အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

28.02.2021

ရှင့်ရှင်း အမေရိကန်နိုင်ငံ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ဘုရားသခင်၏ အနှစ်သာရတို့နှင့်ဆိုင်သည့် အသိပညာကို သင်၏ စိတ်ကူးစိတ်သန်းအပေါ် အမှီပြုခြင်းအားဖြင့် မရရှိနိုင်ပေ။ သင်သည် ဘုရားသခင်၏ သြဇာအာဏာကို သိရှိရန် စိတ်ကူးစိတ်သန်းကို အမှီမပြုနိုင်သည့်အတွက်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဆိုင်သည့် စစ်မှန်သော အသိပညာကို မည်သည့်နည်းလမ်းဖြင့် သင် ရရှိနိုင်သနည်း။ ဤအရာကို လုပ်ဆောင်ရမည့် နည်းလမ်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမှတစ်ဆင့်၊ မိတ်သဟာယပြုခြင်းမှတစ်ဆင့်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ခံစားခြင်းမှတစ်ဆင့် ဖြစ်သည်။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် ဖြည်းညင်းသော အတွေ့အကြုံတစ်ခုနှင့် အတည်ပြုခြင်း ရှိလိမ့်မည်ဖြစ်ပြီး၊ ယင်းနှင့်သက်ဆိုင်သည့် ဖြည်းညင်းသော သိနားလည်မှုနှင့် နည်းနည်းချင်းတိုးပွားသော အသိပညာတို့ကို ရရှိလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် အသိပညာကို ရရှိဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ဖြတ်လမ်းများ မရှိပေ။ သင်တို့ကို စိတ်မကူးရန် တောင်းဆိုခြင်းသည် ပျက်စီးခြင်းကို စောင့်ဆိုင်းရန် သင်တို့ကို မလှုပ်မယှက် ထိုင်စေခြင်း သို့မဟုတ် တစ်ခုတစ်လေကို လုပ်ဆောင်ခြင်းမှ သင်တို့ကို တားဆီးခြင်းနှင့် မတူပေ။ စဉ်းစားရန်နှင့် စိတ်ကူးရန် သင်၏ ဦးနှောက်ကို အသုံးမပြုခြင်းသည် ကောက်ချက်ချရန် ဆင်ခြင်တွေးခေါ်မှုစနစ်ကို အသုံးမပြုခြင်း၊ စိစစ်ရန် အသိပညာကို အသုံးမပြုခြင်း၊ အခြေခံအကြောင်းရင်းအဖြစ် သိပ္ပံပညာကို အသုံးမပြုဘဲ၊ ထိုအစား သင်ယုံကြည်သည့် ဘုရားသခင်က သြဇာအာဏာရှိသည်ဆိုသည်ကို နားလည်ခြင်း၊ စိစစ်ခြင်းနှင့် အတည်ပြုခြင်း၊ သူသည် သင်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည်ဆိုသည်နှင့် အချိန်တိုင်းတွင် သူ၏ တန်ခိုးက သူသည် စစ်မှန်သည့် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်မှန်း သက်သေပြသည်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များမှ တစ်ဆင့်၊ သမ္မာတရား မှတစ်ဆင့်၊ ဘဝတွင် သင်ကြုံရသည့် အရာရာတိုင်းမှတစ်ဆင့် အတည်ပြုခြင်းကို ဆိုလိုပေသည်။ ဤသည်မှာ ဘုရားသခင်နှင့်ဆိုင်သည့် သိနားလည်မှုကို မည်သူမဆို ရရှိနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ကြီးမားသည့် အရာတစ်ခုခု ဖြတ်သန်းရခြင်း သို့မှမဟုတ် နိမိတ်လက္ခဏာများကို မျက်မြင်ကြုံရခြင်းသည် ဘုရားသခင်၏ သြဇာအာဏာကို သိရှိဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ကျွန်တော် တွေးထင်လေ့ရှိခဲ့သည်။ ဘုရားသခင်၏ သြဇာအာဏာနှင့်သက်ဆိုင်သည့် ကျွန်တော်၏ အသိပညာမှာ တကယ်ကို နည်းပါးခဲ့သည်။ သူ၏ သြဇာအာဏာကို သိရှိခြင်းအတွက် အရေးအကြီးဆုံးသောအရာမှာ ပုံမှန်အသက်တာတွင် သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းဖြစ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်တော် သိမြင်ခဲ့ရပြီး၊ သူ၏နှုတ်ကပတ်တော်များကို ကြုံတွေ့ခံစားခြင်းအားဖြင့်၊ အရာခပ်သိမ်းအပေါ် သူ၏ အချုပ်အခြာအာဏာကို ကျွန်တော်တို့သိမြင်ကြလိမ့်မည် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၌ ကျွန်တော်တို့၏ ယုံကြည်မှုတိုးပွားပုံ ဖြစ်သည်။

လွန်ခဲ့သည့်နှစ်တွင် ကျွန်တော့်မိသားစု စိုက်ပျိုးခဲ့သည့် ခရမ်းချဉ်သီးစိုက်ခင်း လေးပုံတစ်ပုံ ဧကနီးပါးကို ရုတ်တရက် ပိုးအလွန်ကျပြီး ထိုပိုးများက- သစ်သီး၊ ပန်းပွင့်များနှင့် အရွက်များ- အရာအားလုံးကို စားသုံးသွားခဲ့သည်။ ထိုအရာနှင့်ပတ်သက်၍ ကျွန်တော် အလွန် စိုးရိမ်ခဲ့ပြီး၊ ထိုပိုးများအား မည်သို့ရှင်းထုတ်ရမည်ကို မိသားစုနှင့် တိုင်ပင်ခဲ့သည်။ ပိုးသတ်ဆေးများ သုံးခြင်းက မြေဆီလွှာပျက်ဆီးစေမည်ဖြစ်ပြီး၊ ကာဆီနိုဂျင်များ ကျန်ခဲ့စေမည်ဖြစ်သည်၊ ယင်းက ထိုနေရာ၌ စိုက်ပျိုးသမျှကို စားသုံးဖို့ အန္တရာယ်ရှိစေပေမည်။ လက်ဖြင့် ဖမ်းဖို့ ကျွန်တော်တို့ ကြိုးစားခဲ့သော်လည်း၊ သူတို့ အလွန် လျင်မြန်စွာ မျိုးပွားခဲ့ကြသည်။ ကျွန်တော်တို့ သုံးရက် လေးရက်ကြာ အလုပ်လုပ်ခဲ့သော်လည်း၊ မလျော့ပါးစေခဲ့ပါ။ ပိုးမွှားအရေအတွက် တိုးသာတိုးလာခဲ့သည်။ ယင်းတို့ကို ရှင်းထုတ်ဖို့ ကျွန်တော် အလျင်အမြန် အခြားနည်း ကြိုးစားခဲ့သည်။ ဤအရာ ဖြစ်ပျက်ခဲ့ချိန်တွင် ဘုရားသခင်ထံ ကျွန်တော် ဆုတောင်းခဲ့သော်လည်း ဘုရားသခင်၏ ဩဇာအာဏာနှင့် အုပ်စိုးမှုကို နားမလည်ခဲ့ပါ၊ ထို့ကြောင့် ကျွန်တော့်နှလုံးသားထဲတွင် ဘုရားသခင်က နေရာမရှိခဲ့ပါ။ ဘုရားသခင်ကို မည်သို့ အမှန်တကယ် မှီခိုအားကိုးပြီး သူ၏အလိုတော်ကို ရှာဖွေရမည်ကို ကျွန်တော်မသိခဲ့ပါ။ ထိုပိုးကို ယခင်က ကျွန်တော် လုံးဝ မကြုံခဲ့ဖူးသော်လည်း၊ ကျွန်တော် အစားအစာများကို ဆယ်စုနှစ်များကြာ စိုက်ပျိုးလာခဲ့ပြီးဖြစ်ကာ ပိုးမွှား ထိန်းချုပ်ရေးအတွေ့အကြုံများစွာ ရှိခဲ့ပြီး ဖြစ်သည်။ ကျွန်တော် လေ့လာမြဲလေ့လာနေမည်ဆိုပါက၊ ဤအရာကို ကျွန်တော် ဖြေရှင်းနိုင်မည်ဟု ကျွန်တော် တွက်ဆခဲ့သည်။ ကျွန်တော်သိခဲ့သည့် ဆေးတိုင်းကို တစ်ခုပြီးတစ်ခု စမ်းကြည့်ခဲ့သော်လည်း၊ ခြောက်မျိုး ခုနစ်မျိုးကို မည်သည့်ရလဒ်မျှမရဘဲ ကျွန်တော် စမ်းကြည့်ခဲ့သည်။ ကျွန်တော်စိုက်ပျိုးရေးလုပ်လာသည့် ဆယ်စုနှစ်များတစ်လျှောက်လုံးတွင်၊ ရှင်းရခက်သည့် ပိုးမျိုး ကျွန်တော် လုံးဝ မတွေ့ခဲ့ဖူးပါ။ ယခင်က ပိုးပြန့်ပွားမှုကို ကျွန်တော် အမြဲဖြေရှင်းနိုင်ခဲ့သော်လည်း၊ ဤအကြိမ်တွင် ကျွန်တော့်၏ ပင်ပင်ပန်းပန်း ဖြစ်ပေါ်ခဲ့သည့် နည်းစနစ်များ တစ်ခုမျှ အလုပ်ဖြစ်မနေခဲ့ပါ။ နောက်ပိုင်းတွင် မိတ်ဆွေတစ်ဦးက တမာဆီသည် ပိုးကောင်တားဆီးရေးအတွက်ကောင်းသည်ဟု စိုက်ပျိုးတက္ကသိုလ်က ပါမောက္ခတစ်ဦး ပြောဖူးသည်ဟု ကျွန်တော့်ကို ပြောပြခဲ့သည်၊ ထို့ကြောင့် ကျွန်တော် ချက်ချင်း အနည်းငယ် ဝယ်ခဲ့သော်လည်း ယင်းသည်လည်း အလုပ်မဖြစ်ခဲ့ပါ။ ကျွန်တော် အကြံကုန်ခဲ့ပြီး၊ ဖြေရှင်းချက် ရှာမတွေ့နိုင်ခဲ့သေးပါ။ နောက်ထပ် နှစ်ရက်လုံးလုံး မနက်တိုင်း ကျွန်တော် သွားစစ်ဆေးခဲ့ပြီး၊ ခရမ်းချဉ်သီးပင်များအားလုံးက ပိုးများဖြင့် ပျက်သီးသွားခဲ့သည်ကို တွေ့ခဲ့ရသည်။ အချို့မှာ အပွင့်များ ကြွေမြဲကြွေကျနေကြသည်၊ အချို့အရွက်များ၏ ထိပ်ဖူးလေးများက ညှိုးပြီး အချို့အသီးများက ပုပ်ကုန်ကြသည်။ ကျွန်တော် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။ ညီအစ်ကိုမောင်နှမများက ထိုခရမ်းချဉ်သီးပင်များကို နေ့တိုင်း ကူစိုက်ပေးခဲ့ကြလေပြီ။ သူတို့သည် အပင်နွယ်တက်ရန် စင်များဆောက်ပေးရင်း၊ အပင်များကို ညှပ်ပေးကာ ထောက်မပေးရင်း အလုပ်များစွာ လုပ်ခဲ့ကြသော်လည်း၊ ခရမ်းချဉ်သီးများ ရှင်သန်လာနေကြပြီး၊ သီးနှံရိတ်သိမ်းတော့မည့်ပုံရချိန်တွင်ပင် ဤပိုးများက ရုတ်တရက် ကျူးကျော်လာခဲ့ကြခြင်း ဖြစ်သည်။ ထိုနှစ် ရိတ်သိမ်းခြင်းက ဖြစ်ထွန်းမည်မဟုတ်ဟု ကျွန်တော် တွက်ဆမိခဲ့သည်။ အပင်များအားလုံးက ပိုးများဖုံးလွှမ်းသည်ကို မြင်ရလျက်၊ ကျွန်တော် လုံးဝ ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့သည်။ ကျွန်တော့် အိမ်နီးချင်းဝမ်က ကောက်ပဲသီးနှံများနှင့် ပတ်သက်၍ အတွေ့အကြုံများစွာ ရှိခဲ့ပြီး၊ ပိုးများအကြောင်းကို များစွာ သိခဲ့သည်၊ ထို့ကြောင့် သူ့အနေဖြင့် ဖြေရှင်းချက်တစ်ခု ရှိကောင်းရှိမည်ဟု ကျွန်တော်တွေးမိခဲ့သည်။ ကျွန်တော် သူ့ကို သွားမေးကြည့်ခဲ့သော်လည်း၊ သူက “ကျွန်တော့်ရဲ့စိုက်ပျိုးရေးလုပ်လာတဲ့သက်တမ်း နှစ် ၃၀ မှာဒါမျိုးတစ်ခါမှမတွေ့ဖူးဘူး။ တစ်နေ့ကို ပိုးသတ်ဆေးသုံးခါဖြန်းပေမယ့် ခရမ်းချဉ်သီးတွေပဲသေကုန်တယ် ပိုးကမသေဘူး”ဟု ပြောခဲ့သည်။ နောက်ထပ်အိမ်နီးချင်းတစ်ဦးဖြစ်သည့် ကျန်းကလည်း ကူရာမဲ့စွာဖြင့်၊ “ပိုးသတ်ဆေး သုံးမျိုး လေးမျိုးလောက်ရောပြီးဖျန်းတာတောင် ပိုးတွေကမသေဘူး” ဟု ပြောလေသည်။ ဤအရာကို ကြားရခြင်းက၊ ကျွန်တော့်ကို မျှော်လင့်ချက် ပျက်သုဉ်းခြင်းထဲသို့ တကယ်ကို ထိုးဆင်းသွားစေခဲ့သည်။ ဤသည်မှာ ပိုးမွှားနှင့်ဆိုင်သော ကပ်တစ်ခုဖြစ်ပြီး၊ ထိုပိုးတို့ကို ရှင်းထုတ်ဖို့ နည်းလမ်းမရှိခဲ့ပါ။ ကျွန်တော့်၏ ခရမ်းချဉ်သီးအားလုံး ပျက်ဆီးတော့မည့်ပုံပေါ်ခဲ့သည်။ ကူရာမဲ့ခံစားရလျက်၊ ဘုရားသခင်ထံ ကျွန်တော် ဆုတောင်းခဲ့သည်- “အဖဘုရားသခင် ဒီပိုးကျမှုနဲ့ပတ်သက်ပြီး ကျွန်တော်ဘာလုပ်ရမှန်းမသိတော့ဘူး။ လုံးဝလမ်းပျောက်နေပါပြီ။ ဒါကိုဘယ်လိုကြုံတွေ့ခံစားပြီး ဘယ်လိုသင်ခန်းစာ ယူသင့်လဲဆိုတာကို ကျွန်တော့်ကို အလင်းပြ လမ်းညွှန်ပေးတော်မူပါ။”

တစ်ကြိမ်တွင် တွေ့ဆုံပွဲတစ်ခု၌ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ကျွန်တော်ဖတ်ခဲ့ရသည်- “ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုအောက်တွင် အရာအားလုံးသည် သူ၏ အကြံအစည်များနှင့်အညီ ဖြစ်တည်လာသည် သို့မဟုတ် ပျောက်ကွယ်လေသည်၊ ၎င်းတို့၏ တည်ရှိခြင်းကို ထိန်းချုပ် သည့် နိယာမများ ပေါ်ထွက်လာပြီး ၎င်းတို့သည် ထိုနိယာမများနှင့်အညီ ကြီးထွားပြီး ပွားများကြသည်။ မည်သည့်လူသားမျှ သို့မဟုတ် မည်သည့်အရာမျှ ဤနိယာမများ၏ အထက်တွင် မရှိပေ။ အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ တစ်ခုတည်းသောအဖြေမှာ ဤသို့ဖြစ်၏- ယင်းသည် ဘုရားသခင်၏ အခွင့်အာဏာကြောင့်ဖြစ်သည်။ သို့မဟုတ် တစ်ခြားနည်းနှင့် ပြောရလျှင် ဘုရားသခင်၏ အကြံအစည်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင်၏ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ချက်များကြောင့် ဖြစ်၏။ ဆိုလိုသည်မှာ ဤနိယာမတွေကို ဖြစ်ပေါ်စေသည်မှာ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏စိတ်ဖြစ်ပေသည်။ ထိုနိယာမများသည် သူ၏ အကြံအစည်များနှင့်အညီ ရွေ့ကာ ပြောင်းလဲပြီး ရွေ့ခြင်းနှင့် ပြောင်းလဲခြင်းအားလုံးသည် သူ၏ အစီအစဉ်အဖို့ဖြစ်ပေါ် သို့မဟုတ် လျော့ပါးပျောက်ကွယ်လေသည်။ ဥပမာ ကူးစက်ရောဂါများကို ကြည့်ပါ။ ၎င်းတို့သည် သတိပေးခြင်း မရှိဘဲ ရုတ်တရက်ဖြစ်ပေါ်သည်။ မည်သူကမျှ ၎င်းတို့၏ အရင်းအမြစ် သို့မဟုတ် အဘယ်ကြောင့်ဖြစ်ရသည်ဆိုသည့် တိကျသည့်အကြောင်းရင်းများကို မသိသကဲ့သို့ နေရာတစ်ခုသို့ ကူးစက်ရောဂါများ ရောက်သည့်အချိန်တိုင်းတွင် ကံဆိုးမိုးမှောင် ကျသော သူများသည် ဘေးဒုက္ခကို မလွတ်မြောက်နိုင်ကြချေ။ လူသားတို့၏ သိပ္ပံပညာက ကူးစက်ရောဂါများသည် ကြောက်စရာကောင်းသည့် သို့မဟုတ် အန္တရာယ်ရှိသည့် ရောဂါပိုးမွှားများအားဖြင့် ဖြစ်ပေါ်ပြီး ၎င်းတို့၏ ကူးစက်မှုနှုန်း၊ အတိုင်းအတာနှင့် နည်းစနစ်များကို လူသားတို့၏ သိပ္ပံပညာအားဖြင့် ကြိုတင်မခန့်မှန်းနိုင် သို့မဟုတ် မထိန်းချုပ်နိုင်သည်ကို နားလည် ပေသည်။ လူတို့သည် ကူးစက်ရောဂါများကို ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် ခုခံသော်လည်း ကူးစက်ရောဂါ ရုတ်တရက် ဖြစ်ပွားသည့်အခါလူများ သို့မဟုတ် တိရစ္ဆာန်များသည် မလွဲမရှောင်သာ ကူးစက်ခံရသည်ကို မထိန်းချုပ်နိုင်ကြချေ။ လူသားတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာက ၎င်းတို့ကို ကာကွယ်ရန်၊ ခုခံရန်နှင့် သုတေသနပြုရန် ကြိုးစားခြင်းဖြစ်သည်။ သို့သော်လည်း ကူးစက်ရောဂါတစ်ခုစီတိုင်း၏ အစ သို့မဟုတ် အဆုံးသတ်ကို ရှင်းပြသည့် ဖြစ်ရသည့်အကြောင်းရင်းကို မည်သူမျှမသိသကဲ့သို့ ထိုအရာတို့ကိုမည်သူမျှ မထိန်းချုပ်နိုင်ပေ။ ကူးစက်ရောဂါဖြစ်ပေါ်ခြင်းနှင့် ပျံ့ပွားခြင်းကို ရင်ဆိုင်ရလျက်၊ လူသားတို့လုပ်သည့် ပထမဆုံး စီမံချက်မှာ ဖြေဆေးတစ်ခု ဖော်ထုတ်ဖို့ ဖြစ်သည်၊ သို့သော် ဖြေဆေး အဆင်သင့်မဖြစ်မီတွင် ကူးစက်ရောဂါက မကြာခဏ ကွယ်ပျောက်လေသည်။ အဘယ်ကြောင့် ကူးစက်ရောဂါက ကွယ်ပျောက်သနည်း။ တစ်ချို့က ရောဂါပိုးများကို ထိန်းချုပ်နိုင်လိုက်သည်ဟု ဆိုကြစဉ် တစ်ချို့က ရာသီဥတု အပြောင်းအလဲကြောင့် ပြီးဆုံးသွားသည်ဟု ဆိုသည်။ ဤပရမ်းပတာထင်ကြေးပေးချက်များက ယုတ္တိတန်သည်ဖြစ်စေ မတန်သည်ဖြစ်စေ သိပ္ပံပညာက ရှင်းပြချက် မပေးနိုင်သကဲ့သို့ တိကျသည့် အဖြေကို မပေးနိုင်ပေ။ လူသားမျိုးနွယ်သည် ဤထင်ကြေးပေးချက်များကိုသာ ရင်ဆိုင်ရမည်မဟုတ်ဘဲ လူသားမျိုးနွယ်၏ သိနားလည်မှုနည်းပါးခြင်းနှင့် ကူးစက် ရောဂါများကို ကြောက်ရွံ့ခြင်းနှင့်လည်း ရင်ဆိုင်ရမည်ဖြစ်သည်။ နောက်ဆုံး စိစစ်တွေ့ရှိချက်တွင် အဘယ်ကြောင့် ကူးစက်ရောဂါများ စတင်သည် သို့မဟုတ် အဘယ်ကြောင့် အဆုံးသတ်သွားသည် ဆိုတာကို မည်သူမျှမသိပေ။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်သည် သိပ္ပံကိုသာ ယုံကြည်ကာ ၎င်းကို လုံးလုံးလျားလျား အားထားပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာကို အသိအမှတ်မပြုသောကြောင့် သို့မဟုတ် သူ၏ အချုပ်အခြာ အာဏာကို လက်မခံသောကြောင့် ၎င်းတို့သည် ဘယ်သောအခါမျှ အဖြေရမည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အုပ်စိုးပါသည်။ အရာရာသည် သူ၏ လက်ထဲတွင် ရှိသည်။ ကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ၊ မြင်ရသည်ဖြစ်စေ မမြင်ရသည်ဖြစ်စေ၊ အသက်ရှိသည်ဖြစ်စေ အသက်မဲ့သည်ဖြစ်စေ၊ အရာရာသည် ဘုရားသခင်၏ အလိုတော် ပြောင်းလဲသည်အတိုင်း တည်ရှိသည် သို့မဟုတ် ပျောက်ကွယ်ကြပေသည်။ ကပ်ဘေးတိုင်းသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ရှိသည်။ လူတို့က ကပ်ရောဂါများနှင့် ကပ်ဆိုးများ မည်သည့်နေရာက လာသည် သို့မဟုတ် ယင်းတို့ကို မည်သို့ တားဆီးရမည်ကို မသိကြပါ။ မည်သည့်အချိန်တွင် ထိုအရာများ ပျောက်ကွယ်သွားမည်ကို ကျွန်တော်တို့ မသိကြပါ။ ဤအရာအားလုံးကို ဘုရားသခင်က အုပ်စိုးထားပါသည်။ သို့သော် ဘုရားသခင်၏ ဩဇာအာဏာနှင့် အချုပ်အခြာအာဏာကို ကျွန်တော် အမှန်တကယ် မသိခဲ့ပါ၊ ထို့ကြောင့် ကျွန်တော့်၏ ခရမ်းချဉ်သီးများကို ထိုပိုးများကျသည့်အခါ သူ့ကို ပထမဦးစွာ ရှာဖွေပြီး အမှီပြုဖို့ ဘုရားသခင်ရှေ့မှောက်သို့ ကျွန်တော် မလာခဲ့ဘဲ၊ ကျွန်တော့် ကိုယ်ပိုင် နည်းလမ်းများဖြင့် ဖြေရှင်းချက်တစ်ခု ရှာဖို့ ကြိုးစားခဲ့သည်။ ယင်းသည် အချည်းနှီးဖြစ်ခဲ့သော်လည်း၊ ဘုရားသခင်ထံ ကျွန်တော် မလှည့်ခဲ့သေးပါ သို့မဟုတ် သူ့အပေါ် အမှီမပြုခဲ့သေးပါ။ ပိုးသတ်ဆေးများပင် အလုပ်ဖြစ်မနေခဲ့သည်ကို တွေ့ရချိန်တွင် ကျွန်တော် မျှော်လင့်ချက်မဲ့ကာ ကူရာမဲ့ခံစားခဲ့ရသည်။ ဘုရားသခင်၌ ကျွန်တော် ယုံကြည်မှုရှိပြီး၊ သူ့ထံ ဆုတောင်းစကားများ ဆိုခဲ့သော်လည်း၊ ကျွန်တော့် စိတ်နှလုံးထဲတွင် သူ နေရာမရှိခဲ့ပါ။ ထိုပိုးများကို မိမိဘာသာ ရှင်းနိုငမည်ဟု ကျွန်တော် ထင်ခဲ့သည်။ ကျွန်တော် မာနထောင်လွှားကာ မသိနားမလည်လိုက်လေခြင်းပါတကား။ ထို့နောက် ထိုပိုးများ ထွက်ပေါ်လာချိန်နှင့် ထွက်သွားချိန်တို့ကို ဘုရားသခင် ဆုံးဖြတ်သည်ကို ကျွန်တော် နားလည်လိုက်ရသည်။ ယင်းသည် ကျွန်တော်တို့၏ ထိန်းချုပ်မှုတွင် မရှိပါ။ ထိုပိုးကျမှုတွင် ဘုရားသခင်၏ အလိုတော်က မည်သည့်အရာဖြစ်သည်ကို ကျွန်တော် နားမလည်ခဲ့သေးသော်လည်း၊ ကျွန်တော့်အနေဖြင့် အပိုင်းကိုယ်လုပ်ဆောင်ပြီး ပိုးမွှားများကို ဘုရားသခင်ထံ ချန်ထားဖို့သာ လိုအပ်သည်ကို ကျွန်တော် သိခဲ့သည်။ ဘုရားသခင်၏ အစီအစဉ်များကို ကျွန်တော် ကျိုးနွံနာခံရမည်ဖြစ်သည်။ ထိုသိနားလည်မှုက ကျွန်တော့်ကို ငြိမ်သက်ခြင်း ဆောင်ကြဉ်းခဲ့သည်။ သူ စီစဉ်ထားသည့်အရာကို ကျိုးနွံနာခံပြီး တွေ့ကြုံဖို့ လိုလားလျက် ဘုရားသခင်ထံ ကျွန်တော် ဆုတောင်းခဲ့သည်။

နောက်နှစ်ရက်ကြာပြီးသည့်နောက် အခင်းဆီသို့ ကျွန်တော် သွားခဲ့ပြီး၊ ခရမ်းချဉ်သီးပင်များတွင် ပင့်ကူအိမ်များစွာ တွေ့ခဲ့ရသည်။ ထိုအရာအားလုံး မည်သည့်နေရာက လာခဲ့ကြသည်ကို ကျွန်တော် တွေးမိခဲ့သည်။ သာ၍ နီးကပ်စွာ ကျွန်တော် ကြည့်ခဲ့ပြီး၊ ပင့်ကူအိမ်များထဲတွင် ပိုးဖလံသေးသေးလေးများစွာ တွေ့ခဲ့ရကာ ပင့်ကူများက သူတို့ကိုစားချင်မှန်း ကျွန်တော်သတိရသွားသည်။ ပိုးဖလံများမရှိဘဲနှင့်၊ ဥများ တစ်ခုတစ်လေမျှ ရှိမည်မဟုတ်သောကြောင့် ပိုးများ အလိုအလျောက် သာ၍ နည်းပါးသွားမည် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ရက်ကထက် ပိုးမွှားများ များစွာ နည်းပါးသွားခဲ့သည်ကို ကျွန်တော် နားလည်သွားခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ခြင်းဖြစ်သည်၊ ပိုးကောင်များကို စားမည့် ပင့်ကူများအား သူခေါ်လာခဲ့ပြီဖြစ်သည်ကို ကျွန်တော် သိလိုက်သည်။ ကျွန်တော် ဘုရားသခင်ကို အလွန် ကျေးဇူးတင်မိခဲ့သည်။ နောက်ခုနစ်ရက် ရှစ်ရက်ကြာပြီးသည့်နောက်တွင်၊ ထိုပိုးကောင်များက ခရမ်းချဉ်သီးအပင်များ၏ အသီးများ၊ အကိုင်းအခက်များ၊ အပွင့်များနှင့် အရွက်များတွင် မရှိတော့သည်ကို ကျွန်တော်တွေ့လိုက်ရသည်။ ကျွန်တော် အလွန် စိတ်လှုပ်ရှားသွားသည်။ တိုတောင်းသော ရက်အနည်းငယ်တွင်ပင် ပင့်ကူများက ပိုးမွှားများအားလုံးအား စားပစ်မည်ဟု ကျွန်တော် မည်သည့်အခါတွင်မျှ စိတ်မကူးမိခဲ့ဖူးပါ။ ဘုရားသခင်သည် အမှန်တကယ် အနန္တတန်ခိုး ရှိပါသည်။ ကျွန်တော့်မျက်စိဖြင့် မမြင်ခဲ့ရပါက၊ တကယ်ဖြစ်ခဲ့သည်ကို ကျွန်တော် ယုံကြည်ခဲ့မည်မဟုတ်ပါ။ ဘုရားသခင်အတွက် ကျေးဇူးတင်ရှိခြင်းနှင့် ချီးမွမ်းခြင်းတို့ဖြင့် ကျွန်တော် ပြည့်သွားခဲ့သည်။ မယုံကြည်သူများက ဘုရားသခင်၏ အုပ်စိုးမှုနှင့် ဩဇာအာဏာကို နားမလည်ကြပါ။ သူတို့သည် ကပ်ဘေးများကို လေ့လာရန်နှင့် ရှောင်ရှားရန် သိပ္ပံကိုသာ ယုံကြည်ကာ အားထားခဲ့ကြသော်လည်း၊ ထိုအရာများကို ကျွန်တော် အပြည့်အဝ နားမလည်နိုင်ကြပါ။ သူတို့အနေဖြင့် ကပ်ဘေးများ ရင်ဆိုင်ရာတွင် အားထားစရာ မည်သည့်အရာမျှမရှိ၊ ကူရာမဲ့ကြသည်၊ ထို့ကြောင့် သူတို့၏ သီးနှံဖြစ်ထွန်းမှုများက များစွာ ထိခိုက်လေသည်။ သို့သော် ဘုရားသခင်ကို ကျိုးနွံနာခံကာ မှီခိုအားထားဖို့ လိုလားလျက်၊ ကျွန်တော် ဘုရားသခင်ထံသို့ လှည့်ခဲ့ချိန်တွင်၊ သူသည် ပိုးကျခြင်းကို အလွယ်တကူ ဖြေရှင်းရင်း၊ ဤသာမည ပင့်ကူလေးများကို ပိုးကောင်းများအားလုံးအား စားသုံးဖို့ အသုံးပြုခဲ့သည်။ ဘုရားသခင်က အရာရာတိုင်းကို အုပ်စိုးပြီး အရာခပ်သိမ်းကို ရွေ့လျားစေသည်ကို ဤအရာက ကျွန်တော့်ကို တကယ်ပြသခဲ့သည်။ သူသည် အလွန် ဉာဏ်ပညာနှင့် အနန္တတန်ခိုးရှိပါသည်။ ခရမ်းချဉ်သီးများ မှည့်ချိန်ရောက်သည့်အခါ၊ ပိုးကျထားခြင်းကြောင့် ဆိုးရွားသည့် ရိတ်သိမ်းခြင်း ဖြစ်မည်ဟု ကျွန်တော် တွေးခဲ့သော်လည်း၊ အံ့ဩစရာကောင်းစွာ အားရလောက်အောင် သီးနှံအထွက် ထူးထူးကဲကဲများခဲ့ပါသည်။ ဘုရားသခင်သည် အံ့ဩဖွယ် နည်းလမ်းများဖြင့် အမှုပြုပါသည်။ ယင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ပြောထားသည့်အတိုင်းသာ ဖြစ်သည်- “သူ၏ လုပ်ဆောင်ချက်များသည် နေရာတိုင်းတွင်ရှိ၏၊ သူ၏တန်ခိုးသည် နေရာတိုင်းတွင် ရှိ၏၊ သူ၏ ဉာဏ်ပညာသည် နေရာတိုင်းတွင်ရှိပြီး၊ သူ၏ ဩဇာအာဏာသည် နေရာတိုင်းတွင်ရှိ၏။ ဤနိယာမနှင့် စည်းမျဉ်းအသီးသီးသည် သူ၏ လုပ်ဆောင်ချက်များ၏ ပြယုဂ်ဖြစ်ပြီး အသီးသီးသည် သူ၏ဉာဏ်ပညာနှင့် တန်ခိုးတို့ကို ထုတ်ဖော်ပြသသည်။ အဘယ်သူသည် သူ၏ အချုပ်အခြာအာဏာမှ ကင်းလွတ်နိုင်သနည်း။ ပြီးလျှင် သူ၏ အကြံအစည်များမှ အဘယ်သူသည် မိမိကိုယ်ကိုယ် ထုတ်ပစ်နိုင်သနည်း။ သူ၏အကြည့်အောက်တွင် အရာခပ်သိမ်းတည်ရှိပြီး၊ ထို့အပြင် အရာခပ်သိမ်းသည် သူ၏ အချုပ်အခြာအာဏာ အောက်တွင် အသက်ရှင်လေသည်။ သူ၏ လုပ်ဆောင်ချက်များနှင့် တန်ခိုးတို့က လူသားမျိုးနွယ်အား သူသည် အမှန်တကယ် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည်ကို အသိအမှတ်ပြုရုံကလွဲ၍ အခြား ရွေးချယ်စရာမရှိဘဲ ဖြစ်ရစ်စေလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်) ဘုရားသခင်၏ ဩဇာအာဏာနှင့် ဉာဏ်ပညာသည် နေရာတိုင်း၌ ရှိသည်ကို ဤအရာမှတစ်ဆင့် ကျွန်တော်တကယ် ကြုံတွေ့ခဲ့ရသည်။ ရာသီဥတု၊ နေနှင့် မိုးများကို ဘုရားသခင် အုပ်စိုးပြီး၊ ထိုအတူ အင်းဆက်ပိုးမွှားမျိုးစုံကိုလည်း အုပ်စိုးပါသည်။ မည်သည့် ဖန်ဆင်းခံသတ္တဝါကမျှ ထိုအရာတစ်ခုကိုမျှ မထိန်းချုပ်နိုင်ပါ။ ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် အရာခပ်သိမ်းကို စီမံခန့်ခွဲခြင်းထဲက အသေးစိတ် အချက်အလက်တိုင်းတွင်၊ ဘုရားသခင်၏ အတုမရှိသော ဩဇာအာဏာကို ကျွန်တော်တို့ တကယ်မြင်နိုင်ပါသည်။ သူသည် အလွန်ဉာဏ်ပညာရှိကာ အနန္တတန်ခိုးနှင့် ပြည့်စုံပါသည်။ အနာဂတ်တွင် မည်သည့်အရာဖြစ်ပါစေ ဘုရားသခင်ပေါ် ကျွန်တော် အားကိုးရမည်ဖြစ်ပြီး သူ၏ လုပ်ဆောင်ချက်များကို နားလည်ဖို့ ပိုကောင်းသည်ဟု ကျွန်မ မိမိဘာသာ တွေးမိခဲ့သည်။

နှစ်လကြာပြီးနောက် ကျွန်တော်တို့ ကြက်မောက်ပန်းပင်တစ်သုတ် စိုက်ခဲ့ပြီး၊ နောက်နှစ်ပတ်ကြာသည့်နောက်တွင် စိုက်ခင်းက စိမ်းစိမ်းစိုစိုဖြစ်လာခဲ့သည်။ ကောင်းကောင်း ရိတ်သိမ်းရမည်ဟု ကျွန်တော် တွက်ဆမိခဲ့သည်။ သို့သော် တစ်မနက်တွင်၊ ကျွန်တော့်အမျိုးသမီးက အပင်များပေါ်တွင် ပိုးဖလံ ပိုးလောက်လမ်းများရှိသည်ဟု ပြောခဲ့ပြီး၊ ထိုအရာကို ဖြေရှင်းဖို့ ကျွန်တော့်ကို တောင်းဆိုခဲ့သည်။ ဤအရာကို ကြားရခြင်းက ကျွန်တော့်ကို ထိတ်လန့်စေခဲ့သည်။ ထိုပိုးလောက်လမ်းများက တကယ်ကို ဖျတ်လတ်ပြီး လက်ဖြင့် ဖမ်းရခက်ကာ အလျင်အမြန် မျိုးပွားလေသည်။ သူတို့က တစ်ရက် နှစ်ရက်အတွင်းတွင်ပင် အကောင်ကြီးသွားသည်။ ထိုအကောင်များသည် ယခင်က ကျွန်တော်တို့ စိုက်ခဲ့ပြီးဖြစ်သည့် ဖရဲသီးအချို့အပေါ် ပေါက်ဖွားလာကြပြီး၊ နည်းလမ်းများစွာ ကျွန်တော် စမ်းကြည့်ခဲ့သော်လည်း မည်သည့်အရာမျှ အလုပ်မဖြစ်ခဲ့ပါ။ ထိုအကောင်များက ကျွန်တော်တို့၏ အသီးအနှံများကို နှစ်ရက်လောက်အတွင်းတွင်ပင် အကုန်စားသွားပြီး ကျွန်တော်တို့၏ ရှင်သန်နေသည့် ပျိုးဥယျာဉ်က မြေရိုင်းတစ်ခု ဖြစ်သွားခဲ့သည်။ ကျွန်တော်တို့၏ ကြက်မောက်ပန်းပင်များအားလုံး နှစ်ရက်အတွင် စားသွားမည်လားဟု တွေးရင်း၊ ကျွန်တော်နည်းနည်းစိတ်ပူလာခဲ့သည်။ မည်သည့်အရာ လုပ်ဆောင်ရမည်ကို ကျွန်တော် မသိခဲ့ပါ။ ဘုရားသခင်ကို ကျွန်တော် အလျင်အမြန်ဆုတောင်းခဲ့ပြီး၊ သူ၏ အလိုတော်ကိုနားလည်ဖို့ ကျွန်တော့်ကို လမ်းပြရန် တောင်းလျှောက်ခဲ့သည်။

နောက်ပိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ဤအရာကို ကျွန်တော် ဖတ်ခဲ့ရသည်- “ယောဘသည် ဘုရားသခင်ကို မမြင်နိုင်စဉ်တွင် သို့မဟုတ် ဘုရားသခင်၏ စကားများကို မကြားနိုင်စဉ်တွင် ဤအရာများကို ပိုင်ဆိုင်ပြီး လိုက်စားခဲ့သည်။ သူသည် ဘုရားသခင်ကို တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဖူးသော်လည်း၊ အရာခပ်သိမ်းအပေါ် ဘုရားသခင် အုပ်စိုးသော နည်းလမ်းများကို သူသိလာခဲ့ပြီးဖြစ်ကာ ထိုသို့ ဘုရားသခင်ပြုသော ဉာဏ်ပညာကို နားလည်ခဲ့သည်။ ယောဘသည် ဘုရားသခင် ပြောဆိုသော စကားများကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ဖူးသော်လည်း၊ သူသည် လူကို ဆုချီးမြှင့်ခြင်းနှင့် လူသားထံမှ ယူဆောင်သွားခြင်း လုပ်ဆောင်ချက် အားလုံးက ဘုရားသခင်ထံမှ လာသည်ကို သိခဲ့သည်။ သူ၏ အသက်တာ နှစ်များမှာ အခြားသော မည်သည့် သာမန်လူမဆို၏ နှစ်များနှင့် မကွာခြားခဲ့သော်လည်း၊ သူ၏ အသက်တာ သာမည ဖြစ်ခြင်းကို အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့် ပတ်သက်သည့် သူ၏အသိပညာကို ထိခိုက်ဖို့ သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးနောက် သူ၏လိုက်လျှောက်ခြင်းအပေါ် ထိခိုက်စေရန် သူအခွင့်မပေးခဲ့ပေ။ သူ၏အမြင်တွင်၊ အရာခပ်သိမ်း၏ နိယာမများသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များဖြင့် ပြည့်လျက်ရှိပြီး၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို လူတစ်ဦး အသက်တာ၏ မည်သည့် အစိတ်အပိုင်း၌မဆို မြင်၍ရနိုင်ခဲ့သည်။ သူသည် ဘုရားသခင်ကို မြင်ခဲ့ဖူးခြင်း မရှိသော်လည်း၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် နေရာတကာ၌ ရှိသည်ကို သူသဘောပေါက်နိုင်ခဲ့ပြီး၊ ကမ္ဘာမြေကြီးပေါ်၌ သူ၏ သာမည အချိန်ကာလအတောအတွင်း၊ သူ၏ အသက်တာ၏ နေရာတိုင်းတွင် ဘုရားသခင်၏ သာမန်ထက် လွန်ကဲပြီး အံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်များကို သူ မြင်နိုင်ခဲ့သကဲ့သို့ သဘောပေါက်နိုင်ခဲ့ပြီး၊ ဘုရားသခင်၏ အံ့သြဖွယ်ကောင်းသော အစီအစဉ်များကို မြင်နိုင်ခဲ့သည်။ ဘုရားသခင်၏ ကွယ်ဝှက်ခြင်းနှင့် နှုတ်ဆိတ်ခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များအပေါ် ယောဘ၏ နားလည်သဘောပေါက်ခြင်းအား မတားဆီးခဲ့သကဲ့သို့၊ ယင်းတို့သည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့် သူ၏ အသိပညာကို မထိခိုက်ခဲ့ပေ။ သူ၏ နေ့စဉ် အသက်တာ ကာလတစ်လျှောက်လုံးတွင် သူ၏ ဘဝသည် ခပ်သိမ်းသောအရာတို့၏ အလယ်၌ ကွယ်ဝှက်နေသော ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သဘောပေါက်မိခြင်း ဖြစ်ခဲ့ပေသည်။ သူ၏ နေ့စဉ် အသက်တာထဲတွင် အရာခပ်သိမ်း အလယ်၌ နှုတ်ဆိတ်နေသော်လည်း၊ အရာခပ်သိမ်း၏ ဥပဒေသများကို စိုးမိုးခြင်းဖြင့် သူ၏ စိတ်နှလုံး သဘောထားနှင့် သူ၏ နှုတ်ကပတ်တော်များကို ဖော်ပြသော ဘုရားသခင်၏ စိတ်နှလုံး သဘောထားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း ကြားပြီး နားလည်ခဲ့သည်။ ထိုအခါတွင် အကယ်၍ လူတို့သည် ယောဘကဲ့သို့ အလားတူ လူ့သဘာဝနှင့် လိုက်စားမှုရှိပါက၊ ယောဘကဲ့သို့ အလားတူ သဘောပေါက်ခြင်းနှင့် အသိပညာကို ရရှိနိုင်ပြီး၊ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့်သက်ဆိုင်သည့် အလားတူ သိနားလည်မှုနှင့် အသိပညာတို့ကို ယောဘကဲ့သို့ ရရှိနိုင်သည်ကို သင်တို့ မြင်ရပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ယောဘသည် သူ၏ နေ့စဉ်အသက်တာ၌ ဘုရားသခင်၏ ဩဇာအာဏာကိုနားလည်ခြင်း၊ ဘုရားသခင်၏ အုပ်စိုးမှခြင်းနှင့် အနန္တတန်ခိုးတို့ကို တွေ့ကြုံခံစားခြင်းအပေါ် အာရုံစိုက်ခဲ့သည်ကို ဘုရားသခင်၏ နှုတ်ပကတ်တော်များတွင် ကျွန်တော် တွေ့ခဲ့ရသည်။ ဤအရာမှတစ်ဆင့် အရာရာ ဘုရားသခင်ထံမှလာပြီး အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်၏ ကံကြမ္မာကို ဘုရားသခင်အုပ်စိုးကာ ထိန်းချုပ်သည်ကို သူတွေ့ခဲ့ရသည်။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် အုပ်စိုးမှုတို့ကြောင့် ထိုကြွယ်ဝချမ်းသာမှုအားလုံး သူ ရှိခဲ့ပြီး၊ သူ၏ ကိုယ်ပိုင် အလုပ်ကြိုးစားမှုမှ လာခဲ့ခြင်းမဟုတ်သည်ကို ယောဘက သံသယမရှိဘဲ သိခဲ့သည်။ သူ၏ ကြွယ်ဝချမ်းသာမှု ယူဆောင်သွားခြင်းခံခဲ့ရချိန်တွင်၊ ယင်းမှာ ဘုရားသခင်၏ ခွင့်ပြုချက်နှင့် လုံးဝ ဖြစ်ခဲ့သည်ကိုလည်း သူယုံကြည်ခဲ့သည်။ ပေးထားသည့်အရာနှင့် ယူဆောင်သွားခြင်းခံရသည့်အရာတို့ကို ဘုရားသခင် အုပ်စိုးပြီး ဆုံးဖြတ်ပါသည်။ ယင်းမှာ သူသည် စောဒကမတက်ခဲ့ဘဲ ဘုရားသခင်ကို ချီးမွမ်းခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ သို့သော် ခက်ခဲသည့် အရာတစ်ခုခု သို့မဟုတ် ကျွန်တော် မနှစ်သက်ခဲ့သည့်အရာတစ်ခုခု ဖြစ်ပျက်ခဲ့ချိန်တွင်၊ ထိုအရာကို ကျွန်တော် လက်ခံကာ ဘုရားသခင်ကို ကျိုးနွံမနာခံနိုင်ခဲ့ပါ။ ဘုရားသခင်သည် ကျွန်တော့်နှလုံးသားထဲတွင် နေရာမရှိခဲ့သကဲ့သို့ ကျွန်တော် ယုံကြည်ခြင်း ကင်းမဲ့နေခဲ့သည်ကို ကျွန်တော် မြင်ခဲ့ရသည်။ ဤအတွေးက ကျွန်တော့်ကို အရှက်ရစေရစ်ခဲ့ပြီး၊ ဘုရားသခင်က ဤအရာအားလုံး ဖြစ်ပျက်ခွင့်ပြုနေခဲ့သည်ကို ကျွန်တော် နားလည်ခဲ့သည်။ ဘုရားသခင်သည် သူ၏ အနန္တတန်ခိုးနှင့် အုပ်စိုးမှုတို့ကို ကျွန်တော့်အား သိစေချင်ခဲ့ပြီး ကျွန်တော့်၏ နေ့စဉ်အသက်တာတွင် သူ့ကို အမှန်တကယ် ကျိုးနွံနာခံစေချင်ခဲ့သည်။ ပိုးမွှားများကို ကျွန်တော်တို့ ရှင်းနိုင်ခြင်းရှိမရှိနှင့် ကြက်မောက်ပန်းပင်များ ကောင်းကောင်း ဖြစ်ထွန်းခြင်း ရှိမရှိဆိုသည်တို့မှာ ဘုရားသခင်၏ လက်ထဲတွင်သာ ရှိသည်။ “စိုက်ပျိုးထွန်ယက်မှုက လူသားနဲ့ဆိုင်ပြီး သီးပွင့်မှုကတော့ ကောင်းကင်ဘုံနဲ့ဆိုင်ပါတယ်။” ဟူသည့် ဆိုးရိုးစကားဟောင်းကဲ့သို့သာ ဖြစ်သည်။ ကျွန်တော့်အနေဖြင့် အမှုအရာများအား သူတို့ဘာသာသူတို့ ဖြစ်ခွင့်ပေးသင့်သည်၊ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေဖို့နှင့် သူ၏ စီမံခန့်ခွဲမှုများကို ကျိုးနွံနာခံဖို့ သင်ယူသင့်သည်ကို ကျွန်တော် သိခဲ့သည်။ ထိုသို့ တွေးရာတွင် ကျွန်တော် များစွာ စိတ်သက်သာရာရခဲ့ပြီး၊ ဘုရားသခင်ထံ၊ “အဖဘုရားသခင် အရှင့်ရဲ့လက်ထဲမှာ ကြက်မောက်ပန်းပင်တွေအများကြီးဖြစ်ထွန်းမယ်လို့ ကျွန်တော်ယုံကြည်ပါတယ် ကျွန်တော့်ရဲ့ အစီအစဉ်တွေ၊ စိုးရိမ်မှုတွေကို လွှတ်ချလိုက်ပါတော့မယ်။ ဒီပတ်ဝန်းကျင်မှာ အရှင့်ရဲ့နှုတ်ကပတ်တော်တွေကို ကြုံတွေ့ခံစားပြီး အရှင့်ကိုနာခံပါ့မယ်”ဟု တိတ်ဆိတ်စွာ ဆုတောင်းခဲ့သည်။ ထို့နောက်တွင် ပိုးလောက်လမ်းများကို ရှင်းဖို့ ကိစ္စအချို့ကို ကျွန်တော်တို့ စမ်းလုပ်ကြည့်ခဲ့သော်လည်း မည်သည့်အရာမျှ အလုပ်မဖြစ်ခဲ့ပါ။ သို့သော် ကျွန်တော် စိတ်ငြိမ်ခဲ့သည်။ ထိုအရာက ဘုရားသခင်၏ လက်ထဲတွင်သာ ရှိပြီး၊ ကောင်းမွန်သော ရိတ်သိမ်းခြင်းတစ်ခု ကျွန်တော်တို့ မရခဲ့လျင်ပင်၊ ယင်းမှာ ဘုရားသခင်၏ အလိုတော် ဖြစ်မည်ကို ကျွန်တော် သိခဲ့သည်။ သူ စီစဉ်ထားခဲ့ပြီးသည့်အရာကို ကျွန်တော် ကျိုးနွံနာခံခဲ့သည်။ နှစ်ရက်ကြာပြီးသည့်နောက် ကျွန်တော် ဟင်းသီးဟင်းရွက် စိုက်ခင်းထဲ သွားကြည့်ရာတွင် စာကလေးအုပ်များက ကြက်မောက်ပန်းပင်များပေါ်က ပိုးကောင်များ စားနေကြသည်ကို တွေ့ခဲ့ရသည်။ ဘုရားသခင်က ကျွန်တော့်အတွက် နောက်ထပ် လမ်းကြောင်းတစ်ခု တစ်ဖန် ဖွင့်ပေးနေခဲ့ပြီး၊ ကျွန်တော် မိမိဘာသာ မဖြေရှင်းနိုင်ခဲ့သည့် ပြဿနာကို ဖြေးရှင်းပေးနေသည်ကို မြင်ရသည်တွင် ကျွန်တော် အံ့အားသင့်သွားခဲ့ရသည်။ ဘုရားသခင်ကို ကျွန်တော် အလွန်ကျေးဇူးတင်မိပါသည်။ နောက်ထပ် နှစ်ရက်ကြာပြီးနောက်တွင်၊ ပိုးလောက်လမ်းများအားလုံးကို စာကလေးများက အကုန်စားခဲ့ကြပြီး ဖြစ်သည်။ ကျွန်တော်တို့ အရမ်းပျော်ပြီး ဘုရားသခင်ကို ထပ်ခါထပ်ခါ ကျေးဇူးတင်ကာ ချီးမွမ်းခဲ့ကြသည်။ ဘုရားသခင်သည် အမှန်တကယ် အနန္တတန်ခိုး ရှိပါသည်။

နောက်ပိုင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဤအရာကို ကျွန်တော် ဖတ်ခဲ့ရသည်- “ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန်တွင် ယင်းတို့ကို ဟန်ချက်ညီစေရန်၊ တောင်များနှင့် အင်းအိုင်များ၊ အပင်များနှင့် တိရစ္ဆာန်မျိုးစုံ၊ ငှက်များနှင့် ပိုးမွှားများ၏ အသက်ရှင်သန်မှု အခြေအနေများကို ဟန်ချက်ညီစေရန် နည်းစနစ် မျိုးစုံကို အသုံးပြုခဲ့သည်။ သူ၏ ရည်မှန်းချက် ပန်းတိုင်မှာ သူထူထောင်ခဲ့သည့် နိယာမများအောက်တွင် သက်ရှိသတ္တဝါ မျိုးစုံကို ရှင်သန်နေထိုင်ပြီး ပွားများခွင့်ပေးရန် ဖြစ်သည်။ ဖန်ဆင်းခြင်း အရာများထဲမှ မည်သည့်အရာမျှ ဤနိယာမများ၏ အပြင်ဘက်သို့ သွား၍ မရနိုင်သကဲ့သို့၊ ဤနိယာမများကို ချိုးဖောက်၍ မရနိုင်ပေ။ ဤအခြေခံ ပတ်ဝန်းကျင် အမျိုးအစား အတွင်းတွင်သာ လူသားများသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဘေးကင်းစွာနှင့် ပွားများစွာ ရှင်သန်နိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)) ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန်တွင်၊ ဘုရားသခင် ဆုံးဖြတ်ထားပြီးဖြစ်သည့်အတိုင်း အချင်းချင်း ထောက်ပံ့ပေးရင်းနှင့် ထိန်းချုပ်ရင်း၊ သူ၏ အုပ်စိုးမှုအောက်တွင် သက်ရှိအရာတိုင်းက အလွန်စနစ်ကျသော နည်းလမ်းတစ်ခုဖြင့် ရှင်သန်ကာ မျိုးပွားကြဖို့အလို့ငှာ ဘုရားသခင်သည် သူတို့၏ ရှင်သန်နေထိုင်မှု အခြေအနေများကို နည်းလမ်းမျိုးစုံဖြင့် ဟန်ချက်ညီစေခဲ့သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်တော် သိခဲ့ရသည်။ ဘုရားသခင် ပြုလုပ်ထားပြီးဖြစ်သည့် ဤစည်းမျဉ်းများကို မည်သည့်အရာကမျှ ဆန့်ကျင်၍မရနိုင်ပါ။ ဘုရားသခင်သည် ကျွန်တော်တို့၏ ရှင်သန်သည့် ပတ်ဝန်းကျင်ကို ကာကွယ်ရန်နှင့် တည်ငြိမ်မှု ပေးဖို့ ဂေဟစနစ်ဆိုင်ရာ ဟန်ချက်ညီမျှမှုအတွက် တိရိစ္ဆာန်များ၊ အပင်များနှင့် ပိုးမွှားများအားလုံးကို ဖန်ဆင်းခဲ့သည်။ ဘုရားသခင်၏ ဤအစီအမံများမရှိဘဲနှင့်၊ သူချမှတ်သည့် စည်းမျဉ်းများမရှိဘဲနှင့်၊ တိရိစ္ဆာန်များနှင့် အင်းဆက်များသည် ပရမ်းပတာအခြေအနေသို့ ကျဆင်းသွားမည်ဖြစ်ပြီး၊ ယင်းက ကျွန်တော်တို့၏ ဘဝများကို ပရမ်းပတာအခြေအနေထဲသို့ လွင့်စဉ်သွားစေမည်ဖြစ်သည်။ ကျွန်တော်တို့ ရှင်သန်နိုင်မည် မဟုတ်ပါ။ ဘုရားသခင်၏ ဆင်ခြင်သုံးသပ်မှုများသည် စေ့စပ်သေချာလှပါတယ်။ အရာခပ်သိမ်းက သူ၏ ကြီးမြတ်သော တန်ခိုး၊ ဉာဏ်ပညာ၊ အံ့ဩဖွယ်ကောင်းမှုများနှင့် လူသားမျိုးနွယ်အတွက် သူ၏ ချစ်ခြင်းမေတ္တာကို သာ၍ပင် ထုတ်ဖော်ပြပါသည်။ ကျွန်တော်တို့မြင်ခဲ့ရသည့်အတိုင်း၊ ကျွန်တော်တို့၏ သီးနှံများအပေါ်ကျခဲ့သည့် ပိုးမွှားများအဖို့ ဖြေရှင်းချက် မရှိခဲ့သော်လည်း၊ ဘုရားသခင်က ထိုပိုးမွှားများကို စားဖို့ စာကလေးများနှင့် ပင့်ကူများကို အသုံးပြုခဲ့သောကြောင့် ကျွန်တော်တို့အတွက် ဘုရားသခင် ထောက်ပံ့ပေးသည့် အစားအစာများကို ကျွန်တော်တို့ မွေ့လျော်ခံစားနိုင်ခဲ့ကြသည်။ ဘုရားသခင်အားဖြင့် ဖန်ဆင်းထားသည့် အရာရာတိုင်းတွင် ရည်ရွယ်ချက်များရှိပါသည်၊ သာမည ပင့်ကူများနှင့် စာကလေးများပင် မိမိတို့၏ ကိုယ်ပိုင် စေခိုင်းချက် ရှိကြသည်။ ဘုရားသခင်သည် ပတ်ဝန်းကျင်ကို ဟန်ချက်ညီစေဖို့ သူတို့ကို အသုံးပြုခဲ့သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို အပြန်အလှန်ဆက်နွယ်နေစေသည်။ ယင်းမှာ ကျွန်တော်တို့ သာ၍ ကောင်းစွာ အသက်ရှင်နိုင်ကြဖို့သာ ဖြစ်သည်။ နောက်ပိုင်းတွင်၊ ကျွန်တော်တို့စိုက်ခဲ့သည် အခြားဟင်းသီးဟင်းရွက်များပေါ်တွင် ပိုးအမည်းရောင်လေးများနှင့် ပိုးနံကောင်လေးများပေါ်လာခဲ့သည်။ ဘုရားသခင်ထံ ကျွန်တော် ဆုတောင်းခဲ့ပြီးနောက်၊ ထိုပိုးကောင်များ၏ သဘာဝရန်သူဖြစ်သည့် ဖားပြုပ်ကိုသွားစဉ်းစားမိခဲ့သည်။ စိုက်ခင်းထဲသို့ ဖားပြုပ်ငါးကောင်ကို ကျွန်တော်တို့ လွှတ်ပေးခဲ့ပြီး၊ နှစ်လအတွင်းတွင်ပင် အကောင်သုံးဆယ်အဖြစ်သို့ တိုးပွားခဲ့ကြသည်။ ပိုးကောင်များ နည်းသထက် နည်းသွားပြီး ကျွန်တော်တို့ သီးနှံအထွက် ကောင်းခဲ့သည်။ ဤအရာအတွက် ဘုရားသခင်ကို ကျွန်တော် အလွန် ကျေးဇူးတင်မိပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် စဉ်းစားမိခဲ့သည်- “‘ဘုရားသခင်၏ သြဇာအာဏာ’ ဆိုသည့် စကားရပ်သည် ဉာဏ်မမှီနိုင်ဟု ထင်ရသော်လည်း ဘုရားသခင်၏ သြဇာအာဏာသည် စိတ်ကူးသက်သက် လုံးဝ မဟုတ်ပေ။ ဘုရားသခင်သည် နေ့စဉ် သူ့ကိုဦးဆောင်ပေးလျက် လူသားဘဝ၏ မိနစ်တိုင်းတွင် သူနှင့်အတူရှိနေ၏။ ထို့အတွက်ကြောင့် တကယ့် ဘဝတွင် လူတိုင်းသည် ဘုရားသခင့် သြဇာအာဏာ၏ လက်ဆုပ်လက်ကိုင် ပြ၍အရနိုင်ဆုံးသော လက္ခဏာသွင်ပြင်ကို သေချာပေါက် မြင်ပြီး တွေ့ကြုံရပေလိမ့်မည်။ ဤလက်ဆုပ်လက်ကိုင် ပြ၍ရနိုင်သော လက္ခဏာသွင်ပြင်သည် ဘုရားသခင်၏ သြဇာအာဏာ အမှန်တကယ် တည်ရှိကြောင်း လုံလောက်သည့် သက်သေဖြစ်ပြီး၊ ဘုရားသခင်က ထိုသို့သော သြဇာအာဏာအား ပိုင်ဆိုင်သည်ကို အပြည့်အဝ သိမြင်ပြီး နားလည်သဘောပေါက်ခွင့်ပေးလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားသခင်၏ ဩဇာအာဏာကိုနားလည်ဖို့ ကြီးမားသော အဖြစ်အပျက်များကို ကျွန်တော် ဖြတ်သန်းရမည်ဟု ထင်လေ့ရှိခဲ့သည်၊ ထို့ကြောင့် နေ့စဉ်ဘဝထဲက သေးငယ်သည့် ကိစ္စရပ်များမှတစ်ဆင့် ထိုအရာကို တွေ့ကြုံခြင်းအား ကျွန်တော် အာရုံမစိုက်မိခဲ့ပါ။ ထို့နောက်တွင်၊ ဘုရားသခင်၏ ဩဇာအာဏာမှာ ကျွန်တော် တွေးခဲ့သလောက် နားလည်ရန် မခက်သကဲ့သို့၊ သူ၏ ဩဇာအာဏာနှင့် တန်ခိုးသည် အမြဲထင်ရှားပေါ်လွင်ကာ ထိုအရာများက ကျွန်တော်တို့၏ နေ့စဉ်ဘဝများ၌ ကျွန်တော်တို့နှင့်အတူ ရှိနေသည်ကို တွေ့မြင်ခဲ့ရသည်။ ထိုအရာက သေးသည့်အရာတစ်ခုခုဖြစ်စေ ကြီးသည့်အရာတစ်ခုခုဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ခြင်းအပေါ် ကျွန်တော်တို့ အာရုံစိုက်ထားသရွေ့ သူ၏ ဩဇာအာဏာကို ကျွန်တော်တို့ မြင်ရလိမ့်မည် ဖြစ်သည်။

ထိုပိုးကျခြင်းဖြင့် ကျွန်တော် ရင်ဆိုင်ခဲ့ရသည့် လအနည်းငယ်အတောအတွင်းတွင်၊ အစ၌ ကျွန်တော့်၏ အတွေ့အကြုံနှင့် သိပ္ပံဗဟုသုတအပေါ် မှီခိုရန်သာ ကျွန်တော် သိခဲ့သော်လည်း၊ ယင်းက ဘာမျှ မထူးခြားခဲ့ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် ကျိုးနွံနာခံပြီး တွေ့ကြုံခံစားခဲ့ချိန်တွင်၊ သူ၏ လုပ်ဆောင်ချက်များကို မြင်တွေ့ခဲ့ရပြီး၊ ဘုရားသခင်၏ ဩဇာအာဏာနှင့် အချုပ်အခြာအာဏာတို့နှင့် သက်ဆိုင်သော လက်တွေ့ကျသည့် သိနားလည်မှုတစ်ခုကို ကျွန်တော် ရရှိခဲ့သည်။ ဘုရားသခင်၌ ကျွန်တော့်၏ ယုံကြည်ခြင်းလည်း တိုးပွားခဲ့သည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဖို့ မည်သည့်အရာက ကျွန်မကို ပိတ်ပင်ခဲ့သနည်း

စုအိုက် အီတလီနိုင်ငံ ညီမက ဂရတ်ဖစ်ဒီဇိုင်းအလုပ်လုပ်ဖို့ အသင်းတော်က တခြားလူတချို့နဲ့ တွဲရတယ်။ တစ်နေ့တော့ ခေါင်းဆောင်က ညီမကို ပြောတယ်။...

ရိုးသားသောတင်ပြချက်တစ်ခု၏ အသီးအပွင့်

ကျောက်မင် တရုတ်နိုင်ငံ ၂၀၁၁ ခုနှစ် ဧပြီလက နိုင်ငံ၏အခြားဒေသတစ်ခုက အသင်းတော် တစ်ခုက ခေါင်းဆောင်ဖြစ်သည့် ယောင်လန်းနေရာကို ကျွန်မအစား ဝင်ရသည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။