ငွေနောက်လိုက်သည့် နေ့ရက်များကို နှုတ်ဆက်ခြင်း

29.07.2024

ကျွန်တော်က ဆင်းရဲတဲ့ မိသားစုမှာ မွေးခဲ့တယ်။ ကျွန်တော့်ရဲ့ ရိုးသားဖြောင့်မတ်ပြီး အလုပ်ကြိုးစားတဲ့ မိဘတွေက မိသားစုကို လယ်အလုပ်နဲ့ ထောက်ပံ့တယ်။ ကျွန်တော်က ကလေးတစ်ယောက်အနေနဲ့၊ ရွာထဲက လူချမ်းသာတွေက အစားကောင်းတွေစားပြီး အဝတ်ကောင်းတွေ ဝတ်ကြသလို၊ တခြားလူတွေရဲ့ လေးစားမှုနဲ့ အားပေးမှုရတာကို မြင်ခဲ့ရတယ်။ သူတို့ကို ကျွန်တော် အားကျခဲ့ပြီး ငွေရှိတာက အရာရာကို ပိုင်ဆိုင်တဲ့သဘောပဲလို့ ယုံခဲ့တယ်။ ကျွန်တော့် အိမ်မက်တွေထဲမှာတောင်၊ ငွေအများကြီး ရှာချင်ခဲ့တယ်။ ကျွန်တော် တိတ်တိတ်လေး ဆုံးဖြတ်လိုက်တယ်။ အနာဂတ်မှာ ချမ်းသာလာပြီး မြင့်မားတဲ့ ဘဝတစ်ခုကို အသက်ရှင်နေထိုင်ဖို့ပေါ့။

အိမ်ထောင်ကျပြီးတဲ့နောက်မှာ ကျွန်တော့် အိမ်မက်တွေကို အမြန် အကောင်အထည်ဖော်ဖို့ ဆောက်လုပ်ရေးမှာ အလုပ်ကြမ်းသမားအနေနဲ့ အလုပ်လုပ်ဖို့ မြို့ကို တစ်ယောက်ထဲ ပြောင်းလာခဲ့တယ်။ နှစ်အတော်ကြာ အချိန်ပို အလုပ်လုပ်နေခဲ့ပေမဲ့လည်း၊ ကျွန်တော့်ရဲ့ စုငွေတွေက နည်းနေတုန်းပဲ။ ကျွန်တော့်စိတ်ထဲမှာ စပြီး သေချာတွေးမိတယ်။ တစ်သက်လုံး အလုပ်အရမ်းကြိုးစားနေတာက ကျွန်တော့်အိမ်မက်တွေကို လုံးဝ ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူးလို့ပေါ့။ အများကြီး ချင့်ချိန်စဉ်းစားပြီးတဲ့နောက်မှာ၊ ကန်ထရိုက်တာလုပ်ပြီး ကိုယ်ပိုင် ဆောက်လုပ်ရေးလုပ်ငန်းကို စဖို့ ဆုံးဖြတ်ခဲ့တယ်။ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေဆီကနေ ငွေချီးတယ်၊ မြို့ထဲမှာ မြေကွက်တစ်ခု ဝယ်ပြီး အဆောက်အဦးတစ်ခုကို ဆောက်လုပ်ခဲ့တယ်။ စာချုပ်တွေကို အာမခံပြီး ငွေအမြန်ရအောင်လို့၊ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုကနေ ပရောဂျက်တစ်ခုကို ရဖို့ အဆက်အသွယ်တွေနဲ့ လက်ဆောင်တွေကို သုံးခဲ့တယ်။ အလုပ်ကောင်းကောင်း ပြီးတာ သေချာအောင်လို့၊ ကျွန်တော် နေ့တိုင်း မနက်စောစော ဆောက်လုပ်ရေး နေရာကို စပြီး ကြီးကြပ်တယ်။ မနက်စာကို ခဏခဏ လွတ်သလို၊ ညနေမှာ အလုပ်သမားတွေက အလုပ်ပြီးသွားတော့ စစ်ဆေးတယ်။ အရည်အသွေးမပြည့်တဲ့ ဘယ်အလုပ်ကိုမဆို ဖြိုဖျက်ပြီး အချိန်ပိုအလုပ်နဲ့ ပြန်တည်ဆောက်ခဲ့တယ်။ နောက်ဆုံးမှာ ကုမ္ပဏီအလုပ်အမှုဆောင်တွေရဲ့ ယုံကြည်မှုကို ရခဲ့ပြီး၊ နောက်ထပ် ပရောဂျက်တွေကို ရခဲ့တယ်။ နှစ်နှစ်ကြာပြီးတဲ့နောက်မှာ၊ ငွေတချို့ ရှာလို့ရခဲ့တယ်။ အကြွေးတွေကို ရှင်းပြီး၊ ကျွန်တော့်အိမ်ကို အသစ်ပြုပြင်ခဲ့တယ်။ ကျွန်တော့်စိတ်နှလုံးမှာ ပြောမပြနိုင်လောက်အောင် ဝမ်းမြောက်မှု ခံစားခဲ့ရတယ်။ လူနာနှစ်သစ်ကာလမှာ ဆွေမျိုးနဲ့ မိတ်ဆွေတွေက ပါဝင်ဆင်နွဲဖို့ ကျွန်တော့်အိမ်ကို လာကြတယ်။ တချို့က ကျွန်တော့်ကို ပြုံးပြီး ပြောတယ်။ “သူဌေး၊ သူဌေးကို ပျော်စရာနှစ်သစ်ဖြစ်ပါစေဖို့ ဆန္ဒပြုဖို့ ကျွန်တော်တို့ လာတာပါ။ ပိုပိုပြီး အောင်မြင်မှုနဲ့ ကြီးပွားချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်”တဲ့။ တခြားလူတွေက ကျွန်တော့်ကို လက်နုတ်ဆက်ပြီး ပြောတယ်။ “ငွေရှာဖို့ ခင်ဗျားကို ကျွန်တော်တို့အားလုံး အားကိုးပါတယ်ဗျာ”တဲ့။ အဲဒီအချိန်မှာ ကျွန်တော်က အာရုံစိုက်ခံရတဲ့သူ၊ လေးစားခံရတဲ့သူလို ခံစားရတယ်။ ကျွန်တော် ကိုယ့်ဘာသာ တွေးမိတယ်။ “ငွေရှိတာက တကယ် ကောင်းတယ်။ ငွေနဲ့ဆို ကိုယ့်ကို လူတွေ လေးစားပြီး ရိုသေကြတယ်။ ပြီးတော့ အဆင့်မြင့်တဲ့ဘဝတစ်ခုကို အသက်ရှင်လို့ရတယ်”လို့ပေါ့။ ဒါကို တွေးမိတော့ ကျွန်တော် အတော်လေး အားရကျေနပ်မိတယ်။ ငွေပိုရှာဖို့၊ ဆောက်လုပ်ရေး စီမံကိန်းတွေကို ကျွန်တော် အများကြီး ထပ်လက်ခံခဲ့ပြီး၊ မိုးသောက်ကနေ နေဝင်တဲ့ထိ နေ့တိုင်း မမောနိုင်မပန်းနိုင် အလုပ်လုပ်ခဲ့တယ်။ ကြာလာတော့ ညမှာ ကျွန်တော် အိပ်လို့မရခဲ့ဘူး။ အလုပ်သမားတွေက ငြမ်းပေါ်ကနေ ကျပြီး မတော်တဆမှုတွေ ဖြစ်မှာ၊ အဲဒီလိုနဲ့ သိသာတဲ့ ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်သွားမှာကို စိုးရိမ်နေခဲ့တယ်။ နေ့တိုင်း စိတ်ဖိစီးပြီး ဖျားတာ၊ အအေးမိတာ၊ ခေါင်းမူးတာတွေ ခဏခဏ ခံစားရတယ်။ အရပ် ၅ပေ ၈လက်မရှိပေမဲ့ ကိုယ်အလေးချိန်က ပေါင် ၁၂၀ လောက်ပဲ ရှိတယ်။ အားမပါဘဲ စကားပြောပြီး ရပ်နေရင်းတောင် အိပ်မောကျကျသွားတယ်။ ကျွန်တော် တကယ် အနားယူချင်ခဲ့တယ်။ ဒါပေမဲ့ ဆောက်လုပ်ရေး ပရောဂျက်တွေကို လက်မခံရင်၊ ငွေရမှာမဟုတ်ဘူး၊ တခြားလူတွေရဲ့ လေးစားအားကျတာကို ခံရမှာမဟုတ်ဘူးလေ။ ကျွန်တော့်မှာ အားမွေးပြီး အလုပ်ဆက်လုပ်ရုံကလွဲလို့ ရွေးစရာမရှိခဲ့ဘူး။ ငွေပိုပြီး ရသထက်ရလာတာနဲ့အမျှ၊ ကျွန်တော့်ရဲ့ ဆင်းရဲဒုက္ခနဲ့ ပင်ပန်းတာတွေအားလုံး တန်တယ်လို့ ခံစားခဲ့ရတယ်။ ကျွန်တော့်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်း ဖြစ်ထွန်းနေတုန်းမှာပဲ၊ ကျွန်တော့်ဇနီးက နံရံကို ကိုင်ပြီးတော့ တတိယထပ် ငြမ်းမှာ အလုပ်လုပ်နေတာ။ အဲဒီအချိန် သူက ပျဉ်ပြားတစ်ခုကို တိုက်မိပြီး ပထမထပ်ကို ကျတယ်။ ချက်ချင်း သတိမေ့သွားတယ်။ သူ့ကို ဆေးရုံအမြန်ပို့လိုက်ရပြီး၊ တစ်နာရီကျော် အရေးပေါ် ကုသမှုခံယူပြီးတဲ့နောက် နောက်ဆုံးမှာ တည်တည်ငြိမ်ငြိမ်ဖြစ်သွားပြီး သတိပြန်လည်လာခဲ့တယ်။ ဆေးရုံကဆင်းဖို့ သူ့အနေနဲ့ လုံလောက်အောင် ပြန်သက်သာဖို့က တစ်လကျော်ကြာခဲ့တယ်။

နောက်တော့ ကျွန်တော့် မိန်းမ ဆေးရုံကနေ ဆင်းခဲ့ပြီးတာကို ကျွန်တော့်အစ်မကြီးက သိပြီး၊ ကျွန်တော်တို့ဆီ လာလည်တယ်။ သူက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ဝေမျှတယ်။ အဲဒီတုန်းက ဘုရားနှုတ်ကပတ်တော်တစ်ချို့ကြောင့် ကျွန်တော် အရမ်းကို တို့ထိခံခဲ့ရတာ သတိရမိသေးတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ရောက်ရှိလာသည့်အချိန်မှစ၍ သင်သည် သင်၏တာဝန်ကို စတင်ဖြည့်ဆည်းရပေတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် သူ၏ကြိုတင်ပြဋ္ဌာန်းမှုအတွက် သင်၏ကဏ္ဍကို သင်ဆောင်ရွက်ပြီး သင့်ဘဝ၏ ခရီးစဉ်ကို စတင်ရတော့သည်။ သင့်နောက်ကြောင်းနှင့် သင့်ရှေ့ဆက်ခရီးတို့ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်ခြင်းများကို မရှောင်နိုင်သကဲ့သို့၊ မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ၊ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင်တစ်ပါး တည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။ လူသားစတင်ဖြစ်တည်လာသည့်နေ့မှစကာ ဘုရားသခင်သည် စကြဝဠာကို စီမံခန့်ခွဲလျက်၊ အရာအားလုံးအတွက် ပြောင်းလဲမှု စည်းမျဉ်းများနှင့် ၎င်းတို့ရွေ့လျားသည့် လမ်းကြောင်းကို လမ်းညွှန်ပြသပေးလျက် ဤကဲ့သို့ အမှုပြုလာခဲ့သည်။ ခပ်သိမ်းသော အရာများနည်းတူ လူသားသည် ဘုရားသခင်ထံမှ ချိုမြိန်သာယာမှု၊ မိုးရေနှင့် နှင်းစက်နှင်းပေါက်တို့၏ အာဟာရပေးမှုကို တိတ်တဆိတ်နှင့် အမှုမဲ့အမှတ်မဲ့ ရရှိနေသည်၊ ခပ်သိမ်းသောအရာများနည်းတူ လူသားသည် ဘုရားသခင်၏လက်တော်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် အမှုမဲ့အမှတ်မဲ့ နေထိုင်လျက်ရှိသည်။ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရာကနေတစ်ဆင့်၊ ကျွန်တော် နားလည်သွားတယ်။ လူတိုင်းရဲ့ ကံကြမ္မာက ဘုရားလက်ထဲမှာရှိတယ်ဆိုတာပေါ့။ ကျွန်တော့်မိန်းမက တတိယထပ်ကနေ ကျပြီး အသက်ရှင်ကျန်ခဲ့ချိန်မှာ၊ သူ ကံကောင်းလို့မဟုတ်ဘဲ ဘုရားရဲ့ ကွယ်ကာမှုကြောင့်ပါ။ တခြားကန်ထရိုက်တာတွေရဲ့ ဆောက်လုပ်ရေးဆိုက်တွေမှာ ဖြစ်ခဲ့တဲ့ မတော်တဆမှုတွေနဲ့ပတ်သက်လို့ တွေးမိတယ်။ တချို့အလုပ်သမားတွေက တတိယထပ်ငြမ်းကနေ ကျပြီး ဆေးရုံကို ပို့ပြီးတဲ့နောက်မှာတောင် ကယ်လို့မရခဲ့ဘူး။ တခြားလူတွေက ဒုတိယ ဒါမှမဟုတ် ပထမထပ်ငြမ်းကနေ ကျပြီး အဲဒီနေရာမှာပဲ ပွဲချင်းပြီးသေသွားကြတယ်။ ဒါတွေအကုန်လုံးက ဘုရားသခင် ပြောတဲ့အရာအတွက် သက်သေတစ်ခုပဲ မဟုတ်လား။ “မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ၊ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင်တစ်ပါး တည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။” ဒီနေ့မှာ ကျွန်တော့်အစ်မက ကျွန်တော်တို့ကို ဧဝံဂေလိ ဖြန့်တာကလည်း ဘုရားရဲ့ အချုပ်အခြာအာဏာက စီစဉ်ထားတာပါ။ သူ့ရဲ့ မိတ်သဟာယကတစ်ဆင့်၊ လူသားတွေနဲ့ အရာခပ်သိမ်းကို ဘုရားဖန်ဆင်းခဲ့မှန်း ကျွန်တော် သိခဲ့ရတယ်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အမှုတော် အဆင့်သုံးဆင့်ကို လုပ်ခဲ့ပြီး လူသားမျိုးနွယ်ကို ဒီနေ့ထိ ဦးဆောင်ခဲ့တယ်။ ထောက်ပံ့ပေးခဲ့တယ်။ နောက်ဆုံးသော ကာလထဲက ဒီအမှုတော်ဟာ လူသားမျိုးနွယ်ကို ကယ်တင်ရာမှာ ဘုရားရဲ့ အမှုတော် နောက်ဆုံးအဆင့်ဖြစ်ပြီး၊ လူတွေအတွက် ကယ်တင်ခံရဖို့က ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ။ ဘုရားကို ယုံကြည်ပြီး ဘုရားရှေ့မှာ ကိုးကွယ်ခြင်းနဲ့ပဲ ကျွန်တော်တို့မှာ ကောင်းတဲ့ကံကြမ္မာတစ်ခုရှိနိုင်တယ်။ ကျွန်တော့်ဇနီးနဲ့ ကျွန်တော်က ဘုရားရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိကို ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ကြပြီး အဲဒီကတည်းက စုဝေးပွဲတွေကို တက်တက်ကြွကြွ တက်ခဲ့တယ်။ စုဝေးပွဲအချိန်တွေမှာ၊ ညီအစ်ကို မောင်နှမတွေက ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယပြုခဲ့ကြတယ်။ ကျွန်တော့်စိတ်နှလုံးကို အထူးသဖြင့် တည်ငြိမ်အေးချမ်းစေပြီး အရင်က ခံစားခဲ့ရတဲ့ ဖိနှိပ်ချုပ်ခြယ်မှုကို ဖြေလွတ်ပေးတဲ့ သမ္မာတရားတချို့ကို ကျွန်တော် နားလည်ခဲ့တယ်။

နောက်တော့ ခေါင်းဆောင်က စုဝေးပွဲတွေမှာ ကျွန်တော် တက်တက်ကြွကြွ ပါဝင်တာကို မြင်ပြီး ယုံကြည်သူအသစ်သုံးယောက်ကို ရေလောင်းပေးတဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ကျွန်တော့်အတွက် စီစဉ်ပေးချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် နည်းနည်း ချီတုံချတုံဖြစ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က နေ့မှာ ဆောက်လုပ်ရေးကို စီမံရပြီး၊ ညမှာ အလုပ်အချက်အလက်တွေကို မှတ်တမ်းတင်ရသလို စာရင်းကိုင် လုပ်ရလို့ပါ။ ယုံကြည်သူအသစ်တွေကို ရေလောင်းဖို့ အချိန် ဘယ်မှာ ရှိမှာလဲ။ ဒီတာဝန်ကို ကျွန်တော် မလုပ်ချင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော် နည်းနည်း အပြစ်ရှိသလို ခံစားရတယ်။ ဘုရားကို ကျွန်တော် ပထမဆုံး ယုံကြည်ပြီး၊ ဆောက်အလုပ်ရေးအလုပ်နဲ့ အလုပ်များခဲ့တုန်းက ညနေဖက်တွေမှာ ညီအစ်ကို မောင်နှမတွေက ကျွန်တော့်ကို ရေလောင်းပြီး ထောက်ပံ့ပေးဖို့ လာကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယပြုရာကတစ်ဆင့် သမ္မာတရားကို နားလည်အောင် ကူညီခဲ့ကြတယ်။ အခုက အသင်းတော်ထဲမှာ ယုံကြည်သူသစ်တွေ ပိုများလာပြီး ရေလောင်းတာနဲ့ပတ်သက်ပြီး ကူညီဖို့ လူမလောက်တော့ ကျွန်တော့်အပိုင်းကို ကျွန်တော် ပံ့ပိုးသင့်တယ်။ ဒါကို တွေးမိတော့ ကျွန်တော် ဘုရားကို ဆုတောင်းတယ်။ မှန်ကန်တဲ့ ရွေးချယ်မှုလုပ်ဖို့ ဦးဆောင်လမ်းပြပြီး ဉာဏ်အလင်းပေးဖို့ တောင်းလျှောက်တယ်။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်ခဲ့တယ်။ “ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ- သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူလုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက ဤသည်မှာ သူ၏ ပုန်ကန်မှုဖြစ်သည်။ လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း ဖြစ်စဉ်မှတစ်ဆင့်ဖြစ်ပြီး သူ၏ သစ္စာစောင့်သိမှုကို ပြသသည်မှာ ဤဖြစ်စဉ်မှတစ်ဆင့် ဖြစ်ပေသည်။ ထိုသို့ဖြင့် သင်သည် သင်၏တာဝန်ကို ပို၍ လုပ်ဆောင်နိုင်လေ၊ သာ၍ များသည့် သမ္မာတရားကို သင် ရရှိလေဖြစ်လိမ့်မည် ဖြစ်ပြီး သင်၏ဖော်ပြချက်သည် သာ၍ စစ်မှန်လာလေ ဖြစ်လိမ့်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ဖန်ဆင်းခံတွေအနေနဲ့ ကျွန်တော်တို့တာဝန်တွေကို ထမ်းဆောင်တာက လုံးဝ သဘာဝကျပြီး တရားတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အသက်တွေက ဘုရားဆီကလာပြီး ကျွန်တော်တို့ မွေ့လျော်ခံစားသမျှတိုင်းက သူ့ဆီက လက်ဆောင်ဖြစ်လို့ပဲဆိုတာကို ကျွန်တော် နားလည်အောင် ဘုရားနှုတ်ကပတ်တော်တွေက ကူညီပေးခဲ့တယ်။ ကျွန်တော်တို့တာဝန်တွေကို လုပ်တာက ကျွန်တော်တို့ မိဘတွေကို သားသမီးဝတ်ကျေပွန်တာနဲ့တူတယ်။ အဲဒါက သံသယရှိစရာမလိုတဲ့ တာဝန်နဲ့ ဝတ္တရားတစ်ခုပဲ။ ဒီတာဝန်ကို ကျွန်တော် လက်မခံခဲ့ရင်၊ တကယ်ကို အသိစိတ်မဲ့ခဲ့မှာပဲ။ ဒါ့အပြင်၊ ယုံကြည်သူသစ်တွေကို ထောက်ပံ့ပေးပြီး ရေလောင်းပေးတာက တစ်ပတ်နှစ်ကြိမ် ညနေပိုင်းတွေမှာပဲ လုပ်ရတာလေ။ ဒီတော့ အဲဒါက ကျွန်တော့်ရဲ့ ဆောက်လုပ်ရေးအလုပ် စီမံတာကို သိပ်စွက်ဖက်မှာ မဟုတ်ဘူး။ ဒါကို သဘောပေါက်တော့၊ ဒီတာဝန်ကိုယူဖို့ ကျွန်တော် သဘောတူလိုက်တယ်။ တစ်ခါတလေ ယုံကြည်သူသစ်တွေရဲ့ အခြေအနေတွေ၊ အယူအဆတွေကို ကျွန်တော်မဖြေရှင်းနိုင်တဲ့အခါ၊ ဘုရားဆီ ဆုတောင်းပြီး လမ်းပြမှု ရှာခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရာကတစ်ဆင့်၊ သမ္မာတရားတချို့ကို ကျွန်တော် အမှတ်တမဲ့နဲ့ နားလည်သွားတယ်။ ယုံကြည်သူသစ်တွေက သူတို့ရဲ့ အခြေအနေနဲ့ အယူအဆတွေ ပြေလည်သွားခဲ့သလို၊ ရူပါရုံနဲ့ဆိုင်တဲ့ သမ္မာတရားအပေါ် ကျွန်တော့်ရဲ့ သိနားလည်မှုက ပိုရှင်းလာခဲ့တယ်။ ကျွန်တော့်တာဝန်ကို လုပ်ရာမှာ ကျွန်တော် ပိုပြီး တက်ကြွလာတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်တာဝန်ကို ထမ်းဆောင်ပြီးတော့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှုနဲ့ ဦးဆောင်မှုကို ရနိုင်တယ်၊ သမ္မာတရားတွေကို ပိုနားလည်ပြီး ကျွန်တော့် စိတ်နှလုံးမှာ ငြိမ်သက်ခြင်းနဲ့ စိတ်ချမှု အသိစိတ်တစ်ခု ရတယ်လို့ ခံစားရလို့ပဲ။

နောက်ပိုင်းမှာ ညီအစ်ကို မောင်နှမတွေက သမ္မာတရား လိုက်စားရာမှာ ကျွန်တော့်ရဲ့ စိတ်ထက်သန်မှုကို မြင်တော့၊ ဧဝံဂေလိ သင်းထောက်အနေနဲ့ အစေခံဖို့ ကျွန်တော့်ကို ရွေးခဲ့ကြတယ်။ ဒီတာဝန် ကျွန်တော့်ဆီ ရောက်လာတာက ဘုရားမေတ္တာ ဖော်ပြချက်တစ်ခုဆိုတာကို သိပြီး ကျွန်တော် အတော်လေးပျော်ခဲ့တယ်။ ဒါကို ကျွန်တော် မြတ်နိုးတန်ဖိုးထားပြီး ဒီတာဝန်ကို ကောင်းကောင်း လုပ်ချင်တယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်နှလုံးမှာ စိုးရိမ်တာတွေတချို့ ရှိခဲ့တယ်။ ကျွန်တော့်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းက သိသိသာသာ ကြီးထွားခဲ့ပြီဖြစ်သလို အဲဒါရဲ့ အမြတ်အစွန်းက ဆက်တိုးတက်ဖို့ အလားအလာရှိနေတာလေ။ ဧဝံဂေလိ သင်းထောက်တာဝန်ကို လက်ခံလိုက်ရင်၊ ဆောက်လုပ်ရေးလုပ်ငန်းကို စီမံဖို့ အားလျော့သွားမှာ သေချာတယ်။ အဲဒါက ဝင်ငွေနည်းသွားစေမှာပဲ။ ကျွန်တော် ကျဉ်းထဲကျပ်ထဲ ရောက်သွားတယ်။ အဲဒီအချိန်မှာ နောက်ဆုံးသောကာလ အမှုတော်က လူသားမျိုးနွယ်ကို ကယ်တင်တဲ့ ဘုရားရဲ့ နောက်ဆုံး အမှုတော်ဖြစ်မှန်း သတိရခဲ့တယ်။ ငွေရှာတာကိုပဲ ကျွန်တော် အာရုံစိုက်ပြီး ကိုယ့်တာဝန်ကို လျစ်လျူရှုလိုက်ရင်၊ သမ္မာတရားကို ကျွန်တော် ဘယ်လိုလုပ်ရနိုင်မှာလဲ။ ဒါကြောင့် ဘုရားဆီ ကျွန်တော် ဆုတောင်းတယ်။ သမ္မာတရားကို ရှာဖွေပြီး ကျွန်တော့်ကိုယ်ပိုင် အခက်အခဲတွေကို ဖြေရှင်းရာမှာ ဦးဆောင်ဖို့ တောင်းလျှောက်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ရတယ်။ “ယနေ့တွင် သင် စွမ်းဆောင်ရရှိရန် လိုအပ်သည်မှာ နောက်ထပ်တောင်းဆိုမှုများ မဟုတ်ဘဲ၊ လူ၏ တာဝန်နှင့် လူအားလုံးက လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ အကယ်၍ မိမိ၏တာဝန်ကိုပင် သင်တို့ လုပ်ဆောင်နိုင်စွမ်း မရှိပါက၊ သို့မဟုတ် ယင်းကို ကောင်းစွာ လုပ်ဆောင်နိုင်စွမ်းမရှိပါက၊ သင်တို့သည် မိမိကိုယ်ကိုယ် ဒုက္ခရောက်စေခြင်း မဟုတ်လော။ သင်သည် သေခြင်းတရားကို ဖိတ်ခေါ်နေသည် မဟုတ်လော။ အနာဂတ်နှင့် အလားအလာများရှိဖို့ သင်သည် အဘယ်သို့ မျှော်လင့်နိုင်ဦးမည်နည်း။ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူ၏ ပူးပေါင်းဆောင်ရွက်မှုသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် ပေးထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူလုပ်ဆောင်သင့်သည့်အရာ အားလုံးကို လုပ်ဆောင်ပြီးနောက်တွင်၊ လူသည် သူ၏ လက်တွေ့လုပ်ဆောင်မှုတွင် တွန့်တိုခြင်း မရှိရန်နှင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပေသည်။ ဘုရားသခင်၏အမှုတွင် လူသည် မည်သည့်လုံ့လကိုမျှ မချန်သင့်၊ သူ၏သစ္စာစောင့်သိမှုကို ဆက်ကပ်သင့်ပြီး၊ အတော်များသော အယူအဆများတွင် မမွေ့လျော်သင့်ပေ သို့မဟုတ် မလှုပ်မယှက်ထိုင်ကာ သေခြင်းကို မစောင့်ဆိုင်းသင့်ပေ။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် လူသားအတွက် စတေးနိုင်သည်၊ သို့ဆိုလျှင် လူသည် သူ၏သစ္စာစောင့်သိခြင်းကို ဘုရားသခင်အား အဘယ်ကြောင့် မဆက်ကပ်နိုင်သနည်း။ ဘုရားသခင်သည် လူသားအပေါ် တစ်စိတ်တစ်ဝမ်းတည်းရှိသည်၊ သို့ဆိုလျှင် လူသည် အဘယ်ကြောင့် ပူးပေါင်းဆောင်ရွက်မှု အနည်းငယ်ကို မဆက်ကပ်နိုင်ရသနည်း။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် အမှုပြုသည်၊ သို့ဆိုလျှင် လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် မိမိ၏ တာဝန်အချို့ကို အဘယ်ကြောင့် မဆောင်ရွက်နိုင်သနည်း။ ဘုရားသခင်၏ အမှုသည် ဤအထိ ရောက်ရှိလာလေပြီ၊ သို့သော် သင်သည် မြင်သော်ငြား မလုပ်ဆောင်၊ ကြားသော်ငြား မလှုပ်ရှားချေ။ ထိုသို့သော လူများသည် ထာဝရ ပြစ်ဒဏ်ခံရသူများ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် သူ၏အရာအားလုံးကို လူသားအဖို့ ဆက်ကပ်အပ်နှံထားပြီး ဖြစ်သည်၊ သို့ဆိုလျှင် ယနေ့တွင် လူသည် သူ၏တာဝန်ကို အဘယ်ကြောင့် စိတ်အားထက်သန်စွာ ဆောင်ရွက်နိုင်စွမ်း မရှိသနည်း။ ဘုရားသခင် အတွက်၊ သူ၏အမှုသည် ပထမ ဦးစားပေးဖြစ်ပြီး၊ သူ့စီမံခန့်ခွဲခြင်း အမှုသည် အရေးအကြီးဆုံး ဖြစ်သည်။ လူသားအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းခြင်းတို့သည် သူ၏ ပထမ ဦးစားပေးဖြစ်သည်။ ဤအရာကို သင်တို့အားလုံး နားလည်သင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ကျွန်တော် အရမ်းတို့ထိခံခဲ့ရတယ်။ လူသားမျိုးနွယ်ကို ရွေးနုတ်ကယ်တင်ဖို့ ဘုရားသခင်က လူသားအနေနဲ့ ပထမဆုံး လူ့ဇာတိခံခဲ့ပြီး၊ လူသားအပြစ်တွေကို ခွင့်လွှတ်ဖို့ ကားစင်တင်ခံခဲ့ရတယ်။ ဘုရားသခင်က လူသားမျိုးနွယ် အပြည့်အဝ ကယ်တင်ခြင်းခံရဖို့အတွက် လိုအပ်တဲ့ သမ္မာတရားတွေအားလုံးကို ဖော်ပြဖို့၊ သမ္မာတရားကို ကျွန်တော်တို့ ပိုပြီးနားလည်အောင်၊ သမ္မာတရားကို ရအောင်၊ ကယ်တင်ခြင်းရအောင် ကူညီဖို့အတွက် ဒီသမ္မာတရားတွေကို ရှင်းရှင်းလင်းလင်း၊ နှံ့နှံ့စပ်စပ် မိတ်သဟာယဖွဲ့ဖို့ နောက်ဆုံးသောကာလမှာ နောက်တစ်ခါ လူ့ဇာတိခံခဲ့တယ်။ ဘုရားလုပ်သမျှတိုင်းက ကျွန်တော်တို့အတွက်ပဲ။ ဒါကြောင့် ဘုရားမေတ္တာကို ပြန်ဆပ်ဖို့ ဘာလို့ ကျွန်တော့်တာဝန်ကို ကျွန်တော် မလုပ်နိုင်ရမှာလဲ။ ကျွန်တော်က ဘုရားရဲ့ ရည်ရွယ်ချက်တွေကို လုံးဝ အလေးမထားခဲ့သလို၊ ဒီတာဝန်ကို လက်ခံတာက ကျွန်တော့်ကိုယ်ပိုင် ဝင်ငွေကို ထိခိုက်မှာစိုးရိမ်ပြီးတော့ ငြင်းပယ်ချင်ခဲ့တယ်။ ကျွန်တော်အလေးထားတာက ငွေဘယ်လိုရှာရမယ်ဆိုတာဖြစ်ပြီး၊ ကျွန်တော့်တာဝန်ကို ကျွန်တော် ဂရုမစိုက်ခဲ့ဘူး။ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာပဲ။ ညီအစ်ကို မောင်နှမတွေက ဧဝံဂေလိ သင်းထောက်အနေနဲ့ အစေခံဖို့ ကျွန်တော့်ကို ရွေးခဲ့ကြချိန်မှာ၊ အဲဒါက ဘုရားဆီကနေ ကျွန်တော့်ဆီလာတဲ့ အလုပ်၊ တာဝန်နဲ့ ဝတ္တရားတစ်ခု ဖြစ်သလို၊ လက်ခံပြီး၊ ကျိုးနွံနာခံသင့်တယ်။ ကျွန်တော် ငြင်းလိုက်ရင်၊ လူသားလို့ မခေါ်ထိုက်သလို၊ သမ္မာတရားရမဲ့ အခွင့်အရေး ဆုံးရှုံးသွားမှာဖြစ်ပြီး နောက်ဆုံးမှာ ဖယ်ရှားရှင်းလင်းတာခံရမှာပဲ။ ချမ်းသာကြွယ်ဝမှုကို ကျွန်တော့်ရဲ့ နှောင်ဖွဲ့မှုကို ချက်ချင်း လက်မလွှတ်နိုင်ခဲ့ပေမဲ့၊ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း ပြုမူပြီး ဒီတာဝန်ကို လက်ခံဖို့ အဲဒါကို အကောင်းဆုံး ဖြည့်ဆည်းဖို့ လိုလားခဲ့တယ်။

အစမှာတော့ စုဝေးပွဲတွေ၊ ဧဝံဂေလိ ဖြန့်ရာမှာ လေ့ကျင့်တာတွေ၊ ပြီးတော့ ညီအစ်ကို မောင်နှမတွေနဲ့ သက်သေခံတာတွေအတွက် အချိန်ရအောင် စီမံနိုင်ခဲ့တယ်။ ဒါပေမဲ့ ဆောက်လုပ်ရေးပရောဂျက်တွေကို ကျွန်တော်ပိုပြီး လက်ခံတော့ ကျွန်တော့်တာဝန်နဲ့ စုဝေးပွဲတွေအတွက် ရည်ရွယ်ထားတဲ့အချိန်တွေကို ထိခိုက်နေတာကို တွေ့လိုက်ရတယ်။ တစ်ခါတုန်းက မြေပိုင်ရှင်တစ်ယောက်က နောက်ထပ်စီမံကိန်းတချို့နဲ့အတူ သုံးထပ်အဆောက်အအုံလေးခုဆောက်ဖို့ တောင်းဆိုခဲ့တယ်။ ကျွန်တော် ဝန်လေးနေခဲ့တယ်။ ဒီပရောဂျက်က တော်တော်ကြီးပြီး စီမံခန့်ခွဲတာနဲ့ပတ်သက်လို့ စိုးရိမ်ဖို့လိုတဲ့ မပြီးသေးတဲ့ တခြားပရောဂျက်တစ်ခုလည်း ကျွန်တော့်မှာ ရှိနေသေးတယ်လေ။ ပရောဂျက်အသစ်ကို သဘောတူလိုက်တာက ကျွန်တော့်တာဝန်နဲ့ စုဝေးပွဲတွေအတွက် အချိန် ပိုတောင်နည်းသွားမဲ့ သဘောဖြစ်မှာ။ လုပ်ငန်းစရမဲ့နေ့စွဲကို ရွှေ့ဆိုင်းဖို့ မြေပိုင်ရှင်နဲ့ ညှိဖို့ ကျွန်တော် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူက သဘောမတူဘူး။ ကျွန်တော် စိတ်ဖိစီးသွားတယ်။ ဘာလို့လဲဆိုတော့ အချိန်မီ မစနိုင်ရင် လက်မှတ်ထိုးထားတဲ့ စာချုပ်တွေက ပျက်ပြယ်သွားမှာဖြစ်ပြီး၊ ငွေကြေးဆုံးရှုံးမှုတွေနဲ့ ကျွန်တော့်ရဲ့ ဂုဏ်သတင်း ထိခိုက်တာတွေ ဖြစ်သွားမှာလေ။ ကျွန်တော့်ရဲ့ ကတိပေးပြီးသားအလုပ်တွေကို ပြီးအောင်မလုပ်နိုင်ရင် အနာဂတ် ပရောဂျက်တွေနဲ့ပတ်သက်ပြီး ဘယ်သူက ကျွန်တော့်ကို ယုံကြည်မှာလဲ။ ပရောဂျက်တွေ မရှိဘဲနဲ့ ကျွန်တော် ငွေရှာနိုင်ပါဦးမလား။ ကျွန်တော့်ရဲ့ ပူပန်မှုတွေရှိပေမဲ့၊ နောက်ဆုံးမှာ မြေပိုင်ရှင်ရဲ့ တောင်းဆိုချက်တွေကို ကျွန်တော် သဘောတူပြီး ဆောက်လုပ်ရေးအလုပ်သစ်နဲ့ အလုပ်များလာခဲ့တယ်။ တစ်ခါတလေ ဆောက်လုပ်ရေးဆိုက်မှာ ပြဿနာတွေအများကြီးရှိတဲ့အခါ မနက်ပိုင်း မထွက်ခင်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ဒီအတိုင်းပဲ ဖျတ်ခနဲကြည့်လိုက်တယ်။ ဒါက ကျွန်တော့်ရဲ့ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာကို နှောင့်ယှက်ရုံမက၊ ဧဝံဂေလိအလုပ်မှာ ပါဝင်ဖို့ အချိန်မရှိဘဲ ဖြစ်သွားစေခဲ့တယ်။ အဲဒီကာလမှာ၊ ဧဝံဂေလိ အလုပ်မှာ ရလဒ်တွေမရှိတာကို မြင်ရတော့၊ နည်းနည်း အပြစ်ရှိသလို ခံစားရတယ်။ ကျွန်တော့် စိတ်နှလုံးမှာ တိတ်တိတ်လေး ဆုံးဖြတ်လိုက်တယ်။ အနာဂတ်မှာ ဆောက်လုပ်ရေးက ဘယ်လိုပဲ အလုပ်များပါစေ၊ စုဝေးပွဲတွေ တက်တာ၊ ကိုယ့်တာဝန် လုပ်တာကို ဦးစားပေးရမယ်လို့ပေါ့။

တစ်နေ့မှာ စုဝေးပွဲတစ်ခု တက်ဖို့ စီစဉ်နေတုန်းမှာပဲ၊ လာတဲ့လမ်းမှာ ဖုန်းက ရုတ်တရက် မြည်လာတယ်။ ဆောက်လုပ်ရေးဆိုက်က ကျွန်တော် ချက်ချင်း ဂရုစိုက်ပေးဖို့လိုတဲ့ ပြဿနာတစ်ခု ရှိတယ်တဲ့။ ကျွန်တော် တွန့်ဆုတ်သွားတယ်။ ဒီတစ်ခါ နဂိုက ကျွန်တော် စုဝေးပြီး ဧဝံဂေလိ အလုပ်အကြောင်းကို မိတ်သဟာယပြုချင်ခဲ့တာလေ။ ဒါပေမဲ့ အခု ဒီပြဿနာ ပေါ်လာတယ်။ ဆိုက်မှာရှိတဲ့ ပြဿနာကို သွားကိုင်တွယ်ရင်၊ စုဝေးပွဲ တက်နိုင်တော့မှာ မဟုတ်ဘူး။ ဒါက ဘုရားကို လှည့်စားတာ ဖြစ်မှာ မဟုတ်လား။ ဒါပေမဲ့ ကျွန်တော် မသွားခဲ့ဘဲ မြေပိုင်ရှင်က တရားစွဲရင်ကော၊ ဘယ်လိုလုပ်မလဲ။ ဒါဆိုရင် ကျွန်တော့်နာမည်ဂုဏ်သတင်းနဲ့ ငွေကြေးရည်တည်ချက်ကို ထိခိုက်သွားနိုင်တယ်။ ဒီလိုဆက်ဖြစ်ရင်၊ ကျွန်တော့်ရဲ့ ဆောက်လုပ်ရေး ပရောဂျက်တွေကို ကျွန်တော် ဘယ်လိုလုပ် စီမံနိုင်မှာလဲ။ ဆောက်လုပ်ရေးအလုပ်ကို ဦးစားပေးဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပြီး နောက်မှ စုဝေးပွဲနဲ့ ကိုယ့်တာဝန်အတွက် အချိန်ရအောင်လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးလိုက်တယ်။ ဒီလိုနဲ့ ဆောက်လုပ်ရေးဆိုက်ဆီကို ကျွန်တော် သွားခဲ့တယ်။

ညနေ အိမ်ပြန်လာတော့၊ တစ်နေ့တာရဲ့ အဖြစ်အပျက်တွေကို သုံးသပ်တဲ့အခါ၊ ကျွန်တော် အပြစ်ရှိသလိုခံစားရတယ်။ စုဝေးပွဲကို တက်ဖို့ ကျွန်တော် စီစဉ်ခဲ့ပေမဲ့ ငွေကြေးပူပန်မှုတွေကို ကျွန်တော့်တာဝန်လုပ်တာနဲ့ပတ်သက်လို့ စွက်ဖက်ခွင့်ပေးမိခဲ့တယ်။ ဒီကာလမှာ၊ ဆောက်လုပ်ရေးအလုပ်အပေါ် ကျွန်တော့်အာရုံကြောင့် ဧဝံဂေလိ ဖြန့်တာရဲ့ တိုးတက်မှုက နှောင့်နှေးသွားတယ်။ ကျွန်တော့်တာဝန်ကို ကောင်းကောင်းမွန်မွန် မထမ်းဆောင်ခဲ့တာ သဘောပေါက်မိတယ်။ ဒါပေမဲ့ ဆောက်လုပ်ရေးအလုပ်ကို ဘေးဖယ်ပြီး ငွေရှာတာ ရပ်လိုက်ရင်၊ ကြီးပွားချမ်းသာပြီး လေးစားခံရတဲ့ ဘဝတစ်ခုကို ကျွန်တော် ဘယ်လိုလုပ် အသက်ရှင်နေထိုင်နိုင်မှာလဲ။ ဒွိဟဖြစ်နေရင်းနဲ့၊ ဘုရားရှေ့ကို ကျွန်တော်လာပြီး ဆုတောင်းခဲ့တယ်။ “ဘုရားသခင် ကျွန်တော့် စိတ်နှလုံး သောကရောက်နေပါတယ်။ ကိုယ်တော်ကို ယုံကြည်တာ၊ ကျွန်တော့်တာဝန် လုပ်တာတွေက လုံးဝ သဘာဝကျပြီး၊ တရားတာ သိပေမဲ့၊ ငွေကို လက်လွှတ်ဖို့ အခက်တွေ့မိပါတယ်။ ကျေးဇူးပြုပြီး မှန်ကန်တဲ့ ရွေးချယ်မှု ပြုလုပ်ဖို့ ကျွန်တော့်ကို လမ်းပြပါ”လို့ပေါ့။ ဆုတောင်းပြီးတော့ ကျွန်တော့် စိတ်နှလုံးက တဖြည်းဖြည်း တည်ငြိမ်သွားတယ်။ ကျွန်တော် ရှာကြည့်ရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်မိတယ်။ “အကယ်၍ ယခုတွင် ငါသည် သင်တို့ရှေ့၌ ငွေကြေးအချို့ကို ပုံပေးပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးပါက၊ ထို့ပြင် ငါသည် သင်တို့၏ ရွေးချယ်မှုအတွက် သင်တို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပါက အများစုသည် ငွေကြေးကိုသာ ရွေးပြီး သမ္မာတရားကို ပစ်ပယ်ကြပေလိမ့်မည်။ သင်တို့ထဲက ပိုကောင်းသောလူများသည် ငွေကြေးကို မယူဘဲ သမ္မာတရားကို အင်တင်တင်နှင့် ရွေးချယ်ကြလိမ့်မည်၊ ထိုနှစ်မျိုးကြားထဲမှ လူများမှာမူ လက်တစ်ဖက်နှင့် ငွေကြေးကို ဖမ်းကိုင်လျက် ကျန်လက်တစ်ဖက်နှင့် သမ္မာတရားကို ဖမ်းကိုင်ကြလိမ့်မည်။ ဤနည်းနှင့်ဆိုပါက သင်တို့၏ ဗီဇရုပ်များသည် ပကတိအတိုင်း ရှင်းသွားလိမ့်မည် မဟုတ်လော။ သမ္မာတရားနှင့် သင်တို့သစ္စာစောင့်သိသော အရာတစ်ခုခုကို ရွေးကြစတမ်း ဆိုပါက သင်တို့အားလုံးသည် ထိုကဲ့သို့သော ရွေးချယ်မှုမျိုးကိုသာ ပြုကြလိမ့်မည်ဖြစ်ပြီး သင်တို့၏ သဘောထားသည် တစ်ပုံစံတည်း ရှိနေရစ်မည်ဖြစ်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ သင်တို့ထဲ၌ အမှားနှင့် အမှန်ကြား ဗျာများနေသောသူများ များစွာရှိသည် မဟုတ်လော။ အပြုသဘောနှင့် အနုတ်သဘော၊ အဖြူနှင့် အမည်းကြားရှိ ယှဉ်ပြိုင်ပွဲများ၌ သင်တို့သည် မိသားစုနှင့် ဘုရားသခင်ကြား၊ သားသမီးများနှင့် ဘုရားသခင်ကြား၊ ငြိမ်းချမ်းခြင်းနှင့် ပြိုကွဲပျက်စီးခြင်းကြား၊ ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းကြား၊ ဂုဏ်ဒြပ်ရှိခြင်းနှင့် ဂုဏ်ဒြပ်မဲ့ခြင်းကြား၊ ထောက်ခံမှုခံရခြင်းနှင့် ဘေးဖယ်ထားမှုခံရခြင်း အစရှိသည်တို့အကြား၌ သင်တို့ပြုခဲ့သော ရွေးချယ်မှုများကို သင်တို့ အသေအချာသိသည်။...ကြည့်ရ သရွေ့ နှစ်ပေါင်းများစွာတိုင်အောင် ပေးအပ်မြှုပ်နှံမှုနှင့် လုံ့လထုတ်မှုသည် ကျောခိုင်းမှုနှင့် သင်တို့၏ စိတ်ပျက် အားလျော့ခြင်းတို့ကိုသာ ငါ့ထံယူဆောင်လာပေးခဲ့သည်။ သို့သော် တစ်ယောက်ချင်းစီ၏ရှေ့၌ ငါ၏နေ့ရက်ကို အလုံးစုံချခင်းထားပြီး ဖြစ်သည့်အတွက် သင်တို့အပေါ်ထားသော ငါ၏မျှော်လင့်ချက်များမှာ တစ်နေ့ပြီးတစ်နေ့ ပိုကြီးထွားလာ၏။ သို့သော်လည်း သင်တို့သည် အမှောင်ထုအပြင် မကောင်းမှုနှင့် သက်ဆိုင်သောအရာများကို မလျှော့တမ်း ရှာဖွေနေကြပြီး ၎င်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်ကြသည်။ ထိုသို့ဆိုလျှင် သင်တို့၏ ရလဒ်ကား အဘယ်အရာဖြစ်မည်နည်း။ ဤအကြောင်းကို သင်တို့ သေသေချာချာ တွေးကြည့်ဖူးသလော။ အကယ်၍ သင်တို့ကို ထပ်ရွေးခိုင်းပါက သင်တို့၏ရပ်တည်ချက်သည် မည်သို့ဖြစ်လိမ့်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို သစ္စာစောင့်သိသနည်း) ဘုရားသခင် ဖော်ထုတ်တာက ကျွန်တော့် အခြေအနေပါ။ ကျွန်တော်က လက်တစ်ဖက်မှာ ငွေကိုင်ထားပြီး တစ်ဖက်မှာ သမ္မာတရားကို ကိုင်ထားတဲ့သူတစ်ယောက် မဟုတ်လား။ ဘုရားကို ကျေနပ်စေဖို့ ကိုယ့်တာဝန်ကို လုပ်ဖို့ လိုလားတာကို ကျွန်တော် ကြွေးကြော်ခဲ့ပြီး၊ ဇာတိကို တွန်းလှန်ပြီး ကျွန်တော့်တာဝန်ကို ကောင်းကောင်း လုပ်ဖို့ စိတ်နှလုံးထဲမှာ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်တာဝန်က ငွေကြေးအကျိုးစီးပွားတွေနဲ့ ဆန့်ကျင်ကွဲလွဲတဲ့အခါ၊ ငွေနဲ့ ကျော်ကြားမှုရဲ့ ဆွဲဆောင်မှုကို ကျွန်တော် မတွန်းလှန်နိုင်ခဲ့ဘူး။ ကျွန်တော်က ကိုယ့်ကိုယ်ပိုင် စိတ်ဆန္ဒတွေနောက်ကို အလိုလိုလိုက်မိပြီး ငွေကို ရွေးချယ်နေမိတာကို တွေ့ရတယ်။ ဒီလိုကြီးမားတဲ့ ဆောက်လုပ်ရေး ပရောဂျက်ကို လက်ခံတာက အချိန်နဲ့ အားထုတ်မှု ပိုလိုအပ်တာ၊ ကျွန်တော့်တာဝန်ကို လုပ်ဖို့ အချိန်မရှိဘဲ ဖြစ်စေမှာကို ကျွန်တော် သိခဲ့တယ်။ ဒါပေမဲ့ မှားမှန်းသိခဲ့ပေမဲ့ ငွေပိုရှာဖို့နဲ့ တခြားလူတွေရဲ့ လေးစားမှုရဖို့ အဲဒါကို လက်ခံဖို့ ကျွန်တော် ရွေးချယ်တုန်းပါပဲ။ ကျွန်တော့် စိတ်နှလုံးက ငွေရှာတာကို အာရုံစိုက်ခဲ့သလို၊ တစ်လကျော်ကြာအောင် ဧဝံဂေလိအလုပ်ကို လိုက်လုပ်ပေးဖို့ လျစ်လျူရှုခဲ့တယ်။ ရလဒ်အနေနဲ့ ဧဝံဂေလိဖြန့်တာက ရပ်သွားတယ်။ ဘုရားပေးထားတဲ့ တာဝန်ကို ဒီလို ကျွန်တော် သဘောထားခဲ့တယ်။ အဲဒါကြောင့် ဘုရားကို ကျွန်တော် အကြွေး တကယ်တင်သွားတယ်။

အဲဒီနောက် ကျွန်တော် သေချာတွေးကြည့်တယ်။ ကျွန်တော့်တာဝန်ကို လုပ်ရင် သမ္မာတရား ရဖို့ ဖြစ်လာမှာကို သိရက်နဲ့ ဘာလို့ ငွေကို ကျွန်တော် လက်မလွှတ်နိုင်တာလဲဆိုတာပေါ့။ နောက်ပိုင်းမှာ ကျွန်တော် ရှာကြည့်ရင်းနဲ့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ် ဖတ်ခဲ့တယ်။ “စာတန်သည် လူတို့၏ အယူအဆများနှင့် အလွန်များစွာပူးပေါင်း ထားသော နည်းလမ်းဖြစ်သည့် လွန်စွာ သိမ်မွေ့ညင်သာသော နည်းလမ်းမျိုးကို အသုံးပြု၏။ ယင်းသည် လုံးဝ အစွန်းရောက်သော နည်းလမ်း မဟုတ်။ ယင်းမှတစ်ဆင့် ၎င်း၏ရှင်သန်ခြင်း နည်းလမ်း၊ လိုက်နာရမည့် သူ၏စည်းကမ်းများကို စာတန်က လူတို့အား အမှုမဲ့အမှတ်မဲ့ လက်ခံစေကာ၊ ဘဝပန်းတိုင်များနှင့် အသက်တာ ဦးတည်ချက်များကို ထူထောင်စေလေသည်၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ ၎င်းတို့သည် အသက်တာထဲတွင် ရည်မှန်းချက်များကိုလည်း အမှုမဲ့အမှတ်မဲ့ ရှိလာကြ လေသည်။ ဤဘဝရည်မှန်းချက်များက မည်မျှပင် ကြီးကျယ်ခမ်းနား ပုံရသည် ဖြစ်စေ၊ ဤအရာ တို့သည် ‘ကျော်ကြားမှု’ နှင့် ‘အမြတ်အစွန်း’ နှင့် ခွဲမရအောင် ချိတ်ဆက်ထားလေသည်။ အမှန်တကယ်၌ ကြီးမြတ်သော၊ ကျော်ကြားသော ပုဂ္ဂိုလ် မည်သူမဆို၊ လူအားလုံးတို့သည် အသက်တာတွင် ၎င်းတို့ လိုက်သည့်အရာသည် ‘ကျော်ကြားမှု’ နှင့် ‘အမြတ်အစွန်း’ ဟူသော ဤစကားလုံး နှစ်လုံးနှင့်သာ ဆက်စပ်နေသည်။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက်၊ မြင့်မားသော အဆင့်အတန်းနှင့် ကြီးမားသော ကြွယ်ဝခြင်းတို့ကို ခံစားရန်နှင့် အသက်တာကို ပျော်မွေ့ရန် အတွက် ဤအရာများကို အကျိုးရှိအောင် အသုံးချနိုင်မည်ဟု ထင်ကြ၏။ ၎င်းတို့အနေဖြင့် ကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့ကို အပျော်အပါးလိုက်စားသည့် အသက်တာနှင့် ကာယိန္ဒြေမစောင့်ဘဲ ဇာတိပကတိ၌ ပျော်မွေ့ခြင်း အသက်တာကို ရရှိဖို့ အသုံးပြုနိုင်သည့် အရင်းအနှီးမျိုးဟု ထင်ကြလေသည်။ လူသားမျိုးနွယ် အလွန်တပ်မက်သည့် ဤကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့အတွက်၊ လူတို့သည် ၎င်းတို့၏ခန္ဓာနှင့် စိတ်၊ ၎င်းတို့တွင်ရှိသည်များ အားလုံး၊ ၎င်းတို့၏အနာဂတ်များနှင့် ကံကြမ္မာများအားလုံးကို အမှုမဲ့အမှတ်မဲ့ ဖြစ်သော်လည်း စိတ်လိုလက်ရဖြင့် စာတန်အား ပေးအပ်ကြလေ၏။ ထိုသူတို့သည် တုံ့ဆိုင်းခြင်း အလျှင်းမရှိသည့်အပြင်၊ ၎င်းတို့ လွှဲအပ်သမျှကို ပြန်၍ရယူရန် လိုအပ်သည်ကိုလည်း လုံးဝမသိနားမလည်ဘဲ ထိုသို့ပြုကြ၏။ လူတို့သည် စာတန်ထံတွင် ဤသို့ ခိုလှုံကြပြီး၊ ၎င်းအပေါ် သစ္စာရှိ သွားကြသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်ဦးမည်လော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် နွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကို ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။ လူတစ်ယောက်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းတွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ တရားမျှတသောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့အပေါ်တွင် ရှိသော ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့၏ ဆွဲဆောင်မှု အင်အားသည် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လူတို့အတွက် ဘဝတစ်လျှောက်လုံး လိုက်စားသည့် အရာများ၊ အဆုံးမရှိ ထာဝရလိုက်စားသည့် အရာများပင် ဖြစ်သွားကြ၏။ ဤသည်မှာ အမှန် မဟုတ်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆))လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်တွေကို သေချာတွေးကြည့်တဲ့အခါ၊ နားလည်လာတယ်။ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားဖို့ လူတွေကို သွေးဆောင်ရာမှာ စာတန်ရဲ့ ရည်ရွယ်ချက်က သူတို့ကို ဖောက်ပြန်ပျက်စီးစေပြီး ထိန်းချုပ်ဖို့၊ သူတို့ စိတ်နှလုံးတွေကို ဘုရားဆီကနေ ဝေးသွားစေဖို့ပဲ။ နောက်ဆုံးမှာ သူတို့ကိုယ်သူတို့ မကယ်တင်နိုင်တဲ့ စာတန်ရဲ့ ထောင်ချောက်ထဲ ပိတ်မိစေမယ်ဆိုတာပဲ။ နေ့တိုင်း ငွေရှာဖို့ ဆောက်လုပ်ရေး ပရောဂျက်တွေနဲ့ပတ်သက်လို့ မနက်ကနေ နေဝင်တဲ့ထိ ကျွန်တော် မမောနိုင်မပန်းနိုင် အလုပ်လုပ်ခဲ့တယ်။ ဒါက “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်” ဆိုတာနဲ့ “ငွေသည် အဓိကမဟုတ်သော်လည်း၊ ငွေမရှိလျှင် ဘာမျှလုပ်နိုင်မည်မဟုတ်”ဆိုတာတွေလို စာတန်ရဲ့ အဆိပ်တွေ လွှမ်းမိုးတာကို ငယ်ငယ်ကတည်းက ခံခဲ့ရရာကနေ အရင်းခံခဲ့တာပဲ။ ငွေရှိတာက တခြားလူတွေရဲ့ လေးစားမှုနဲ့ သာလွန်တဲ့ ဘဝနေထိုင်မှုပုံစံတစ်ခုအပါအဝင် အရာရာရှိတာပဲလို့ ကျွန်တော် ယုံခဲ့တယ်။ ကျွန်တော့်ရဲ့ ဆောက်လုပ်ရေး ပရောဂျက်တွေက ပိုကြီးလာပြီး၊ အမျိုးတွေနဲ့ မိတ်ဆွေတွေရဲ့ ချီးမွမ်းတာကို ကျွန်တော် ခံရတော့ ချမ်းသာကြွယ်ဝမှုက လူတွေရဲ့ လေးစားမှုကို ရစေနိုင်တယ်လို့ ပိုလို့တောင် ကျွန်တော် လက်ခံယုံကြည်လာခဲ့တယ်။ နေ့တိုင်း အဲဒီအတွက် မမောနိုင်မပန်းနိုင် အလုပ်လုပ်ရင်း၊ အမြဲတစေ ပူပန်သောက ကြောက်ရွံ့မှုနဲ့ အသက်ရှင်ရင်းနဲ့ ငွေရှာတာကို ကျွန်တော့်ဘဝ ရည်မှန်းချက် ဖြစ်စေခဲ့တယ်။ အလုပ်ခွင်မှာ မတော်တဆမှုတွေနဲ့ အဲဒီအကျိုးဆက်တွေကို အမြဲ စိုးရိမ်ခဲ့တယ်။ အပြင်ပန်းမှာတော့ ကျွန်တော် ငွေရှာပြီး ကျော်ကြားမှု ရနေပုံရပေမဲ့ အတွင်းပိုင်းမှာတော့ စိတ်ဖိစီးနေတယ်။ ကျွန်တော် ခန္ဓာကိုယ် ဒုက္ခခံစားရပြီး ကျွန်တော့်ဇနီးဆိုရင် အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့တယ်။ ဒါတောင် ဒီအတွေ့အကြုံတွေ ရှိပေမဲ့၊ ချမ်းသာကြွယ်ဝမှု၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရှာတာကို ကျွန်တော် လက်မလွှတ်နိုင်ခဲ့ဘူး။ ဘုရားအိမ်တော်ထဲကို ရောက်လာပြီးတဲ့နောက်မှာ၊ ဘုရားကို ယုံကြည်တာက သမ္မာတရား လိုက်စားတာ ပါဝင်သင့်မှန်း နားလည်ခဲ့တယ်။ ဒါပေမဲ့ စာတန်ရဲ့ အကြံတွေကို ကျွန်တော် မရိပ်စားနိုင်ခဲ့သလို၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် တမင်မဟုတ်ဘဲ ကြိုးပမ်းနေမိတာကို ကိုယ့်ကိုယ်ကို တွေ့ခဲ့ရတယ်။ ဧဝံဂေလိ သင်းထောက်တစ်ယောက်အနေနဲ့၊ ဧဝံဂေလိ အလုပ်ကို ကောင်းကောင်းလုပ်ဖို့က ကျွန်တော့်တာဝန်လေ။ ဒါပေမဲ့ ငွေပိုရှာဖို့၊ ကျွန်တော့်တာဝန်ကို ဘေးဖယ်ထားပြီး တစ်လကြာအောင် ဧဝံဂေလိအလုပ်ကို လိုက်လုပ်ပေးဖို့ လျစ်လျူရှုခဲ့တယ်။ ဒီအပြုအမူရဲ့ သဘောသဘာဝက ဘုရားကို လှည့်စားပြီး သစ္စာဖောက်တာနဲ့ ညီမျှတယ်။ ဒါ့အပြင်၊ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းတွေနဲ့ စုဝေးပွဲတွေကို လျစ်လျူရှုရင်းနဲ့ ဆောက်လုပ်ရေး ပရောဂျက်တွေ စီမံတာနဲ့ပဲ နေ့တိုင်း ကျွန်တော် နှစ်မြှုပ်နေခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော့်စိတ်နှလုံးက ဘုရားဆီကနေ ပိုဝေးလွင့်သွားပြီး ကျွန်တော့် အသက်တာက ဆုံးရှုံးမှုကို ခံရတယ်။ ဒီလိုဆက်ဖြစ်ရင်၊ ကျွန်တော့်တာဝန်ကို လုပ်ပြီး ကယ်တင်ခြင်း ရမဲ့အခွင့်အရေးကို နောက်ဆုံးမှာ ကျွန်တော် ဆုံးရှုံးရမှာပဲ။ နောက်ဆုံးတော့ ချမ်းသာကြွယ်ဝမှု၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကို လိုက်စားတာက ကောင်းတဲ့ လမ်းကြောင်းမဟုတ်မှန်း ကျွန်တော် သဘောပေါက်သွားတယ်။ အဲဒါက လူတွေကို စာတန်က ဖောက်ပြန်ပျက်စီးစေပြီး ထိခိုက်စေတဲ့ နည်းလမ်းတစ်ခု၊ နောက်ဆုံးမှာ စာတန်ရဲ့ ကစားတာ၊ ထိခိုက်နစ်နာအောင်လုပ်တာ ခံရဖို့ ကျေးကျွန်ဘဝရောက်စေတဲ့ တန်ဆာပလာတစ်ခုပဲ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် ကျွန်တော် ဖတ်ရတယ်။ “သင်တို့ လိုအပ်သည့်အရာသည် ငါ၏ အပတ်တကုတ် ကြိုးစား အားထုတ်သည့် အလုပ် ဖြစ်ဖို့မဆိုထားနှင့်၊ သမ္မာတရားနှင့် အသက် မဟုတ်သကဲ့သို့၊ မည်သို့ပြုမူနေထိုင်ရမည်ဟူသော ကိုယ်ကျင့်တရားများလည်း မဟုတ်ပေ။ ယင်းထက်၊ သင်တို့ လိုအပ်သောအရာမှာ ဇာတိပကတိ၌ သင်တို့ ပိုင်ဆိုင်သမျှ အရာရာ ဖြစ်သည့်- ချမ်းသာကြွယ်ဝမှု၊ အဆင့်အတန်း၊ မိသားစု၊ အိမ်ထောင်ရေး၊ စသည်တို့ ဖြစ်သည်။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏အမှုကို လုံးဝ အထင်အမြင် သေးကြသည်။ ထို့ကြောင့် သင်တို့၏ ယုံကြည်ခြင်းကို ဝတ်ကျတမ်းကျေ ဟူသော စကားတစ်လုံးဖြင့် အကျဉ်းချုံးနိုင်သည်။ သင်တို့သည် သင်တို့ လုံးလုံးလျားလျား ဆက်ကပ်ထားသော အရာများကို ရရှိဖို့ရန် မည်သည့်အတိုင်းအတာထိမဆို လုပ်ဆောင်ကြလိမ့်မည် ဖြစ်သော်လည်း၊ သင်တို့၏ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ဆက်နွှယ်သည့် ကိစ္စများအတွက် အလားတူ လုပ်ဆောင်ကြမည် မဟုတ်သည်ကို ငါ သိရှိပြီး ဖြစ်သည်။ အတိအကျဆိုရပါက၊ သင်တို့သည် အတော်အသင့်သာ သစ္စာရှိပြီး အတော်အသင့်သာ လေးလေးနက်နက်ရှိကြသည်။ ယင်းမှာ အဆုံးစွန် ရိုးသားစစ်မှန်မှုရှိသည့်‌ စိတ်နှလုံးတစ်ခု ကင်းမဲ့သောသူတို့သည် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းတွင် ရှုံးနိမ့်သောသူများ ဖြစ်ကြသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်ပေသည်။ သေချာစွာစဉ်းစားလော့- သင်တို့အထဲတွင် ရှုံးနိမ့်သူများစွာ ရှိသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရီးပန်းတိုင်နှင့်ပတ်သက်၍) ဘုရားကို ယုံကြည်တာက သမ္မာတရား လိုက်စားပြီး ကျွန်တော်တို့ တာဝန်တွေကို ဖြည့်ဆည်းဖို့ လိုအပ်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို နားလည်အောင်လုပ်ပေးခဲ့တယ်။ ကျွန်တော်တို့ တာဝန်တွေကို လုပ်ပြီး သမ္မာတရား နားလည်ခြင်းအားဖြင့် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ကျွန်တော်တို့ တဖြည်းဖြည်း စွန့်ပယ်ကြတယ်၊ အဲဒီလိုနဲ့ ဘုရားရဲ့ ကယ်တင်ခြင်းကို ရနိုင်တယ်။ သခင်ယေရှု ပြောခဲ့တာကို ကျွန်တော် သတိရသွားတယ်။ “သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကို မစွန့်ဘဲနေ၏။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင် ရာ။(ရှင်လုကာခရစ်ဝင် ၁၄:၃၃) ကျေးဇူးတော်ခေတ်မှာ၊ ပေတရုက ချမ်းသာကြွယ်ဝမှု၊ ကျော်ကြားမှု ဒါမှမဟုတ် အကျိုးအမြတ်နောက်ကို မလိုက်ခဲ့ဘူး။ သခင်ယေရှုက သူ့ကို ခေါ်တဲ့အချိန်မှာ၊ ငါးဖမ်းတာကို စွန့်ပြီး၊ သခင်ဘုရားနောက် လိုက်နိုင်ခဲ့တယ်။ သူ့ရဲ့ လိုက်စားမှုက သမ္မာတရားအတွက်သက်သက်ပဲ။ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ဖြည့်ဆည်းခြင်းပဲ။ ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် သူ့ကိုယ်သူ သိရှိခြင်းပဲ။ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားခြင်းပဲ။ နောက်ဆုံးမှာ ဘုရားက စုံလင်အောင်လုပ်ပေးတာခံရပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို အသက်ရှင်ရင်းနဲ့ ဘုရားအတွက် လှပပြီး ထူးကဲတဲ့ သက်သေကို ခံသွားခဲ့တယ်။ ပေတရုရဲ့ အတွေ့အကြုံကို သုံးသပ်တဲ့အခါ၊ ကျွန်တော် သဘောပေါက်သွားတယ်။ ကျွန်တော်တို့အနေနဲ့ သမ္မာတရားကို လိုက်စားပြီး ကျွန်တော်တို့ တာဝန်တွေကို ထမ်းဆောင်တာ ဘယ်လောက် အဓိပ္ပာယ်ရှိတယ်ဆိုတာပေါ့။ အခု ကြီးမားတဲ့ ကပ်ဘေးတွေ ရောက်ချလာတော့ သမ္မာတရားနဲ့ ကျွန်တော့်တာဝန်တွေကို လျစ်လျူရှုပြီး ချမ်းသာကြွယ်ဝမှု၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေ လိုက်စားတာကို ဆက်ဖက်တွယ်နေရင်၊ အရမ်းနောက်ကျသွားမှာပဲ။ နောက်ဆုံးမှာ မြည်တမ်းငိုကြွေးပြီး အံသွားခဲကြိတ်ရင်းနဲ့ ကပ်ဘေးထဲကိုပဲ ကျွန်တော် ကျသွားမှာ။ ပေတရုရဲ့ ဥပမာနောက် ကျွန်တော် လိုက်လျှောက်ပြီး သမ္မာတရားကို လိုက်စားရမယ်။ ကျွန်တော့်တာဝန်တွေ ထမ်းဆောင်တာထက် ငွေရှာတာကို ဦးပေးလို့မရဘူး။ စုဝေးပွဲတွေကို ပုံမှန် တက်ပြီး ကျွန်တော့်တာဝန်တွေကို လုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေအားလုံးကို တခြားတစ်ယောက်ယောက်ဆီ ရောင်းလိုက်ဖို့နဲ့ ကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကျောင်းကို ထိန်းသိမ်းဖို့ တောက်တိုမယ်ရအလုပ်တွေ လုပ်ဖို့ စိတ်ကူးကို ကျွန်တော့်ဇနီးနဲ့ ဆွေးနွေးခဲ့တယ်။ အစမှာတော့ ကျွန်တော့်ဇနီးက သဘောမတူခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော့် အတွေးတွေနဲ့ နားလည်ထားတာတွေကို သူ့ကို ရှင်းပြလိုက်ပြီးတော့ သူက မကန့်ကွက်တော့ဘူး။ နောက်ပိုင်းမှာ ပစ္စည်းကိရိယာတွေအားလုံးကို ရောင်းပြီး ကျွန်တော့်တာဝန်တွေကို ထမ်းဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် အချိန်ပြည့် ဆက်ကပ်လိုက်တယ်။ ကျွန်တော့်တာဝန်ကို လုပ်ရာမှာ၊ ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်တော့်ရဲ့ တွဲဖက်လုပ်ဆောင်မှုမှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်နဲ့ လမ်းပြမှုကို တွေ့ကြုံခဲ့ရပြီး၊ ကျွန်တော် လွတ်မြောက်သွားသလို၊ လွတ်လည်းလွတ်လပ်သွားတယ်။ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြတဲ့အခါတိုင်းမှာ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ကျွန်တော့်လုပ်ရပ်တွေရဲ့ သဘောသဘာဝနဲ့ အကျိုးဆက်တွေကို သုံးသပ်ပြီး သိဖို့ ကြိုးစားရင်းနဲ့ သမ္မာတရားကို ရှာခဲ့တယ်။ ကိုယ့်ကိုယ်ကို တွန်းလှန်ပြီး သမ္မာတရား စည်းမျဉ်းတွေအတိုင်း လက်တွေ့လုပ်နိုင်တဲ့အခါ၊ ဝမ်းမြောက်ခြင်းနဲ့ စိတ်အတွင်းငြိမ်သက်ခြင်းကို ခံစားခဲ့ရတယ်။ ဒီအတွေ့အကြုံကတစ်ဆင့်၊ သမ္မာတရား လိုက်စားပြီး ကျွန်တော့်တာဝန်တွေ ထမ်းဆောင်တာရဲ့ အရေးပါမှုအပေါ် လက်တွေ့ကျတဲ့ သိနားလည်မှု ရခဲ့တယ်။

အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာ၊ တောက်တိုမယ်ရ အလုပ်တွေ လုပ်နေတုန်း ကျွန်တော့် သူဌေးက ကျွန်တော့်ကို ပြောတယ်။ “ခင်ဗျားက ဆောက်လုပ်ရေး ပရောဂျက်တွေ စီမံနိုင်စွမ်းရှိတာ ကျွန်တော် သိတယ်။ ဒီမှာ အလုပ်တွေအများကြီးရှိတယ်၊ ပြီးတော့ အတော်လေး အမြတ်အစွန်းများတယ်။ အတူတွဲလုပ်ရအောင်၊ တစ်ယောက် တစ်ဝက်စီပေါ့။ တစ်ယောက်စီက ယွမ်ရာထောင်ချီရဖို့ကတော့ သေချာတယ်”တဲ့။ ကျွန်တော့် သူဌေးရဲ့ စကားတွေကို ကြားပြီးတဲ့အခါ၊ ကျွန်တော် နည်းနည်း ယိမ်းယိုင်သွားပြီး၊ တွေးမိတယ်။ “ဒါက ငွေ ကောင်းကောင်း ရှာလို့ရမဲ့ ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ။ နှစ်နှစ် သုံးနှစ်လောက် လုပ်လိုက်ရင်၊ သန်းချီ ရနိုင်တယ်။ ဘဝက နည်းနည်း ပိုကောင်းသွားမှာပဲ။ ငါ့သူဌေးရဲ့ အဆိုပြုချက်ကို ငါ သဘောတူသင့်လား”ပေါ့။ ဒါပေမဲ့ နောက်တော့ တခြားအတွေး တွေးမိတယ်။ “ငွေအတွက် ပရောဂျက် စီမံခန့်ခွဲမှုထဲ ဝင်ရင်၊ စုဝေးပွဲတွေကို ငါ ဘယ်လိုတက်ပြီး ငါတာဝန်တွေကို လုပ်မှာလဲ။ သမ္မာတရားနဲ့ ဘုရားရဲ့ ကယ်တင်ခြင်းကို ရဖို့ အခွင့်အရေး ငါ ဆုံးရှုံးသွားမှာပဲ။ ဒါက စာတန်ရဲ့ အကြံမဟုတ်လား။ စာတန်က ငွေနဲ့ ငါ့ကို ဆွဲဆောင်ဖို့ ကြိုးစားနေတာပဲ။ ဒါပေမဲ့ သူ့လှည့်ကွက်ထဲ ငါ အမိခံလို့ မရဘူး”လို့ပေါ့။ ဒါကြောင့် ကျွန်တော့် သူဌေးကို ကျွန်တော် ငြင်းလိုက်တယ်။ ကျွန်တော့်ရဲ့ ပြတ်သားတဲ့ သဘောထားကို မြင်တော့ ကျွန်တော့် သူဌေးက စိတ်ပျက်သွားတယ်။

ဒီအတွေ့အကြုံကတစ်ဆင့်၊ ချမ်းသာကြွယ်ဝမှု၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်နောက်လိုက်ခြင်းရဲ့ အန္တရာယ်နဲ့ အကျိုးဆက်တွေကို ကျွန်တော် သဘောပေါက်လိုက်တယ်။ စာတန်က လူတွေကို သွေးဆောင်ပြီး ဖောက်ပြန်ပျက်စီးစေဖို့ ငွေကို အသုံးပြုတယ်ဆိုတဲ့အချက်ကို ကျွန်တော် ရိပ်စားမိခဲ့တယ်။ ဘုရားက စာတန်ရဲ့ အန္တရာယ်ကနေ ကျွန်တော်တို့ကို လွတ်မြောက်စေပြီး သမ္မာတရားနဲ့ ဘုရားရဲ့ ကယ်တင်ခြင်း ရရှိခွင့်ပေးဖို့ သမ္မာတရားကို လိုက်စားပြီး ချမ်းသာကြွယ်ဝမှုကို လက်လွှတ်စေချင်မှန်းကိုလည်း ကျွန်တော် နားလည်ခဲ့တယ်။ ဒါက အဓိပ္ပာယ်အရှိဆုံးနဲ့ တန်ဖိုးအရှိဆုံးသော အရာပဲ။ အခု အလုပ်နဲ့ ငွေကို ဘေးဖယ်ထားပြီး ကျွန်တော့်တာဝန်ကို လုပ်ရာမှာ ကိုယ့်ကိုယ်ကို အပြည့်အဝ ရင်းနှီးဆက်ကပ်နိုင်ပြီ။ ဒီအသိနဲ့ ပြောင်းလဲမှုအားလုံးကို ကျွန်တော် ရခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုကတစ်ဆင့်ဖြစ်ပါတယ်။ ဘုရားကျေးဇူးတော်ပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျောင်းဆရာမတစ်ဦး၏ ရွေးချယ်မှု

အနောက်ဘက်မှာ နေဝင်သွားတာနဲ့ ညနေစောင်းချိန်မှာ၊ တံခါးလက်ကိုင်ဖုမှာ အဝတ်ဖြူတစ်ခု ချည်ထားတဲ့ စိုက်ပျိုးမွေးမြူရေးအိမ်ငယ်လေး တစ်အိမ်ရဲ့ တံခါးက...

ငွေက ပျော်ရွှင်မှုကို အမှန်တကယ် ဆောင်ကြဉ်းပေးသလား

ကျွန်တော် ရှစ်နှစ်အရွယ်မှာ၊ ကျွန်တော့်မိသားစုက မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တစ်ခုကို တွေ့ကြုံခဲ့ရတယ်။ အဲဒီအချိန်ကစပြီး၊ ကျွန်တော့်အမေနဲ့...

ဆရာဝန်တစ်ယောက်၏ ရွေးချယ်မှု

ယန်ချင်း တရုတ်နိုင်ငံ ကျွန်မ ငယ်ငယ်တုန်းက ကျွန်မရဲ့မိသားစုက အရမ်းဆင်းရဲတယ်။ ကျွန်မအမေက လေဖြတ်ပြီး အိပ်ရာထဲ လဲတဲ့အပြင်၊ ဆေးတွေကလည်း...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။