တာဝန်ကို ခေါင်းရှောင်ခြင်းအားဖြင့် ကျွန်ုပ် ရှောင်နေသည့်အရာ
အစ်ကိုတို့သိတဲ့အတိုင်းပဲ။ ကျွန်တော်က အဖွဲ့စုဝေးပွဲနည်းနည်းလောက်ကိုပဲ ကြီးကြပ်ရတယ်။ ကျွန်တော်က ဒီတာဝန်နဲ့ကိုက်တယ်လို့ ခံစားမိတယ်။ ညီအစ်ကိုမောင်နှမတွေက ပြဿနာတွေရှိတဲ့အခါ အမြဲတမ်းလာပြီး ကျွန်တော့်ကို အကူအညီတောင်းတယ်။ တချို့ကဆို ကျွန်တော်က ပြဿနာတွေကို အရမ်းကို တိတိကျကျမြင်ပြီး မိတ်သဟာယဖွဲ့တာ တော်တော်ရှင်းတယ်၊ ဒါကြောင့် ကျွန်တော့်မိတ်သဟာယကို အရမ်းကို နားထောင်ချင်စိတ်ရှိတယ်လို့တောင် ပြောကြတယ်။ ဒီတာဝန်မှာ သူများတွေက လေးစားတာ၊ ချီးမွမ်းတာကို ခံရတာ တော်တော်ကောင်းပြီးတော့ ဒီခံစားချက်ကို ကျွန်တော် အရမ်းကြိုက်မိတယ်။ အဲဒါနဲ့ ကျွန်တော် မထွက်ချင်ဘူး။ အစ်ကို ကျွန်တော့်ဆီကို ပထမဆုံးအကြိမ်လာတုန်းက ကျွန်တော် နည်းနည်း အံ့အားသင့်သွားတယ်။ စာသားနဲ့ဆိုင်တဲ့အလုပ်ကို လုပ်ဖို့က အစွမ်းအစကောင်းလိုတယ်။ သမ္မာတရားကို နားလည်ဖို့ စာအရေးအသားကောင်းဖို့လိုတယ်လို့ ကျွန်တော် ထင်ခဲ့တာ။ ကျွန်တော်က သာမန်အစွမ်းအစပဲရှိပြီး စာသားနဲ့ဆိုင်တဲ့အလုပ်တွေနဲ့ မရင်းနှီးဘူး။ ဒီတော့ ကျွန်တော်လုပ်တာ ဘယ်လောက်ကောင်းမှာလဲဆိုတာကို သံသယဖြစ်တယ်။ ကျွန်တော် လုပ်တာမကောင်းဘဲ တာဝန်အပြောင်းခံရရင် သူများတွေက ကျွန်တော့်ကို ဘယ်လိုထင်မလဲ။ ကျွန်တော်က ဘယ်လောက် ပါရမီမရှိသလဲဆိုတာကို မပြဘူးလားပေါ့။ ကျွန်တော့်လက်ရှိအလုပ်ပဲ ဆက်လုပ်သင့်တယ်လို့ ခံစားမိတယ်။ အဲဒီအုပ်စုတွေကြားမှာ ကျွန်တော်က အတော်လေးကောင်းတဲ့ ရလဒ်တွေရတယ်။ ကိုင်တွယ်ဖြေရှင်းခံရတာ၊ ပြုပြင်ခံရတာ သိပ်မရှိဘူး။ ညီအစ်ကိုမောင်နှမတွေအားလုံးကလည်း ကျွန်တော့်ကို လေးစားပြီး လက်ခံကြတယ်။ အဲဒါနဲ့ ကျွန်တော်က စာသားအလုပ်ကို မလုပ်ချင်ဘဲ ရှောင်ဖို့ပဲ ကြိုးစားနေတာပေါ့။ အဲဒီတုန်းက ကျွန်တော်က ကျွန်တော့်လက်ရှိတာဝန်က သက်သာတာ၊ တည်ငြိမ်တာကိုပဲ လိုချင်နေတာ။ နောက်တော့ ဆယ်ရက်လောက်ပဲ ကြာပြီးတော့ အစ်ကိုက ကျွန်တော့်ဆီ ပြန်လာပြီး စာသားအလုပ်က လူအင်အားနည်းနေတယ်လို့ပြောပြီး ဘုရားအလိုတော်ကို အရေးစိုက်ပြီး ကိုယ့်ဘာသာ အားရကျေနပ်မနေဖို့ မိတ်သဟာယဖွဲ့တော့ ကျွန်တော် အံ့ဩသွားတာပေါ့။ သူက ကျွန်တော့်ကို ဆုတောင်းပြီး လမ်းပြခြင်းကို ရှာဖို့၊ ဒီအခွင့်အရေးကို သာမန်ကာလျှံကာနဲ့ မငြင်းပယ်ထားဖို့ ပြောတယ်။ အစ်ကိုက မှန်တယ်ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမဲ့ အစ်ကိုပြောနေတာကို လက်မခံနိုင်ဘူး ဖြစ်နေတာ။ ကျွန်တော်က သာမန်အစွမ်းအစပဲရှိပြီး စာအရေးအသားမကောင်းဘူး၊ ဒီတော့ ကျွန်တော်က သေချာပေါက် အညံ့ဆုံးလူဖြစ်နေမှာပဲလို့ ခံစားမိတယ်။ ကျွန်တော်က နည်းနည်း လေ့ကျင့်ပြီးလို့ လုပ်တာ မကောင်းသေးရင် တာဝန်အပြောင်းခံရရင် တော်တော်ရှက်ဖို့ ကောင်းမှာပဲပေါ့။ ကျွန်တော့် လက်ရှိတာဝန်ပဲ ဆက်လုပ်နေတာက တော်တော်ပိုကောင်းလိမ့်မယ်လို့ ထင်ခဲ့တယ်။
အချိန်နည်းနည်းကြာတော့ အဲဒီတုန်းက ကျွန်တော့်အခြေအနေကို အစ်ကိုတစ်ယောက်ကို ဖွင့်ပြောလိုက်တယ်။ သူက နားထောင်ပြီးတော့ တဲ့တိုးပြောလိုက်တယ်။ “ခင်ဗျားက ကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာ မတည်မကြည်ဖြစ်မနေဘူးလား” တဲ့။ သူက ကျွန်တော့်ကို မတည်ကြည်ဘူးလို့ပြောတာကို ကြားရတော့ အရှိုက်ကို တကယ် ထိုးလိုက်သလိုပဲ။ ကျွန်တော် စဉ်းစားတယ်။ “ငါက အချောင်ခိုဖို့၊ အပေါ်ယံပဲလုပ်ဖို့ ကြိုးစားနေတာမဟုတ်ဘူး။ ငါက တကယ် အစွမ်းအစကောင်းမရှိတာ၊ စာအရေးအသား မကောင်းတာပဲ။ ငါက မတည်ကြည်ဘူးလို့ ဘယ်လိုလုပ် ပြောရတာလဲ” ပေါ့။ ကျွန်တော် ဘာမှ မပြောဘူး။ ဒါပေမဲ့ ခေါင်းထဲမှာ ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး ခုခံနေတယ်။ ဝေဖန်မှုကို လက်မခံဘူး။ ဒါပေမဲ့ ဒီအစ်ကိုရဲ့ သတိပေးချက်ကနေ ကျွန်တော် သင်ယူနိုင်တာ တစ်ခုခုရှိတယ်ဆိုတာ ကျွန်တော် သိတယ်။ အဲဒါနဲ့ ကျွန်တော် ဘုရားနှုတ်ကပတ်တော်ထဲမှာ ဆက်စပ်မှုရှိတဲ့ အပိုဒ်တွေကို ရှာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မည်သို့သော သူမျိုးသည် တာဝန်ခံယူရဲသနည်း။ မည်သို့သောသူမျိုးသည် လေးသောဝန်ကို ထမ်းရန် သတ္တိရှိသနည်း။ အရေးကြီးဆုံးဖြစ်သော၊ အရေးပါဆုံးဖြစ်သောအလုပ်ကို မြင်သောအခါ ဘုရားအိမ်တော်၏ အလုပ်တွင် အရေးပါသော အချိန်အခိုက်အတန့်၌ ဦးဆောင်ပြီး ရှေ့သို့ ရဲရင့်စွာသွားသောသူ၊ ကြီးလေးသော တာဝန်ကို ခံယူပြီး ကြီးစွာသော ဒုက္ခဆင်းရဲကို ခံယူရန် မကြောက်သောသူဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သစ္စာရှိသူတစ်ယောက်၊ ခရစ်တော်၏ စစ်သားကောင်းတစ်ယောက် ဖြစ်သည်။ ၎င်းတို့၏ တာဝန်ကို ယူရန် ကြောက်သောသူတိုင်းက ထိုသို့ဖြစ်ခြင်းမှာ သမ္မာတရားကို နားမလည်သောကြောင့်ဖြစ်သည်မှာ မှန်ပါသလား။ မမှန်ပါ။ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝတွင်ရှိသော ပြဿနာဖြစ်သည်။ ၎င်းတို့တွင် တရားမျှတမှု၊ သို့မဟုတ် တာဝန်ခံယူမှုအသိစိတ်မရှိပေ။ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသောသူများ ဖြစ်သည်။ ဘုရားသခင်အပေါ် ရိုးသားစစ်မှန်သော ယုံကြည်သူများမဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံပေ။ ဤအကြောင်းပြချက်များကြောင့် ၎င်းတို့သည် ကယ်တင်ခြင်း မခံရနိုင်ပေ။ ဘုရားသခင်ကို ယုံကြည်သူများသည် သမ္မာတရားကို ရရှိရန် ကြီးစွာသော အဖိုးအခကို ပေးဆပ်ရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အတားအဆီးများစွာကို ကြုံတွေ့ရမည်။ အမှုအရာများကို စွန့်လွှတ်ရမည်။ ၎င်းတို့၏ ဇာတိပကတိ အကျိုးစီးပွားများကို စွန့်လွှတ်ရမည်။ ဆင်းရဲဒုက္ခအချို့ကို သည်းခံရမည်။ ထိုအခါမှသာ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည်။ ဤသို့ဆိုလျှင် တာဝန်ယူရန် ကြောက်သောသူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ သေချာပေါက် မလုပ်ဆောင်နိုင်ပေ။ သမ္မာတရားကို ၎င်းတို့ ရရှိခြင်းနှင့်ပတ်သက်ပြီး ပို၍ပင် ပြောစရာမရှိပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ ၎င်းတို့၏ အကျိုးစီးပွား ဆုံးရှုံးခြင်းကို ခံရရန်ကြောက်ရွံ့ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အရှက်ခွဲခံရခြင်း၊ ချိုးနှိမ်ခြင်း၊ ဝေဖန်အပြစ်တင်ခြင်းကို ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရဲပေ။ ထို့ကြောင့် သမ္မာတရားကို ၎င်းတို့ မရရှိနိုင်ပေ။ ဘုရားသခင်ကို နှစ်မည်မျှ ယုံကြည်သည်ဖြစ်စေ သူ၏ ကယ်တင်ခြင်းကို ၎င်းတို့ မရရှိနိုင်ပေ။ ဘုရားအိမ်တော်တွင် တာဝန်ထမ်းဆောင်နိုင်သော သူတို့သည် ၎င်းတို့၏ ဝန်ထုပ်ဝန်ပိုးက အသင်းတော်၏ အလုပ်ဖြစ်သောသူ၊ တာဝန်ခံယူသောသူ၊ သမ္မာတရားစည်းမျဉ်းများကို ထိန်းသိမ်းသောသူ၊ ဒုက္ခခံပြီး အဖိုးအခ ပေးဆပ်သောသူများဖြစ်ရမည်။ ဤနယ်ပယ်များတွင် အားနည်းလျှင် ထိုသူသည် တာဝန်ထမ်းဆောင်ရန် မသင့်တော်ပေ။ ပြီးလျှင် တာဝန်ထမ်းဆောင်ခြင်းအတွက် သတ်မှတ်ချက်များကို မပိုင်ဆိုင်ပေ။...သင့်အပေါ် တစ်ခုခုကျရောက်သည့်အခါတိုင်းတွင် သင့်ကိုယ်သင် ကာကွယ်ပြီး လွတ်မြောက်သည့်လမ်း၊ နောက်ဖေးတံခါးတစ်ခုကို ချန်ထားလျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သလော။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမဟုတ်ပေ။ ခိုးကြောင်ခိုးဝှက် ပြုလုပ်ခြင်း ဖြစ်သည်။ သင်သည် ယခုအခါတွင် ဘုရားအိမ်တော်၌ သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။ တာဝန်တစ်ခုကိုထမ်းဆောင်ရာတွင် ပထမဆုံး စည်းမျဉ်းမှာ အဘယ်နည်း။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် ရှေးဦးစွာ သင်၏ စိတ်နှလုံးအပြည့်အဝဖြင့် ထိုတာဝန်ကို အစွမ်းကုန် ထမ်းဆောင်ရမည်ဆိုသည့်အရာ ဖြစ်သည်။ ဤသည်မှာ သမ္မာတရား စည်းမျဉ်းတစ်ခု၊ သင် လက်တွေ့လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။ မိမိအတွက် လွတ်လမ်း၊ ထွက်ပေါက်ကို ချန်ထားခြင်းသည် မယုံကြည်သူများ လိုက်လျှောက်သည့် ကျင့်သုံးမှုစည်းမျဉ်းဖြစ်ပြီး ၎င်းတို့၏ အမြင့်ဆုံး အတွေးအခေါ်ဖြစ်သည်။ အရာအားလုံးတွင် မိမိကိုယ်ကိုယ် အရင်ဆုံး ထည့်စဉ်းစားခြင်းနှင့် အခြားအရာအားလုံးထက် မိမိ၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဦးစားပေးခြင်း၊ သူတစ်ပါးတို့အကြောင်းကို မတွေးခြင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားနှင့် သူတစ်ပါး အကျိုးစီးပွားများကို ဆက်စပ်မှု မရှိစေခြင်း၊ မိမိ၏ ကိုယ်ပိုင်အကျိုးစီးပွားကို အရင်ဆုံး စဉ်းစားခြင်းနှင့် ထို့နောက်တွင် လွတ်လမ်းတစ်ခုကို စဉ်းစားခြင်း- ဤသည်တို့မှာ မယုံကြည်သူတစ်ယောက်ဖြစ်သည့် အရာမဟုတ်လော။ ဤသည်မှာ အတိအကျပင် မယုံကြည်သူတစ်ယောက် ဖြစ်သည့်အရာ ဖြစ်သည်။ ဤလူအမျိုးအစားသည် တာဝန်တစ်ခုကိုထမ်းဆောင်ရန် မသင့်တော်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈ (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ပြီး ကျွန်တော် သဘောပေါက်သွားတယ်။ ဘုရားကို တကယ်ယုံကြည်ပြီး လူ့သဘာဝကောင်းရှိသူတွေက သူတို့တာဝန်ကို သိတတ်ပြီး အသင်းတော်အလုပ်ကို ကာကွယ်တယ်။ အလုပ်က အရေးပါလေလေ၊ တာဝန်ကို လုပ်နိုင်လေလေပဲ။ လေးလံတဲ့ ဝန်တွေကို ထမ်းနိုင်ပြီး ဘုရားအလိုတော်ကို အရေးစိုက်တယ်။ ဒီလိုလူတွေက အသင်းတော်ရဲ့ ထောက်တိုင်တွေဖြစ်ပြီး ဘုရားသခင်က မျက်နှာသာပေးတာ ခံရတယ်။ ကိုယ့်တာဝန်မှာ အချောင်ခိုတဲ့သူတွေကတော့ ဆင်းရဲဒုက္ခကို နည်းနည်းလေးမှ မခံချင်တဲ့သူ၊ ဘာတာဝန်မှ မယူချင်တဲ့သူ အခက်အခဲတွေကို မြင်တာနဲ့ ခေါင်းရှောင်တဲ့သူ ကိုယ့်အကျိုးပဲ စဉ်းစားပြီး အသင်းတော်အလုပ်ကို လုံးဝ မကာကွယ်တဲ့သူ ဒီလိုလူတွေကတော့ ဘုရားအမြင်မှာ မယုံကြည်သူတွေပဲ။ သူတို့က ဘုရားအိမ်တော်နဲ့ မသက်ဆိုင်ဘူး။ ဘုရားက သူတို့ကို ကယ်တင်မှာမဟုတ်ဘူး။ ကျွန်တော့် လုပ်ရပ်တွေကို ဘုရားနှုတ်ကပတ်တော်နဲ့ ယှဉ်ကြည့်တော့ ကျွန်တော်က ကိုယ့်အလုပ်ကိုယ် လုပ်တဲ့ ပုံစံရှိပေမဲ့ ကိုယ့်တာဝန်ကို ဖြည့်ဆည်းဖို့ နေ့တိုင်း အလုပ်ရှုပ်နေပေမဲ့ ကျွန်တော် စဉ်းစားသမျှက ကိုယ့်ရဲ့ ဂုဏ်နဲ့ အဆင့်အတန်းပဲ။ ကျွန်တော့် စိတ်နှလုံးက ဘုရားဘက်မလှည့်ဘူး။ ဘုရားအလိုတော်ကို အရေးမထားဘူး။ ကျွန်တော်က ကျွန်တော် ကျွမ်းကျင်တဲ့ လွယ်တဲ့အလုပ်ကို လုပ်ပြီးတော့ပဲ ကျေနပ်နေခဲ့တယ်။ ဘာကြောင့်လဲဆိုရင် အရမ်းကြီး အားမစိုက်ရဘူး၊ ဒါပေမဲ့ ရလဒ် အသင့်အတင့်ရတယ်၊ ပြီးတော့ ဂုဏ်နဲ့ အဆင့်အတန်းကို ကျွန်တော်လိုချင်တဲ့ ဆန္ဒလည်း ပြည့်တယ်။ ကျွန်တော်က စာသားနဲ့ဆိုင်တဲ့အလုပ်ကို သိပ်မရင်းနှီးဘူး၊ ဒီနေရာမှာ သိပ်မတော်ဘူးပေါ့။ ဒါကြောင့် ကျွန်တော် စမ်းကြည့်ရင်တောင် ရလဒ်ကောင်းတွေ မရလောက်ဘူး။ ကျွန်တော်က ကိုယ့်တာဝန်ကို ကောင်းကောင်းမလုပ်လို့ ကိုင်တွယ်ဖြေရှင်းခံရရင်၊ ပြုပြင်ခံရပြီး သူများတွေက အထင်သေးတာ ခံရရင် တော်တော် ရှက်စရာကောင်းမှာပဲ ပေါ့။ အဲဒါနဲ့ ကျွန်တော့် ဂုဏ်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက် တာဝန်ကို ငြင်းဆန်ဖို့ အကြောင်းပြချက်အနေနဲ့ အစွမ်းအစနည်းတယ်၊ ကျွမ်းကျင်မှုနည်းတယ်၊ မရင်းနှီးဘူးဆိုတာမျိုးဆင်ခြေတွေသုံးပြီး ကမ်းလှမ်းတာကို ဆက်တိုက် ငြင်းခဲ့တာပေါ့။ အပြင်ပန်းကကြည့်ရင် ကျွန်တော်က လက်ခံနိုင်စရာ၊ ကျိုးကြောင်းသင့်တဲ့ အကြောင်းပြချက်ရှိတဲ့ ပုံစံရှိတယ်။ ဒါပေမဲ့ ကျွန်တော်က အတွင်းထဲမှာတော့ အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းနေတယ်။ တခြားတာဝန်အစား ဒီတာဝန်ကို လုပ်ဖို့ ကျွန်တော် ရွေးချယ်တဲ့ အကြောင်းပြချက်က အသင်းတော်အလုပ်ရဲ့ လိုအပ်ချက်တွေအပေါ်၊ ဘုရားရဲ့ အစီအစဉ်တွေကို နာခံခြင်းအပေါ် အခြေခံတာမဟုတ်ဘူး။ အဲဒီထက် ဒါတွေအားလုံးက ကျွန်တော့် အကျိုးအတွက်ပဲ။ ဂုဏ်နဲ့ အဆင့်အတန်းလိုချင်တဲ့ ကျွန်တော့် ဆန္ဒ ပြည့်မပြည့်ဆိုတာပဲ။ ကျွန်တော် လုပ်သမျှ၊ စဉ်းစားသမျှအားလုံးက ကျွန်တော့်ရဲ့ ဂုဏ်နဲ့ အဆင့်အတန်းအတွက် အကျိုးရှိဖို့ တွက်ချက်ထားတာတွေပဲ။ ကိုယ့်တာဝန်အပေါ် ရိုးသားစစ်မှန်တဲ့ သဘောထားမရှိခဲ့ဘူး။ အဲဒီအစ်ကိုပြောသလိုပဲ တကယ်ကို “မတည်ကြည်”တာပဲ။ တကယ်တော့ အသင်းတော်က လိုအပ်တဲ့ ဘယ်နေရာမဆို ကျွန်တော်အစေခံပေးသင့်တယ်။ မငြင်းခုံဘဲ၊ တောင်းဆိုမှုတွေမလုပ်ဘဲ လက်ခံပြီး နာခံသင့်တယ်။ ဒါက လူတိုင်းရှိသင့်တဲ့ ဆင်ခြင်တုံတရားပဲ။ ဒါပေမဲ့ ဒီအစား ကျွန်တော်က တာဝန်တစ်ခုထမ်းဆောင်ဖို့ ပြောတဲ့အချိန်မှာ မနာခံရုံတင်မဘူး။ ဒီအပေါ်မှာ သဘောထားသေးပြီး ဒီတာဝန်က ကျွန်တော့်ကို ဘယ်လိုထိခိုက်နိုင်တယ်၊ အကျိုးရှိနိုင်တယ်ဆိုတာ တွက်ချက်နေတယ်။ တာဝန်သိစိတ် နည်းနည်းလေးမှ မရှိခဲ့ဘူး။ ဒီလိုလူတွေက တာဝန်ထမ်းဆောင်ဖို့ မထိုက်တန်ဘူး။ ဘုရားအိမ်တော်နဲ့ မသက်ဆိုင်ဘူး၊ ကယ်တင်ခြင်းခံရမှာမဟုတ်ဘူးဆိုပြီး ဘုရားသခင်က ပြောတယ်။
အဲဒီနောက်တော့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် တွေ့မိတယ်။ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် အမှုအရာများကို လုပ်ဆောင်နေချိန်တွင် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ၊ သင်၏စိတ်နှလုံးသည် အမြင်မှန်ရစေခြင်း ခံရသည်။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး သူတစ်ပါးတို့၏ ချီးမွမ်းမှုနှင့် လေးစားမှုကို အစဉ်ရလိုသည်၊ သို့တိုင်အောင် သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက၊ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသေးသလော။ ထိုသို့သောလူများမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိကြချေ။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကို ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်ဂုဏ်၊ ဂုဏ်သတင်းသို့မဟုတ် အဆင့်အတန်းကို မစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ အဆုံးစွန် သစ္စာရှိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန်လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး တွက်ဆလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကို တွေးကြည့်ပြီး ကျွန်တော် သဘောပေါက်သွားတယ်။ ကျွန်တော်တို့ ယုံကြည်ခြင်းမှာ ကျွန်တော်တို့တာဝန်မှာ မှန်ကန်တဲ့ ရည်ရွယ်ချက်ထားနိုင်ရင်၊ ဘုရားရဲ့ စိစစ်မှုကို လက်ခံနိုင်ရင် အရာအားလုံးထက် အသင်းတော်အလုပ်ကိုပိုပြီး ဦးစားပေးနိုင်ရင် တာဝန်ကို အစွမ်းရှိသမျှလုပ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အစွမ်းကုန်လုပ်နိုင်ရင် ဘုရားအလိုတော်နဲ့ ညီမှာပဲ။ ကျွန်တော့်ကို စာသားအလုပ် လုပ်ခိုင်းတဲ့ ဒီအခြေအနေမှာ ကျွန်တော်က ဘယ်လိုသဘောထားမျိုးရှိတယ်ဆိုတာကြည့်ဖို့ ဘုရားက ကျွန်တော့်ကို စိစစ်နေတာဆိုတာကို ကျွန်တော် ခံစားမိတယ်။ ကျွန်တော်က တက်တက်ကြွကြွနဲ့ ပူးပေါင်းလုပ်မလား၊ ခေါင်းရှောင်မလားပေါ့။ ကျွန်တော်က အလုပ်အတွက် အစွမ်းအစရှိသလား၊ တာဝန်ကို ဘယ်လောက် ကောင်းကောင်းလုပ်နိုင်သလဲဆိုတာတွေကို စဉ်းစားမနေသင့်ဘူး။ ကျွန်တော့်ရဲ့ မမှန်ကန်တဲ့ အခြေအနေကို ပြင်ပြီး တာဝန်အပေါ် ကျွန်တော့်သဘောထားကို တည့်မတ်အောင် ထားသင့်တယ်။ ကျွန်တော့်တာဝန်မှာ နာခံပြီး တတ်နိုင်သမျှ အကောင်းဆုံးလုပ်သင့်တယ်။ ဒါက ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်တော် ရှိသင့်တဲ့ ဆင်ခြင်တုံတရားပဲ။ ကျွန်တော်က နည်းနည်း လေ့ကျင့်ပြီးလို့ မလုပ်နိုင်သေးဘဲနဲ့ တာဝန်အပြောင်းခံရရင် ဒါနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ သဘောထားရှိသင့်ပြီး အသင်းတော်ရဲ့ အစီအစဉ်တွေကို နာခံသင့်တယ်။ အဲဒါနဲ့ နောက်ပိုင်းကျတော့ ကျွန်တော် စာသားအလုပ်ကို လုပ်ချင်တယ်ဆိုပြီး အစ်ကို့ကို ပြောလိုက်တယ်။ အစ်ကို့ကို ပြောပြီးသွားတော့ ကျွန်တော် တော်တော် စိတ်သက်သာသွားတယ်။ ဒါပေမဲ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် နားလည်တာက အရမ်း အပေါ်ယံဆန်တယ်လို့ ခံစားမိနေတုန်းပဲ။ အဲဒါနဲ့ ဘုရားကို ဆက်ပြီးတော့ ဆုတောင်းပြီး ဉာဏ်အလင်းဖွင့်ပြပြီး ကိုယ့်ကိုယ်ကိုယ်သိအောင် လမ်းပြဖို့ တောင်းခံလိုက်တယ်။
အဲဒီနောက် အချိန်နည်းနည်းကြာတော့ ဒီကျမ်းပိုဒ်ကို ကျွန်တော် ဖတ်ရတယ်။ “မိမိတို့၏အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားနှင့် အနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ— ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်တစ်ဦးလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သာ ဖြစ်သည်ဟု ဆိုလိုပေသည်။ အန္တိခရစ်တစ်ဦးအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့က ၎င်းတို့၏ အသက်ဖြစ်သကဲ့သို့ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်ဒြပ်ကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ဂုဏ်ဒြပ်ရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် ဤပြဿနာများကို စဉ်းစားမည် မဟုတ်ချေ။ အန္တိခရစ်တစ်ဦးအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပယိကတစ်ခုဖြစ်ဖို့ မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ချေ။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် ကြိုးစားအားထုတ်သည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ ထို့ကြောင့် အန္တိခရစ်များအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို စွမ်းဆောင်ရရှိဖို့ ၎င်းတို့ကြိုးစားအားထုတ်ပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့အသက်တာ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသည့် ရာထူးအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော သဘောသဘာဝနှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို တောင်များ၏အတွင်းပိုင်း အလွန်ရှေးကျသော တောထဲ၌ သွားထားလျှင်ပင် ၎င်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့အားလိုက်စားခြင်းကို ဘေးဖယ်ထားမည်မဟုတ်သေးပေ။ ၎င်းတို့ကို မည်သည့်လူအုပ်စုတွင်မဆိုထည့်ထားလျှင် ၎င်းတို့တွေးနိုင်သမျှသည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သာ ဖြစ်သည်။ အန္တိခရစ်များသည်လည်း ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎င်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့အား လိုက်စားမှုကို ဘုရားသခင်အပေါ် ယုံကြည်မှုနှင့် ညီတူညီမျှဖြစ်သည်ဟု မြင်ပြီး တူညီစွာ အလေးထားသည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ အန္တိခရစ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို လိုက်စားခြင်းဖြစ်ကြောင်း ၎င်းတို့က ယုံကြည်ကြသည်ဟု ဆိုနိုင်သည်။ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ယုံကြည်ကြကြောင်း ဆိုနိုင်သည်။ ၎င်းတို့ အလွန်စိတ်ပျက်ကြသည်၊ ၎င်းတို့သည် ဂုဏ်သိက္ခာ၊ သို့မဟုတ် ဂုဏ်အဆင့်အတန်းမရှိ၊ မည်သူကမျှ ၎င်းတို့ကို မလေးစား၊ သို့မဟုတ် မကြည်ညို၊ သို့မဟုတ် မနာခံဟု ၎င်းတို့က ခံစားရလျှင် ၎င်းတို့အလွန် မချင့်မရဲဖြစ်ကြသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိ၊ ယင်းတွင် တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြသည်၊ ‘ဘုရားသခင်၌ ထိုသို့သော ယုံကြည်ခြင်းသည် ကျရှုံးမှုတစ်ခု ဖြစ်သလော။ မျှော်လင့်ချက်မရှိဖြစ်သလော။’ ဟု မိမိတို့ကိုယ်ကိုယ် ဆိုကြသည်။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့စိတ်နှလုံးထဲတွင် စဉ်းစားနှိုင်းချိန်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့ကိုယ်တိုင်အတွက် နေရာတစ်နေရာကို မည်သို့ ရရှိအောင် ကြိုးစားနိုင်မည်၊ အသင်းတော်တွင် မြင့်မြတ်သည့် ဂုဏ်သတင်းကို မည်သို့ရရှိနိုင်သည်ကို စဉ်းစားနှိုင်းချိန်ပြီးလုပ်ဆောင်ကြသည်။ ဤသို့ဖြင့် ၎င်းတို့ စကားပြောသည့်အခါ လူတို့က နားထောင်ရန်၊ ၎င်းတို့လုပ်ဆောင်သည့်အခါ ပံ့ပိုးကြရန်၊ ၎င်းတို့သွားသည့်နေရာတိုင်းသို့ လိုက်ရန်ဖြစ်ပြီး ဤသို့ဖြင့် အသင်းတော်တွင် ပြောဆိုခွင့်ရှိရန်၊ ဂုဏ်သတင်းတစ်ခုရှိရန်၊ ဤသို့ဖြင့် အကျိုးအမြတ်များကို ခံစားရရန်၊ ဂုဏ်အဆင့်အတန်းရှိရန်ဖြစ်သည်။ ဤအရာများကို ၎င်းတို့အလွန်ပင် အာရုံစိုက်ကြသည်။ ဤအရာများသည် ထိုသို့သောသူများ လိုက်စားသည့်အရာများဖြစ်သည်။ ၎င်းတို့က ထိုကဲ့သို့သော အရာများအကြောင်း အဘယ့်ကြောင့် အစဉ်တွေးတောနေကြသနည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက် တရားဒေသနာများကို ကြားပြီးသည့်နောက်တွင်၊ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် နားမလည်ကြသလော။ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် မသိမြင်နိုင်ကြသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့သည် ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ထင်မြင်ယူဆချက်တို့ကို အမှန်တကယ် မပြောင်းလဲနိုင်သလော။ ထိုသို့လုံးဝ မဟုတ်ပေ။ ပြဿနာသည် ၎င်းတို့နှင့် စတင်သည်။ သမ္မာတရားကို ၎င်းတို့ မချစ်သောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ ၎င်းတို့စိတ်နှလုံးတွင် သမ္မာတရားကို စိတ်ကုန်နေသောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် သမ္မာတရားကို လုံးလုံး လက်ခံလိုခြင်းမရှိပေ။ ဤအရာကို ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရတို့ဖြင့် ဆုံးဖြတ်ခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အန္တိခရစ်တွေက ဂုဏ်နဲ့ အဆင့်အတန်းကို အထူးသဖြင့် မြတ်နိုးကြတာကို ဘုရားသခင်က ဖော်ထုတ်ပြတယ်။ သူတို့ရှာသမျှက ဂုဏ်နဲ့ အဆင့်အတန်းရဖို့ပဲ။ ဒါက ဘဝမှာ သူတို့ရဲ့ ပန်းတိုင်ပဲ။ သူများတွေက လေးစားတာ၊ ကြည်ညိုတာကို သူတို့ မရတော့တာနဲ့ တစ်ပြိုင်နက် လူတွေရဲ့ စိတ်နှလုံးတွေထဲမှာ သူတို့ရဲ့နေရာမရှိတော့ရင် အလုပ်လုပ်ဖို့ စိတ်မပါတော့ဘူး။ ဘဝက အဓိပ္ပာယ်မရှိဘူးလို့တောင် မြင်ကြတယ်။ သူတို့အတွက် ဂုဏ်နဲ့ အဆင့်အတန်းက ဘဝလောက် အရေးကြီးကြတယ်။ ဒါက အန္တိခရစ်ရဲ့ သဘာဝပဲ။ ကျွန်တော် ရှာဖွေတာက အန္တိခရစ်နဲ့အတူတူပဲဆိုတာ သဘောပေါက်သွားတယ်။ ကျွန်တော် ဘယ်နေရာမှာပဲရှိရှိ၊ ဘယ်သူနဲ့ပဲ ရှိရှိ ကျွန်တော့်ရဲ့ ဂုဏ်နဲ့ အဆင့်အတန်းကို အမြဲတမ်း ဦးစားပေးတယ်။ သူများတွေက လေးစားတာ၊ ချီးမွမ်းတာကိုရဖို့ကို ဂရုအစိုက်ဆုံးပဲ။ တာဝန်တစ်ခုက ကျွန်တော့်ကို သူများတွေ အထင်ကြီးပြီး သူတို့လေးစားတာကို ရစေတယ်ဆိုရင် ကျွန်တော်က ဖြည့်ဆည်းချင်စိတ်ရှိတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဂုဏ်နဲ့ အဆင့်အတန်းကို မြှင့်မပေးဘူးဆိုရင် အလုပ်က ဘယ်လောက်ပဲ အရေးကြီးပါစေ ကျွန်တော်က မလုပ်ချင်ဘူး။ ရှောင်ဖို့အတွက် ဆင်ခြေရှာတယ်။ ဒီတစ်ခါမှာလိုပေါ့။ စာပေပိုင်းမှာ လုပ်ဖို့ အစ်ကိုက ကျွန်တော့်ကို ပြောတော့ ဒီအလုပ်က အရေးကြီးတယ်၊ လူတွေ အရေးတကြီးလိုနေတယ်ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်တော့် အစွမ်းအစက သာမန်ပဲဖြစ်တယ်၊ အသိအမှတ်ပြုခံရအောင် လုပ်နိုင်မှာမဟုတ်ဘူး၊ အလုပ်မှာ ရလဒ်မကောင်းရင် ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင်တောင် လုပ်မိနိုင်တယ်ဆိုပြီး တွေးတယ်။ အဖွဲ့စုဝေးပွဲနည်းနည်းကို ကြီးကြပ်နေတဲ့အချိန်မှာကျတော့ အဆင့်အတန်းမမြင့်ပေမဲ့၊ စာပေလိုမျိုး အရေးကြီးတာကို မလုပ်ရပေမဲ့ ကျွန်တော်က ကိုယ့်တာဝန်မှာ အတော်အတန်ကောင်းတဲ့ ရလဒ်တွေ ရတယ်။ ခေါင်းဆောင်တွေက ကျွန်တော့်ကို အထင်ကြီးရုံတင်မကဘူး။ ညီအစ်ကိုမောင်နှမတွေကလည်း လေးစားကြတယ်။ ဒါတွေက ကျွန်တော့် အတ္တကို တော်တော်လေး ဖြည့်ဆည်းပေးတာပေါ့။ ပြစ်ချက်၊ အားသာချက်တွေကို ချိန်ဆပြီးတော့ ကျွန်တော်က ကမ္ဘာလောကရဲ့ ဒီထောင့်လေးမှာရှိတဲ့ ကျွန်တော့်တာဝန်ကိုပဲ ဖက်တွယ်ချင်နေတုန်းပဲ။ စာသားအလုပ်ကို စမလုပ်ချင်ဘူး။ စာတန်က ကျွန်တော့်ကို ရိုက်သွင်းပေးထားတဲ့ အယူအဆတွေက တင်းတင်းကျပ်ကျပ် ချည်နှောင်တာ၊ ချုပ်ချယ်တာကို ကျွန်တော် ခံထားရတယ်ဆိုတာကို မြင်ခဲ့တယ်။ “သစ်တစ်ပင်သည် အခေါက်အတွက် အသက်ရှင်သကဲ့သို့ လူတစ်ဦးသည် သူ၏ မျက်နှာအတွက် အသက်ရှင်၏”၊ “လူတစ်ယောက်ရဲ့ အမွေအနှစ်ဆိုတာ သူ့ဘဝရဲ့ ပဲ့တင်သံပဲ” “ပြီးတော့ ရေအိုင်ငယ်ထဲမှာ ငါးကြီးဖြစ်ရတာ ပိုကောင်းတယ်” ဆိုတာမျိုးတွေပေါ့။ ဒီဆိုးယုတ်တဲ့ အဆိပ်တွေက ကျွန်တော့်နှလုံးသားထဲမှာ အမြစ်တွယ်နေပြီ။ ကျွန်တော်က ဒီအဆိပ်တွေနဲ့ အသက်ရှင်နေပြီး အရာအားလုံးထက် ဂုဏ်နဲ့ အဆင့်အတန်းကို ဦးစားပေးခဲ့တယ်။ သူများတွေလေးစားတာကိုရပြီး ကျွန်တော့် အတ္တကို ဖြည့်ဆည်းဖို့အတွက် တာဝန်တစ်ခုကိုတောင် ငြင်းပယ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးခဲ့တယ်။ ကျွန်တော်က အရမ်းကို မနာခံခဲ့တာပါ။ အဲဒီတုန်းက ကျွန်တော် တော်တော် လိပ်ပြာမလုံဖြစ်ပြီး စိတ်မချမ်းမသာဖြစ်ခဲ့တယ်။ ဒါက လုံးဝ တာဝန်ထမ်းဆောင်တာမဟုတ်ပါဘူး။ ကျွန်တော်က ကိုယ့်ရဲ့ ဂုဏ်နဲ့ အဆင့်အတန်းအတွက်လုပ်ဖို့ ကိုယ့်တာဝန်ကို ဟန်ပြအဖြစ် အသုံးပြုနေခဲ့တာပဲ။ ကျွန်တော်က အန္တိခရစ်လမ်းကြောင်းကို လျှောက်နေတာပါ။ ဒါကို သဘောပေါက်သွားတော့ ကျွန်တော် နည်းနည်းလန့်သွားတယ်။ အားထုတ်လိုက်စားတဲ့နေရာမှာ ဒီလွဲနေတဲ့ အမြင်တွေနဲ့ ရှင်သန်ပြီး ပြင်ဖို့ လုံးဝ မကြိုးစားဘူးဆိုရင် နောက်ဆုံးမှာ ဘုရားသခင်က စက်ဆုပ်ရွံရှာတာကို ကျွန်တော် ခံရမှာပဲ။
နောက်ပိုင်းမှာ ကျွန်တော့်အပေါ် တော်တော်သက်ရောက်မှုရှိခဲ့တဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်တယ်။ ဘုရားသခင်က ပြောသည်- “အစအဦးမှသည် ယနေ့ထိတိုင်၊ လူသာလျှင် ဘုရားသခင်နှင့် စကားပြောဆိုနိုင်စွမ်း ရှိဖူးလေသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ သက်ရှိအရာများနှင့် အဖန်ဆင်းခံသတ္တဝါ အားလုံးအလယ်တွင် လူသားကလွဲ၍ မည်သူမျှ ဘုရားသခင်နှင့် စကားပြောနိုင်စွမ်း မရှိဖူးပေ။ လူ၌ သူ့ကို ကြားစေနိုင်သော နားများရှိပြီး သူ့ကို မြင်ခွင့်ပေးသော မျက်လုံးများ ရှိသည်။ သူ၌ ဘာသာစကားရှိပြီး သူ၏ ကိုယ်ပိုင် အတွေးအခေါ်များနှင့် လွတ်လပ်သော စိတ်သဘောရှိသည်။ သူသည် ဘုရားသခင် စကားပြောသည်ကိုကြားရန်၊ ဘုရားသခင်၏အလိုကို နားလည်ရန်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန် လိုအပ်သမျှအားလုံးကို ပိုင်ဆိုင်သည်၊ ထို့ကြောင့် လူကို သူနှင့် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ပြီး သူနှင့်အတူ လျှောက်လှမ်းနိုင်သော အဖော်တစ်ဦး ဖြစ်စေလိုလျက်၊ ဘုရားသခင်သည် သူ၏အလိုဆန္ဒအားလုံးကို လူသားအပေါ် ပေးအပ်လေသည်။ ဘုရားသခင်သည် စီမံခန့်ခွဲရန် စတင်ခဲ့ကတည်းက၊ လူသားအနေဖြင့် မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးဖို့၊ ယင်းကို ဘုရားသခင်အား သန့်စင်ခွင့်ပေးပြီး ပြင်ဆင်ခွင့်ပေးဖို့၊ ဘုရားသခင်ကို ကျေနပ်စေပြီး ဘုရားသခင်၏ ချစ်ခြင်းကို ခံရစေဖို့၊ ဘုရားသခင်အား ကြည်ညိုပြီး မကောင်းမှုကို ရှောင်ကြဉ်ဖို့၊ ဘုရားသခင်သည် စောင့်ဆိုင်းနေပြီးဖြစ်သည်။ ဘုရားသခင်သည် ဤရလဒ်ကို အစဉ် မျှော်လင့်ကာ စောင့်ဆိုင်းပြီးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ဘုရားသခင်က သက်ရှိတွေ အများကြီးကို ဖန်ဆင်းခဲ့တယ်။ ဒါပေမဲ့ ဖန်ဆင်းခံတွေ အားလုံးထဲမှာ ဘုရားက လူသားမျိုးနွယ်နဲ့ပဲ စကားပြောတယ်။ လူသားကိုပဲ တောင်းဆိုတာတွေ၊ မျှော်လင့်တာတွေ လုပ်တယ်။ သူ့အလိုတော်နဲ့တစ်ထပ်တည်းကျတဲ့၊ သူ့အလိုတော်ကို အရေးစိုက်ပြီး သူ့အတွက် ဝန်ထမ်းရွက်တဲ့ လူတစ်စုကို သူ ဖန်တီးဖို့ မျှော်လင့်တယ်။ ဒါက လူသားမျိုးနွယ်အတွက် ဘုရားရဲ့ မျှော်လင့်ချက်ပဲ။ ဘုရားသခင်ကို သုံးလေးနှစ် ယုံကြည်ပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်းခြင်း၊ အသင်းတော်ရဲ့ ပျိုးထောင်ပေးခြင်းနဲ့ သင်တန်းအခွင့်အရေးတွေ အများကြီးကို ကျွန်တော် ခံစားပြီးတဲ့နောက်မှာ တချို့ သမ္မာတရားတွေကို ကျွန်တော် နားလည်လာပြီး အတတ်ပညာပိုင်းမှာရော၊ အသက်ဝင်ရောက်မှုမှာပါ ကြီးထွားတိုးတက်ခဲ့တာတွေကို စဉ်းစားမိတယ်။ ဒါတွေအားလုံးက ဘုရားရဲ့ ကျေးဇူးတော်ကြောင့်ပဲ။ ဒါပေမဲ့ ဘုရားနဲ့ အသင်းတော်အလုပ်အပေါ် ကျွန်တော် ဘယ်လိုသဘောထားမျိုးရှိခဲ့လဲ။ အလုပ်ကို ထူးထူးခြားခြားအရေးစိုက်တာ တစ်ခုမှမရှိဘူး။ ဘာတာဝန်ကိုမှ မယူဘူး။ ပြီးတော့ ကျွန်တော့်ရဲ့ ဂုဏ်နဲ့ အဆင့်အတန်းကို ထိန်းဖို့အတွက် တာဝန်ကိုတောင် ငြင်းဆန်ခဲ့တယ်။ အပြင်ပန်းမှာတော့ ကျွန်တော်က ယုံကြည်ခြင်းကို လက်တွေ့လုပ်ပြီး တာဝန်ထမ်းဆောင်နေတာပဲ။ ဒါပေမဲ့ စိတ်နှလုံးထဲမှာတော့ ကျွန်တော်က ဘုရားအတွက် ချစ်ခြင်းမရှိဘူး။ ဘုရားအလိုတော်ကို အရေးမစိုက်ဘူး။ ကျွန်တော်က ဘုရားကျေးဇူးတော်ကို မနာခံခြင်း၊ လှည့်စားခြင်းနဲ့ တုံ့ပြန်ခဲ့တယ်။ ဘုရားရဲ့ မျှော်လင့်ချက်နဲ့ တောင်းဆိုချက်တွေကို ရင်ဆိုင်ရတဲ့အခါမှာ ကျွန်တော် တော်တော်ရှက်ပြီး နောင်တရတယ်။ ကျွန်တော်က အရမ်းကို မနာခံလွန်းပြီး အသိစိတ်၊ ဆင်ခြင်တုံတရား နည်းနည်းလေးမှ မရှိသလို ခံစားမိတယ်။ အဲဒါနဲ့ ကျွန်တော့်ရဲ့ လက်ရှိအခြေအနေကို ပြုပြင်ချင်ပြီး အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းပြီးတော့ အသက်ရှင်ချင်စိတ်မရှိတော့ဘဲ ဘုရားကို ဆုတောင်းခဲ့တယ်။ ဘုရားအလိုတော်ကို အရေးစိုက်ပြီး တိုးတက်အောင် ကြိုးစားဖို့ အသင့်ဖြစ်နေတာပေါ့။
နောက်ပိုင်းမှာ ကျွန်တော် ဆင်ခြင်သုံးသပ်ပြီးတော့ ကျွန်တော့်မှာရှိတဲ့ တခြားပြဿနာတစ်ခုကို သတိထားမိသွားတယ်။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရှိတာအပြင်ကို ဒီတာဝန်ကို ကျွန်တော် ငြင်းဆန်တဲ့ နောက်ထပ်အကြောင်းပြချက်တစ်ခုက ကျွန်တော့်မှာရှိတဲ့ အယူအဆတစ်ခုကြောင့်ပဲ။ အစွမ်းအစကောင်းရှိပြီး အထူးကျွမ်းကျင်မှုတွေရှိတာက တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့အတွက် အရေးပါဆုံးအချက်တွေပဲလို့ ကျွန်တော် ထင်ခဲ့တယ်။ ဒီတော့ အသင်းတော်က ကျွန်တော့်ကို တာဝန်တစ်ခုပေးပြီး ကျွန်တော်က အဲဒီနယ်ပယ်မှာ ပါရမီမရှိဘူး၊ ကျွန်တော့်အစွမ်းအစက စံမမီဘူးလို့ ခံစားရရင် ကျွန်တော်က ကြိုးစားကြည့်ဖို့တောင် စိတ်ရှုပ်မခံတော့ဘူး။ ကျွန်တော့်ရဲ့ မကောင်းတဲ့ အစွမ်းအစနဲ့ ကျွမ်းကျင်မှုမရှိတာကို ကိုးကားပြီး တာဝန်ကို တိုက်ရိုက် ငြင်းလိုက်တယ်။ ဒါပေမဲ့ ဒီအယူအဆက မှန်ရဲ့လား။ ဘုရားရဲ့ ရည်ရွယ်ချက်က ဘာလဲ။ နောက်ဆုံးမှာ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဘုရားရဲ့ ရည်ရွယ်ချက်ကို ကျွန်တော် နားလည်အောင်လုပ်ပေးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် တွေ့သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြမှုများသည် မည်သည့်အရာများဖြစ်သနည်း။ ရှေးဦးစွာ ဘုရားနှုတ်ကပတ်တော်များကို သံသယမရှိခြင်းဖြစ်သည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြမှုတစ်ခုဖြစ်သည်။ အမှုအရာအားလုံးတွင် သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းသည်လည်း ထို့အတူဖြစ်သည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း အရေးကြီးဆုံးသော ဖော်ပြမှုဖြစ်ပြီး အရေးပါဆုံးဖြစ်သည်။ သင်သည် ရိုးသားသည်ဟု ဆိုသော်လည်း အစဉ်သဖြင့် ဘုရားနှုတ်ကပတ်တော်ကို စိတ်ထဲတွင် မထားဘဲ သင် အလိုရှိသမျှကို လုပ်ဆောင်သည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြချက်ဖြစ်သလော။ သင်က ‘ငါ့အစွမ်းအစက ညံ့ပေမဲ့ ငါ့မှာ ရိုးသားတဲ့ နှလုံးသားရှိတယ်’ ဟု ဆိုသည်။ သို့တိုင်အောင် တာဝန်တစ်ခုသည် သင့်အပေါ်သို့ ကျရောက်သောအခါ သင်သည် ကောင်းစွာမလုပ်ဆောင်လျှင် ဒုက္ခခံရမည်ကိုလည်းကောင်း၊ တာဝန်ခံရမည်ကိုလည်းကောင်း ကြောက်သည်။ ထို့ကြောင့် ထိုတာဝန်ကို ရှောင်ရန်အတွက် ဆင်ခြေများပေးသည်။ သို့မဟုတ် အခြားတစ်ယောက်ယောက်ကို လုပ်ဆောင်ဖို့ အကြံပြုသည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြချက်ဖြစ်သလော။ မဖြစ်သည်မှာ သိသာထင်ရှား၏။ ဤသို့ဆိုလျှင် ရိုးသားသူတစ်ယောက်က မည်သို့ ပြုမူသင့်သနည်း။ ဘုရားသခင်၏ အစီအစဉ်များကို နာခံသင့်သည်။ မိမိထမ်းဆောင်ရမည့် တာဝန်တွင် ဆက်ကပ်အပ်နှံခြင်းရှိရမည်။ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရမည်။ ဤအရာသည် နည်းလမ်းအချို့ဖြင့် ပေါ်လွင်ထင်ရှားလေသည်။ တစ်ခုမှာ ရိုးသားသောနှလုံးသားတစ်ခုဖြင့် မိမိတာဝန်ကို လက်ခံခြင်း၊ သင်၏ ဇာတိပကတိ အကျိုးစီးပွားများကို မစဉ်းစားခြင်း၊ ဤအရာနှင့်ပတ်သက်ပြီး စိတ်မပါ့တပါ မဖြစ်ခြင်း၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် ကြံစည်မှုမရှိခြင်းဖြစ်သည်။ ဤသည်မှာ ရိုးသားမှု၏ ဖော်ပြချက်တစ်ခုဖြစ်သည်။ အခြားတစ်ခုမှာ သင်၏ တာဝန်ကို စိတ်နှလုံးခွန်အား အကြွင်းမဲ့ဖြင့် ကောင်းစွာထမ်းဆောင်ခြင်း၊ အမှုအရာများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေရန်အတွက် သင်၏တာဝန်အပေါ် သင်၏ စိတ်နှလုံးနှင့် ချစ်ခြင်းကို မြုပ်နှံခြင်းတို့ဖြစ်သည်။ ဤအရာတို့သည် ရိုးသားသူတစ်ယောက်က မိမိတာဝန်ကို ထမ်းဆောင်စဉ်တွင် ရှိသင့်သည့် ဖော်ပြချက်များဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားက ရိုးသားသူတွေကို ချစ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် နားလည်သွားတယ်။ ကျွန်တော်တို့အားလုံးက သူနဲ့ ကျွန်တော်တို့တာဝန်ကို ရိုးသားတဲ့နှလုံးသားနဲ့ စစ်မှန်တဲ့ သဘောထားနဲ့ ဆက်ဆံနိုင်ဖို့ သူ မျှော်လင့်တယ်။ ကျွန်တော်တို့တာဝန်မှာ သူ့ကို ကျေနပ်စေဖို့ပဲ စဉ်းစားပြီး ကျွန်တော့်တို့ အကျိုးအတွက် မစဉ်းစားဖို့ မျှော်လင့်တယ်။ ရိုးသားသူတစ်ယောက်က သူ့တာဝန်ကို ချဉ်းကပ်တာဟာ တာဝန်ကို ကောင်းကောင်းလုပ်ဖို့အတွက် စိတ်နှစ်မြုပ်ပြီး အကောင်းဆုံး ကြိုးစားဖို့ပဲ။ သူ့မှာ အလုပ်အတွက် အထူးစွမ်းရည်ရှိမရှိက အရေးမကြီးဘူး။ သူက တကယ်တမ်း ဘယ်လောက် အောင်မြင်နိုင်သလဲဆိုတာလည်း အရေးမကြီးဘူး။ အသင်းတော်မှာ မတူတဲ့ တာဝန်တွေက မတူတဲ့ အစွမ်းအစနဲ့ အတတ်ပညာပိုင်းကျွမ်းကျင်မှုတွေ လိုတယ်။ အစွမ်းအစကောင်းပြီး အတတ်ပညာပိုင်း ကျွမ်းကျင်မှုတွေရှိတဲ့သူတွေက အမြန်တတ်လွယ်ပြီး ပိုကောင်းတဲ့ ရလဒ်တွေရမယ်။ အားနည်းတဲ့ အစွမ်းအစနဲ့ သာမန်ကျွမ်းကျင်မှုတွေရှိတဲ့သူတွေကတော့ ရလဒ်သိပ်ကောင်းမှာမဟုတ်ဘူး။ ဒီလိုပဲ ဖြစ်မှာပဲ။ ဒါပေမဲ့ အစွမ်းအစနဲ့ အတတ်ပညာပိုင်း ကျွမ်းကျင်မှုတွေက လူတစ်ယောက်က သူ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်သလားဆိုတာ ဆုံးဖြတ်ဖို့ တစ်ခုတည်းသော အချက်အလက်မဟုတ်ဘူး။ လူတစ်ယောက်ရဲ့ သူ့တာဝန်အပေါ် သဘောထား၊ တာဝန်သိစိတ်၊ သမ္မာတရားကို ရှာပြီး စည်းမျဉ်းတွေနဲ့အညီလုပ်နိုင်တဲ့ အရည်အချင်းတွေက သူ့တာဝန်မှာ အရေးပါဆုံး အချက်တွေပဲ။ တချို့လူတွေက တော်ပြီး အစွမ်းအစကောင်းရှိတဲ့ ပုံစံရှိတယ်။ ဒါပေမဲ့ မကောင်းတဲ့ လူ့သဘာဝရှိတယ်။ သူတို့တာဝန်မှာ အချောင်ခိုပြီး အပေါ်ယံပဲလုပ်တယ်။ သူတို့အစွမ်းအစက ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်မှာ။ ဒီလူတွေက ထုတ်ပယ်ခံရမှာပဲ။ နောက်ပြီးတော့ သာမန်အစွမ်းအစနဲ့ အလုပ်ကျွမ်းကျင်မှုတွေရှိတဲ့ ညီအစ်ကိုမောင်နှမတချို့ရှိတယ်။ ဒါပေမဲ့ သူတို့ စိတ်နှလုံးက နေရာမှန်မှာရှိတယ်။ ဇွဲလုံ့လရှိပြီး တာဝန်သိတတ်တယ်။ သမ္မာတရားကို ရှာဖို့ ဦးစားပေးတယ်။ ဆင်းရဲဒုက္ခခံနိုင်ပြီး အနစ်နာခံနိုင်တယ်။ ဒီလိုလူတွေက သူတို့တာဝန်မှာ အမြဲတမ်း တိုးတက်တယ်။ တစ်ခါတလေမှာ လူတွေက လုံလောက်အောင်ကောင်းတဲ့ အစွမ်းအစမရှိရင် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြမှုနဲ့ လမ်းပြမှုရဖို့ ဘုရားကို ဆုတောင်းရင် သူတို့အားနည်းချက်တွေကို ကူပြီး ဖာထေးပေးနိုင်တယ်။ ဒီလိုလူတွေက သူတို့တာဝန်တွေမှာ ရလဒ်ကောင်းတွေ ရနိုင်သေးတယ်။ အရင်တုန်းက သမ္မာတရားကို ကျွန်တော် နားမလည်တဲ့အချိန်မှာ တာဝန်တွေကို ငြင်းဆန်ပြီး ဒီတာဝန်ကနေ လွတ်သွားဖို့အတွက် ဆင်ခြေအနေနဲ့ ကျွန်တော် အစွမ်းအစနည်းတာကို အမြဲတမ်း သုံးခဲ့တယ်။ ကျွန်တော် ဒီလိုလုပ်တာက လုံးဝ ကျိုးကြောင်းသင့်တယ်လို့တောင် ထင်ခဲ့တယ်။ ရလဒ်အနေနဲ့ ကျွန်တော်က တာဝန်ကို မကိုင်တွယ်နိုင်ဘူးလို့ထင်ပြီး အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် နှိမ်ပြောတယ်။ စမ်းကြည့်ဖို့တောင် သတ္တိမရှိဘဲ အဲဒီအစား ဒီကမ်းလှမ်းတာတွေကို လက်ဆင့်ကမ်းပေးလိုက်တယ်။ နောက်တော့ ဒီအယူအဆက မှားနေပြီးတော့ ကျွန်တော့်တာဝန်မှာ ကျွန်တော့်ကို ဆွဲထားနိုင်တယ်ဆိုတာ မြင်သွားတယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ တော်တော်ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်သွားပြီးတော့ လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခု တွေ့သွားတယ်။ အဲဒီနောက်တော့ ကျွန်တော် ဘုရားကို ဆုတောင်းပြီး နာခံပြီး ကျွန်တော့် တာဝန်ကို ကောင်းကောင်းလုပ်ချင်စိတ်ရှိနေခဲ့တယ်။
အခုဆို အခက်အခဲတွေကို ကျွန်တော် ကြုံရင် အားနည်းတယ်လို့ ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် အရှက်ကွဲအောင်လုပ်မိမှာ ကြောက်နေတုန်းပဲ။ ဒါပေမဲ့ အနည်းဆုံးတော့ အရင်ကလို ရှောင်ထွက်သွားဖို့ ဆင်ခြေအနေနဲ့ အစွမ်းအစနည်းတာကို အသုံးမချတော့ဘူး။ ဥပမာအနေနဲ့ အခုရက်ပိုင်းမှာ ပြဿနာတစ်ခုကို ညီအစ်ကိုမောင်နှမတွေနဲ့ ဆွေးနွေးနေတုန်း ကျွန်တော်က လိုရင်းကို ရှင်းအောင်မပြောနိုင်ဘူး။ အရင်က နည်းလမ်းဟောင်းတွေက ပြန်တိုးဝင်လာတယ်။ “ငါ့အစွမ်းအစက ညံ့တယ်။ ငါ တိတ်တိတ်လေးနေပြီး သူများတွေပြောတာပဲ နားထောင်သင့်တယ်” ဆိုပြီး တွေးမိတယ်။ ဒါပေမဲ့ နောက်တော့ ဒါ မမှန်ကန်တဲ့ အခြေအနေပဲဆိုတာ သဘောပေါက်သွားတယ်။ အဲဒါနဲ့ ဘုရားကို သတိရှိရှိနဲ့ ဆုတောင်းပြီး ကျွန်တော့်တာဝန်ကို စိတ်ကျဉ်းကျပ်ခြင်းမရှိဘဲ ထမ်းဆောင်နိုင်ဖို့အတွက် ဂုဏ်နဲ့ အဆင့်အတန်းကို ကျွန်တော် အာရုံစိုက်တာကို လမ်းလွှဲပေးဖို့ ဘုရားကို တောင်းခံခဲ့တယ်။ အဲဒီအချိန်မှာပဲ ဒီလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် တွေးမိတယ်။ “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကို ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်ဂုဏ်၊ ဂုဏ်သတင်းသို့မဟုတ် အဆင့်အတန်းကို မစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်ကို ခွန်အားပေးတယ်။ ကျွန်တော့် ရည်ရွယ်ချက်တွေကို မှန်အောင်လုပ်ပြီး အသင်းတော်ရဲ့ အကျိုးကို ဦးစားပေးရမယ်။ သူများတွေက ကျွန်တော့်အပေါ် ဘယ်လိုထင်တယ်ဆိုတာကို စဉ်းစားတာ၊ ကျွန်တော့်ဂုဏ်ကို ကာကွယ်ပြီး တာဝန်တွေကို ရှောင်တာတွေကို ရပ်ပြီး ကျွန်တော့် တာဝန်မှာ ရလဒ်ကောင်းတွေ ရအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ စစဉ်းစားရမယ်။ ဒါ ကျွန်တော်လုပ်ရမဲ့ဟာပဲ။ အဲဒါနဲ့ ကျွန်တော့် စိတ်ကို ငြိမ်အောင်ထိန်းပြီး ဒီမေးခွန်းကို စပြီး တွေးတယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော့် အတွေးတွေက ပိုရှင်းလာတယ်။ နောက်ပိုင်းမှာ သူများတွေဆီက အကူအညီဖြစ်တဲ့ အားဖြည့်မှုတွေနဲ့ ပြဿနာက နောက်ဆုံး ပြေလည်သွားတယ်။
စာသားအလုပ်က ကျွန်တော့်ရဲ့ အရင်တာဝန်ထက်ပိုပြီး အားထုတ်ဖို့လိုတယ်။ ပိုပြီး စိတ်ဖိစီးနိုင်တယ်။ ဒါပေမဲ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အသုံးချလိုက်ရင် လုပ်နိုင်တယ်လို့ ထင်တယ်။ ပြီးတော့လည်း လေ့ကျင့်တာ၊ စဉ်းစားတာ၊ ရှာဖွေတာတွေကနေတစ်ဆင့် သမ္မာတရားရဲ့ တချို့ အသေးစိတ်အချက်တွေနဲ့ လက်တွေ့လုပ်ဖို့ စည်းမျဉ်းတွေကို ကျွန်တော် ပိုသိလာတယ်။ ဒါတွေအားလုံးကနေတစ်ဆင့် ကျွန်တော် တကယ်ကို အများကြီး ရခဲ့ပါတယ်။ ကျေးဇူးတော်ပဲ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။