လုပ်ရကျိုးနပ်သည့် အစီရင်ခံစာတစ်ခု

23.01.2022

တင်လိ အမေရိကန်နိုင်ငံ

လွန်ခဲ့တဲ့နှစ်နှစ်က၊ နွေရာသီတစ်ခုမှာပေါ့။ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အစ်မကျိုးက ရေလောင်းပေးဖို့ သင်းထောက်တစ်ယောက်အနေနဲ့ အစ်ကိုလီကို တာဝန်ပေးတယ်ဆိုတာ ကျွန်မကြားခဲ့ရ ပြီး၊ သူ့အစွမ်းအစက တော်တော်လေးကောင်းပြီး တွေ့ဆုံပွဲ တွေမှာ သူ မိတ်သဟာယဖွဲ့တဲ့အခါ အသိဉာဏ်ပွင့် လင်းစေတယ်လို့ ပြောတယ်။ အဲဒီသတင်းကိုကြားလိုက်တော့ ကျွန်မ နည်းနည်းအံ့ဩသွားတယ်။ အရင် ကျွန်မတာဝန်ထမ်းဆောင်နေတုန်းက၊ ကျွန်မ သူနဲ့အတူ လုပ်ကိုင်ဖူးတော့ သူ့အကြောင်း ကျွန်မ နည်းနည်းသိတယ်။ သူဟာ စကားပြောတာကောင်းပြီး သူ မိတ်သဟာယဖွဲ့တဲ့အခါတွေမှာ အများကြီးပြော နိုင်တယ်ဆိုတာ မှန်ပေမယ့်၊ အများအားဖြင့် ရိုးစင်းတဲ့အယူဝါဒသက်သက်ဖြစ်ပြီး လက်တွေ့ပြဿနာတွေကို အမှန်တကယ်ဖြေရှင်းနိုင် ခြင်း မရှိဘူး။ ပြီးတော့ သူက တော်တော်လေးမာနကြီးပြီး သူ လုပ်ချင်သလို လုပ်တတ်တဲ့အပြင်၊ တခြားသူတွေနဲ့မဆွေးနွေးဘဲ သူ့ဘာသာသူ ဆုံးဖြတ်ချက်တွေ ချမှတ်တယ်။ အဲဒါက ပြဿနာတချို့ဖြစ်စေပြီး ဘုရားသခင် အိမ်တော်ရဲ့ အလုပ်တွေအပေါ်လည်း ထိခိုက်လာ တယ်။ တာဝန်ရှိတဲ့လူက ပြဿနာအကြောင်း သူ့ကို အကြိမ်ပေါင်းများစွာ တင်ပြခဲ့ပေမယ့်၊ သူက လက်မခံသလို လုံးဝမပြောင်းလဲခဲ့ဘူး။ ကျွန်မလည်း သူ့ရဲ့ပြဿနာတွေကို သူ့ကို ပြောပြ တယ်။ သူက ဆင်ခြင်သုံးသပ်တာတို့၊ သူ့ကိုယ်သူ ပိုနားလည်အောင်လုပ်တာတို့ လုံးဝမလုပ်ဘဲ၊ သူ့ရဲ့ အပြုအမူကိုသာ ကာကွယ်ပြီး မှန်ကန်တယ်လို့ ပြောတယ်။ အချိန်အနည်းငယ်ကြာတော့၊ သူဟာ အယူဝါဒကိုပဲ အမြဲလျှောက်ပြောနေပေမယ့်၊ အမှန်တရားကို လက်မခံနိုင်တဲ့သူတစ်ယောက်ဆိုတာ ကျွန်မ တွေ့လိုက်ရတယ်။ ဘုရားသခင်ရဲ့အိမ်တော်မှာ ခေါင်းဆောင်တွေနဲ့ အမှုတော်ဆောင်တွေကို ရွေးချယ်ဖို့အတွက် မူတစ်ခုက သူတို့ဟာ သမ္မာတရားအပေါ် ဖြူစင်တဲ့နားလည်မှု တစ်ခု ရှိရမှာဖြစ်တယ်၊ သမ္မာတရားကို လက်ခံနိုင်စွမ်းရှိပြီး၊ တာဝန်သိစိတ် တစ်ခုနဲ့ ကောင်းတဲ့အစွမ်းအစ ရှိရမှာဖြစ်တယ်။ ပြီးတော့ ရေလောင်းပေးတဲ့ သင်းထောက်တစ်ယောက် အနေနဲ့ သမ္မာတရားကို မိတ်သဟာယဖွဲ့တာကနေ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ တော်ရမှာဖြစ်ပြီး၊ လက်တွေ့အလုပ်တချို့ကိုလည်း လုပ်နိုင်ရမယ်။ သူ့မှာ အစွမ်းအစနည်းငယ်ရှိပြီး စကားပြောကောင်း တာ တစ်ခုတည်းနဲ့ အစ်မကျိုးက သူ့ကို ရေလောင်းတဲ့ သင်းထောက်အနေနဲ့ ခန့်လိုက်တယ်။ ဒါက မူတွေနဲ့ မကိုက်ဘူး။ ကျွန်မစဉ်းစားလေ၊ ပိုပြီးဘဝင်မကျလေဖြစ်လာပြီး၊ ကျွန်မရဲ့အတွေးတွေကို အစ်မကျိုးဆီသွားပြီး ဝေငှချင် ခဲ့တယ်။ ဒါပေမယ့် ကျွန်မပါးစပ်ဖျား‌လေးတင် တွန့်ဆုတ်နေခဲ့ တယ်။ အစ်မသိတဲ့အတိုင်းပဲ၊ ကျွန်မကိုယ်တိုင်လည်း ရေလောင်းတဲ့သင်းထောက်တစ်ယောက် ဖြစ်ခဲ့ ဖူးတယ်၊ ပြီးတော့ ကျွန်မဟာ လူတွေရဲ့လက်တွေ့ပြဿနာတွေ ကို ဖြေရှင်းမပေးခဲ့လို့ ကျွန်မရဲ့တာဝန်ကနေ လတ်တလောမှာပဲ ဖယ်ရှားခံခဲ့ရတယ်။ ခေါင်းဆောင်က အခုပဲရွေးလိုက်တဲ့လူနဲ့ ပတ်သက်ပြီး ကျွန်မရဲ့သံသယတွေကို ဖော်ထုတ်ပြီးပြောပြရင်၊ ကျွန်မကို ဘယ်လိုမြင်ကြမလဲ။ တာဝန်ဆုံးရှုံးပြီးခါစပဲရှိသေးတဲ့ ကျွန်မက၊ အဲဒီနေရာကို ရသွားတဲ့လူအပေါ် မနာလိုဖြစ်ပြီး၊ ကျွန်မက သူ့ကို အပြစ်ရှာနေတယ်လို့ လူတွေက ပြောကြမလား။ ကျွန်မဟာ အသင်းတော်ရဲ့အလုပ်ကို အနှောင့်အယှက် ပေးနေတယ်ဆိုပြီး ကျွန်မရဲ့တာဝန်အသစ်ကို သူတို့ ကျွန်မဆီက သိမ်းသွားရင်ရော။ သူများကိစ္စကို ဝင်ပါပြီး ကိုယ့်ပြဿနာကို ကိုယ်ရှာမယ့်အစား၊ အားလုံး ရိုးရိုး ရှင်းရှင်းပဲထားတာ ပိုကောင်းတာကြောင့် မေ့လိုက်တာပဲ ကောင်းမယ်ဆိုပြီး ကျွန်မ ဆုံးဖြတ် လိုက်တယ်။ ဒါကြောင့် ကျွန်မ ဖွင့်ပြောခါနီးလေးမှာပဲ ကျွန်မရဲ့စကားလုံးတွေကို ပြန်မျိုသိပ်လိုက်တယ်။ သူဟာ သူ့တာဝန်ရဲ့ဝန်ထုပ်ကို ဘယ်တော့မှ မထမ်းသလို၊ သင်းထောက်အနေနဲ့ ထမ်းဆောင်ဖို့ ကောင်းကောင်း သင့်တော်မှုမရှိဘူးလို့ ခံစားကြရတယ်လို့ အစ်ကိုလီနဲ့ အရင်က တွဲလုပ်ခဲ့ဖူးတဲ့ တခြားအဖွဲ့က ညီအစ်ကို၊ မောင်နှမတချို့ဆီက နောက်တော့ ကျွန်မကြားရတယ်။ အဲဒီအခါ သူ့အကြောင်းနဲ့ပတ်သက်ပြီး ကျွန်မ မှန်တယ်ဆိုတာ သေချာသွားတယ်၊ ပြီးတော့ အလုပ်ကို မသင့်တော်တဲ့သူက ရရှိထားလို့ ဘုရားသခင်အိမ်တော်ရဲ့ အလုပ်မှာ နှောင့်နှေးမှုတွေ မရှိအောင် ကျွန်မ အစ်မကျိုးနဲ့ တတ်နိုင်သမျှ အမြန်ဆုံး စကားပြောသင့်တယ်လို့ ကျွန်မ စဉ်းစားမိတယ်။ အစ်ကိုလီကို ခန့်တာ အစ်မကျိုးဖြစ်တဲ့အတွက်၊ အဲဒီအကြောင်း ကျွန်မ သူ့ကိုပြောပြလိုက်ရင်၊ သူ့မျက်နှာရှေ့မှာ ပြောင်ပြောင်တင်းတင်း သူ့ကို အပြစ်ပြောသလို ဖြစ်မသွားဘူးလား။ ကျွန်မ သူနဲ့ အရင်က အလုပ်လုပ်ဖူးပြီး၊ သူဟာ မာနကြီးသလို၊ ကိုယ့်ကိုယ်ကိုယ် အမြဲမှန် တယ်ထင်ပြီး ခြယ်လှယ်တတ်တယ်ဆိုတာ ကျွန်မ သိခဲ့ရတယ်။ အဲဒီအကြောင်းတွေ သူ့ကို ပြောပြလိုက်တော့ သူက လက်မခံရုံတင်မကဘူး၊ အဲဒီနောက်ပိုင်းမှာ ကျွန်မ အခြေအနေမကောင်းရင် ကျွန်မကို အရမ်းဆူပူကြိမ်းမောင်းတယ်။ ဒါကြောင့် သူ့အလုပ်နဲ့ပတ်သက်တဲ့ ပြဿနာတစ်ခုကို ကျွန်မပြောမိရင်၊ ကျွန်မက တမင် သူ့ကို ပြဿနာလုပ်နေပြီး သူ့ကို ချောက်ကျအောင်လုပ်နေတယ်လို့ သူက ထင်မှာကို ကျွန်မတွေးမိတယ်။ ပြီးတော့ ကျွန်မအတွက် ကိစ္စတွေကို ခက်ခဲအောင် သူက လုပ်ရင် ကျွန်မ ဘယ်လိုလုပ်မလဲ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျွန်မနဲ့အစ်မတစ်ယောက် က ခေါင်းဆောင်တစ်ယောက်ရဲ့အမှားတချို့ကို ထောက်ပြတဲ့အခါမှာ၊ ကျွန်မတို့က ဂိုဏ်းဖွဲ့ပြီး သူ့ကို အုပ်စုဖွဲ့တိုက်ခိုက်နေ တယ်လို့ အဲဒီခေါင်းဆောင်က စွပ်စွဲတာ ကျွန်မသတိရ မိတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်မရဲ့တာဝန်တောင် ဆုံးရှုံး သွားခဲ့တယ်။ နောက်တော့ အဲဒီခေါင်းဆောင်ဟာ အန္တိခရစ် တစ်ယောက်ဖြစ်တယ်ဆိုတာ ဖော်ထုတ်ခံရပြီး ဖယ်ရှား ခံရပေမယ့်၊ ကျွန်မကို အန္တိခရစ်က ထိန်းကွပ်ထားတာကြောင့် အချိန်အကြာကြီး ဘာတာဝန်မှ ပေးတာမခံရဘဲ နေခဲ့ရတယ်။ ကျွန်မပြောတာကို အစ်မကျိုးက လက်မခံဘဲ ကျွန်မကို တာဝန်ကနေ ဖယ်ရှားဖို့ ဆင်ခြေတစ်ခုရှာမှာ ကို စိုးရိမ်တယ်။ ဘုရားသခင်ရဲ့ အမှုတော်က သိပ်မကြာခင်မှာပဲ ပြီးဆုံး တော့မှာဖြစ်လို့၊ တာဝန်တစ်ခုကို ထမ်းဆောင်ဖို့အ တွက် အရေးကြီးတဲ့အချိန် ဖြစ်နေတယ်။ ဒီလိုအချိန်မျိုးမှာ ကျွန်မအနေနဲ့ ဘာတာဝန်တစ်ခုမှ မထမ်းဆောင်ဘဲ ကောင်းတဲ့လုပ်ရပ်တွေ ပြင်ဆင် ထားတာမရှိရင်၊ ကျွန်မရဲ့ ကယ်တင်ခံရမယ့်အခွင့်အရေး ဆုံးရှုံးသွားမှာ စိုးရိမ်မိတယ်။ အဲဒီလိုဆိုရင် ကျွန်မရမှာထက် ဆုံးရှုံးမှာက ပိုများသွား မှာ မဟုတ်လား။ အဲဒီအတွေးကြောင့်၊ ပြဿနာကို ပြောပြဖို့ ကျွန်မရဲ့ စိတ်ကူးကို ခေါင်းထဲက ထုတ်ပစ်လိုက်တယ်။

အဲဒီနောက် အစ်ကိုလီက ရေလောင်းတဲ့သင်းထောက် ဖြစ်လာကတည်းက၊ တွေ့ဆုံပွဲတွေမှာ သူက အယူဝါဒတွေကိုပဲ ဝေငှရင်း လေလုံးထွားနေပြီး၊ တခြားလူတွေရဲ့ ပြဿနာတွေကို လုံးဝကူပြီးမဖြေရှင်းပေးဘူးလို့ ညီအစ်ကို၊ မောင်နှမတချို့ပြောတာ ကျွန်မ ကြားရ တယ်။ သူက သူ့တာဝန်မှာ တာဝန်မယူခဲ့သလို၊ သူတာဝန်ယူရတဲ့ လူသစ်တွေထဲက တချို့လည်း ကွန်မြူနစ်ပါတီရဲ့ လိမ်ညာမှုတွေနဲ့ သိမ်းသွင်းတာ ခံရလို့ တွေ့ဆုံပွဲတွေကို ဆက်မလာကြတော့ဘူး။ သူက သူတို့နဲ့ အချိန်မီ မိတ်သဟာယဖွဲ့ပြီး မပံ့ပိုးပေးခဲ့ လို့၊ သူတို့ထဲက တချို့က ယုံကြည်မှုကို စွန့်လွှတ်သွားကြ တယ်။ ဒီအကြောင်းကို ကြားလိုက်ရတော့ ပြဿနာဟာ ဘယ်လောက်ဆိုးရွားတယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ သူက ရေလောင်းတဲ့သင်းထောက်အနေနဲ့ ဆက်ပြီး ထမ်းဆောင်နေခဲ့ရင်၊ အသင်းတော်ရဲ့အလုပ်အပေါ် ထိခိုက်မှုတွေ ပိုများလာ မှာဖြစ်သလို၊ ကျွန်မအနေနဲ့ ချက်ချင်းသတင်းပို့ရမယ်ဆိုတာ ကျွန်မ သိတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက၊ ခေါင်းဆောင်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိပြီး၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်စေမိမှာ စိုးလို့၊ တကယ်ဇဝေဇဝါဖြစ်ခဲ့တယ်။ ကျွန်မ သတင်းပို့သင့်လား၊ မပို့သင့်ဘူးလားပေါ့။ ကျွန်မ သတင်းပို့ခဲ့ရင်၊ ကျွန်မအပေါ် ပြန်ပြီးသက်ရောက်မှုရှိလာမှာ ကျွန်မကြောက်တယ်၊ ဒါပေမယ့် ကျွန်မ သတင်းမပို့ခဲ့ရင်၊ အဲဒါနဲ့ပတ်သက်ပြီး တကယ်အပြစ်ရှိတယ်လို့ ကျွန်မခံစားရမယ်။ ဘာအမှားမှ ဖြစ်မလာမှာ သေချာတဲ့နည်းလမ်းနဲ့ ဘယ်လိုထုတ်ပြောရမလဲဆိုတာကို ကျွန်မ စဉ်းစား တယ်။ အဲဒီအတွေးတွေက ကျွန်မကို အဆက်မပြတ် ခြောက်ခြားစေသလို၊ အာရုံတွေထွေပြားပြီး ဂနာမငြိမ်လည်း ဖြစ်စေတယ်။

တွေ့ဆုံပွဲတစ်ခု ပြုလုပ်တဲ့အချိန်မှာ၊ အစ်ကိုလီကို ရာထူးတိုးလိုက်တာနဲ့ပတ်သက်ပြီး ကျွန်မတို့အနေနဲ့ တခြားထင်မြင်ယူဆချက်တစ်ခုခု ရှိလားလို့ အဖွဲ့ခေါင်းဆောင်တစ်ယောက်က မေးပြီး၊ ရှိခဲ့ရင် အဲဒါတွေနဲ့ပတ်သက်ပြီး သူ့ကို အသိပေးစာ တစ်ခု ကျွန်မတို့ ပို့သင့်တယ်လို့ သူက ပြောတယ်။ အဲဒါကို ကြားရတော့ ကျွန်မ အရမ်းစိတ်လှုပ်ရှားသွား ပြီး ဒါဟာ တကယ်ကြီးမားတဲ့အခွင့်အရေးတစ်ခုပဲလို့ ကျွန်မထင်မိတယ်။ သူက ရှေ့တန်းကနေပြီးတော့၊ ကျွန်မတို့ရဲ့ ထင်မြင် ယူဆချက်တွေကို ခြုံငုံပြီး ခေါင်းဆောင်နဲ့ ဝေငှတဲ့ နောက်၊ ခေါင်းဆောင်အနေနဲ့ ဘယ်သူက ဘာရေးတယ်ဆိုတာ ကို သိမှာမဟုတ်ဘူး။ သူသိဖို့ အရမ်းကြိုးစားခဲ့ရင်တောင် အဖွဲ့ခေါင်းဆောင် က ကျွန်မတို့ရှေ့ကနေ ကာကွယ်ပေးမှာ။ ကျွန်မတွေ့တဲ့ ပြဿနာတွေကို ကျွန်မချရေးပြီး အဖွဲ့ခေါင်းဆောင်ကို ပေးလိုက်တယ်။ နောက်တစ်နေ့မနက်မှာ၊ ကျွန်မကို အံ့ဩသွားစေတာက၊ သူက ကျွန်မရေးထား တာကို ခေါင်းဆောင်ဆီကို တစ်ဆင့်ကမ်းလိုက်ပြီလို့ ကျွန်မကို ပြောတယ်။ ကျွန်မတို့အဖွဲ့တစ်ခုလုံးရဲ့ တုံ့ပြန်တင်ပြမှုအနေနဲ့ သူက ခေါင်းဆောင်နဲ့ ဝေငှတာ မဟုတ်ဘူးဆိုတာကို ကျွန်မ ကြားလိုက်ရချင်းချင်းပဲ ကျွန်မ အရမ်းစိုးရိမ်သွား တယ်။ “ကျွန်မရဲ့ မူရင်းအသိပေးစာကို အစ်မကျိုးဆီကို ဘာဖြစ်လို့ လွှဲပေးလိုက်လဲ” လို့ ကျွန်မ မေးလိုက်တယ်။ ကျွန်မရဲ့ တင်းမာတဲ့တုံ့ပြန်မှုကို သူတွေ့လိုက်တော့၊ “လူတိုင်းရဲ့အတွေးတွေအားလုံးကို ခေါင်းဆောင်ဆီ လက်ဆင့်ကမ်းပေးလိုက်တာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ ထင်မြင်ယူဆ ချက်တွေနဲ့ပတ်သက်ပြီး ရိုးသားပွင့်လင်းဖို့ လိုတယ်။ စိတ်ပူစရာ ဘာရှိလဲ” လို့ သူက ကျွန်မကို မေးတယ်။ သူပြောတာကို ကျွန်မ ဘယ်လို ပြန်ပြောရမလဲဆိုတာ မသိဘဲဖြစ်သွားတယ်။ ကျွန်မ အံ့ဩသွားပြီး ရှက်သလိုလည်း ဖြစ်သွားတယ်။ အဖွဲ့ခေါင်းဆောင်နဲ့ တခြားညီအစ်ကို၊ မောင်နှမတွေက သူတို့ရဲ့အကြံပြုချက်တွေကို ခေါင်းဆောင်ကို ပေးပြီး ပြီဆိုတာ ကျွန်မ မစဉ်းစားမိဘူး။ သူတို့က ထုတ်ပြောဖို့ သတ္တိရှိကြတယ်လေ၊ ဒီတော့ ကျွန်မက အဲဒီပြဿနာအကြောင်းကို ပွင့်ပွင့်လင်းလင်းပြောဖို့ ဘာဖြစ်လို့ သိပ်ကြောက်နေရတာလဲ။ ကျွန်မ ဘုရားသခင်ရှေ့မှောက်မှာ ဆုတောင်းပြီး ရှာဖွေရင်း ကျွန်မရဲ့အခြေအနေကို ကျွန်မ ဆင်ခြင်သုံးသပ်တယ်။ အဲဒီနောက် ဘုရားသခင်နှုတ်ကပတ်တော်တွေထဲက စာပိုဒ်တစ်ပိုဒ်ကို ကျွန်မ ဖတ်မိခဲ့တယ်။ “အသိစိတ်နှင့် ဆင်ခြင်တုံတရား နှစ်ခုလုံးတို့သည် လူတစ်ဦး၏ လူ့သဘာဝ၏ အစိတ်အပိုင်းများ ဖြစ်သင့်သည်။ ယင်းတို့နှစ်ခုလုံးသည် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး ဖြစ်သည်။ အသိစိတ် ကင်းမဲ့ပြီး သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားမရှိသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ယေဘုယျအားဖြင့် ပြောရလျှင်၊ သူသည် လူ့သဘာဝကင်းမဲ့သူ ဖြစ်သည်၊ ညံ့ဖျင်းသော လူ့သဘာဝကို ပိုင်ဆိုင်သည့်လူတစ်ဦး ဖြစ်သည်။ ဤအရာကို သေချာစွာ စိစစ်ကြစို့။ ဤလူသည် လူ့သဘာဝ မရှိဟု လူတို့ပြောဆိုသည်အထိ ဤလူသည် မည်သည့် ပျောက်ဆုံးသော လူ့သဘာဝကို ပြသနေသနည်း။ ထိုသို့သော လူများသည် မည်သည့် ထူးခြားသော လက္ခဏာရပ်များ ပိုင်ဆိုင်ကြသနည်း။ ၎င်းတို့သည် မည်သည့် သရုပ်သကန်များ အတိအကျကို ပြကြသနည်း။ ထိုသို့သော လူတို့သည် မိမိတို့၏ လုပ်ဆောင်ချက်များတွင် ဝတ်ကျေတမ်းကျေဖြစ်ကြပြီး ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရ မပတ်သက်သည့် မည်သည့်အရာကိုမဆို အဖက်မလုပ်ဘဲ နေတတ်ကြသည်။ ဘုရားသခင်၏အိမ်တော်၏ အကျိုးများကို ၎င်းတို့ အရေးမထားကြသကဲ့သို့၊ ဘုရားသခင်၏ အလိုတော်ကိုလည်း အရေးထားခြင်း မပြကြပေ။ ဘုရားသခင်အတွက် သက်သေခံခြင်း သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ခြင်း ဝန်ထုပ်ကို သူတို့ တာဝန်မယူကြသကဲ့သို့၊ တာဝန်သိစိတ် မရှိကြပေ။...၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ရာတွင် ပြဿနာကို သိမြင်သောအခါ ဆိတ်ဆိတ်နေသော သူတို့ပင် ရှိကြသည်။ ၎င်းတို့သည် အခြားသောသူတို့က နှောင့်ယှက်ခြင်းများနှင့် အတားအဆီးများ ဖြစ်စေလျက်ရှိကြသည်ကို တွေ့မြင်သော်လည်း၊ ထိုသူတို့ကို တားဆီးရန် မည်သည့်အရာမျှ မလုပ်ဆောင်ကြချေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးတို့ကို အနည်းဆုံး ထည့်သွင်းစဉ်းစားခြင်း မရှိသည်သာမက ၎င်းတို့ကိုယ်တိုင်၏ ဝတ္တရားများနှင့် တာဝန်များနှင့် ပတ်သက်၍လည်း မစဉ်းစားကြချေ။ ၎င်းတို့သည် ၎င်းတို့ ကိုယ်တိုင်၏ ဝင့်ဝါမှု၊ သိက္ခာ၊ ရာထူး၊ အကျိုးများနှင့် ဂုဏ်သရေတို့အတွက်သာ ပြောဆို၊ လုပ်ဆောင်၊ ထင်ပေါ်၊ အားထုတ်ကြိုးပမ်းကာ အားအင်ကို အသုံးပြုကြသည်။ ထိုသို့သော လူတစ်ဦး၏ လုပ်ရပ်များနှင့် အကြံများသည် အယောက်တိုင်းဖို့ သိသာ ထင်ရှားပေသည်- ၎င်းတို့သည် ဂုဏ်အတွက် သို့မဟုတ် ကောင်းချီးမင်္ဂလာအချို့ မွေ့လျော်ခံစားဖို့ အခွင့်အရေးတစ်ခု ရှိသည့်အခါတိုင်း ထွက်ပေါ်လာကြလေသည်။ သို့သော်၊ ဂုဏ်အတွက် အခွင့်အရေး မရှိသည့်အခါ သို့မဟုတ် ဆင်းရဲဒုက္ခ အချိန်ကာလတစ်ခု ရှိသည်နှင့်တစ်ပြိုင်နက်၊ လိပ်တစ်ကောင်က မိမိခေါင်းကို ပြန်သွင်းသကဲ့သို့၊ မြင်ကွင်းမှ ကွယ်ပျောက်သွားကြလေသည်။ ဤလူစားမျိုးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိပါသလော။ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသော ဤသို့ ပြုမူသည့် လူတစ်ဦးသည် မိမိကိုယ်ကိုယ် အပြစ်တင်မှု ခံစားရသလော။ ဤလူစားမျိုး၏ အသိစိတ်သည် မည်သည့်ရည်ရွယ်ချက်ကိုမျှ မဖြည့်ဆည်းပေးသကဲ့သို့၊ မိမိကိုယ်ကိုယ် ပြစ်တင်မှုအား လုံးဝ မခံစားကြဖူးပေ။ သို့ဆိုလျှင်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အပြစ်တင်မှု သို့မဟုတ် ဆုံးမပဲ့ပြင်မှုကို ၎င်းတို့ ခံစားနိုင်သလော။ မခံစားနိုင်ပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ကျွန်မ ရှိခဲ့တဲ့အခြေအနေကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အတိအကျဖော်ပြထားတယ်။ ခေါင်းဆောင်က လူတွေကို မူတွေနဲ့အညီ ခန့်အပ်နေ တာ မဟုတ်ဘူးဆိုတာကို ကျွန်မသိပြီး၊ အစ်ကိုလီက ရေလောင်းတဲ့သင်းထောက်အနေနဲ့ လက်တွေ့အလုပ်တွေ မလုပ်ဘဲ၊ ညီအစ်ကို၊ မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို ဟန့်တားနေတယ်ဆိုတာကို ကျွန်မ တွေ့ခဲ့တယ်။ အသင်းတော်ရဲ့အလုပ်ကို ကာကွယ်ဖို့အတွက် ကျွန်မအနေနဲ့ မားမားမတ်မတ်ရပ်ပြီး ပြဿနာကို သတင်းပို့သင့်တယ်။ ဒါဟာ ဘုရားသခင် ရွေးချယ်ထားတဲ့သူအားလုံးရဲ့ မလွှဲမရှောင်သာ ဆောင်ရွက်ရမယ့် တာဝန်ပဲ။ ဒါပေမယ့် အဲဒီလိုလုပ်မယ့်အစား၊ အစ်မကျိုးကို ကျွန်မ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိပြီး၊ ကျွန်မရဲ့ တာဝန်တွေ ရုတ်သိမ်းခံရမှာကို ကျွန်မကြောက်ခဲ့တာကြောင့်၊ ကျွန်မ မျက်စိပိတ်၊ နားပိတ် မသိချင်ယောင်ဆောင် ပြီး၊ ပြဿနာကို မမြင်ချင်ယောင်ဆောင်ခဲ့တယ်။ စာရေးပြီး ကျွန်မရဲ့ထင်မြင်ယူဆချက်ကို အဖွဲ့ခေါင်းဆောင်နဲ့ ဝေငှခဲ့ပေမယ့်၊ ကျွန်မအတွက် ပြဿနာတွေဖြစ်လာမှာ စိုးတာကြောင့် အဲဒီစာကို ကျွန်မရေးတယ်ဆိုတာ အစ်မကျိုးကို မသိစေချင်ခဲ့ဘူး။ အရာရာမှာ ကျွန်မကိုယ်ကျိုးအတွက်ပဲ ကျွန်မစဉ်းစား ခဲ့ပြီး ဘုရားသခင်အိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာကို ကျွန်မ မစဉ်းစားခဲ့ ဘူးဆိုတာ အသိတရားရသွားတယ်။ ကျွန်မမှာ အသိစိတ်နဲ့ဆင်ခြင်တုံတရား အရမ်းကင်းမဲ့ ခဲ့တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ရေလောင်းပြီး ခွန်အားဖြည့်ပေးတာကို ကျွန်မ အရမ်းမွေ့လျော်ခံစားခဲ့ရပေမယ့်၊ ဘုရားသခင်အိမ်တော်ရဲ့ အလုပ်က ဒုက္ခတွေ့နေတဲ့ အခါမှာ၊ ကျွန်မဟာ ကျွန်မကိုယ်ကျွန်မ ကာကွယ်ဖို့ပဲ စဉ်းစား ခဲ့တယ်။ ကျွန်မဟာ ဘုရားသခင်အပေါ် လုံးဝသစ္စာမရှိ ခဲ့ဘူး။ ကျွန်မကို ကျွေးတဲ့လက်ကို ကျွန်မကိုက်နေတာပဲ။ ကျွန်မမှာ ဘာလူ့သဘာဝမှ လုံးဝမရှိခဲ့ဘူး။ ကျွန်မ ပိုစဉ်းစားလေ၊ ပိုဆိုးဆိုးရွားရွားခံစားရလေ ဖြစ်ပြီး- အဲဒီလိုပြဿနာမျိုး ရင်ဆိုင်ရတဲ့အခါမှာ၊ ကျွန်မဟာ ဘာကြောင့် ကြောက်ရွံ့မှုနဲ့ ဖိစီးနေပြီး အရမ်းစိုးရိမ်နေ ရလဲဆိုတာကို ကျွန်မစဉ်းစားကြည့်တယ်။ ရိုးသားဖြောင့်မတ်တဲ့ စကားတစ်ခွန်းကို ပြောဖို့ ဘာဖြစ်လို့ ကျွန်မအတွက် အရမ်းခက်ခဲနေရတာလဲ— ဘယ်လိုစိတ်သဘောထားမျိုးက ကျွန်မကို ထိန်းချုပ် ထားတာလဲ။

နောက်တော့ အားလုံးကို ကျွန်မအတွက် ရှင်းလင်းသွားစေတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တွေထဲက စာပိုဒ်တစ်ပိုဒ်ကို ကျွန်မဖတ်လိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူအများစုသည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကြသော်လည်း၊ များသောအားဖြင့် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိရုံမျှရှိကြလေသည်။ သမ္မာတရားသည် ၎င်းတို့၏အသက် မဖြစ်လာသေးပေ။ အကျိုးဆက်အနေဖြင့်၊ ဆိုးယုတ်သော အင်အားစုများကို ၎င်းတို့ အမှတ်မထင်တွေ့ရသည့်အခါ သို့မဟုတ် ကောက်ကျစ်စဉ်းလဲပြီး ဆိုးသွမ်းသော လူတို့က ဒုစရိုက်မှုများ ကျူးလွန်နေသည် သို့မဟုတ် ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်တို့က အခြေခံသဘောတရားများကို ချိုးဖောက်သည့် နည်းလမ်းဖြင့် အမှုအရာများ လုပ်ဆောင်နေကြ၍ ထိုသို့ဖြင့် ဘုရားသခင်၏အိမ်တော်၏ အမှုကို ဆုံးရှုံးမှုများဖြစ်စေပြီး ဘုရားသခင်ရွေးကောက်ထားသူတို့ကို အန္တရာယ်ဖြစ်စေသည်ကို ကြုံရသည့်အခါ၊ ၎င်းတို့သည် ထရပ်ပြီး ထုတ်ပြောဖို့သတ္တိ မရှိတော့ပေ။ သင်တို့ သတ္တိမရှိသည့်အချိန်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့ ကြောက်တတ်သည် သို့မဟုတ် စိတ်ထဲရှိသမျှ မဖော်ပြတတ်ဟု ဆိုလိုသလော။ သို့မဟုတ် သင်က နားမလည်သကဲ့သို့၊ ထုတ်ပြောရဲခြင်း မရှိသောကြောင့် ဖြစ်သလော။ ဤအရာများထဲမှ မည်သည့်အရာမျှ မဟုတ်ပေ။ ယင်းမှာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစား အချို့၏ ထိန်းချုပ်ခြင်းကို ခံရနေခြင်း ဖြစ်သည်။ ဤစိတ်သဘောထားများထဲမှ တစ်ခုမှာ ကလိမ်ကကျစ်အပြုအမူ ဖြစ်သည်။ သင်က၊ ‘ကျွန်ုပ် ထုတ်ပြောလိုက်လျှင်၊ ကျွန်ုပ်ကို မည်သို့ အကျိုးပြုမည်နည်း။ ကျွန်ုပ် ထုတ်ပြောလိုက်ပြီး တစ်စုံတစ်ဦးကို သဘောမကျဖြစ်စေပါက၊ အနာဂတ်တွင် ကျွန်ုပ်တို့ မည်သို့ အဆင်ပြေမည်နည်း’ ဟု တွေးရင်း၊ သင့်ကိုယ်သင် ဦးစွာပထမ စဉ်းစားလေသည်။ ဤသည်မှာ ကလိမ်ကကျစ် စိတ်နေစိတ်ထားဖြစ်၏၊ မှန်သည်လော။ ဤသည်မှာ ကလိမ်ကကျစ် စိတ်သဘောထား၏ အကျိုးဆက်မဟုတ်လော။ နောက်ထပ်တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်က၊ ‘ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးခြင်းတစ်ခုသည် ငါနှင့် အဘယ်ပတ်သက်စရာ ရှိသနည်း။ အဘယ်ကြောင့် ငါ ဂရုစိုက်သင့်သနည်း။ ထိုအရာသည် ငါနှင့် မည်သို့မျှ မပတ်သက်ပါ။ ယင်းကို ငါမြင်ကာ ဖြစ်ပျက်နေသည်ကို ကြားလျှင်ပင်၊ မည်သည့်အရာကိုမျှ လုပ်ဆောင်ဖို့ မလိုအပ်ပါ။ ယင်းသည် ငါ၏ တာဝန် မဟုတ်- ငါသည် ခေါင်းဆောင်တစ်ဦး မဟုတ်’ဟု တွေးသည်။ ထိုသို့သော အရာများသည် သင်၏ မသိစိတ်မှ ပေါက်ဖွားသည့်အလား၊ ပြီးလျှင် သင်၏ စိတ်နှလုံးတွင် ယင်းတို့က အမြဲတမ်းနေရာများ ယူထားကြသည့်အလား- သင်၏ အတွင်းတွင် ရှိကြလေသည်၊ ယင်းတို့သည် လူသား၏ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားများ ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများက သင်၏ အတွေးများကို ထိန်းချုပ်ပြီး သင်၏ လက်များနှင့် ခြေများကို ချည်နှောင်ကာ သင်၏ နှုတ်ကို ထိန်းချုပ်လေသည်။ သင်၏ စိတ်နှလုံးထဲရှိ တစ်စုံတစ်ရာကို သင် ပြောလိုသည့်အခါတွင်၊ စကားလုံးများက သင်၏ နှုတ်ခမ်းများဆီသို့ ရောက်ရှိသော်လည်း သင် မပြောပေ၊ သို့မဟုတ် သင် ပြောဆိုပါက၊ သင်၏ စကားများသည် သင်လှည့်ပတ်လမ်းကြောင်းစရာ နေရာပေးလျက် ဝေ့လည်ကြောင်ပတ် ဖြစ်လေသည်- သင်သည် လုံးဝ ရှင်းရှင်းလင်းလင်း မပြောဆိုပေ။ သင့်ကို ကြားပြီးသည့်နောက်တွင် အခြားသူများသည် မည်သည့်အရာမျှ မခံစားရကြသကဲ့သို့၊ သင် ပြောပြီးသည့် အရာက ပြဿနာကို မဖြေရှင်းသေးပေ။ သင်က၊ ‘ကောင်းပြီ၊ ငါ ထုတ်ပြောခဲ့သည်။ ငါ၏ အသိစိတ်က အေးချမ်းသည်။ ငါ၏ တာဝန်ကို ငါ ဖြည့်ဆည်းပြီးပြီ’ ဟု မိမိကိုယ်ကိုယ် တွေးလေသည်။ အမှန်တွင်၊ သင်ပြောသင့်သည့် အရာအားလုံး သင် မပြောသေးသည်ကို၊ သင် ပြောပြီးသည့်အရာသည် အကျိုးသက်ရောက်မှုရှိသကဲ့သို့၊ ဘုရားအိမ်တော်၏ အမှုအပေါ် ထိခိုက်နစ်နာစေခြင်း ရှိနေသေးသည်ကို သင်၏ စိတ်နှလုံးထဲတွင် သင် သိပေသည်။ သင်၏ တာဝန်ကို သင် မဖြည့်ဆည်းသေးပေ၊ သို့သော် သင်က သင်၏ တာဝန်ကို သင် ဖြည့်ဆည်းပြီးဖြစ်သည်၊ သို့မဟုတ် ဖြစ်ပျက်နေခဲ့သည့်အရာသည် သင့်အဖို့ မရှင်းလင်းခဲ့ပါဟု ပေါ်ပေါ်ထင်ထင် ဆိုသည်။ ဤသည်မှာ မှန်ကန်သလော။ ဤသည်မှာ သင်အမှန်တကယ် ထင်သောအရာဟုတ်သလော။ ဤသို့ဆိုလျှင် သင်သည် သင်၏ ဆိုးယုတ်သော စိတ်သဘောထားတို့၏ ထိန်းချုပ်မှုအောက်လုံးဝ ရောက်ရှိနေသည် မဟုတ်သလော။ သင်စဉ်းစားပြီးပြောဆိုသည့်အရာသည် စစ်မှန်မှုနှင့် တစ်ခါတရံတွင် နီးစပ်နိုင်သည်။ သို့သော် အရေးကြီးသည့် အချိန်အခိုက်အတန့်များတွင် သင်သည် မိမိကိုယ်ကိုယ်နှင့်ဆိုင်သည့် လွဲမှားသော ကာကွယ်မှုများကိုပင် လုပ်ကြံပြောဆိုလျက် လိမ်ညာလှည့်စားဆဲဖြစ်သည်။ ဤသည်မှာ သင်၏နှုတ်သည် သင်၏ ဆိုးယုတ်သောစိတ်သဘောထားတို့၏ ထိန်းချုပ်ခြင်း ခံရသည်ကို သက်သေပြသည်။ သင်သည် အမှန်တကယ်ထင်သည့်အရာကို မည်သည့်အခါမျှ မပြောပေ။ အားလုံးကို သင်၏ ဦးနှောက်က၊ သင်၏ စိတ်ထဲတွင် ကြိုတင် တည်းဖြတ်ပြင်ဆင်ထားသည်။ သင်ပြောသမျှအရာတိုင်းသည် မုသားဖြစ်သည်။ အမှန်တရားများနှင့် ဆန့်ကျင်သည်။ အားလုံးက သင်၏ ကိုယ်ပိုင် အတုအယောင်ကာကွယ်မှုတွင်ရှိပြီး သင်၏ ကိုယ်ပိုင် အကျိုးကျေးဇူးအတွက်ဖြစ်သည်။ လူအချို့သည် အယုံသွင်းခံရပြီး ဤသည်မှာ သင့်အတွက် လုံလောက်သည်။ သင်၏ စကားများနှင့် လုပ်ရပ်များသည် သင်၏ ရည်ရွယ်ချက်များကို ရရှိခဲ့ပြီဖြစ်သည်။ ဤသည်မှာ သင်၏ စိတ်နှလုံးတွင် ရှိသည့်အရာဖြစ်သည်။ ဤသည်တို့မှာ သင်၏ စိတ်သဘောထားများဖြစ်သည်။ သင်သည် သင်ကိုယ်တိုင်၏ ဆိုးယုတ်သော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို အလုံးစုံ ခံထားရသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲမှာ အဲဒါ ဖော်ပြထားပုံကို တွေ့ရတဲ့အခါမှာ၊ ကျွန်မဟာ ယုံကြည်လို့မရဘဲ တစ်ကိုယ်ကောင်းဆန် ပြီး သဘာဝအရ စက်ဆုပ်ဖွယ်ကောင်းတာကြောင့်၊ ကျွန်မဟာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေ တာ မဟုတ်သလို၊ ဘုရားသခင်အိမ်တော်ရဲ့ အလုပ်ကို လည်း ကာကွယ်ပေးနေတာ မဟုတ်ဘူးဆိုတာ ကျွန်မ တွေ့လိုက်ရတယ်။ အစ်ကိုလီကို အစ်မကျိုး ခန့်အပ်လိုက်တဲ့အခါမှာ မူတွေကို သူ လိုက်နာနေတာမဟုတ်သလို၊ သူက ဘာလက်တွေ့အလုပ်မှ မလုပ်တဲ့အတွက် အသင်းတော်ရဲ့အလုပ်ကို ထိခိုက်နေတယ်ဆိုတဲ့ အကြောင်းကို ကျွန်မ စဉ်းစားတယ်။ ဒါတွေအားလုံးကို ကျွန်မ ရှင်းရှင်းလင်းလင်းသိခဲ့ပြီး အဲဒါကို ဖော်ထုတ်သင့်တယ်ဆိုတာနဲ့ အသင်းတော်ရဲ့ အလုပ်အတွက် အဲဒါက အထောက်အကူပြုမယ်ဆိုတာ ကျွန်မ သိခဲ့ပေမယ့်၊ မားမားမတ်မတ်ရပ်ပြီး တစ်ခုခုပြောဖို့အတွက် ကျွန်မ ခွန်အား မစုစည်းနိုင်ခဲ့ဘူး။ အဖွဲ့ခေါင်းဆောင်တစ်ယောက်က ကနဦးခြေလှမ်းကို လှမ်းခဲ့တဲ့အခါ၊ နောက်ဆုံးတော့ ကျွန်မက ကျွန်မရဲ့ အမြင်တွေကို ချရေးခဲ့ပေမယ့်၊ သူက ခေါင်းဆောင်ဆီကို တိုက်ရိုက်လွှဲပေးလိုက်တာ ကျွန်မသိလိုက်ရတော့၊ ကျွန်မစိတ်အနှောင့်အယှက်ဖြစ်သွားပြီး၊ သူက ကျွန်မ ကို “ဖော်ထုတ်” လိုက်တယ်လို့ ခံစားလိုက်ရတယ်။ ကျွန်မရဲ့ အတွေးတွေနဲ့ဆောင်ရွက်ချက်တွေအားလုံး ထဲမှာ၊ ကျွန်မရဲ့ဦးနှောက်က ဖိစီးနေပြီး၊ ကျွန်မ ဘာမှ မဆုံးရှုံးအောင် ကျွန်မကိုယ်ကျွန်မ ဘယ်လိုကာကွယ်ရမလဲဆိုပြီး တွက်ချက်ရင်းနဲ့ ဦးနှောက်ခြောက်အောင် စဉ်းစားနေ မိခဲ့တယ်။ ညီအစ်ကို၊ မောင်နှမတွေရဲ့ ဘဝတွေနဲ့ အသင်းတော်ရဲ့ အလုပ်တွေဟာ ထိခိုက်နေရတယ်ဆိုတာ ကျွန်မ ကောင်းကောင်းသိပေမယ့်၊ ကျွန်မဟာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသလို၊ ကျွန်မတွေ့ခဲ့တဲ့ ပြဿနာတွေကိုလည်း မဝေငှခဲ့ဘူး။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏”၊ “ပုဂ္ဂိုလ်ရေးအရ မထိခိုက်ပါက အကြောင်းကိစ္စများကို လက်လွှတ်လိုက်ပါ” “မိမိကိုယ်ကို ကာကွယ်ရန် ဆိတ်ဆိတ်နေ၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားပါ” ဆိုတာနဲ့ “အထောင်ဆုံးသံချောင်းသည် ရိုက်ထည့်ခံရ၏” တို့လို ဆိုးယုတ်တဲ့ဒဿနတွေနဲ့အညီ ကျွန်မ လုပ်ဆောင်ခဲ့တယ်။ အဲဒီအရာတွေက ကျွန်မရဲ့အတွေးတွေကို ထိန်းချုပ်နေ သလို၊ သူတို့ရဲ့ ဖမ်းစားလွှမ်းမိုးမှုအောက်မှာ ကျွန်မကို ထိန်းသိမ်းထားပြီး၊ ကျွန်မကို ကလိမ်ကျပြီး မရိုးမသားလုပ်စေခဲ့တယ်။ ကျွန်မက ယုံကြည်မှုရှိပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ဖတ်ပေမယ့်၊ ကျွန်မရဲ့စိတ်နှလုံး ထဲမှာ ဘုရားသခင်အတွက် နေရာလုံးဝမရှိဘူး။ ကျွန်မဟာ ရိုးသားဖြောင့်မတ်တဲ့ စကားတစ်ခွန်းမှ မပြောနိုင်သလို၊ တကယ်ဖြစ်နေတဲ့ အခြေအနေတစ်ခု ကိုလည်း ဖော်ထုတ်မပြနိုင်ခဲ့ဘူး။ ကျွန်မက စာတန်ရဲ့လက်ပါးစေတစ်ယောက်အနေနဲ့ ဆောင်ရွက်နေခဲ့ပြီး၊ ပျော့ညံ့တဲ့ ဖြစ်တည်မှုတစ်ခုမှာ နေထိုင်ခဲ့တယ်။ တစ်ကိုယ်ကောင်းဆန်ပြီး၊ စက်ဆုပ်ဖွယ်ကောင်းသလို၊ လူသားဆန်မှုမရှိတာကြောင့် ဘုရားသခင်အတွက် တကယ်စက်ဆုပ်ဖွယ်ကောင်းတယ်။ အဲဒီအချိန်မှာ ကျွန်မ အရမ်းနောင်တရခဲ့ပြီး၊ ဘုရားသခင်ကို တိတ်တိတ်ကလေး ဆုတောင်းလိုက် တယ်- “အို ဘုရားသခင်၊ ကျွန်မဟာ အလွန်တစ်ကိုယ်ကောင်းဆန်ပြီး ကလိမ်ကျပါတယ်။ ပြဿနာတစ်ခုကို တွေ့တဲ့အခါ ကျွန်မ ဘာတာဝန်ကိုမှ မယူဘဲ၊ ကျွန်မဟာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသလို၊ ဘုရားသခင်အိမ်တော်ရဲ့အလုပ်ကိုလည်း ကျွန်မ ကာကွယ်မပေးဘူး။ ကျွန်မ ပျော့ညံ့ခဲ့ပါတယ်။ ဘုရားသခင်၊ ကျွန်မ ဒီအတိုင်း ဆက်မရှင်သန်ချင် တော့ဘူး။ ဒီကနေ ကျွန်မကို ကျေးဇူးပြုပြီး ကယ်တင် ပေးပါ။ ကျွန်မ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ကိုယ်တော် ကျေနပ်အောင် ဆောင်ရွက်ချင်ပါတယ်” လို့ပေါ့။ ကျွန်မဆုတောင်းပြီးတဲ့နောက် ယုံကြည်မှု အနည်းငယ် ပိုရသွားပြီး ကျွန်မရဲ့အစီရင်ခံစာကို ဖတ်ပြီးတဲ့အခါမှာ အစ်မကျိုး က ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို ကျွန်မ စိတ်မပူတော့ ဘူး။

သူဟာ ခန့်တဲ့အခါ မူတွေကို ချိုးဖောက်တာနဲ့ ပတ်သက်ပြီး သူ့ကိုယ်သူ ပြန်ဆင်ခြင်သုံးသပ်မှု မလုပ်တဲ့အပြင်၊ အစ်ကိုလီရဲ့တာဝန်ကိုလည်း မပြောင်းဘူး။ ဒါတင် မကဘူး၊ စီမံကိန်းတွေ နှေးကွေးနေတဲ့၊ ဒါမှမဟုတ် ထိရောက်မှုမရှိတဲ့ ပြဿနာတွေကို သူ မဖြေရှင်းဘူး။ သူဟာ သမ္မာတရားကို လက်မခံသလို၊ စစ်မှန်တဲ့အလုပ် တစ်ခုမှလည်း မလုပ်တာကြောင့်၊ အယောင်ဆောင်ခေါင်းဆောင်တွေကို သိမြင်ခြင်းဆိုင် ရာ မူတွေအရ၊ သူက အဲဒီအတိုင်းပဲဖြစ်နိုင်ခြေများ တယ်လို့ ကျွန်မ စဉ်းစားမိတယ်။ ကျွန်မဟာ ပိုအဆင့်မြင့်တဲ့ အထက်ကလူတွေကို အစီရင်ခံချင်ပေမယ့်၊ ကျွန်မ တုံ့ဆိုင်းခဲ့ပြန်တယ်။ ကျွန်မအနေနဲ့ သူ့အကြောင်း သတင်းပို့ပြီး သူသိခဲ့ရင်၊ ကျွန်မကို သူ ဘယ်လိုထင်မလဲ။ သူက အထုတ်မခံရဘဲ ခေါင်းဆောင်တစ်ယောက်အနေ နဲ့ ဆက်ရှိနေရင်၊ ကျွန်မကို ဖိနှိပ်ဖို့ ဆင်ခြေတွေ သူ ရှာတော့မယ်။ မေ့လိုက်တာပဲ ကောင်းတယ်လို့ ကျွန်မ တွက်ဆလိုက် တယ်။ သူ ပြောင်းလဲဖို့ ငြင်းဆန်တာတို့၊ လက်တွေ့အလုပ်ကို မလုပ်တာတို့ဟာ သူ့ရဲ့အရေးကိစ္စပဲဖြစ်တာကြောင့်၊ ကျွန်မအလုပ်ကိုပဲ ကျွန်မ ကောင်းမွန်စွာလုပ်ပြီး၊ ဘယ်လိုဖြစ်မယ်ဆိုတာ စောင့်ကြည့်သင့်တယ်။ ဒါကြောင့် အဲဒါကို ကျွန်မခေါင်းထဲမှာ မထားတော့ဘဲ ကိစ္စတွေကို သူ့ဘာသာ ဖြစ်ခွင့်ပေးလိုက်တယ်။ နောက်တော့ ကျွန်မအပေါ်ကို ကြီးမားတဲ့သက်ရောက် မှု ဖြစ်စေတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်သွားပြီး အစ်မကျိုးကို သတင်းပို့ဖို့ ကျွန်မ ခွန်အားရရှိခဲ့တယ်။

သိပ်မကြာခင်မှာပဲ တခြားအသင်းတော်တစ်ခုက ခေါင်းဆောင်တစ်ယောက်ကို အန္တိခရစ်တစ်ယောက် အနေနဲ့ ဖော်ထုတ်ပြီး မောင်းထုတ်လိုက်တယ်ဆိုတာ ကို ကျွန်မ ကြားလိုက်ရတယ်။ သူ ခေါင်းဆောင်တစ်ယောက်အနေနဲ့ လုပ်နေတဲ့အချိန် မှာ ဆိုးယုတ်မှုတွေ တော်တော်လေးလုပ်ခဲ့ပြီး၊ လူတိုင်းက သူဟာ ဘယ်လိုလူလဲဆိုတာကို တွေ့ပေမယ့် ထုတ်မပြောရဲကြဘူး။ အသင်းတော်တစ်ခုလုံးမှာရှိတဲ့ တစ်ယောက်ကမှ သူ့ကို မတိုင်ကြားဘဲနေပြီး၊ သူဖော်ထုတ်၊ ဖယ်ရှားခံရပြီးတဲ့နောက်မှာတောင် သူလုပ်ခဲ့တဲ့ ဆိုးယုတ်တဲ့အရာတွေကို မဖော်ထုတ်ကြ ဘူး။ သူတို့က သူတို့ရဲ့ ကိုယ်ပိုင်တာဝန်တွေကို အချောင်ခို ပြီး၊ မသိချင်ယောင်ဆောင်နေကြတယ်။ သူတို့အားလုံးက အဲဒီအန္တိခရစ်ကို အကာအကွယ်ပေး ပြီး၊ ခိုလှုံခွင့်ပေးထားတာဖြစ်ပြီး၊ အဲဒါဟာ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှား နေတာပဲ။ အကျိုးဆက်အနေနဲ့ အသင်းတော်မှာရှိတဲ့ လူတိုင်းဟာ သူတို့ကိုယ်သူတို့ ဆင်ခြင်သုံးသပ်နိုင်ဖို့အတွက် သူတို့ လုပ်နေတဲ့တာဝန်တွေကို ရပ်ဆိုင်းထားလိုက်ရတယ်။ အဲဒါဟာ ကျွန်မအပေါ် ကြီးမားစွာအမှတ်ရစေပြီး၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ကျွန်မကို သတိရစေတယ်- “အကယ်၍ အသင်းတော် တစ်ခုတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူ တစ်ဦးမျှ မရှိပါက၊ ထို့အပြင် ဘုရားသခင်အတွက် သက်သေခံနိုင်သောသူ တစ်ဦးမျှ မရှိပါက၊ ထိုအသင်းတော်ကို လုံးဝ သီးခြားဖြစ်သွားစေရမည်ဖြစ်ပြီး အခြားအသင်းတော်များနှင့် ထိုအသင်းတော်၏ ချိတ်ဆက်မှုများ ဖြတ်တောက်ရမည်။ ဤသည်ကို ‘သေခြင်းကို မြေမြှုပ်ခြင်း’ ဟုခေါ်သည်၊ ယင်းသည် စာတန်ကိုနှင်ထုတ်ခြင်းကို ဆိုလိုသည်။ အကယ်၍ အသင်းတော်တွင် ဒေသခံ ဗိုလ်ကျသူအချို့ ပါရှိပြီး ၎င်းတို့နောက်သို့ ချင့်ချိန်နိုင်စွမ်း လုံးဝကင်းမဲ့သည့် ‘ယင်ကောင်ငယ်များ’ လိုက်ပါက၊ ထို့အပြင် အသင်းသားများသည် သမ္မာတရားကို မြင်ပြီးနောက်တွင်ပင် ဤဗိုလ်ကျသူများ၏ အနှောင်အဖွဲ့များနှင့် ကြိုးကိုင်ခြယ်လှယ်မှုတို့ကို ငြင်းပယ်နိုင်စွမ်းမရှိသေးပါက၊ ထိုမိုက်မဲသူများ အားလုံးသည် အဆုံးတွင် သုတ်သင်ဖယ်ရှင်းခံရမည်ဖြစ်သည်။ ဤယင်ကောင်ငယ်များသည် မည်သည့် ဆိုးရွားသောအရာကိုမျှ မလုပ်ခဲ့ သော်ငြားလည်း၊ ၎င်းတို့သည် ပို၍ပင် လှည့်ဖြားတတ်ကာ၊ ပို၍ပင် ပါးနပ်ပြီး တိမ်းရှောင်တတ်၍၊ ဤကဲ့သို့သော လူတိုင်းသည် သုတ်သင်ဖယ်ရှင်း ခံရမည်ဖြစ်သည်။ တစ်ဦးတစ်ယောက်မျှ ကြွင်းကျန်ရစ်မည် မဟုတ်။ စာတန်နှင့်သက်ဆိုင်သော သူများသည် စာတန်ထံ ပြန်သွားကြ ရမည်ဖြစ်သော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သော လူများကမူ သမ္မာတရားကို ဧကန်အမှန်ပင် ရှာဖို့ကြိုးစား ကြလိမ့်မည်။ ဤအရာကို သူတို့၏သဘာဝဗီဇများအရ သတ်မှတ်ပိုင်းခြားထားခြင်း ဖြစ်သည်။ စာတန်နောက်ကို လိုက်သောသူမှန်သမျှ ပျက်စီးပါလေစေ။ ထိုကဲ့သို့သော လူများကို မည်သည့်သနားခြင်းမျှ ပြသမည် မဟုတ်ပေ။ သမ္မာတရားကိုရှာသော သူများအား ထောက်ပံ့မှုများ ရရှိစေလော့၊ ပြီးလျှင်သူတို့၏စိတ်နှလုံးများ တင်းတိမ်ရောင့်ရဲသည်အထိ ဘုရားသခင်၏နှုတ်ကပတ်တော်တွင် နှစ်သက် ပျော်မွေ့ကြပါစေ။ ဘုရားသခင်သည် ဖြောင့်မတ်၏။ သူသည် မည်သူကိုမျှ မျက်နှာမလိုက်။ အကယ်၍ သင်သည် နတ်ဆိုးတစ်ကောင်ဖြစ်ပါက သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ရန် သင် မတတ်စွမ်းနိုင်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေသော သူတစ်ယောက်ဆိုပါက၊ စာတန်၏ ဖမ်းချုပ်ထားခြင်းကို ဧကန်အမှန် သင်ခံရမည် မဟုတ်ပေ။ ဤသည်ကား ယုံမှားဖွယ်ရာ လုံး၀မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ဘယ်လို ပုန်ကန်ပြစ်မှားမှုမျိုးမဆိုကို လက်မခံတဲ့ သူ့ရဲ့ ဘုန်းအာနုဘော်ရှိပြီး ဖြောင့်မတ်တဲ့ စိတ်သဘောထား နဲ့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်တဲ့သူတွေ အပေါ်ထားရှိတဲ့ သူ့ရဲ့အမျက်ဒေါသတွေကို ကျွန်မ ခံစားလိုက်ရတယ်။ အပေါ်ယံမှာ သူတို့အနေနဲ့ တကယ်ဆိုးယုတ်တဲ့အရာ ဘာတစ်ခုမှ လုပ်တဲ့ပုံမပေါ်ပေမယ့်၊ အန္တိခရစ်တွေ ဆိုးယုတ်တဲ့အရာတွေ လုပ်နေတာကို သူတို့ ဒီအတိုင်းကြည့်နေပြီး သတင်းပို့တာတို့၊ ဖော်ထုတ်တာတို့ မလုပ်ကြဘူး။ သူတို့ဟာ အန္တိခရစ်တွေကို သောင်းကျန်းခွင့်ပေးပြီး၊ ဘုရားသခင်အိမ်တော်ရဲ့ အလုပ်ကို ဖျက်စီးနေပေမယ့်၊ နည်းနည်းလေးမှ အားမထုတ်ချင်ကြဘူး။ သူတို့ဟာ အန္တိခရစ်တွေကို ခိုလှုံခွင့်ပေးထားပြီး စာတန် ကို ကူညီပေး‌နေတဲ့သူတွေပဲ။ ဒါဟာ အန္တိခရစ်တွေရဲ့ ဆိုးယုတ်တဲ့လုပ်ရပ်တွေမှာ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပြီး၊ အဲဒါဟာ ဘုရားသခင် ရဲ့ စိတ်သဘောထားကို ဆိုးရွားစွာ ပုန်ကန်ပြစ်မှားနေတာပဲဖြစ်တယ်။ ကျွန်မကိုယ်တိုင်ရဲ့ အပြုအမူတွေကို စဉ်းစားတဲ့အခါ မှာ ကျွန်မလည်း တထေရာတည်းပဲ မဟုတ်ဘူးလား။ ကျွန်မဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အများကြီးဖတ်ခဲ့ပြီး ချင့်ချိန်နိုင်စွမ်းအနည်းငယ် ရရှိခဲ့ တယ်။ ခေါင်းဆောင်တစ်ယောက်ဟာ မူတွေကို မလိုက်နာ တာ၊ သမ္မာတရားကို သူလက်မခံသလို၊ အထူးသဖြင့် သူဟာ လက်တွေ့အလုပ်တွေကိုလည်း မလုပ်ဘူးဆို တာကို ကျွန်မတွေ့ခဲ့တယ်။ အဲဒါက ဘုရားသခင်အိမ်တော်ရဲ့အလုပ်ကို နှောင့်နှေး စေနှင့်ခဲ့ပြီး၊ သူဟာ အယောင်ဆောင်ခေါင်းဆောင် တစ်ယောက် ဖြစ်တယ်။ ဒါပေမယ့် ကျွန်မအနေနဲ့ သူ့ကို ပုန်ကန်ခဲ့ရင် သူက ကျွန်မကို စိတ်အနှောင့်အယှက်ပေးမိမှာ စိုးရိမ်ခဲ့ပြီး၊ ကျွန်မကိုယ်တိုင်ကိုလည်း ထိခိုက်မှုမရှိတာကြောင့် ဒီအတိုင်းပဲ လွှတ်ထားလိုက်တယ်။ သူ ပြောင်းလဲတာ၊ မပြောင်းလဲတာဟာ သူ့ရဲ့အလုပ်ပဲ ဖြစ်ပြီး၊ ကျွန်မနဲ့ ဘာမှမဆိုင်ဘူးလို့ ကျွန်မ ခံစားခဲ့ တယ်။ ကျွန်မဟာ ဘုရားသခင်ဆီက ခွန်အားတွေအများကြီး ရရှိခဲ့ပေမယ့်၊ ကျွန်မဟာ ကျွန်မကို ကျွေးတဲ့လက်ကို ဆက်ကိုက်နေ ပြီး၊ စာတန့်ဘက်မှာ ရပ်တည်ခဲ့တယ်။ ဘုရားသခင်အိမ်တော်ရဲ့ အကျိုးစီးပွားတွေအပေါ် ထိခိုက်နေတာ ကျွန်မတွေ့ခဲ့ပေမယ့်၊ အေးဆေးတည် ငြိမ်စွာပဲ နေခဲ့တယ်။ ကျွန်မက စာတန်လိုပဲ မဟုတ်ဘူးလား။ ကျွန်မရဲ့တာဝန်ကို ကျွန်မ ဆက်ပြီးထမ်းဆောင်နေ ပေမယ့်၊ ဘုရားသခင်က ကျွန်မလုပ်သမျှအားလုံးကို ကြည့်နေတာဖြစ်တယ်။ ကျွန်မ နောင်တမရခဲ့ရင်၊ ဘုရားသခင်ရဲ့ အမျက်ဒေါသ ကို နှိုးဆွမိမှာဖြစ်ပြီး သူ့ရဲ့ဖယ်ရှားတာကို ခံရမှာဖြစ် တယ်။ ဒါဟာ ကျွန်မအတွက် ကြောက်စရာကောင်းတဲ့ အတွေး တစ်ခုဖြစ်တယ်။ ကျွန်မ ဘုရားသခင်ဆီမှာ ချက်ချင်း ဆုတောင်းပြီး နောင်တရခဲ့တယ်- “ဘုရားသခင်၊ အစ်မကျိုးက အသင်းတော်ရဲ့အလုပ် တွေကို နှောင့်ယှက်နေတာကို တွေ့ပေမယ့်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကျွန်မဟာ အမှန်တရားကို လက်တွေ့မလုပ်ဆောင်သလို၊ သူ့ကို သတင်းမပို့ခဲ့ပါဘူး။ ကျွန်မက စာတန်အတွက် လုပ်နေခဲ့တာပဲ။ ကျွန်မဟာ အလွန်ပုန်ကန်ပြီး စက်ဆုပ်ရွံ့ရှာဖွယ် ကောင်းတယ်။ ဘုရားသခင်၊ ကျွန်မ ကိုယ်တော့်ဆီ နောင်တရချင်ပြီး၊ ကျွန်မ သမ္မာတရားကို လက်တွေ့လုပ်ဆောင်အောင် အသိဉာဏ်ပွင့်လင်းစေပြီး လမ်းပြပေးဖို့ တောင်းလျှောက်ပါတယ်” လို့ပေါ့။

အဲဒီအချိန်တုန်းက ခေါင်းဆောင်တစ်ယောက်ရဲ့ ပြဿနာတွေကို သတင်းပို့ဖို့ ကျွန်မ ဘာကြောင့် ကြောက်နေလဲဆိုတာကို ကျွန်မစဉ်းစားတယ်။ ကျွန်မ ဘာကို တကယ်ကြောက်နေတာလဲ။ ကျွန်မရဲ့ဆုတောင်းခြင်းနဲ့ ရှာဖွေခြင်းတွေကတစ်ဆင့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက စာပိုဒ်တချို့ကို ကျွန်မဖတ်လိုက်ပြီး အဲဒါက ပြဿနာကို ကျွန်မ ပိုနားလည်အောင် အထောက်အကူပြုပေးခဲ့တယ်။ “ခေါင်းဆောင် သို့မဟုတ် အလုပ်သမားတစ်ဦးကို ဆက်ဆံပုံနှင့်ပတ်သက်၍ လူတို့၌ ရှိသင့်သည့် သဘောထားမှာ အဘယ်နည်း။ ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦး လုပ်ဆောင်သည့်အရာ မှန်ကန်ပါက၊ ၎င်းတို့ကို သင် နာခံနိုင်သည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာ မှားယွင်းပါက၊ ၎င်းတို့ကို သင် ဖော်ထုတ်နိုင်ပြီး၊ ဆန့်ကျင်ခြင်းပင်ပြုကာ ကွဲပြားသော အယူအဆကို တင်ပြနိုင်သည်။ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သည့်အပြင်၊ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၊ အယောင်ဆောင် အမှုတော်ဆောင်တစ်ဦး၊ သို့မဟုတ် အန္တိခရစ်တစ်ဦးအဖြစ် ထုတ်ဖော်ပြခံရပါက၊ ၎င်းတို့၏ ခေါင်းဆောင်မှုကို သင် ငြင်းနိုင်ပြီး၊ သင်သည်လည်း သူ့အကြောင်း တိုင်ကြားကာ သူ့ကို ဖော်ထုတ်နိုင်သည်။ သို့သော်၊ ဘုရားသခင် ရွေးကောက်ထားသော လူအချို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့၊ အထူးသဖြင့် သူရဲဘောကြောင်ကြ၏၊ ထို့ကြောင့် မည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ဆောင်ဝံ့ကြချေ။ ၎င်းတို့က၊ ‘ခေါင်းဆောင်က ကျွန်ုပ်ကို ထုတ်လိုက်ပါက၊ ကျွန်ုပ် အဆုံးသတ်ပြီ။ သူက အယောက်တိုင်းအား ကျွန်ုပ်ကို ဖော်ထုတ်စေပါက သို့မဟုတ် ကျွန်ုပ်ကို ပစ်ပယ်စေပါက၊ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်နိုင်တော့မည် မဟုတ်။ အသင်းတော်ကို ကျွန်ုပ် စွန့်ခွာပါက၊ ဘုရားသခင်က ကျွန်ုပ်ကို လိုချင်မည်မဟုတ်သလို ကျွန်ုပ်ကို ကယ်တင်မည်မဟုတ်ပါ။ အသင်းတော်သည် ဘုရားသခင်ကို ကိုယ်စားပြုပါသည်’ ဟု ပြောကြသည်။ ဤသို့တွေးတောပုံများသည် ထိုသို့သောလူ၏ အမှုအရာများကိုသဘောထားပုံအပေါ် သက်ရောက်မှုရှိသည် မဟုတ်လော။ ခေါင်းဆောင်က သင့်ကို နှင်ထုတ်ပါက၊ သင် ကယ်တင်ခြင်း မခံရနိုင်တော့သည်မှာ အမှန်တကယ် မှန်နိုင်ပါမည်လော။ သင်၏ ကယ်တင်ခြင်းနှင့်ဆိုင်သော စဉ်းစားရမည့် အကြောင်းအရာသည် သင်၏ ခေါင်းဆောင်၏ သင့်အပေါ်သဘောထားအပေါ် တည်မှီသလော။ များလှစွာသော လူတို့သည် ထိုသို့သော အကြောက်တရား အတိုင်းအတာတစ်ခု အဘယ်ကြောင့် ရှိကြသနည်း။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်”)လူသားမျိုးနွယ်၏ ခရီးပန်းတိုင်နှင့် ဆက်နွှယ်သည့် ဘုရားသခင်၏အမှု သို့မဟုတ် နှုတ်ကပတ်တော်များသည် တစ်ဦးချင်းစီ၏ အနှစ်သာရနှင့်အညီ လူတို့ကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်း လိမ့်မည်။ အမှားအယွင်း စိုးစဉ်းမျှ ဖြစ်ပွားမည် မဟုတ်သကဲ့သို့၊ အမှားတစ်ခုကိုမျှ ပြုလုပ်လိမ့်မည်မဟုတ်ပေ။ လူသား၏စိတ်ခံစားမှု သို့မဟုတ် အဓိပ္ပာယ်တို့ ရောနှောသွားသည်မှာ လူတို့ အလုပ်လုပ်ကြသည့် အချိန်တွင်သာ ဖြစ်သည်။ ဘုရားသခင် ပြုသော အမှုသည် အသင့်လျော်ဆုံး ဖြစ်သည်။ သူသည် မည်သည့် ဖန်ဆင်းခံသတ္တဝါထံကိုမျှ မှားယွင်းသည့် တောင်းဆိုမှုများ လုံးဝ မဆောင်ကြဉ်းချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) အဲဒါကို ဖတ်ပြီးတဲ့အခါမှာ၊ ကျွန်မရဲ့ရှုထောင့်အမြင်တွေအားလုံး မှားနေတာ ကြောင့် ခေါင်းဆောင်ကို သတင်းမပို့ရဲခဲ့ဘူးဆိုတာ ကျွန်မ သိတွေ့သွားတယ်။ ခေါင်းဆောင်တစ်ယောက်က ကျွန်မရဲ့အနာဂတ်နဲ့ ကံကြမ္မာကို ဆုံးဖြတ်နိုင်တယ်လို့ ကျွန်မထင်လိုက်မိ တော့၊ ခေါင်းဆောင်တစ်ယောက်ကို ပြစ်မှားပုန်ကန်မိပြီး၊ သူတို့က ကျွန်မကို တာဝန်တစ်ခု ထမ်းဆောင်ခွင့်မပေး ဘဲ ထိန်းချုပ်ထားခဲ့ရင်၊ ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက်တွေအားလုံး ကျွန်မ ဆုံးရှုံးသွားမှာဖြစ်တယ်။ ခေါင်းဆောင်တွေကို ဘုရားသခင်ထက်တောင် မြင့်တယ်လို့ ကျွန်မမြင်ခဲ့တယ်။ ကျွန်မဟာ တကယ်ယုံကြည်သူတစ်ယောက် မဟုတ်ခဲ့ဘူး။ ကျွန်မဟာ မယုံကြည်သူတစ်ယောက်ပဲ။ လူသားရဲ့ကံကြမ္မာတွေဟာ ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်။ ကျွန်မ ဘာဖြစ်မယ်၊ အပြည့်အဝ ကယ်တင်ခြင်းခံရ မယ်၊ မရဘူးဆိုတာတွေဟာ ဘုရားသခင်အပေါ်ပဲ လုံးဝမူတည်တယ်။ ဘယ်လူသား ကမှ အဲဒါကို ဆုံးဖြတ်လို့မရဘူး။ တစ်ခါတုန်းက ခေါင်းဆောင်တစ်ယောက်ရဲ့ အလုပ်မှာ ရှိတဲ့ ပြဿနာတွေကို ထောက်ပြခဲ့တဲ့အတွက် ကျွန်မ မတရားခံခဲ့ရပေမယ့်၊ နောက်တော့ ညီအစ်ကို၊ မောင်နှမတွေက သူဟာ အန္တိခရစ်တစ်ယောက်ဖြစ်တယ်ဆိုတာကို သိသွားပြီး၊ အသင်းတော်ကနေ သူ ဖယ်ရှားခံလိုက်ရတယ်။ အန္တိခရစ်တစ်ယောက်ရဲ့ မမျှတတဲ့ပြုမူဆက်ဆံတာကို ယာယီ ဒုက္ခခံခဲ့ရပေမယ့် ကျွန်မရဲ့ကယ်တင်ခြင်းခံရဖို့ အခွင့်အရေး ကျွန်မ မဆုံးရှုံးခဲ့ဘူး၊ ဒါပေမယ့် အန္တိခရစ်နဲ့ပတ်သက်ပြီး ကျွန်မ ချင့်ချိန်နိုင်စွမ်းရရှိခဲ့သလို သင်ခန်းစာတချို့ကိုလည်း ရရှိခဲ့တယ်။ ဘုရားသခင်အိမ်တော်ရဲ့အလုပ်ကို ကာကွယ်ဖို့အတွက် အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေကို ဖော်ထုတ်ပြီး သတင်းပို့တဲ့ ညီအစ်ကို၊မောင်နှမတချို့ ရှိပြီး၊ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေက သူတို့ကို ဒေါသတကြီးရမ်းခဲ့ကြတယ်။ သူတို့ကို အသင်းတော်ကနေ မောင်းထုတ်တာကိုတောင် ခံရနိုင်ပေမယ့်၊ သူတို့ဟာ စစ်မှန်တဲ့ယုံကြည်မှုနဲ့ ဧဝံဂေလိတရားကို ဆက်ဝေငှပြီး သူတို့ရဲ့တာဝန်တွေကို ဆက်ထမ်းဆောင် ခဲ့ရင်၊ သူတို့မှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်နဲ့ ဘုရားသခင်ရဲ့လမ်းပြမှုကို ဆက်ပြီးရရှိနေမှာဖြစ် တယ်။ အန္တိခရစ်ကို ဖော်ထုတ်၊ ဖယ်ရှားတဲ့အချိန်မှာ အသင်းတော်ထဲကို ပြန်ဝင်ခွင့် သူတို့ ရရှိကြမှာဖြစ် တယ်။ ဘုရားသခင်ဟာ ဖြောင့်မတ်ပြီး ဘုရားသခင်ရဲ့ အိမ်တော်မှာ သမ္မာတရားက ကြီးစိုးတယ်- ဘုရားသခင်ဟာ အရာအားလုံးအပေါ် အုပ်စိုးတယ်ဆို တာကို ဒါက ပြသတယ်။ အန္တိခရစ်ကို မဖော်ထုတ်ဘဲ သူ့ရဲ့ဒုစရိုက်အမှုတွေကို မသိကျိုးကျွန်ပြုပြီး၊ သူတို့ကို တိုက်ရိုက်မထိခိုက်တဲ့အရာတွေကို လျစ်လျူရှုရင် အသင်းတော်ကို နှောင့်ယှက်ဖို့ အန္တိခရစ်ကို လွတ်လပ် ခွင့်ပေးထားတဲ့ အသင်းတော်အကြောင်းကို ကျွန်မစဉ်းစားမိတယ်။ သူတို့ဟာ ဖိနှိပ်ခံရခြင်းမရှိသလို၊ အသင်းတော်မှာ သူတို့ရဲ့ တာဝန်တွေကို ဆက်ပြီးလုပ်နိုင်ပေမယ့်၊ သူတို့ဟာ အန္တိခရစ်တစ်ယောက်ကို ခိုလှုံခွင့်ပေးရင် ဘုရားသခင်ကို ဆန့်ကျင်ပြီး ရပ်တည်တာဖြစ်တယ်။ သူတို့ကို ဘုရားသခင်က စက်ဆုပ်ရွံရှာပြီး ငြင်းပယ် ပါတယ်။ အဲဒီအကြောင်း စဉ်းစားတဲ့အခါမှာ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ကို သတင်းမပို့တာဟာ ဘယ်လောက်ဆိုးရွားတဲ့ ပြဿနာတစ်ခုဖြစ်တယ်ဆိုတာ ကျွန်မ သဘောပေါက် သွားတယ်။ ဘယ်လိုပုန်ကုန်ပြစ်မှားမှုမျိုးမဆိုကို သည်းခံမှာ မဟုတ်တဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘော ထားကို ကျွန်မတွေ့ရှိလိုက်ရပြီး ကျွန်မ ကြောက်သလိုမျိုး ခံစားရသလို၊ ကိုယ့်ကိုယ်ကိုယ်လည်း စက်ဆုပ်ရွံရှာမိတယ်။ ဒါက ကျွန်မကို သမ္မာတရားကို လက်တွေ့လုပ်ဆောင် ဖို့ လှုံ့ဆော်ပေးတယ်။ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ ဒီစာပိုဒ်ကိုလည်း ကျွန်မစဉ်းစားမိတယ်- “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်အဆင့်အတန်း၊ သိက္ခာ၊ သို့မဟုတ် ဂုဏ်သတင်းကို မစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကိုလည်း ထည့်သွင်းမစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာရှိဖို့ သင် အစွမ်းကုန် လုပ်ဆောင်ပြီးခြင်း ရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းရန် အကောင်းဆုံး သင် လုပ်ဆောင်ပြီး သင်၏အရာအားလုံး ပေးပြီးခြင်း ရှိမရှိဆိုသည်အပြင်၊ သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ရှေ့ဆက်ရမယ့် လမ်းတစ်ခုကိုလည်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ပြတယ်။ ကျွန်မအနေနဲ့ ဘုရားသခင်အိမ်တော်ရဲ့ အကျိုးစီးပွား တွေကို ဦးစားပေးရမှာဖြစ်ပြီး၊ ကျွန်မရဲ့ မှားယွင်းတဲ့ စေ့ဆော်မှုတွေကို သတိရှိစွာနဲ့ စွန့်လွှတ်ရမှာဖြစ်တယ်။ ကျွန်မရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေ ရှေ့တန်းတင် တာကို ကျွန်မ ရပ်ပစ်ရမှာဖြစ်တယ်။ ဒါကြောင့် ကျွန်မတွေ့ရှိခဲ့တဲ့ ပြဿနာတွေကို ကျွန်မ ချရေးခဲ့ပြီး ပိုရာထူးကြီးတဲ့ခေါင်းဆောင်တစ်ယောက် ဆီကို အစီရင်ခံဖို့ ကျွန်မ ပြင်ဆင်ခဲ့တယ်။

အဲဒီအချိန်မှာပဲ အစ်မကျိုးက လက်တွေ့အလုပ်ကို မလုပ်ဘဲ သူတို့ရဲ့တာဝန်တွေမှာ အမြဲပေါ့ဆတဲ့ အစွမ်းအစမရှိတဲ့ လူတွေကို ထုတ်ပစ်ဖို့လည်း အမြဲငြင်းဆန်နေပြီး၊ သင့်တော်တဲ့လူတွေ ရှာမတွေ့လို့ ဆိုတဲ့ဆင်ခြေကိုပဲ အသုံးပြုနေတယ်ဆိုတာကို အစ်မလျူနဲ့တခြားညီမ တချို့က ကျွန်မကို ပြောပြကြတယ်။ အဲဒါက ဘုရားသခင်အိမ်တော်ရဲ့ အလုပ်ကို ထိခိုက်မှု တွေ အများကြီးဖြစ်စေခဲ့ပြီးပြီ။ အသင်းတော်မှာ ကြာမြင့်စွာရှိနေတဲ့ ပြဿနာတွေကို သူက မဖြေရှင်းခဲ့သလို၊ မူတွေအပေါ်အခြေမခံဘဲ သူ့စိတ်ကူးနဲ့သူ လူတွေကို ထင်ရာမြင်ရာ ခန့်နေတယ်။ မူတွေအရဆိုရင် အစ်မကျိုးဟာ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ပဲဖြစ်တယ်။ ကျွန်မတို့အားလုံး စာတစ်စောင်ကို အတူရေးကြပြီး၊ ခေါင်းဆောင်တစ်ယောက်ဆီကို တင်ပြလိုက်တယ်။ အထက်ခေါင်းဆောင်တွေက အခြေအနေကို လေ့လာပြီးတဲ့နောက်မှာ၊ အစ်မကျိုးဟာ လက်တွေ့အလုပ်ကို ဘယ်တော့မှ မလုပ်ဘဲ၊ အာဏာရှင်ဆန်တဲ့နည်းလမ်းကို အသုံးပြု ပြီး၊ ချမှတ်ထားတဲ့အစီအစဉ်တွေနဲ့ ဆန့်ကျင်ပြီးလုပ်ကိုင် တဲ့အပြင်၊ သူ့ရဲ့အဆင့်အတန်းကို အသုံးပြုပြီး တခြားလူတွေ ကို ထိန်းချုပ်နေတယ်ဆိုတာကို သူတို့က အတည်ပြုခဲ့ ကြတယ်။ သူ့ကို အယောင်ဆောင်ခေါင်းဆောင်တစ်ယောက် အနေနဲ့ ဖော်ထုတ်ခဲ့ပြီး သူ့ကို ရာထူးက ဖယ်ရှားပစ် လိုက်တယ်။ အစ်ကိုလီကိုလည်း ရေလောင်းတဲ့သင်းထောက်အနေနဲ့ မသင့်တော်တာကို တွေ့ရတဲ့အတွက် သူ့ကို တခြားတာဝန်တစ်ခု ပေးလိုက်တယ်။ ဖြစ်ပေါ်လာတဲ့အခြေအနေတွေကို ကျွန်မ ကြားသိရတဲ့ အခါမှာ ကျွန်မအတွက် ခံစားချက်တွေမျိုးစုံ ပြည့်လျှံ လာတယ်။ ဘုရားသခင်ရဲ့အိမ်တော်မှာ ခရစ်တော်နဲ့သမ္မာတရား က အမှန်တကယ်ဩဇာလွှမ်းမိုးတယ်ဆိုတာကို ကျွန်မ တွေ့လိုက်ရပြီး၊ ကျွန်မ ပိုယုံကြည်မှုရှိလာသလို၊ သမ္မာတရားကိုလည်း လက်တွေ့လုပ်ဆောင်နိုင်ခဲ့တယ်။ ဘုရားသခင်ကို ကျေးဇူးတင်မိတဲ့စိတ်က ကျွန်မကို လွှမ်းခြုံသွားတယ်။ အဲဒီဆိုးယုတ်တဲ့ ဒဿနတွေရဲ့ချည်နှောင်မှုကနေ ကျွန်မကို တဖြည်းဖြည်းချင်းလွတ်မြောက်စေပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရင်း အယောင်ဆောင်ခေါင်းဆောင်ကို သတင်းပို့ပြီး၊ ကိုယ်ပိုင်ဂုဏ်သိက္ခာတချို့နဲ့ နေထိုင်ခွင့်ပေးတဲ့ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ အသိဉာဏ်ပွင့် လင်းစေမှုနဲ့ လမ်းပြမှုတွေအတွက် ကျွန်မ အရမ်းကျေးဇူးတင်တယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

နာမည်နှင့် အကျိုးအမြတ် ရှာဖွေခြင်းအပေါ် သုံးသပ်ဆင်ခြင်မှုများ

၂၀၂၁ မေလမှာ ရေလောင်းပေးတဲ့ အဖွဲ့ခေါင်းဆောင်အနေနဲ့ တာဝန်တွေကို ကျွန်မယူခဲ့တယ်။ ညီအစ်ကို မောင်နှမ နှစ်ဖွဲ့ကို ရေလောင်းပေးဖို့ တာဝန်ယူခဲ့ပြီး...

ကျွန်ုပ်၏ တာဝန်အား ဆုံးရှုံးရခြင်းကို ပြန်လည်သုံးသပ်ခြင်း

ဝမ်လင်း တောင်ကိုရီးယားနိုင်ငံ ကျွန်တော် “ဂဟေ” ပညာ အနည်းငယ် တတ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အသင်းတော်ရဲ့အရေးကိစ္စတချို့ကို ကိုင်တွယ်ဖို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။