ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းခြင်းက ကျွန်မ၏ အထူးတာဝန်ဖြစ်သည်

23.04.2026

ဆူရန်၊ တရုတ်ပြည်

ကျွန်မ ကျောင်းတက်နေခဲ့တုန်းမှာ ဆရာတွေက မိဘတွေကို သိတတ်ရိုသေဖို့နဲ့ လူကြီးသူမတွေကို လေးစားဖို့ဆိုတာ တရုတ်လူမျိုးတွေရဲ့ ရိုးရာသီလတစ်ခုဖြစ်တယ်လို့ အမြဲတမ်း သွန်သင်ခဲ့ကြတယ်။ ကျွန်မမိဘတွေကလည်း အဲဒီလိုပဲ ကျွန်မကို ခဏခဏ သင်ပေးသလို၊ သူတို့ကိုယ်တိုင်လည်း လက်တွေ့လုပ်ဆောင်ကြတယ်။ အဖွားအိမ်မှာ လုပ်စရာရှိတိုင်း၊ ကျွန်မအဖေက သူ့လုပ်စရာအလုပ်တွေကို ဘေးဖယ်ထားပြီး အဖွားကို သွားကူပေးတတ်တယ်။ ပြီးတော့ ပိတ်ရက်တွေဆိုရင် အဖွားအိမ်က လယ်အလုပ်တွေ ကူလုပ်ပေးဖို့ ကျွန်မတို့ကို ခေါ်သွားတတ်တယ်။ အဲဒီအချိန်တုန်းက ကျွန်မရဲ့ မိဘတွေက လယ်ကွင်းထဲမှာ ခဏခဏ အလုပ်သွားလုပ်ရပါတယ်၊ ကျွန်မနဲ့ ကျွန်မ မောင်နှမတွေက အရမ်းငယ်သေးပြီး ကြည့်ရှုစောင့်ရှောက်မဲ့သူ မရှိခဲ့သလို အဖွားကလည်း ကျွန်မတို့ကို မကြည့်ပေးခဲ့ပါဘူး။ ဒါပေမဲ့ အမေက အဖွားကို မကျေမနပ်မဖြစ်ဘဲ အဲဒီအစား သူ့ကို ပြုစုစောင့်ရှောက်ပေးခဲ့တယ်။ အဖွား အကြိုက်ဆုံး အစားအစာတွေကို ချက်ပြုတ်ပေးသလို အဖွားနေမကောင်းတဲ့အခါမှာလည်း ဆေးရုံ၊ ဆေးခန်းတွေကို လိုက်ပို့ပေးခဲ့တယ်။ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ အိမ်နီးချင်းတွေ အားလုံးက ကျွန်မမိဘတွေရဲ့ သိတတ်ရိုသေမှုနဲ့ လူ့သဘာဝကောင်းမွန်မှုကို ချီးမွမ်းခဲ့ကြတယ်။ ဒါကိုမြင်တော့ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ “ငါလည်း နောင်ကျရင် မိဘတွေလိုမျိုးပဲ ကိုယ့်မိဘကို ရိုသေကိုင်းရှိုင်းပြီး ယောက္ခမတွေအပေါ် သိတတ်ချင်တယ်။ ဒါက လူ့သဘာဝကောင်းတဲ့သူတစ်ယောက် လုပ်သင့်တဲ့အရာပဲလေ” လို့ပေါ့။

၂၀၁၃ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ကျွန်မအမျိုးသားက စီစီပီရဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရပြီး၊ ကျွန်မ ယုံကြည်တာကို ဆန့်ကျင်ခဲ့တယ်၊ ၂၀၁၄ ခုနှစ်မှာ ကျွန်မကို ကွာရှင်းခဲ့တယ်။ ကွာရှင်းပြီးတဲ့နောက်မှာ ကျွန်မ မိဘတွေအိမ်ကို ပြန်ပြောင်းလာခဲ့တယ်။ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ရင်း တစ်ဖက်ကလည်း မိဘတွေကို ပြုစုစောင့်ရှောက်တယ်၊ အိမ်အလုပ်တွေ ကူလုပ်ပေးတာပေါ့။ ၂၀၁၇ ခုနှစ်မှာ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ဖို့ တခြားနေရာကို ကျွန်မ သွားခဲ့တယ်။ မကြာခင်မှာပဲ အိမ်ကစာတစ်စောင် ရောက်လာတယ်။ ရဲတွေက ကျွန်မအိမ်ကို သွားပြီး ဘုရားသခင်ကို ဆက်မယုံကြည်ဖို့ မိဘတွေကို သတိပေးပြီး ခြိမ်းခြောက်ခဲ့တယ်တဲ့။ ပြီးတော့ ကျွန်မပုံကို တောင်းပြီး ကျွန်မ ဘယ်မှာရှိလဲဆိုတာကို စစ်ဆေးမေးမြန်းခဲ့ကြတယ်တဲ့လေ။ အဲဒီနောက်ပိုင်း ကျွန်မ အိမ်မပြန်ရဲတော့ဘူး။ အသက် ၆၀ နားနီးပြီး ကျန်းမာရေး သိပ်မကောင်းတဲ့ မိဘတွေကို တွေးမိတိုင်း၊ အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်က ပြင်းပြင်းထန်ထန် ခြေထောက်ကျိုးထားလို့ ဒဏ်ရာကျန်ခဲ့ပြီး ခြေထောက်နာ ပြန်ထလာရင် အလုပ်လုပ်ဖို့ခက်တဲ့ အမေ့ကို တွေးမိတိုင်းပေါ့။ သူတို့ကိုတွေ့ဖို့ ဘယ်အချိန်များမှ အိမ်ပြန်နိုင်မလဲလို့ ကျွန်မ အမြဲ တွေးမိတယ်။

၂၀၁၉ ခုနှစ်၊ ဩဂုတ်လမှာ စွန့်စားပြီး အိမ်ပြန်လိုက်တယ်။ မိဘတွေကို မြင်လိုက်ရတဲ့အချိန်မှာပဲ သူတို့မျက်နှာပေါ်မှာ အရေးအကြောင်းတွေ အများကြီး ပိုများလာတာ၊ ပြီးတော့ နားထင်စပ်နားက ဆံပင်တွေ ဖြူကုန်တာကို ကျွန်မ သတိထားမိလိုက်တယ်။ အမေကလည်း တော်တော်လေး ပိန်သွားရှာတယ်။ ကျွန်မ ရင်ထဲမှာ ခါးသက်သက်နဲ့ စိတ်မသက်မသာဖြစ်သွားတယ်။ မိဘတွေက ကျွန်မတို့ကို ပျိုးထောင်ဖို့ မလွယ်ကူခဲ့ကြဘူးလေ။ အခု သူတို့ ဒီအရွယ်ရောက်ပြီး ကျန်းမာရေးမကောင်းတဲ့ကြားက လယ်ထဲဆင်းပြီး အပင်ပန်းခံ လုပ်နေရတုန်းပဲ။ သူတို့သမီးအနေနဲ့ သူတို့ကို ပြုစုစောင့်ရှောက်ဖို့ ကျွန်မ သူတို့အနားမှာ မရှိနိုင်သလို အလုပ်တွေကိုလည်း မကူညီပေးနိုင်တော့ ကျွန်မက သားသမီးဝတ် မကျေဘဲ၊ အပြစ်နည်းနည်း ရှိတယ်လို့ ခံစားရတာပေါ့။ ကျွန်မအဒေါ်ကလည်း ကျွန်မကို အပြစ်တင်တယ်။ “နင်ကလည်း အိမ်ကထွက်သွားပြီး ပြန်မလာတာ သုံးလေးနှစ်ရှိပြီ၊ နင့်မိဘတွေက အသက်ကြီးလာပြီ။ သူတို့နေမကောင်းဖြစ်ရင်၊ ဒါမှမဟုတ် တစ်ခုခုဖြစ်ရင် သူတို့ကို ပြုစုဖို့ ဘယ်သူမှမရှိဘူး။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ နင့်အဖေ သီးနှံတွေ ဆေးဖြန်းသွားတုန်း အပူရှိန်ကြောင့် ဆေးအဆိပ်သင့်သွားတယ်လေ။ ဆေးရုံကိုသာ အချိန်မီ မရောက်ရင် သေသွားနိုင်တယ်” တဲ့။ ဒါကိုကြားတော့ ကျွန်မ အရမ်းစိတ်မကောင်းဖြစ်ရတယ်။ ပြီးတော့ “သင်၏မိဘများ အသက်ရှင်နေစဉ် အဝေးသို့ ခရီးမသွားနှင့်” ဆိုတဲ့ စကားကို သတိရမိတယ်။ ဒါပေမဲ့ ကျွန်မက သူတို့ကို ပြုစုစောင့်ရှောက်ဖို့ သူတို့နားမှာ မနေနိုင်သလို သူတို့အတွက် ဘာမှလည်း မလုပ်ပေးနိုင်ဘူးလေ။ မိဘတွေ ကျွန်မကို မွေးထုတ်ခဲ့တာ အလဟဿ ဖြစ်သွားသလို ကျွန်မ ခံစားခဲ့ရပါတယ်။ အရင်တုန်းကတော့ ဆွေမျိုးတွေက ကျွန်မကို လိမ်မာပြီး သားသမီးဝတ်ကျေတဲ့ ကလေးလို့ မြင်ခဲ့ကြပေမဲ့ အခုတော့ ကျွန်မက သားသမီးဝတ်မကျေတဲ့သူ၊ ကျေးဇူးကန်းတဲ့သူ ဖြစ်သွားပြီပေါ့။ ကျွန်မ မထွက်ခွာခင် ညဘက်မှာ အဖေက ကျွန်မကို သူအစိုးရိမ်ဆုံးပဲလို့ ပြောတယ်။ အခု ကျွန်မမှာ အိမ်လည်းမရှိ၊ အလုပ်အကိုင်လည်း မရှိတော့ ကျွန်မအတွက် ပိုက်ဆံနည်းနည်း ပိုစုလို့ရအောင် သူ ကြိုးစားပြီး လုပ်နေတာပါတဲ့။ ပြီးတော့ ကျွန်မ အဖမ်းခံရမှာကို သူအမြဲ စိတ်ပူနေရလို့ ညဘက်တွေဆို ခဏခဏ အိပ်မပျော်ဘူးတဲ့၊ နေ့ဘက်တွေမှာလည်း အမြဲ စိတ်တထင့်ထင့်နဲ့ နေရတယ်လို့ ပြောရှာတယ်။ ကျေးရွာကော်မတီက ဖုန်းဆက်လာတိုင်း ကျွန်မ ရဲဖမ်းခံလိုက်ရတဲ့ အကြောင်းများ ဖြစ်မလားလို့ သူ စိုးရိမ်နေရတာတဲ့လေ။ အဖေက မျက်ရည်တွေဝဲပြီး ဒီစကားတွေ ပြောရှာတယ်။ ကျွန်မနှလုံးသားက တူနဲ့ထုလိုက်သလို ခံစားလိုက်ရပြီး မျက်ရည်တွေကို မထိန်းနိုင်တော့ဘူး။ သူတို့ ဒီအရွယ်ရောက်မှ ကျွန်မက သူတို့ကို ပြုစုစောင့်ရှောက်မပေးနိုင်တဲ့အပြင် ကျွန်မအတွက်ပါ သူတို့ကို စိတ်ပူပင်စေမိတော့ ကျွန်မ တကယ်ကို သားသမီးဝတ် မကျေပါလားလို့ ခံစားလိုက်ရတယ်။ ဧည့်ခံတဲ့မိသားစုဆီ ကျွန်မ ပြန်ရောက်ပြီးတဲ့နောက်မှာ အဖေပြောတဲ့စကားတွေနဲ့ သူ့ရဲ့ ပိန်ချုံးနေတဲ့ မျက်နှာကို ပြန်တွေးမိတိုင်း ကျွန်မ ရင်ထဲမှာ အရမ်းနာကျင်ရတယ်။ တကယ်လို့ ကျွန်မသာ အိမ်ကနေခွာပြီး ကိုယ့်တာဝန်ကို မထမ်းဆောင်ဘဲနေရင်၊ မိဘတွေကို သိတတ်နိုင်ခဲ့မှာ မဟုတ်ဘူးလား။ ဒီလိုတွေးမိတော့၊ ကျွန်မ အိမ်နဲ့ဝေးတဲ့နေရာမှာ တာဝန်မထမ်းဆောင်ချင်တော့ဘူး။ မိဘတွေကို ပြုစုစောင့်ရှောက်ဖို့ ကျွန်မ တကယ်ကို အိမ်ပြန်ချင်တယ်။ ဒါမှ သူတို့ ကျွန်မအတွက် စိတ်မပူရတော့သလို ဒုက္ခမရောက်တော့မှာလေ။ ဒါပေမဲ့ ရဲတွေက ကျွန်မကို လိုက်နေတုန်းပဲ၊ ပြန်သွားရင်လည်း အဖမ်းခံရဖို့ များတယ်။ ဒါ့အပြင် ကျွန်မက ကိုယ့်တာဝန်တွေနဲ့ တကယ် အလုပ်ရှုပ်နေတာ၊ အဲဒါတွေကို ပစ်ထားလိုက်ရင် ဘုရားသခင်ကို သစ္စာဖောက်ရာ မကျဘူးလား။ အဲဒီရက်တွေမှာ ကျွန်မ အရမ်းကို စိတ်ဒွိဟဖြစ်ပြီး ကြီးမားတဲ့ နာကျင်မှုနဲ့ ညှဉ်းပန်းမှုကို ခံစားခဲ့ရတယ်။ ဒီလိုအခြေအနေမျိုးနဲ့ နေနေရတော့ ကိုယ့်တာဝန်တွေအပေါ် ကျွန်မ အာရုံမစိုက်နိုင်ခဲ့ဘူး၊ ရလဒ်အနေနဲ့ တာဝန်တွေ နှောင့်နှေးကုန်တာပေါ့။ ကိုယ့်အခြေအနေ မမှန်မှန်းသိလို့ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ ဒီမှားယွင်းတဲ့ အခြေအနေကနေ လွတ်မြောက်အောင် လမ်းပြပေးဖို့ တောင်းလျှောက်ခဲ့တာပေါ့။

ဝတ်ပြုတဲ့အချိန်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “မိမိ၏ မိဘများအပေါ် သားသမီးဝတ်ကျေပွန်ခြင်းသည် သမ္မာတရားဖြစ်သလော။ (မဟုတ်ပါ။) မိမိ၏ မိဘများအပေါ် သားသမီးဝတ် ကျေပွန်ခြင်းသည် မှန်ကန်ပြီး အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သော်လည်း သမ္မာတရား မဟုတ်ဟု ငါတို့ အဘယ်ကြောင့် ဆိုရသနည်း။ (အဘယ်ကြောင့်ဆိုသော် လူတို့သည် မိမိတို့၏ မိဘများကို စည်းမျဉ်းများဖြင့် သားသမီးဝတ်ကျေပွန်ခြင်း မဟုတ်သကဲ့သို့ ၎င်းတို့၏ မိဘများက အမှန်တကယ် မည်သည့်လူစားမျိုးများဖြစ်သည်ကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြသောကြောင့် ဖြစ်ပါသည်။) လူတစ်ဦးက မိမိ၏ မိဘများအား မည်သို့ ဆက်ဆံသင့်သည်ဆိုသည်မှာ သမ္မာတရားနှင့် ဆက်စပ်ပေသည်။ သင်၏မိဘများက ဘုရားသခင်ကို ယုံကြည်ပြီး သင့်ကို ကောင်းစွာ ဆက်ဆံပါက သင်သည် ၎င်းတို့အပေါ် သားသမီးဝတ် ကျေပွန်သင့်သလော။ (ကျေပွန်သင့်ပါသည်။) သင်သည် မည်သို့ သားသမီးဝတ်ကျေပွန်သနည်း။ သင်သည် ၎င်းတို့ကို ညီအစ်ကို မောင်နှမများနှင့် ကွဲပြားစွာ ဆက်ဆံ၏။ သင်သည် ၎င်းတို့ပြောသမျှကို လုပ်ဆောင်ပြီး ၎င်းတို့အိုမင်းလျှင် သင်သည် ၎င်းတို့ကို ပြုစုစောင့်ရှောက်ဖို့ ၎င်းတို့ဘေးတွင် နေပေးရမည် ဖြစ်သည်။ ယင်းက သင်၏တာဝန်ကို သွားရောက်ထမ်းဆောင်ခြင်းမှ တားဆီးသည်။ ယင်းကို လုပ်ဆောင်သည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) ထိုသို့သော အချိန်များတွင် သင်သည် မည်သည့်အရာကို လုပ်သင့်သနည်း။ ဤသည်က အခြေအနေများပေါ်တွင် မူတည်သည်။ သင်သည် သင်၏နေအိမ် အနီးအနားတွင် သင်၏တာဝန်ကို ထမ်းဆောင်နေစဉ် ၎င်းတို့ကို ပြုစုစောင့်ရှောက်နိုင်သေးပါက၊ ပြီးလျှင် ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို သင်၏မိဘများက မကန့်ကွက်ပါက သင်သည် သားတစ်ဦး၊ သို့မဟုတ် သမီးတစ်ဦးအဖြစ် မိမိ၏တာဝန်ကို ဖြည့်ဆည်းသင့်ပြီး သင်၏မိဘများကို အလုပ်ကိစ္စအချို့တွင် ကူညီပေးသင့်သည်။ ၎င်းတို့က နာမကျန်းဖြစ်လျှင် ၎င်းတို့ကို စောင့်ရှောက်လော့။ တစ်စုံတစ်ခုကြောင့် ၎င်းတို့စိတ်ညစ်နေလျှင် ၎င်းတို့ကို နှစ်သိမ့်ပေးလော့။ သင်၏ငွေရေးကြေးရေးက အခြေအနေ ပေးလျှင် သင်၏ ရသုံးငွေစာရင်းနှင့် ကိုက်ညီစွာ ၎င်းတို့အတွက် အာဟာရ ဖြည့်စွက်စာများ ဝယ်ပေးလော့။ သို့ရာတွင် သင်သည် သင်၏ တာဝန်နှင့်အလုပ်ရှုပ်နေကာ သင်၏မိဘများကို ပြုစုစောင့်ရှောက်မည့်သူ တစ်ဦးမျှ မရှိဘဲ ၎င်းတို့ကလည်း ဘုရားသခင်ကို ယုံကြည်ပါက သင်သည် မည်သည့်အရာကို လုပ်ဆောင်ရန် ရွေးချယ်သင့်သနည်း။ သင်သည် မည်သည့်သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သနည်း။ မိဘအပေါ် သားသမီးဝတ်ကျေခြင်းသည် သမ္မာတရားမဟုတ်ဘဲ လူသား၏ တာဝန်နှင့် ဝတ္တရားသာဖြစ်သောကြောင့် သင်၏ ဝတ္တရားသည် သင်၏အလုပ်တာဝန်ဖြင့် ကွဲလွဲဆန့်ကျင်နေလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (ကျွန်ုပ်၏ တာဝန်ကို ဦးစားပေးပြီး တာဝန်ကို ရှေ့တန်းတင်ရမည်။) ဝတ္တရားတစ်ခုသည် လူတစ်ဦး၏ အလုပ်တာဝန်တစ်ခု သေချာပေါက် မဟုတ်ပေ။ မိမိ၏အလုပ်တာဝန်ကို ထမ်းဆောင်ရန် ရွေးချယ်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ ဝတ္တရားတစ်ခုကို ဖြည့်ဆည်းခြင်းမှာမူ ဤသို့မဟုတ်ပေ။ သင့်၌ ဤအခြေအနေရှိလျှင် ဤတာဝန်၊ သို့မဟုတ် ဝတ္တရားကို သင် ဖြည့်ဆည်းနိုင်သည်။ သို့သော် လက်ရှိအနေအထားက ခွင့်မပြုလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်က ‘ကျွန်ုပ်၏တာဝန်ကို လုပ်ဆောင်ရမည်။ ယင်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ ကျွန်ုပ်၏ မိဘများအပေါ် သားသမီးဝတ်ကျေခြင်းသည် ကျွန်ုပ်၏ အသိစိတ်အားဖြင့် အသက်ရှင်သန်ခြင်းဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ စံမမီပါ’ ဟု ပြောသင့်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို ဦးစားပေးပြီး ထိန်းသိမ်းသင့်၏။ သင်သည် ယခုအခါတွင် တာဝန်မရှိလျှင်၊ အိမ်နှင့် ဝေးကွာစွာ အလုပ်မလုပ်ရဘဲ သင်၏ မိဘများနှင့် နီးကပ်စွာ နေထိုင်လျှင် ၎င်းတို့အား စောင့်ရှောက်ရန် နည်းလမ်းများကို ရှာလော့။ ၎င်းတို့ အနည်းငယ် ပို၍ ကောင်းစွာ အသက်ရှင်နိုင်ပြီး ဒုက္ခလျော့နည်းစေရန် အကောင်းဆုံး လုပ်ဆောင်လော့။ သို့သော် ဤသည်မှာလည်း သင်၏ မိဘများက မည်သို့သော လူစားမျိုးဖြစ်သည်ဆိုသည့်အပေါ်တွင် မူတည်သည်။ သင်၏ မိဘများက ညံ့ဖျင်းသော လူ့သဘာဝရှိပြီး သင့်အား ဘုရားသခင်ကို ယုံကြည်ခြင်းမှ အစဉ် ဟန့်တားလျှင်၊ ထို့ပြင် ဘုရားသခင်အား သင် ယုံကြည်ခြင်းမှလည်းကောင်း၊ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းမှလည်းကောင်း သင့်အား အဝေးသို့ မပြတ် ဆွဲခေါ်နေလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားမှာ အဘယ်နည်း။ (ပစ်ပယ်ခြင်းဖြစ်ပါသည်။) ဤအချိန်တွင် ၎င်းတို့ကို သင်ပစ်ပယ်ရမည်။ သင်၏ ဝတ္တရားကို သင် ဖြည့်ဆည်းပြီးဖြစ်သည်။ သင်၏ မိဘများက ဘုရားသခင်ကို မယုံကြည်ပေ။ ထို့ကြောင့် ၎င်းတို့အပေါ် သားသမီးဝတ်နှင့်အညီ လေးစားမှုပေးရန် သင့်တွင် ဝတ္တရားမရှိပေ။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်လျှင် ၎င်းတို့သည် မိသားစုဖြစ်သည်။ သင်၏ မိဘများဖြစ်သည်။ မယုံကြည်လျှင် သင်တို့သည် မတူညီသော လမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ ၎င်းတို့သည် စာတန်ကို ယုံကြည်ပြီး နတ်ဆိုးဘုရင်ကို ကိုးကွယ်သည်။ ပြီးလျှင် စာတန်၏လမ်းကို လျှောက်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူတို့၏ လမ်းကြောင်းနှင့် မတူသော လမ်းကြောင်းများကို လျှောက်နေကြသည့်လူများဖြစ်၏။ သင်တို့သည် မိသားစု မဟုတ်တော့ပေ။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်သူများကို ၎င်းတို့၏ ပြိုင်ဘက်၊ ရန်သူများအဖြစ် မှတ်ယူကြသည်။ ထို့ကြောင့် သင်သည် ၎င်းတို့ကို စောင့်ရှောက်ရန် ဝတ္တရားမရှိတော့ဘဲ ၎င်းတို့ကို လုံးဝ အဆက်အသွယ်ဖြတ်ရမည်။ မည်သည့်အရာက သမ္မာတရား ဖြစ်သနည်း။ မိဘများအပေါ် သားသမီးဝတ်ကျေခြင်းလော၊ သို့မဟုတ် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းလော။ မိမိ၏ တာဝန်ထမ်းဆောင်ခြင်းက သမ္မာတရား ဖြစ်သည်မှာ မှန်သည်။ ဘုရားသခင်၏ အိမ်တော်တွင် တာဝန်ထမ်းဆောင်ခြင်းသည် မိမိဝတ္တရားကို ဖြည့်ဆည်းခြင်း၊ လုပ်ရမည့်အရာကို လုပ်ခြင်းသက်သက် မဟုတ်ပေ။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ဤတွင် ဘုရားသခင်၏ စေခိုင်းချက် ပါဝင်သည်။ ဤသည်မှာ သင်၏ ဝတ္တရား၊ သင်၏ တာဝန်ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော တာဝန်ဖြစ်သည်။ ဖန်ဆင်းရှင်ရှေ့တွင် သင်၏တာဝန်၊ ဝတ္တရားကို ဖြည့်ဆည်းခြင်းဖြစ်သည်။ ဤသည်မှာ လူတို့အပေါ် ဖန်ဆင်းရှင်၏ တောင်းဆိုချက်ဖြစ်သည်။ ပြီးလျှင် ဘဝ၏ ကြီးမြတ်သော ကိစ္စဖြစ်သည်။ သို့သော် မိဘများကို သားသမီးဝတ်နှင့်အညီ လေးစားမှုပေးခြင်းသည် သားတစ်ယောက်၏ သို့မဟုတ် သမီးတစ်ယောက်၏ တာဝန်နှင့် ဝတ္တရားမျှသာဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က တာဝန်ပေးစေခိုင်းခြင်း သေချာပေါက် မဟုတ်ပေ။ ပြီးလျှင် ဘုရားသခင်၏ တောင်းဆိုချက်နှင့် ပို၍ပင် မကိုက်ညီချေ။ ထို့ကြောင့် မိမိ၏မိဘကို သားသမီးဝတ်နှင့်အညီ လေးစားမှုပေးခြင်းနှင့် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းကြားတွင် မိမိ၏တာဝန်ထမ်းဆောင်ခြင်း တစ်ခုတည်းသာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်မှာ သံသယဖြစ်စရာမရှိပေ။ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းသည် သမ္မာတရားဖြစ်သည်။ ရှောင်လွှဲမရသော တာဝန်တစ်ခုဖြစ်သည်။ မိမိ၏မိဘကို သားသမီးဝတ်နှင့်အညီ လေးစားမှုပေးခြင်းသည် လူတို့အပေါ် သားသမီးဝတ်ကျေခြင်းနှင့်ပတ်သက်သည်။ ယင်းမှာ မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းဟု အဓိပ္ပာယ်မရသကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟူ၍လည်း အဓိပ္ပာယ်မရပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားလက်တွေ့ကျမှု ဆိုသည်မှာ အဘယ်နည်း။) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နည်းနည်း စိတ်သက်သာရာရသွားတယ်။ ပြီးတော့ မိဘတွေကို သားသမီးဝတ်ကျေပွန်တာက အပြုသဘောဆောင်တဲ့အရာဖြစ်ပြီး ပုံမှန်လူ့သဘာဝရဲ့ အစိတ်အပိုင်းဖြစ်ပေမဲ့၊ ဒါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ မဟုတ်မှန်း နားလည်သွားတယ်။ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်တာကမှ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ ဖြစ်တယ်။ ကျွန်မမိဘတွေက ကျွန်မရဲ့ ယုံကြည်ခြင်းနဲ့ တာဝန်တွေမှာ အမြဲ ထောက်ပံ့ပေးခဲ့ကြသလို၊ သူတို့ကို သိတတ်မှုရှိတာကလည်း သူတို့ရဲ့သမီးအနေနဲ့ ကျွန်မရဲ့ တာဝန်ပါပဲ။ သင့်တော်တဲ့ အခြေအနေနဲ့ အကြောင်းတရားတွေအောက်မှာ၊ သူတို့ကို ပြုစုစောင့်ရှောက်ဖို့၊ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ အခက်အခဲတွေကို လျော့ပါးသက်သာစေဖို့၊ ပြီးတော့ သမီးတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းဖို့ ကျွန်မ အစွမ်းကုန် ကြိုးစားနိုင်ပါတယ်။ ဒါပေမဲ့ အခုက ရဲတွေ လိုက်ဖမ်းနေလို့ အိမ်မှာနေပြီး သူတို့ကို မပြုစုနိုင်တဲ့အပြင်၊ ကိုယ့်တာဝန်တွေကလည်း များနေတော့၊ ဒီအချိန်မှာ ကျွန်မရဲ့ တာဝန်တွေကိုပဲ ဦးစားပေးရမှာပါ။ ဘုရားနှုတ်ကပတ်တော်ကနေတစ်ဆင့် ကျွန်မ နားလည်လိုက်တာက ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ဖန်ဆင်းခံရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းတာက ကျွန်မရဲ့ အထူးတာဝန်ဖြစ်ပြီး၊ ဘဝမှာ အရေးကြီးဆုံးအရာ၊ ပြီးမြောက်အောင် လုပ်ဆောင်ရမည့် မဖြစ်မနေ ထမ်းဆောင်ရမဲ့ တာဝန်ဖြစ်တယ်ဆိုတာပါပဲ။ မိဘတွေကို သားသမီးဝတ်ကျေပွန်တာက သားသမီးတစ်ယောက်ရဲ့ တာဝန်ကို ဖြည့်ဆည်းရုံသက်သက်သာဖြစ်ပြီး၊ ဒါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေတယ်လို့ မဆိုလိုသလို၊ ဘုရားသခင်ကို ကျိုးနွံနာခံနေတယ်လို့လည်း အဓိပ္ပာယ်မရပါဘူး။ မိဘတွေကို သားသမီးဝတ်ကျေပွန်တာနဲ့ တာဝန်ထမ်းဆောင်တာ နှစ်ခု ဆန့်ကျင်ဘက်ဖြစ်လာတဲ့အခါ၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်မ ရွေးချယ်ရမှာပါ။ ဒီအရာတွေကို သဘောပေါက်လိုက်တော့ ကျွန်မ စိတ်ဒွိဟ မဖြစ်တော့သလို မနာကျင်တော့ဘူး။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး ကိုယ့်တာဝန်တွေကို အတည်တကျ ထမ်းဆောင်ဖို့ ကျွန်မ လိုလားခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်ထပ်တစ်ပိုဒ်ကို ကျွန်မ ဖတ်ပြီး ကိုယ့်အခြေအနေနဲ့ပတ်သက်လို့ နားလည်မှုတချို့ ရရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “တရုတ်ရိုးရာယဉ်ကျေးမှု၏ ပုံစံသွင်းခြင်းကြောင့် တရုတ်လူမျိုးများ၏ ရိုးရာအယူအဆများတွင် ၎င်းတို့က မိမိ၏မိဘများအပေါ်တွင် သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းရမည်၊ သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းခြင်း မရှိသူမည်သူမဆိုသည် သားသမီးဝတ် မကျေပွန်သောသားသမီးဖြစ်သည်ဟု ယုံကြည်ကြသည်။ လူတို့သည် ကလေးဘဝကတည်းက ဤအယူအဆများဖြင့် သွတ်သွင်းခြင်းခံခဲ့ရသည်။ အိမ်ထောင်စုတိုင်းနီးပါးတွင် သွန်သင်ပေးကြပြီး ကျောင်းတိုင်းနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး၌ပါ သွန်သင်ပေးကြ၏။ လူတစ်ယောက်၏ ခေါင်းထဲတွင် ဤသို့သောအရာများ ပြည့်နေသောအခါ သူသည် ‘သားသမီးဝတ်က ဘယ်အရာမဆိုထက် ပိုအရေးကြီးတယ်။ ငါက မလိုက်နာဘူးဆိုရင် လူကောင်းဖြစ်မှာမဟုတ်ဘူး။ သားသမီးဝတ် မကျေပွန်တဲ့ကလေးဖြစ်ပြီး လူ့အဖွဲ့အစည်းက လူသိရှင်ကြား စွပ်စွဲရှုတ်ချတာကို ခံရမှာပဲ။ ငါက အသိတရားမရှိတဲ့သူဖြစ်မှာပဲ’ ဟု ထင်မြင်သည်။ ဤအမြင်မှာ မှန်ကန်သလော။ လူတို့သည် ဘုရားသခင်က ဖော်ပြသော အလွန်များသည့် သမ္မာတရားများကို မြင်ကြပြီးဖြစ်သည်။ မိဘများကို သားသမီးဝတ်ကျေပွန်ရမည်ဟု ဘုရားသခင်က တောင်းဆိုခဲ့သလော။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သူများက နားလည်ရမည်ဖြစ်သော သမ္မာတရားများထဲမှ တစ်ခုဖြစ်သလော။ မဟုတ်ပေ။ ဘုရားသခင်သည် အချို့သော စည်းမျဉ်းများကိုသာ မိတ်သဟာယဖွဲ့ခဲ့သည်။ လူတို့သည် အခြားလူများကို မည်သည့်စည်းမျဉ်းနှင့် ဆက်ဆံရန် ဘုရားနှုတ်ကပတ်တော်များက တောင်းဆိုသနည်း။ ဘုရားသခင်ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ ဤသည်မှာ လူတို့ စောင့်ထိန်းလိုက်နာသင့်သည့် စည်းမျဉ်းဖြစ်၏။ ဘုရားသခင်သည် သမ္မာတရားကို လိုက်စားပြီး သူ၏ အလိုတော်ကို လိုက်လျှောက်နိုင်သောသူများကို ချစ်သည်။ ဤလူတို့သည်လည်း ကျွန်ုပ်တို့ ချစ်သင့်သောလူများဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို မလိုက်လျှောက်နိုင်သောသူ၊ ဘုရားသခင်ကို မုန်းတီးပြီး၊ ပုန်ကန်သောသူ၊ ဤလူတို့သည် ဘုရားသခင်၏ အလွန်မုန်းတီးခြင်းကို ခံရသည်။ ကျွန်ုပ်တို့သည်လည်း ၎င်းတို့ကို အလွန်မုန်းတီးသင့်၏။ ဤသည်မှာ လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာ ဖြစ်သည်။...စာတန်က သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံနိုင်အောင် ဖြစ်သွားစေလျက် သင်၏ အတွေးအခေါ်များ၊ သင်၏ စိတ်နှင့် သင်၏နှလုံးသားတို့ကို ချည်နှောင်ရန် ဤရိုးရာ ထုံးတမ်းဓလေ့မျိုးနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ အယူအဆမျိုးတို့ကို အသုံးပြုသည်။ သင်သည် စာတန်၏ဤအရာများကို စိတ်စွဲနေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်စွမ်းမရှိ ဖြစ်စေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်လက်တွေ့လုပ်ဆောင်လိုသည့်အခါတွင် ဤအရာများက သင့်အတွင်း၌ အနှောင့်အယှက်ဖြစ်စေသည်၊ သင့်ကို သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဆန့်ကျင်စေပြီး သင်သည် ရိုးရာထုံးတမ်းဓလေ့၏ ဖိနှိပ်ချုပ်ချယ်ခြင်းကို ကိုယ်တိုင် ဖယ်ရှားဖို့ငှာ မစွမ်းသာအောင်ဖြစ်စေသည်။ အချိန်အတန်ကြာ ရုန်းကန် ပြီးသည့်နောက်တွင် သင်သည် အလျှော့ပေးမိလေသည်။ လူ့ကျင့်ဝတ်ဆိုင်ရာ အစဉ်အလာ အယူအဆများသည် မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု ယုံကြည်ဖို့ သင်ပိုနှစ်သက်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပစ်ပယ်သည်၊ သို့မဟုတ် စွန့်လွှတ်သည်။ သင်သည် ဤကမ္ဘာလောကတွင် အသက်ရှင် နေထိုင်နေဆဲ ဖြစ်ပြီး ဤအရာများအပေါ် မှီခိုခြင်းအားဖြင့်သာ အသက်ရှင်နိုင်သည်ဟု ခံစားလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်မခံနိုင်သလို ကယ်တင်ခံရခြင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ သင်မတွေးပေ။ လူ့အဖွဲ့အစည်း၏ ပြစ်တင်ရှုတ်ချခြင်းကို သည်းခံနိုင်ခြင်းမရှိဘဲ ကိုယ်ကျင့်တရားဆိုင်ရာ ရိုးရာ အယူအဆများနှင့် စာတန်၏ စွမ်းအားတို့၌ လွင့်မျောလိုက်ပါလျက် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဖို့ ပို၍ နှစ်သက်ရင်း သမ္မာတရားနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို စွန့်လွှတ်ဖို့သာ သင် ရွေးချယ်လိုက်မည်။ လူသည် သနားစဖွယ် မကောင်းသလော၊ ငါ့ကို ပြောလော့။ ၎င်းသည် ဘုရားသခင်၏ကယ်တင်ခြင်းကို မလိုအပ်သလော။ လူအချို့သည် ဘုရားသခင်အား နှစ်များစွာ ယုံကြည်ပြီးဖြစ်သော်လည်း သားသမီးဝတ်နှင့်ပတ်သက်သော အရေးကိစ္စအား သိမြင်ခြင်းမရသေးပေ။ ၎င်းတို့သည် သမ္မာတရားကို အမှန်ပင် နားမလည်ကြပေ။ ၎င်းတို့သည် ဤလောကီ ဆက်ဆံရေးများနှင့်ဆိုင်သည့် အတားအဆီးကို လုံးဝ မချိုးဖောက်နိုင်ပေ။ ၎င်းတို့သည် သန္နိဋ္ဌာန် ရှိဖို့ မဆိုထားနှင့်၊ သတ္တိပင်ဖြစ်စေ၊ ယုံကြည်ခြင်းပင်ဖြစ်စေ မရှိကြသောကြောင့် ဘုရားသခင်ကို မချစ်နိုင်သကဲ့သို့ ကျိုးနွံနာခံနိုင်ခြင်းလည်း မရှိကြချေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ကြည့်တော့၊ ကျွန်မရဲ့ ဆင်းရဲဒုက္ခက ရိုးရာယဉ်ကျေးမှုမှာ အမြစ်တွယ်နေမှန်း သဘောပေါက်မိလိုက်တယ်။ ငယ်ငယ်ကတည်းက ဆရာတွေက မိဘတွေကို သားသမီးဝတ်ကျေပွန်ဖို့၊ ဒါက တရုတ်လူမျိုးတွေရဲ့ ရိုးရာသီလဖြစ်တယ်လို့ သင်ပေးခဲ့ကြသလို၊ ကျွန်မမိဘတွေကလည်း ဒီအယူအဆကို ကျွန်မခေါင်းထဲ ရိုက်သွင်းခဲ့ကြတာလေ။ ကြီးလာရင် လူကြီးသူမတွေနဲ့ မိဘတွေကို သားသမီးဝတ်ကျေပွန်သင့်တယ်ပေါ့။ သူတို့ကိုယ်တိုင်လည်း စံပြအနေနဲ့ လုပ်ပြခဲ့ကြတော့၊ ဒီအယူအဆက ကျွန်မရဲ့ ငယ်ရွယ်တဲ့ စိတ်နှလုံးထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လာဖို့ ဖြစ်စေခဲ့တာပေါ့။ မိဘတွေကို သားသမီးဝတ်ကျေပွန်မှသာ လိမ်မာတဲ့ သားသမီး၊ လူကောင်းတစ်ယောက်လို့ သတ်မှတ်လို့ရနိုင်မယ်၊ ပျက်ကွက်ခဲ့ရင်တော့ သားသမီးဝတ်မကျေတဲ့သူ၊ ကျေးဇူးကန်းတဲ့သူဖြစ်ပြီး၊ အနှိမ်ခံရမယ်၊ အပြစ်တင်ခံရမယ်၊ လူလို့ခေါ်ဖို့ မထိုက်တန်ဘူးလို့ ယုံကြည်လာခဲ့မိတယ်။ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ဖို့ အိမ်ကထွက်လာပြီး မိဘတွေကို မပြုစုနိုင်ခဲ့တော့၊ ကျွန်မက သားသမီးဝတ်မကျေတဲ့ သမီးတစ်ယောက်လို့ ခံစားခဲ့ရတယ်။ အထူးသဖြင့် ကျွန်မ အဖမ်းခံရမှာကို မိဘတွေက စိုးရိမ်နေကြတယ်လို့ ကြားလိုက်ရတဲ့အခါ၊ ကျွန်မ ပိုပြီးတော့တောင် သားသမီးဝတ်မကျေဘူးလို့ ခံစားရတယ်။ သူတို့ကို မပြုစုနိုင်ရုံတင်မကဘဲ၊ ကျွန်မအတွက်ပါ သူတို့ကို စိတ်ပူစေခဲ့တော့ သူတို့ကို အကြွေးတင်နေတယ်လို့ ခံစားရတာပေါ့။ “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏”၊ “အသက်ကြီးလာရင် အားကိုးရဖို့ ကလေးမွေးပါ”၊ ပြီးတော့ “သင်၏မိဘများ အသက်ရှင်နေစဉ် အဝေးသို့ ခရီးမသွားနှင့်” ဆိုတာလိုမျိုး ရိုးရာအယူအဆတွေက ကျွန်မကို ချည်နှောင်ပြီး ဘောင်ခတ်ထားခဲ့တယ်။ မိဘတွေကို ပြုစုစောင့်ရှောက်ဖို့ သူတို့အနားမှာ မရှိနိုင်တာကို ကျွန်မ အမြဲ လိပ်ပြာမလုံဖြစ်ခဲ့ပြီး၊ တာဝန်ထမ်းဆောင်ဖို့ အိမ်ကထွက်လာတာကိုတောင် နောင်တရခဲ့တယ်။ ကျွန်မ အိမ်ကို ပြန်မသွားခဲ့ပေမဲ့ ကျွန်မရဲ့ စိတ်နှလုံးကတော့ ဘုရားသခင်နဲ့ ဝေးကွာနေခဲ့ပြီလေ။ ကိုယ့်တာဝန်တွေမှာ ကျွန်မ ဝတ်ကျေတမ်းကျေ ဖြစ်နေခဲ့ပြီး သစ္စာရှိမှု ကင်းမဲ့နေခဲ့တာပေါ့။ အဲဒီအချိန်ကျမှ၊ စာတန်သွတ်သွင်းပေးထားတဲ့ ရိုးရာအယူအဆတွေက ကျွန်မကို ဘုရားသခင်နဲ့ ဝေးကွာစေပြီး သူ့ကို သစ္စာဖောက်စေခဲ့မှန်း၊ ဘုရားသခင်နဲ့ ဆန့်ကျင်ဘက်မှာ မသိမသာ ရပ်တည်မိစေခဲ့မှန်း ကျွန်မ နောက်ဆုံးမှာ မြင်သွားတယ်။ ကျေးဇူးတော်ခေတ်တုန်းက ပေတရုအကြောင်း ကျွန်မ တွေးမိတယ်။ သူက သခင်ယေရှုနောက်လိုက်ဖို့ မိသားစုနဲ့ မိဘတွေကို စွန့်လွှတ်ခဲ့ပြီး၊ ဧဝံဂေလိတရားကို နေရာအနှံ့လိုက်ဟောရင်း အသင်းတော်ကို ထိန်းကျောင်းခဲ့တယ်လေ။ သခင်ဘုရားရဲ့ ရည်ရွယ်ချက်တွေကို အလေးထားခဲ့ကြတဲ့ အနောက်တိုင်း သာသနာပြုတွေအကြောင်းကိုလည်း ကျွန်မ တွေးမိပါတယ်။ သူတို့က သခင်ရဲ့ ကယ်တင်ခြင်းကို လူများများ လက်ခံလာနိုင်အောင်လို့ သူတို့ရဲ့ မိသားစုတွေ၊ မိဘတွေနဲ့ သားသမီးတွေကို စွန့်လွှတ်ခဲ့ကြတယ်။ သခင်ရဲ့ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ တရုတ်ပြည်ကို မိုင်ထောင်ချီ ခရီးနှင်လာခဲ့ကြပြီး သူတို့ရဲ့ အထူးတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ကြတယ်။ သူတို့ဟာ လူ့သဘာဝနဲ့ အသိစိတ်ရှိတဲ့ ပုဂ္ဂိုလ်တွေပါပဲ။ အခု ကပ်ဘေးတွေ ပိုပြီး ပြင်းထန်လာတာနဲ့အမျှ ဒါဟာ နိုင်ငံတော် ဧဝံဂေလိတရားကို ကြီးကြီးမားမား ပြန့်ပွားရမယ့် အချိန်ရောက်ပါပြီ။ ဧဝံဂေလိတရား ဟောပြောဖို့နဲ့ ဘုရားသခင်အတွက် သက်သေခံဖို့ လူတွေ ပိုများများ ထကြွလာဖို့ လိုအပ်နေတယ်။ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေကို အများကြီး စားသောက်ခဲ့ပြီးပြီ၊ သမ္မာတရားတချို့ကိုလည်း နားလည်ထားပြီးပြီလေ။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ဘုရားသခင်ရဲ့ အလိုတော်ကို အလေးထားပြီး၊ သူ့ရဲ့ ကယ်တင်ခြင်းကို လက်ခံဖို့ လူများများကို သူ့ရှေ့မှောက်ခေါ်ဆောင်လာနိုင်အောင် ဧဝံဂေလိတရား ဟောပြောသင့်ပါတယ်။ ဒါကမှ လူ့သဘာဝရှိတဲ့ လူတစ်ယောက်ဖြစ်တယ်လို့ ဆိုလိုတာပါ။ ဒီအရာတွေကို သဘောပေါက်လိုက်တော့ ကျွန်မ ကိုယ့်တာဝန်တွေအပေါ် စိတ်ဒုံးဒုံးချနိုင်သွားတယ်။

နောက်ပိုင်းမှာ အိမ်ကပေးစာ နောက်တစ်စောင် ရောက်လာတယ်။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှာ ရဲတွေ ကျွန်မကို ဖမ်းဖို့ အိမ်ရောက်လာကြတယ်လို့ စာထဲမှာ ရေးထားတယ်။ ကျွန်မ အိမ်မှာမရှိဘူးလို့ အဖေက ပြောပေမဲ့ သူတို့က မယုံကြဘူး။ ဒါနဲ့ အိမ်က ပစ္စည်းထားတဲ့အခန်းမှာ ခိုးနားထောင်တဲ့စက်ကို တိတ်တဆိတ် တပ်ဆင်သွားကြတယ်တဲ့။ တစ်နေ့ နေ့လယ်ခင်းမှာ ရဲစခန်းက လူလေးယောက် ရောက်လာတယ်။ သူတို့က ကျွန်မကို ဖမ်းဖို့ သေနတ်တွေနဲ့ အိမ်ထဲကို ရောက်လာခဲ့ကြတယ်၊ ကျွန်မမိဘတွေကို အိမ်ပြင်ထုတ်ပြီး ဆယ်မိနစ်ထက်မက အိမ်ထဲမှာ ရှာဖွေခဲ့ကြပါတယ်။ ပြီးတော့ ကျွန်မ ဘယ်မှာရှိလဲမေးဖို့ ဆွေမျိုးတွေကိုပါ ရဲတွေက ဖုန်းလိုက်ဆက်ကြသတဲ့။ ဒီစာက ကျွန်မကို တကယ် စိတ်ထိခိုက်စေပြီး မငိုဘဲ မနေနိုင်ခဲ့ဘူး။ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မ အိမ်နဲ့ဝေးတဲ့နေရာမှာ တာဝန်ထမ်းဆောင်နေတုန်း မိဘတွေက ကျွန်မ အဖမ်းခံရမှာကို ဘယ်လောက် စိုးရိမ်နေကြမလဲဆိုတာ တွေးမိတယ်။ ပြီးတော့ ကျွန်မကို ဖမ်းဖို့ ရဲတွေက အိမ်မှာ ခိုးနားထောင်တဲ့စက်တောင် တပ်သွားခဲ့တာဆိုတော့၊ မိဘတွေရဲ့ လက်ကျန်ဘဝလေးက ရဲတွေရဲ့ စောင့်ကြည့်မှုအောက်မှာပဲ ကုန်ဆုံးရတော့မှာပေါ့။ မိဘတွေ ဒီဒုက္ခတွေကို ခံစားနေရတာ အားလုံး ကျွန်မကြောင့်ပဲ။ ကျွန်မ တကယ် စိတ်ဒုက္ခရောက်ပြီး ကိုယ့်တာဝန်တွေ ထမ်းဆောင်နေရင်းနဲ့တောင် စိတ်နှလုံးကို တည်ငြိမ်အောင် မထားနိုင်ခဲ့ဘူး။ နောက်ပိုင်းမှာ ကိုယ့်အခြေအနေ မမှန်မှန်း သဘောပေါက်လိုက်ပြီး၊ ကျွန်မ သတိရှိရှိ ဆုတောင်းပြီး ရှာဖွေခဲ့တယ်။ အရင်က ဖတ်ဖူးတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ပြန်သတိရပြီး ဖတ်ဖို့ အမြန်ရှာလိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအချို့သည် ဘုရားသခင်ကို ယုံကြည်ကာ မိမိတို့ တာဝန်များကို ထမ်းဆောင်ကြသောကြောင့် မိမိတို့၏ မိသားစုများကို စွန့်လွှတ်ကြသည်။ ဤအရာကြောင့် ၎င်းတို့ လူသိများလာကြပြီး အစိုးရက ၎င်းတို့၏ အိမ်ကို မကြာခဏ ရှာဖွေကြသည်၊ ၎င်းတို့၏ မိဘများကို အနှောင့်အယှက်ပေးကြပြီး ၎င်းတို့ကို လွှဲအပ်ရန် ၎င်းတို့၏ မိဘများကိုပင် ခြိမ်းခြောက်ကြလေသည်။ ၎င်းတို့၏ အိမ်နီးချင်းများအားလုံးက ‘ဤလူတွင် အသိစိတ် မရှိပါ။ သူသည် မိမိ၏ သက်ကြီးရွယ်အို မိဘများကို ဂရုမစိုက်ပါ။ သူသည် သားသမီးဝတ်မကျေပွန်ရုံမက မိမိ၏ မိဘများအတွက် ဒုက္ခများစွာလည်း ဖြစ်စေသည်။ သူသည် သားသမီးဝတ် မကျေပွန်သော သားသမီးတစ်ဦး ဖြစ်သည်’ဟု ဆိုလျက် ၎င်းတို့နှင့်ပတ်သက်၍ ပြောဆိုကြလေသည်။ ဤစကားများထဲမှ တစ်ခုတလေသည် သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) သို့ရာတွင် ဘာသာတရားမရှိသူများ၏ အမြင်တွင် ဤစကားများအားလုံးကို မှန်ကန်သည်ဟု ယူဆထားကြသည် မဟုတ်လော။ ဘာသာတရားမရှိသူများကြားတွင် ဤသည်မှာ သဘာဝအကျဆုံးနှင့် ယုတ္တိအတန်ဆုံး ရှုမြင်ပုံရှုမြင်နည်း ဖြစ်ကာ ယင်းသည် လူ့ကျင့်ဝတ်များနှင့် ကိုက်ညီသကဲ့သို့ လူသား အပြုအမူ၏ စံနှုန်းများနှင့်အညီဖြစ်သည်ဟု တွေးထင်ကြလေသည်။ ဤစံနှုန်းများတွင် မိဘများကို သားသမီးဝတ်နှင့်ညီသော ရိုသေလေးစားမှု မည်သို့ပြရမည်၊ ၎င်းတို့၏ အိုမင်းသော အရွယ်တွင် ၎င်းတို့ကို မည်သို့ စောင့်ရှောက်ကာ ၎င်းတို့၏ အသုဘကိစ္စများအား စီစဉ်ပေးရမည် သို့မဟုတ် ၎င်းတို့ကို မည်မျှ ပြန်ကျေးဇူးဆပ်ရမည်ဆိုသည်နှင့်၊ ဤစံနှုန်းများက သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်တို့ကဲ့သို့သော အကြောင်းအရာ မည်မျှ ပါဝင်သည်ဖြစ်စေ ဘာသာတရားမရှိသူများ၏ အမြင်တွင် ထိုအရာများသည် အပြုသဘောဆောင်သော အရာများဖြစ်သည်၊ အပြုသဘောဆောင်သော စွမ်းအင်ဖြစ်သည်၊ ထိုအရာများက မှန်ကန်ပြီး လူအုပ်စုအားလုံးအတွင်းတွင် အပြစ်ကင်းသော အရာအဖြစ် ယူဆထားကြလေသည်။ ဘာသာတရားမရှိသူများကြားတွင် ဤသည်တို့မှာ လူတို့ အသက်ရှင်ရမည့် စံနှုန်းများဖြစ်ပြီး သင့်အနေဖြင့် ၎င်းတို့၏ စိတ်နှလုံးများတွင် လုံလုံလောက်လောက် ကောင်းမွန်ရန် ဤအရာများကို လုပ်ဆောင်ရမည်ဖြစ်သည်။ ဘုရားသခင်ကို သင် ယုံကြည်ကာ သမ္မာတရားကို နားမလည်မီတွင် ထိုသို့သော အပြုအမူသည် လူကောင်းတစ်ဦးဖြစ်ခြင်းဖြစ်သည်ကို သင်လည်း ခိုင်ခိုင်မာမာ ယုံကြည်ခဲ့သည် မဟုတ်လော။ (ယုံကြည်ခဲ့ပါသည်။) ထို့အပြင် သင်သည် မိမိကိုယ်ကို ဆန်းစစ်ရန် နှင့် မိမိကိုယ်ကို ချုပ်တည်းရန် ဤအရာများကို အသုံးပြုခဲ့ပြီး ဤလူစားမျိုးဖြစ်ရန် သင့်ကိုယ်သင် တောင်းဆိုခဲ့သည်။ သင့်အနေဖြင့် လူကောင်းတစ်ဦးဖြစ်လိုလျှင် သင်၏ အပြုအမူ စံနှုန်းများဖြစ်သည့် သင်၏ မိဘများကို မည်သို့ သားသမီးဝတ်ကျေပွန်ရမည်၊ ၎င်းတို့ကို သင် မည်သို့ စိုးရိမ်မှုလျော့နည်းစေရမည်၊ ၎င်းတို့ထံ မည်သို့ ဂုဏ်ဆောင်ပေးပြီး လေးစားခံရအောင် လုပ်ပေးမည်ဆိုသည်နှင့် သင်၏ ဘိုးဘေးများအတွက် မည်သို့ဂုဏ်ဆောင်ပေးရမည်ဆိုသည့် ဤအရာများကို သင် မုချ ပါဝင်စေရမည်ဖြစ်သည်။ ဤသည်တို့မှာ သင်၏ စိတ်နှလုံးတွင် ရှိခဲ့သည့် အပြုအမူ စံနှုန်းများဖြစ်ပြီး သင့် အပြုအမူ၏ ဦးတည်ချက် ဖြစ်ခဲ့သည်။ သို့ရာတွင် ဘုရားနှုတ်ကပတ်တော်များနှင့် သူ၏ တရားဒေသနာများကို သင် နားထောင်ပြီးသည့်နောက်တွင် သင်၏ ရှုထောင့် စတင်ပြောင်းလဲခဲ့ပြီး ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ရန် အရာရာကို သင် စွန့်လွှတ်ရမည်ဆိုသည်နှင့် ဘုရားသခင်က လူတို့ကို ဤသို့ပြုမူနေထိုင်ရန် တောင်းဆိုသည်ဆိုသည်တို့ကို သင် နားလည်ခဲ့ပေသည်။ အဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းက သမ္မာတရားဖြစ်သည်ကို သင် မသေချာမီတွင် သင်၏ မိဘများကို သင် သားသမီးဝတ် ကျေပွန်သင့်သည်ဟု သင် တွေးထင်ခဲ့သော်လည်း အဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို သင် ထမ်းဆောင်သင့်သည်ကိုလည်း ခံစားခဲ့ရပြီး စိတ်ထဲတွင် ဒွိဟဖြစ်ခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များ၏ အဆက်မပြတ် ရေလောင်းပေးခြင်းနှင့် ထိန်းကျောင်းပေးခြင်းမှတစ်ဆင့် သင်သည် သမ္မာတရားကို တဖြည်းဖြည်း နားလည်လာခဲ့ပြီး ထိုအချိန်တွင် အဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် လုံးဝ သဘာဝကျပြီး တရားသည်ဟု သင် သဘောပေါက်ခဲ့ပေသည်။ ယနေ့ထက်ထိတိုင် လူများစွာတို့သည် သမ္မာတရားကို လက်ခံနိုင်ကြပြီးဖြစ်ကာ လူ၏ ရိုးရာ အယူအဆများနှင့် စိတ်ကူးများမှ အပြုအမူစံနှုန်းများကို လုံးဝ စွန့်ပစ်နိုင်ကြပြီးဖြစ်သည်။ ဤအရာများကို သင် လုံးဝ လက်လွှတ်လိုက်သည့်အခါ ဘုရားသခင်နောက်လိုက်ပြီး အဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ချိန်တွင် ဘာသာတရားမရှိသူများထံမှ ဝေဖန်မှုနှင့် ရှုတ်ချမှု စကားများ၏ ဘောင်ခတ်ခြင်းကို သင် မခံရတော့သကဲ့သို့ ယင်းတို့ကို သင် အလွယ်တကူ စွန့်ပယ်နိုင်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားလက်တွေ့ကျမှု ဆိုသည်မှာ အဘယ်နည်း။) စာတန်သွတ်သွင်းပေးထားတဲ့ ရိုးရာယဉ်ကျေးမှု တန်ဖိုးတွေအတိုင်း ကျွန်မ ပြန်ပြီး အသက်ရှင်နေမိတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်အလင်းပေးမှုနဲ့ လမ်းပြမှုက ကျွန်မကို သဘောပေါက်စေခဲ့တယ်၊ ဒီနှစ်တွေတစ်လျှောက်လုံး မိဘတွေကို ကျွန်မ မပြုစုနိုင်ခဲ့တာ၊ ကျွန်မကြောင့် ရဲတွေ အိမ်လာဖမ်းကြတာ၊ မိဘတွေက အိမ်နီးနားချင်းတွေရဲ့ ကဲ့ရဲ့လှောင်ပြောင်မှုကို ခံရရုံတင်မကဘဲ၊ ကျွန်မ လုံခြုံရေးအတွက် စိတ်ပူနေရတဲ့အပြင် ရဲတွေရဲ့ ရေရှည် နှောင့်ယှက်မှုကိုပါ ခံနေရတာတွေကို ကျွန်မ တွေးမိတယ်။ အဲဒါကြောင့် မိဘတွေ ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေအားလုံးက ကျွန်မကြောင့်ဖြစ်ပြီး၊ ကျွန်မသာမရှိရင် မိဘတွေ ဒီဒုက္ခတွေကို ခံစားရမှာ မဟုတ်ဘူးလို့ ခံစားမိတယ်။ ဒါက ကျွန်မကို သားသမီးဝတ်မကျေတဲ့ ကလေးတစ်ယောက်လို ခံစားရစေတာပေါ့။ ကျွန်မရဲ့ အမြင်က ဘာသာတရား မရှိသူတွေရဲ့အမြင်နဲ့ အတူတူပဲဖြစ်နေခဲ့ပြီး သမ္မာတရားနဲ့ မကိုက်ညီခဲ့ပါဘူး။ ဘုရားသခင်ကို ကျွန်မယုံကြည်တာက ကိုယ်တော့်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်တာနဲ့ သမ္မာတရားကို လိုက်စားတာပဲ ပါဝင်ပါတယ်၊ ဘယ်လို ပြစ်မှုမျိုးမှ ကျူးလွန်ခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ စီစီပီ ရဲတွေက သေနတ်တွေနဲ့ အိမ်ကို အုံနဲ့ကျင်းနဲ့ ရောက်လာပြီး ကျွန်မကို ဖမ်းဖို့လုပ်တယ်၊ မိဘတွေကို ခြိမ်းခြောက်ပြီး ကျွန်မ ဘယ်မှာရှိလဲဆိုတာ မေးမြန်းကြတယ်။ ကျွန်မမိဘတွေကို ဒီဆင်းရဲဒုက္ခတွေအားလုံး ခံစားရစေတဲ့ တကယ့် တရားခံက ရှင်းရှင်းလင်းလင်းကို အဆင်းနီတဲ့ နဂါးကြီး ပါပဲ။ ဒါပေမဲ့ အဆင်းနီတဲ့ နဂါးကြီးကို မုန်းရမဲ့အစား၊ ကျွန်မရဲ့ ယုံကြည်ခြင်းက မိဘတွေကို ဒုက္ခပေးမိတယ်လို့ ကျွန်မ မှားယွင်းပြီး ယုံကြည်နေခဲ့တယ်။ အမှားနဲ့အမှန်ကို ကျွန်မ မခွဲခြားနိုင်ခဲ့တာ မဟုတ်ဘူးလား။ မိဘတွေ ခါးစည်းခံနေရတဲ့ ဒုက္ခတွေအားလုံးအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို့ မရနိုင်သလို၊ သူတို့ကို အကြွေးတင်နေတယ်ဆိုတဲ့ ခံစားချက်မျိုးနဲ့ အမြဲ အသက်မရှင်သင့်ပါဘူး။ ဒီအချိန်မှာ ကျွန်မက ကိုယ့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းပြီး၊ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်မယ်၊ စာတန်ကို အရှက်ခွဲရမယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပိုဖတ်ဖြစ်ခဲ့တယ်။ “အရာရာက ဘုရားလက်ထဲတွင်ရှိသည်ဟု သင် အမှန်တကယ် ယုံကြည်လျှင် သင့်မိဘများ၏ ဘဝများတစ်လျှောက်လုံး အခက်အခဲမည်မျှ ၎င်းတို့ ခံစားရပြီး ပျော်ရွှင်မှုမည်မျှ ၎င်းတို့ မွေ့လျော်ခံစားရသည်ဟူသော ကိစ္စသည်လည်း ဘုရားလက်ထဲတွင် ရှိသည်ဟု သင် ယုံကြည်သင့်ပေသည်။ သင်က သားသမီးဝတ်ကျေပွန်ခြင်း ရှိမရှိဆိုသည်က မည်သည့်အရာကိုမျှ ပြောင်းလဲစေလိမ့်မည် မဟုတ်။ သင်သားသမီးဝတ်ကျေပွန်သောကြောင့် သင်၏ မိဘများက ဆင်းရဲဒုက္ခခံရခြင်း လျော့နည်းသွားလိမ့်မည် မဟုတ်သကဲ့သို့ သင် သားသမီးဝတ်မကျေပွန်သောကြောင့် ၎င်းတို့က သာ၍ ဆင်းရဲဒုက္ခ ခံစားရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့၏ ကံကြမ္မာများကို အချိန်ကြာမြင့်စွာကပင် စီမံခဲ့ကာ ၎င်းတို့အပေါ် သင်၏ သဘောထား သို့မဟုတ် သင်တို့ကြားက ခံစားချက် အတိမ်အနက်ကြောင့် ဤအရာတစ်ခုမျှ ပြောင်းလဲသွားလိမ့်မည် မဟုတ်။ ၎င်းတို့တွင် ကိုယ့်ကံကြမ္မာနှင့်ကိုယ် ရှိကြသည်။ ၎င်းတို့၏ ဘဝတစ်ခုလုံးတွင် ၎င်းတို့ ဆင်းရဲကြသည်ဖြစ်စေ၊ ချမ်းသာကြွယ်ဝကြသည်ဖြစ်စေ၊ ၎င်းတို့အတွက် အမှုအရာများက အဆင်ပြေချောမွေ့သည်ဖြစ်စေ၊ မချောမွေ့သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် ဘဝအဆင့်အတန်း၊ ရုပ်ဝတ္ထု အကျိုးအမြတ်များ၊ လူမှု အဆင့်အတန်းနှင့် အသက်ရှင်နေထိုင်မှု အခြေအနေများကို ၎င်းတို့ မွေ့လျော်ခံစားကြသည်ဖြစ်စေ ဤအရာတစ်ခုမျှသည် သင်နှင့် ထိုမျှပတ်သက်မှု မရှိပေ။ ၎င်းတို့အပေါ် သင် အပြစ်ရှိသည့်စိတ် ခံစားရလျှင်၊ ၎င်းတို့ကို သင် တစ်စုံတစ်ရာ အကြွေးတင်သည်ဟုလည်းကောင်း၊ သင်သည် သူတို့၏ အနားတွင် ရှိသင့်သည်ဟုလည်းကောင်း ခံစားရလျှင် သင်က ၎င်းတို့ အနားတွင်ရှိခဲ့မည်ဆိုလျှင်ပင် မည်သည့်အရာ ပြောင်းလဲသွားမည်နည်း။ (မည်သည့်အရာမျှ ပြောင်းလဲမည် မဟုတ်ပါ။)...လူအများစုသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် နေအိမ်မှ စွန့်ခွာဖို့ ရွေးချယ်ကြသည်။ ယင်းမှာ ဆက်စပ်လွှမ်းခြုံမှုရှိသော အပြင်ပန်း အခြေအနေများကြောင့် တစ်စိတ်တစ်ဒေသဖြစ်ပြီး ထိုအခြေအနေများကြောင့် ၎င်းတို့၏ မိဘများကို စွန့်ခွာရန် လိုအပ်လာခြင်း ဖြစ်၏။ ထိုသူတို့သည် မိမိတို့၏ မိဘများကို စောင့်ရှောက်ပြီး အဖော်ပြုပေးရန် ၎င်းတို့ဘေးတွင် မနေနိုင်ကြပေ။ ထိုသူတို့အနေဖြင့် မိမိတို့ မိဘများကို စွန့်ခွာရန် လိုလိုလားလား ရွေးချယ်ကြခြင်း မဟုတ်ပေ။ ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်ဖြစ်သည်။ နောက်တစ်ချက်အနေဖြင့် မိမိ၏ ဆန္ဒအလျောက် ပြောရလျှင် သင်သည် မိမိ၏ မိဘများအပေါ် မိမိ၏ ဝတ္တရားကို ရှောင်ရှားရန်အတွက် သင်၏ တာဝန်များကို သွားရောက် ထမ်းဆောင်ခြင်းမဟုတ်ဘဲ ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကြောင့် သင်၏ တာဝန်များကို ထမ်းဆောင်ရန် ထွက်သွားခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ရန်အလို့ငှာ သူ၏ ခေါ်ဆောင်ခြင်းကို လက်ခံရန် အဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ရန်အလို့ငှာ သင်၏ မိဘများကို စွန့်ခွာရန်မှလွဲ၍ သင်၌ ရွေးချယ်စရာ မရှိခဲ့ပေ။ ၎င်းတို့ကို အဖော်ပြုပေးပြီး စောင့်ရှောက်ရန် ၎င်းတို့ နံဘေးတွင် သင် မနေနိုင်ပေ။ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို သင် စွန့်ခွာခဲ့ခြင်း မဟုတ်၊ မှန်သလော။ သင်၏ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို စွန့်ခွာခြင်းနှင့် ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကို ပြန်ကြားကာ သင်၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့ကို စွန့်ခွာရခြင်းဟူသည့် ဤအရာများသည် မတူကွဲပြားသည့် သဘာဝနှစ်ခုနှင့် သက်ဆိုင်သည် မဟုတ်လော။ (သက်ဆိုင်ပါသည်။) သင်၏ စိတ်နှလုံးတွင် သင့်မိဘများအတွက် စိတ်ခံစားမှုဆိုင်ရာ သံယောဇဉ်နှင့် လွမ်းဆွတ်သတိရခြင်းများ ရှိသည်မှာ အမှန်ဖြစ်သည်။ သင်၏ ခံစားချက်များက ဗလာ မရှိပေ။ ပြင်ပ အခြေအနေများက အခွင့်ပေးပြီး သင်၏ တာဝန်များကို ထမ်းဆောင်ရင်း ၎င်းတို့ နံဘေးတွင် သင် နေနိုင်လျှင်၊ သင်သည် ၎င်းတို့ကို ပုံမှန် စောင့်ရှောက်ကာ သင်၏ ဝတ္တရားများကို ဖြည့်ဆည်းရင်း ၎င်းတို့ နံဘေးတွင်နေရန် လိုလားနေပေမည်။ သို့ရာတွင် ပြင်ပ အခြေအနေများကြောင့် ၎င်းတို့ကို သင် စွန့်ခွာရမည်ဖြစ်သည်။ ၎င်းတို့နံဘေးတွင် သင် ရှိမနေနိုင်ပေ။ ၎င်းတို့၏ သားသမီးအနေဖြင့် သင်၏ ဝတ္တရားများကို သင် မဖြည့်ဆည်းချင်သောကြောင့် မဟုတ်ဘဲ မဖြည့်ဆည်းနိုင်သောကြောင့် ဖြစ်သည်။ ဤအရာသည် သဘာဝအားဖြင့် ကွဲပြားသည် မဟုတ်လော။ (ကွဲပြားပါသည်။) သားသမီးဝတ် ကျေပွန်ခြင်းနှင့် သင်၏ ဝတ္တရားများကို ဖြည့်ဆည်းခြင်းအား ရှောင်ရှားရန် သင် အိမ်ကို စွန့်ခွာခဲ့လျှင် ယင်းမှာ သားသမီးဝတ် မကျေပွန်ခြင်းနှင့် လူ့သဘာဝ ကင်းမဲ့ခြင်း ဖြစ်သည်။ သင်၏ မိဘများက သင့်ကို ပြုစုပျိုးထောင်ခဲ့သော်လည်း သင်သည် ဘဝတွင် အခြေချရန်နှင့် သင့်ဘာသာ အလျင်အမြန် ထွက်သွားရန် မစောင့်နိုင်ပေ။ သင်၏ မိဘများကို သင် မမြင်လိုသကဲ့သို့ ၎င်းတို့ ကြုံရသည့် အခက်အခဲတစ်ခုခုနှင့်ပတ်သက်၍ ကြားသည့်အခါ သင်သည် အရေးစိုက်မှု တစ်စက်မျှ မရှိပေ။ ကူညီရန် နည်းလမ်း သင့်တွင် ရှိလျှင်ပင် သင် မကူညီ။ မကြားသလိုသာ ဟန်ဆောင်ပြီး အခြားသူများအား သင့်အကြောင်း ပြောလိုသည့် မည်သည့်အရာကိုမဆို ပြောခွင့်ပေးလိုက်သည်။ သင်၏ ဝတ္တရားများကို သင် တကယ်ကို မဖြည့်ဆည်းလိုပေ။ ဤသည်မှာ သားသမီးဝတ်မကျေပွန်ခြင်း ဖြစ်၏။ သို့ရာတွင် ယခု ဤသို့ ဖြစ်သလော။ (မဟုတ်ပါ။) များစွာသော လူတို့သည် ၎င်းတို့ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ခရိုင်များ၊ မြို့များ၊ ပြည်နယ်များ၊ သို့မဟုတ် ၎င်းတို့၏ နိုင်ငံများကိုပင် စွန့်ခွာကြပြီးဖြစ်သည်။ ၎င်းတို့သည် မိမိတို့ ဇာတိမြို့များမှ အလှမ်းဝေးနှင့်ကြပေသည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့၏ မိသားစုများနှင့် ဆက်သွယ်နေရန် ၎င်းတို့အတွက် အဆင်မပြေပေ။ ၎င်းတို့သည် ဇာတိမြို့တစ်မြို့တည်းမှလာသည့် လူများထံမှ မိမိတို့ မိဘများ၏ လက်ရှိ အခြေအနေအကြောင်းကို ရံဖန်ရံခါ မေးမြန်းကြပြီး ၎င်းတို့၏ မိဘများက ကျန်းမာကာ အဆင်ပြေနေဖြစ်ကြောင်းကို ကြားသည့်အခါ စိတ်သက်သာရာရကြသည်။ အမှန်တွင် သင်သည် သားသမီးဝတ် မကျေပွန်ခြင်း မဟုတ်။ သင်သည် သင်၏ မိဘများကို ပြုစုစောင့်ရှောက်ရန် သို့မဟုတ် ၎င်းတို့အပေါ် သင်၏ တာဝန်များကို ဖြည့်ဆည်းရန်ပင် အလိုမရှိသည့် လူ့သဘာဝကင်းမဲ့သောအဆင့်သို့ ရောက်ရှိသွားခြင်းမျိုး မဟုတ်ပေ။ သင်သည် သင်၏ ဝတ္တရားကို မဖြည့်ဆည်းနိုင်သည့် သင် အမျိုးမျိုးသော ပြင်ပအကြောင်းရင်းများကြောင့် ဖြစ်သည့်အတွက် သင်သည် သားသမီးဝတ် မကျေပွန်ခြင်း မဟုတ်ပေ။ ဤသည်တို့မှာ အကြောင်းရင်းနှစ်ခု ဖြစ်သည်။ နောက်ထပ်အကြောင်းရင်းတစ်ခုလည်း ရှိသေး၏။ သင်၏ မိဘများသည် သင့်ကို အထူးသဖြင့် နှိပ်စက်သည့် သို့မဟုတ် ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ပိတ်ဆို့တားဆီးသည့် လူစားမျိုးများ မဟုတ်လျှင်၊ ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ၎င်းတို့ အားပေးလျှင်၊ သို့မဟုတ် ၎င်းတို့သည် သင်ကဲ့သို့ ဘုရားသခင်ကို ယုံကြည်သည့် ညီအစ်ကို မောင်နှမများဖြစ်လျှင်၊ ၎င်းတို့ကိုယ်တိုင်က ဘုရားအိမ်တော်သားများဖြစ်လျှင် သင်၏ မိဘများအကြောင်းကို စဉ်းစားနေချိန် သင်တို့ထဲမှ မည်သူသည် စိတ်ထဲ၌ ဘုရားသခင်ထံ တိတ်တဆိတ် ဆုမတောင်းဘဲနေသနည်း။ သင်တို့ထဲမှ မည်သူသည် သင့်မိဘများ၏ ကျန်းမာရေး၊ ဘေးကင်းလုံခြုံမှုနှင့် ၎င်းတို့၏ ဘဝလိုအပ်ချက်များအားလုံးနှင့်အတူ ၎င်းတို့ကို ဘုရားလက်ထဲသို့ အပ်နှံခြင်း မရှိသနည်း။ သင်၏ မိဘများကို ဘုရားလက်ထဲသို့ အပ်နှံခြင်းသည် ၎င်းတို့ကို သားသမီးဝတ်ဆိုင်ရာ လေးစားမှုပြသရန် အကောင်းဆုံး နည်းလမ်းဖြစ်၏။ ၎င်းတို့အနေဖြင့် ၎င်းတို့၏ ဘဝများတွင် အခက်အခဲမျိုးစုံကို ရင်ဆိုင်ရဖို့ သင် မမျှော်လင့်သကဲ့သို့ ၎င်းတို့အနေဖြင့် မကောင်းသည့် ဘဝတစ်ခုကို နေထိုင်ရန်၊ နွမ်းပါးစွာ စားရန် သို့မဟုတ် ညံ့ဖျင်းသည့် ကျန်းမာရေးကို ခံစားရန် သင် မမျှော်လင့်ပေ။ သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်က ၎င်းတို့ကို ကွယ်ကာပြီး ဘေးကင်းလုံခြုံအောင် ထားလိမ့်မည်ဟု သင် မျှော်လင့်ပေသည်။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်သူများဖြစ်လျှင် ၎င်းတို့၏ ကိုယ်ပိုင် တာဝန်များကို ထမ်းဆောင်နိုင်မည်ဟု သင် မျှော်လင့်ပြီး ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်မည်ဟုလည်း သင် မျှော်လင့်ပေသည်။ ဤသည်မှာ မိမိ၏ လူ့တာဝန်များကို ဖြည့်ဆည်းခြင်း ဖြစ်သည်။ လူတို့သည် မိမိတို့ကိုယ်ပိုင် လူ့သဘာဝဖြင့်သာ ဤမျှ စွမ်းဆောင်ရရှိနိုင်ပေသည်။ ထို့အပြင် အရေးအကြီးဆုံးသောအရာမှာ ဘုရားသခင်ကို နှစ်ချီယုံကြည်ပြီး အလွန်များသည့် သမ္မာတရားများကို နားထောင်ပြီးသည့်နောက်တွင် အနည်းဆုံးအနေဖြင့် လူတို့သည် ဤသို့သိနားလည်မှုနှင့် သဘောပေါက်မှု အနည်းငယ်မျှ ရှိကြလေသည်။ လူ၏ ကံကြမ္မာကို ကောင်းကင်ဘုံက သတ်မှတ်သည်၊ လူသည် ဘုရားသခင်၏ လက်တွင် အသက်ရှင်ပြီး ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကွယ်ကာခြင်းတို့ ရခြင်းသည် အကြင်သူ၏ သားသမီးများ၏ ပူပန်မှုများ၊ သားသမီးဝတ်ကျေပွန်ခြင်း သို့မဟုတ် အဖော်ပြုခြင်းတို့ထက် များစွာ သာ၍ အရေးကြီးပေသည်။ သင်၏ မိဘများက ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကွယ်ကာမှုအောက်တွင်ရှိသည်မှာ သင် စိတ်သက်သာရာမရသလော။ ၎င်းတို့နှင့် ပတ်သက်၍ သင် စိုးရိမ်ရန် မလိုအပ်ပေ။ သင် အမှန်တကယ် စိုးရိမ်မိလျှင် ဘုရားသခင်ကို သင် ယုံကြည်ကိုးစားခြင်းမရှိဟု ဆိုလိုပေသည်။ သူ့အပေါ် သင်၏ ယုံကြည်ခြင်းက အလွန်သေးငယ်သည်။ သင်သည် သင်၏ မိဘများနှင့်ပတ်သက်၍ ရိုးသားစစ်မှန်စွာ စိုးရိမ်ပြီး ပူပန်လျှင် မကြာခဏ ဘုရားသခင်ထံ ဆုတောင်းပြီး ၎င်းတို့ကို ဘုရားလက်တော်ထံအပ်နှံကာ ဘုရားသခင်အား အရာရာကို စီစဉ်ညွှန်ကြားစေပြီး ကြိုတင်စီစဉ်ခွင့်ပေးသင့်ပေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် အုပ်စိုးပြီး ၎င်းတို့၏ နေ့ရက်စဉ်တိုင်းနှင့် ၎င်းတို့ထံ ဖြစ်ပျက်သည့်အရာရာတိုင်းကို အုပ်စိုးသောကြောင့် မည်သည့်အရာနှင့်ပတ်သက်၍ သင် စိုးရိမ်နေသေးသနည်း။ သင်၏ ကိုယ်ပိုင်ဘဝကိုပင် သင် မထိန်းချုပ်နိုင်က၊ သင်ကိုယ်တိုင်၌ အခက်အခဲအမြောက်အမြား ရှိ၏။ သင်၏ မိဘများအား နေ့စဉ် ပျော်ရွှင်စွာ အသက်ရှင်ခွင့်ပေးရန် မည်သည့်အရာကို သင် လုပ်ဆောင်နိုင်မည်နည်း။ သင် လုပ်နိုင်သမျှမှာ အရာရာကို ဘုရားလက်ထဲ အပ်နှံရန် ဖြစ်သည်။ ၎င်းတို့က ယုံကြည်သူများဖြစ်လျှင် နောက်ဆုံးတွင် ကယ်တင်ခံရနိုင်ရန်အလို့ငှာ ၎င်းတို့ကို မှန်ကန်သည့် လမ်းကြောင်းပေါ် ဦးဆောင်ရန် ဘုရားသခင်ကို တောင်းလျှောက်လော့။ ယုံကြည်သူများမဟုတ်လျှင် ၎င်းတို့ လျှောက်လိုသည့် မည်သည့်လမ်းကြောင်းကိုမဆို လျှောက်ကြပါစေ။ သာ၍ ကြင်နာတတ်ပြီး လူ့သဘာဝအချို့ရှိသည့် မိဘများအတွက်မူ ၎င်းတို့၏ ကျန်ရှိသည့် နှစ်ကာလများကို ပျော်ရွှင်မှုဖြင့် ကုန်ဆုံးနိုင်ရန်အလို့ငှာ ၎င်းတို့ကို ကောင်းချီးပေးဖို့ ဘုရားသခင်ထံ သင် ဆုတောင်းနိုင်သည်။ ဘုရားသခင် အမှုပြုပုံနှင့် ပတ်သက်၍မူ သူ့တွင် သူ၏ အစီအစဉ်များရှိပြီး လူတို့က ယင်းတို့ကို ကျိုးနွံနာခံသင့်ကြပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ကျွန်မ စိတ်တော်တော်လေး ရှင်းလင်းသွားတယ်။ မိဘတွေကို ပြုစုဖို့ သူတို့နားမှာ မရှိနိုင်တာက ကျွန်မမှာ အသိစိတ်နဲ့ လူ့သဘာဝ ကင်းမဲ့တယ်လို့ အမြဲ ခံစားခဲ့ရပေမဲ့၊ တကယ် သားသမီးဝတ်မကျေဘူးဆိုတာ ဘာလဲဆိုတာကိုတော့ ကျွန်မ တကယ် နားမလည်ခဲ့ဘူး။ ဥပမာ၊ တချို့လူတွေက မိဘတွေနဲ့ အတူနေတယ်၊ ဒါမှမဟုတ် အရမ်း နီးနီးကပ်ကပ် နေကြတယ်၊ မိဘတွေကို ပြုစုဖို့ အခွင့်အရေးရှိပေမဲ့၊ ကိုယ့်အကျိုးစီးပွားအတွက်၊ ဒါမှမဟုတ် ဇာတိပကတိ စံစားဖို့အတွက် သားသမီးတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကို လစ်လျူရှုကြတယ်၊ မိဘတွေ အသက်ကြီးလာတဲ့အခါ၊ ဒါမှမဟုတ် နေမကောင်းဖြစ်တဲ့အခါ မသိချင်ယောင်ဆောင်ကြတယ်။ အဲဒီလိုလူတွေကမှ တကယ် သားသမီးဝတ်မကျေတာ၊ လူ့သဘာဝ ကင်းမဲ့တာပါ။ အရင်တုန်းက ကျွန်မ အိမ်မှာရှိတုန်းက၊ တာဝန်ထမ်းဆောင်ရင်း တစ်ဖက်ကလည်း မိဘတွေကို ပြုစုနိုင်ခဲ့တယ်၊ အိမ်အလုပ်တွေကိုလည်း အတတ်နိုင်ဆုံး ကူညီပေးခဲ့တယ်။ အခု ကျွန်မ မိဘတွေကို မပြုစုနိုင်ရတဲ့ အကြောင်းရင်းက ကျွန်မမှာ အသိစိတ်ပျောက်သွားလို့၊ ဒါမှမဟုတ် လူ့သဘာဝ ကင်းမဲ့သွားလို့ မဟုတ်ပါဘူး၊ သားသမီးတစ်ယောက်ရဲ့ တာဝန်ကို ရှောင်လွှဲနေတာလည်း မဟုတ်ပါဘူး။ တကယ်တော့ တစ်ဖက်မှာ အဆင်းနီတဲ့ နဂါးကြီးရဲ့ လိုက်လံဖမ်းဆီးတာ ခံနေရလို့ အိမ်မပြန်ရဲတာဖြစ်ပြီး၊ နောက်တစ်ဖက်မှာကျတော့ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်သင့်လို့ပါ၊ ဒါက ကျွန်မရဲ့ အထူးတာဝန်ဖြစ်တယ်။ မိဘတွေကို ပြုစုဖို့ ကိုယ့်တာဝန်ကို ကျွန်မ စွန့်လွှတ်လို့ မရနိုင်ပါဘူး။ ဒါက အိမ်မှာ အချိန်ရှိပါလျက်နဲ့ မိဘတွေအပေါ် ကိုယ့်တာဝန်ကို မဖြည့်ဆည်းဖို့ ရွေးချယ်တာနဲ့ သဘောသဘာဝချင်း မတူပါဘူး။ ဒီကိစ္စကို ဘုရားနှုတ်ကပတ်တော်နဲ့ သမ္မာတရားအတိုင်း ကျွန်မ ရှုမြင်ရမှာပါ။ တစ်ချိန်တည်းမှာပဲ ကျွန်မ နားလည်လိုက်တာက၊ ကျွန်မမိဘတွေ ဘယ်လောက် ဒုက္ခခံရမယ်၊ ဘယ်လို ဆင်းရဲဒုက္ခမျိုးတွေ ကြုံရမယ်၊ ပြီးတော့ သူတို့ရဲ့ လက်ကျန်ဘဝမှာ ပျော်ရွှင်ရမလား ဆိုတာတွေအားလုံးက ဘုရားသခင် ကြိုတင်ပြဋ္ဌာန်းထားတာဖြစ်ပြီး၊ ကျွန်မ သူတို့ကို ပြုစုတာ၊ မပြုစုတာ၊ သူတို့ဘေးမှာ ရှိနေတာနဲ့ မဆိုင်ပါဘူး။ ကျွန်မက ဘာကိုမှ လုံးဝ ပြောင်းလဲလို့ မရနိုင်ပါဘူး။ ကျွန်မ အိမ်မှာရှိတုန်းက အမေ့ခြေထောက်က အဆစ်အမြစ်ရောင်ဖြစ်ဖူးတာကို ပြန်သတိရမိတယ်။ အိမ်အလုပ်တချို့ကို ကျွန်မ ကူလုပ်ပေးနိုင်ပြီး သူ့ကို ပြုစုပေးနိုင်တာတောင်မှ ကျွန်မရဲ့ ပြုစုမှုကြောင့် သူ့ဝေဒနာက နည်းနည်းလေးမှ သက်သာမသွားခဲ့ဘူး။ ကျွန်မ အိမ်ကထွက်လာပြီး နှစ်တွေမှာ၊ အမေ့ခြေထောက်က တဖြည်းဖြည်း သက်သာသွားပြီး အခုဆို ဘယ်အလုပ်မဆို လုပ်နိုင်နေပြီလေ။ ကျွန်မမိဘတွေ ဘယ်လောက် ကောင်းကောင်းနေရမယ်၊ သူတို့ရဲ့ လက်ကျန်ဘဝ ဘယ်လိုဖြစ်မယ်ဆိုတာ အားလုံးကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားတယ်ဆိုတာကို အဖြစ်မှန်တွေက သက်သေပြနေပါတယ်။ ကျွန်မမိဘတွေကို ဘုရားလက်ထဲ အပ်နှံပြီး သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံရမှာပါ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပိုဖတ်ဖြစ်ခဲ့တယ်။ “‘ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်’ ဟု ဘုရားသခင်က ဆိုသည့်အချိန်တွင် မည်သည့်အရာကို သူဆိုလိုသနည်း။ ယင်းမှာ လူတိုင်းကို ဤအရာ သဘောပေါက်စေရန် ဖြစ်သည်။ ကျွန်ုပ်တို့၏ အသက်များနှင့် ဝိညာဉ်များအားလုံးဘုရားသခင်ထံမှ လာပြီး၊ သူက ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ မိဘများထံမှ မဟုတ်သကဲ့သို့် သဘာဝမှ သေချာပေါက် မဟုတ်ဘဲ၊ ဘုရားသခင်က ကျွန်ုပ်တို့အား ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ သားသမီးများက ကျွန်ုပ်တို့ထံမှ မွေးဖွားကြသည့်အတိုင်း၊ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည်သာ မိဘများထံမှ မွေးဖွားခြင်း ဖြစ်သော်လည်း ၎င်းတို့၏ ကံကြမ္မာသည် ဘုရားသခင်လက်ထဲတွင် လုံးဝ ရှိပေသည်။ ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်နိုင်သည်မှာ သူက ကျွန်ုပ်တို့ကို ပေးထားသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ယင်းကို သူက စီမံထားပြီး၊ သူ၏ ကျေးဇူးတော် ဖြစ်သည်။ ထို့ကြောင့် အခြားတစ်ဦးတစ်ယောက်ထံ သင်၏ ဝတ္တရား သို့မဟုတ် တာဝန်ကို ဖြည့်ဆည်းရန် သင့်အတွက် မလိုအပ်ပေ။ သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို ဘုရားသခင်ထံတွင်သာ ဖြည့်ဆည်းသင့်သည်။ ဤသည်မှာ အခြားမည်သည့်အရာမဆိုထက် လူတို့လုပ်ဆောင်ရမည့်အရာ၊ မိမိဘဝ၏ အဓိက အရေးကိစ္စအဖြစ် လုပ်ဆောင်သင့်သည့် အဓိကအရာ ဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို ကောင်းစွာ မဖြည့်ဆည်းပါက၊ သင်သည် အရည်အချင်းပြည့်မီသည့် အဖန်ဆင်းခံ သတ္တဝါတစ်ဦး မဟုတ်ပေ။ အခြားသူများ၏ အမြင်တွင်၊ သင်သည် ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး၊ ထူးကဲသာလွန်သော အိမ်ရှင်မတစ်ဦး၊ သားသမီးဝတ်ရှိသော သမီးတစ်ဦးနှင့် လူမှုအဖွဲ့အစည်း၏ တော်ဖြောင့်သော အဖွဲ့ဝင်တစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဘုရားသခင်၏ ရှေ့မှောက်တွင် သင်သည် သူ့ကို ပုန်ကန်သည့်သူ၊ မိမိတို့၏ ဝတ္တရားများ သို့မဟုတ် တာဝန်ကို လုံးဝ မဖြည့်ဆည်းသည့်သူ၊ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို လက်ခံရရှိခဲ့သော်လည်း မပြီးမြောက်ခဲ့သည့်သူတစ်ဦး၊ လမ်းတစ်ဝက်တွင် လက်လျှော့ခဲ့သူတစ်ဦး ဖြစ်ပေသည်။ ဤကဲ့သို့သော တစ်စုံတစ်ဦးသည် ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို ရရှိနိုင်သလော။ ဤကဲ့သို့သော လူများသည် သုံးမရပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ဒီနေ့ ကျွန်မ အသက်ရှင်နေရတာဟာ ဘုရားသခင်ရဲ့ ကွယ်ကာမှုကြောင့်ဆိုတာ နားလည်သွားတယ်။ ဘုရားသခင်က ကျွန်မကို အသက်ပေးခဲ့ပြီး ဒီနေ့ဒီအချိန်ထိ ကျွန်မကို အမြဲ ထောက်ပံ့ပေးကာ စောင့်ရှောက်ပေးခဲ့တယ်။ ကျွန်မအသက်ရဲ့ အရင်းအမြစ်က ဘုရားသခင်ပါ၊ ကျွန်မမိဘတွေ မဟုတ်ပါဘူး။ တကယ်တော့ ကျွန်မအတွက် မိဘတွေ လုပ်ပေးခဲ့သမျှ အရာအားလုံးက မိဘတွေအနေနဲ့ သူတို့ရဲ့ တာဝန်နဲ့ ဝတ္တရားတွေကို ဖြည့်ဆည်းခဲ့တာပါ။ မိဘတွေ ဘာပဲလုပ်ပေးခဲ့ပါစေ၊ ကျွန်မက ဘုရားသခင်ဆီကနေပဲ ခံယူသင့်ပါတယ်။ ကျွန်မ အကျေးဇူးအတင်သင့်ဆုံးက ဘုရားသခင်ပါ၊ မိဘတွေ မဟုတ်ပါဘူး။ ဒီနှစ်တွေတစ်လျှောက်လုံးကို ပြန်ကြည့်လိုက်ရင်၊ ရိုးရာယဉ်ကျေးမှု အယူအဆတွေ၊ တန်ဖိုးတွေနဲ့ ကျွန်မ အသက်ရှင်နေခဲ့တာကို တွေ့လိုက်ရတယ်။ မိဘအပေါ် သိတတ်တာနဲ့နဲ့ သားသမီးတာဝန်ကို ဖြည့်ဆည်းတာကို ကျွန်မရဲ့ ကျင့်ကြံမှု လမ်းညွှန်ချက်တွေအဖြစ် သဘောထားခဲ့ပြီး၊ ဒီအရာတွေကို တခြားဘာထက်မဆို ပိုအရေးကြီးတယ်လို့ ရှုမြင်ခဲ့တယ်။ မိဘတွေကို ပြုစုဖို့ အိမ်ပြန်ပြီး ကိုယ့်တာဝန်ကို စွန့်လွှတ်ဖို့တောင် ကျွန်မ စဉ်းစားခဲ့သေးတာ။ ဒါက ကျွန်မ ဘုရားသခင်ကို ပုန်ကန်နေခဲ့တာ မဟုတ်လား။ မိဘတွေကို ကျွန်မ ဘယ်လောက်ပဲ ကောင်းကောင်း ပြုစုပါစေ၊ ဒါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ မဟုတ်သလို၊ ကျွန်မမှာ အသိစိတ်နဲ့ လူ့သဘာဝရှိတယ်လို့လည်း မဆိုလိုပါဘူး။ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်မှသာလျှင် လူတစ်ယောက်မှာ တကယ့် လူ့သဘာဝရှိတာပါ။ တစ်ခါတလေကျရင် မိဘတွေကို ကျွန်မ သတိရပြီး စိတ်ပူမိသေးပေမဲ့၊ ဘုရားနှုတ်ကပတ်တော်ကနေ လူတစ်ယောက် သူ့တစ်သက်တာမှာ ဖြတ်သန်းရတဲ့ ဆင်းရဲဒုက္ခ ပမာဏနဲ့ အတွေ့အကြုံ အမျိုးအစားတွေ အားလုံးက ဘုရားလက်ထဲမှာ ရှိတယ်ဆိုတာကို ကျွန်မ နားလည်သွားပါပြီ။ ကျွန်မမိဘတွေနဲ့ပတ်သက်သမျှ အရာအားလုံးကို ဘုရားဆီ အပ်နှံပြီး၊ သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့၊ ကိုယ့်တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်ဖို့ ကျွန်မ လိုလားပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

မိဘ၏ ပြုစုပျိုးထောင်ပေးသော ကျေးဇူးကို အဘယ်သို့ သဘောထားရမည်

ရှန်မင်း၊ တရုတ်ပြည်ကျွန်တော်က ကျေးလက်မိသားစုမှာ မွေးဖွားခဲ့ပြီး၊ မိဘတွေက လယ်လုပ်ပြီး အသက်မွေးကြပါတယ်။ ကျွန်တော် မှတ်မိတတ်တဲ့အရွယ်ကတည်းက၊...

ကျွန်မအဖေ့အနားမှာ ပြုစုစောင့်ရှောက်ဖို့ မဖြစ်နိုင်တဲ့အခါ

လန်ယွီ၊ တရုတ်ပြည်ဆောင်းရာသီရဲ့ နေ့လယ်ခင်းနေရောင်ခြည်က နူးညံ့ပြီး နွေးထွေးနေတယ်။ ပြတင်းပေါက်ကနေတစ်ဆင့် အပင်တွေနဲ့ ပြည့်နေတဲ့...

မိခင်ကွယ်လွန်ခြင်းကြောင့် ဖြစ်ရတဲ့ ဝမ်းနည်းကြေကွဲမှုကို ကျွန်မ ဘယ်လိုကျော်လွှားခဲ့သလဲ

ဇီဟန်၊ တရုတ်ပြည်၂၀၁၉ ခုနှစ်၊ ဇွန်လတုန်းက ကျွန်မ တာဝန်ထမ်းဆောင်ဖို့ တခြားဒေသတစ်ခုကို သွားခဲ့တယ်။ အိမ်မပြန်ဖြစ်တာ တစ်နှစ်ကျော်ကြာတော့...

ကျွန်မရဲ့ မိဘနှစ်ပါး ကွယ်လွန်ကြောင်း သိရပြီးနောက်

ရှုကျန်း၊ တရုတ်ပြည်ငယ်ငယ်ကတည်းက မိဘတွေက ကျွန်မကို အရမ်းချစ်ကြတာ။ မောင်လေးနဲ့ ကျွန်မ ကျောင်းတက်နိုင်ဖို့အတွက် သူတို့ ပင်ပင်ပန်းပန်း...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။