စည်းမျဉ်းမပါဘဲနှင့် တာဝန်တစ်ခု အကျိုးမဖြစ်ထွန်းနိုင်
ရှူချင်း တရုတ်နိုင်ငံ မနှစ်တုန်းက ဖေဖော်ဝါရီလမှာ ကျွန်တော်က အသင်းတော်တစ်ခုဆီကို ခေါင်းဆောင်အဖြစ် ရွှေ့ပြောင်းရတယ်။ အဲဒီအသင်းတော်မှာရှိတဲ့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ခုတစ်လောမှာ လူသစ်တွေရဲ့ အတွေ့အကြုံ သက်သေခံချက် ဗီဒီယိုတချို့ကို ကျွန်မ မြင်ပြီး အရမ်းတို့ထိခံခဲ့ရတယ်။ နှစ်နှစ်၊ သုံးနှစ်ကြာ ယုံကြည်ပေမဲ့၊ သူတို့အတွေ့အကြုံတွေနဲ့ သက်သေခံချက်တွေကို မျှဝေနိုင်ကြတယ်။ ကျွန်မ တော်တော်လေး ရှက်မိတယ်။ ပြီးတော့ နှစ်တွေအများကြီး ယုံကြည်ခဲ့ပေမဲ့ ဘုရားကို သက်သေမခံနိုင်ခဲ့တဲ့ အကြောင်းရင်းအပေါ် စပြီး သုံးသပ်မိတယ်။ တစ်နေ့မှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို အမှတ်တမဲ့တွေ့မိတယ်။ “သင်တို့ တွေ့ကြုံကာ မြင်ပြီးသည့်အရာသည် ခေတ်များအားလုံးမှ သန့်ရှင်းသူများနှင့် ပရောဖက်များထက် သာလွန်သော်လည်း၊ အတိတ်ကာလများ၏ ဤသန့်ရှင်းသူများနှင့် ပရောဖက်များ၏ စကားများထက် သာ၍ ကြီးမြတ်သော သက်သေခံချက်ကို သင်တို့ ပေးနိုင်ပါသလော။ ယခု သင်တို့အပေါ် ငါ အပ်နှင်းသည့်အရာသည် မောရှေထက် သာလွန်ပြီး ဒါဝိဒ်ကို ညှိုးမှိန်သွားစေသည်၊ ထို့ကြောင့် အလားတူ သင်တို့၏ သက်သေခံချက်သည် မောရှေ၏ သက်သေခံချက်ထက် သာလွန်ရန်နှင့် သင်တို့၏စကားများသည် ဒါဝိဒ်ထက် ကြီးမြတ်ရန် ငါတောင်းဆို၏။ ငါသည် သင်တို့ကို အဆတစ်ရာပေး၏- ထို့ကြောင့် ထိုနည်းတူ ငါ့ကိုလည်း သင်တို့ သာတူညီမျှ ပြန်ပေးရန် ငါတောင်းဆို၏။ ငါသည် လူသားမျိုးနွယ်ထံ အသက် ပေးသူဖြစ်ပြီး၊ ငါ့ထံမှ အသက်ကို ရရှိပြီး ငါ့အတွက် သက်သေခံရမည့်သူမှာ သင်တို့ ဖြစ်သည်ကို သင်တို့သိရမည်။ ဤသည်မှာ သင်တို့အပေါ် ငါ ချမှတ်ပြီး ငါ့အတွက် သင်တို့ လုပ်ပေးသင့်သည့် သင်တို့၏ တာဝန် ဖြစ်သည်။ ငါ၏ ဘုန်းအသရေ အားလုံးကို သင်တို့အား ငါ အပ်နှင်းပြီးဖြစ်သည်၊ ရွေးချယ်ခံရသူများ၊ ဣသရေလအမျိုးတို့ မည်သည့်အခါမျှ မရခဲ့ဖူးသည့် အသက်ကို သင်တို့အား အပ်နှင်းပြီး ဖြစ်သည်။ တရားသဖြင့်ဆိုလျှင်၊ သင်တို့သည် ငါ့အဖို့ သက်သေခံသင့်ပြီး၊ သင်တို့၏ ပျိုရွယ်မှုကို ငါ့ထံ ဆက်ကပ်ကာ သင်တို့အသက်ကို စွန့်သင့်သည်။ ငါ၏ဘုန်းအသရေကို ပေးခံရသော သူ မည်သူမဆိုသည် ငါ၏ သက်သေခံရမည် ဖြစ်ပြီး ငါ့အတွက် ၎င်းတို့၏ အသက်ပေးရမည်။ ဤသည်ကို အချိန်ကြာမြင့်စွာက ငါ ကြိုတင်ပြဋ္ဌာန်းထားပေသည်။ သင်တို့ထံ ငါ၏ဘုန်းအသရေကို ငါ ပေးသည်မှာ သင်တို့၏ ကောင်းမွန်သော အခွင့်အလမ်းဖြစ်ပြီး၊ သင်တို့၏တာဝန်မှာ ငါ၏ ဘုန်းအသရေကို သက်သေခံရန်ဖြစ်၏။ ကောင်းချီးမင်္ဂလာများ ရရှိဖို့သာ သင်တို့သည် ငါ့ကိုယုံကြည်လျှင်၊ ငါ၏အမှုသည် အရေးပါမှု အနည်းငယ်သာ ရှိလိမ့်မည်ဖြစ်ပြီး၊ သင်တို့၏တာဝန်ကို သင်တို့ ဖြည့်ဆည်းမည် မဟုတ်ပေ။...သင်တို့ ရရှိပြီးဖြစ်သည်မှာ ငါ၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်မျှ ဖြစ်သည်သာမက ယောဟန် ထက်သာ၍ ကြီးမြတ်သော ရူပါရုံနှင့်ဗျာဒိတ်လည်း ဖြစ်၏။ သင်တို့သည် သာ၍များပြားသော နက်နဲသည့် အရာများကို နားလည်ကြကာ၊ ငါ၏ စစ်မှန်သော မျက်နှာထားကိုလည်း ဖူးမြင်ကြပြီး ဖြစ်သည်။ သင်တို့သည် ငါ၏တရားစီရင်ခြင်းကို ပို၍ လက်ခံကြပြီးဖြစ်ကာ ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပိုသိရှိကြပြီးဖြစ်သည်။ ထို့ကြောင့် သင်တို့သည် နောက်ဆုံးသောကာလတွင် မွေးဖွားခဲ့ကြသော်လည်း၊ သင်တို့၏ သိနားလည်မှုသည် ယခင်နှင့်အတိတ်က နားလည်မှု ဖြစ်ပြီး၊ ယနေ့ခေတ်၏ အမှုအရာများကိုလည်း သင်တို့ တွေ့ကြုံကြပြီးဖြစ်ကာ ဤအရာကို ငါ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ငါသည် သင်တို့ကို အလွန်များလှစွာ ပေးပြီးဖြစ်သကဲ့သို့ သင်တို့သည် ငါ့အထဲ၌ များစွာ တွေ့မြင်ကြပြီး ဖြစ်သည့်အတွက်၊ သင်တို့ကို ငါ တောင်းဆိုသည့်အရာသည် လွန်ကဲသောအရာ မဟုတ်ပေ။ ထို့ကြောင့် အတိတ်ကာလများ၏ သန့်ရှင်းသူတို့ထံ ငါ့အဖို့ သက်သေခံပေးရန် သင်တို့ကို ငါစေခိုင်းခြင်း ဖြစ်ပြီး ဤသည်မှာ ငါ့နှလုံးသား၏ တစ်ခုတည်းသော ဆန္ဒ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတဲ့နောက်၊ ကျွန်မ အရမ်းစိတ်လှုပ်ရှားသွားပေမဲ့ တော်တော် အပြစ်ရှိသလိုလည်း ခံစားရတယ်။ ဘုရားရဲ့ အမှုတော်ကို တွေ့ကြုံပြီး ဘုရားနှုတ်ကပတ်တော်တွေရဲ့ ထောက်ပံ့မှုကို မွေ့လျော်ရလောက်အောင် ကံကောင်းတာကို စိတ်လှုပ်ရှားမိပေမဲ့၊ နှစ်တွေအများကြီး ဘုရားကိုယုံကြည်ခဲ့ပြီး သူ့ကျေးဇူးတော်ကို အများကြီး မွေ့လျော်ခဲ့ပေမဲ့ ဘုရားအပေါ် သက်သေခံချက်မရှိလို့ အပြစ်ရှိသလို ခံစားရတယ်။ နောက်ဆုံးသော ကာလမှာ ဘုရားက သမ္မာတရား အများကြီး လွတ်လွတ်လပ်လပ် ပေးပြီးပြီလို့ တွေးမိတယ်၊ ဒါပေမဲ့ သမ္မာတရားကို ကျွန်မတို့ မလိုက်စားသလို ကျွန်မတို့ရဲ့ နားလည်နိုင်စွမ်းက ညံ့ဖျင်းလို့ ဘုရားက သမ္မာတရားရဲ့ သွင်ပြင်အားလုံးကို အသေးစိတ် မိတ်သဟာယပြုတယ်၊ ဥပမာတွေနဲ့ နှိုင်းစာချက်တွေ ပေးပြီး၊ ကျွန်မတို့ နားလည်တာ သေချာစေဖို့ အခြေခံကနေ ရှင်းပြတယ်။ ဘုရားက ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းတွေကို ပစ်မှတ်ထားပြီး၊ ကျွန်မတို့ကို တရားစီရင်၊ ဖော်ထုတ်ဖို့ နှုတ်ကပတ်တော်တွေကို ဖော်ပြတဲ့အပြင်၊ ကျွန်မတို့ကို သတိပေးတယ်၊ တိုက်တွန်းတယ်၊ အားပေးပြီး နှစ်သိမ့်တယ်။ ဘုရားက ကျွန်မတို့အတွက် အားထုတ်မှုတွေ အများကြီး သုံးစွဲပြီး အဲဒီလိုအဖိုးအခပေးခဲ့တယ်၊ ကျွန်မတို့ကို သမ္မာတရား နားလည်စေချင်ပြီး သူ့ကို သိစေချင်လို့၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားပြီး အစစ်အမှန် နောင်တရ၊ ပြောင်းလဲစေချင်လို့ အဲဒီလို သူလုပ်ခဲ့တာပဲ။ ဒါက ဘုရားလိုချင်တဲ့ သက်သေခံချက်ပဲ။ သူ့အမှုကို အစပြုကတည်းက အနှစ် ၃၀ ရှိပြီ။ အမှုအများကြီး ပြုခဲ့ပြီး သမ္မာတရားအများကြီး ဖော်ပြပြီးပြီဖြစ်သလို၊ သူက ကျွန်မတို့ထဲမှာ သက်သေခံချက် မြင်ချင်တယ်။ ပေါ့တန်ရင်တောင်၊ စစ်မှန်ရင် သူ လက်ခံတယ်။ ကျွန်မတို့က ကိုယ့်ရဲ့ အတွေ့အကြုံနဲ့ သူ့အမှုတော်နဲ့ဆိုင်တဲ့ အသိပညာတွေကို ဝေမျှနိုင်ပြီး၊ သက်သေခံချက် ဆောင်းပါးတွေ ရေးနိုင်ဖို့ မျှော်လင့်တယ်။ ဘာလို့လဲဆိုတော့ ဒါက ဘုရားအမှုတော်ရဲ့ အသီးအပွင့်နဲ့ ဘုရားရဲ့ အားထုတ်မှု ပြယုဂ်ဖြစ်လို့ပဲ။ ဘုရားက ဒီသက်သေခံချက်ကို အထူးသဖြင့် တန်ဖိုးထားတယ်။ အဲဒီလိုသက်သေခံချက်က ဘုရားအဖို့ နှစ်သက်စရာ နဲ့ နှစ်သိမ့်စရာအကောင်းဆုံးပဲ။ ပြီးတော့ ကိုယ့်အကြောင်း တွေးမိတယ်။ ဘုရားဆီကနေ အများကြီး ရခဲ့ပြီးပြီဖြစ်ပေမဲ့၊ ဘယ်သမ္မာတရား သွင်ပြင်ကို နားလည်ခဲ့ပြီး၊ ဘယ်သမ္မာတရား စစ်မှန်မှုထဲ ဝင်ရောက်ခဲ့လဲဆိုတာကို မတွေးရဲခဲ့ဘူး။ ဘာလို့လဲဆိုတော့ ဘုရားနှုတ်ကပတ်တော် အများကြီးကို အယူဝါဒကျကျပဲ နားလည်ခဲ့ပေမဲ့၊ လေးလေးနက်နက် မချိန်ဆ၊ မတွေ့ကြုံခဲ့လို့ပဲ။ ဒါကြောင့် ဘုရားကို သက်သေခံပြီး သက်သေခံချက် ဆောင်းပါးတွေ ရေးဖို့ ဖြစ်လာတဲ့အခါ၊ နောက်တွန့်ပြီး ခြားနားသွားသလို၊ ဒီအရာနဲ့ စပ်လျဉ်းလို့ အားထုတ်တာ အရမ်းနည်းခဲ့တယ်။ နှစ်ချီ ယုံကြည်ခဲ့ပေမဲ့ ကိုယ့်အတွေ့အကြုံအကြောင်း မရေးနိုင်ခဲ့သလို သက်သေခံချက်မရှိခဲ့ပုံကို အခုတွေးကြည့်တော့ အရမ်းစိတ်ဆင်းရဲရတယ်။
တစ်ခါ၊ ညီအစ်မတစ်ယောက်က အတွေ့အကြုံ သက်သေခံချက်တွေ ရေးတာကို လေ့ကျင့်ချင်လားလို့ မေးတယ်။ အဲဒီတုန်းက သဘောတူလိုက်ပေမဲ့ ဘာကိုမှ လုံးဝ မရေးခဲ့ဘူး။ တစ်ခါတစ်လေ နည်းနည်းရေးပြီး ဘေးဖယ်ထားလိုက်တယ်။ ပြီးတော့ ဆောင်းပါးကို ဘယ်တော့မှ မပြီးခဲ့ဘူး။ တကယ်တော့၊ အလုပ်အများကြီးကို ကြီးကြပ်ခဲ့ရတာ မဟုတ်ပေမဲ့၊ စာရေးဖို့ အချိန်မရှိအောင်ကို အလုပ်အရမ်းများတယ်လို့ အမြဲ ခံစားခဲ့ရတယ်။ ဒါကြောင့် တစ်နေ့ပြီးတစ်နေ့ ဆောင်းပါးတွေ ရေးတဲ့ကိစ္စကို ကျွန်မ ရွေ့ဆိုင်းခဲ့တယ်။ နောက်ပိုင်းမှာ အချိန်ဇယားရေးဖို့ ဆုံးဖြတ်လိုက်ပေမဲ့၊ အချိန်ရောက်လာတော့၊ တခြားအရာတွေနဲ့ အလုပ်များနေတုန်းပဲဖြစ်လို့ စာရေးဖို့ ကိုယ့်ကိုယ်ကိုယ် ငြိမ်အောင်မထားနိုင်ခဲ့ဘူး။ အကြောင်းပြချက်နဲ့ ဆင်ခြေအမျိုးမျိုး ရှာခဲ့တယ်။ တစ်ခါတလေ ကျွန်မ ပညာမတတ်လို့၊ အစွမ်းအစနိမ့်လို့၊ စာကောင်းကောင်း မရေးနိုင်ဘူးလို့ ပြောတယ်။ တခြားအချိန်တွေမှာ အလုပ်များပြီး အချိန်မရှိလို့ နောက်မှရေးမယ်လို့ ပြောတယ်။ တစ်ခါတလေ၊ ဆောင်းပါးတွေ ရေးတာက အထူးအရေးမကြီးသလို၊ အရေးအကြီးဆုံးက ကိုယ့်ရဲ့ နေ့စဉ်အလုပ်ကို ကိုင်တွယ်တာလို့ ခံစားခဲ့တယ်။ ဘာလို့လဲဆိုရင် အဲဒါကို နှောင့်နှေးလိုက်ရင်၊ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခံရမယ်၊ ဆိုးရွားရင် အထုတ်ခံရမှာ ဖြစ်လို့ပဲ။ စာမရေးတဲ့အတွက် ဘယ်သူကမှ ကျွန်မကို မစွပ်စွဲဘူးလေ။ ဒီလိုတွေးလိုက်တော့၊ ဆောင်းပါးရေးတာကို ပိုလို့တောင် အလေးအနက် မထားခဲ့သလို၊ သက်သေခံချက် ဆောင်းပါးတွေ ရေးတာကို ကိုယ့်တာဝန်ရဲ့ အရေးကြီးတဲ့ အပိုင်းတစ်ခုအနေနဲ့ မမှတ်ယူခဲ့ဘူး။ သက်သေခံချက်တွေ ရေးဖို့ ဖြစ်လာတော့၊ ဒီခေါင်းမာပြီး ပုန်ကန်တတ်တဲ့ အခြေအနေမှာ ပိတ်မိနေခဲ့တယ်။
တစ်နေ့မှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ဖတ်ပြီး ကျွန်မရဲ့ အမြင် နည်းနည်းပြောင်းလဲသွားတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ယခုတွင် သင်သည် ငါ့ကို အဘယ်ကြောင့်ယုံကြည်သည်ကို အမှန်တကယ် သိပါသလော။ ငါ့အမှု၏ ရည်ရွယ်ချက်နှင့် အရေးပါမှုတို့ကို သင်အမှန်တကယ်သိပါသလော။ သင်၏ တာဝန်ကို သင် အမှန်တကယ် သိပါသလော။ ငါ၏ သက်သေခံချက်ကို သင်အမှန်တကယ်သိပါသလော။ သင်သည် ငါ့ကိုယုံကြည်ရုံ မျှသာဖြစ်သော်လည်း၊ သင်၌ ငါ၏ ဘုန်းအသရေ သို့မဟုတ် သက်သေခံချက် အရိပ်လက္ခဏာမရှိပါက၊ ငါသည် သင့်ကို ကြာမြင့်စွာကတည်းက ဖယ်ရှားပြီးဖြစ်သည်။ အရာအားလုံးကို သိရှိသောသူတို့အတွက်မူ၊ ၎င်းတို့သည် သာ၍ပင် ငါ့မျက်စိထဲ၌ ဆူးများ ဖြစ်သကဲ့သို့၊ ငါ၏အိမ်တော်တွင် ၎င်းတို့သည် ငါ၏ လမ်း၌ အဟန့်အတားများထက် ဘာမျှမပိုပေ၊ ၎င်းတို့သည် ငါ၏ အမှုတွင် လုံးဝ အလှေ့ခံရမည့် တောပင်များဖြစ်ကြသည်၊ ၎င်းတို့သည် အသုံးမဝင်ကြ၊ အသုံးမကျကြသကဲ့သို့၊ ငါသည် ၎င်းတို့ကို ရွံရှာခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သက်သေခံချက် မရှိသူများအားလုံးအပေါ် ငါ၏ အမျက်ဒေါသသည် မကြာခဏ ကျရောက်ပြီး၊ ငါ၏ လှံတံသည် ၎င်းတို့ထံမှ မည်သည့်အခါမျှ သွေဖည် မသွားပေ။ ငါသည် ၎င်းတို့ကို ဆိုးယုတ်သူ၏ လက်ထဲသို့ အချိန်ကြာမြင့်စွာက လွှဲပြောင်းပေးပြီးဖြစ်သည်။ ၎င်းတို့သည် ငါ၏ကောင်းချီးမင်္ဂလာများ ကင်းမဲ့ကြလေသည်။ ထိုနေ့ရက် ရောက်လာသည့်အခါ၊ ၎င်းတို့၏ ပြစ်တင်ဆုံးမမှုသည် မိုက်မဲသော မိန်းမတို့ထက် သာ၍ ဆိုးရွားလိမ့်မည်။ ယနေ့တွင် ငါသည် ငါ လုပ်ရမည့် တာဝန်ဖြစ်သည့် အမှုကိုသာ ငါ လုပ်ဆောင်၏။ ငါသည် စပါးပင်အားလုံးတို့ကို တောပင်တို့နှင့်အတူတကွ စည်းနှောင်မည်။ ဤသည်မှာ ယနေ့ ငါ၏အမှုဖြစ်၏။ ငါ၏ စပါးလှေ့ခြင်း အချိန်ကာလတွင် ထိုတောပင်တို့သည် လှေ့ထုတ်ခံရလိမ့်မည်၊ ထိုနောက် စပါးစေ့တို့ကို ကျီတွင် စုသိမ်းပြီး လှေ့ထားသည့် တောပင်တို့ကို ပြာကျစေရန် မီးထဲသို့ချမည်။ ယခုတွင် ငါ၏ အလုပ်မှာ လူသားအားလုံးကို အစည်းများအဖြစ်သို့ စည်းနှောင်ရန်မျှ ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့ကို လုံးဝ သိမ်းပိုက်ရန် ဖြစ်သည်။ ထိုနောက်တွင် ငါသည် လူသား အားလုံး၏အဆုံးကို ထုတ်ဖော်ပြရန် စတင် စပါးလှေ့မည်။ ထို့ကြောင့် သင်သည် ယခု ငါ့ကို မည်သို့ စိတ်ကျေနပ်စေသင့်သည် ဆိုသည်နှင့် ငါ၌ သင်၏ ယုံကြည်ခြင်းတွင် လမ်းကြောင်းမှန်ပေါ် မည်သို့ အခြေချသင့်သည်ကို သင် သိသင့်သည်။ ငါ ဆန္ဒရှိသည်မှာ ယခု သင်၏သစ္စာစောင့်သိမှုနှင့် နာခံမှု၊ ယခု သင်၏ ချစ်ခြင်းမေတ္တာနှင့် သက်သေခံချက်တို့ ဖြစ်သည်။ သင်သည် ဤအခိုက်အတန့်တွင် မည်သည့် သက်သေခံချက် ဖြစ်သည် သို့မဟုတ် မည်သည့် ချစ်ခြင်းမေတ္တာ ဖြစ်သည်ကို မသိလျှင်ပင်၊ ငါ့ထံ သင်၏ အရာအားလုံးကို ယူဆောင်လာသင့်ပြီး၊ သင်၌ တစ်ခုတည်းသော ရတနာများ- သင်၏ သစ္စာစောင့်သိမှုနှင့် နာခံခြင်း- ကို ငါ့ထံ လွှဲအပ်သင့်ပေသည်။ လူသားကို ငါ၏ လုံးဝ သိမ်းပိုက်ခြင်း သက်သေခံချက်ကဲ့သို့၊ စာတန်ကို ငါ၏ အောင်နိုင်ခြင်းနှင့်ဆိုင်သော သက်သေခံချက်သည် လူသား၏ သစ္စာစောင့်သိမှုနှင့် နာခံမှုအတွင်းတွင် တည်ရှိသည်ကို သင် သိသင့်သည်။ ငါ၌ သင့်ယုံကြည်ခြင်းနှင့်ဆိုင်သော တာဝန်မှာ ငါ့အဖို့ သက်သေခံရန်၊ ငါ့ကို သစ္စာစောင့်သိရန်နှင့် အခြားမည်သူ့ကိုမျှ သစ္စာမစောင့်သိရန်၊ ပြီးလျှင် အဆုံးတိုင်အောင် နာခံရန် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) စာပိုဒ်က ရှင်းရှင်းဖော်ပြထားတာက ဘုရားကိုယုံကြည်သူတွေဟာ ဘုရားကို သက်သေခံသင့်ပြီး အဲဒါက လူတစ်ယောက်ရဲ့ တာဝန်ဖြစ်တယ်ဆိုတာပဲ။ ဘုရားကိုယုံကြည်သူတွေက သက်သေမခံနိုင်တဲ့အခါ၊ ဘုရားမုန်းတာခံရတဲ့သူတွေ ဖြစ်လာတယ်။ အထူးသဖြင့် ဒီဘုရားနှုတ်ကပတ်တော် စာကြောင်းပေါ့၊ “သင်သည် ငါ့ကိုယုံကြည်ရုံ မျှသာဖြစ်သော်လည်း၊ သင်၌ ငါ၏ ဘုန်းအသရေ သို့မဟုတ် သက်သေခံချက် အရိပ်လက္ခဏာမရှိပါက၊ ငါသည် သင့်ကို ကြာမြင့်စွာကတည်းက ဖယ်ရှားပြီးဖြစ်သည်။” “အရာအားလုံးကို သိရှိသောသူတို့အတွက်မူ၊ ၎င်းတို့သည် သာ၍ပင် ငါ့မျက်စိထဲ၌ ဆူးများ ဖြစ်သကဲ့သို့၊ ငါ၏အိမ်တော်တွင် ၎င်းတို့သည် ငါ၏ လမ်း၌ အဟန့်အတားများထက် ဘာမျှမပိုပေ၊ ၎င်းတို့သည် ငါ၏ အမှုတွင် လုံးဝ အလှေ့ခံရမည့် တောပင်များဖြစ်ကြသည်။” “သက်သေခံချက် မရှိသူများအားလုံးအပေါ် ငါ၏ အမျက်ဒေါသသည် မကြာခဏ ကျရောက်ပြီး၊ ငါ၏ လှံတံသည် ၎င်းတို့ထံမှ မည်သည့်အခါမျှ သွေဖည် မသွားပေ။ ငါသည် ၎င်းတို့ကို ဆိုးယုတ်သူ၏ လက်ထဲသို့ အချိန်ကြာမြင့်စွာက လွှဲပြောင်းပေးပြီးဖြစ်သည်။ ၎င်းတို့သည် ငါ၏ကောင်းချီးမင်္ဂလာများ ကင်းမဲ့ကြလေသည်။ ထိုနေ့ရက် ရောက်လာသည့်အခါ၊ ၎င်းတို့၏ ပြစ်တင်ဆုံးမမှုသည် မိုက်မဲသော မိန်းမတို့ထက် သာ၍ ဆိုးရွားလိမ့်မည်။” ဘုရားနှုတ်ကပတ်တော်တွေက တရားစီရင်တာခံရသလို ခံစားစေခဲ့ပြီး ဘုရားရဲ့အမျက်တော်ကို ခံစားရတယ်။ နှစ်တွေအများကြီး ဘုရားကို ယုံကြည်ပြီး လက်ရှိအချိန်ထိ ဘုရားနောက်လိုက်ပြီးတဲ့နောက်မှာ၊ ဘုရားနှုတ်ကပတ်တော်တွေ အများကြီး ဖတ်ပြီးတဲ့နောက်၊ မရေမတွက်နိုင်တဲ့ တရားဒေသနာနဲ့ မိတ်သဟာယတွေ ကြီးပြီး၊ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းတာ၊ ဆုတ်ဆိုင်းမှုတွေနဲ့ ကျရှုံးမှုတွေ ကြုံရပြီးတော့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှု၊ လမ်းပြမှုနဲ့ ဆုံးမပဲ့ပြင်မှုတွေ ကြုံရပြီးတဲ့နောက်မှာ၊ ကျွန်မက ဘုရားကို သက်သေမခံနိုင်သေးဘူး။ အတွေ့အကြုံနဲ့ အသိတချို့ရှိခဲ့ပေမဲ့ စာရေးတာကို မလုပ်ချင်ခဲ့ဘူး။ အပြင်ပန်းကိစ္စတွေကို ကိုင်တွယ်တာနဲ့ပဲ တစ်နေကုန်သွားတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းဖို့ သမ္မာတရားရှာဖွေတာကို အာရုံမစိုက်သလို၊ သမ္မာတရားမှာ တိုးတက်မှုလုပ်ဖို့ မကြိုးစားခဲ့ဘူး။ ကျွန်မရဲ့ ပုံမှန်အတွေ့အကြုံကနေ၊ အသိနဲ့ နားလည်မှုနည်းနည်း ရခဲ့ပေမဲ့၊ မကြာခဏ တစ်ဖက်သတ်ဆန်ခဲ့တယ်၊ ခြားနားခဲ့ပြီး မတိမကျဖြစ်ခဲ့တယ်။ စစ်မှန်တဲ့ သိနာလည်မှုရနိုင်အောင် မချင့်ချိန်ခဲ့သလို ရှင်းလင်းပြတ်သားမှု မရခဲ့ဘူး။ ပြီးတော့ အချိန်ကြာလာတာနဲ့၊ ကိုယ်ရခဲ့တာကို ဆုံးရှုံးသွားတယ်၊ အဲဒါက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှုကိုလည်း ဖိနှိပ်ခဲ့တယ်။ အရင်က လူသစ်တွေကို ရေလောင်းတာ လက်တွေ့လုပ်ခဲ့ချိန်ကို ပြန်တွေးမိတယ်။ ဘုရားအမှုတော်ကို သက်သေခံခြင်း သမ္မာတရားအပေါ်ကိုတောင် ကောင်းကောင်း မိတ်သဟာယမပြုနိုင်ခဲ့ဘူး။ ကျွန်မ ဝေမျှခဲ့တာတွေက အတော်အတန် အပေါ်ယံဆန်ပြီး အဓိကအချက်တွေကို သဘောမပေါက်နိုင်ခဲ့ဘူး။ နောက်ပိုင်းမှာ၊ ဧဝံဂေလိဟောတော့၊ အန္တိခရစ်တွေရဲ့ ဘာသာရေး အယူအဆတွေ၊ အတွေးမှားတွေကို စိစစ်ဖို့ အဓိကအချက်တွေကိုလည်း ရှင်းရှင်းလင်းလင်း၊ ယုံကြည်လောက်အောင် သဘောမပေါက်နိုင်ခဲ့ဘူး။ သမ္မာတရားရဲ့ သွင်ပြင်တိုင်းမှာ၊ တစ်ဝက်တစ်ပျက်ပဲ နားလည်ပြီး ရှင်းရှင်းလင်းလင်း မိတ်သဟာယ မပြုနိုင်ခဲ့ဘူး။ စုဝေးပွဲတွေမှာ အသက်ဝင်ရောက်မှုနဲ့ဆိုင်တဲ့ ပြဿနာတွေအပေါ် မိတ်သဟာအတောအတွင်းမှာ၊ အချိန်အများစုမှာ အပေါ်ယံ အပ်ကြောင်းထပ်နေတာတွေကို သုံးရင်းနဲ့ပဲ လူတွေကို အယုံသွင်းခဲ့တယ်၊ ဒါမှမဟုတ် အနှစ်မဲ့တဲ့ သဘောတရားတွေနဲ့ ပေါ့တန်တဲ့ သိနားလည်မှုတချို့ကို ပြောပေးခဲ့တယ်။ ပြဿနာကို အရင်းထိ မဖြေရှင်းနိုင်ခဲ့သလို၊ ဘုရားအပေါ် ကျွန်မရဲ့ သက်သေခံချက်က မထိရောက်ခဲ့ဘူး။ သမ္မာတရားရဲ့ သွင်ပြတစ်ခုတစ်လေအပေါ် ကျွန်မရဲ့ သိနားလည်မှုက အထူးသဖြင့် ပေါ့တန်ခဲ့တယ်။ ကျွန်မရဲ့ မိတ်သဟာယအများစုက ကျမ်းဟောင်းတရားတွေပဲ၊ သမ္မာတရားရဲ့ စစ်မှန်မှုတွေ မဟုတ်ဘူး။ ဘုရားကို ယုံကြည်ခဲ့ပေမဲ့ သက်သေမခံနိုငခဲ့မှန်း တွေ့ရတယ်။ နည်းနည်းပဲ အားထုတ်ပြီး အလုပ်လုပ်ခဲ့ပေမဲ့၊ တကယ်တော့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို ကျွန်မ လက်မခံခဲ့သလို၊ သမ္မာတရား သိနားလည်မှုနဲ့ အသက်စိတ်သဘောထား ပြောင်းလဲခြင်းအပေါ် သက်သေခံချက်တစ်ခုမှ မရှိခဲ့ဘူး။ အဲဒီလိုလူတွေကို သူ့မျက်စိထဲက ဆူးတွေ၊ သူစစ်ထုတ်ပစ်မဲ့ ခလုတ်တံသင်းတွေနဲ့ တောပင်တွေလို့ ဘုရားပြောခဲ့ပုံကို တွေးမိတယ်။ အဲဒီလိုလူတွေအတွက် ဘုရားရဲ့အမျက်က ဘယ်တော့မှ ပျက်ပြယ်မသွားဘူး။ ဒီအတွေးတွေက ကျွန်မကို စိတ်ဆင်းရဲစေတယ်။ နှစ်ချီ ဘုရားကို ယုံကြည်ခဲ့ပြီး ဘာမှ မသင်ယူခဲ့ဘူး။ ကျွန်မက အသုံးမကျတဲ့သူ၊ လုံးဝ ရှက်စရာဖြစ်ပြီး၊ ဘုရားရဲ့မျက်မှောက်တော်မှာ မရပ်ထိုက်သလို ခံစားခဲ့ရတယ်။ အဲဒီလိုလူတွေကို ဘုရားက အထူးသဖြင့် မုန်းတယ်၊ သူတို့ကို သည်းမခံသလို၊ သူတို့နဲ့ပတ်သက်လို့ ဒေါသထွက်လာတယ်။ အဲဒီလိုလူတွေက သူတို့တာဝန်တွေကို ဆောင်ရွက်ပေမဲ့၊ သမ္မာတရားကို မလိုက်စားသလို ဘုရားကို သက်သေမခံနိုင်လို့၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို မရနိုင်ဘူး။ ပြီးတော့ နောက်ဆုံးမှာ ဘုရားရဲ့ ကယ်တင်တာ မခံရနိုင်ဘူး။ အဲဒီလိုလူတွေအပေါ် ဘုရားရဲ့ သဘောထားကို မြင်ရတော့၊ ကျွန်မရဲ့ အယူအဆတွေက လုံးဝ ချေပခံလိုက်ရတယ်။ ကျွန်မကို အပ်နှံထားတဲ့အလုပ်ကို လုပ်ရင်၊ မကောင်းမှု မလုပ်ရင်၊ ကိုယ့်တာဝန်တွေမှာ ကြီးမားတဲ့ အမှားတွေ မလုပ်ရင်၊ ဆိုးရွားတဲ့ အပြစ်တွေ မကျူးလွန်ရင်၊ ပြီးတော့ အထုတ်မခံခဲ့ရရင်၊ နောက်ဆုံးမှာ ကယ်တင်ခံရပြီး ကယ်တင်ခြင်း မျှော်လင့်ချက်ရှိတယ်လို့ တွေးလေ့ရှိခဲ့တာလေ။ အခု ဒါက ဘုရားရဲ့ သတ်မှတ်ချက်တွေနဲ့ မကိုက်မှန်း တွေ့ရတယ်။ အဲဒါက ကျွန်မကိုယ်ပိုင် အယူအဆတွေနဲ့ ဖြစ်ချင်တဲ့ အတွေးပဲ။ ဘုရားကို ယုံကြည်တာက ကိုယ့်တာဝန်မှာ အလုပ်ကြိုးစားရုံပဲ မဟုတ်ဘူး။ စည်းမျဉ်းတချို့ကို လိုက်နာပြီး သိသာတဲ့ မကောင်းမှု တစ်ခုကိုမှ မကျူးလွန်ရုံပဲ မဟုတ်ဘူး။ နှစ်တွေ အများကြီး ဘုရားကိုယုံပြီး သက်သေခံချက် မရှိသေးရင်၊ နောက်ဆုံးမှာ ဖယ်ရှင်းခံရမှာပဲ။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ စဉ်းစားမိတယ်။ “ယနေ့ သင် မြင်တွေ့ပြီးသမျှအားလုံးကို သင် သက်သေမခံနိုင်သည့်နေတစ်နေ့ ရောက်လာပါက၊ သင်သည် ဖန်ဆင်းခံသတ္တဝါများ၏ အသုံးဝင်မှု ဆုံးရှုံးပြီး ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သင်၏ တည်ရှိခြင်းအတွက် မည်သည့်အဓိပ္ပါယ်မျှ ရှိမည်မဟုတ်ပေ။ သင်သည် လူသားတစ်ဦး ဖြစ်ထိုက်လိမ့်မည် မဟုတ်။ သင်သည် လူသားတစ်ဦး ဖြစ်လိမ့်မည် မဟုတ်ဟုပင် ပြော၍ရနိုင်သည်။ ငါသည် သင့်အပေါ် အတိုင်းမသိ အမှုကို လုပ်ဆောင်ပြီးဖြစ်သော်လည်း၊ သင်သည် လောလောဆယ်တွင် မည်သည့်အရာကိုမျှ သင်ယူမနေ၊ မည်သည့်အရာမျှ မသိသကဲ့သို့ သင်၏ အားထုတ်မှုများ မထိရောက်သောကြောင့်၊ ငါ၏အမှုကို တိုးချဲ့ရန် ငါ့အတွက် အချိန်ကျလာသည့်အခါတွင်၊ သင်သည် အာစေးထည့်ထား၍ လုံးဝ အသုံးမကျဘဲ ငေးကြောင်ကြည့်ရုံသာ ကြည့်လိမ့်မည် ဖြစ်သည်။ ယင်းက သင့်ကို အစဉ်အမြဲ အပြစ်သား ဖြစ်စေမည် မဟုတ်လော။ အချိန်ကျသည့်အခါ၊ သင်သည် အကြီးမားဆုံးသော နောင်တ ခံစားရမည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏ သိနားလည်မှုသည် အဘယ်နည်း) ဘုရားနှုတ်ကပတ်တော်တွေက အရှက်ရစေပြီး တစ်ချိန်တည်းမှာပဲ အရမ်းပူပန်သွားတယ်။ အဲဒီလို ဆက်သွားလို့ မဖြစ်မှန်း ခံစားရတယ်။ နောက်ပိုင်းမှာ သက်သေခံချက် ဆောင်းပါးတွေ ရေးတာကို ကျွန်မ စအာရုံစိုက်ခဲ့တယ်။
တကယ် စာရေးဖို့ ဖြစ်လာတော့၊ ကိုယ့်စိတ်ထဲမှာ အတားအဆီးတစ်ခု ရှိနေတုန်းပဲ။ ပထမတော့၊ ကိုယ့်အတွေ့အကြုံကို သဘောပေါက်အောင် မရှင်းပြနိုင်ခဲ့သလို၊ ဘယ်ကစရမှန်း မသိခဲ့တဲ့အပြင်၊ ပိုအရေးတကြီးဖြစ်နေတဲ့ တခြားအလုပ်တွေ ရှိတယ်လေ။ ဒီတော့ တခြားကိစ္စတွေကို လုပ်လိုက်တယ်။ အဲဒီနောက်မှာ အစွမ်းအစညံ့တာကို ဆင်ခြေတစ်ခုအနေနဲ့ သုံးလိုက်တယ်။ ကျွန်မတွေးတာက၊ တခြားလူတွေက သက်သေခံချက် ဆောင်းပါးတွေကို နေ့ဝက်နဲ့ ရေးနိုင်ကြပေမဲ့၊ ဆိတ်ငြိတ်တဲ့ ပတ်ဝန်းကျင်နဲ့ လုံလောက်တဲ့အချိန်မရှိပဲ ကျွန်မ မရေးနိုင်ဘူးပေါ့။ ဒီတော့ စာရေးတာကို ရပ်လိုက်ပြန်တယ်။ အဲဒီနောက်မှာ ဒီအကြောင်းကို ကျွန်မ စတွေးနေမိတယ်။ ကျွန်မက သက်သေခံချက် ဆောင်းပါးတွေ ရေးတာနဲ့ပတ်သက်လို့ ဘာလို့ အရမ်းမတက်မကြွ ဖြစ်ရတာလဲပေါ့။ ရေးဖို့ သဘောတူခဲ့ပေမဲ့ ဘာကိုမှ မလုပ်ခဲ့ဘူးလေ။ တစ်နေ့မှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့ပြီး ကိုယ့်ကိုယ်ကိုယ် သိနားလည်မှုတချို့ ရခဲ့တယ်။ ဘုရားသခင်က ပြောသည်- “ဆိုးယုတ်သောစိတ်သဘောထားတစ်ခုကို သင် မည်သို့သိပြီး ရိပ်စားမိနိုင်သနည်း။ စာတန်က လုပ်ဆောင်ရန်နှစ်သက်သောအရာများအပြင်၊ အမှုကိစ္စများကို စာတန်လုပ်ဆောင်သောနည်းလမ်းများ၊ လှည့်ကွက်များမှ အကဲဖြတ်သင့်သည်။ အပြုသဘောဆောင်သောအရာများကို စာတန်က လုံးဝ မနှစ်သက်ပေ။ ၎င်းက မကောင်းမှုကို နှစ်သက်သည်။ သူ့ကိုယ်သူ အရည်အချင်းရှိသည်၊ အရာအားလုံးကို ထိန်းချုပ်နိုင်သည်ဟု အစဉ် ထင်မြင်သည်။ ဤသည်မှာ စာတန်၏ မာနထောင်လွှားသောသဘာဝဖြစ်သည်။ ဤအတွက်ကြောင့် စာတန်က ဘုရားသခင်ကို မဆင်မခြင် ငြင်းဆန်၊ အာခံပြီး ဆန့်ကျင်နေခြင်းဖြစ်သည်။ စာတန်သည် အပျက်သဘောဆောင်သောအရာများအားလုံးနှင့် မကောင်းသောအရာအားလုံး၏ ကိုယ်စားလှယ်နှင့် အရင်းအမြစ်ဖြစ်သည်။ ဤအမှုအရာကို ရှင်းလင်းစွာမြင်နိုင်ရန်မှာ ဆိုးယုတ်သော စိတ်သဘောထားများကို ချင့်ချိန်နိုင်စွမ်း ရှိရန်ဖြစ်သည်။ လူတို့အတွက် သမ္မာတရားကိုလက်ခံပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်သည် ရိုးရှင်းသောကိစ္စတစ်ခုမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အားလုံးတွင် ဆိုးယုတ်သော စိတ်သဘောထားများရှိပြီး ၎င်းတို့အားလုံးသည် ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများ၏ ကန့်သတ်ချက်နှင့် ချည်နှောင်မှုကို ခံစားရသောကြောင့် ဖြစ်သည်။ ဥပမာ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းသည် ကောင်းသည်ဟု လူအချို့က အသိအမှတ်ပြုသည်။ အခြားလူတို့က ရိုးသားနိုင်သည်ကိုလည်းကောင်း၊ အမှန်တရားကို ပြောနိုင်သည်ကိုလည်းကောင်း၊ ပွင့်လင်းနွေးထွေးသည့်ပုံစံဖြင့် ပြောဆိုနိုင်သည်ကိုလည်းကောင်း မြင်သည့်အခါ ၎င်းတို့က မနာလိုဖြစ်လာကြသည်။ သို့တိုင်အောင် ၎င်းတို့ကိုယ်တိုင်ရိုးသားသောသူဖြစ်ရန် သင် တောင်းဆိုလျှင်၊ ယင်းကို ခက်ခဲသည်ဟု ၎င်းတို့က မြင်ကြသည်။ ဤသည်မှာ ဆိုးယုတ်သော စိတ်သဘောထားတစ်ခု မဟုတ်လော။ ၎င်းတို့က ကြားကောင်းသည့်အရာများကို ပြောကြသည်။ သို့သော် လက်တွေ့မလုပ်ဆောင်ကြပေ။ ဤသည်မှာ သမ္မာတရားကို စိတ်ကုန်ခြင်းဟု ခေါ်ဆိုသည်။ သမ္မာတရားကို စိတ်ကုန်သောသူတို့သည် သမ္မာတရားကို လက်ခံရာတွင် အခက်အခဲဖြစ်နေပြီး သမ္မာတရားစစ်မှန်မှုအတွင်းသို့ ဝင်ရန် မဖြစ်နိုင်ပေ။ သမ္မာတရားကို စိတ်ကုန်သောသူတို့အတွက် အသိသာဆုံးအခြေအနေမှာ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို စိတ်မဝင်စားကြဘဲ၊ လောကီရေပန်းစားမှုများနောက်သို့ အထူးသဖြင့် လိုက်လိုကြသည်။ ဘုရားသခင် ချစ်သောအရာများနှင့် ဘုရားသခင်က လူတို့ကို လုပ်ဆောင်ရန် တောင်းဆိုသောအရာကို ၎င်းတို့၏ စိတ်နှလုံးက လက်မခံပေ။ ထိုအစား ၎င်းတို့သည် အထင်အမြင်သေးပြီး စိတ်ဝင်စားမှုမရှိပေ။ လူအချို့သည် စံနှုန်းများနှင့် လူတို့အပေါ် ဘုရားသခင် သတ်မှတ်သော စည်းမျဉ်းများကိုပင် မကြာခဏ အထင်အမြင်သေးကြသည်။ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို စက်ဆုပ်ရွံရှာကြပြီး အပြုသဘောဆောင်သောအရာများအပေါ် အာခံသည့်၊ ထိပ်တိုက်ရန်ရှာသည့်၊ အထင်သေးသည့်ခံစားချက်ကို အစဉ် ခံစားရကြသည်။ ဤသည်မှာ သမ္မာတရားကို စိတ်ကုန်ခြင်း၏ အဓိက သရုပ်သကန်ဖြစ်သည်။ အသင်းတော်အသက်တာတွင် ဘုရားနှုတ်ကပတ်တော်ဖတ်ခြင်း၊ ဆုတောင်းခြင်း၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း၊ တာဝန်များထမ်းဆောင်ခြင်း၊ သမ္မာတရားဖြင့် ပြဿနာများကို ဖြေရှင်းခြင်းတို့အားလုံးသည် အပြုသဘောဆောင်သောအရာများဖြစ်ကြသည်။ ဤသည်မှာ သိသာသည်။ သို့သော် လူအချို့သည် ဤအပြုသဘောဆောင်သောအရာများကို စက်ဆုပ်ရွံရှာကြသည်။ ဤအရာများကို ဂရုမစိုက်ဘဲ စိတ်မဝင်စားကြပေ။ မုန်းတီးဖွယ်အကောင်းဆုံး ဖြစ်သည့်အရာမှာ ၎င်းတို့သည် ရိုးသားသောသူများ၊ သမ္မာတရားကို လိုက်စားသူများ၊ တာဝန်များကို သစ္စာရှိစွာ ထမ်းဆောင်သူများ၊ ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်ပေးသောသူများကဲ့သို့သော အပြုသဘောဆောင်သောလူတို့အပေါ် အထင်သေးသောသဘောထားရှိကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤလူများကို တိုက်ခိုက်ပြီး ဖယ်ကြဉ်ရန် အစဉ်ကြိုးစားကြသည်။ ဤလူတို့သည် အားနည်းချက်များရှိသည်ကို၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ပြသည်ကို ၎င်းတို့က ရှာဖွေတွေ့ရှိလျှင် တစ်ဆိတ်ကို တစ်အိတ်လုပ်ကာ သိမ်ငယ်အောင်ပြုလုပ်သည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် အပြုသဘောဆောင်သောသူများကို အဘယ်ကြောင့် အလွန် မုန်းတီးကြသနည်း။ ၎င်းတို့သည် ဆိုးယုတ်သောသူများ၊ မယုံကြည်သူများ၊ အန္တိခရစ်များကို အဘယ်ကြောင့် အလွန်နှစ်သက်ပြီး လက်ခံကြကာ ဤသို့သောလူများနှင့် အဘယ်ကြောင့် မကြာခဏ ပူးပေါင်း၍ကြံစည်ကြသနည်း။ အပျက်သဘောဆောင်ပြီး မကောင်းသောအရာများနှင့်ပတ်သက်သည့်နေရာတွင် ၎င်းတို့သည် စိတ်လှုပ်ရှားပြီး ပီတိဖြစ်ကြသည်။ သို့သော် အပြုသဘောဆောင်သောအရာများနှင့် ပတ်သက်သောအခါတွင် ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့သည်ကို၊ သို့မဟုတ် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနေသည်ကို ကြားသောအခါတွင် ၎င်းတို့က အာခံကြသည်။ မကျေမနပ်ဖြစ်ကြသည်။ နစ်နာမှုများကို ရင်ဖွင့်ကြသည်။ ဤစိတ်သဘောထားသည် သမ္မာတရားကို စိတ်ကုန်ခြင်းမဟုတ်သလော။ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖော်ထုတ်နေခြင်းမဟုတ်လော။ ဘုရားသခင်အတွက် အလုပ်လုပ်ပြီး စိတ်အားထက်သန်စွာ လှည့်လည်သွားလာရန် နှစ်သက်သော ဘုရားကို ယုံကြည်သူများစွာရှိသည်။ ၎င်းတို့သည် ဂရုစိုက်မှုမရှိသော စကားများ၊ လုပ်ဆောင်မှုများအတွက်၊ မိမိတို့ကိုယ်ကို ကြွားဝါဖို့အတွက် အဆုံးမရှိသော စွမ်းအင်များရှိကြသည်။ သို့တိုင်အောင် ၎င်းတို့ကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရန် စေခိုင်းသောအခါ အားအင်မရှိတော့ပေ။ မကြွားဝါဖို့ ပြောဆိုလျှင် ၎င်းတို့သည် ဂုဏ်အဆင့်အတန်းမရှိဟု ခံစားကြသည်။ ၎င်းတို့၏ ပျာပျာသလဲဖြစ်သော အားအင်ကို မည်သည့်နေရာတွင်မျှ မတွေ့ရပေ။ လူအားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ရှာဖွေကြသည်။ ဘုရားသခင်ကို ၎င်းတို့ စ၍ ယုံကြည်သောအခါ ၎င်းတို့အားလုံးက သရဖူများ၊ ဆုလာဘ်များရလိုကြသည်။ ၎င်းတို့အားလုံးသည် မည်သည့်အရာကိုမဆို ဒုက္ခခံရန် လိုလားကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ လုပ်ဆောင်ကြသနည်း။ ယင်းက ကောင်းချီးများအတွက်သာဖြစ်သည်။ တဲ့တိုးပြောရလျှင် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့အတွက်ဖြစ်သည်။ ရရှိရန် အကျိုးအမြတ်မရှိလျှင် လူတို့သည် စိတ်ပါဝင်စားမှုမရှိတော့ဘဲ စိတ်ဓာတ်ကျကာ စိတ်အားထက်သန်မှု မရှိတော့ပေ။ ဤအရာအားလုံးတို့သည် သမ္မာတရားကို စိတ်ကုန်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်။ ဤစိတ်သဘောထားဖြင့် ထိန်းချုပ်ခြင်းခံရသောအခါ လူတို့သည် ယေဘုယျအားဖြင့် ဦးတည်ချက်မရှိဘဲ မည်သည့်လမ်းကို ရွေးချယ်ရမည်ကို မသိကြပေ။ ၎င်းတို့သည် မကြာခဏလမ်းပျောက်ပြီး လမ်းမှားကို အစဉ်သဖြင့် လျှောက်ကြသည်။ လူတို့သည် သမ္မာတရားကို စိတ်ကုန်သည့် ၎င်းတို့၏ စိတ်သဘောထားကို သတိမပြုမိသောအခါ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိဖို့ မဆိုထားနှင့်၊ သမ္မာတရားကိုပင် လက်မခံနိုင်ပေ။ ၎င်းတို့သည် ဇာတိပကတိနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့်စိတ်သဘောထားနောက်ကို လိုက်ဆဲဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် စာတန်နောက်ကို လိုက်နေဆဲဖြစ်သည်။ ၎င်းတို့လုပ်သမျှသည် စာတန်ကို အစေခံခြင်းဖြစ်ပြီး ၎င်းတို့သည် စာတန်၏ အစေခံများဖြစ်ကြသည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ) အရင်က ဆောင်းပါးရေးတာကို ကျွန်မ ကြိုးစား မလုပ်ခဲ့ဘူး၊ ပြီးတော့ အဲဒီအပေါ် အပြစ်ရှိတဲ့စိတ် ခဏလေးပဲ ခံစားခဲ့တယ်။ ပြဿနာကြီးမဟုတ်ဘူးလို့ တွေးခဲ့တာ။ ဘုရားနှုတ်ကပတ်တော်ရဲ့ ထုတ်ဖော်ပြမှုကတစ်ဆင့်ပဲ ဒါဟာ သမ္မာတရားကို စက်ဆုပ်တာ၊ ဆိုးယုတ်တဲ့ စိတ်သဘောထား တစ်မျိုးပဲလို့ ကျွန် မြင်ခဲ့ရတာ။ ဆောင်းပါးရေးတာက အတွေ့အကြုံနဲ့ အသိပညာဆိုပြီး စဉ်းစားဖို့ အချိန်ယူရတယ်။ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင်ထားရမယ်၊ ဘုရားနှုတ်ကပတ်တော်ကို ချင့်ချိန်ရမယ်၊ သမ္မာတရားကို ရှာပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရမယ်။ ဒါပေမဲ့ အပြင်ပန်း ကိစ္စတွေ၊ ကျွန်မတို့ ကျွမ်းတဲ့အရာတွေကို ကိုင်တွယ်တာ လွယ်တယ်။ ဒါကြောင့် သမ္မာတရားရှာဖို့၊ ဘုရားနှုတ်ကပတ်တော်ကို ချင့်ချိန်ပြီး ဆောင်းပါးတွေ ရေးဖို့ အခိုင်းခံရတော့၊ ငြင်းပြီး ကျွန်မ စိတ်ထဲမှာ အာခံမိခဲ့တယ်။ သူ့ကို ဘယ်လိုသက်သေခံရမယ်ဆိုတာနဲ့ ပတ်သက်လို့ ဘုရားက အများကြီး မိတ်သဟာယပြုခဲ့ပြီး၊ ညီအစ်ကို မောင်နှမအားလုံးက အတွေ့အကြုံ သက်သေခံချက်တွေ ရေးတာကို လေ့ကျင့်ကြမှန်း ကျွန်မ သိတယ်။ ဒါပေမဲ့ ကျွန်မက စိတ်မဝင်စားခဲ့သလို၊ ရှောင်ဖို့ ဆင်ခြေတွေတောင် ဖန်တီးခဲ့တယ်။ ကျွန်မက အထူးသဖြင့် ခေါင်းမာခဲ့မှန်း တွေ့ရတယ်။ သမ္မာတရားပါဝင်တဲ့ ကိစ္စတွေကို ကျွန်မ ခုခံပြီး သဘောမကျဖြစ်ခဲ့သလို၊ အလုပ်ကြိုးစားဖို့ မလိုလားခဲ့ဘူး။ အပြင်ပန်းကိစ္စတွေမှာ၊ သမ္မာတရားရဲ့ အနှစ်သာရ မပါတဲ့ အလုပ်အတွက်တော့၊ အထူး စိတ်အားထက်သန်ပြီး လိုလားခဲ့တယ်။ ဒါတကယ်ကို သမ္မာတရားအပေါ် စိတ်ကုန်တဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားပဲ။ အမှန်တော့၊ ဆောင်းပါးရေးတဲ့ လုပ်ငန်းစဉ်က သမ္မာတရားကို ရှာတဲ့လုပ်ငန်းစဉ်ပဲကိုး။ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရား ရှာဖွေတာက သမ္မာတရားအပေါ် လူတွေရဲ့ သဘောထားကို အကောင်းဆုံးထုတ်ဖော်နိုင်တယ်။ နှစ်ချီ ဘုရားကိုယုံကြည်ခဲ့ပေမဲ့၊ ကိုယ့်တာဝန်ကို ဖြည့်ဆည်းဖို့ စွန့်လွတ်ပြီး အသုံးခံနိုင်ခဲ့သလို၊ ကျမ်းဟောင်းတရားတွေ အများကြီး ပြောနိုင်ခဲ့ပေမဲ့၊ သမ္မာတရားကို စိတ်မဝင်စားခဲ့ဘူး၊ ပြီးတော့ အဲဒါကို မတမ်းတ၊ တန်ဖိုးမထားခဲ့သလို၊ ဘုရားသခင်ကို စစ်မှန်တဲ့ နာခံမှု မရှိခဲ့ဘူး။ ကျွန်မက ကိုယ့်ရဲ့ဆိုးယုတ်တဲ့ စိတ်သဘောထားနဲ့ အသက်ရှင်ပြီး ဘုရားကို ရန်လိုနေတုန်းပဲ။ ဒီအရာအပေါ် သုံးသပ်မိတာနဲ့၊ ကျွန်မပြဿနာက ဆိုးရွားမှန်း သဘောပေါက်လိုက်တယ်။ ဘုရားကို နှစ်ချီယုံကြည်ပြီးတဲ့နောက်မှာ၊ ကျွန်မရဲ့ အသက်စိတ်သဘောထားက လုံးဝ မပြောင်းလဲခဲ့ဘူး။ ဘုရားနဲ့ သမ္မာတရားအပေါ် ကျွန်မရဲ့ သဘောထားမှာ စစ်မှန်တဲ့ အပြောင်းအလဲ မရှိခဲ့ဘူး။ စာတန်နဲ့ ကျွန်မ သက်ဆိုင်တုန်းပဲ၊ သမ္မာတရားကို မုန်းပြီး ဘုရားကို အာခံနေတုန်းပဲ။ ဒါသာဆက်ဖြစ်ရင်၊ ဘယ်လောက်ကြာကြာ ကျွန်မ ယုံကြည်ခဲ့ပါစေ၊ ဘယ်လောက်အားထုတ်မှု ထားခဲ့ပါစေ၊ သမ္မာတရားကို လုံးဝ နားလည်မှာ မဟုတ်သလို၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းမှာ မဟုတ်ဘူး။ အဆုံးထိ ယုံကြည်ရင်တောင်၊ လုံးဝ အပြည့်အဝ ကယ်တင်ခံရမှာ မဟုတ်ဘူး။ ဒီအချိန်မှာ၊ နည်းနည်း ကြောက်မိလို့၊ နောင်တရဖို့ ဘုရားဆီ ဆုတောင်းခဲ့တယ်။ ကျွန်မ ပြောလိုက်တယ်၊ “ဘုရားသခင်၊ သမ္မာတရားကို ကျွန်မမချစ်ဘူး၊ ငြီးငွေ့မိပါတယ်။ ကိုယ့်တာဝန်မှာ အားထုတ်ပြီး အလုပ်ကြိုးစားတာကိုပဲ ပျော်မွေ့ခဲ့တယ်။ အခု ကိုယ့်ယုံကြည်မှုမှာ ကိုယ်ဘယ်လောက် သနားစရာဖြစ်မှန်း မြင်ရပါပြီ။ ကျွန်မ ဒီလိုဆက်မလုပ်ချင်ပါဘူး။ ကိုယ်တော့်ဆီ ကျွန်မ ပြောင်းလဲပြီး သမ္မာတရားကို လိုက်စားဖို့ အလုပ်ကြိုးစားချင်ပါတယ်”လို့ပေါ့။
နောက်ပိုင်းမှာ၊ ပညာမတတ်တာနဲ့ အစွမ်းအစ ညံ့တဲ့အပေါ် ကျွန်မရဲ့ ညည်းညူမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ညီအစ်မတစ်ယောက်က အရမ်းအထောက်အကူပြုတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပို့ပေးခဲ့တယ်။ ဘုရားသခင်က ပြောသည်- “ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံခြင်းသည် အကျိုးသစ်နှင့် တကယ့်အတွေ့အကြုံများကို ရရှိစေသည်။ ထို့ကြောင့် ဘုရားသခင်အဖို့ သင် သက်သေခံသင့်သည်။ ဘုရားသခင်အတွက် သက်သေခံသောအခါတွင် ဘုရားသခင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမပုံ၊ လူတို့ကို စစ်ဆေးရန်နှင့် သူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် မည်သည့်စမ်းသပ်မှုများအား သူအသုံးပြုသည့် အကြောင်းတို့ကို ပို၍ အဓိက ပြောသင့်သည်။ သင်တို့၏ အတွေ့အကြုံထဲတွင် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ထုတ်ဖော်ထားကြောင်း၊ သင်တို့ အဘယ်မျှ တောင့်ခံခဲ့ပြီးဖြစ်ကြောင်းနှင့် နောက်ဆုံးတွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို အဘယ်သို့ ခံခဲ့ရကြောင်းကိုလည်းကောင်း ပြောသင့်သည်၊ သင်တို့၌ ဘုရားသခင်၏အမှုအပေါ် စစ်မှန်သောသိခြင်း အဘယ်မျှ ရှိကြောင်းနှင့် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံပြီး သူ၏ချစ်ခြင်းမေတ္တာကို အဘယ်သို့ ပြန်ပေးဆပ်သင့်ကြောင်းတို့ကိုလည်း ပြောသင့်သည်။ သင်တို့သည် ရိုးရှင်းသောပုံစံဖြင့် ပြောလျက် ပို၍ အနှစ်သာရရှိရှိ ပြောသင့်သည်။ အနှစ်သာရမဲ့သော သီအိုရီများအကြောင်းကို မပြောလေနှင့်။ ပိုမို၍ လက်တွေ့ကျအောင် ပြောလော့။ နှလုံးသားထဲမှ စကားပြောလော့။ ဤသည်မှာ သင်တွေ့ကြုံသင့်ပုံ ဖြစ်သည်။ ဝါကြွားရန် အားထုတ်သည့်အနေဖြင့် လေးနက်ဟန်ရှိသော၊ အနှစ်သာရမဲ့သော သီအိုရီများနှင့် မိမိကိုယ်ကို မပြင်ဆင်လေနှင့်။ ဤသို့ပြုခြင်းက သင်တို့ကို အတော်ပင် စိတ်ကြီးဝင်ပြီး အသိတရားမဲ့ဟန် ပေါ်စေမည်။ သင်သည် စစ်မှန်ပြီး နှလုံးသားထဲမှဖြစ်သည့် သင်၏ တကယ့် အတွေ့အကြုံမှ စစ်မှန်သောအရာများကို ပို၍ပြောသင့်သည်။ ဤသည်မှာ အခြားသူများအတွက် အကျိုးပြုဆုံးဖြစ်ပြီး သူတို့တွေ့မြင်ရန် အသင့်လျော်ဆုံးဖြစ်သည်။ သင်တို့သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသောသူများနှင့် သူ့ကို နာခံရန် အနည်းဆုံးလိုလားသူများ ဖြစ်ခဲ့ကြသော်လည်း ယခုတွင် သိမ်းပိုက်ခြင်းကို ခံရပြီးဖြစ်သည်- ဤသည်ကို မည်သည့်အခါမျှ မမေ့လေနှင့်။ ဤကိစ္စရပ်များနှင့်ပတ်သက်၍ သင် သာ၍ တွေးဆပြီး စဉ်းစားသင့်သည်။ ၎င်းတို့ကို လူတို့ ရှင်းလင်းစွာ နားလည်ပြီးသည်နှင့်တစ်ပြိုင်နက်၊ မည်သို့ သက်သေခံရမည်ကို ၎င်းတို့ သိကြလိမ့်မည်၊ သို့မဟုတ်ပါက၊ ၎င်းတို့သည် ရှက်ဖွယ်ဖြစ်ပြီး အသိတရားမရှိသော လုပ်ဆောင်ချက်များကို ကျူးလွန်ဖွယ်ရှိလိမ့်မည် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်အဖို့ သက်သေခံခြင်း မဟုတ်ဘဲ၊ ဘုရားသခင်အပေါ် အရှက်ရောက်စေခြင်း ဖြစ်သည်။ သမ္မာတရားနှင့်ဆိုင်သည့် စစ်မှန်သော အတွေ့အကြုံနှင့် သိနားလည်ခြင်းမရှိဘဲ၊ ဘုရားသခင်အဖို့ သက်သေခံရန်မှာ မဖြစ်နိုင်ပေ။ ဘုရားသခင်၌ မိမိ၏ ယုံကြည်ခြင်း မပြတ်သားသကဲ့သို့ မရှင်းမလင်းဖြစ်သော လူတို့သည် ဘုရားသခင်အဖို့ မည်သည့်အခါတွင်မျှ သက်သေခံနိုင်လိမ့်မည် မဟုတ်ပေ။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်မှာ၊ ကျွန်မ နားလည်လိုက်တယ်။ ဘုရားအပေါ် စစ်မှန်တဲ့ သက်သေခံချက်က ဘုရားနှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကို သက်သေခံဖို့၊ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုတွေနဲ့ စစ်ဆေးခြင်းအပေါ် ကုယ့်အတွေ့အကြုံကို မိတ်သဟာယပြုဖို့၊ ကိုယ်ပြတဲ့ ဖောက်ပြန်ပျက်စီးခြင်းအပေါ် မိတ်သဟာယပြုဖို့နဲ့ ဘုရားနှုတ်ကပတ်တော် ထုတ်ဖော်တဲ့အရာက တစ်ဆင့် ကိုယ့်ကိုယ်ကိုယ်နဲ့သက်ဆိုင်ပြီး ရခဲ့တဲ့ အသိပညာနဲ့ ဝင်ရောက်မှု တွေ့ခဲ့ပုံကို မျှဝေဖို့ပဲ။ အဲဒါမှ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို တခြားလူတွေ မြင်ပြီး ဘုရားရဲ့ အမှုတော်နဲ့ ချစ်ခြင်းကို သိနိုင်မှာလေ။ ဘုရားကို သက်သေခံဖို့ အဆင့်မြင့် သဘောတရားတွေ ပြောရာမှာ ဘယ်လောက် စွမ်းဆောင်နိုင်တယ်ဆိုတာ အရေးမကြီးဘူး။ အရေးကြီးသမျှက ရိုးရိုးသားသားနဲ့ အစစ်အမှန် စကားပြောဖို့ပဲ။ ဒါကို သဘောပေါက်လိုက်တာနဲ့၊ ကျွန်မစိတ်နှလုံးက နည်းနည်း အားတက်သွားတယ်။ သက်သေခံချက်တွေ ရေးတာကလည်း အဲဒီအတိုင်းပါပဲ။ ကိုယ့်ရဲ့ ပညာရေးအဆင့် ဒါမှမဟုတ် စားရေးပုံရေးနည်းက အရေးမကြီးဘူး။ အဓိကအချက်က သမ္မာတရား လိုက်စားဖို့ အားထုတ်မှု သုံးစွဲနိုင်ခြင်း ရှိမရှိ၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားတွေ ရှာခြင်းရှိမရှိ၊ ဘုရားရဲ့ တရားစီရင်ခြင်းကို တွေ့ကြုံခြင်း၊ ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး ကိုယ့်ကိုယ်ကိုယ် စိစစ်၊ သိမြင်ခြင်းရှိမရှိ၊ ပြဿနာရဲ့ အဖြစ်အနှစ်ကို ရှင်းရှင်းလင်းလင်း မြင်ပြီး အစစ်အမှန် နောင်တရ၊ ပြောင်းလဲခြင်း ရှိမရှိဆိုတာပဲ။ ဒီအရာတွေကို ပြင်ဆင်လိုက်တဲ့အခါ၊ ကိုယ်ရေးတဲ့ ဆောင်းပါးတွေက ကောင်းမှာပဲ။ ဒါက ကိုယ့်ရဲ့ ပညာရေးအဆင့်နဲ့ မပတ်သက်ဘူး။ လုပ်ဖို့လိုအပ်သမျှက ဒီလက်တွေ့ကျတဲ့အရာတွေကို နေ့စဉ်ဘဝရဲ့ ဘာသာစကားနဲ့ ရေးဖို့ပဲ။ ကိုယ်တွေးပြီး နားလည်တာကို ရေးလိုက်ရုံပဲ။ ကိုယ့်ကိုယ်ပိုင် စကားလုံးတွေနဲ့ ကိုယ့်ရဲ့ စစ်မှန်တဲ့ သိနားလည်မှု၊ ခံစားချက်တွေ၊ တခြားလူတွေကို အကျိုးနိုင်တဲ့ ဘယ်ဟာမဆိုကို ထုတ်ရေးလိုက်ရင်၊ သက်သေခံချက်တစ်ခု ရှိပြီပဲ။ အရင်က၊ ကျွန်မမှာ ပညာရေးနိမ့်ပါးပြီး အစွမ်းအစညံ့တယ်လို့ အမြဲတွေးခဲ့သလို၊ ဒါကို သက်သေခံချက်ဆောင်းပါးတွေ မရေးဖို့ ဆင်ခြေတစ်ခုအနေနဲ့ သုံးခဲ့တယ်၊ အဲဒါတွေကို ရေးတာက အဆင့်မြင့်တဲ့ အသိပညာလိုသလိုမျိုးပေါ့၊ ဒါပေမဲ့ အခုတော့ ဒီအမြင်က မှားမှန်း သိလိုက်ပြီ။ ဒီအခြေအနေမှာ ကျွန်မ အသက်မရှင်သင့်ဘူး။ သမ္မာတရားကို လိုက်စားတာ၊ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ပြီး တွေ့ကြုံတာနဲ့ ဘုရားကို သက်သေခံဖို့ ကိုယ်တွေ့ကြုံခဲ့ပြီး ရရှိခဲ့တာနဲ့ပတ်သက်လို့ ဆောင်းပါးတွေ ရေးတာကို အာရုံစိုက်သင့်တယ်။ ဒါကျွန်မရဲ့ တာဝန်ပဲလေ။
နောက်ပိုင်းမှာ၊ စုဝေးပွဲတစ်ခုမှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် တွေ့ခဲ့တယ်၊ အဲဒါက သမ္မာတရား လိုက်စားပြီး သက်သေခံချက် ဆောင်းပါးတွေ ရေးရာမှာ ဝန်ထုပ်တစ်ခုကို သယ်ဖို့ ကူညီခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ ဖြစ်သည့်လူများ၏ ကဏ္ဍ အရေးပါလာခြင်းကို ဖြစ်စေသည့် အကြောင်းရင်းမှာ အဘယ်နည်း၊ ပြီးလျှင် ယင်းတို့သည် မည်သို့ ပေါ်ပေါက်လာသနည်း။ ကြီးမားသော အတိုင်းအတာတစ်ခုတွင် ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်အတွက် လိုအပ်သည်။ သေးငယ်သော အတိုင်းအတာတစ်ခုတွင် ၎င်းတို့ကို အသင်းတော်၏အလုပ်အတွက် လိုအပ်သည်၊ ဘုရားသခင် ရွေးချယ်ထားသောသူများက ၎င်းတို့ကို လိုအပ်သည်။...ခေါင်းဆောင်များနှင့် အမှုဆောင်များနှင့် ကျန်ရှိသော ဘုရားသခင်ရွေးချယ်ထားသောသူတို့ကြား ကွာခြားချက်မှာ ၎င်းတို့ထမ်းဆောင်သည့် တာဝန်များရှိ အထူးပင်ကိုလက္ခဏာ တစ်ခုသာဖြစ်သည်။ ဤအထူးပင်ကိုလက္ခဏာသည် အဓိကအားဖြင့် ၎င်းတို့၏ ခေါင်းဆောင်ကဏ္ဍများတွင် ပြသည်။ ဥပမာအနေဖြင့် အသင်းတော်က လူမည်မျှရှိပါစေ၊ ခေါင်းဆောင်သည် ဦးသျှောင် ဖြစ်သည်။ သို့ဆိုလျှင် ဤခေါင်းဆောင်သည် အသင်းသားများအကြား မည်သည့်အခန်းကဏ္ဍတွင် ပါဝင် ဆောင်ရွက်သနည်း။ ၎င်းတို့သည် အသင်းတော်ရှိ ရွေးချယ်ခံထားရသောသူများအားလုံးကို ဦးဆောင်ပါသည်။ သို့ဆိုလျှင် ၎င်းတို့သည် အသင်းတော်တစ်ခုလုံးအပေါ် အဘယ်သက်ရောက်မှု ရှိသနည်း။ ဤခေါင်းဆောင်သည် မှားယွင်းသော လမ်းကြောင်းကို လျှောက်မိလျှင်၊ အသင်းတော်ရှိ ဘုရားသခင် ရွေးချယ်ထားရသောသူများသည် မှားယွင်းသော လမ်းကြောင်းတွင် ခေါင်းဆောင် နောက်သို့ လိုက်ကြပေလိမ့်မည်။ ယင်းက ၎င်းတို့အားလုံးပေါ်တွင် ကြီးမားသော သက်ရောက်မှု ရှိလိမ့်မည်။ ပေါလုကို နမူနာကြည့်လော။ သူသည် ၎င်းတည်ထောင်ခဲ့သော အသင်းတော်များစွာနှင့် ဘုရားသခင် ရွေးချယ်ထားသောသူများကို ဦးဆောင်ခဲ့သည်။ ပေါလု လမ်းလွဲသွားသည့်အချိန်တွင်၊ သူဦးဆောင်ခဲ့သည့် အသင်းတော်များနှင့် ဘုရားအရွေးချယ်ခံများသည်လည်း လမ်းလွဲသွားကြပေသည်။ ထို့ကြောင့် ခေါင်းဆောင်များ လမ်းလွဲကြသည့်အခါ၊ ၎င်းတို့တစ်ဦးတည်းအပေါ်သာ သက်ရောက်မှုရှိသည် မဟုတ်ဘဲ၊ ၎င်းတို့ဦးဆောင်သည့် အသင်းတော်များနှင့် ဘုရားသခင် ရွေးချယ်ထားသူများကိုလည်း အကျိုးသက်ရောက်မှုရှိပေသည်။ ခေါင်းဆောင် တစ်ယောက်သည် သင့်တော်သည့် လူတစ်ယောက် ဖြစ်ကာ၊ မှန်ကန်သော လမ်းကြောင်းကို လျှောက်နေပြီး၊ သမ္မာတရားကို လိုက်စား၍၊ လက်တွေ့လုပ်ဆောင်နေသောသူဖြစ်ပါက၊ ၎င်းတို့ ဦးဆောင်သည့်လူများကလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင့်တင့် လျောက်ပတ်စွာ စားသောက်လိမ့်မည် ဖြစ်ပြီး၊ သမ္မာတရားကို သင့်တင့်လျောက်ပတ်စွာ ရှာဖွေလိမ့်မည်ဖြစ်သည်၊ ပြီးလျှင် တစ်ချိန်တည်းမှာပင်၊ ခေါင်းဆောင်၏ အသက်တာအတွေ့အကြုံနှင့် တိုးတက်မှုတို့သည် အခြားသူများအတွက် ထင်ရှားသိသာလိမ့်မည်ဖြစ်ပြီး အခြားသူများကို အကျိုးသက်ရောက်လိမ့်မည်။ ထို့ကြောင့် ခေါင်းဆောင် တစ်ယောက် လျှောက်သင့်သည့် မှန်ကန်သည့် လမ်းကြောင်းမှာ အဘယ်နည်း။ ယင်းသည် အခြားသူများကို သမ္မာတရားနှင့် သက်ဆိုင်သည့် နားလည်မှု တစ်ခုဆီသို့၊ သမ္မာတရားထဲသို့ ဝင်ရောက်မှု တစ်ခုဆီသို့ ဦးဆောင်နိုင်ခြင်းနှင့် အခြားသူများကို ဘုရားသခင်ထံသို့ ဦးဆောင်နိုင်ခြင်းတို့ ဖြစ်ပေသည်။ မှားယွင်းသည့် လမ်းကြောင်းတစ်ခုမှာ အဘယ်နည်း။ ယင်းသည် ဂုဏ်အဆင့်အတန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်နောက်လိုက်ခြင်း၊ မိမိကိုယ်ကို မကြာခဏ မြှင့်တင်ခြင်း၊ မိမိကိုယ်ကို သက်သေခံခြင်း၊ မည်သည့်အခါမျှ ဘုရားသခင်အတွက် သက်သေမခံခြင်းတို့ဖြစ်သည်။ ယင်းသည် ဘုရားသခင်ရွေးချယ်ထားသောသူတို့အပေါ် မည်သို့ သက်ရောက်သနည်း။ ၎င်းတို့သည် ဘုရားသခင်ထံမှ ဝေးရာသို့ လမ်းလွဲကြပြီး၊ ဤခေါင်းဆောင်၏ ထိန်းချုပ်မှု အောက်သို့ လာကြလိမ့်မည် ဖြစ်သည်။ သင်သည် လူများကို သင်၏ရှေ့သို့ လာဖို့ ဦးဆောင်ပါက၊ သင်သည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် ရှေ့သို့ လာဖို့ ဦးဆောင်လမ်းပြနေခြင်းဖြစ်သည်၊ ပြီးလျှင် သင်သည် ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ မဟုတ်ဘဲ၊ စာတန်၏ရှေ့သို့ လာဖို့ ဦးဆောင်လမ်းပြနေခြင်း ဖြစ်သည်။ လူများကို သမ္မာတရား၏ ရှေ့မှောက်သို့ လာဖို့ ဦးဆောင်လမ်းပြခြင်းသည်သာလျှင် ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ လာဖို့ ဦးဆောင်လမ်းပြနေခြင်း ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် မှန်ကန်သော လမ်းကြောင်းကို လျှောက်သည်ဖြစ်စေ၊ မှားယွင်းသော လမ်းကြောင်းကို လျှောက်သည်ဖြစ်စေ ဘုရားသခင် ရွေးချယ်ထားသော လူများအပေါ် တိုက်ရိုက် ဩဇာလွှမ်းမိုးမှုရှိသည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်”) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်မှာ၊ ကိုယ့်တာဝန်၊ ဝတ္တရားတွေနဲ့ပတ်သက်လို့ ပိုရှင်းသွားတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ့်ပုခုံးပေါ်က ကြီးမားတဲ့ တာဝန်ကို ခံစားခဲ့ရတယ်။ ဘယ်လမ်းကြောင်းကို ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ လျှောက်ပြီး ဘာကိုရှာဖွေတယ်ဆိုတာက သူတို့ကိုယ်တိုင်အပေါ် သက်ရောက်ရုံသာမက၊ သူတို့ ဦးဆောင်တဲ့ ညီအစ်ကို မောင်နှမတွေကိုလည်း သက်ရောက်တယ်လို့ ဘုရားက ပြောတယ်။ ခေါင်းဆောင်နဲ့ အမှုဆောင်တွေက သမ္မာတရားကို လိုက်စားပြီး သင့်တော်တဲ့ လူတွေဖြစ်ရင်၊ သမ္မာတရားမှာ တိုးတက်မှု ဆက်လုပ်နေမှာပဲ။ နေ့စဉ်အသက်တာမှာ သူတို့ရှိတဲ့ မမှန်တဲ့ အမြင်တွေ၊ သူတို့ အသက်ရှင်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေအပေါ် သုံးသပ်မယ်၊ ဘုရားနှုတ်ကပတ်တော်တွေအပေါ် အခြေခံပြီး ပြဿနာရဲ့ အနှစ်သာရကို နားလည်မှာဖြစ်ပြီး အဲဒီနောက် ဘယ်စည်းမျဉ်းတွေထဲ ဝင်ရောက်ရမယ်ဆိုတာ ရှာတွေ့မှာပဲ။ ခေါင်းဆောင်နဲ့ အမှုဆောင်တွေက လမ်းကြောင်းမှန် လျှောက်တဲ့အခါ၊ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုအတွက် ဝန်ထုပ်တစ်ခု သယ်ပိုးပြီး၊ သူတို့ဦးဆောင်တဲ့ လူတွေလည်း ဒီဦးတည်ချက်ထဲ ဝင်ရောက်အောင်လို့ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရား ရှာဖွေတာကို အာရုံစိုက်မှာပဲ။ ခေါင်းဆောင်နဲ့ အမှုဆောင်တွေက အလေးမထားရင်၊ သမ္မာတရားကို မလိုက်စားရင်၊ ကျော်ကြားမှုနဲ့ အဆင့်အတန်းရဖို့ အလုပ်လုပ်ရင် အချိန်ရှိသမျှ ကုန်ဆုံးရင်၊ သမ္မာတရားကို လိုက်စားရာမှာ စိတ်မဝင်စားသလို၊ ပြဿနာတွကို ဖြေရှင်းဖို့ သမ္မာတရားအပေါ် မိတ်သဟာယမပြုနိုင်ရင်၊ သူတို့တာဝန်က အပြင်ပန်း ကိစ္စတစ်ခု၊ သူတို့ကိုယ်သူတို့ ချီးမြှောက်ပြီး ခြားနားစေဖို့ ကျမ်းဟောင်းတရားတွေ ပြောတာ သက်သက်ပါပဲ။ အဲဒါက ဘုရားကို သက်သေခံတဲ့ ရလဒ်တွေ မဖြစ်စေနိုင်ဘူး။ အဲဒီအခါ သူတို့က ဘုရားကို အာခံတဲ့ လမ်းကြောင်းကို လျှောက်နေတာဖြစ်ပြီး၊ လူတွေကို မမှန်တဲ့ ဦးတည်ချက်နဲ့ ဦးဆောင်နေတာလည်း ဖြစ်တယ်။ အဲဒီလိုလူတွေက မရည်ရွယ်ဘဲ ကိုယ့်သဘောအတိုင်း လုပ်ပြီး၊ အစေခံမှုလုပ်တဲ့ လမ်းကြောင်းဆီ တခြားလူတွေကို ဦးဆောင်သွားတတ်တယ်၊ အဲဒါက ပေါလုရဲ့ ဘုရားကို အာခံတဲ့ လမ်းကြောင်းပဲ။ ဒါက အမှုပြုပြီး လူတွေကို ကယ်တင်ဖို့ဖြစ်တဲ့ ဘုရားရဲ့ရည်ရွယ်ချက်ကို ဆန့်ကျင်တယ်။ ဒါကို သဘောပေါက်တော့၊ ဘုရားက ကျွန်မကို ခေါင်းဆောင်ဖြစ်ဖို့ အခွင့်အရေး ပေးတာက အပြင်ပန်း အလုပ်ကို လုပ်နိုင်ဖို့၊ အစေခံမှုနဲ့ အလုပ်ကြိုးစားနိုင်ဖို့၊ ပြီးတော့ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းလိုက်စားနိုင်ဖို့ မဟုတ်မှန်း ခံစားခဲ့ရတယ်။ ကျွန်မအတွက် ဘုရားရဲ့ ရည်ရွယ်ချက်က ခေါင်းဆောင်တစ်ဦး၊ တခြားလူတွေကို ဘုရားနှုတ်ကပတ်တော်တွေ စားသောက်ရာမှာ ဦးဆောင်နိုင်တဲ့၊ ကိုယ့်တာဝန်မှာ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရား ရှာဖွေနိုင်ပြီး တဖြည်းဖြည်းနဲ့ သမ္မာတရားကို နားလည်ပြီး ဘုရားနှုတ်ကပတ်တော်ရဲ့ စစ်မှန်မှုတွေထဲ ဝင်ရောက်နိုင်တဲ့ သူတစ်ယောက်ရဲ့ အခန်းကဏ္ဍကို လုပ်ဆောင်ဖို့ပဲ။ ဒါဟာ ဘုရားရဲ့ စေခိုင်းချက်တာဝန်အပြင် ကျွန်မရဲ့ ဝတ္တရားလည်း ဖြစ်တယ်။ ဒီတော့ သမ္မာတရားကို လိုက်စားပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းတာကို အာရုံစိုက်ဖို့ အရေးကြီးမှန်း ကျွန်မ ခံစားရတယ်။ ဒီအချိန်မှာ၊ သမ္မာတရားအပေါ် အရမ်း ပေါ့တန်တဲ့ သိနားလည်မှု ကျွန်မမှာရှိပြီး၊ သမ္မာတရားရဲ့ စစ်မှန်မှုတွေ မပိုင်ဆိုင်ခဲ့ဘူး၊ ဒါကြောင့် အဲဒါကို တွေ့ကြုံချိန်မှာပဲ သင်ယူနိုင်ခဲ့တယ်။ ကိုယ့်စိတ်နှလုံးနဲ့ လမ်းကြောင်း မှန်သရွေ့၊ ဘုရားရဲ့ လမ်းပြမှုနဲ့ ကောင်းချီးတွေကို ရရှိမှာပါ။
နောက်ပိုင်းကာလမှာ၊ ကိုယ့်အခြေအနေအပေါ်၊ ဘုရားကို ယုံကြည်ခဲ့တဲ့ နှစ်တစ်လျှောက်မှာ သမ္မာတရားကို တကယ်ရှာခြင်းအားဖြင့် ဘယ်ပြဿနာတွေကို ဖြေရှင်းခဲ့တယ်ဆိုတာနဲ့ ဘယ်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ကျွန်မ ဖြေရှင်ခဲ့တယ် ဆိုတဲ့အပေါ် စသုံးသပ်ခဲ့တယ်။ ဒီအရာအပေါ် စချင့်ချိန်ပြီး သုံးသပ်တဲ့အခါမှာ၊ မေးခွန်းအများကြီးကို ကျွန်မ မရှင်းမလင်းဖြစ်ခဲ့ပြီး တစ်ဝက်တစ်ပျက်ပဲ နားလည်ခဲ့မှန်း တွေ့ရတယ်။ သမ္မာတရားကို အစစ်အမှန် နားမလည်ခဲ့သလို၊ ပြဿနာတွေရဲ့ အနှစ်သာရကို မမြင်ခဲ့ဘူး၊ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတွေကို မတွေ့ခဲ့သလို၊ ပြဿနာတွေကို ထိထိရောက်ရောက် တစ်ခါမှ မဖြေရှင်းခဲ့ဘူး။ အဲဒီနောက်မှာ၊ ကိုယ် အတော်အတန် ကောင်းကောင်း နားလည်ခဲ့တဲ့ အတွေ့အကြုံတွေအကြောင်းရေးဖို့ ကြိုးစားခဲ့ပြီး၊ ရေးရင်းနဲ့ ချင့်ချိန်စဉ်းစားခဲ့တယ်။ အချိန်ရှိတဲ့အခါတိုင်း ကျွန်မ ချင့်ချိန်စဉ်းစားခဲ့တယ်။ နောက်ဆုံးမှာ ဆောင်းပါးကို ရေးပြီးသွားတော့၊ အရမ်း ကျေနပ်အားရတယ်၊ စိတ်ချပြီး စိတ်အေးလက်အေးဖြစ်သွားခဲ့တယ်၊ ဘာလို့လဲဆိုတော့ ရေးနေတုန်းမှာပဲ သမ္မာတရားကို ရှာဖွေရာကတစ်ဆင့် ကိုယ့်အခြေအနေနဲ့ ကျွန်မရဲ့ ပြဿနာတွေရဲ့ အဖြစ်အနှစ်ကို ရှင်းရှင်းလင်းလင်း အလိုလို စမြင်လာခဲ့လို့၊ သမ္မာတရားနဲ့ဆိုင်တဲ့ ကျွန်မရဲ့ အသိပညာက ပိုလက်တွေ့ကျ ခိုင်မာလာပြီး၊ ကျွန်မရဲ့ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းက ပိုရှင်းလာလို့ပါပဲ။ သက်သေခံချက် ဆောင်းပါးတွေကို ရေးတာက ကျွန်မကိုယ်ပိုင် အခြေအနေကို သဘောပေါက်တာနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားရှာဖွေတာတွေအတွက် အရေးကြီးမှန်း သဘောပေါက်သွားတယ်။ ဒါဟာ အသက်ဝင်ရောက်မှုအတွက် လမ်းကြောင်းပဲ။ ပြီးတော့ သမ္မာတရားကို ရှာဖွေပြီး နားလည်ဖို့ အကောင်းဆုံးနည်းလမ်းလည်း ဖြစ်တယ်။
နောက်ပိုင်းမှာ၊ ခေါင်းဆောင်နဲ့ အမှုဆောင်တွေအပါအဝင် တော်တော်များများက ဆောင်းပါးရေးတာတွေကို အာရုံမစိုက်သလို၊ ဒီကဏ္ဍမှာ ဘာအားထုတ်မှုမှ မသုံးစွဲကြတာကို ကြားရတယ်။ တချို့က သူတို့ အလုပ်များပြီး အချိန်မရှိဘူးလို့ အမြဲပြောတယ်။ ကျွန်မ တွေးတယ်၊ ဒါက ကျွန်မရဲ့ ဖြစ်ခဲ့တဲ့ အခြေအနေ အတိအကျပဲမဟုတ်လားပေါ့။ အဲဒီမမှန်တဲ့ ရှုထောင့်အမြင်ကိုလည်း ကျွန်မ ကိုင်စွဲခဲ့ပြီး၊ မရေးဖို့ ဆင်ခြေတွေ ပေးခဲ့တယ်။ ကျွန်မ တွေးမိတယ်၊ “ကိုယ့်အခြေအနေအကြောင်း သိခဲ့ပုံနဲ့ ကိုယ့်ရှုထောင့်အမြင်ကို ပြောင်းလဲပြီး အဲဒီအကြောင်း ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပုံ နည်းစနစ်ကို ငါသုံးလိုက်ရင်၊ အဲဒါ ငါ့ရဲ့ညီအစ်ကို မောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးမှာ မဟုတ်လား”ပေါ့။ ဒါကို သဘောပေါက်တော့၊ ကျွန်မမှာ အခု ထမ်းရမဲ့ ဝန်ထုပ်တစ်ခုရှိမှန်း ခံစားရပြီး စာရေးဖို့ စပြင်လိုက်တယ်။ ကျွန်မရဲ့ သိနားလည်မှုက ပေါ့တန်ပြီး ဟိုတစ်စ ဒီတစ်စဖြစ်ပေမဲ့၊ ဒီဆောင်းပါးကို ရေးတာက ကျွန်မတာဝန်ဖြစ်တာကို သိလို့ ကျွန်မ နားလည်သလောက် ရေးရမှာပဲလေ။ စိတ်ထဲမှာ ဒီရည်မှန်းချက်နဲ့၊ ညီအစ်ကို မောင်နှမတွေနဲ့ ဆုံ၊ မိတ်သဟာပြုတဲ့အခါ၊ ဒီအကြောင်းကို ကျွန်မတို့ ဆွေးနွေးခဲ့ကြပြီး၊ အားတဲ့အချိန်မှာ ဒီအကြောင်းနဲ့ပတ်သက်လို့ စဉ်းစားခဲ့တယ်။ မနက် ဝတ်ပြုတဲ့အတောအတွင်းမှာ၊ တစ်ခါတလေ အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ခဲ့တယ်။ ခဏကြာပြီးတဲ့နောက်မှာ၊ ပြဿနာကို နည်းနည်း ပိုရှင်းအောင် မြင်နိုင်ခဲ့ပြီး၊ စရေးတဲ့အချိန်မှာ၊ အများကြီး ပိုလွယ်သွားတယ်။ အကြမ်းဖော်ပြချက် လုပ်ပြီးတဲ့နောက်မှာ၊ အဓိပ္ပာယ်တစ်ဆင့်ချင်းစီကို ကိုယ့်ကိုယ်ပိုင် သိနားလည်မှုအတိုင်း ဖော်ပြပြီး၊ ကိုယ့်အတွေးနဲ့ အတွေ့အကြုံတွေကို ကိုယ့်ကိုယ်ပိုင် စကားလုံးတွေနဲ့ ရေးလိုက်တယ်။ အဲဒီလောက်ခက်တယ်လို့ လုံးလုံး မခံစားရတော့သလို၊ ရေးနေတုန်း အကြောင်းအရာတွေကို ချင့်ချိန်စဉ်းစားရင်းနဲ့၊ ပြဿနာတွေအပြင် ပါဝင်တဲ့ သမ္မာတရား သွင်ပြင်တွေကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့တယ်။ သမ္မာတရားကို ကျွန်မတို့ လိုက်စားဖို့ ပိုကြိုးစားပြီး၊ ပြဿနာတွေကို ဖြေရှင်းဖို့ ဆောင်းပါးတွေကို ရေးလေ၊ ဘုရားရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုတွေကို ကျွန်မတို့ ပိုရပြီး ပိုကောင်းချီးခံစားရလေ ဖြစ်မှန်း ကျွန်မ အစစ်အမှန် ခံစားခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ စဉ်းစားမိတယ်။ “သင်သည် ဘုရားသခင်၏အလိုတော်ကို အလေးထားလေလေ၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေဖြစ်ပြီး၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေ သင်၏အတွေ့အကြုံ ကြွယ်ဝလေလေဖြစ်လိမ့်မည်။ ဘုရားသခင်၏ အလိုတော်ကို သင် သတိရှိသည့်အခါတွင်၊ ဘုရားသခင်သည် သင့်အပေါ် ဝန်ထုပ်တစ်ခု ချပေးလိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် သင့်ကို သူ ပေးအပ်ထားသည့် အလုပ်တာဝန်များနှင့်ပတ်သက်၍ သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်။ ဘုရားသခင်သည် သင့်ကို ဤဝန်ထုပ်ပေးသည့်အခါ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် ဆက်နွှယ်မှုရှိသည့် သမ္မာတရားများအားလုံးကို သင် အာရုံစိုက်လိမ့်မည်ဖြစ်သည်။ သင်၏ ညီအစ်ကို မောင်နှမများ၏ အသက်တာများ၏ အခြေအနေနှင့်ဆက်နွှယ်သည့် ဝန်ထုပ်တစ်ခု သင်၌ရှိပါက၊ ဤသည်မှာ ဘုရားသခင်က သင့်ကို အပ်နှံထားသော ဝန်ထုပ်ဖြစ်ပြီး၊ သင်သည် ဤဝန်ထုပ်ကို သင်၏ နေ့စဉ်ဆုတောင်းချက်များတွင် သင်နှင့်အတူ အမြဲ သယ်ဆောင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာကို သင့်အပေါ် တနင့်တပိုး တင်ထားပြီးဖြစ်ကာ၊ ဘုရားသခင် လုပ်ဆောင်လိုသောအရာကို လုပ်ဆောင်ရန် သင် လိုလားလျက်ရှိ၏။ ဤသည်မှာ ဘုရားသခင်၏ဝန်ထုပ်ကို သင့်ကိုယ်ပိုင်ဝန်ထုပ်အဖြစ် တာဝန်ယူခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဤအခြေအနေတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်ခြင်းတွင်၊ သင်သည် ဤကဲ့သို့သော ကိစ္စများကို အလေးထားပြီး၊ ဤပြဿနာများကို ကျွန်ုပ် မည်သို့ ဖြေရှင်းမည်နည်းဟု သင် စဉ်းစားလိမ့်မည်။ ကျွန်ုပ်၏ ညီအစ်ကိုမောင်နှမများအား လွတ်မြောက်မှုကို ရရှိပြီး ဝိညာဉ်ရေးရာ မွေ့ပျော်မှုကို ရှာတွေ့စေရန် ကျွန်ုပ် မည်သို့ထောက်ကူနိုင်မည်နည်း။ သင်သည် မိတ်ဿဟာယဖွဲ့နေစဉ်တွင် ဤပြဿနာများ ဖြေရှင်းခြင်းကိုလည်း အာရုံစိုက်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေချိန်တွင်၊ ဤကိစ္စများနှင့် ဆက်နွှယ်သော သူ၏နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် သင်အာရုံစိုက် ပါလိမ့်မည်။ သူ၏နှုတ်ကပတ်တော်များကို စားသောက်စဉ်တွင်လည်း သင်သည် ဝန်ထုပ်ဝန်ပိုးတစ်ခုကိုလည်း သယ်ဆောင်ပါမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် နားလည်ပြီးသည်နှင့်တစ်ပြိုင်နက်၊ မည်သည့် လမ်းကြောင်း လျှောက်ရမည် ဆိုသည်နှင့်ပတ်သက်၍ သာ၍ ရှင်းလင်းသော စိတ်ကူးတစ်ခုကို သင် ရရှိလိမ့်မည်။ ဤသည်မှာ သင့်ဝန်ထုပ်က ယူဆောင်လာသော သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းဖြစ်ပြီး ဤသည်မှာ သင့်အပေါ် နှင်းအပ်ထားပြီးဖြစ်သည့် ဘုရားသခင်၏ လမ်းပြမှုလည်း ဖြစ်သည်။ ငါသည် ဤအရာကို အဘယ်ကြောင့် ပြောဆိုသနည်း။ သင်၌ ဝန်ထုပ်ဝန်ပိုး မရှိပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် အာရုံစိုက်လိမ့်မည်မဟုတ်။ ဝန်ထုပ်ကို သယ်ဆောင်နေစဉ် ဘုရားသခင်၏နှုတ်ကပတ်တော်များကို သင်စားသောက်သည့်အခါ၊ ထိုနှုတ်ကပတ်တော်များ၏ အနှစ်သာရကို သင် သဘောပေါက်နိုင်သည်၊ မိမိလမ်းခရီးကို ရှာတွေ့နိုင်ပြီး ဘုရားသခင်၏ အလိုတော်ကို အလေးထားနိုင်ပေသည်။ ထို့ကြောင့်၊ သင်၏ ရှေ့တွင်၊ သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ပိုမိုရရှိနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ စားသောက်ခြင်းသည် သာ၍ ကြီးမားသော အကျိုးတစ်ခု ရှိဖို့အလို့ငှာ၊ သင်သည် သူ၏နှုတ်ကပတ်တော်များ၏ အနှစ်သာရကို သဘောပေါက်၍ ကြီးထွားဖို့အလို့ငှာနှင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သင် သာ၍ ခံရနိုင်စွမ်းရှိလာဖို့အလို့ငှာ၊ သင်၏ဆုတောင်းချက်များတွင်၊ ဘုရားသခင်သည် သာ၍များသော ဝန်ထုပ်များကို သင့်အပေါ် ထားရှိဖို့နှင့် သာ၍ပင် ကြီးမားသော အလုပ်တာဝန်များကို သင့်ထံ အပ်နှံဖို့ တောင်းဆုပြုသင့်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတဲ့နောက်မှာ၊ သဘောပေါက်သွားတယ်။ ကိုယ့်ကိုယ်ပိုင် အသက်ဝင်ရောက်မှုနဲ့ အသင်းတော်ထဲက ပြဿနာတွေရဲ့ ဝန်ထုပ်တွေကို ကျွန်မတို့ ထမ်းတဲ့အခါ၊ ပြဿနာတွေကို ဖြေရှင်ဖို့ သမ္မာတရား ရှာဖွေရာမှာ ပိုအားထုတ်မှု သုံးစွဲနိုင်တယ်၊ ဘုရားနှုတ်ကပတ်တော်ကို တာဝန်သိသိ စားသောက်ပြီး လက်တွေ့လုပ်ဆောင်နိုင်ပြီး၊ အဲဒီနောက် ဘုရားနှုတ်ကပတ်တော်အပေါ် ကိုယ့်ကိုယ်ပိုင် သိနားလည်မှုအကြောင်း မိတ်သဟာယပြု၊ ရေးသားနိုင်တယ်ဆိုတာပေါ့။ အဲဒီအခါမှပဲ သမ္မာတရားရဲ့ စစ်မှန်မှုထဲ ကျွန်မတို့ တဖြည်းဖြည်း ဝင်ရောက်နိုင်တယ်။ ဒီဖြစ်စဉ်အတောအတွင်းမှာ၊ ကျွန်မတို့က ဝန်ထုပ်တွေကို ထမ်း၊ တမ်းတပြီး ရှာဖွေတာနဲ့အမျှ ဘုရားရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုကို ရနိုင်တယ်၊ သမ္မာတရားအပေါ် ကျွန်မတို့ရဲ့ သိနားလည်မှုကို တဖြည်းဖြည်း နက်သည်ထက်နက်လာစေနိုင်တယ်၊ သီးခြားကိစ္စကို ပိုပြီး ရှင်းရှင်းလင်းလင်းနဲ့ ခရေစေ့တွင်းကျ တွေ့နိုင်ပြီး၊ သမ္မာတရားအပေါ် ပိုခိုင်ခံ့ပြီး လက်တွေ့ကျတဲ့ သဘောပေါက်မှု ရနိုင်တယ်။ သမ္မာတရား လိုက်စားဖို့၊ ဆောင်းပါးတွေ ရေးတာကို လက်တွေ့လုပ်ဖို့ ကျွန်မတို့ မကြိုးစားရင်၊ ဘုရားနှုတ်ကပတ်တော်နဲ့ စပ်လျဉ်းပြီး နားလည်မှုတချို့ ရရင်တောင်၊ အမြဲ မသဲကွဲ၊ မြူထဲက ပုံတွေလို ခံစားရမဲ့ အပေါ်ယံ၊ သိသာလောက်တဲ့ သိနားလည်မှုပဲ ဖြစ်မှာဖြစ်ပြီး၊ အဲဒါက ကျွန်မတို့မှာ စစ်မှန်တဲ့ အသိ လုံးဝ မရှိမှန်း ပြတာပဲ။ ကိုယ့်ရဲ့ တကယ့် အသိပညာနဲ့ အတွေ့အကြုံကို ချရေးလိုက်ခြင်းကသာ ဘုရားနှုတ်ကပတ်တော်အပေါ်အခြေခံပြီး ပြဿနာတွေကို စေ့စေ့စပ်စပ် ချင့်ချိန်၊ နားလည်တာဖြစ်ပြီး၊ နောက်ဆုံးမှာ ကျွန်မတို့ရဲ့ သိသာတဲ့ အသိပညာကို တိကျပြတ်သား၊ ယုတ္တိတန်တဲ့ အသိပညာအထိ မြှင့်လိုက်တာက ကျွန်မတို့ရဲ့ သိနားလည်မှုကို နောက်ဆုံးမှာ ပွင့်လန်းစေပြီး အကျိုးဖြစ်ထွန်းစေတယ်။ ဒါက ကျွန်မတို့ရဲ့ အကျိုး၊ ကိုယ့်အတွေး ပုံပေါ်လာခြင်းပါပဲ။ ဒီကာလအတောအတွင်းမှာ၊ ဆောင်းပါးတွေ ရေးတာက ကိစ္စတွေမှာ ရှင်းလင်းပြတ်သားမှု ရခြင်း၊ သမ္မာတရားကို နားလည်ခြင်းနဲ့ ပြဿနာတွေကို ဖြေရှင်းခြင်းရဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပုံကိုလည်း တွေ့ကြုံခဲ့ရတယ်။ ကျွန်မတို့ ပိုရေးလေ၊ ပိုရလေပဲ။
အခု၊ ဆောင်းပါးတွေရေးတာကို ကျွန်မ အတိုက်အခံမလုပ်ဘူး။ စာရေးနေတုန်းမှာ ကိုယ့်ရဲ့ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ပိုရှင်းရှင်း မြင်ရပြီး ကျွန်မရဲ့ ရှုထောင့်အမြင်တွေနဲ့ အတွေးအမြင်စနစ်လည်း ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ နားလည်လာတာနဲ့အမျှ ပြောင်းလဲသွားလို့ အဲဒါက ကျွန်မ မွေ့လျော်တဲ့ အရာတစ်ခုပဲ။ ဒါဟာ တကယ့်အကျိုးတရားဖြစ်သလို၊ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတဲ့ အရာတစ်ခုပဲ။ အရင်က၊ ဆောင်းပါးတွေကို ရေးတာဟာ ပင်ပန်းပြီး အထူးသဖြင့် ခက်ခဲတယ်လို့ အမြဲတွေးခဲ့ပြီး၊ စာရေးဖို့ ကြိုးစားတာထက် အပြင်ပန်း အလုပ်ကိုပဲ ပိုလုပ်ခဲ့တယ်။ အရမ်း ပုန်ကန်တတ်ခဲ့တာပါ။ ဆောင်းပါးတွေ ရေးတာက ကျွန်မရဲ့ အလုပ်ကို နှောင့်နှေးစေတယ်လို့တောင် ခံစားခဲ့တယ်၊ ဒါပေမဲ့ ဒီအမြင်က တကယ်ကို တော်တော် မှားပြီး အဓိပ္ပာယ်မရှိခဲ့တာပါ။ ဆောင်းပါးတွေ ရေးတာက အလုပ်ကို လုံးဝ မနှောင့်နှေးစေပါဘူး။ အဲဒီအစား ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာအောင် ကိုယ့်ကိုစေ့ဆော်ပေးပြီး ကိုယ့်တာဝန်မှာ ပိုထိရောက်စေတယ်။ အခု၊ အချိန်ရှိတဲ့အခါတိုင်း၊ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင်ထားပြီး ကိုယ့်အခြေအနေကို စဉ်းစားတယ်။ ရှင်းရှင်းလင်းလင်း မမြင်နိုင်၊ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို ချင့်ချိန်စဉ်းစားဖို့ လိုတယ်လို့ ကျွန်မ ခံစားရတယ်။ တဖြည်းဖြည်းနဲ့ သမ္မာတရားလိုက်စားဖို့အတွက် ဝန်ထုပ်တစ်ခု ကျွန်မ စထမ်းခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်အတိုင်း ဖြေရှင်းရမဲ့ အခြေအနေတွေ ကျွန်မမှာ အများကြီး ရှိတယ်လို့လည်း ခံစားရပြီး၊ တဖြည်းဖြည်းနဲ့ ဘုရားနှုတ်ကပတ်တော်ကို တမ်းတစိတ် ဖြစ်ပေါ်ခဲ့တယ်။ ဒါက ဘုရားရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကြောင့်ပဲ ဖြစ်ပြီး၊ ဘုရားသခင်ကို အထူးသဖြင့် ကျေးဇူးတင်မိပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ရှူချင်း တရုတ်နိုင်ငံ မနှစ်တုန်းက ဖေဖော်ဝါရီလမှာ ကျွန်တော်က အသင်းတော်တစ်ခုဆီကို ခေါင်းဆောင်အဖြစ် ရွှေ့ပြောင်းရတယ်။ အဲဒီအသင်းတော်မှာရှိတဲ့...
ဟန်ရှီး တရုတ်နိုင်ငံ ၂၀၂၁၊ မတ်လမှာ ညီမက ဂရတ်ဖစ်ဒီဇိုင်နာအနေနဲ့ အသင်းတော်မှာ အလုပ်လုပ်နေတာပါ။ ညီမက ညီမတာဝန်မှာ မာနထောင်လွှားပြီး...
၂၀၂၁ ခုနှစ်စက်တင်ဘာလမှာ၊ ဗီဒီယိုသစ်တစ်ခု ထုတ်လုပ်ရေး ပရောဂျက်မှာ ပါဝင်ဖို့ အသင်းတော်က ကျွန်မအတွက် စီစဉ်ပေးခဲ့တယ်။ အဲဒါက အတော်လေး...
ဆွန်ယု နယ်သာလန်နိုင်ငံ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက အသင်းတော်ခေါင်းဆောင်အဖြစ် ကျွန်မ စပြီး အစေခံတဲ့အချိန်မှာ ကျွန်မ တွဲဖက်တချို့က...