လူတို့သည် ဘဝတွင် မည်သည့်အရာကို လိုက်စားသင့်သနည်း

18.02.2026

ဝမ်ယင်၊ တရုတ်ပြည်

ကျွန်မကို ၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက သာမန်ကျေးလက်မိသားစုတစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ ကျွန်မမှာ မောင်နှမတွေ အများကြီးရှိပြီးတော့ ဘဝက ဆင်းရဲကျပ်တည်းခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့ရွာမှာ ခရိုင်မြို့ထဲမှာ အလုပ်လုပ်ကြတဲ့ မိသားစုတချို့ရှိတယ်။ သူတို့က လစာတွေရတယ်၊ ကောင်းကောင်းစားတယ်၊ တင့်တောင့်တင့်တယ် ဝတ်ကြတယ်။ ရွာကလူတွေကလည်း သူတို့ကို အရမ်းကို ယဉ်ကျေးပြီး လေးစားကြတယ်။ ဒါတွေကို မြင်တဲ့အခါ ကျွန်မ တွေးမိလာတယ်၊ “ပိုက်ဆံရှိတာက ပိုကောင်းတာပဲ။ စားဝတ်နေရေး ပြည့်စုံတယ်၊ လူတွေကလည်း အထင်ကြီးကြတယ်” ပေါ့။ အမေကလည်း ကျွန်မကို ခဏခဏ တိုက်တွန်းတယ်၊ “ငါတို့အိမ်မှာ ချမ်းသာတဲ့ ဆွေမျိုးတစ်ယောက်မှ မရှိဘူး၊ အလုပ်ရဖို့ နည်းလမ်း လည်း မရှိဘူး။ သမီး စာကြိုးစားရမယ်၊ နောင်တစ်ချိန်မှာ တက္ကသိုလ်တက်ပြီး အလုပ်တစ်ခုရှာ၊ သမီး အောင်မြင်သွားမှ အမေစိတ်အေးရမှာ” တဲ့။ ဒါကြောင့် တက္ကသိုလ်ဝင်ခွင့်ရတာကို ကိုယ့်ကံကြမ္မာကို ပြောင်းလဲပေးနိုင်မဲ့ တစ်ခုတည်းသော မျှော်လင့်ချက်အဖြစ် ကျွန်မ သဘောထားခဲ့တယ်။ ဒါပေမဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲ နီးလာတဲ့အချိန်မှာ မထင်မှတ်ထားတာတစ်ခု ဖြစ်လာခဲ့တယ်။ အမေ့မှာ အစာမျိုပြွန်ကင်ဆာဖြစ်နေပြီး ခွဲစိတ်ဖို့ ဆေးရုံတက်ရမှာ၊ အဲဒါက ပိုက်ဆံအများကြီးလိုတယ်။ မိသားစုမှာ ကျွန်မကို ကျောင်းဆက်ထားဖို့ ပိုက်ဆံ တကယ်မရှိခဲ့ဘူး။ အဲဒီအချိန်မှာ ကျွန်မအတွက်တော့ ကမ္ဘာကြီးပြိုကျလာသလိုပါပဲ။ အဲဒီနောက်ပိုင်းရက်တွေမှာ အမေ့ကို ဆေးရုံမှာ ကုသမှုတွေ၊ ကီမိုသွင်းတာတွေအတွက် ကျွန်မ လိုက်ပြီးတော့ ကူညီပေးခဲ့ပေမဲ့ အမေက ဆုံးပါးသွားခဲ့တယ်။ ကျွန်မရဲ့ ကောလိပ်တက်ဖို့ အိပ်မက်တွေလည်း ကြေမွသွားခဲ့ရတယ်။ လူတစ်ယောက်က ကျွန်မမျက်နှာကို တည့်တည့်ကြည့်ပြီးတော့တောင် လှောင်ပြောင်ခဲ့သေးတယ်၊ “မင်းကတော့ အနီရောင်စံအိမ်တွေရဲ့ အိပ်မက်ထဲက ချင်ဝန်လို ကံကြမ္မာမျိုးပဲ။ ရည်မှန်းချက်ကြီးသလောက် ကံမပါဘူး။ ကံကိုသာပုံအပ်လိုက်တော့” တဲ့။ ဒီလှောင်ပြောင်မှုကို ရင်ဆိုင်ရတော့ လောကကြီးရဲ့ပုံစံတွေဟာ ဘယ်လောက် မတည့်တံ့တဲ့အပြင် ကိုယ့်အကျိုးပဲ ကြည့်တတ်ကြပုံကို ကျွန်မ ခံစားလိုက်ရတယ်။ ကိုယ့်မှာ ပိုက်ဆံမရှိရင် လူတိုင်းက အထင်သေးကြမှာပဲ။ အဲဒီအချိန်မှာ ကျွန်မ စိတ်ပိုင်းဖြတ်လိုက်တယ်၊ ကိုယ့်ဂုဏ်သိက္ခာအတွက် တိုက်ခိုက်တွန်းလှန်ဖို့ အားမာန်ရှိရမယ်လို့ပေါ့။ ပိုက်ဆံရှာဖို့ နည်းလမ်းတစ်ခုကို ကျွန်မ မဖြစ်မနေ ရှာရမယ်၊ ဒီလိုနဲ့ တစ်နေ့နေ့မှာ ကျွန်မကို လှောင်ပြောင်ခဲ့တဲ့လူတွေ ကျွန်မကို အမြင်ပြောင်းသွားဖို့ လုပ်ပြနိုင်အောင်ပေါ့။

အိမ်ထောင်ကျပြီးတဲ့နောက်မှာ ဆရာဝန်အလုပ်က ဝင်ငွေလည်းကောင်း၊ လူတွေကလည်း လေးစားကြတော့ ဒါက ရွေးချယ်မှုကောင်းတစ်ခုပဲလို့ ကျွန်မမြင်ခဲ့တယ်။ ဒါကြောင့် ဆေးကျောင်းတက်ရအောင် စာရင်းသွင်းပေးဖို့ ကျွန်မယောက်ျားကို သူ့အဆက်အသွယ်တွေ သုံးပြီး ကူညီခိုင်းခဲ့တယ်။ သုံးနှစ်ကြာ ဆေးပညာသင်တန်းပြီးတဲ့နောက်မှာ ကိုယ်ပိုင်ဆေးခန်း ဖွင့်ခဲ့တယ်။ ကျွန်မက လူတွေကို ကြင်နာတော့ တဖြည်းဖြည်းနဲ့ ကျွန်မဆေးခန်းကို လာကုတဲ့လူတွေ ပိုပိုများလာတယ်။ ကျွန်မက ဆေးပညာကိုလည်း ဆက်ပြီးလေ့လာတယ်၊ အရည်အချင်းလက်မှတ် မျိုးစုံကိုလည်း ရယူခဲ့တယ်။ ကျွန်မရဲ့ ဆေးကုသမှုစွမ်းရည်ကလည်း တိုးတက်လာခဲ့ပြီး မကြာခင်မှာပဲ ဒေသမှာ နာမည်နည်းနည်းရလာတဲ့ ဆရာဝန်တစ်ယောက် ဖြစ်လာခဲ့တယ်။ ကျွန်မက ဆေးခန်းဖွင့်တာကနေ ယောက်ျားရဲ့အလုပ်ထက် ပိုက်ဆံပိုရှာနိုင်ခဲ့တယ်၊ ကိုယ့်လူနာတွေကလည်း ကိုယ့်ကို လေးစားတယ်၊ ကိုယ့်ဆွေမျိုးမိတ်ဆွေတွေကလည်း အထင်ကြီးကြတယ်။ ကျွန်မသူငယ်ချင်းရဲ့ဇနီးကတောင် ကျွန်မကို လူကိုယ်တိုင်တွေ့ပြီး ချီးကျူးခဲ့တယ်၊ “နင်က အခုဆို အဝတ်အစားဝတ်တာ အရမ်း ကျက်သရေရှိလာတာပဲ။ လွန်ခဲ့တဲ့ သုံးလေးနှစ်နဲ့ယှဉ်ရင် လုံးဝကို မတူတော့တဲ့ပုံပေါက်သွားတယ်” တဲ့။ ကျွန်မကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ မိတ်ဆွေတွေ ပိုပိုများလာခဲ့ပြီး ကျွန်မကို အကူအညီတောင်းတဲ့လူတွေလည်း များလာတယ်။ အရင်က ကျွန်မကို လှောင်ပြောင်ခဲ့တဲ့လူတောင် ကျွန်မကိုတွေ့ရင် မျက်နှာချိုသွေးပြီး မြှောက်ပင့်ပြောဆိုလာတယ်။ “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်” ဆိုတာနဲ့ “မြို့လယ်ခေါင်မှာနေပြီး ဆင်းရဲနေတဲ့အခါမှာ ဘယ်သူကမှ ကိုယ့်ကိုဂရုမစိုက်ကြပေမဲ့ တောတောင်ထဲမှာနေပြီး ချမ်းသာတဲ့အခါမှာ ဘူးသီးမှ အရီးတော်ကြတယ်” ဆိုတာ တကယ်မှန်တာပဲ။ ဆေးခန်းဖွင့်လိုက်တာက ကျွန်မအတွက် ကျော်ကြားမှုရော အကျိုးအမြတ်ပါ ယူဆောင်လာပေးပြီး ကျွန်မရဲ့ အတ္တတွေက အကြီးအကျယ် ကျေနပ်သွားခဲ့တယ်။

နှစ်တွေကြာလာတာနဲ့အမျှ ကျွန်မရဲ့ ဆေးကုသမှုစွမ်းရည်တွေ ဆက်ပြီးတိုးတက်လာတော့ ကျွန်မဆီကို ဆေးကုသဖို့လာတဲ့လူတွေလည်း ပိုပိုများလာတယ်။ အနီးအနားက ကျောင်းတစ်ကျောင်းက ဆရာတချို့က သူတို့ကျောင်းမှာ ဆေးခန်းလာဖွင့်ဖို့ ကျွန်မကို ဖိတ်ခေါ်ခဲ့တယ်။ ဒီလိုပိုက်ဆံရှာဖို့ အခွင့်အရေးကောင်းကို ကျွန်မ လက်လွှတ်မခံခဲ့ပါဘူး။ ကျွန်မ ဆေးခန်းနှစ်ခုကို တပြိုင်တည်း ဖွင့်လှစ်လုပ်ကိုင်ခဲ့ပြီးတော့ ပိုပြီးတော့ အလုပ်များလာခဲ့တယ်။ ကျွန်မယောက်မက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားဟောခဲ့ပေမဲ့ အချိန်အင်အား၊ လူအင်အားရှိသမျှကို ဆေးခန်းတွေမှာပဲ နှစ်မြှုပ်ထားခဲ့လို့ စုံစမ်းစစ်ဆေးဖို့ အချိန်မရှိခဲ့ဘူး။ တစ်ခါက အသက် ၂ နှစ်အရွယ် ကလေးမလေးတစ်ယောက်ကို ဆေးထိုးပြီးတော့ ကျွန်မ အလုပ်သိမ်းခဲ့တယ်။ ထမင်းစားနေတုန်း ရုတ်တရက် ကလေးမိသားစုဆီက ဖုန်းဝင်လာတယ်။ ကလေးက ပါးစပ်က အမြှုပ်တွေထွက်ပြီး တစ်ကိုယ်လုံး တက်နေလို့ ဗဟိုဆေးရုံကြီးမှာ အရေးပေါ်တင်ထားရတယ်၊ အမြန်ဆုံးလိုက်ခဲ့ပါလို့ သူတို့က ကျွန်မကို ပြောတယ်။ ကျွန်မ ကြောက်လွန်းလို့ မျက်နှာ သွေးဆုတ်ဖြူရော်သွားပြီး ဆေးရုံကို အမြန်ပြေးသွားခဲ့တယ်။ တာဝန်ကျဆရာဝန်က “အခုတော့ ဘာမှမဖြစ်တော့ပါဘူး။ ကလေးက ဆေးမတည့်တာ ဖြစ်နိုင်တယ်” လို့ ပြောတယ်။ နောက်တစ်ခါမှာတော့ လူနာတစ်ယောက်ကို အရေပြားမှာ ဆေးမတည့်မှု စမ်းသပ်ကြည့်တော့ ဘာမှမဖြစ်ခဲ့ဘူး။ ဒါပေမဲ့ ဆေးသွင်းနေတုန်းမှာပဲ သူက ရုတ်တရက် တစ်ကိုယ်လုံး တုန်တက်လာတယ်။ ကုတင်တစ်ခုလုံး လှုပ်ခါနေပြီး ကျွန်မရဲ့ နှလုံးက ရင်ဘတ်ထဲကနေ ခုန်ထွက်တော့မလိုပါပဲ။ အရေးပေါ်ကုသမှုလုပ်ပြီးတော့မှ သူ တဖြည်းဖြည်း ပြန်ကောင်းလာခဲ့တယ်။ ဒီအဖြစ်အပျက်နှစ်ခုဖြစ်ပြီးတဲ့နောက်မှာ ကျွန်မရဲ့အာရုံကြောတွေက နေ့တိုင်း တင်းမာနေခဲ့ပြီး ဆေးကုသမှု မတော်တဆဖြစ်မှာကို ကြောက်လို့ တစ်နေ့လုံး ရင်တထိတ်ထိတ်နဲ့ နေခဲ့ရတယ်။ ဆေးခန်းဖွင့်တာက ပိုက်ဆံတချို့ ရှာပေးနိုင်ပြီး လူတွေရဲ့ အထင်ကြီးလေးစားမှုက ကျွန်မရဲ့မာနကို ကျေနပ်စေခဲ့ပေမဲ့ အလုပ်ရှုပ်တဲ့ နေ့တစ်နေ့ပြီးသွားတဲ့အခါ ကျွန်မ ခံစားရတာကတော့ အနှစ်မဲ့ပြီး မရှင်းမလင်းဖြစ်နေသလို ခံစားချက်ပါပဲ။ ကျွန်မက ငယ်ငယ်ကတည်းက သခင်ယေရှုကို ယုံကြည်ခဲ့တာပါ။ ဆေးခန်းမဖွင့်ခင်ကဆိုရင် ဆုတောင်းတာ၊ ကျမ်းစာဖတ်တာတွေ ခဏခဏ လုပ်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ကျွန်မခေါင်းထဲမှာ တစ်နေ့လုံး တွေးနေတာက ဆေးကုတဲ့အခါ ဘယ်လိုသတိထားမလဲ လုပ်ဖော်ကိုင်ဖက်တွေထက်သာအောင် ကိုယ့်ရဲ့ဆေးပညာအရည်အချင်းကို ဘယ်လိုမြှင့်တင်မလဲ ဆိုတာတွေချည်းပဲ။ ဆုလည်းမတောင်းဖြစ်တော့ဘူး၊ ကျမ်းစာလည်း မဖတ်ဖြစ်တော့ဘူး။ ကျွန်မရဲ့စိတ်နှလုံးက ဘုရားသခင်နဲ့ ပိုပိုပြီးတော့ အလှမ်းဝေးကွာသွားခဲ့ပြီး ဘာသာတရား မရှိသူတစ်ယောက်လိုပဲ အသက်ရှင်နေခဲ့တယ်။ ကျွန်မ ပြောင်းလဲချင်ခဲ့ပေမဲ့ တစ်နေ့လုံး အလုပ်များလွန်းလို့ လွတ်မြောက်ဖို့ ခွန်အားမရှိခဲ့ဘူး။

ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်အနေနဲ့ ကျွန်မဘဝရဲ့ အချိုးအကွေ့က ၂၀၀၈ ခုနှစ်မှာ ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်မအသက် ၃၆ နှစ်ရှိပြီ၊ ဒုတိယကလေးကို လွယ်ထားရတဲ့အချိန်ပေါ့။ ကိုယ်ဝန်လေးလအရွယ်မှာ သွေးပေါင်ချိန်အရမ်းတက်နေမှန်း သိခဲ့ရပြီး ခြောက်လ၊ ခုနစ်လလောက်ရောက်တော့ တစ်ကိုယ်လုံး ဖောရောင်လာတယ်၊ သွားတွေလည်း ယိုင်နဲ့လာတယ်၊ ဘယ်အချိန်ကတည်းကလဲမသိဘူး ဆံပင်တွေကလည်း ဖြူကုန်တယ်။ သွေးပေါင်ချိန်က ဆက်ပြီးတက်နေလို့ ဆေးရုံတက်ခဲ့ရတယ်။ တစ်ညမှာတော့ ကျွန်မသွားတော်တော်များများက သွေးတွေထွက်လာပြီး ဗိုက်ကလည်း နည်းနည်းနာလာတယ်။ သွေးသွန်လွန်မယ့် ရှေ့ပြေးလက္ခဏာတွေ ပေါ်လာတော့ ဆရာဝန်တစ်ပြုံကြီးနဲ့ အရေးပေါ် စုပြီးတိုင်ပင်ကြပြီးနောက်မှာ ချက်ချင်း ခွဲမွေးဖို့ ကျွန်မရဲ့ ဆရာဝန်က ဆုံးဖြတ်လိုက်တယ်။ ခွဲစိတ်နေတုန်း ကလေးရော၊ လူကြီးပါ မရှင်လောက်လို့လည်း သူတို့က ပြောခဲ့တယ်။ ကျွန်မ ခွဲစိတ်ကုတင်ပေါ်မှာ လှဲနေရင်း ခွဲစိတ်ကိရိယာတွေရဲ့ တချွင်ချွင်အသံတွေကို နားထောင်နေတုန်းမှာပဲ စိတ်ထဲမှာ ရှုပ်ယှက်ခတ်တဲ့ အတွေးတွေ ပြည့်နေခဲ့တယ်။ “ငါအသက် ၃၆ နှစ်ပဲ ရှိသေးတာ၊ တစ်လျှောက်လုံး ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်နောက်ပဲ လိုက်ခဲ့တယ်။ တကယ်လို့ ငါသေသွားခဲ့ရင် ကမ္ဘာကြီးမှာ ပိုက်ဆံတွေ ဘယ်လောက်ပဲများများ ရှိရှိ ဘာအသုံးဝင်တော့မှာလဲ။ ဘယ်ငွေပမာဏကမှ ငါ့အသက်ကို ကယ်နိုင်မှာမဟုတ်ဘူး။ ပိုက်ဆံ၊ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ လူတွေရဲ့အထင်ကြီးလေးစားမှုဆိုတာတွေအားလုံးက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားမဲ့ အရာတွေပဲ မဟုတ်လား” လို့ပေါ့။ ခွဲစိတ်နေတုန်းမှာပဲ ဆရာဝန်က အံ့ဩတဲ့လေသံနဲ့ ပြောတယ်၊ “အချင်းက လေးပုံသုံးပုံလောက် ကွာနေပြီ၊ ဒါပေမဲ့ သွေးသွန်တာမျိုး မရှိဘူး။ ကလေးရော၊ လူကြီးပါ ဘေးကင်းတယ်။ တကယ့်ကို ကံကောင်းတာပဲ” တဲ့။ ဆေးရုံကဆင်းပြီးတဲ့နောက်မှာ ကျွန်မအရမ်းအားနည်းနေလို့ အိမ်မှာပဲ အနားယူခဲ့ရတယ်။ ကျွန်မယောက်မက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်အကြောင်းကို ကျွန်မကို ထပ်ပြီး သက်သေခံခဲ့တယ်။ သူ့ရဲ့မိတ်သဟာယကို နားထောင်ရင်းနဲ့ ဘုရားသခင်ဟာ နောက်ဆုံးသောကာလမှာ သမ္မာတရားကို ဖော်ပြပြီး လူတွေကို ကယ်တင်ဖို့ လူ့ဇာတိခံပြီး ကြွလာတယ်ဆိုတာကို ကျွန်မနားလည်ခဲ့တယ်။ သမ္မာတရားကို လက်ခံမှသာ လူတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက သန့်စင်ပြောင်းလဲခြင်း ခံရနိုင်မယ်၊ အဲဒီနောက်မှသာ ကပ်ဘေးတွေထဲမှာ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုကို ခံရပြီး ရှင်သန်ကျန်ရစ်တဲ့အပြင် ကောင်းမွန်တဲ့ ပန်းတိုင်ကို ရရှိနိုင်မှာဖြစ်တယ်။ ကျွန်မရဲ့ အချိန်နဲ့ခွန်အားအားလုံးကို စီးပွားရေးထဲမှာပဲ နှစ်မြှုပ်ထားခဲ့တဲ့ နှစ်တွေကို ကျွန်မ ပြန်တွေးကြည့်မိတယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို စုံစမ်းစစ်ဆေးဖို့ ကျွန်မ ဘယ်တုန်းကမှ မကြိုးစားခဲ့ဘူး။ စစ်မှန်တဲ့ဘုရားသခင်ကိုသာ ကျွန်မ ငြင်းပယ်ခဲ့ရင် ဒါဟာ ဘုရားသခင်ကို အတိုက်အခံလုပ်တာပဲ။ ဒီအတွေးကြောင့် ကျွန်မ နည်းနည်းကြောက်သွားပြီး မှန်တဲ့ လမ်းခရီးကို စူးစမ်းဖို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ နောက်ပိုင်းရက်တွေမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အများကြီးကို ကျွန်မဖတ်ခဲ့ပြီး သခင်ယေရှုဟာ အနန္တတန်ခိုးရှင် ဘုရားသခင်အနေနဲ့ ပြန်ကြွလာပြီဆိုတာကို သေချာသွားခဲ့တယ်။ အဲဒီနောက်မှာတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့ပြီး အသင်းတော်အသက်တာကို စတင်ခဲ့တယ်။

အချိန်ကာလတစ်ခုကြာပြီးနောက်မှာ ကျွန်မခန္ဓာကိုယ်က ပြန်ကျန်းမာလာပြီး မကြာခင်မှာပဲ ရေလောင်းပေးတဲ့ သင်းထောက်အဖြစ် ရွေးချယ်ခံခဲ့ရတယ်။ တာဝန်တစ်ခု ထမ်းဆောင်နိုင်ဖို့ ကျွန်မကို ချီးမြှောက်တဲ့အတွက် ဘုရားသခင်ကို အရမ်းကျေးဇူးတင်ခဲ့တယ်။ ကျွန်မက စုဝေးပွဲတွေအများကြီး တက်နေရလို့ ဆေးခန်းမှာ မရှိတာကများပြီး လူနာတွေလည်း တဖြည်းဖြည်း နည်းလာခဲ့တယ်။ ကျွန်မ အရမ်းစိုးရိမ်လာပြီး တွေးမိတယ်၊ “ဒီအတိုင်းသာ ဆက်သွားရင် ဘာဖြစ်မလဲ။ ငါ့ဆီမှာ ပြနေကျလူနာတွေအားလုံး တခြားနေရာကို သွားကုကြရင် နောင်ကျရင် ငါ ပိုက်ဆံဘယ်လိုရှာရမလဲ။ ဒီလိုသာဆက်ဖြစ်နေရင် ငါ့ဆေးခန်းတွေ ပိတ်လိုက်ရမှာ မဟုတ်ဘူးလား။ မဖြစ်ဘူး။ ငါ့ကို စုဝေးပွဲအဖွဲ့ နည်းနည်းပဲ တာဝန်ပေးအောင် အသင်းတော်ခေါင်းဆောင်တွေကို ငါ သွားပြောဖို့ လိုအပ်တယ်” လို့ပေါ့။ ဒါပေမဲ့လည်း ကျွန်မ တွေးမိတယ်။ ကျွန်မဟာ ဖန်ဆင်းခံတစ်ယောက်ဖြစ်ပြီး ကိုယ့်စွမ်းနိုင်သလောက် တာဝန်ထမ်းဆောင်သင့်တယ်၊ ဒါဟာ ကျွန်မမှာရှိသင့်တဲ့ အသိတရားနဲ့ ဆင်ခြင်တုံတရားပဲ လို့ပေါ့။ ခေါင်းဆောင်တွေကို ဘာမှမပြောဖြစ်ခဲ့ဘူး။ စုဝေးပွဲတွေမှာ ကျွန်မက အရမ်းကို အနေရခက်ပြီး ဘဝင်မကျခဲ့ဘူး။ ဒီစုဝေးပွဲတက်လို့ ပိုက်ဆံဘယ်လောက်ဆုံးရှုံးသွားလဲဆိုတာကို ခိုးပြီးတွက်နေမိတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စဉ်းစားသုံးသပ်ဖို့ ဘုရားရှေ့မှာ စိတ်ကို လုံးဝ ငြိမ်အောင်မထားနိုင်ခဲ့ဘူး။ ကျွန်မရဲ့အခြေအနေက မမှန်မှန်းသိလို့ ဘုရားသခင်ဆီ ဆုတောင်းပြီး ရှာဖွေခဲ့တယ်။ တစ်နေ့မှာ ကျွန်မအတွက် အရမ်း အထောက်အကူဖြစ်တဲ့ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်သည် ဘုရားသခင်၏စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများကို မရှာဖွေပါက၊ ထို့အပြင် စုံလင်ခြင်းကို သင်ရှာဖွေမှုတွင် အုပ်စုရှေ့တွင်ရှိဖို့ သင် မကြိုးပမ်းပါက၊ သင်သည် နောက်ဆုံးတွင် နောင်တဖြင့် ပြည့်မည်ဖြစ်သည်။ စုံလင်ခြင်းကိုရရှိဖို့ အကောင်းဆုံး အခွင့်အရေးမှာ ယခုဖြစ်သည်။ ယခုအချိန်သည် အလွန့်အလွန် ကောင်းမွန်သောအချိန် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အလေးအနက် မကြိုးစားပါက၊ သူ၏အမှု အဆုံးသတ်သည်နှင့်တစ်ပြိုင်နက် အလွန် နောက်ကျသွားလိမ့်မည်။ သင် အခွင့်အရေးကို လက်လွတ်သွားပြီး ဖြစ်လိမ့်မည်။ သင့် ရည်မှန်းချက်များ မည်မျှပင် ကြီးမားပါစေ၊ ဘုရားသခင်သည် အမှုကို ဆောင်ရွက်နေခြင်း မရှိတော့ပါက၊ သင် မည်မျှပင် အားထုတ်သည်ဖြစ်စေ၊ စုံလင်ခြင်းကို ဘယ်သောအခါမျှ ရရှိနိုင်လိမ့်မည်မဟုတ်။ သင်သည် ဤအခွင့်အရေးကို လက်မလွတ်တမ်း အသုံးချရမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်က သူ၏ကြီးမြတ်သောအမှုကို လုပ်ဆောင်စဉ် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။ ဤအခွင့်အရေးကို သင် လက်လွတ်သွားပါက၊ မည်သည့် အားထုတ်မှုကို သင် ပြုပါစေ၊ သင့်ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးမည်မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားလော့)အကယ်၍ ယခုတွင် ငါသည် သင်တို့ရှေ့၌ ငွေကြေးအချို့ကို ပုံပေးပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးပါက၊ ထို့ပြင် ငါသည် သင်တို့၏ ရွေးချယ်မှုအတွက် သင်တို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပါက အများစုသည် ငွေကြေးကိုသာ ရွေးပြီး သမ္မာတရားကို ပစ်ပယ်ကြပေလိမ့်မည်။ သင်တို့ထဲက ပိုကောင်းသောလူများသည် ငွေကြေးကို မယူဘဲ သမ္မာတရားကို အင်တင်တင်နှင့် ရွေးချယ်ကြလိမ့်မည်၊ ထိုနှစ်မျိုးကြားထဲမှ လူများမှာမူ လက်တစ်ဖက်နှင့် ငွေကြေးကို ဖမ်းကိုင်လျက် ကျန်လက်တစ်ဖက်နှင့် သမ္မာတရားကို ဖမ်းကိုင်ကြလိမ့်မည်။ ဤနည်းနှင့်ဆိုပါက သင်တို့၏ ဗီဇရုပ်များသည် ပကတိအတိုင်း ရှင်းသွားလိမ့်မည် မဟုတ်လော။ သမ္မာတရားနှင့် သင်တို့သစ္စာစောင့်သိသော အရာတစ်ခုခုကို ရွေးကြစတမ်း ဆိုပါက သင်တို့အားလုံးသည် ဤနည်းဖြင့်သာ ရွေးချယ်လိမ့်မည်ဖြစ်ပြီး သင်တို့၏ သဘောထားသည် တစ်ပုံစံတည်း ရှိနေရစ်မည်ဖြစ်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ သင်တို့ထဲ၌ အမှားနှင့် အမှန်ကြား ဝေခွဲမရဖြစ်နေသူ များစွာရှိသည် မဟုတ်လော။ အပြုသဘောဆောင်ခြင်းနှင့် အပျက်သဘောဆောင်ခြင်း၊ အဖြူနှင့်အမည်း၊ မိသားစုနှင့် ဘုရားသခင်၊ သားသမီးနှင့် ဘုရားသခင်၊ သဟဇာတကျခြင်းနှင့် ပြိုကွဲခြင်း၊ ကြွယ်ဝခြင်းနှင့် ဆင်းရဲခြင်း၊ အဆင့်အတန်းနှင့် သာမန်ဖြစ်ခြင်း၊ ပံ့ပိုးအားပေးမှုခံရခြင်းနှင့် ငြင်းပယ်ခံရခြင်း စသည်တို့ကြားမှ ရုန်းကန်မှုများအားလုံးတွင် သင်တို့ပြုလုပ်ခဲ့သည့် ရွေးချယ်မှုများနှင့်ပတ်သက်၍ သင်တို့သည် သေချာပေါက် မသိနားမလည်ခြင်း မဟုတ်။ သဟဇာတကျသောမိသားစုနှင့် အိမ်ထောင်ကွဲ မိသားစုအကြားဆိုလျှင် သင်တို့သည် တုံ့ဆိုင်းမနေဘဲ ပထမတစ်ခုကို ရွေးကြသည်၊ စည်းစိမ်ဥစ္စာနှင့် တာဝန်ဝတ္တရား ဆိုလျှင်လည်း ကမ်းခြေသို့ ပြန်ဆိုက် လိုစိတ်ပင် မရှိဘဲ ပထမတစ်ခုကိုသာ ထပ်ရွေးကြသည်၊ ဇိမ်ခံခြင်းနှင့် ဆင်းရဲမှုအကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ သားသမီးများ၊ ဇနီး၊ ခင်ပွန်းနှင့် ငါနှင့်အကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ အယူအဆများနှင့် သမ္မာတရား ဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြဆဲဖြစ်သည်။ သင်တို့၏ အမျိုးမျိုးသော ဒုစရိုက်အမှုများကို ရင်ဆိုင်ရသည့်အတွက်၊ ငါသည် သင်တို့အပေါ်၌ ယုံကြည်ခြင်း ကင်းမဲ့သွားခဲ့ကာ အလွန်အမင်းပင် အံ့အားသင့်မိလေသည်။ သင်တို့၏ စိတ်နှလုံးများသည် မထင်မှတ်လောက်အောင်ပင် ပျော့ပျောင်းလာနိုင်စွမ်း မရှိချေ။ နှစ်ပေါင်းများစွာ ငါ အသုံးခံခဲ့သည့် ကြီးမားသော အဖိုးအခသည် အံ့အားသင့်စရာ ကောင်းလောက်အောင် သင်တို့၏ စွန့်ပစ်ခြင်းနှင့် လက်မှိုင်ချခြင်းမှလွဲ၍ ငါ့အား မည်သည့်အရာမျှ မဆောင်ကြဉ်းပေးခဲ့သော်လည်းသို့သော် တစ်ယောက်ချင်းစီ၏ရှေ့၌ ငါ၏နေ့ရက်ကို အလုံးစုံချခင်းထားပြီး ဖြစ်သည့်အတွက် သင်တို့အပေါ်ထားသော ငါ၏မျှော်လင့်ချက်များမှာ တစ်နေ့ပြီးတစ်နေ့ ပိုကြီးထွားလာ၏။ သို့တိုင်အောင် သင်တို့သည် အမှောင်ထုနှင့် ဆိုးယုတ်သော အရာများကို လိုက်စားနေကြဆဲဖြစ်ကာ ယင်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်ကြသည်။ ထိုသို့ဆိုလျှင် သင်တို့၏ အဆုံးသတ်ကား အဘယ်အရာဖြစ်မည်နည်း။ ဤအကြောင်းကို သင်တို့ သေသေချာချာ တွေးကြည့်ဖူးသလော။ အကယ်၍ သင်တို့ကို ထပ်ရွေးခိုင်းပါက သင်တို့၏ရပ်တည်ချက်သည် မည်သို့ဖြစ်လိမ့်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို အတိအကျ သစ္စာစောင့်သိနေသနည်း) ဘုရားနှုတ်ကပတ်တော်တွေကနေ လူသားတွေကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ အရေးတကြီး ရည်ရွယ်ချက်ကို ကျွန်မ မြင်ခဲ့ရတယ်။ အခု ဘုရားသခင်ရဲ့အမှုတော်က လူတွေရဲ့အဆုံးသတ်ကို အဆုံးအဖြတ်ပေးမယ့် အရေးကြီးတဲ့အချိန်ကို ရောက်နေပြီ။ နေရာအနှံ့မှာ ငလျင်၊ အငတ်ဘေး၊ ကပ်ရောဂါတွေအပါအဝင် ကပ်ဘေးအမျိုးမျိုးက ခဏခဏဆိုသလို ကျရောက်နေတယ်။ ဘုရားသခင်ရဲ့အမှုတော်က ပြီးဆုံးခါနီးပြီဖြစ်လို့ ဘုရားသခင်နောက် လိုက်လျှောက်ပြီး သူ့ကယ်တင်ခြင်းကို ကျွန်မတို့ လက်ခံတာဟာ ကယ်တင်ခံရဖို့ ကျွန်မတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ။ ဒီအခွင့်အရေးကိုသာ လွဲချော်သွားရင် တစ်ဘဝလုံး နောင်တရနေရလိမ့်မယ်။ ရေလောင်းခြင်းတာဝန်ကို ထမ်းဆောင်ခွင့်ရတာက ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲ။ ကိုယ်တော့်ရဲ့ရည်ရွယ်ချက်က ကျွန်မကို တာဝန်ထမ်းဆောင်ရင်းနဲ့ သမ္မာတရားတွေ ပိုပြီးရရှိစေဖို့ပဲ။ ဒါပေမဲ့ ကျွန်မက စုဝေးပွဲတွေများများတက်ရင် ပိုက်ဆံရှာဖို့ အချိန်မရှိမှာကို ကြောက်ခဲ့တယ်။ စုဝေးပွဲတွေမှာလည်း ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားသုံးသပ်ဖို့ စိတ်ကိုမငြိမ်သက်ထားနိုင်ခဲ့ဘဲ စုဝေးပွဲအဖွဲ့ နည်းနည်းပဲ တာဝန်ယူရအောင် ခေါင်းဆောင်တွေကို ပြောချင်စိတ်တောင် ပေါက်ခဲ့တယ်။ ပိုက်ဆံနဲ့ တာဝန်ကြားမှာ ကျွန်မက ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်လိုမျိုး အပြင်ပန်းအရာတွေကိုပဲ စွဲကိုင်ထားပြီး လက်မလွှတ်နိုင်ခဲ့ဘူး။ ဘုရားသခင်ရဲ့အမှုတော် ပြီးဆုံးသွားပြီး ကြီးမားတဲ့ ကပ်ဘေးကြီးတွေ ကျရောက်လာတဲ့အခါမှာ ကျွန်မသာ သမ္မာတရားကို မရရှိသေးဘူးဆိုရင် ကပ်ဘေးတွေထဲမှာ သေကြေပျက်စီးသွားမှာပဲ။ အဲဒီအချိန်ကျမှ ကျွန်မ ဘယ်လောက်ပဲ ငိုကြွေးပြီး အံသွားခဲကြိတ်ပါစေ၊ ဘယ်လောက်ပဲ ခါးခါးသီးသီး နောင်တရနေပါစေ အရမ်း အချိန်နှောင်းသွားမှာပဲ။ ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်နောက်လိုက်တာက ဇာတိပကတိအတွက် ကောင်းမွန်တဲ့ ပျော်ရွှင်မှုကို ယူဆောင်လာပေးနိုင်ပြီး လူတွေရဲ့ လေးစားအထင်ကြီးမှုကို ရရှိစေနိုင်ပေမဲ့ ဒါတွေအားလုံးက ခဏတာ ကျေနပ်မှုတစ်ခုပဲဆိုတာကိုလည်း ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့ရတယ်။ ကပ်ဘေးကျရောက်လာတဲ့အခါမှာတော့ ပိုက်ဆံက ကိုယ့်အသက်ကို လုံးဝကယ်တင်နိုင်မှာ မဟုတ်ဘူး။ ကျွန်မ ဆေးခန်းတွေဖွင့်ပြီး ပိုက်ဆံနည်းနည်းရှာနိုင်ခဲ့ပေမဲ့ ကလေးမွေးတုန်းက သွေးသွန်လွန်ပြီး သေမလိုဖြစ်ခဲ့ပုံကို ကျွန်မစဉ်းစားမိတယ်။ ဘုရားသခင်ရဲ့ စောင့်ရှောက်မှုနဲ့ ကွယ်ကာမှုကြောင့်သာ မဟုတ်ခဲ့ရင် ဘယ်ပိုက်ဆံပမာဏကမှ ကျွန်မအသက်ကို ကယ်နိုင်မှာမဟုတ်ဘူး။ သူငယ်ချင်းတစ်ယောက်ရဲ့ဇနီးက ဆရာမတစ်ယောက်ပါ၊ သူအသက် ၃၀ ကျော်မှာ ရင်သားကင်ဆာဖြစ်မှန်း သိခဲ့ရတယ်။ ဈေးကြီးတဲ့ နိုင်ငံခြားတင်သွင်းဆေးတွေသုံးတာတောင် သူ့အသက်ကို မကယ်နိုင်ခဲ့ဘဲ နောက်ဆုံးမှာတော့ အသက် ၃၆ နှစ်မှာပဲ ကွယ်လွန်သွားခဲ့တယ်။ နောက်ပြီး ကျွန်မအတန်းဖော်တစ်ယောက်က အရိုးအကြောဆေးရုံတစ်ခုဖွင့်ထားပြီး ကျွန်မတို့ခရိုင်မှာ တော်တော်လေး နာမည်ကြီးတယ်။ မထင်မှတ်ဘဲနဲ့ သူက အသည်းကင်ဆာဖြစ်မှန်းသိခဲ့ရပြီး ခြောက်လအကြာမှာပဲ ကံမကောင်းရှာဘဲ ကွယ်လွန်သွားခဲ့တယ်။ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ သတိရမိတယ်။ “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။(ရှင်မဿဲခရစ်ဝင် ၁၆:၂၆) အခုနှစ်ပိုင်းတွေမှာ ကပ်ဘေးတွေက ပိုပိုပြီးတော့ ဆိုးရွားလာတယ်၊ ကမ္ဘာတစ်ဝန်းမှာ ငလျင်၊ အငတ်ဘေးနဲ့ ကပ်ရောဂါတွေ ခဏခဏဖြစ်ပွားနေတယ်။ လူတွေအများကြီးက ဒီကပ်ဘေးတွေထဲမှာ ရုတ်တရက် သေဆုံးကြရတယ်။ ကိုယ့်မှာ ပိုက်ဆံဘယ်လောက်ပဲရှိရှိ၊ သေခြင်းတရားကို ရင်ဆိုင်ရတဲ့အခါမှာ အမြဲတမ်းစွမ်းအားမဲ့နေတာပဲ။ ပိုက်ဆံက ဘယ်သူ့အသက်ကိုမှ မကယ်နိုင်ဘူး။ ဘုရားသခင်နောက်လိုက်ပြီး သမ္မာတရားကို လိုက်စားတဲ့အပြင် ဖန်ဆင်းခံတစ်ယောက်ရဲ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်မှသာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ခံရပြီး ရှင်သန်ကျန်ရစ်နိုင်မယ်၊ အဲဒီအခါမှသာ ကောင်းမွန်တဲ့ ကံကြမ္မာနဲ့ ပန်းတိုင်ကို ရရှိနိုင်မှာဖြစ်တယ်။ အခု လူသားတွေကို ကယ်တင်တဲ့ ဘုရားသခင်ရဲ့အမှုတော်က မပြီးဆုံးသေးဘူး။ ကျွန်မ သမ္မာတရားကို လေးလေးနက်နက် လိုက်စားပြီး ကိုယ့်တာဝန်ထမ်းဆောင်ခွင့်ရတဲ့ လက်ရှိအခွင့်အရေးကို တန်ဖိုးထားသင့်တယ်။ အဲဒီနောက်ပိုင်းမှာတော့ အချိန်ရရင် ဘုရားနှုတ်ကပတ်တော်တွေကို ပိုပြီးဖတ်ဖြစ်တယ်၊ စုဝေးပွဲတွေမှာလည်း စိတ်ကို ငြိမ်သက်ထားနိုင်ခဲ့တယ်။

နောက်ပိုင်းမှာ ကျန်းမာရေးဌာနက ရပ်ကွက်ဆေးခန်းအားလုံးကို ပေါင်းစည်းပြီး စုပေါင်းစီမံခန့်ခွဲမှုအောက်မှာထားဖို့နဲ့ သမဝါယမကျန်းမာရေးစရိတ် ပြန်အမ်းငွေစနစ်ကို အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း ကြေညာခဲ့တယ်။ လူနာတွေက ပုဂ္ဂလိကဆေးခန်းတွေမှာ ကုသရင် ဆေးဖိုးဝါးခ ပြန်မရနိုင်တော့ဘူး။ ကျွန်မရပ်ကွက်နားမှာ ဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်တချို့က ကျွန်မတို့ ဆေးခန်းတွေပေါင်းဖို့ကိစ္စကို ကျွန်မနဲ့ လာဆွေးနွေးကြတယ်။ ဆေးခန်းတွေပေါင်းပြီးရင် လုပ်ငန်းက ပိုကျယ်ပြန့်လာပြီး ပိုက်ဆံလည်း ပိုရှာနိုင်မှာ သေချာတယ်လို့ ကျွန်မတွေးမိတယ်။ ဆေးခန်းပေါင်းစည်းရေးက ကျွန်မအတွက် အရမ်းကြီးမားတဲ့ စုံစမ်းသွေးဆောင်မှုတစ်ခုပဲ။ ဒါပေမဲ့ အခု ကျွန်မက ရေလောင်းခြင်းတာဝန်ကို ထမ်းဆောင်နေပြီး နေ့တိုင်းလိုလို စုဝေးပွဲတွေရှိတာကို ပြန်စဉ်းစားမိတယ်။ ကိုယ်ပိုင်ဆေးခန်းဖွင့်ထားတုန်းကတော့ ကျွန်မအချိန်က တော်တော်လေး လွတ်လပ်တယ်။ ဆေးခန်းတွေသာ ပေါင်းလိုက်ရင် ကျွန်မရဲ့ မိတ်ဖက်တွေက သူတို့အကျိုးစီးပွားအတွက် ကျွန်မကို ပုံမှန်စုဝေးပွဲသွားတက်တာကနေ တားဆီးမှာသေချာတယ်၊ အဲဒီအခါကျရင် စုဝေးပွဲတက်ဖို့နဲ့ တာဝန်ထမ်းဆောင်ဖို့ အရင်လို လွတ်လပ်တော့မှာ မဟုတ်ဘူး။ ကျွန်မရဲ့အသက်တာလည်း သေချာပေါက် ထိခိုက်နစ်နာမှာပဲ။ စုဝေးပွဲတက်တာနဲ့ ကိုယ့်တာဝန်ထမ်းဆောင်တာကို မထိခိုက်စေဖို့ဆိုရင် ဆေးခန်းတွေကို ပေါင်းလို့မဖြစ်ဘူးဆိုတာ သေချာတယ်။ ဒါပေမဲ့ မပေါင်းဘူးဆိုရင်လည်း ကျွန်မဆေးခန်းတွေမှာ ဆေးဖိုးပြန်တောင်းလို့မရနိုင်တာကိုတွေ့တော့ လူနာတွေက သေချာပေါက်ကို တဖြည်းဖြည်းနဲ့ ပိုနည်းလာမှာပဲ။ အချိန်ကြာလာတာနဲ့အမျှ ကျွန်မဆေးခန်းတွေက ဒေဝါလီခံရမယ့်အခြေအနေကို ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီအခါကျရင် ပိုက်ဆံရှာတဲ့နည်းလမ်း လုံးဝကို ဆုံးရှုံးသွားတော့မှာ။ ဒီလိုရွေးချယ်မှုနဲ့ ရင်ဆိုင်ရတော့ ကျွန်မ တွေဝေနေပြီး သူတို့ကို “ကျွန်မ နည်းနည်းထပ်စဉ်းစားပါရစေဦး” လို့ ပြောလိုက်တယ်။ နောက်ပိုင်းရက်တွေမှာ ကျွန်မရဲ့စိတ်နှလုံးက ဧရာမကျောက်တုံးကြီးတစ်ခုနဲ့ ဖိထားသလိုမျိုး အရမ်းကို လေးလံနေခဲ့တယ်။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ချစ်ရတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်၊ အခု သမီးရဲ့ဆေးခန်းတွေက ဒီပေါင်းစည်းရေးအစီအစဉ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သမီးအရမ်း ဒွိဟဖြစ်နေပြီး ဘာလုပ်ရမှန်းမသိပါဘူး။ ကိုယ်တော် သမီးကို လမ်းပြတော်မူပါ” လို့ပေါ့။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ပြီး ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ကျွန်မ လိုက်စားရတဲ့ အရင်းအမြစ်ကို နားလည်မှု နည်းနည်း ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘ငွေက ကမ္ဘာကို လည်ပတ်စေသည်။’ ဤသည်မှာ ခေတ်ရေစီးကြောင်းတစ်ခုလော။ သင်တို့ပြောခဲ့သည့် ဖက်ရှင်နှင့် အစားအသောက်ကောင်း ခေတ်ရေစီးကြောင်းများနှင့် နှိုင်းယှဉ်ပါက ဤသည်မှာ ပို၍ ဩဇာမကြီးသလော။ ‘ငွေသည် ကမ္ဘာကို လည်ပတ်စေသည်’ ဟူသည်မှာ စာတန်၏ အတွေးအခေါ်တစ်ခု ဖြစ်သည်။ ယင်းမှာ လူ့အဖွဲ့အစည်းတိုင်းရှိ လူတို့ကြားတွင် အလွန် ပျံ့နှံ့နေပြီး ရေပန်းစားမှုတစ်ခုဖြစ်သည်ဟု သင် ဆိုနိုင်ပေသည်။ အကြောင်းမှာ ယင်းကို လူတစ်ဦးချင်းစီတိုင်း၏ စိတ်နှလုံးထဲတွင် သွတ်သွင်းထားခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အစပိုင်းတွင် ဤဆိုရိုးစကားကို လက်မခံခဲ့ကြသော်လည်း လက်တွေ့ဘဝနှင့် ထိတွေ့သောအခါ ဖွင့်ဟပြောရန်မလိုသည့် နားလည်မှုဖြင့် လက်ခံခဲ့ကြပြီး ဤစကားများသည် အမှန်စင်စစ် မှန်ကန်သည်ဟု စတင်ခံစားလာခဲ့ကြသည်။ ဤသည်မှာ စာတန်က လူကို ဖောက်ပြန်ပျက်စီးစေသည့် ဖြစ်စဉ်တစ်ခု မဟုတ်လော။ လူတို့သည် ဤဆိုရိုးစကားနှင့်ပတ်သက်၍ တူညီသော အတိုင်းအတာရှိသည့် အတွေ့အကြုံဆိုင်ရာ သိမြင်မှု မရှိနိုင်သော်လည်း လူတိုင်းသည် ၎င်းတို့၏ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်ခဲ့သော အမှုအရာများနှင့် မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံများကို အခြေခံ၍ ဤဆိုရိုးစကားအပေါ် အတိုင်းအတာအမျိုးမျိုးရှိသော အနက်ဖွင့်ဆိုချက်နှင့် အသိအမှတ်ပြုမှု ရှိကြသည်။ ယင်းမှာ မမှန်ကန်သလော။ လူတစ်ဦးသည် ဤဆိုရိုးစကားနှင့်ပတ်သက်၍ မည်မျှ နက်ရှိုင်းသော အတွေ့အကြုံ ရှိသည်ဖြစ်စေ ယင်းက ၎င်းတို့၏ စိတ်နှလုံးအပေါ် မည်သို့သော အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိခဲ့သနည်း။ ယင်းမှာ သင်တို့တစ်ဦးချင်းစီတိုင်း ပါဝင်သည်ဟု ဆိုနိုင်သည့် ဤလောကရှိ လူတို့သည် ၎င်းတို့၏ စိတ်သဘောထားမှ တစ်စုံတစ်ခုကို ထုတ်ဖော်ပြသကြသည်။ ယင်းမှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ ငွေကို ကိုးကွယ်ခြင်း ဖြစ်သည်။ ဤအရာကို လူတို့၏ စိတ်နှလုံးများမှ ဖယ်ရှားရန် လွယ်ကူပါသလော။ မလွယ်ကူပေ။ ဤသည်မှာ စာတန်၏ လူကို ဖောက်ပြန်ပျက်စီးစေခြင်းသည် အမှန်တကယ် နက်ရှိုင်းကြောင်း ပြသနေခြင်းပင်တည်း။ စာတန်သည် လူတို့ကို ဖြားယောင်းသွေးဆောင်ရန် ငွေကို အသုံးပြုပြီး ၎င်းတို့အားလုံးကို ငွေနှင့် ရုပ်ဝတ္ထုပစ္စည်းများကို ကိုးကွယ်စေရန် ဖောက်ပြန်ပျက်စီးစေသည်။ ဤငွေကို ကိုးကွယ်ခြင်းသည် လူတို့၌ မည်သို့ ထင်ရှားပေါ်လွင်သနည်း။ ဤလောကတွင် သင်တို့သည် ငွေမရှိဘဲ အသက်မရှင်နိုင်ဟုလည်းကောင်း၊ ယင်းမရှိဘဲ တစ်နေ့တာမျှပင် မဖြတ်သန်းနိုင်ဟုလည်းကောင်း သင်တို့ မထင်ကြသလော။ လူတို့တွင် ငွေမည်မျှရှိသည်က ၎င်းတို့၏ အဆင့်အတန်း မည်မျှမြင့်မားသည်ကိုလည်းကောင်း၊ ၎င်းတို့ မည်မျှ ဂုဏ်သရေ ရှိသည်ကိုလည်းကောင်း ဆုံးဖြတ်သည်။ ဆင်းရဲသားတို့သည် မိမိတို့ ခေါင်းမဖော်နိုင်ဟု ခံစားရသော်လည်း ချမ်းသာသူတို့မှာမူ မြင့်မားသော အဆင့်အတန်းရှိကြပြီး ခေါင်းမော့ရင်ကော့ကာ ကျယ်လောင်စွာ စကားပြောနိုင်ပြီး မာနထောင်လွှား၍ အထိန်းအကွပ်မဲ့သော ပုံစံဖြင့် နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ရေပန်းစားမှုတို့က လူတို့ထံသို့ အဘယ်အရာကို ဆောင်ကြဉ်းပေးသနည်း။ လူများစွာတို့သည် ငွေရှာရန်အလို့ငှာ မည်သည့် စွန့်လွှတ်မှုကိုမဆို ပြုလုပ်ရန် လိုလားကြသည်မှာ အမှန် မဟုတ်လော။ လူများစွာတို့သည် ပိုမိုသောငွေကို လိုက်စားရာတွင် မိမိတို့၏ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို မဆုံးရှုံးကြသလော။ လူများစွာတို့သည် ငွေကြေးအတွက် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်သို့ လိုက်ရန် အခွင့်အရေးကို မဆုံးရှုံးကြသလော။ သမ္မာတရားကို ရရှိရန်နှင့် ကယ်တင်ခြင်းခံရရန် အခွင့်အရေးကို ဆုံးရှုံးခြင်းသည် လူတို့အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှု မဟုတ်လော။ ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို အသုံးပြုရုံမျှဖြင့် စာတန်သည် လူကို ထိုသို့သော အတိုင်းအတာအထိ ဖောက်ပြန်ပျက်စီးစေသည်။ စာတန်၏ ရည်ရွယ်ချက်သည် ယုတ်မာသည် မဟုတ်လော။ ဤသည်မှာ မလိုမုန်းထားသော လှည့်ကွက်တစ်ခု မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တာကတော့ တာဝန်နဲ့ပိုက်ဆံကြားမှာ ရွေးချယ်မှုတစ်ခုလုပ်ရတိုင်း ကျွန်မက ပိုက်ဆံနဲ့အကျိုးအမြတ်ကိုပဲ အမြဲရွေးချယ်ခဲ့တယ်ဆိုတာပါပဲ။ ဒါရဲ့အဓိကအကြောင်းရင်းက စာတန်ဆန်တဲ့ အတွေးအခေါ်တွေရဲ့ ဒုက္ခပေးလို့ပါပဲ။ ငယ်ငယ်ကတည်းက “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်” နဲ့ “မြို့လယ်ခေါင်မှာနေပြီး ဆင်းရဲနေတဲ့အခါမှာ ဘယ်သူကမှ ကိုယ့်ကိုဂရုမစိုက်ကြပေမဲ့ တောတောင်ထဲမှာနေပြီး ချမ်းသာတဲ့အခါမှာ ဘူးသီးမှ အရီးတော်ကြတယ်” ဆိုတဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်တွေက ကျွန်မနှလုံးသားထဲမှာ စွဲထင်နေခဲ့တယ်။ ပိုက်ဆံက လူတွေရဲ့အမြင်မှာ အဆင့်အတန်းတစ်ခုကို ပေးတယ်၊ ပိုက်ဆံရှိမှ ဂုဏ်ယူဝင့်ကြွားနိုင်မယ်၊ ဇိမ်ခံဘဝနဲ့နေနိုင်မယ်၊ တောက်ပပြီး ခမ်းနားတဲ့ဘဝနဲ့ အသက်ရှင်နိုင်မယ်၊ ပိုက်ဆံမရှိခဲ့ရင် တခြားသူတွေရှေ့မှာ နိမ့်ကျမယ်လို့ ကျွန်မယုံကြည်ခဲ့တယ်။ ကျွန်မ ငယ်ငယ်တုန်းက မိသားစုဆင်းရဲလို့ တက္ကသိုလ်တက်ပြီး ကိုယ့်ကံကြမ္မာကို ပြောင်းလဲဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ ဒါပေမဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်ခင်မှာ အမေ့ရောဂါက ကျွမ်းနေမှန်း သိလိုက်ရတော့ ကျွန်မရဲ့တက္ကသိုလ်တက်ဖို့အိပ်မက်က ပျက်စီးသွားခဲ့ရတယ်။ လောကီလူတွေရဲ့ လှောင်ပြောင်မှုက ချမ်းသာတဲ့သူတစ်ယောက်ဖြစ်လာဖို့ ကျွန်မရဲ့စိတ်ပိုင်းဖြတ်ချက်ကို မီးလောင်ရာလေပင့်ပေးခဲ့တယ်။ ဆရာဝန်ဖြစ်ရင် ကျော်ကြားမှုရော အကျိုးအမြတ်ပါ ရနိုင်တာကိုမြင်တော့ ဆေးကျောင်းတက်၊ အရည်အချင်းစာမေးပွဲတွေဖြေပြီး ဆေးခန်းဖွင့်ခဲ့တယ်။ သုံးလေးနှစ်ကြာတော့ ကျွန်မ အောင်မြင်မှုတချို့ရလာပြီး လူတွေရဲ့အထင်ကြီးလေးစားမှုနဲ့ ချီးကျူးမှုတွေက ကျွန်မရဲ့အတ္တကို ကျေနပ်စေခဲ့တယ်။ ပိုက်ဆံရှိတာက လူ့ဘဝကို မြင့်မြတ်စေတယ်ဆိုတာကို ကျွန်မ ပိုပြီးတော့တောင် ယုံကြည်လက်ခံလာခဲ့တယ်။ ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကိုပဲ ကျွန်မဘဝရဲ့ လိုက်စားရမယ့် ပန်းတိုင်အနေနဲ့ သဘောထားခဲ့တယ်။ အဲဒီနှစ်တွေမှာ ငွေကြေးဥစ္စာကို လိုက်စားဖို့အတွက် ကျွန်မရဲ့အချိန်နဲ့ခွန်အားအားလုံးကို ဆေးခန်းလုပ်ငန်းမှာပဲ နှစ်မြှုပ်ထားခဲ့တယ်။ တစ်နေ့လုံး စိတ်ဖိစီးမှုတွေ တော်တော်များလို့ သွေးတိုးရောဂါဖြစ်လာပြီး ကလေးမွေးတုန်းက ကိုယ်ဝန်ဆောင်ချိန်ဖြစ်တတ်တဲ့ သွေးတိုးရောဂါ နောက်ဆက်တွဲဝေဒနာကို ခံစားခဲ့ရတယ်။ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုသာ မရှိခဲ့ရင် ကျွန်မ အသက်သေတာ ကြာလှပြီ။ ရှစ်နှစ်လုံးလုံး ကျွန်မယောက်မက ကျွန်မကို အကြိမ်ကြိမ်အခါခါ စိတ်ရှည်လက်ရှည်နဲ့ ဧဝံဂေလိတရားဟောခဲ့ပေမဲ့ ကျွန်မက ပိုက်ဆံရှာဖို့ပဲ အလုပ်များနေခဲ့တယ်။ ကျွန်မရဲ့စိတ်ဝိညာဉ်က အမှောင်ဖုံးသွားသလိုပဲ၊ မှန်တဲ့ လမ်းခရီးကို စူးစမ်းဖို့ စိတ်မဝင်စားခဲ့ဘူး။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့ပြီး ကျွန်မ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းဆိုတဲ့ ကြီးမြတ်တဲ့အခွင့်အရေးနဲ့ လွဲလုနီးပါး ဖြစ်ခဲ့တယ်။ ဘုရားသခင်ကို စတင်ယုံကြည်ပြီးတဲ့နောက်မှာတောင် အရာရာအပေါ် ကျွန်မရဲ့အမြင်က မပြောင်းလဲသေးဘူး။ တာဝန်တွေအများကြီးထမ်းဆောင်ရင်၊ စုဝေးပွဲတွေအများကြီးတက်ရင် ပိုက်ဆံရှာဖို့အခွင့်အရေးနဲ့ လွဲသွားမှာကို ကြောက်လို့ စုဝေးပွဲအဖွဲ့တွေအများကြီးကို တာဝန်မယူချင်ခဲ့ဘူး။ စုဝေးပွဲတွေမှာလည်း ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားသုံးသပ်ဖို့ စိတ်ကိုငြိမ်အောင်မထားနိုင်ခဲ့လို့ ကျွန်မရဲ့ အသက်ဝင်ရောက်မှုက နစ်နာခဲ့ရတယ်။ ဒါဟာ ဘုရားသခင် ဖော်ထုတ်ခဲ့တဲ့အတိုင်းပါပဲ။ “လူများစွာတို့သည် ငွေကြေးအတွက် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်သို့ လိုက်ရန် အခွင့်အရေးကို မဆုံးရှုံးကြသလော။ သမ္မာတရားကို ရရှိရန်နှင့် ကယ်တင်ခြင်းခံရရန် အခွင့်အရေးကို ဆုံးရှုံးခြင်းသည် လူတို့အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှု မဟုတ်လော။” ကျွန်မက စာတန်ဆန်တဲ့ ရှင်သန်ခြင်းစည်းမျဉ်းတွေအတိုင်း အသက်ရှင်ခဲ့ပြီး ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်နောက်လိုက်တဲ့ မှားယွင်းတဲ့လမ်းကို လျှောက်ခဲ့တယ်။ ဒါက ကျွန်မရဲ့ဇာတိပကတိကို ဒုက္ခတွေဖြစ်စေတဲ့အပြင် ကျွန်မရဲ့အသက်တာအတွက် ပိုလို့တောင် ကြီးမားတဲ့ ဆုံးရှုံးမှုကို ယူဆောင်လာခဲ့တယ်။ အဖြစ်မှန်တွေက သက်သေပြနေတာကတော့ “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်” နဲ့ “ငွေသည် အဓိကမဟုတ်သော်လည်း၊ ငွေမရှိလျှင် ဘာမျှလုပ်နိုင်မည်မဟုတ်” ဆိုတာတွေဟာ စာတန်ဆန်တဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အယူအဆတွေပဲ ဆိုတာပါပဲ။ စာတန်က လူတွေကို ဒုက္ခပေးတဲ့နည်းလမ်းတွေကိုသာ ကျွန်မ ထိုးထွင်းမြင်နိုင်တာမျိုး မရှိဘဲ ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ဆက်ပြီးရုန်းကန်နေခဲ့ရင် နောက်ဆုံးမှာ စာတန်ရဲ့ဖမ်းသွားခြင်းကို ခံရမှာဖြစ်ပြီး ကယ်တင်ခံရမယ့်အခွင့်အရေးလည်း ပျက်စီးဆုံးရှုံးသွားမှာ သေချာတယ်။ ဒါကိုနားလည်သွားတော့ ဆေးခန်းတွေမပေါင်းတော့ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်၊ အိမ်ငှားစာချုပ်သက်တမ်းစေ့ရင် ဆေးခန်းတွေပိတ်ပြီး ကိုယ့်တာဝန်ထမ်းဆောင်တဲ့အပေါ်မှာပဲ အာရုံစိုက်တော့မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီဆရာဝန်တွေက ကျွန်မကို ထပ်ဖုန်းဆက်တဲ့အခါမှာတော့ ဆေးခန်းတွေမပေါင်းတော့ဘူးလို့ ပြတ်ပြတ်သားသား ပြောလိုက်တယ်။ ပိုက်ဆံနည်းနည်းပဲ ရှာနိုင်တော့ပေမဲ့ စုဝေးပွဲတက်ဖို့နဲ့ တာဝန်ထမ်းဆောင်ဖို့ ကျွန်မ လွတ်လပ်ခဲ့တယ်။ ဒီလိုလက်တွေ့လုပ်ဆောင်တော့ ကျွန်မစိတ်နှလုံးက အရမ်းကို ငြိမ်သက်ပြီး အေးချမ်းခဲ့တယ်။

မကြာခင်မှာပဲ အိမ်ငှားစာချုပ်သက်တမ်းစေ့တော့ ကျွန်မ တုံ့ဆိုင်းလာပြန်တယ်။ ဆေးပညာသင်တာကနေ ဆေးခန်းတွေဖွင့်တဲ့အထိ ဆယ်စုနှစ်တစ်ခုလုံး ကြာခဲ့ပုံကို ပြန်စဉ်းစားမိတယ်၊ ဆေးခန်းတွေဖွင့်ဖို့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ စိုက်ထုတ်ခဲ့ရတဲ့ အပင်ပန်းခံမှုတွေကို ပြန်တွေးမိတော့ ကျွန်မဟာ လက်လွှတ်ဖို့ တကယ်ကို အင်တင်တင် ဖြစ်နေခဲ့တယ်။ ဆေးခန်းတွေပိတ်လိုက်ရင် လောကီဘဝက အရင်ကထက် ဆိုးသွားရုံတင်မကဘူး၊ လူတွေရဲ့ချီးကျူးမှုနဲ့ အထင်ကြီးလေးစားမှုတွေကိုလည်း ဆုံးရှုံးသွားမှာကို ကျွန်မတွေးမိတယ်။ ကျွန်မစိတ်ထဲမှာ တိုက်ပွဲတစ်ခုလို ပြင်းပြင်းထန်ထန် ဖြစ်နေခဲ့ပြီး ဘာလုပ်ရမှန်းမသိလို့ ဒူးထောက်ပြီး ဘုရားသခင်ဆီ စိတ်ထက်ထက်သန်သန် ဆုတောင်းခဲ့တယ်၊ “ချစ်ရတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်၊ အိမ်ငှားစာချုပ်သက်တမ်းစေ့တဲ့အခါ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ဆေးခန်းတွေပိတ်မယ်လို့ သမီးတစ်ခါက ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ သမီးစိတ်ထဲမှာ လုံးလုံးမစွန့်လွှတ်နိုင်သေးဘူး။ ကိုယ်တော် သမီးကို ဉာဏ်အလင်းပေး လမ်းပြတော်မူပါ၊ ယုံကြည်ခြင်းနဲ့ ခွန်အားကို ပေးသနားတော်မူပါ” လို့ပေါ့။ အဲဒီနေ့မှာ ကျွန်မ ဆေးခန်းမှာ အလုပ်သွားလုပ်ခဲ့တယ်။ အသွားလမ်းမှာ ပုဂ္ဂလိကဆေးရုံတစ်ခုရှေ့က မည်းနက်နေတဲ့ ခေါင်းတလားတစ်လုံးကို ရုတ်တရက်တွေ့လိုက်တယ်၊ ဘေးမှာလည်း ပန်းခွေတွေချထားတယ်။ ငိုသံသဲ့သဲ့ကို ကြားနေရတော့ ကျွန်မ တုန်လှုပ်သွားတယ်။ ဆေးကုသမှု မတော်တဆဖြစ်တာပဲ။ စုံစမ်းကြည့်တော့ ဒီဆေးရုံမှာ အမျိုးသမီးတစ်ယောက် ကလေးမွေးရင်းနဲ့ သားအမိနှစ်ယောက်လုံး ဆုံးသွားတယ်လို့ သိလိုက်ရတယ်။ ကျွန်မဆေးခန်းတွေမှာ နှစ်တွေကြာအောင် မတော်တဆမှုအသေးအမွှားတွေ ရှိခဲ့ပေမဲ့ အားလုံးက ကြီးကြီးမားမားထိခိုက်မှုမရှိဘဲ ကျော်လွှားနိုင်ခဲ့ပုံကို ကျွန်မ မတွေးဘဲမနေနိုင်ခဲ့ဘူး။ ဒါက ကျွန်မဆေးကုသမှုစွမ်းရည် ကောင်းလို့လည်းမဟုတ်ဘူး၊ ဆေးကုတဲ့အခါ သတိထားလို့လည်း မဟုတ်ဘူး။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ စောင့်ရှောက်မှုနဲ့ ကွယ်ကာမှုကြောင့်ပဲ။ ဘုရားသခင်ရဲ့ စောင့်ရှောက်မှုနဲ့ ကွယ်ကာမှုသာမရှိရင် ဆေးကုသမှု မတော်တဆမှုတစ်ခုတည်းနဲ့ကို ကျွန်မ ဒေဝါလီခံခဲ့ရမှာပါ။ ကျွန်မစိတ်ထဲမှာ ဘုရားသခင်ကို အရမ်းကျေးဇူးတင်မိပြီး ဘုရားသခင်ရဲ့မေတ္တာကို ပြန်ဆပ်ရမယ်ဆိုတာ သိလိုက်တယ်။ ဘုရားသခင်ရဲ့အမှုတော်က ပြီးဆုံးခါနီးပြီ၊ ညီအစ်ကိုမောင်နှမတွေအားလုံးက သူတို့ရဲ့ပန်းတိုင်အတွက် ကောင်းမှုတွေ လုံလုံလောက်လောက် ပြင်ဆင်နိုင်ဖို့ သူတို့ရဲ့တာဝန်တွေကို အလုအယက် ထမ်းဆောင်နေကြတာကို ကျွန်မတွေးမိတယ်။ ဒါပေမဲ့ ကျွန်မကတော့ ဆေးခန်းတွေနဲ့ ရှုပ်ယှက်ခတ်နေပြီး ကိုယ့်တာဝန်တွေမှာ အချိန်နဲ့ခွန်အား ပိုပြီးမနှစ်မြှုပ်နိုင်ခဲ့ဘူး။ ဘုရားသခင်အပေါ် ကျွန်မရဲ့ မပူမအေး ယုံကြည်ခြင်းက ကျွန်မရဲ့တာဝန်ကို အနှောင့်အယှက်ပေးနေရုံတင်မကဘူး၊ ကိုယ့်ရဲ့အသက်တာကိုပါ ထိခိုက်စေနေခဲ့တယ်။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်ခဲ့ပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို ဘယ်လို အသက်ရှင်နေထိုင်ရမှန်း သိလာခဲ့တယ်။ ဘုရားသခင်က ပြောသည် “သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို မကိုးကွယ်ဘဲ ညစ်ညမ်းသော သင်၏ ဇာတိပကတိအထဲ၌ အသက်ရှင်ပါက၊ သင်သည် လူ့အသွင်အပြင်ဖြင့် သားရဲတိရစ္ဆာန် တစ်ကောင်သာ ဖြစ်သည်မဟုတ်လော။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။...သင်တို့သည် လမ်းကြောင်းမှန်ကို ရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၂)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုတော့ ကျွန်မနားလည်ခဲ့တာကတော့ ဖန်ဆင်းခံတစ်ဦးအနေနဲ့ တစ်ဘဝလုံး ဘုရားသခင်နောက်လိုက်ပြီး ဖန်ဆင်းခံတစ်ဦးရဲ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ရွေးချယ်နိုင်မယ်ဆိုရင် ဒါဟာ တန်ဖိုးအရှိဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံး ဘဝပုံစံဖြစ်တယ်ဆိုတာပါပဲ။ ကျွန်မ ပေတရုကို သတိရမိတယ်။ သခင်ယေရှုက သူ့ကိုခေါ်တဲ့အခါမှာ သူက ပိုက်ကွန်တွေကို ပစ်ချပြီး အသက်မွေးဝမ်းကျောင်းပြုတဲ့ ကိရိယာတွေကို စွန့်လွှတ်ခဲ့တယ်။ အရာအားလုံးကို စွန့်ပြီး သခင်ယေရှုနောက်ကို လိုက်ခဲ့တယ်၊ နောက်ဆုံးမှာတော့ သူက သမ္မာတရားကို ရရှိခဲ့ပြီး ဘုရားသခင်ရဲ့ စုံလင်စေခြင်းကို ခံခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်တော့ ကျွန်မက စာတန်ဆန်တဲ့ အတွေးအခေါ်တွေအတိုင်း အသက်ရှင်ခဲ့ပြီး ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်နောက်ကို လိုက်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားသခင်ရဲ့နေရာ ပျောက်သွားပြီး မယုံကြည်သူတစ်ယောက်အနေနဲ့ အကျင့်ပျက်သွားခဲ့တယ်။ ဘုရားသခင်ရဲ့ သနားကရုဏာတော်ကြောင့်ပဲ ကိုယ်တော်ရဲ့အိမ်တော်ကို ကျွန်မပြန်ရောက်လာခဲ့တာဖြစ်လို့ အခု ကိုယ့်တာဝန်ထမ်းဆောင်ခွင့်ရတဲ့ အခွင့်အရေးကို အပြည့်အဝ တန်ဖိုးထားသင့်တယ်။ ဘုရားသခင်ပြောခဲ့တာကို ကျွန်မတွေးမိတယ်။ “လူတို့သည် ကမ္ဘာမြေသို့ ရောက်လာကြပြီး ငါ့ကို တစ်ကြိမ်တစ်ခါမျှပင် တွေ့ဆုံရန်မှာ ကြုံတောင့်ကြုံခဲ ဖြစ်သကဲ့သို့၊ သမ္မာတရားကို ရှာဖွေရန်နှင့် ရရှိရန်အလို့ငှာ အခွင့်အရေးလည်း ရခဲလှပေသည်။ သင်တို့သည် ဤနှစ်လိုဖွယ်အချိန်ကို ယခုဘဝတွင် လိုက်စားရမည့် မှန်ကန်သည့်လမ်းကြောင်းအဖြစ် အဘယ်ကြောင့် တန်ဖိုးမထားကြသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူငယ်နှင့် သက်ကြီးရွယ်အိုတို့အတွက် နှုတ်ကပတ်တော်များ) ဒါအမှန်ပဲ။ ဒါဟာ ကယ်တင်ခံရဖို့ ကျွန်မရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ။ ဘုရားသခင်နောက်လိုက်ပြီး သမ္မာတရားကို လိုက်စားဖို့ အလေးအနက်မထားသေးဘူးဆိုရင် ကပ်ဘေးတွေကျရောက်လာတဲ့အခါ ကျွန်မအသက်ပါ ဆုံးရှုံးသွားလိမ့်မယ်။ အဲဒီအခါကျရင် ပိုက်ဆံတွေ သုံးမကုန်ဖြုန်းမကုန်အောင် ရှာနိုင်ခဲ့ရင်တောင် ဘာတန်ဖိုး၊ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။ ကျွန်မက ကိုယ့်ဆေးခန်းတွေဖွင့်ရင်းနဲ့ ကိုယ့်တာဝန်တွေထမ်းဆောင်နေတော့ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းရအောင် ဘုရားနှုတ်ကပတ်တော်တွေဖတ်ပြီး သမ္မာတရားကို ရှာဖွေဖို့ အချိန်သိပ်မရှိခဲ့ဘူး။ အားလပ်ချိန်မှာပဲ ဘုရားသခင်ကို ယုံကြည်တဲ့သူတစ်ယောက်အနေနဲ့ ကျွန်မ ဘယ်အချိန်မှာ သမ္မာတရားကို နားလည်နိုင်မှာလဲ။ သမ္မာတရားကို လိုက်စားပြီး ဖန်ဆင်းခံတစ်ဦးရဲ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်မှသာ ကျွန်မတို့ ကယ်တင်ခံရပြီး ကောင်းမွန်တဲ့ ပန်းတိုင်ကို ရရှိနိုင်မယ်။ ဒါဟာ ဘဝရဲ့လမ်းကြောင်းမှန်ပဲ။ ကျွန်မ ဆေးခန်းတွေကို စွန့်လွှတ်ပြီး ကိုယ့်အချိန်အားလုံးကို ဘုရားသခင်အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံဖို့ မြှုပ်နှံရမယ်။ အဲဒီနောက်မှာတော့ ကျွန်မ ဆေးခန်းတွေကို ပိတ်လိုက်တယ်။

ဒါဟာ ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကိုသုံးပြီး လူတွေကို အထင်အမြင်မှားစေတဲ့အပြင် ဖောက်ပြန်ပျက်စီးစေတဲ့ စာတန်ရဲ့ ဆိုးညစ်တဲ့ရည်ရွယ်ချက်ကို ပိုင်းခြားသိမြင်နိုင်စေခဲ့တဲ့၊ ပြီးတော့ ဘဝမှာ သမ္မာတရားကို လိုက်စားတဲ့ တန်ဖိုးနဲ့ အဓိပ္ပာယ်ကို နားလည်အောင် ကူညီပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဦးဆောင်မှုနဲ့ လမ်းပြမှုကြောင့်ပါပဲ။ ကိုယ်တော်ရဲ့နှုတ်ကပတ်တော်တွေရဲ့ ဦးဆောင်လမ်းပြမှုအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်၊ ဒါက စီးပွားရေးနဲ့ တာဝန်ကြားမှာ အမြော်အမြင်ရှိတဲ့ရွေးချယ်မှုတစ်ခုကို လုပ်နိုင်စေခဲ့ပါတယ်။ ဒီလွန်ခဲ့တဲ့သုံးလေးနှစ်ထဲမှာ ကျွန်မ အသင်းတော်မှာ ကိုယ့်တာဝန်ကို ဆက်ပြီးထမ်းဆောင်ခဲ့တယ်။ ဖောက်ပြန်ပျက်စီးမှုတွေ အများကြီးကို ကျွန်မ ထုတ်ဖော်ပြခဲ့တယ်၊ ဘုရားသခင်ဆီ ဆုတောင်းခြင်း၊ သမ္မာတရားကို ရှာဖွေခြင်း၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိကျွမ်းတော့ ကျွန်မရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက အပြောင်းအလဲတချို့ဖြစ်ခဲ့ပြီး တဖြည်းဖြည်းနဲ့ လူသားပုံသဏ္ဌာန်တချို့နဲ့ အသက်ရှင်နေထိုင်နိုင်လာခဲ့တယ်။ ကျွန်မ ကြုံတွေ့ခဲ့ရတဲ့ အပြောင်းအလဲတွေဟာ ဘုရားနှုတ်ကပတ်တော်တွေက ရရှိစေတဲ့ အကျိုးရလဒ်တွေပါပဲ။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအတွက် ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ငွေကြေး၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်နောက်ကို ကျွန်မ မလိုက်တော့ပါ

အယ်မီလီ၊ ဖိလစ်ပိုင်ကျွန်မက မောင်နှမ ဆယ်ယောက်ရှိတဲ့ ဆင်းရဲတဲ့ မိသားစုမှာ ကြီးပြင်းလာခဲ့တာပါ။ ငယ်ငယ်ကတည်းက ကျွန်မဟာ ငွေအများကြီးရှာပြီးတော့...

ကျော်ကြားမှုနှင့် အောင်မြင်မှုတို့သည် နာကျင်စရာများကို ယူဆောင်လာခဲ့သည်

ထျန်ထျန် တရုတ်နိုင်ငံ နွေဦးရာသီတစ်ခုမှာ ကျွန်မနှင့် စီနီယာဆရာဝန် အချို့တို့သည် အပြင်မှာ ဟင်းချက်စားဖို့ သွားကြသည်။ လမ်းမှာ ဒေသခံ...

ဘဝတွင် မည်သည့်အရာကို ကျွန်ုပ်တို့ လိုက်စားသင့်သနည်း

ကျွန်မက ကလေးအရွယ်က ကျန်းမာရေးမကောင်းဘူး။ ကျွန်မမိသားစုရဲ့ ပိုက်ဆံ တော်တော်များများက ကျွန်မ ကျန်းမာရေးကြောင့် ကုန်တာများတယ်။ ဒါကြောင့်...

ကျောင်းဆရာမတစ်ဦး၏ ရွေးချယ်မှု

အနောက်ဘက်မှာ နေဝင်သွားတာနဲ့ ညနေစောင်းချိန်မှာ၊ တံခါးလက်ကိုင်ဖုမှာ အဝတ်ဖြူတစ်ခု ချည်ထားတဲ့ စိုက်ပျိုးမွေးမြူရေးအိမ်ငယ်လေး တစ်အိမ်ရဲ့ တံခါးက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။