားသခင်ထံတွင် ဆုတောင်းမိသည်။ ကျွန်မအနေနှင့် သူ၏အလိုတော်ကို နားလည်နိုင်အောင်၊ ကျွန်မကို ဉာဏ်အလင်းပေးဖို့ လမ်းပြဖို့ဖြစ်သည်။ ဆုတောင်းပြီး၊ ပို၍ တည်ငြိမ်လာသလို ခံစားရသည်။ ပြီးလျှင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ဖတ်မိသည်၊ “သင်တို့ ရှာဖွေရာတွင်၊ တစ်ဦးချင်းစီ၌ များစွာသော အယူအဆများ၊ မျှော်လင့်ချက်များနှင့် အနာဂတ်များ ရှိကြသည်။ လက်ရှိအမှုမှာ ရာထူးအဆင့်အတန်းအပေါ် သင်တို့၏ တပ်မက်မှုနှင့် သင်တို့၏ လွန်ကဲသော အလိုဆန္ဒများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဖြစ်သည်။ မျှော်လင့်ချက်များ၊ အဆင့်အတန်းနှင့် အယူအဆများ အားလုံးသည် စာတန်ဆန်သော စိတ်သဘောထား၏ ဂန္တဝင် ကိုယ်စားပြုချက်များ ဖြစ်သည်။...ယခုတွင် သင်တို့သည် နောက်လိုက်များ ဖြစ်ကြပြီး အမှု၏ ဤအဆင့်ကို သိနားလည်မှုအချို့ ရရှိကြပြီးဖြစ်သည်။ သို့သော်၊ အဆင့်အတန်းအတွက် သင်တို့၏ တပ်မက်မှုကို သင်တို့ ဘေးမဖယ်ထားကြသေး။ သင်တို့၏ အဆင့်အတန်း မြင့်မားသည့်အခါ သင်တို့ ကောင်းစွာ ကြိုးစားကြသော်လည်း၊ သင်တို့၏ အဆင့်အတန်း နိမ့်သည့်အခါ သင်တို့ မကြိုးစား ကြတော့ပေ။ အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီး မင်္ဂလာများမှာ သင်တို့၏ စိတ်ထဲ၌ အမြဲရှိနေသည်။ လူအများစုသည် အပျက်သဘောဆောင်ခြင်းမှ အဘယ်ကြောင့် မိမိတို့ကိုယ်ကိုယ် မဖယ်ရှားနိုင်ကြပါသနည်း။ အဖြေမှာ စိတ်ပျက်ဖွယ်ရာ တက်လမ်းများကြောင့် အမြဲတစေ ဖြစ်သည် မဟုတ်လော။...ဤနည်းလမ်းဖြင့် သင်ရှာဖွေလေလေ ရိတ်သိမ်းမှု နည်းလေလေ ဖြစ်လိမ့်မည်။ အဆင့်အတန်းအတွက် လူတစ်ဦး၏ အလိုဆန္ဒ ကြီးမားလေလေ၊ ၎င်းတို့အား ပို၍ပြင်းထန်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုလေလေ ဖြစ်ပြီး ၎င်းတို့သည် ကြီးမားသော စစ်ဆေးခြင်းကို ကြုံရလေလေ ဖြစ်သည်။ ထိုသို့သော လူတို့သည် အသုံးမကျသောသူများ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဤအရာများကို လုံးလုံးလျားလျား လက်လွှတ်ရန်အလို့ငှာ ၎င်းတို့အား လုံလောက်စွာ ကိုင်တွယ်ဖြေရှင်းပြီး တရားစီရင်ရမည် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဤနည်းဖြင့် အဆုံးတိုင်အောင် လိုက်စားပါက၊ မည်သည့် အရာကိုမျှ ရိတ်သိမ်းရမည် မဟုတ်ပေ။ အသက်ကို မလိုက်စားသောသူများသည် ပြောင်းလဲခြင်း မခံရနိုင်သကဲ့သို့၊ သမ္မာတရားကို ဆာငတ်ခြင်းမရှိသော သူများသည် သမ္မာတရားကို မရနိုင်ကြပေ။ သင်သည် ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲခြင်းနှင့် ဝင်ရောက်ခြင်းကို လိုက်စားခြင်းအား အာရုံမစိုက်ဘဲ၊ ယင်းအစား လွန်ကဲသော တပ်မက်မှုများနှင့် ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းမေတ္တာကို ကန့်သတ်ပြီး သူ့ထံ တိုးဝင်ချဉ်းကပ်ခြင်းကို တားဆီးသော အရာများအပေါ် သင် အမြဲတစေ အာရုံစိုက်၏။ ထိုအရာများသည် သင့်အား ပြောင်းလဲစေနိုင်သလော။ ၎င်းတို့သည် သင့်အား နိုင်ငံတော်ထဲသို့ ခေါ်ဆောင်လာနိုင်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) ဤအပိုဒ်ကို ဖတ်ပြီး၊ ဘုရားသခင်၏အလိုတော်ကို ကျွန်မ နားလည်မိသည်။ ကိုယ်တော်က ထိုအခြေအနေကို ဖန်တီးသည်မှာ၊ ဂုဏ်ကို လိုချင်သည့် ကျွန်မ၏ဆန္ဒကို ကိုင်တွယ်ဖြေရှင်းဖို့၊ ကျွန်မကိုယ်ကျွန်မ ဆင်ခြင်မိလာစေဖို့၊ သမ္မာတရားကို အားထုတ်ရာမှာ လမ်းမှန်ကို ရွေးစေဖို့အတွက် ဖြစ်သည်။ ယုံကြည်ခြင်းမှာ ကျွန်မ ထက်ထက်သန်သန် ကြိုးစားရှာဖွေခြင်း၊ စွန့်လွှတ်ခြင်းတို့က တကယ်ကို သမ္မာတရားကို အားထုတ်ဖို့၊ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ဖို့ လုပ်ခဲ့သည့်အရာများ ဟုတ်မဟုတ်ကို ကျွန်မ စဉ်းစားကြည့်သည်။ အမှန်တကယ်တော့ အခြားသူများထက် ရှေ့ရောက်ချင်သည့် ကျွန်မ၏ရည်မှန်းချက် ပြည့်ဝအောင်သာ လုပ်ခဲ့ခြင်းဖြစ်သည်။ သမ္မာတရားကို အားထုတ်ဖို့အတွက် မဟုတ်ပါ။ ထို့ကြောင့် ကျွန်မမှာ ရာထူးတစ်ခု ရသည်နှင့်၊ မိမိကိုယ်ကိုယ် တော်တော်ကျေနပ်ပြီး၊ တိုးတက်ဖို့ မကြိုးစားခဲ့ပေ။ ရာထူးက ထုတ်ပယ်ခံရတော့လည်း၊ မိမိကိုယ်ကိုယ် မဆင်ခြင်မိသည့်အပြင်၊ အပျက်သဘောဆောင်ပြီး ပျော့ညံ့ခဲ့သည်။ ဘုရားသခင်ကို အပြစ်တင်ခဲ့သည်။ အရှုံးပေးလိုက်ဖို့၊ ဘုရားကို သစ္စာဖောက်ဖို့တို့ကိုပင် စဉ်းစားမိခြင်းဖြစ်သည်။ အသိစိတ် အသိတရားတို့က တော်တော် ကင်းမဲ့ခဲ့သည်။ သိပ်ပြီး တစ်ကိုယ်ကောင်းဆန်သည်၊ ရွံစရာကောင်း ခဲ့သည်။ ရာထူးက ထုတ်ပယ်ခံရခြင်းမှာ ဘုရားသခင်က ကျွန်မကို ကွယ်ကာပေးနေခြင်း ဖြစ်သည်။ ကျွန်မအနေနှင့် အပျက်သဘောဆောင်လာခြင်း၊ ဘုရားသခင်ကို အထင်မှားလာခြင်း မဖြစ်ခဲ့သင့်ပါ။ ကျွန်မ၏ယိုယွင်းမှုကို ဖြေရှင်းဖို့ သမ္မာတရားကိုသာ ရှာဖွေခဲ့သင့်ခြင်း ဖြစ်သည်။ ကျွန်မလည်း ယင်းကို နားလည်သွားသည်နှင့်၊ ဘုရားရှေ့မှောက် “ဘုရားသခင်၊ ဂုဏ်အဆင့်အတန်း နောက်ကို ကျွန်မ ဆက်မလိုက်ချင်တော့ပါဘူး။ ကိုယ်တော့်အုပ်စိုးမှုနဲ့ အစီအစဉ်တွေကိုပဲ နာခံချင်ပါတယ်။ သမ္မာတရားကို အမှန်တကယ် အားထုတ်ချင်ပါတယ်။ ကိုယ်တော် ကျေနပ်စေဖို့၊ ကျွန်မရဲ့တာဝန်ကို ကျေပွန်ချင်ပါတယ်။” ဟု ဆုတောင်းခဲ့မိသည်။ ထိုနောက်ပိုင်းရက်များမှာ ကျွန်မလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ မိမိကိုယ်ကိုယ် ဆင်ခြင်ခြင်းကိုသာ အာရုံစိုက်ခဲ့သည်။ ကျွန်မ၏ မာနထောင်လွှားသည့် စိတ်သဘောထား ထပ်ပေါ်လာပါက၊ ဘုရားသခင်ထံ သတိရှိရှိနှင့် ဆုတောင်းပြီး၊ မိမိကိုယ်ကိုယ် စွန့်ပယ်လိုက်သည်။ ဤနည်းအတိုင်း အချိန်ကာလ တစ်ခုလောက် လက်တွေ့လုပ်ဆောင် လိုက်သည့်အခါ၊ နေလို့ထိုင်လို့ များစွာ ပိုကောင်းလာသည်။ ညီအစ်ကိုမောင်နှမများနှင့်လည်း မှန်မှန်ကန်ကန် ဆက်ဆံနိုင်ခဲ့သည်။

ဤအတိုင်း တစ်နှစ် နှစ်နှစ်လောက် ကြာတော့၊ ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် ထပ်ပြီး အရွေးခံရပါသည်။ ထိုနောက် သိပ်မကြာမီတွင်၊ ကျွန်မ၏ အသင်းတော်က အခြားအသင်းတော် တစ်ခုနှင့် ပေါင်းလိုက်သည်။ ထို့ကြောင့် ခေါင်းဆောင်များ ရွေးကောက်ဖို့ ထပ်ပြီးလိုလာခဲ့သည်။ ဂုဏ်ဒြပ်ကို လိုချင်သည့် ကျွန်မ၏ ဆန္ဒကလည်း ဤကိစ္စကြောင့် ပြန်ပြီး ခေါင်းထောင်လာသည်။ ကျွန်မ၏ရာထူး ဆုံးရှုံးသွားမည်ကို တကယ်ပဲ ကြောက်ခဲ့ပါသည်။ ဟိုဘက် အသင်းတော်က ခေါင်းဆောင်များနှင့် စည်းဝေးပွဲများမှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သူတို့နားလည်သည့်အရာများ၊ သမ္မာတရားကို မိတ်သဟာယ ပြုခြင်းများက ဘာမျှ ထူးထူးခြားခြား မရှိသည်ကို ကျွန်မ တွေ့သည်။ ထို့ကြောင့် ကျွန်မကသာ ခေါင်းဆောင်အဖြစ် အရွေးခံရဖို့ သေချာသည်ဟု ထင်လိုက်သည်။ ကျွန်မ၏ရာထူး တည်မြဲအောင်၊ ကျွန်မ မည်မျှ လုပ်နိုင်စွမ်းရှိသည်ကို လူများ ပိုမြင်လာအောင်၊ အားနည်းသည့် အသင်းတော်တစ်ခုကို ကျွန်မ သွားပြီး ကိုင်တွယ်ပြမည်ဟု ကမ်းလှမ်းလိုက်သည်။ ထိုအသင်းတော်က ကိစ္စများ မြန်မြန်ဆန်ဆန် ပြေလည်သွားစေရမည်။ ထို့ကြောင့် စည်းဝေးပွဲများမှာလည်း နေ့တိုင်း မိတ်သဟာယ ပြုခြင်း၊ ပြဿနာများ ဖြေရှင်းပေးခြင်း လုပ်ရင်း၊ မိမိဘာသာ အလုပ်ရှုပ်နေလိုက်သည်။ မိတ်သဟာယမှာလည်း ယခင်က ကျွန်မ မည်သို့အလုပ်လုပ်ခဲ့သည်၊ မည်သို့ အောင်မြင်မှုကြီးများ ရခဲ့သည်၊ ထိုအချိန်က ခေါင်းဆောင်များက ကျွန်မကို မည်သို့ တန်ဖိုးထားခဲ့သည်ကို ရည်ရွယ်ချက်ရှိရှိနှင့် ပြောပြသည်။ ဟိုဘက် အသင်းတော်က ခေါင်းဆောင်များ၏ လုပ်ဆောင်ချက်ထဲက အမှားများ၊ လမ်းလွဲခြင်းများကိုလည်း တမင်ကို ပြောပြသည်။ မိမိကိုယ်ကိုယ် တိတ်တိတ်လေး ဂုဏ်တင်ပြီး၊ သူတို့ကို နှိမ်ချထားသည်။ သို့သော်လည်း ဘုရားသခင်က ကျွန်မ၏ စိတ်နှလုံးများထဲကို မြင်ပါသည်။ အလုပ်တာဝန် အပေါ်ထားသည့် ကျွန်မ၏ရည်ရွယ်ချက်များက လွဲမှားနေသောကြောင့်၊ ဘုရားသခင်က ကျွန်မထံမှ ပုန်းရှောင် သွားသည်။ ထိုကာလ တစ်လျှောက်လုံး အမြဲတမ်း အလုပ်များ နေသော်လည်း၊ ကျွန်မ၏လုပ်ဆောင်ချက်ထဲမှာ အောင်မြင်သည့်အရာ တစ်ခုမျှ မရှိခဲ့ပါ။ ကျွန်မပါးစပ်ထဲမှာ အနာများ ပေါက်လာသည်။ ရေသောက်လျှင်ပင် နာသည်။ တကယ်ကို ဝေဒနာ ခံစားခဲ့ရခြင်းဖြစ်သည်။ ပြီးလျှင် ကျွန်မအနေနှင့် မည်သည့်ကိစ္စကိုမျှ မဖြေရှင်းနိုင်ခဲ့ခြင်း၊ ကျွန်မ၏အလုပ်မှာ မည်သည့်ရလဒ်ကိုမျှ မရခဲ့ခြင်းတို့ မည်မျှကြာခဲ့ပြီကို စဉ်းစားကြည့်သည်။ ခေါင်းဆောင်များက ကျွန်မကို လုပ်နိုင်စွမ်းမရှိပါ့ဟု ထင်သွားကြပါက၊ သူတို့က ကျွန်မကို မည်သို့မြင်လာကြမည်ဟု တွေးကြည့်သည်။ ရွေးချယ်ပွဲ မတိုင်မီ ရာထူးက ထုတ်ပယ်ခံရပါက မည်သို့လုပ်မည်နည်း။ တော်တော် ရှက်ဖို့ကောင်းမည် ဖြစ်သည်။ ဤအတွေးနှင့် ကျွန်မလည်း ပြဿနာများအားလုံးကို ချက်ချင်း ဖြေရှင်းပစ်လိုက်ချင်လာသည်။ သို့သော်လည်း ကျွန်မ မည်သို့မိတ်သဟာယပြုပါစေ၊ ကိစ္စများက အရင်အတိုင်း ကြန့်ကြာခြင်းဖြစ်သည်။ တော်တော်ကို စိတ်ဆင်းရဲမိသည်။ ထို့ကြောင့် ဘုရားသခင်၏ရှေ့ကိုသွားပြီး သူ့ကို ဆုတောင်းရင်း “ဘုရားသခင်၊ ကျွန်မ အမှောင်ထဲမှာ လဲကျနေပါပြီ။ ပြဿနာတွေကို ကျွန်မ လုံးဝ နားမလည်တော့ပါဘူး။ ဘုရားသခင် ကျွန်မက ကိုယ်တော့်ကို အာခံမိတာပဲ ဖြစ်မှာပါ၊ ဒါကြောင့် ကျွန်မကို လမ်းပြဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါတယ်။ ကျွန်မကိုယ်ကျွန်မ ပြန်ဆင်ခြင်ပြီး၊ ကိုယ်တော့်ဆီမှာ နောင်တရချင်ပါတယ်။” ဟု ကျွန်မ အော်ခေါ်သည်။

နောက်တော့ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက ကျမ်းပိုဒ်တစ်ခုကို ကျွန်မ ဖတ်မိသည်၊ “သင်တို့၏ နှုတ်များ၌ မဖြောင့်မတ်သော လျှာများ၊ သွားများ ရှိကြသည်။ သင်တို့၏ စကားများနှင့် လုပ်ဆောင်သော အရာများသည် ဧဝကို အပြစ်လုပ်အောင် သွေးဆောင်ခဲ့သည့် မြွေ၏ လုပ်ရပ်များကဲ့သို့ ဖြစ်သည်။ သင်တို့သည် တစ်ယောက်ကို တစ်ယောက် မျက်လုံးတစ်လုံးဖျက်လျှင် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်း ချိုးလျှင် သွားတစ်ချောင်းဆိုပြီး တောင်းဆိုပြီး၊ ငါ၏ မျက်မှောက်၌ နေရာရဖို့၊ ကျော်ကြားဖို့၊ အမြတ်ရဖို့အတွက် သင်တို့သည် တစ်ယောက်ထံမှ တစ်ယောက် လုယူရန် အပြင်းအထန် ကြိုးပမ်းကြသည်။ သို့သော် သင်တို့ ပြောသောစကားများနှင့် သင်တို့၏ လုပ်ရပ်များကို ငါတိတ်တဆိတ် စောင့်ကြည့်နေကြောင်းကို သင်တို့ မသိကြ။ သင်တို့ ငါ့မျက်မှောက်သို့ မလာခင်၌ပင် ငါသည် သင်တို့နှလုံးသားများကို အောက်ခြေအထိတိုင်အောင် ကောင်းစွာ နားလည်ပြီး ဖြစ်သည်။ လူသားသည် အစဉ်သဖြင့် ငါ့လက်၏ ဆုပ်ကိုင်ခြင်းမှ ရုန်းထွက်လိုကြပြီး ငါ့ မျက်စိ၏ စောင့်ကြည့်ခြင်း မှလည်း ရှောင်ထွက်လိုကြသည်။ သို့သော် ငါမူကား သူပြောသော စကားများနှင့် သူလုပ်သော အရာများကို တစ်ကြိမ်တစ်ခါမျှ မရှောင်ခဲ့ပေ။ ထိုသို့ရှောင်မည့်အစား လူသား၏ မဖြောင့်မတ်မှုကို ပြစ်တင်ဆုံးမပြီး သူ၏ပုန်ကန်ခြင်းကို တရားစီရင်ရန်အတွက် သူပြောသော စကားများနှင့် သူလုပ်သော အရာများကို ငါ့မျက်စိအတွင်း ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်စေခဲ့သည်။ ထို့ကြောင့် သူလျှို့ဝှက်စွာ ပြောဆိုခဲ့သည့် စကားနှင့် လျှို့ဝှက်စွာ လုပ်ခဲ့သည့် အရာများသည် ငါ၏ တရားစီရင်သည့် ပလ္လင်ရှေ့၌ အစဉ် ရှိနေပြီး၊ လူသား၏ ပုန်ကန်မှုသည် လွန်ကဲလှသောကြောင့် ငါ၏ တရားစီရင်ခြင်းသည် လူသားထံမှ မည်သည့်အခါမျှ ထွက်ခွာသွားခြင်း မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်) ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ထုတ်ဖော်မှုကြောင့်၊ ကျွန်မလည်း ကြောက်စိတ်နှင့် တုန်တုန်ယင်ယင် ဖြစ်သွားသည်။ ကျွန်မ မည်သို့များ စဉ်းစားလုပ်ဆောင်ခဲ့သည်ကို ပြန်စဉ်းစားကြည့်သည်။ ကျွန်မ၏ ခေါင်းဆောင်ရာထူး တည်မြဲအောင်၊ ကျွန်မကို လူများ ပို၍ အထင်ကြီးကြအောင်၊ မိမိကိုယ်ကိုယ် သက်သေပြဖို့၊ စိတ်နှလုံးများကို ဆွဲဆောင်ဖို့ဆိုပြီး၊ ပြဿနာများကို မိတ်သဟာယမှတစ်ဆင့် ဖြေရှင်းပြခဲ့သည်။ တစ်ချိန်လုံး မိမိကိုယ်ကိုယ် မြှင့်တင်ပြီး၊ အခြားသူများကို သေးသိမ်အောင် လုပ်နေခဲ့တာများပါ။ ညီအစ်ကိုမောင်နှမများကို ပြိုင်ဘက်များလို သဘောထားကာ၊ လှည့်ကွက်များ ဗျူဟာများ ချနေခဲ့သည်။ ကျွန်မမှာ ယုံကြည်သူ တစ်ယောက်နှင့်တူခြင်း တစ်ခုမျှ မရှိခဲ့ပါ။ မည်သည့် လူ့သဘာဝမှ မရှိခဲ့ပါ။ အစာတစ်လုတ်အတွက် ရုန်းကန်နေသည့် တိရစ္ဆာန်တစ်ကောင်နှင့် ဘာများ ကွာခြားတော့သနည်း။ ကျွန်မက အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး၊ ရွံစရာကောင်းခဲ့သည်။ ကျွန်မက မကောင်းသည့်လုပ်ရပ်များ လုပ်ပြီး၊ ဘုရားသခင်ကို ခုခံနေခဲ့သောကြောင့်၊ ဟိုးရှေ့မှာကတည်းက သူ၏စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိနေပြီ ဖြစ်သည်။ ထိုပါးစပ်အနာများနှင့် ဒုက္ခရောက်ခြင်း၊ မိမိအလုပ်မှာ တစ်ခုမျှ မအောင်မြင်ခြင်းများက ကျွန်မကို ဘုရားက ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်၊ ဆုံးမပဲ့ပြင်ခဲ့ခြင်း ဖြစ်သည်။ မိမိကိုယ်ကိုယ် ဆင်ခြင်ဖို့၊ နောင်တရပြီး ပြောင်းလဲဖို့က ကျွန်မအတွက် ဘုရားသခင်၏ အလိုတော်သာ ဖြစ်သည်။ ကျွန်မက ကျန်သည့် အရာများထက် ဂုဏ်အဆင့်အတန်း နောက်ကိုသာ အမြဲတမ်း အဘယ့်ကြောင့် လိုက်ခဲ့သည်ကို စဉ်းစားကြည့်မိသည်။ ယင်းက စာတန် လှည့်စားခြင်းကို ခံရပြီး၊ ဖောက်ပြန်ပျက်စီးခဲ့သောကြောင့် ဖြစ်သည်။ ထိုကဲ့သို့ အဆိပ်အတောက်များ၊ အတွေးအခေါ်များ ကျွန်မ၏စိတ်နှလုံးထဲ စိမ့်ဝင်အောင်၊ စာတန်က ပညာရေးနှင့် လူမှုဩဇာလွှမ်းမိုးမှုများကို အသုံးချသည်။ ဥပမာ၊ “အသိဉာဏ်ကို သုံးသူတို့သည် တစ်ပါးသူကို အုပ်စိုးရ၍ ကာယခွန်အားကို သုံးသူတို့သည် တစ်ပါးသူ၏ အုပ်စိုးခြင်းကို ခံရ၏” နှင့် “ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သူ၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်” တိုကဲ့သို့ စာတန်အတွေးအခေါ်များက ကျွန်မ၏စိတ်နှလုံးထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ပြီး၊ ကျွန်မ၏သဘာဝ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ကျွန်မက ဤအဆိပ်အတောက်များနှင့် နေထိုင်ရင်း၊ ပို၍ပို၍ မာနထောင်လွှားလာသည်၊ စိတ်ကြီးဝင် လာသည်။ ဂုဏ်အဆင့်အတန်းကိုသာ ကိုးကွယ်ပြီး၊ အခြားသူများထက် ရှေ့ရောက်ဖို့၊ သာဖို့ကိုသာ အမြဲ ကြိုးစားသည်။ ကျွန်မက လမ်းမှန်ပေါ် မရောက်ဘဲ၊ ဤအကျင့်ပျက်သည့် ဆိုးယုတ်သည့် စိတ်သဘောထား ထဲမှာသာ ရှင်သန်နေသောကြောင့်၊ အကန်းလို ဖြစ်ပြီး မည်သည့် အကြောင်းကိစ္စရှိပါစေ ဇာစ်မြစ်ကို မမြင်နိုင်ခဲ့ပါ။ အခြားသူများ၏ ပြဿနာများကိုလည်း မဖြေရှင်းနိုင်ခဲ့ပါ။ အသင်းတော်၏အလုပ်လည်း ကျွန်မကြောင့် နှောင့်နှေးခဲ့ရသည်။ ကျွန်မက မိမိတာဝန်ကို လုပ်နေခြင်း မဟုတ်ပါ၊ မကောင်းမှုကို လုပ်နေခဲ့ခြင်း ဖြစ်သည်။ ကျွန်မလည်း ဘုရားသခင်၏ရှေ့မှောက် ဝပ်စင်းပြီး၊ “ဘုရားသခင်၊ ကျွန်မက နာမည်နဲ့ အကျိုးအမြတ်အတွက် ကိုယ့်တာဝန်တွေကို လျစ်လျူရှုပြီး၊ ဘုရားသခင်ကို လိမ်ညာလှည့်ဖြားဖို့ ကြိုးစားသလို ဖြစ်ခဲ့ပါတယ်။ ကျွန်မအနေနဲ့ ကျိန်ဆိုခြင်း ခံရသင့်ပါတယ်။ ဘုရားသခင်၊ ကျွန်မ ဒီလိုမျိုး ဆက်မဖြစ်ချင်တော့ပါဘူး။ ကိုယ်တော့်ဆီမှာ နောင်တရချင်ပါတယ်။” ဟု နောင်တရခဲ့မိသည်။ နောက်တော့ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ဖတ်မိသည်၊ “သင်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခံများ ဖြစ်ကြသည့်အတွက် သင်တို့သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းရွက်ရမည်။ သင်တို့အပေါ် အခြားသော သတ်မှတ်ချက်များ မရှိပေ။ သင်တို့သည်- ‘အို ဘုရားသခင်။ ကျွန်ုပ်၌ အဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ယခု သဘောပေါက်ပါပြီ။ အကယ်၍ ကျွန်ုပ်၏ အဆင့်အတန်း မြင့်ပါက ၎င်းမှာ ကိုယ်တော်၏ ချီးမြှောက်ခြင်းကြောင့်ဖြစ်ပြီး၊ အဆင့်အတန်း နိမ့်ပါက ကိုယ်တော်၏ စီမံပေးခြင်းကြောင့် ဖြစ်ပါ၏။ အရာခပ်သိမ်းသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိပါ၏။ ကျွန်ုပ်၌ ရွေးချယ်စရာ မရှိသကဲ့သို့ ညည်းတွားစရာအကြောင်း တစ်စုံတစ်ရာ မရှိပါ။...ကျွန်ုပ်သည် အဆင့်အတန်းအပေါ် အာရုံမစိုက်ပါ၊ အမှန်မှာတော့ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦးသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် အကျွန်ုပ်အား အဆုံးမဲ့သော တွင်းနက်၊ ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ထည့်လျှင်လည်း ကျွန်ုပ်သည် ဘာမျှမဟုတ်ဘဲ ဖန်ဆင်းခံ တစ်ဦးမျှသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို အသုံးပြုပါက ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေလျှင်၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးသာ ဖြစ်ပါသေး၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေခြင်း မပြုလျှင်လည်း၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးထက် မပိုခြင်းကြောင့် ကျွန်ုပ်သည် ကိုယ်တော့်အား ဆက်၍ ချစ်နေဦးမည် ဖြစ်သည်။’(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်မကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းတစ်ခု ပေးပါသည်။ ကျွန်မ၏ ရာထူးမှာ လူစားထိုးခံရသည်ဖြစ်စေ၊ မည်သည့် အဆင့်အတန်းကို ရပါစေ၊ ကျွန်မအနေနှင့် သမ္မာတရားကို အားထုတ်ပြီး၊ မိမိတာဝန်ကို ကောင်းအောင် ဆက်လုပ်ရမည် ဖြစ်ပြီး၊ မိမိတာဝန်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ မိမိ၏ ဆိုးယုတ်သည့် စိတ်သဘောထားကို စွန့်ပစ်ခြင်းတို့ကို အာရုံစိုက်ရမည်။ ထိုနောက်မှာ ကျွန်မလည်း အလုပ်တာဝန်ထဲက မိမိရည်ရွယ်ချက်များကို ပြုပြင်ပြီး၊ နှုတ်ကပတ်တော်များ ဖတ်ဖို့၊ ဆုတောင်းဖို့အတွက်၊ ဘုရားသခင်၏ရှေ့မှောက်မှာ မိမိကိုယ်ကိုယ် ငြိမ်သက်ဖို့သာ အာရုံစိုက်ခဲ့သည်။ အသင်းတော် ပြဿနာများကို ဘုရားသခင်၏လက်ထဲ အပ်ပြီး၊ ဘုရားသခင်ကိုသာ အားကိုးခဲ့သည်။ ပြီးလျှင် ညီအစ်ကိုမောင်နှမများ နှင့်အတူ သမ္မာတရားကို ရှာဖွေသည်။ အသင်းတော်ထဲက ထိုအရေးကိစ္စများ တော်တော် မြန်မြန်ဆန်ဆန်နှင့် ပြေလည်သွားသည်။ ကျွန်မလည်း ဘုရားသခင်ကို ကျေးဇူးတင်လို့မဆုံး ဖြစ်ခဲ့ရသည်။ ဘုရားသခင်သည် အလွန် လက်တွေ့ကျပါသည်၊ အလွန် ချစ်ခင်စရာ ကောင်းပါသည်။ သူက ကျွန်မကို သန့်စင် ပြောင်းလဲပေးဖို့ စီစဉ်ဖန်တီးရင်းနှင့်၊ ကျွန်မဘေးမှာသာ ရှိနေခဲ့ခြင်း ဖြစ်သည်။ သမ္မာတရားကို အားထုတ်ဖို့နှင့် မိမိယုံကြည်ခြင်းမှာ စိတ်သဘောထား ပြောင်းလဲခြင်းများက မည်မျှ အရေးကြီးသည်ကို ကျွန်မ နားလည်ခဲ့ပါသည်။

ခြောက်လအကြာမှာ အသင်းတော်များ၏ အလုပ်အချို့အတွက် ကျွန်မကို တာဝန်ပေးပြန်သည်။ ဂုဏ်ဒြပ်အတွက် မိမိဆန္ဒက မည်မျှ ပြင်းထန်ခဲ့သည်၊ မိမိစိတ်သဘောထားက မည်မျှ မာနထောင်လွှားခဲ့သည်ကို သိထားသောကြောင့်၊ မိမိရည်ရွယ်ချက်များကို ပြုပြင်ပြီး၊ မိမိတာဝန်ကို ကောင်းကောင်း လုပ်နိုင်အောင်၊ ကျွန်မလည်း ဘုရားသခင်ထံ လေးလေးနက်နက် ဆုတောင်းသည်။ ထိုအချိန်မှာ ကျွန်မကို အစ်မဝမ်နှင့် အတူတွဲပေးသည်။ သူက အမြင်ရှင်းသည့်အပြင်၊ ပြဿနာများ ကိုင်တွယ်ရာမှာ ရင့်ကျက်သည်။ ကျွန်မက သူ့အကြံဉာဏ်ကို မကြာမကြာ တောင်းပြီး၊ သူ့အားသာချက်များကနေ သင်ယူသည်။ ဤပုံစံအတိုင်း တစ်လနှစ်လလောက် ကြာတော့၊ ကျွန်မက ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယပြုခြင်း၊ အသင်းတော်တာဝန်မျိုးစုံကို လုပ်ဆောင်ခြင်းတို့တွင် အလွန် တိုးတက်သွားသည်။ ညီအစ်ကိုမောင်နှမများကလည်း ကျွန်မကို လေးစားကြသည်။ သတိမထားမိလိုက်မီတွင်၊ ကျွန်မက မိမိကိုယ်ကိုယ် ထပ်ပြီး တော်တော် ကျေနပ်မိနေပြန်သည်။ ကျွန်မက ယုံကြည်ခြင်းမှာ လူသစ်လိုလို ဖြစ်နေသော်လည်း၊ ကျွန်မ၏ မိတ်သဟာယက အစ်မဝမ်လောက် ကောင်းသည်ဟု လည်းကောင်း၊ ကျွန်မမှာ အရေးကိစ္စများကို ကိုင်တွယ်နိုင်စွမ်း တိုးလာသည်ဟုလည်းကောင်း တွေးနေသည်။ ကျွန်မ၏ ဝိညာဉ်အသက်တာ တိုးတက်ခဲ့ပြီဟု ထင်မိသည်။ ကျွန်မ၏ မာနထောင်လွှားမှုက အချိန်တိုင်းမှာ ပေါ်နေမှန်း သဘောမပေါက်ခဲ့ပါ။ ဂုဏ်အဆင့်အတန်းကို လိုချင်သည့် ဆန္ဒကလည်း ယခင်က ပိုပြီး ပြင်းပြင်းထန်ထန်နှင့် ပြန်ပေါ်နေပြီဖြစ်သည်။ အစ်မဝမ်ကိုလည်း အရာရာတိုင်းမှာ ကျွန်မ ပြောသည့်အရာကိုသာ နားထောင်စေချင်သည်။ အခြားသူများက သူမ၏မိတ်သဟာယကို နှစ်သက်ကြခြင်း၊ အသင်းတော်ကိစ္စများမှာ သူမက ဦးဆောင်ခြင်းတို့အား မြင်ရသည်ကို ကျွန်မ သည်းမခံနိုင်တော့ပါ။ ကျွန်မ ထင်မိတာက၊ ကျွန်မမှာ လက်တွေ့လုပ်ဆောင်မှုအချို့ ရှိနေပြီဖြစ်သည်။ အတွေ့အကြုံများလည်း အများကြီး စုမိလာပြီ။ ကျွန်မက ဘှမျှမသိသည့် လူသစ်တစ်ယောက် မဟုတ်ပါ၊ ကျွန်မ၏ အရည်အချင်းကလည်း သူနှင့်တန်းတူ ဖြစ်သည်။ ကျွန်မတို့နှစ်ယောက်လုံးက ခေါင်းဆောင်များဖြစ်သောကြောင့်၊ သူမကသာ အဘယ့်ကြောင့် အမြဲတမ်း ဦးဆောင်သနည်း။ ကျွန်မက သူ ပြောသည့်အရာကို နားထောင်ရမလား။ ထိုကဲ့သို့ ဆက်သွားနေပါက၊ ကျွန်မက အမည်ခံ ခေါင်းဆောင် သက်သက်သာ ဖြစ်မသွားပါလား။ ထိုအချိန်ကတည်းက စ၍ ကျွန်မလည်း သူ့ထက် သာအောင်၊ အလုပ်ကို ပို၍ ကြိုးစားလာသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြည့်ပြည့်စုံစုံ သိအောင် လုပ်သည်။ ပြီးလျှင် တွဲဖက်အကျိုးတော်ဆောင် အစည်းအဝေးများမှာ အသင်းတော် လုပ်ဆောင်ချက်ကို ဆွေးနွေးကြသည့်အခါ၊ သူမက သူမ၏ ထင်မြင်ချက်များကို ဖော်ပြပါက၊ ကျွန်မက တမင်ကို မရရအောင် အပြစ်ရှာပြီး ပြောသည်။ ပြီးလျှင် ကျွန်မ၏ “အကောင်းဆုံးစိတ်ကူး” ကို ဝေမျှလိုက်သည်။ သူမကို နှိမ်ပစ်ပြီး၊ မိမိကိုယ်ကိုယ် ဂုဏ်တင်လိုက်သည်။ ထိုကဲ့သို့နှင့် အနည်းငယ် ကြာလာသောအခါ၊ အသင်းတော်လုပ်ဆောင်ချက်ကို ဆွေးနွေးနေကြရင်း၊ အချို့တွဲဖက်အကျိုးဆောင်များက ကျွန်မ၏ စိတ်ကူးများကို သဘောကျလာသည်။ သူတို့မှာ ပြဿနာများရှိပါက၊ ကျွန်မထံသာ ရောက်လာပြီး၊ ကျွန်မ အကြံပြုသည့်အရာများကို နားထောင်ကြသည်။ ကျွန်မဘေးမှာ သူတို့အားလုံး စုပြုံနေခြင်းအား မြင်ရသည်ကို ကျွန်မက သဘောကျနေသည်။ ထို့နောက်တွင် တရုတ်ကွန်မြူနစ်ပါတီက အစ်မဝမ်နောက်ကို လိုက်နေသောကြောင့်၊ သူမလည်း သူမ၏တာဝန်ကို အပြင်မှာ ထွက်လုပ်၍မရ ဖြစ်လာသည်။ ထို့ကြောင့် ထိုအချိန်အတောအတွင်းမှာ အသင်းတော်၏ အလုပ်အတွက် ကျွန်မတစ်ယောက်တည်းသာ တာဝန် ရှိလာခဲ့သည်။ ကျွန်မက အလုပ်ကြောင့် စိတ်ဖိစီးမှု မဖြစ်သည့်အပြင်၊ တကယ်ကို သက်သက်သာသာ ရှိခဲ့သည်။ နောက်ဆုံးတော့ မည်သည့်အရာမဆို ကျွန်မသာ ဆုံးဖြတ်နိုင်ပြီဖြစ်သည်ဟု ထင်မိသည်။ ကျွန်မ၏ စဉ်းစားပုံစဉ်းစားနည်း မမှန်ကန်သည်ကို၊ ထိုအချိန်မှာ ကျွန်မ နားလည်သည်။ သို့သော်လည်း မိမိကိုယ်ကိုယ် မဆင်ခြင်မိသလို၊ လေးလေးနက်နက်လည်း သဘောမထားခဲ့ပါ။

တစ်ရက်မှာ ခေါင်းဆောင်တစ်ယောက်က ကျွန်မကို၊ အခြားနယ်မြေက စည်းဝေးပွဲတစ်ခုကို တက်ရမည်ဟု ပြောသည်။ ကျွန်မ၏တာဝန် ထမ်းဆောင်သည့် ဒေသမှ ထိုစည်းဝေးပွဲအတွက် ဆယ်ယောက်လောက်သာ အရွေးခံရသည်ဟု ကျွန်မ သိရသည်။ ကျွန်မကို ရာထူးတိုးပေးမည်ဟု နားစွန်နားဖျား ကြားမိသည်။ မိမိကိုယ်ကိုယ် ကျွန်မက အရေးပါသည့်သူဖြစ်သည်၊ ကျွန်မတို့ဒေသမှာ ကျွန်မက အတော်ဆုံးဖြစ်သည်ဟု ထင်မိသည်။ ကျွန်မလည်း ပျော်ရွှင်ပြီး၊ အခြားညီအစ်မ လေးယောက်နှင့်အတူ ရထားပေါ် ပါသွားသည်။ သို့သော်လည်း လမ်းမှာ မမျှော်လင့်သည့်အရာတစ်ခု ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ ရဲများက ကျွန်မတို့နောက်ကို ခြေရာခံလိုက်ပြီး၊ ဖမ်းလိုက်သည်။ သူတို့ စစ်မေးသည့် အရာများက တစ်ခုမျှ အရာမထင်ပါ။ ထို့ကြောင့် “တရားဥပဒေစိုးမိုးမှုကို နှောင့်ယှက်ရန်၊ ရှဲကျောက် အဖွဲ့အစည်းတစ်ခုအား စုစည်း၍ အသုံးချခြင်းကြောင့်” ကျွန်မကို အလုပ်ကြမ်းထောင်ဒဏ် ၂ နှစ် ချပါသည်။ အမိန့် ချခံရပြီး၊ ကျွန်မမှာ စစ်ဆေးခြင်းထဲကို ကျရောက်သွားသည်။ ဘုရားသခင်အပေါ် အထင်မှားခြင်း၊ သံသယများက “ရာထူးတိုးတော့မယ့်အချိန်ကျမှ၊ ငါက ဘာဖြစ်လို့ အဖမ်းခံရပြီး၊ ထောင်ထဲ ရောက်ရတာလဲ။ ဘုရားက ငါ့ကို ပိတ်ဆို့နေတာမဟုတ်ဘူးလား။ ငါ့ကို ဖော်ထုတ်ပြီး ဖယ်ရှားပစ်ဖို့ ဒါကို ဘုရားသခင်က အသုံးချနေတာလား။ ငါ့တာဝန်ကို လုပ်ဆောင်ရင်း ကယ်တင်ခံရမယ့် အခွင့်အရေးကို ငါ ဆုံးရှုံးသွားပြီလား။” ဟု ရင်ထဲမှာ ပေါ်လာသည်။ ကျွန်မ ထိုကဲ့သို့ နာကျင်ခဲ့ရသည်။ တော်တော်ကို လမ်းပျောက်ခဲ့ခြင်း ဖြစ်သည်။ မျက်ရည်များ အကြိမ်ကြိမ် ကျပြီး၊ ဘုရားသခင်ထံ “ဘုရားသခင်၊ ကိုယ်တော့်အလိုတော်ကို ကျွန်မ အခု နားမလည်တော့ပါဘူး။ ကိုယ်တော်က ကျွန်မကို ပစ်ပယ်နေသလိုလို၊ ကျွန်မကို အလိုမရှိသလို ခံစားရပါတယ်။ ဘုရားသခင်၊ ဒီအခြေအနေမှာ သမ္မာတရားထဲကို ဘယ်လိုဝင်ရောက်ရမလဲဆိုတာ ကျွန်မ သိနိုင်ဖို့အတွက်၊ ကိုယ်တော့်အလိုကို နားလည်အောင် ကျွန်မကို ဉာဏ်အလင်းပေးဖို့ လမ်းပြဖို့ တောင်းပန်ပါတယ်။” ဟု ဆုတောင်းသည်။ ကျွန်မ၏ဆုတောင်းချက်ကို ကြားသည့်အတွက်၊ ဘုရားသခင်ကို ကျေးဇူးတင်မိပါသည်။ တစ်ရက်မှာ ကျွန်မနှင့် တစ်ဆောင်တည်းကျသည့် ညီအစ်မတစ်ယောက်က သူ ကူးယူထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော် စာရွက်ပိုင်းလေးကို ကျွန်မဆီ လူမမြင်အောင် ထိုးပေးသည်။ စာရွက်မှာ ပါတာများက၊ “လူများ အားလုံးအတွက်၊ စစ်ဆေးခြင်းသည် ဝေဒနာ ပြင်းထန်ပြီး၊ လက်ခံရန် အင်မတန် ခက်ခဲသည်- သို့သော်လည်း ဘုရားသခင်သည် လူသားထံ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ပေါ်လွင်စေပြီး၊ လူသားအတွက် သူ၏ သတ်မှတ်ချက်များကို လူသိရှင်ကြား ဖြစ်စေကာ၊ သာ၍ ဉာဏ်အလင်းပွင့်ခြင်းကို ပေးပြီး၊ သာ၍ စစ်မှန်သော ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ပေးသည်မှာ စစ်ဆေးခြင်း အတောအတွင်းတွင် ဖြစ်သည်။ အမှန်တရားများနှင့် သမ္မာတရားကြား နှိုင်းယှဉ်ခြင်းမှတစ်ဆင့်၊ သူသည် လူသားကို သူကိုယ်တိုင်နှင့်ဆိုင်သည့် သာ၍ ကြီးမားသော အသိပညာနှင့် သမ္မာတရားကို ပေးပြီး၊ ဘုရားသခင်၏ အလိုတော်နှင့်သက်ဆိုင်သော သာ၍ ကြီးမားသည့် သိနားလည်ခြင်းကို လူသားအား ပေး၏၊ ထိုသို့ဖြင့် ဘုရားသခင်အပေါ် သာ၍စစ်မှန်ပြီး သာ၍ဖြူစင်သော ချစ်ခြင်းမေတ္တာရှိစေရန် လူသားကို အခွင့်ပေးလေသည်။ ယင်းမှာ စစ်ဆေးခြင်းကို ဆောင်ရွက်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်များ ဖြစ်သည်။ လူသား၌ ဘုရားသခင် လုပ်ဆောင်သည့် အမှုအားလုံးသည် ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် အရေးပါမှုတို့ရှိသည်။ ဘုရားသခင်သည် အဓိပ္ပာယ်မရှိသောအမှုကို မလုပ်ဆောင်သကဲ့သို့၊ လူသားအဖို့ အကျိုးမရှိသည့် အမှုကိုလည်း မလုပ်ဆောင်ပေ။ စစ်ဆေးခြင်းဟူသည်မှာ ဘုရားသခင် ရှေ့မှောက်မှ လူတို့အား ဖယ်ရှားခြင်းကို မဆိုလိုသကဲ့သို့၊ ၎င်းတို့ကို ငရဲတွင် ဖျက်ဆီးခြင်းကိုလည်း မဆိုလိုပေ။ ယင်းထက်၊ စစ်ဆေးခြင်း အတောအတွင်းတွင် လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်း၊ သူ၏ ရည်ရွယ်ချက်များ၊ သူ၏ အမြင်ဟောင်းများကို ပြောင်းလဲခြင်း၊ ဘုရားသခင် အတွက် သူ၏ချစ်ခြင်းကို ပြောင်းလဲပေးခြင်းနှင့် သူ၏ဘဝတစ်ခုလုံး ပြောင်းလဲပေးခြင်းတို့ကို ဆိုလိုသည်။ စစ်ဆေးခြင်းသည် လူသားအား စစ်မှန်သော စစ်ဆေးမှုတစ်ခု ဖြစ်ပြီး၊ စစ်မှန်သော လေ့ကျင့်မှုပုံစံတစ်ခု ဖြစ်ကာ၊ စစ်ဆေးခြင်း အတောအတွင်းတွင်သာ သူ၏ချစ်ခြင်းမေတ္တာသည် ၎င်း၏ ပင်ကိုလုပ်ငန်းတာဝန်ကို ထမ်းဆောင်နိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်) ကျွန်မရင်ထဲမှာ ချက်ချင်း ကြည်လင်သွားသည်။ ဤအခြေအနေက ကျွန်မအတွက် ဘုရားသခင်၏စမ်းသပ်မှုပဲ။ ဘုရားသခင်၏အလိုတော်က ကျွန်မကို ဖယ်ရှားပစ်ဖို့ မဟုတ်ပါ။ ကျွန်မအနေနှင့် ပိုပြီး ဆင်ခြင်နိုင်ဖို့၊ မိမိကိုယ်ကိုယ် ပိုသိနိုင်ဖို့၊ ပြီးလျှင် သမ္မာတရားထဲ ဝင်ရောက်နိုင်ဖို့အတွက် ဖြစ်သည်။ ကျွန်မအနေနှင့် ထပ်ပြီး အပျက်သဘောဆောင်၍ မဖြစ်ပါ၊ ပျော့ညံ့၍ မဖြစ်သည်ကို သိလိုက်သည်။ မိမိကိုယ်ပိုင် အယူအဆများကို သုံးပြီး၊ ဘုရားသခင်၏အလိုတော်ကို မှန်းဆ၍ မဖြစ်တော့ပါ။ ထိုအစား ကျွန်မက မိမိကိုယ်ကိုယ် ငြိမ်သက်အောင်လုပ်ပြီး၊ သမ္မာတရားကို ရှာဖွေသင့်သည်။ လေးလေးနက်နက် ဆင်ခြင်ပြီး၊ မိမိကိုယ်ကိုယ် သိသင့်သည်။

တစ်ညတော့ ကျွန်မ အိပ်၍ မရပါ၊ ထို့ကြောင့် မရည်ရွယ်ဘဲ၊ ဘုရားသခင်က အဘယ့်ကြောင့် ကျွန်မကို ဤအဖြစ်နှင့် ကြုံစေသည် စဉ်းစားကြည့်သည်။ နောက်တော့ ဘုရားသခင်၏ နှုတ်ကပတ်တော်များက စိတ်ထဲရောက်လာသည်၊ “သင်တို့သည် အဆင်းနီသောနဂါးကြီးကို အမှန်တကယ် မုန်းတီးသလော။ သင်တို့သည် အမှန်တကယ်၊ ရိုးသားစစ်မှန်စွာ ယင်းကို မုန်းတီးသလော။ ငါသည် ကြိမ်ဖန်များစွာ သင်တို့ကို အဘယ်ကြောင့် မေးလေပြီနည်း။ ငါသည် အဘယ်ကြောင့် ဤမေးခွန်းကို သင်တို့အား အဖန်ဖန် မေးမြဲမေးနေရသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၈)) ကျွန်မ မိမိကိုယ်ကိုယ် “ငါက အဆင်းနီတဲ့နဂါးကြီးကို တကယ်ပဲ မုန်းတီးသလား။ ငါ အမှန်တကယ်ကို မုန်းတီးရဲ့လား” ဟု ထပ်ခါထပ်ခါ မေးမိသည်။ ထို့နောက် အသက်တာ၌ ဝင်ရောက်ခြင်းအကြောင်း ဒေသနာများနှင့် မိတ်သဟာယပြုချက် ထဲက ဤစာပိုဒ်ကို စဉ်းစားမိသည်၊ “တချို့လူတွေက ‘အဆင်းနီတဲ့နဂါးကြီးကို ငါက အရာအားလုံးထက် မုန်းတီးတယ်။ သူက ငါ့ကို ဖိနှိပ်ပြီး တကောက်ကောက်လိုက်နေတယ်၊ ပြီးတော့ သူ့ရဲ့ ဆိုးယုတ်တဲ့ မျက်နှာကို ဟိုးအရင်ကတည်းက မြင်ခဲ့တယ်။ ငါ သူ့ကို ကျောခိုင်းခဲ့တယ်။’ အဲဒါကို ကျောခိုင်းပြီးပြီလို့ သင်ကပြောတယ်၊ ဒါဆိုရင် သင်က ဘုရားသခင်ကို အပြည့်အဝ နာခံတယ်လို့ ဆိုလိုသလား။ သင့်မှာ ဘုရားသခင်အတွက် စစ်မှန်တဲ့ ချစ်ခြင်း ရှိသလား။ အဆင်းနီတဲ့ နဂါးကြီးကို စွန့်လွှတ်ခြင်းနဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့ အရိပ်လက္ခဏာ တချို့ ရှိဖို့လိုတယ်။ သင်က အဆင်းနီတဲ့ နဂါးကြီးရဲ့ အဆိပ်တွေနဲ့ ပြည့်ပြီး၊ သူ့အမြင်ရှုထောင့်တွေအတိုင်း အမှုကိစ္စတွေကို သင် အကဲဖြတ်နေတယ်ဆိုရင်၊ ဒါက သင်ဟာ သူ့ကို အမှန်တကယ် မစွန့်လွှတ်သေးပါဆိုတာကို ပြတာပဲ။ သူ့ကို သင်ဘယ်လောက် မုန်းတီးပါစေ၊ သူ့အတွေးအခေါ်နဲ့ ရှုထောင့်တွေအပေါ် ချင့်ချိန်စဉ်းစား နိုင်စွမ်း မရှိသေးပါဆိုရင်၊ သင့် အမြင်ရှုထောင့်တွေနဲ့ လုပ်ရပ်တွေဟာ သူ့အဆိပ်တွေရဲ့ အုပ်စိုးတာကို ခံနေရသေးတယ်ဆိုရင်၊ သင်ဟာ အဆင်းနီတဲ့ နဂါးကြီးကို ကျောခိုင်းပြီးပါပြီလို့ ဘယ်လိုများ ပြောနိုင်သလဲ။ သင့်အတွေးအခေါ်တွေ၊ ဘဝနဲ့ ပတ်သက်တဲ့ သင့်အမြင်သဘောထားတွေက အဆင်းနီတဲ့ နဂါးကြီးနဲ့ လုံးလုံး တစ်ထေရာတည်း ဖြစ်နေတယ်- အဲဒါတွေအားလုံးက သူနဲ့ သက်ဆိုင်နေတယ်၊ ပြီးတော့ ဒါကြောင့်ပဲ သင်က စာတန်ရဲ့ ထိန်းချုပ်မှုအောက်မှာ နေနေရသေးတာ ဖြစ်တယ်။...စာတန်ရဲ့ အုပ်စိုးမှုအောက်က အမှန်တကယ် လွတ်မြောက်ဖို့ဆိုရင်၊ ငါတို့တွေက ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံရမယ်။ ငါတို့ထဲမှာ ရှိတဲ့ ဆိုးယုတ်တဲ့ အဆိပ်တွေကို လုံးလုံး ဖယ်ရှင်းပစ်ရမယ်။ ငါတို့က ငါတို့ရဲ့ နှလုံးသား နက်ရှိုင်းရာကနေ ဘုရားသခင်ကို ချစ်ပြီး နာခံနိုင်ရမယ်။ ဒါကမှသာ အဆင်းနီတဲ့ နဂါးကြီးကို အမှန်တကယ် စွန့်လွှတ်ခြင်း ဖြစ်တယ်။ ငါတို့ရဲ့ နှလုံးသားကို အုပ်စိုးတဲ့အရာက သမ္မာတရားဖြစ်တဲ့အခါမှာ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဖြစ်တဲ့အခါမှာ၊ ငါတို့က ဘုရားသခင်ကို ကြီးမြတ်ခြင်းအဖြစ် ချီးမြှောက်ပြီး ဘုရားသခင်ကို ရာသက်ပန် ကျိုးနွံနာခံပြီး ဝတ်ပြုကိုးကွယ်တဲ့အခါမှာ၊ ငါတို့က အဆင်းနီတဲ့ နဂါးကြီးရဲ့ လှည့်စားတာတွေ၊ ချည်နှောင်တာတွေ နဲ့ ဖျက်ဆီးတာတွေကို မခံတော့ပါ- အဲဒီအခါကျမှသာ ငါတို့က စာတန်ရဲ့ အုပ်စိုးမှုက အမှန်တကယ် လွတ်မြောက်တယ်လို့ ပြောလို့ရမယ်။” ဤစကားများအရ ကျွန်မက အဆင်းနီသည့်နဂါးကြီးကို မုန်းတီးသည်မှာ၊ ညီအစ်ကိုမောင်နှမများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ဖျက်ဆီးခြင်း တစ်ခုတည်းကြောင့် ဖြစ်သည်။ သို့သော်လည်း ဤသည်မှာ အမှန်တကယ် မုန်းတီးပြီး ပစ်ပယ်ခြင်းမဟုတ်ဘဲ၊ အမှန်တကယ် မုန်းတီးပြီး ပစ်ပယ်ခြင်းက၊ သူ၏ ယုတ်မာသည့် ဖောက်ပြန်သည့် အနှစ်သာရကို အပြည့်အဝ မြင်မှသာ ဖြစ်ပေါ်နိုင်ခြင်းဖြစ်သည်။ သို့မှသာ ကျွန်မတို့က ထိုနဂါးကြီးကို အမှန်တကယ် အရိုးစွဲအောင် မုန်းတီးတတ်မည်ဖြစ်ပြီး၊ ကျွန်မတို့ထဲက သူ့အဆိပ်အတောက်များကို စွန့်ပစ်နိုင်မည် ဖြစ်သည်။ ကျွန်မက အဆင်းနီသည့်နဂါးကြီး၏ ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ကိုယ်တိုင်ကြုံခဲ့ရကာ၊ အယူဝါဒများနှင့် အတင်းအကျပ် သွတ်သွင်းသည်ကို ခံခဲ့ရတာများကြောင့်၊ ထိုနဂါးကြီးက ဘုရားသခင်နှင့် သမ္မာတရားကို မုန်းတီးသည့် နတ်ဆိုးတစ်ကောင်ဖြစ်မှန်း၊ အမှန်တကယ် မြင်ခဲ့ပါသည်။ လူသားကို လှည့်စားသူ၊ အကျင့်ပျက်စေသူဆိုသည့် သူ၏ကြောက်စရာမျက်နှာကို ကျွန်မ မြင်ခဲ့သည်။ ထိုနဂါးကြီးက ဘုရားသခင်၏တည်ရှိခြင်းကို ဇွတ်မှိတ်ငြင်းပြီး၊ ဘုရားမဲ့ဝါဒနှင့် ရုပ်ဝါဒကို ထောက်ခံ အားပေးပါသည်။ သူ့ကိုယ်သူ “ကြီးမြတ်တယ်၊ ကျက်သရေရှိတယ်၊ ဖြောင့်မှန်တယ်” ဟု ဂုဏ်တင် ကြွားလုံးထုတ်နိုင်ဖို့၊ မည်သည့်အရာကိုမဆို လုပ်ပါသည်။ သူ့ကိုယ်သူ လူများ၏ ကယ်တင်ရှင်အဖြစ် အမွှမ်းတင်ပြီး၊ သူ့ကို လူတိုင်းက ဘုရားလို ကိုးကွယ်ယုံကြည်ခြင်း ဖြစ်စေချင်သည်။ လူများ၏စိတ်နှလုံးများထဲက ဘုရားသခင်၏နေရာကို အစားထိုး ဝင်ယူဖို့၊ အလကားသက်သက် မျှော်လင့်နေခြင်း ဖြစ်သည်။ အဆင်းနီသည့်နဂါးကြီးက သိပ်ပြီး စက်ဆုပ်စရာ ကောင်းသည်။ ယုတ်လည်း ယုတ်မာသလို၊ အရှက်လည်း ကင်းလွန်းသည်။ ကျွန်မ၏အနှစ်သာရက ထိုနဂါးကြီး၏ အနှစ်သာရနှင့် တန်းတူနီးပါး ရှိနေသည်ကိုလည်း ကျွန်မ နားလည်ခဲ့ပါသည်။ ဘုရားသခင်က ကျွန်မကို ခေါင်းဆောင်တစ်ယောက်၏ တာဝန်မှာ လေ့ကျင့်စေခြင်း၊ သမ္မာတရားကို မိတ်သဟာယ ပြုခြင်းမှတစ်ဆင့် အရေးကိစ္စများ ဖြေရှင်းနည်းကို သင်ယူစေခြင်းများနှင့်၊ မြှင့်တင်ပေးခဲ့သည်။ အခြားသူများ ဘုရားသခင်ကို သိပြီး နာခံနိုင်ကြစေဖို့ ဖြစ်သည်။ သို့သော်လည်း ကျွန်မက လူများ ကျွန်မကို အထင်ကြီးပြီး၊ ကျွန်မ ပြောသည့်အတိုင်း လုပ်ခြင်းသာ ဖြစ်စေချင်သောကြောင့်၊ ထိုအခွင့်အရေးကို တတ်နိုင်သမျှ ကိုယ်ရည်သွေးပြဖို့အတွက်သာ အသုံးချခဲ့သည်။ ထိုကဲ့သို့လုပ်ခြင်းက ကျွန်မအနေနှင့် ဘုရားသခင်ကို ဆန့်ကျင်နေခြင်း မဟုတ်ပါလား။ ကျွန်မက အစ်မဝမ်ကို မနာလိုဖြစ်ခဲ့သည်။ သူမကို ဖယ်ထုတ်ခဲ့သည်။ သူမ၏အမှားများကို အမြဲတမ်း စောင့်ဖမ်းပြီး၊ သူမကို သေးသိမ်အောင်လုပ်သည်။ အသင်းတော်မှာ ကျွန်မသာ ဆုံးဖြတ်ချက်ပေးနိုင်သူ ဖြစ်အောင်ဆိုပြီး၊ သူမကို ရာထူးက ဖယ်ရှားခံရခြင်းအထိ ဖြစ်စေချင်ခဲ့ခြင်း ဖြစ်သည်။ ကျွန်မက အာဏာရှင်တစ်ယောက်လို ဖြစ်မနေခဲ့ပါလား။ အဆင်းနီသည့် နဂါးကြီး၏ အဆိပ်များနှင့် ထိန်းချုပ်ခံနေရခြင်း မဟုတ်ပါလား။ ဥပမာ၊ “ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင်မအောင်း၊” “ကောင်းကင်နှင့်မြေကြီးတစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏” တို့ကဲ့သို့ ဖြစ်သည်။ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များတွင် ပြောသည်မှာ၊ “လူသားသည် မိမိကိုယ်ကိုယ် မကြီးမြတ်စေသင့်သကဲ့သို့၊ မိမိကိုယ်ကိုယ် မချီးမြှောက်သင့်ပေ။ ဘုရားသခင်ကို ကိုးကွယ်ကာ ချီးမြှောက်သင့်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်) ကျွန်မ လုပ်ခဲ့သည့်အရာများ အားလုံးကို ပြန်စဉ်းစားကြည့်ပါက၊ ယင်းတို့က ကျွန်မ၏တာဝန်ကို လုပ်ခဲ့ခြင်းဖြစ်သည်ဟု ခေါ်၍ ရနိုင်ပါ့မလား။ ကျွန်မက မကောင်းမှုလုပ်ပြီး၊ ဘုရားသခင်ကို ခုခံနေခဲ့ခြင်း ဖြစ်သည်။ ကျွန်မ၏လုပ်ရပ်များက ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို၊ အစကတည်းက ချိုးဖောက်ပြီးနေပြီ ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်ကသာ ကျွန်မကို မဆုံးမ မပဲ့ပြင်ခဲ့ပါက၊ ကျွန်မ၏ မကောင်းသည့်လမ်းကြောင်းများကို တားဖို့၊ ကိုယ်တော်က ထိုအခြေအနေကို အသုံးမပြုခဲ့ပါက၊ ကျွန်မကလည်း မိမိကိုယ်ပိုင် သဘာဝနှင့် ရည်မှန်းချက်များအတိုင်း ဆက်သွားခဲ့ပါက၊ ကျွန်မက ဂုဏ်အဆင့်အတန်းအတွက် မည်သည့်အခါမျှ ရပ်တော့မည် မဟုတ်ပါ။ နောက်ဆုံး မကောင်းမှုကြီးတစ်ခု လုပ်မိပြီး၊ ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်း ခံရခြင်းဖြင့်သာ အဆုံးသတ်လိမ့်မည်။ ဤသည်ကို နားလည်မိတော့၊ ကျွန်မ အထိတ်တလန့် ဖြစ်သွားသည်။ ကျွန်မက တော်တော် အန္တရာယ် ကြီးသည့်အဆင့်ကို ရောက်နေပြီ ဖြစ်သည်။ သို့သော်လည်း လုံးဝ သတိမမူမိပါ။ အဆင်းနီသည့်နဂါးကြီးဟူသည့် ဤနတ်ဆိုးက အနှောင့်အယှက်အနေနှင့် ဝင်မပါခဲ့ပါက၊ ကျွန်မကိုယ်ထဲမှာ သူ့အဆိပ်များ မည်မျှ ရှိသည်၊ ကျွန်မက တကယ်တော့ သူနှင့် အတန်းအစား အတူတူ ဖြစ်သည်တို့ကို၊ ကျွန်မအနေနှင့် လုံးဝ မြင်နိုင်ခဲ့မည် မဟုတ်ပါ။ သူ့ကို အမှန်တကယ် ပစ်ပယ်ဖို့၊ သူ့အဆိပ်ကနေ လွတ်မြောက်အောင် ကြိုးစားဖို့တို့ကို တကယ်တမ်း လုပ်နိုင်ခဲ့မည် မဟုတ်ပါ။ ဘုရားသခင် လုပ်ခဲ့သမျှအရာ အားလုံးက ကျွန်မကို သန့်စင်ပေးဖို့ဖြစ်သည်ကို ကျွန်မ မြင်ခဲ့ပါသည်။ ကျွန်မကို ကယ်တင်သည့်အတွက်လည်း၊ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့သည်။

ထောင်ထဲမှာ မိမိကိုယ်ကိုယ် အများကြီး ပြန်လည် ဆင်ခြင်ကြည့်သည်။ ကျွန်မ၏တာဝန်ကို လုပ်ဆောင်ဖို့ အခွင့်အရေးများကို တန်ဖိုးမထားခဲ့မိသည်ကို အထူးသဖြင့် နောင်တရသည်။ ကျွန်မက ဂုဏ်အဆင့်အတန်းကိုသာ မရမက ရှာဖွေပြီး၊ စာတန်၏အဆိပ်များနှင့် နေထိုင်မိခဲ့ခြင်း ဖြစ်သည်။ ညီအစ်ကိုမောင်နှမများကို ထိခိုက်စေသည့်၊ သမ္မာတရားကို ဆန့်ကျင်သည့် အရာများစွာကို ကျွန်မ လုပ်ခဲ့သည်။ အသင်းတော်၏အလုပ်ကိုလည်း နှောင့်ယှက်ဖျက်ဆီးမိခဲ့သည်။ ကျွန်မက ဘုရားသခင်ကို အများကြီး နာကျင်စေခဲ့ပြီ ဖြစ်သည်။ ကျွန်မ ပြန်ပေးဆပ်ရမည်မှာ များလွန်းသောကြောင့်၊ နောင်တရို့၍မဆုံး ဖြစ်ခဲ့သည်။ သမ္မာတရားကို အားထုတ်ဖို့၊ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို တွေ့ကြုံဖို့ဆိုသည့် ဆန္ဒက ထိုအခါမှသာ လေးလေးနက်နက် ဖြစ်ခဲ့ခြင်း ဖြစ်သည်။ သို့မှသာ ကျွန်မအနေနှင့် ထိုအဆိပ်များကို မြန်မြန် ဖယ်ရှားနိုင်မည် ဖြစ်ပြီး၊ လူသားပုံသဏ္ဌာန်တစ်ခုနှင့် အသက်ရှင်နေထိုင်နိုင်မည် ဖြစ်သည်။ ထောင်က ပြန်လွတ်လာသည့်အခါ၊ ကျွန်မလည်း မိမိတာဝန်ကို ပြန်ယူပါသည်။ အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် ပြန်ရွေးချယ်ခံရသည့်အခါ၊ ယခင်ကကဲ့သို့ မိမိကိုယ်ကိုယ် အားရဂုဏ်ယူမိခြင်း မဖြစ်တော့ပါ။ ထိုအစား ကျွန်မ ခံစားမိသည်မှာ၊ ယင်းက ကြီးမားသည့် တာဝန်တစ်ခု ဖြစ်သည်။ ကျွန်မအနေနှင့် တန်ဖိုးထားသင့်သည့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် ဖြစ်သည်၊ ပြီးလျှင် သမ္မာတရားကို အားထုတ်ဖို့နှင့် မိမိတာဝန်ကို လုပ်ဆောင်ဖို့၊ ကျွန်မအနေနှင့် အစွမ်းကုန် ကြိုးစားသင့်သည့်။ အကြိမ်ကြိမ် ရိုက်နှက်ခံရခြင်း၊ ဆုံးမပဲ့ပြင်ခံရခြင်းတို့က စာတန်ကြောင့် လှည့်စားခံထားရသည့် ကျွန်မ၏ဝိညာဉ်ကို နောက်ဆုံးတွင် လှုပ်နှိုးခဲ့ခြင်း ဖြစ်သည်။ သမ္မာတရားကို အားထုတ်ခြင်း၊ မိမိစိတ်သဘောထားမှာ အပြောင်းအလဲဖြစ်အောင် ကြိုးစားခြင်း၊ ဖန်ဆင်းခံ တစ်ယောက်၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်ခြင်းတို့ကသာ မှန်ကန်သည့် ကြိုးစားရှာဖွေမှုများ ဖြစ်မှန်း ကျွန်မ လက်ခံခဲ့ပါသည်။ ဂုဏ်အဆင့်အတန်းကို လိုချင်သည့် ကျွန်မ၏ဆန္ဒက ယခင်ကကဲ့သို့ မပြင်းထန်တော့သလို၊ မာနထောင်လွှားခြင်းလည်း ကျွန်မမှာ ပို၍ပို၍ နည်းလာပြီ ဖြစ်သည်။ အခြားသူများနှင့် အဆင်ပြေပြေ လက်တွဲလုပ်နိုင်သည့်အပြင်၊ မိမိတာဝန်ကိုလည်း မှန်မှန်ကန်ကန် လုပ်နိုင်လာသည်။ ယခုအခါ ကျွန်မက လူသားပုံသဏ္ဌာန်အနည်းငယ်နှင့် အသက်ရှင်နေထိုင်ပါသည်။ ထိုကဲ့သို့ မဆိုသလောက် အပြောင်းအလဲကို လွယ်လွယ်နှင့် မရခဲ့မှန်းလည်း လေးလေးနက်နက် ခံစားမိပါသည်။ ဤအရာများ အားလုံးက ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကြောင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ကျွန်မကို ကယ်တင်သည့်အတွက် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျေးဇူးတင်မိပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်အား ချက်ချင်း မထုတ်ပယ်ခြင်းကို ဆင်ခြင်သုံးသပ်ခြင်းများ

ရှန်းရန် မြန်မာနိုင်ငံ ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှာ ကျွန်မက ရေလောင်းသင်းထောက်အဖြစ် အရွေးခံရတယ်။ အဲဒီတုန်းက ကျွန်မက လူသစ်တွေကို ရေလောင်းတာနဲ့...

အလုပ်ကို မကြီးကြပ်ဝံ့ခြင်းအားဖြင့် ရှောင်ရှားခြင်း ခံရသည့်အရာ

ရွှင်ချို နယ်သာလန်နိုင်ငံ ပြီးခဲ့တဲ့နှစ် မေလတုန်းက လူသစ်တွေ ရေလောင်းတာကို ကျွန်မ ကြီးကြပ်ရတယ်။ ဒါက အတော်အတန် လွယ်တဲ့အလုပ်လို့ အရင်က...

ကျွန်တော့်ရဲ့ ခရီးပန်းတိုင်ကို ဘယ်တော့မှ နောက်တစ်ခါ ဦးစားပေးမှာ မဟုတ်တော့ပါ

မင်ကျစ် ကိုးရီးယားနိုင်ငံ ကျွန်တော် သရုပ်ဆောင်ရတဲ့ အရင်အခန်းတုန်းက ဇာတ်ကောင်ရဲ့ စိတ်ခံစားမှုအခြေအနေကို ကျွန်တော် သေချာမတွေးခဲ့သလို၊...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။