ကံမကောင်းအကြောင်းမလှခြင်းမှတစ်ဆင့် ကောင်းချီးရရှိခြင်း
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းလျှောက်ခဲ့သည့်လမ်းကို ပြန်ကြည့်သည့်အခါ၊ ၎င်းခရီး၏ ပြောင်းလဲမှု အဆင့်တိုင်းကို ပြန်လည်သတိရသည့်အခါ ၎င်း၏ ခရီးလမ်းသည် ခက်ခဲမောပန်းသည်ဖြစ်စေ၊ ချောမွေ့သည်ဖြစ်စေ၊ ခြေလှမ်းတိုင်းတွင် ဘုရားသခင်က ၎င်း၏လမ်းကို ဦးဆောင် လမ်းပြနေခဲ့ပြီး စီမံချက်ရေးဆွဲနေခဲ့သည်ကို မြင်ရပေသည်။ ယင်းသည် ၎င်းကိုယ်တိုင်မသိဘဲလျက် သူ့ကို ယနေ့အထိ ဦးဆောင်လမ်းညွှန်ပေးခဲ့သည့် ဘုရားသခင်၏ စေ့စပ်သေချာသည့် စီစဉ်မှု၊ ဂရုတစိုက်စီစဉ်မှုတို့ ဖြစ်ခဲ့ပေသည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံနိုင်ဖို့၊ ၎င်း၏ကယ်တင်ခြင်းကို လက်ခံရရှိဖို့ဆိုတာ မည်မျှ ကြီးမြတ်သည့် အခွင့်အလမ်း ဖြစ်ပါသနည်း။...လူတစ်ယောက်သည် ဘုရားသခင်မရှိသည့်အခါ၊ သူ့ကို မမြင်နိုင် သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှင်းရှင်း လင်းလင်း မသိသည့်အခါ၊ နေ့တိုင်းက အဓိပ္ပာယ်မရှိ၊ တန်ဖိုးမရှိ၊ စိတ်မချမ်းမြေ့စရာ ဖြစ်သည်။ လူသည် မည်သည့်နေရာ၌ရှိပါစေ၊ မည်သည့်အလုပ်ကိုလုပ်ပါစေ ၎င်း၏အသက်ရှင်မှုနည်းလမ်းနှင့် ၎င်း၏ ပန်းတိုင်နောက်လိုက်ခြင်းက ၎င်းအား အဆုံးမရှိသည့် ကြေကွဲခြင်းနှင့် သက်သာခြင်းမရှိသည့် ဒုက္ခခံစားမှုတို့ကိုသာ ယူဆောင်လာပေးသည်၊ ယင်းမှာ မိမိ၏ အတိတ်ကို ပြန်လှည့် ကြည့်ဖို့ ခံနိုင်ရည်မရှိသည့်အရာမျိုးဖြစ်သည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါမှသာ၊ သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံပြီး စစ်မှန်သော လူ့ဘဝကို ရှာဖွေသည့်အခါမှသာ ဘဝ၏ အနှစ်မဲ့ခြင်းဟူသမျှကို ခါချပြီး ကြေကွဲခြင်းနှင့် ဒုက္ခခံစားမှုအားလုံးမှ တဖြည်းဖြည်း လွတ်ကင်းမည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များက ကျွန်မ၏ အသက်တာကို တိတိကျကျ ဖော်ပြထားသည်နှင့်အညီ၊ ကျွန်မကို အမှန်တကယ် တို့ထိလေသည်။
ကျွန်မက ဆင်းရဲသည့် ကျေးလက်ဒေသ မိသားစုတစ်ခု၌ မွေးဖွားခဲ့ခြင်း ဖြစ်ပြီး ကျွန်မ တစ်ဘဝလုံးမှာ လူများက ကျွန်မကို အထင်သေးခဲ့ကြသည်။ ကျွန်မ မိသားစုက ဆင်းရဲသောကြောင့်၊ ထမင်းနောက်တစ်နပ်က မည်သည့်နေရာက ရောက်လာမည်ကို မသိခဲ့ရဘဲ၊ ကျွန်မ အစ်မ၏ အင်္ကျီအကျများကို ကျွန်မ အမြဲ ဝတ်ရသည်။ အဝတ်များက ကျွန်မအတွက် ကြီးနေသည်။ ကျွန်မ၏ အတန်းဖော်များ အားလုံးက ကျွန်မကို စနောက်ကြပြီး ကျွန်မနှင့် မပေါင်းချင်ကြပါ။ ကျွန်မ၏ကလေးဘဝက တကယ်ကို နာကျင်စရာကောင်းလှသည်။ ထိုအချိန်မှစပြီး ကျွန်မ စိတ်ပိုင်းဖြတ်ခဲ့သည်။ ကျွန်မ ကြီးပြင်းလာသည့်အခါ၊ ပိုက်ဆံများစွာ သေချာပေါက် ရအောင်ရှာမည်၊ ကောင်းကောင်းနေပြီး မည်သူမျှ ကျွန်မကို အထင်သေးတော့မည် မဟုတ်ပါ။ ကျွန်မ မိသားစုက ပိုက်ဆံလုံးဝမရှိသည့်အတွက်၊ အလယ်တန်းကျောင်း မပြီးခင် ဒေသန္တရဆေးဝါး စက်ရုံမှာ အလုပ်လုပ်ဖို့ ကျောင်းထွက်ခဲ့ရသည်။ ပိုက်ဆံအနည်းငယ်ပိုရစေဖို့ ည ၁၀ နာရီအထိ ကျွန်မ ကြိမ်ဖန်များစွာ အချိန်ပို ဆင်းခဲ့သည်။ နောက်ပိုင်းတွင် ဟင်းသီးဟင်းရွက် ငါးရက်လောက် ရောင်းသည်မှာ ကျွန်မ တစ်လစာနီးပါးရသည်ဟု ကျွန်မ၏အစ်မထံက ကြားလိုက်ရသည်။ ဟင်းသီးဟင်းရွက်ရောင်းဖို့ ဆေးဝါးစက်ရုံကနေ ကျွန်မချက်ချင်း အလုပ်ထွက်ခဲ့လိုက်သည်။ အိမ်ထောင်ကျပြီးသည့်နောက် ကျွန်မ ယောက်ျားနှင့် ကျွန်မ စားသောက်ဆိုင်တစ်ခု ဖွင့်ကြသည်။ စားသောက်ဆိုင်ဖွင့်ခြင်းအားဖြင့် ပိုက်ဆံပိုရမည်၊ ကိန်းကြီးခန်းကြီးနိုင်သော ဂုဏ်ရှိသည့် ဘဝမှာ နေနိုင်မည်၊ အခြားလူများက အားကျကြပြီး အထင်ကြီးခြင်းကို ခံရလိမ့်မည်ဟု ကျွန်မ ထင်ခဲ့သည်။ သို့ရာတွင် ထိုစီးပွားရေးမှာ ပြိုင်ဆိုင်မှုက ကြမ်းတမ်းပြီး ကျွန်မတို့က ပိုက်ဆံချွေတာဖို့ စားပွဲထိုး တစ်ယောက်သာ ငှားခဲ့ကြလေသည်။ မီးဖိုခန်းနှင့် စားသောက်သည့်နေရာကြားမှာ ကျွန်မ ပြေးရင်းလွှားရင်း၊ ကျွန်မ အကုန် လုပ်ခဲ့သည်။ တစ်ခါတစ်ရံ ကျွန်မ မတ်တပ်ရပ်ဖို့ပင် အလွန် ပင်ပန်းနေသည်။ အချို့ အစိုးရ အရာရှိများ လာတတ်သော်လည်း၊ မည်သည့်အခါမျှ ပိုက်ဆံ မပေးဘဲ၊ ဒဏ်ကြေးများ၊ အခွန် မျိုးစုံကိုလည်း ဆောင်ရသည်။ တစ်ခါတစ်ရံမှာ ကျွန်မတို့ကို ဒဏ်ရိုက်ဖို့ မည်သို့ အကြောင်းပြချက်မဆို သုံးပြီး ကျွန်မတို့၏ တစ်ရက်စာ ဝင်ငွေကိုယူပြီး ပြန်သွားကြသည်။ ဤသည်က ကျွန်မကို အလွန် စိတ်ဆိုးစေသော်လည်း၊ ယင်းနှင့်ပတ်သက်၍ တရုတ်ပြည်တွင် မည်သည့်အရာမျှ မလုပ်နိုင်ပါ။ ကျွန်မမှာ ခေါင်းငုံ့နေရုံသာ ရှိသည်။ ကျွန်မတို့ တတ်နိုင်သမျှ ကြိုးစား အလုပ်လုပ်လျက်ပင်၊ ပိုက်ဆံများစွာ မရခဲ့ပါ။ စီးပွားရေးလုပ်သည်မှာ အနည်းငယ် ကြာလာပြီးသည့်နောက်၊ “ပိုက်ဆံတွေအများကြီးနဲ့ ကောင်းမွန်တဲ့ဘဝကို ငါ ဘယ်တော့များမှ နေရမှာလဲ။” ဟု တွေးလျက်၊ ကျွန်မ စတင် စိုးရိမ်လာသည်။
၂၀၀၈ခုနစ်၌ လူများသည် တရုတ်ပြည်မှာ ဆယ်ရက် အလုပ်လုပ်စာကို ဂျပန်တွင် တစ်ရက်အလုပ်လုပ်ရုံဖြင့် ရနိုင်သည်ဟု မိတ်ဆွေတစ်ဦးက ကျွန်မကို ပြောခဲ့သည်။ ဤသည်ကိုကြားလျက် ကျွန်မ အရမ်း ဝမ်းသာသွားသည်။ နောက်ဆုံးတော့ ပိုက်ဆံရှာဖို့ အခွင့်ကောင်းတစ်ခု တွေ့ပြီဟု တွေးမိသည်။ ဂျပန်ကိုသွားဖို့အတွက် ပွဲစားခက များသည်၊ သို့ရာတွင် ကျွန်မက “အနာမခံရင် အသာမစံရဘူးလေ။ ဂျပန်မှာ အလုပ်တွေရနေသရွေ့ ငါတို့ ဒီပိုက်ဆံကို ခဏလေးနဲ့ ပြန်ရမှာပါ။” ဟု တွေးခဲ့သည်။ ထိုအိပ်မက်နောက်ကို လိုက်ဖို့ ကျွန်မ ယောက်ျားနှင့် ကျွန်မ ဂျပန်ကို ချက်ချင်းပဲသွားဖို့ ဆုံးဖြတ်လိုက်သည်။ ဂျပန်ကို ရောက်သည်နှင့် တစ်ပြိုင်နက်၊ ကျွန်မတို့ နေ့တိုင်း ၁၃ နာရီ ၁၄ နာရီ အလုပ်လုပ်ရသည်။ ကျွန်မတို့ အရမ်းကို ပင်ပန်းခဲ့သည်။ ကျွန်မတို့ အလုပ်ပြီးသည့်နောက် လှဲ၍သာ နားနေချင်ခဲ့သည်။ အစာ စားချင်စိတ် မရှိခဲ့ပါ။ ကျွန်မ တင်ပါးအစပ်က တစ်ချိန်လုံး နာနေပြီး ဆရာဝန်ပြဖို့က မတတ်နိုင်ခဲ့သောကြောင့်၊ သက်သာအောင် အကိုက်အခဲ ပျောက်ဆေးများသာ သောက်ခဲ့သည်။ ကျွန်မက နာကျင်နေရုံတင်မကဘဲ၊ သူဌေး၏ ဆူခြင်းကိုလည်းကောင်း၊ အလုပ်ဖော်များ၏ အနိုင်ကျင့်ခြင်းကိုလည်းကောင်း ခံခဲ့ရသည်။ တစ်ခါက အလုပ်တွင် စခါစ အခါတွင်၊ ကျွန်မ အနည်းငယ် မှားသွားသည်။ သူဌေးက ကျွန်မကို တကယ်ကို ဆူပူအော်ငေါက်လိုက်သည်မှာ ကျွန်မ အလွန် စိတ်ညစ်ပြီး ငိုမိသည်။ သို့ရာတွင် ကျွန်မက အခြားမည်သည့်အရာကို တတ်နိုင်မည်နည်း။ ကျွန်မ ဆက်ပြီး ပိုက်ဆံရှာနိုင်ဖို့အတွက် ကျွန်မခံစားချက်များကို မျိုသိပ်ထားခဲ့ရသည်။ ကျွန်မက “အခုတော့ ခက်ခဲတယ်၊ ဒါပေမဲ့ ပိုက်ဆံ နည်းနည်းရလာရင် ရင်ကော့ပြီး လူတွေကို စေ့စေ့ကြည့်လို့ ရတယ်။ ငါ စိတ်ထိန်းထားမှ ဖြစ်မယ်။” ဟု မိမိကိုယ်ကိုယ် မကြာခဏပြောသည်။ ထိုသို့နှင့် ပိုက်ဆံထုတ်သည့် စက်တစ်ခုကဲ့သို့ နေ့တိုင်း အလုပ်လုပ်ရင်းနှင့် ကျွန်မ ဆက်သွားနေမိသည်။ မမျှော်လင့်စွာပင် ၂၀၁၅ ခုနစ်မှာ အလုပ်ကြမ်း လုပ်ရာကနေ ပင်ပန်းပြီး ကျွန်မ နေမကောင်းဖြစ်ခဲ့သည်။ ဆေးစစ်ကြည့်ဖို့ ကျွန်မ ဆေးရုံသွားလိုက်ပြီး ချော်ထွက်ပြီး အာရုံကြောတစ်ခု ပေါ်ဖိမိနေသည့် ခါးရိုးဆစ်တစ်ခု ရှိနေကာ၊ ကျွန်မ အလုပ် ဆက်လုပ်ပါက၊ အိပ်ရာပေါ်လဲပြီး မိမိကိုယ်ကိုယ်လည်း စောင့်ရှောက်နိုင်မည် မဟုတ်ဟု ဆရာဝန်က ပြောသည်။ ဤသတင်းက ကျွန်မကို ရုတ်တရက် မိုးကြိုးပစ်လိုက်သကဲ့သို့ ဖြစ်ပြီး တစ်ခါတည်း အားနည်းသွားသကဲ့သို့ ခံစားခဲ့ရသည်။ ကျွန်မဘဝမှာ စပြီး အဆင်ပြေလာနေပြီ ဖြစ်ပြီး၊ ကျွန်မ အိပ်မက်က နီးလာနေပြီ။ သို့ရာတွင် ထိုအစား ဒဏ်ရာရပြီး အဆုံးသတ် သွားသည်။ ကျွန်မ ယင်းကို လက်မခံနိုင်ခဲ့ဘဲ၊ “ငါ ငယ်သေးတယ်။ ငါ တောင့်ခံလိုက်ရင်၊ ဒါကို ကျော်လွှားနိုင်မှာပါ။ အခု ပိုက်ဆံမရဘဲနဲ့ လက်ဗလာကြီးနဲ့ တရုတ်ပြည်ကို ငါပြန်သွားရရင် ရှက်စရာကြီး မဟုတ်လား။” ဟု စဉ်းစားခဲ့သည်။ ထို့ကြောင့် ကျွန်မတောင့်ခံပြီး ကျွန်မ ခန္ဓာကိုယ် ဒဏ်ရာရနေလျက်နှင့် အလုပ် ဆက်ပြီး လုပ်ခဲ့သည်။ အနာဆိုးလာသည့်အခါ၊ ဆေးပလာစတာတစ်ခုကပ်ပြီး ကြိုးစားပြီး လုပ်သည်။ ကျွန်မ တစ်နေကုန်လုပ်သည်၊ ထို့နောက် နာတာက ညပိုင်းမှာ အလွန် ဆိုးရွားပြီး အိပ်၍မရပါ။ ကျွန်မ လှည့်၍ပင် သိပ်မရပါ။ သုံးလေးရက်လောက်အကြာတွင် ကျွန်မ အလွန် နေမကောင်းဖြစ်ပြီး အိပ်ရာကနေပင် ကုန်းမထနိုင်ခဲ့ပါ။
အိပ်ရာပေါ်မှာ လှဲနေရင်း ကျွန်မ အလွန် အကူအညီမဲ့ပြီး အထီးကျန်သလို ခံစားခဲ့ရသည်၊ ပြီးလျှင် ကျွန်မက “ဒီလို ငယ်ရွယ်တဲ့ အချိန်မှာ ငါ ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်ရတာလဲ။ ငါ တကယ်ပဲ အိပ်ရာထဲ လဲနေတော့မှာလား” ဟု တွေးမိသည်။ ကျွန်မ ပြောပြ၍မရသည့် ဝမ်းနည်းမှုတစ်မျိုးကို ခံစားခဲ့ရသည်၊ ပြီးလျှင် “လူက တကယ်တမ်း ဘာအတွက် အသက်ရှင်နေတာလဲ။ တကယ်ပဲ ပိုက်ဆံရှာပြီး ထင်ပေါ်ဖို့ အတွက်လား။ ပိုက်ဆံက တကယ်ပဲ ပျော်ရွှင်ခြင်းလို့ အဓိပ္ပာယ်ရသလား။ ပိုက်ဆံအတွက် ကိုယ့်ကိုယ်ကိုယ် အထိခိုက်ခံတာက တကယ် တန်ရဲ့လား။” ဟု ကျွန်မ တွေးမိသည်။ အရမ်း အပင်ပန်းခံပြီး အလုပ်လုပ်ခဲ့သည့် နှစ်၃၀ကျော်ကာလမှာ ကျွန်မ စက်ရုံမှာလုပ်ခဲ့သည်၊ ဟင်းသီးဟင်းရွက်များ ရောင်းခဲ့သည်၊ စားသောက်ဆိုင် ဖွင့်သည်၊ ပြီးလျှင် ဂျပန်ကို လာပြီး အလုပ်လုပ်ခဲ့သည်။ ဤခရီး တစ်လျှောက်မှာ ကျွန်မ ပိုက်ဆံအနည်းငယ် ရှာနိုင်ခဲ့သော်လည်း၊ တော်တော် ဆင်းရဲဒုက္ခရောက်ခဲ့သည်။ အစတွင် ဂျပန်ကို လာခြင်းအားဖြင့် ကျွန်မ အိပ်မက်ကို အကောင်အထည် ဖော်နိုင်မည်၊ ညတွင်းချင်း ချမ်းသာပြီး အားကျဖို့ကောင်းသည့် ဘဝမှာ ကျွန်မ နေထိုင်ရလိမ့်မည်ဟု ထင်ခဲ့သည်။ သို့ရာတွင် ထိုအစား အိပ်ရာထဲ ရောက်နေခဲ့ရပြီး ဘီးတပ်ကုလားထိုင်ပေါ်မှာ ကျွန်မ ဘဝကို ကုန်ဆုံးကောင်း ကုန်ဆုံးရနိုင်သည်။ ထိုအတွေးတွင် ကျွန်မ ပိုက်ဆံအချို့ရပြီး သူများထက်သာဖို့ မိမိကိုယ်ကိုယ် အပင်ပန်း ခံခဲ့သည်ကို အထူးသဖြင့် ကျွန်မ နောင်တရမိသည်။ ကျွန်မ နစ်နာသလို ခံစားရသည်၊ စိတ်ဆင်းရဲပြီး ဝမ်းနည်းခဲ့ရသည်။ ကျွန်မ မငိုပဲမနေနိုင်ခဲ့ပါ။ ကျွန်မ စိတ်နှလုံးထဲကနေ အော်ခေါ်မိသည်။ “ဘုရားရေ ကျွန်မကို ကယ်ပါ။ ကျွန်မ ဘဝက ဘာလို့ အရမ်း ပင်ပန်း ခက်ခဲနေရတာလဲ။”
ကျွန်မ ကူရာမဲ့ပြီး နာကျင်နေချိန်မှာ ဘုရားသခင်၏ နောက်ဆုံးသောကာလ ကယ်တင်ခြင်းက ကျွန်မထံ ရောက်လာခဲ့သည်။ ဘုရားသခင်ကို ယုံကြည်သည့် အစ်မ နှစ်ယောက်နှင့် ကျွန်မ မထင်မှတ်ဘဲ တွေ့ခဲ့ရသည်။ သူတို့နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ပြီး သူတို့၏ မိတ်သဟာယများ နားထောင်သည်၊ အရာခပ်သိမ်းကို ဘုရားသခင်က ဖန်ဆင်းခဲ့ပြီး စကြဝဠာတစ်ခုလုံးကို ဘုရားသခင်က အုပ်စိုးသည်၊ လူတိုင်း၏ ကံကြမ္မာက ဘုရားသခင်၏ လက်ထဲမှာ ရှိသည်၊ လူသားမျိုးနွယ်ကို ဘုရားသခင်က တစ်ချိန်လုံး လမ်းပြပြီး ထောက်ပံ့ပေးခဲ့သည်၊ ပြီးလျှင် လူသားမျိုးနွယ်ကို သူက အမြဲတမ်း စောင့်ရှောက်ကာကွယ်သည်တို့ကို ကျွန်မ နားလည်ခဲ့ရသည်။ သို့ရာတွင် တစ်စုံတစ်ခုနှင့်ပတ်သက်၍ ကျွန်မ မရှင်းသေးပါ။ ကျွန်မတို့၏ ကံကြမ္မာကို ဘုရားသခင်က ထိန်းချုပ်သည်၊ ပြီးလျှင် ဘုရားသခင်က ကျွန်မတို့ကို တစ်ချိန်လုံး ဦးဆောင်လမ်းပြပြီး ကာကွယ်ပေးနေသောကြောင့်၊ ကျွန်မတို့ ပျော်နေသင့်သည်။ သို့ဆိုလျှင် ကျွန်မတို့က အဘယ့်ကြောင့် ဖျားနာခြင်းနှင့် နာကျင်မှုတို့ကို ခံစားနေရဆဲ ဖြစ်သနည်း။ ဘဝက အဘယ့်ကြောင့် အလွန် ခက်ခဲနေရသနည်း။ ဤနာကျင်မှုများက တကယ်တမ်း မည်သည့်နေရာမှ လာနေသနည်း။ ဤသည်ကို ညီအစ်မများကို ကျွန်မ မေးကြည့်ခဲ့သည်။
အစ်မချင်က ကျွန်မအတွက် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော် အချို့ကို ဖတ်ပြသည်။ “လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ ရာသက်ပန် ဆင်းရဲဒုက္ခ၏ အရင်းအမြစ်မှာ အဘယ်နည်း။ အဘယ်အရာက လူတို့ကို ဤအရာများအား ရရှိစေခဲ့သနည်း။ လူသားတို့ ကနဦး ဖန်ဆင်းခံခဲ့ရစဉ်က သူတို့တွင် ထိုအရာများ မရှိခဲ့ကြသည် မဟုတ်လော။ သို့ဆိုလျှင် ဤအရာများသည် မည်သည့်နေရာမှ လာခဲ့သနည်း။ ထိုအရာများသည် လူသားများအနေဖြင့် စာတန်၏ သွေးဆောင်ဖြားယောင်းမှု ခံခဲ့ရပြီး ၎င်းတို့၏ ခန္ဓာ ဆုတ်ယုတ်လာခဲ့သည့်နောက်တွင် ဖြစ်တည်လာခဲ့ကြခြင်း ဖြစ်သည်။ လူသား ခန္ဓာ၏ နာကျင်မှု၊ ယင်း၏ ဝေဒနာများနှင့် ယင်း၏အနှစ်သာရမဲ့ခြင်းအပြင်၊ လူ့လောက၏ အလွန့်အလွန် စိတ်မချမ်းမြေ့ဖွယ် အရေးကိစ္စများသည် စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ဖြစ်လာခဲ့ကြသည်သာ ဖြစ်သည်။ လူသားများသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက်၊ ယင်းက ၎င်းတို့ကို စတင် ညှဉ်းဆဲခဲ့လေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ပို၍ပို၍ အကျင့်ပျက်ယိုယွင်းလာခဲ့သည်။ လူသားမျိုးနွယ်၏ အနာရောဂါများမှာ ပို၍ပို၍ ကြီးမားလာပြီး၊ သူတို့၏ ဆင်းရဲဒုက္ခမှာ ပို၍ပို၍ ပြင်းထန်လာခဲ့သည်။ တိုး၍ တိုး၍၊ လူတို့သည် လူ့လောက၏ အနှစ်သာရကင်းမဲ့ခြင်းနှင့် ကံဆိုးမိုးမှောင်ကျခြင်း အပြင်၊ ဆက်လက်ရှင်သန်နိုင်စွမ်းမရှိခြင်းတို့ကို ခံစားခဲ့ကြရပြီး၊ သူတို့သည် ကမ္ဘာလောကအတွက် မျှော်လင့်ချက် ပို၍ပို၍ လျော့နည်းစွာ ခံစားခဲ့ကြရသည်။ ထို့ကြောင့် ဤဒုက္ခကို လူသားများအပေါ် စာတန်က ကျရောက်စေခြင်းဖြစ်ပြီး။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လောကီ ဆင်းရဲဒုက္ခကို ဘုရားသခင် မြည်းစမ်းခြင်း၏ အရေးပါမှု”) ထို့နောက်တွင် ဤမိတ်သဟာယကို သူမက မျှဝေပါသည်။ “ဘုရားသခင်က လူကို ဖန်ဆင်းခဲ့တဲ့အချိန်မှာ သူတို့ကို ဘုရားသခင်က အဖော်ပြုခဲ့တယ်၊ စောင့်ရှောက်ပြီး ကာကွယ်ပေးခဲ့တယ်။ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်း ဒါမှမဟုတ် သေခြင်းနဲ့ ပူပန်ခြင်း၊ အမျက်ထွက်ခြင်းတွေ မရှိဘူး။ လူဟာ ဘုရားသခင်က ပေးအပ်တဲ့ ပျော်မွေ့လို့ရတဲ့ အရာအားလုံးကို ပျော်မွေ့ကြရင်း၊ ဧဒင်ဥယျာဉ်မှာ အပူအပင်မဲ့ နေထိုင်ခဲ့ရတယ်။ ဘုရားသခင်ရဲ့ လမ်းပြမှုအောက်မှာ သူတို့ ပျော်ရွှင်ဝမ်းမြောက်စွာ နေထိုင်ခဲ့ကြတယ်။ ဒါပေမဲ့ လူက စာတန်ရဲ့လှည့်စားဖျက်ဆီးခြင်း ခံခဲ့ရတယ်။ စာတန်ရဲ့အလိမ်အညာတွေကို သူတို့ ယုံပြီး၊ အပြစ်လုပ်တယ်၊ ပြီးတော့ ဘုရားသခင်ကို သစ္စာဖောက်ခဲ့တယ်၊ ဒါကြောင့် ဘုရားသခင်ရဲ့စောင့်ရှောက်မှုနဲ့ ကာကွယ်မှု ဆုံးရှုံးခဲ့ရတယ်။ အဲဒီတည်းက ကျွန်မတို့ စာတန်ရဲ့ အုပ်စိုးမှုအောက်မှာ နေထိုင်ခဲ့ရပြီး အမှောင်ထဲ ကျရောက်ခဲ့ရတယ်။ ပင်ပန်းတဲ့၊ ပူပန်ရတဲ့၊ နာကျင် ဝမ်းနည်းရတဲ့ ဘဝတွေကို ကျွန်မတို့ နေထိုင်ရတယ်။ နှစ်ထောင်ပေါင်းများစွာအထိ စာတန်က ရုပ်ဝါဒ၊ ဘုရားမဲ့ဝါဒ နဲ့ ဆင့်ကဲဖြစ်စဉ်တို့လို မိစ္ဆာဒိဌိအယူနဲ့ အတွေးမှားတွေကို စဉ်ဆက်မပြတ် သုံးခဲ့တယ်၊ ပြီးတော့ ‘တကယ်တော့ ဘုရားသခင်ဆိုတာ လုံးဝမရှိဘူး၊’ ‘လူတစ်ဦး၏ကံကြမ္မာသည် ထိုသူ၏လက်ထဲတွင် ရှိ၏၊’ ‘မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏၊’ ‘ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သူ၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်၊’ ‘လူသားသည် ချမ်းသာကြွယ်ဝရန် မည်သည့်အရာကိုမဆို လုပ်လိမ့်မည်၊’ ‘ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်။’ စတဲ့ လူတွေကို လမ်းမှားစေပြီး ထိခိုက်နစ်နာစေဖို့ နာမည်ကြီးပြီး ကြီးကျယ်တဲ့ ပုဂ္ဂိုလ်တွေ ဖြန့်တဲ့ နီတိစကားတွေကို အသုံးပြုခဲ့တယ်။ ဒီဆိုးယုတ်တဲ့ အယူမှားတွေကို လက်ခံပြီးနောက်မှာ လူတွေက ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်နဲ့ ဝေးဝေးနေပြီး သူ့ကို သစ္စာဖောက်ခဲ့ကြရင်းနဲ့ ဘုရားသခင်ရဲ့ တည်ရှိမှုနဲ့ အုပ်စိုးမှုကို ငြင်းကြတယ်။ သူတို့က ပိုပြီး မာနထောင်လွှားလာကြပြီး စိတ်ကြီးဝင်လာကြတယ်၊ ပိုပြီးတော့ တစ်ကိုယ်ကောင်းဆန်လာတယ်၊ ကောက်ကျစ်လာပြီး ရန်လိုလာတယ်။ လူတွေဟာ ကျော်ကြားမှု၊ ဂုဏ်အဆင့်အတန်းနဲ့ ကြွယ်ဝမှုတို့အတွက် ခြေပုန်းခုတ်ကြတယ်၊ တိုက်ခိုက်ကြတယ်၊ ပြီးတော့ သတ်ကြတယ်။ ခင်ပွန်းနဲ့ ဇနီးတွေ၊ မိတ်ဆွေတွေက အချင်းချင်း လိမ်ကြပြီး သစ္စာဖောက်ကြတယ်၊ အဖေနဲ့သားတောင်မှ အချင်းချင်း ရန်ဖြစ်ကြပြီး ညီအစ်ကိုတွေက တိုက်ခိုက်ကြတယ်။ ကျွန်မတို့က ကျွန်မတို့ရဲ့ ပုံမှန်လူ့သဘာဝ လုံးဝ ပျောက်ဆုံးပြီး လူသားဆိုတာထက် သားရဲကောင်တွေလို နေထိုင်ကြတယ်။ စာတန်ရဲ့အယူမှားတွေက လူတွေ အများကြီးကို ထိခိုက်စေခဲ့တယ်။ သူတို့က ထိန်းချုပ်နိုင်တယ်၊ ပြောင်းလဲနိုင်တယ်လို့ ထင်ပြီး သူတို့ရဲ့ ကံကြမ္မာကို ကြိုးစားယှဉ်ပြိုင်ကြတယ်။ သူတို့ရဲ့ ဘဝ တစ်လျှောက်လုံး ကြိုးစားကြပြီး သူတို့ရဲ့ ကံကြမ္မာကို မပြောင်းလဲနိုင်ရုံမကဘူး၊ ကြိုးစားရင်းနဲ့ သူတို့ကိုယ်သူတို့ ဖျက်ဆီးကြတယ်။ လူသားမျိုးနွယ်ဟာ စာတန်ရဲ့ လှည့်စားပြီဂ ဖျက်ဆီးတာကို ခံခဲ့ရတယ်။ ကျွန်မတို့ ကိုယ်ရော စိတ်ရော တစ်နေကုန် ပင်ပန်းခဲ့ရတယ်။ ဖျားနာတာ၊ ဒုက္ခခံရတာတွေ မျိုးစုံက မြင့်တက်လာတယ်။ ဒီဆင်းရဲဒုက္ခတွေ၊ ပူပင်သောကတွေက ဒီကမ္ဘာမှာ လူ့ဘဝက ခက်ခဲပင်ပန်းလွန်းတယ်လို့ ခံစားရစေတယ်။ ဒါတွေက စာတန်က လူကို ဖျက်ဆီးပြီးနောက်မှာ ရောက်လာတာ၊ ဒါ စာတန်က ကျွန်မတို့ကို ထိခိုက်နေတာပါ၊ ပြီးတော့ လူသားမျိုးနွယ်က ဘုရားသခင်ကို ငြင်းပယ်ပြီး သစ္စာဖောက်တဲ့ ခါးသီးတဲ့ ရလဒ်လည်းဖြစ်ပါတယ်။”
လူ၏ မကျန်းမာခြင်းက စာတန်ထံမှ အရင်းခံလာသည်ကို အစ်မချင်၏ မိတ်သဟာယက ကျွန်မကို ပြခဲ့သည်။ စာတန်က လူကို ဖျက်ဆီးပြီးသည့်နောက် ဘုရားသခင်၏ စောင့်ရှောက်မှုကို ဆုံးရှုံးသွားပြီး ဖျားနာမှု၊ နာကျင်မှု မျိုးစုံ ပေါ်လာခဲ့သည်။ ပြီးလျှင် အစ်မက ဤသည်ကို ပြောသည်။ “လူသားမျိုးနွယ်ကို စာတန်က ကစားပြီး နှိပ်စက်နေတာ ဘုရားသခင်က မကြည့်ရက်ဘူး။ လူသားမျိုးနွယ်ကို ရွေးနုတ်ပြီး ကယ်တင်ဖို့ ဘုရားသခင်က နှစ်ကြိမ် လူ့ဇာတိခံယူခဲ့တယ်။ ပထမအကြိမ်မှာ သခင်ယေရှုအဖြစ် လူ့ဇာတိခံခဲ့တယ်၊ ကျွန်မတို့ကို အပြစ်ကနေ ရွေးနုတ်ဖို့ လူသားမျိုးနွယ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် ကားစင်တင် ခံခဲ့တယ်။ သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ကျွန်မတို့ အပြစ်တွေ ခွင့်လွှတ်ခြင်းခံရပေမဲ့၊ ကျွန်မတို့ရဲ့ အပြစ်ရှိတဲ့သဘာဝက ကျန်ရှိနေပြီး အပြစ်ကနေ ကျွန်မတို့ အပြည့်အဝ မလွတ်မြောက်သေးပါဘူး။ ကျွန်မတို့ စာတန်ဆီကနေ အပြည့်အဝ ကယ်တင်ခံရဖို့၊ အပြစ်ကို ဖယ်ရှားသန့်စင်ပြီး၊ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ခေါ်ဆောင်ခံရဖို့အတွက် သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းအမှုကို လုပ်ဆောင်ဖို့ ဘုရားသခင်ဟာ နောက်ဆုံးသောကာလမှာ နောက်တစ်ခါ လူ့ဇာတိခံယူခဲ့ပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပိုပြီး ဖတ်ရင် သမ္မာတရားကို ကျွန်မတို့ နားလည်နိုင်ပါတယ်၊ ထိုးထွင်းသိမြင်မှု ရနိုင်တယ်။ စာတန်က လူကို ဘယ်လို ဖျက်ဆီးတယ်ဆိုတာကို နားလည်ပြီး စာတန်ရဲ့ မကောင်းတဲ့ အနှစ်သာရကို ရိပ်စားမိလိမ့်မယ်။ အဲဒီအခါ ကျွန်မတို့က စာတန်ကို ငြင်းပယ်ပြီး စာတန်ဆီကနေ ကျွန်မတို့ လွတ်မြောက်နိုင်တဲ့အပြင်၊ စာတန် ကျွန်မတို့ကို မကစားနိုင်၊ မထိခိုက်နိုင်တော့ဘူး။” ဟု ပြောသည်။ ကျွန်မတို့ကို ကယ်တင်ဖို့ ဘုရားသခင်ကြွလာတာကိုကြားရသည်ကို ကျွန်မ တော်တော် ပျော်သွားသည်။ စာတန်က ကျွန်မကို ထိုသို့ ဆက်ပြီး ထိခိုက်နေမည်ကို ကျွန်မ တကယ် မလိုချင်ခဲ့ပါ၊ သို့ရာတွင် စာတန်က ကျွန်မကို မည်သို့မျိုး ထိခိုက်နေသည်ကို သေချာမသိသောကြောင့်၊ ကျွန်မက အစ်မများကို မေးလိုက်သည်။ “ကျွန်မ လူတွေထက်သာပြီး ထင်ပေါ်ဖို့အတွက် အရမ်း အလုပ်လုပ်ခဲ့ပေမဲ့၊ မခံနိုင်လောက်အောင် နာကျင်ခဲ့ရတယ်။ စာတန်က ကျွန်မကို ဒီလိုဖြစ်စေတာလား။”
ထို့နောက်တွင် အစ်မကျန်းက ကျွန်မ မေးခွန်းနှင့် ပတ်သက်သည့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော် အချို့ကို ဖတ်ပြသည်။ “စာတန်သည် လူတို့၏ အယူအဆများနှင့် အလွန်များစွာပူးပေါင်း ထားသော နည်းလမ်းဖြစ်သည့် လွန်စွာ သိမ်မွေ့ညင်သာသော နည်းလမ်းမျိုးကို အသုံးပြု၏။ ယင်းသည် လုံးဝ အစွန်းရောက်သော နည်းလမ်း မဟုတ်။ ယင်းမှတစ်ဆင့် ၎င်း၏ရှင်သန်ခြင်း နည်းလမ်း၊ လိုက်နာရမည့် သူ၏စည်းကမ်းများကို စာတန်က လူတို့အား အမှုမဲ့အမှတ်မဲ့ လက်ခံစေကာ၊ ဘဝပန်းတိုင်များနှင့် အသက်တာ ဦးတည်ချက်များကို ထူထောင်စေလေသည်၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ ၎င်းတို့သည် အသက်တာထဲတွင် ရည်မှန်းချက်များကိုလည်း အမှုမဲ့အမှတ်မဲ့ ရှိလာကြ လေသည်။ ဤဘဝရည်မှန်းချက်များက မည်မျှပင် ကြီးကျယ်ခမ်းနား ပုံရသည် ဖြစ်စေ၊ ဤအရာ တို့သည် ‘ကျော်ကြားမှု’ နှင့် ‘အမြတ်အစွန်း’ နှင့် ခွဲမရအောင် ချိတ်ဆက်ထားလေသည်။ အမှန်တကယ်၌ ကြီးမြတ်သော၊ ကျော်ကြားသော ပုဂ္ဂိုလ် မည်သူမဆို၊ လူအားလုံးတို့သည် အသက်တာတွင် ၎င်းတို့ လိုက်သည့်အရာသည် ‘ကျော်ကြားမှု’ နှင့် ‘အမြတ်အစွန်း’ ဟူသော ဤစကားလုံး နှစ်လုံးနှင့်သာ ဆက်စပ်နေသည်။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက်၊ မြင့်မားသော အဆင့်အတန်းနှင့် ကြီးမားသော ကြွယ်ဝခြင်းတို့ကို ခံစားရန်နှင့် အသက်တာကို ပျော်မွေ့ရန် အတွက် ဤအရာများကို အကျိုးရှိအောင် အသုံးချနိုင်မည်ဟု ထင်ကြ၏။ ၎င်းတို့အနေဖြင့် ကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့ကို အပျော်အပါးလိုက်စားသည့် အသက်တာနှင့် ကာယိန္ဒြေမစောင့်ဘဲ ဇာတိပကတိ၌ ပျော်မွေ့ခြင်း အသက်တာကို ရရှိဖို့ အသုံးပြုနိုင်သည့် အရင်းအနှီးမျိုးဟု ထင်ကြလေသည်။ လူသားမျိုးနွယ် အလွန်တပ်မက်သည့် ဤကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့အတွက်၊ လူတို့သည် ၎င်းတို့၏ခန္ဓာနှင့် စိတ်၊ ၎င်းတို့တွင်ရှိသည်များ အားလုံး၊ ၎င်းတို့၏အနာဂတ်များနှင့် ကံကြမ္မာများအားလုံးကို အမှုမဲ့အမှတ်မဲ့ ဖြစ်သော်လည်း စိတ်လိုလက်ရဖြင့် စာတန်အား ပေးအပ်ကြလေ၏။ ထိုသူတို့သည် တုံ့ဆိုင်းခြင်း အလျှင်းမရှိသည့်အပြင်၊ ၎င်းတို့ လွှဲအပ်သမျှကို ပြန်၍ရယူရန် လိုအပ်သည်ကိုလည်း လုံးဝမသိနားမလည်ဘဲ ထိုသို့ပြုကြ၏။ လူတို့သည် စာတန်ထံတွင် ဤသို့ ခိုလှုံကြပြီး၊ ၎င်းအပေါ် သစ္စာရှိ သွားကြသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိကိုယ်ကိုမိမိ ထိန်းချုပ်နိုင်ဦးမည်လော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် နွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကိုယ် ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။ လူတစ်ယောက်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းတွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ ဖြောင့်မတ်သောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့အပေါ်တွင် ရှိသော ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့၏ ဆွဲဆောင်မှု အင်အားသည် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လူတို့အတွက် ဘဝတစ်လျှောက်လုံး လိုက်စားသည့် အရာများ၊ အဆုံးမရှိ ထာဝရလိုက်စားသည့် အရာများပင် ဖြစ်သွားကြ၏။ ဤသည်မှာ အမှန် မဟုတ်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) “လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆))
ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ပြီးသည့်နောက်၊ စာတန်က လူကို ဖျက်ဆီးဖို့ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို မည်သို့အသုံးချသည်ကို သူမက မိတ်သဟာယပြုခဲ့သည်။ ထိုအခါမှသာ စာတန်က မည်မျှမုန်းစရာ ကောင်းသည်ကို ကျွန်မ သဘောပေါက်သွားသည်။ စာတန်က “အနာမခံလျှင် အသာမစံရ၊” “လူတွေရှေ့တွင် ဂုဏ်ရှိလိုလျှင် လူတွေနောက်တွင် ဒုက္ခခံရမည်၊” “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်။” တို့ကဲ့သို့ ဘဝအတွက် သူ့၏စည်းမျဉ်းများနှင့် ကျွန်မတို့ကို အယူဝါဒသွတ်သွင်းဖို့ ကျောင်းပညာရေးနှင့် လူမှုဆိုင်ရာလွှမ်းမိုးမှုများကို အသုံးပြုသည်။ ဤဘဝစည်းမျဉ်းများ၏ လှည့်စားခြင်းကို ခံရကာ၊ လူများက သူတို့သည် ပိုက်ဆံမရှိဘဲ အသက်မရှင်နိုင်ပါ၊ ချမ်းသာသွားသည်နှင့် အခြားလူများက သူတို့ကို အထင်ကြီးကြမည် ဖြစ်ပြီး၊ သူတို့ ဂုဏ်ရှိမည်၊ ပြီးလျှင် ဆင်းရဲခြင်းသည် တန်ဖိုးမရှိခြင်းကို ဆိုလိုခြင်းဖြစ်သည်ဟု ခံစားလာကြသည်။ ထိုအကြောင်းကြောင့် လူများက ပိုက်ဆံ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ၎င်းတို့၏တစ်ဘဝလုံး ကြိုးစားကြခြင်း ဖြစ်ပြီး၊ အကျိုးဆက်က ပဓာနမထားဘဲ၊ ယင်းတို့ကို ရဖို့အတွက် မည်သည့်အရာကို မဆိုလုပ်ကြသည်။ လူများက ပို၍ ဖောက်ပြန်ပျက်စီးလာပြီး သူတို့၏ဘဝများက ပို၍ နာကျင်စရာကောင်းလာသည်။ ဤသည်မှာ ကျွန်မတို့ကို ချုပ်နှောင်ဖို့ စာတန်အသုံးပြုသည့် အနှောင်အဖွဲ့ဖြစ်ပြီး ကျွန်မတို့ကို ဖျက်ဆီးဖို့အတွက် စာတန်၏ လှည့်ကွက်လည်း ဖြစ်သည်။ အခြားလူများ ကျွန်မကို အထင်ကြီးစေဖို့အလို့ငှာ၊ ပိုက်ဆံပိုရှာဖို့အတွက် အခြားသူများထက်သာအောင် ကြိုးပမ်းရင်း ကျွန်မက ပိုက်ဆံထုတ်သည့်စက် ဖြစ်လာခဲ့သည်။ ကျွန်မ၏ လိုအင်ဆန္ဒက ကြီးလာသည်၊ မည်သည့်အခါမျှ ကျေနပ်မှုမရှိဘဲ၊ ကျွန်မ၏ ကျန်းမာရေးကို ထိခိုက်လာသည့်အခါမှသာ မရပ်ချင်ဘဲ ရပ်လိုက်ရသည်။ ကျွန်မက ငွေ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်၏ ကျွန်ဖြစ်လာခဲ့သည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ် နောက်လိုက်ခြင်းက ကျွန်မဘဝကို အလွန် ခက်ခဲ ပင်ပန်းစေသည်။ ဒီနှစ်များ တစ်လျှောက်လုံးမှာ ယင်းကို ရှာဖွေရင်း၊ နာကျင်မှုများနှင့် ပြည့်နှက်လာပြီး ကျွန်မ ဒဏ်ရာရသွားခဲ့သည်။ ထိုဒုက္ခများ အားလုံးက စာတန်၏ ထိခိုက်မှုနှင့် ဖျက်ဆီးမှုကို ခံရပြီးဖြစ်လာခြင်း ဖြစ်လေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထုတ်ဖော်ပြခြင်း မရှိဘဲ၊ လူကို ဖျက်ဆီးဖို့အတွက် စာတန်က ငွေ၊ ကျော်ကြားမှုနှင့်အကျိုးအမြတ်ကို အသုံးချသည်ကို သိမည် မဟုတ်ပါ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်က လူသားအပေါ် စာတန်၏ အချုပ်အနှောင် ဖြစ်သည်ကို သိဖို့ သာ၍နည်းပါသည်။
နောက်ပိုင်းမှာ အစ်မချင်က ကျွန်မဆီကိုလာပြီး မိတ်သဟာယများစွာ ဖွဲ့ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ စာတန်က လူကို ဖျက်ဆီးဖို့အတွက် အသုံးပြုသည့် နည်းလမ်းများကို ကျွန်မ စ၍ မြင်လာသည်။ မည်သည့်အရာက အရေးကြီးဆုံးဖြစ်သည်ကိုလည်း ကျွန်မ နားလည်လာသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ခြင်း၊ သမ္မာတရားကို အားထုတ်ခြင်း၊ ဘုရားသခင်၏ အုပ်စိုးမှုနှင့် အစီအစဉ်များကို နာခံခြင်းတို့ ဖြစ်ပါသည်။ ယင်းက အသက်ရှင်ဖို့ အဓိပ္ပာယ် အရှိဆုံးနှင့် ပျော်စရာအကောင်းဆုံး နည်းလမ်းဖြစ်ပြီး ဘုရားသခင် ချီးမွမ်းသည့် တစ်ခုတည်းသော လမ်းဖြစ်ပေသည်။
တစ်နေ့မှာ ကျွန်မ၏ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က ပိုက်ဆံရသလောက်ရှာဖို့အတွက် ဂျပန်ကို သူ့အမျိုးသားနှင့် ရောက်လာသည်ကို သိလိုက်ရသည်။ သူတို့က ပိုက်ဆံ အနည်းငယ် ရလာသော်လည်း၊ သူ့အမျိုးသား၏ကျန်းမာရေးက နောက်ပိုင်းမှာ ဆိုးလာပြီး ဆေးကုဖို့အတွက် တရုတ်ပြည်ကို ပြန်သွားလိုက်ရသည်။ နောက်ဆုံးတွင် သူ့မှာ ကင်ဆာနောက်ဆုံးအဆင့် ရှိနေသည်ကို သိလိုက်ရသည်။ သူတို့မိသားစုလည်း ဝမ်းနည်း ထိတ်လန့်ပြီး နေခဲ့ရသည်။ သူမ၏ကံဆိုးမှုမှတစ်ဆင့် ကျွန်မတို့ ဘဝ၏ ထိခိုက်လွယ်ခြင်းနှင့် တန်ဖိုးရှိခြင်းတို့ကို နက်နဲစွာ နားလည်သွားခဲ့သည်။ အသက်မရှိပါက၊ ပိုများသောငွေများက မည်သို့ အသုံးတည့်မည်နည်း။ ပိုက်ဆံက အသက်ကို ဝယ်၍ ရပါသလား။ နောက်ပိုင်းမှာ ကျွန်မ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲက ဤကျမ်းပိုဒ်ကို ကျွန်မ ဖတ်ရပါသည်။ “လူတို့သည် ငွေနှင့် ကျော်စောမှုနောက်လိုက်ရင်း မိမိတို့၏ ဘဝကို ကုန်ဆုံးကြသည်။ ၎င်းတို့သည် ထိုအရာများက ၎င်းတို့၏ တစ်ခုတည်းသော အထောက်အပံ့ နည်းလမ်းဟု တွေးထင်ရင်း၊ ထိုအရာများကို ရှိခြင်းအားဖြင့် ၎င်းတို့ အသက်ဆက်ရှင် နိုင်သည့်အလား၊ သေခြင်းမှ လွတ်ကင်းစေနိုင်မည့်အလား ဤကောက်ရိုးမျှင်များကို ဖမ်းဆုပ်ထားကြလေသည်။ သို့သော် သူတို့သည် သေရတော့မည်အချိန်မှသာ ဤအရာများသည် သူတို့ထံမှ မည်မျှဝေးကွာသည်၊ သေခြင်းနှင့် ရင်ဆိုင်ရာ၌ ၎င်းတို့မည်မျှ အားနည်းသည်၊ ၎င်းတို့ မည်မျှလွယ်လွယ် ကျိုးပဲ့ကြေမွသည်၊ ဘယ်ကိုမှ သွားစရာမရှိဘဲ ၎င်းတို့ မည်မျှ အထီးကျန်ပြီး အကူအညီမဲ့နေသည်ကို နားလည်သဘောပေါက် ကြသည်။ ဘဝသည် ငွေ သို့မဟုတ် ကျော်စောမှုတို့ဖြင့် ဝယ်၍မရနိုင်ကြောင်း၊ လူတစ်ယောက်သည် မည်မျှ ချမ်းသာ ကြွယ်ဝပါစေ၊ ၎င်းတို့၏ အဆင့်အတန်းက မည်မျှ မြင့်မားပါစေ လူအားလုံးသည် သေခြင်းနှင့် ရင်ဆိုင်ရာ၌ ညီတူညီမျှ သနားစရာကောင်းပြီး အရေးမပါကြောင်းတို့ကို သူတို့ နားလည်သဘောပေါက်ကြသည်။ ငွေက အသက်ကို မဝယ်ယူနိုင်ကြောင်း၊ ကျော်စောမှုက သေခြင်းကို မချေဖျက်နိုင်ကြောင်း၊ ငွေ သို့မဟုတ် ကျော်စောမှုက လူတစ်ယောက်၏ဘဝကို တစ်မိနစ်၊ တစ်စက္ကန့်မျှ ဆွဲဆန့်မပေးနိုင်ကြောင်းကို ၎င်းတို့ နားလည်သဘောပေါက်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ကျွန်မတို့က ဘုရားသခင်ကို မယုံကြည်ပါက သို့မဟုတ် သမ္မာတရားကို နားမလည်ပါက၊ စာတန်၏အကြံအစည်များကို မရိပ်စားမိနိုင်ဘဲ၊ စာတန်က လူများကို ဖျက်ဆီးဖို့ ငွေကြေးနှင့် ကျော်ကြားမှု အသုံးပြုနေကြောင်းကို မမြင်နိုင်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ပို သိမြင်စေခဲ့သည်။ ကျွန်မတို့က ပြန်မထွက်နိုင်သည့် ဤဝဲဂယက်ထဲ ရောက်သွားခြင်း ဖြစ်သည်။ ကျွန်မတို့က ကိုယ်တိုင်သတိမထားမိဘဲ စာတန်၏ လှည့်စားပြီး အန္တရာယ်ပြုခြင်းကို ခံခဲ့ရသလို၊ မိမိတို့၏ဘဝများကိုပင် အဖျက်ဆီးခံခဲ့ရသည်။ ယင်းမှာ အလွန် ဝမ်းနည်းဖို့ ကောင်းပါသည်။ ကျွန်မ၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ဖတ်ခြင်းတို့ကြောင့်၊ နောက်ဆုံးမှာ ဤအရာများကို ကျွန်မ နားလည်လာခဲ့ပြီ။ ကျွန်မသာ ယုံကြည်ခြင်း မရှိခဲ့ပါက သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ခဲ့ပါက၊ စာတန်၏ဖျက်ဆီးခြင်းကို မည်သည့်အခါမျှ ဖယ်ရှားနိုင်မည် မဟုတ်ပါ။ လွတ်လမ်းမရှိဘဲနှင့် အမှောင်ထဲ၊ နာကျင်မှုထဲမှာပဲ ရုန်းကန်နေရမည် ဖြစ်သည်။
ကျွန်မ ဒဏ်ရာရနေစဉ်၊ အသင်းတော်က ညီအစ်မများက ကျွန်မကို မကြာခဏ လာကြည့်ပြီး ကျွန်မ၏နာကျင်မှုကို သက်သာအောင် လုပ်ပေးခဲ့ပါသည်။ ကျွန်မကို သူတို့၏မိသားစုကဲ့သို့ အိမ်အလုပ်များ လုပ်ပေးပြီး ပြုစုစောင့်ရှောက်ပေးခဲ့ကြပါသည်။ နိုင်ငံရပ်ခြားမှာ နေနေရလျက်၊ ညီအစ်မများက ကျွန်မကို ဂရုစိုက်စောင့်ရှောက်နေပုံအားဖြင့် ကျွန်မ အလွန်အမင်း တို့ထိခြင်းခံရသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်မ ပို၍ ကျေးဇူးတင်မိသည်။ ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုကြောင့်၊ ကျွန်မ သတိမထားမိမီတွင် သက်သာ လာခဲ့သည်။
နောက်ပိုင်းမှာ ကျွန်မ အနန္တတန်ခိုးရှင်ဘုရားသခင် နှုတ်ကပတ်တော်ထဲက ဤအပိုဒ်ကို ဖတ်မိပါသည်။ “၎င်းလျှောက်ခဲ့သည့်လမ်းကို ပြန်ကြည့်သည့်အခါ၊ ၎င်းခရီး၏ ပြောင်းလဲမှု အဆင့်တိုင်းကို ပြန်လည်သတိရသည့်အခါ ၎င်း၏ ခရီးလမ်းသည် ခက်ခဲမောပန်းသည်ဖြစ်စေ၊ ချောမွေ့သည်ဖြစ်စေ၊ ခြေလှမ်းတိုင်းတွင် ဘုရားသခင်က ၎င်း၏လမ်းကို ဦးဆောင် လမ်းပြနေခဲ့ပြီး စီမံချက်ရေးဆွဲနေခဲ့သည်ကို မြင်ရပေသည်။ ယင်းသည် ၎င်းကိုယ်တိုင်မသိဘဲလျက် သူ့ကို ယနေ့အထိ ဦးဆောင်လမ်းညွှန်ပေးခဲ့သည့် ဘုရားသခင်၏ စေ့စပ်သေချာသည့် စီစဉ်မှု၊ ဂရုတစိုက်စီစဉ်မှုတို့ ဖြစ်ခဲ့ပေသည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံနိုင်ဖို့၊ ၎င်း၏ကယ်တင်ခြင်းကို လက်ခံရရှိဖို့ဆိုတာ မည်မျှ ကြီးမြတ်သည့် အခွင့်အလမ်း ဖြစ်ပါသနည်း။ လူတစ်ဦးသည် ကံကြမ္မာအပေါ် အပျက်သဘောဆောင်သည့် သဘောထားရှိပါက၊ ၎င်းတို့အတွက် ဘုရားသခင်စီစဉ်ပေးသည့် အရာရာတိုင်းကို သူတို့ခုခံနေကြောင်း၊ ၎င်းတို့တွင် ကျိုးနွံနာခံသည့် သဘောထားမရှိကြောင်းကို ယင်းက သက်သေပြပေသည်။ လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို တစ်ဦးတစ်ယောက်သည် အပြု သဘောဆောင်သည့် သဘောထားရှိပါက သူ့ခရီးကို ပြန်ကြည့် သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် သဘောပေါက်လာသည့်အခါ၊ ဘုရားသခင်စီစဉ်ပေးသည့် အရာရာတိုင်းကို ကျိုးနွံနာခံဖို့ သာ၍ လေးလေးနက်နက် ဆန္ဒရှိလာလိမ့်မည်၊ ၎င်း၏ ကံကြမ္မာကို ဘုရားသခင်အား စီစဉ်ညွှန်ကြားခွင့်ပြုဖို့နှင့် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းအား ရပ်ဖို့၊ စိတ်ပိုင်းဖြတ်ချက်နှင့် ယုံကြည်မှု ပိုပြီးရှိလာလိမ့်မည်။ အကြောင်းမှာ ၎င်းသည် ကံကြမ္မာကို နားလည်သဘောပေါက်ခြင်း မရှိသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားလည်ခြင်းမရှိသည့်အခါ၊ မြူများကိုဖြတ်သွားရင်း ဒယိမ်းဒယိုင်နှင့် ကိုယ့်သဘောနှင့် စမ်းတဝါးဝါးသွားသည့်အခါ ခရီးက အလွန်ခက်ခဲသည်။ အလွန် ကြေကွဲဖွယ်ကောင်းပါသည်။ ထို့ကြောင့် လူတို့သည် လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သတိပြုမိလာသည့်အခါ၊ ပါးနပ်သူများက ဤအချက်ကို သိဖို့၊ လက်ခံဖို့၊ ၎င်းတို့၏ ကိုယ်ပိုင်လက်နှစ်ဖက်နှင့် ကောင်းမွန်သည့် ဘဝတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားသည့်အချိန်တွင် နာကျင်ရသည့် နေ့ရက်များကို နှုတ်ဆက်လိုက်ဖို့၊ ကံကြမ္မာကို ဆန့်ကျင်ရုန်းကန်ခြင်းနှင့် ကိုယ်ပိုင်နည်းလမ်းများဖြင့် ၎င်းတို့၏ ဘဝပန်းတိုင်ဟု ၎င်းတို့ခေါ်သည့် အရာများနောက် လိုက်စားခြင်းအား ရပ်တန့်ဖို့ ရွေးချယ်ကြသည်။ လူတစ်ယောက်သည် ဘုရားသခင်မရှိသည့်အခါ၊ သူ့ကို မမြင်နိုင် သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှင်းရှင်း လင်းလင်း မသိသည့်အခါ၊ နေ့တိုင်းက အဓိပ္ပာယ်မရှိ၊ တန်ဖိုးမရှိ၊ စိတ်မချမ်းမြေ့စရာ ဖြစ်သည်။ လူသည် မည်သည့်နေရာ၌ရှိပါစေ၊ မည်သည့်အလုပ်ကိုလုပ်ပါစေ ၎င်း၏အသက်ရှင်မှုနည်းလမ်းနှင့် ၎င်း၏ ပန်းတိုင်နောက်လိုက်ခြင်းက ၎င်းအား အဆုံးမရှိသည့် ကြေကွဲခြင်းနှင့် သက်သာခြင်းမရှိသည့် ဒုက္ခခံစားမှုတို့ကိုသာ ယူဆောင်လာပေးသည်၊ ယင်းမှာ မိမိ၏ အတိတ်ကို ပြန်လှည့် ကြည့်ဖို့ ခံနိုင်ရည်မရှိသည့်အရာမျိုးဖြစ်သည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါမှသာ၊ သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံပြီး စစ်မှန်သော လူ့ဘဝကို ရှာဖွေသည့်အခါမှသာ ဘဝ၏ အနှစ်မဲ့ခြင်းဟူသမျှကို ခါချပြီး ကြေကွဲခြင်းနှင့် ဒုက္ခခံစားမှုအားလုံးမှ တဖြည်းဖြည်း လွတ်ကင်းမည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားသခင်၏နှုတ်ကပတ်တော်များက အလွန် လက်တွေ့ကျသည်၊ စာကြောင်းတိုင်းက ကျွန်မစိတ်နှလုံးထဲထိ ရောက်ပါသည်။ ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ပြီး ကျွန်မတို့က သူ့၏ ဖန်ဆင်းခံများ ဖြစ်သည်ကို ဘုရားသခင်၏နှုတ်ကပတ်တော်မှ ကျွန်မ နားလည်ပါသည်။ လူတိုင်း၏ အသက်က ဘုရားသခင် လက်ထဲမှာ၊ သူ့၏ ထိန်းချုပ်မှုနှင့် စီစဉ်မှု အောက်မှာရှိပါသည်။ ဘဝမှာ ကျွန်မတို့၏အရာရာတိုင်းကို ဘုရားသခင်က ထိန်းချုပ်ပြီး ကြိုတင်စီမံထားခြင်း ဖြစ်ပါသည်။ ဟိုဟိုသည်သည် ပြေးလွှားနေခြင်းက အရေးပါသည့်အချက် မဟုတ်ပါ။ ဘုရားသခင်က ကျွန်မတို့အပေါ် ပေးသည့်အတိုင်းအတာပေါ် မူတည်ပြီး ကျွန်မတို့ ရကြပါသည်။ ဘုရားသခင်က ကျွန်မတို့ကို မပေးပါက၊ ကျွန်မတို့ မည်မျှပဲလုပ်လုပ် အချည်းနှီး ဖြစ်လိမ့်မည်။ “လူက စိုက်ပျိုးတယ် ဘုရားက ရိတ်သိမ်းဖို့သတ်မှတ်တယ်၊” “လူက ကြံရွယ်တယ် ဘုရားက စီမံတယ်” ဟူသည့် စကားပုံများကဲ့သို့ ဖြစ်သည်။ ကျွန်မတို့၏ အသက်တာများမှာ ဖန်ဆင်းရှင်၏ အုပ်စိုးမှုနှင့် စီစဉ်မှုများကို နာခံသင့်သည်။ ဤသည်မှာ အသက်တာ၌ ပျော်ရွှင်ဖို့အတွက် လျှို့ဝှက်ချက်ဖြစ်သည်။ ငွေနှင့် ရာထူး အဆင့်အတန်းက လောကီပိုင်ဆိုင်မှုများ ဖြစ်သည်ကိုလည်း ကျွန်မ သဘောပေါက်ခဲ့သည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်နောက်ကို လိုက်ဖို့ မိမိတို့ကိုယ်ကိုယ် စိတ်နှစ်ထားခြင်းအားဖြင့်၊ အဆုံးမှာ ရလိုက်သည့်အရာက နာကျင်မှုနှင့် အနှစ်သာရမဲ့ခြင်းသာ ဖြစ်သည်။ နောက်ဆုံးမှာ ကျွန်မတို့က စာတန်၏ဝါးမြိုတာကို ခံရသည်။ “အနာမခံလျှင် အသာမစံရ၊” ဟူသည့် ဆိုးယုတ်သည့် အတွေးအခေါ်များအားဖြင့် ကျွန်မ မည်သို့ အသက်ရှင်ပြီး ပိုက်ဆံနှင့် ကျော်ကြားမှုနောက်ကို လိုက်ခဲ့သည်ကို ကျွန်မ ပြန်စဉ်းစားကြည့်သည်။ ကျွန်မသည် ပျော်ရွှင်သည့်ဘဝကို ရပြီး အခြားလူများက အထင်ကြီး အားကျခြင်းကို ခံရမည်ဟု ထင်ခဲ့မိသည်၊ သို့ရာတွင် ထိုအစား ကျွန်မရမည့်အရာက ခါးသီးမှုနှင့် နာကျင်မှု ဖြစ်သည်ကို မမျှော်လင့်ခဲ့မိပါ၊ ကျွန်မမှာ မည်သည့်ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုမှ မရှိခဲ့ပါ။ ယခု ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရသည့်အတွက်၊ ဘုရားသခင်၏ အလိုတော်ကို ကျွန်မ နားလည်သည်။ ကျွန်မ၏ကံကြမ္မာနှင့် ဖက်မပြိုင်ချင်တော့ဘဲ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ် နောက်ကိုလည်း ကျွန်မ မလိုက်ချင်တော့ပါ။ ယင်းက ကျွန်မလိုချင်သည့် အသက်တာ မဟုတ်တော့ပါ။ မတူညီကွဲပြားသည့် ဘဝနေထိုင်နည်းဖြင့် နေထိုင်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့ပြီး၊ ကျွန်မက ကျွန်မ၏တစ်ဘဝလုံးကို ဘုရားသခင်က စီစဉ်ပေးဖို့အတွက် ဘုရားသခင်လက်ထဲကိုအပ်ဖို့၊ ဘုရားသခင်ကို နာခံဖို့ ကြိုးစားပြီး ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့ကိုသာ စိတ်ပိုင်းဖြတ်ခဲ့ပါသည်။
ကျွန်မ၏ ယုံကြည်ခြင်းနှင့် ဝတ်ပြုအစည်းအဝေးများ တက်ရန် အချိန်ပိုပေးဖို့၊ ကျွန်မ၏ ယခင်အလုပ်ကို စွန့်လွှတ်လိုက်ပြီး ပိုလွယ်သည့် အလုပ်သစ်တစ်ခု ရခဲ့သည်။ အလုပ်မသွားသည့် အချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏဖတ်သည်၊ ပြီးလျှင် ကျွန်မပိုဖတ်လေ၊ ကျွန်မစိတ်နှလုံး ဝမ်းမြောက်လေ ဖြစ်သည်။ လူသား၏ အပြစ်ပြုခြင်း အရင်းအမြစ်ကိုလည်း ကျွန်မ သိခဲ့သည်၊ ဘုရားသခင်က လူသားမျိုးနွယ်ကို မည်သို့ အဆင့်ဆင့် ကယ်တင်သည်၊ လူသားက မည်သည့်အတွက် အသက်ရှင်သင့်သည်၊ ပြီးလျှင် အဓိပ္ပာယ်ရှိသည့် အသက်တာကို မည်သို့ရှင်သန်သင့်သည် တို့ကို ကျွန်မ နားလည်လာသည်။ ကျွန်မတို့ အတွေ့အကြုံများကို ဝေမျှဖို့နှင့် ဘုရားသခင်၏နှုတ်ကပတ်တော် ဓမ္မတေးများကို သီဆိုဖို့ သင်ယူရန် ညီအစ်ကိုမောင်နှမများနှင့် ခဏခဏ ဆုံဖြစ်သည်။ ကျွန်မ၏အသက်တာက ယခု အလွန်ပျော်ဖို့ကောင်းသည်။ ကျွန်မ ယခင်ကကဲ့သို့ ပိုက်ဆံမရသော်လည်း၊ တစ်ခါမှ မရှိခဲ့ဖူးသည့် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ခံစားချက်တစ်ခုကို ကျွန်မ ခံစားရသည်။ ယခုပြန်စဉ်းစားကြည့်သည့်အခါ၊ ကျွန်မက အဆင်မပြေမှုမှတစ်ဆင့် ကောင်းချီးကိုရခဲ့ခြင်း ဖြစ်ပါသည်။ ဤသည်မှာ တကယ်ကို ကျွန်မအတွက် ဘုရားသခင်၏ ကယ်တင်ခြင်း ဖြစ်ပါသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။