ငွေနောက်လိုက်သည့် နေ့ရက်များကို နှုတ်ဆက်ခြင်း
ကျွန်တော်က ဆင်းရဲတဲ့ မိသားစုမှာ မွေးခဲ့တယ်။ ကျွန်တော့်ရဲ့ ရိုးသားဖြောင့်မတ်ပြီး အလုပ်ကြိုးစားတဲ့ မိဘတွေက မိသားစုကို လယ်အလုပ်နဲ့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
အနောက်ဘက်မှာ နေဝင်သွားတာနဲ့ ညနေစောင်းချိန်မှာ၊ တံခါးလက်ကိုင်ဖုမှာ အဝတ်ဖြူတစ်ခု ချည်ထားတဲ့ စိုက်ပျိုးမွေးမြူရေးအိမ်ငယ်လေး တစ်အိမ်ရဲ့ တံခါးက ပွင့်နေတယ်။ ကျန်နေတဲ့ နေရောင်ခြည်က ဆေးမဆိုးထားတဲ့ အုပ်အနီရောင် ဝင်းထရံပေါ်ကို ယိုဖိတ်သွားတယ်။
ခန်းမအလယ်မှာ အခေါင်းတစ်ခု ရှိတယ်။ အခေါင်းရှေ့မှာ ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ယောက်၊ ကိုးနှစ်အရွယ် ကောင်လေးတစ်ယောက်နဲ့ အသက်သုံးဆယ်အရွယ် အမျိုးသမီး ကျေးလက်တောသူတစ်ယောက်က ဒူးထောက်နေကြတယ်။
“အမေ၊ သမီးတို့မိသားစုမှာ အကြောင်းထူးတစ်ခု ရှိခဲ့တာလေ။ ဘာလို့ ဆွေမျိုးတစ်ယောက်မှ လာမကူညီကြတာလဲ” မိန်းမငယ်ရဲ့ နူးညံ့သိမ်မွေ့တဲ့အသံက အိမ်ထဲက တိတ်ဆိတ်မှုကို အဆုံးသတ်လိုက်တယ်။
“သမီးအဖေ မရှိတော့တဲ့နောက်မှာ၊ အမေတို့ပဲ ရှိမယ်၊ အမေနဲ့ သားတို့ သမီးတို့ပဲ အချင်းချင်း အားကိုးရမှာ။ သမီးအဖေရဲ့ ရောဂါကြောင့် အမေတို့ရဲ့ စုငွေအားလုံး ကုန်သွားပြီ။ အမေတို့အမျိုးတွေက အမေတို့ကို ဆင်းရဲလို့ အဖက်မလုပ်ကြဘူး။ အထင်သေးကြတယ်။ အခုကစပြီး၊ သမီးတို့နှစ်ယောက် အလုပ်ကြိုးစားရမယ်နော်။ တခြားလူတွေ သမီးတို့ကို အထင်မသေးစေနဲ့။ သမီးတို့နှစ်ယောက်လုံး အလားအလာရှိတဲ့ အနာဂတ်တစ်ခု ရှိနိုင်မယ်၊ ကိုယ့်ကိုယ်ကိုယ် တစ်ခုခု ဖြစ်အောင်လုပ်ပြီး၊ အမေတို့ကံကြမ္မာကို ပြောင်းလဲနိုင်မယ်လို့ အမေမျှော်လင့်တယ်။” မိခင်က သူ့မျက်ရည်တွေကို သုတ်လိုက်တယ်။ သူ့မျက်လုံးတွေက စိတ်ပိုင်းဖြတ်ချက်တွေနဲ့ ပြည့်နေတယ်။ ငယ်ရွယ်တဲ့ ကလေးနှစ်ယောက်ကို ကြည့်ပြီး သူက လေးလေးနက်နက် ပြောတယ်။
ဒီအသက် ခုနှစ်နှစ်အရွယ် မိန်းကလေးက အန်းရန်ဖြစ်ပါတယ်။
ဒီကလေးဘဝ ဖြစ်ရပ်က အန်းရန်ရဲ့ စိတ်နှလုံးထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲထင်နေခဲ့တယ်။ ငယ်တဲ့အရွယ်ကစပြီး၊ အန်းရန်က သူ လုံ့လဝီရိယရှိရမယ်၊ ထူးချွန်ဖို့အတွက် ကြိုးစားပြီး တခြားလူတွေရဲ့ လေးစားအားကျတာကို ရဖို့က သူ့ဘဝရဲ့ ရည်မှန်းချက်ဖြစ်ခဲ့တယ်။ အန်းရန်က အထူးသဖြင့် ကျောင်းမှာ စာကြိုးစားတယ်။ ကြိုးကြိုးစားစား စာလုပ်မှ သူ့မှာ အလားအလာကောင်းတဲ့ အနာဂတ်ရှိနိုင်မယ်လို့ ယုံကြည်ပြီးတော့ပေါ့။ အခြေခံပညာကျောင်းတက်တဲ့ အချိန်မှာ၊ အန်းရန်က သူ့အတန်းထဲမှာ အမြဲလိုလို ထိပ်ဆုံးသုံးယောက်ထဲ ပါတယ်။
ဆယ့်သုံးနှစ်ရောက်တော့၊ အန်းရန်က အလယ်တန်းကို ရောက်တယ်။ အဲဒီအချိန်မှာ အိမ်နီးချင်းတစ်ယောက်က သူ့အမေကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိကို ဝေမျှတယ်။ အဲဒီနေ့မှာ အန်းရန်က ဘုရားရဲ့ ကနဦး ဖန်ဆင်းခြင်းအကြောင်း ဗီဒီယိုကို သူ့အမေနဲ့ လိုက်ကြည့်ပေးခဲ့တယ်။ အဲဒီနေ့ကစပြီး၊ လူသားတွေကို ဘုရားဖန်ဆင်းခဲ့မှန်း၊ လူသားမျိုးနွယ်အားလုံးကို လမ်းပြဂရုစိုက်နေပြီး ကောင်းကင်နဲ့ မြေကြီး အရာခပ်သိမ်းအလယ်မှာ အစိုးရတဲ့အရှင်တစ်ပါးရှိမှန်း သိခဲ့ရတယ်။ စိတ်ထဲမှာ နွေးထွေးမှုကို အန်းရန် ခံစားခဲ့ရတယ်။ ဘုရားက အရမ်းကောင်းမြတ်ပါတယ်။
အသက်ဆယ့်ငါးနှစ်မှာ၊ ကျောင်းတက်ဖို့ ငွေမရှိလို့၊ အန်းရန် ကျောင်းမထွက်ချင်ဘဲ ထွက်ခဲ့ရပြီး အလုပ်လုပ်ခဲ့ရတယ်။ ဘုရားကို ယုံကြည်တာ ကောင်းမှန်း အန်းရန်သိပေမဲ့၊ သူ ငယ်သေးတယ်၊ ပြီးတော့ သူ့အနာဂတ်က ရှေ့မှာ အများကြီးကျန်သေးတယ်လို့ ခံစားခဲ့ရတယ်။ အောင်မြင်မှုတွေမရှိဘဲ သာမန်ဘဝနဲ့ သူ အသက်မရှင်ချင်ခဲ့ဘူး။ အဲဒါဆို ဘယ်သူက သူ့ကို လေးစားတော့မလဲပေါ့။ ဒါကြောင့် အလုပ်ကြိုးစားပြီး ငွေရှာဖို့၊ သင့်တော်ပြီး သိက္ခာရှိတဲ့ အလုပ်တစ်ခု ရှာဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့ကိုယ်သူ အခြေခိုင်အောင်လုပ်နိုင်သရွေ့၊ တခြားလူတွေရှေ့မှာ သူ တင့်တင့်တယ်တယ် နေနိုင်မယ်၊ ပြီးတော့ အထင်သေးခံရတော့မှာ မဟုတ်ဘူးလေ။ အန်းရန်ရဲ့ စိတ်ထဲမှာ သူ့ကိုယ်သူ တစ်ခုခု ဖြစ်အောင် ဘယ်လို အမြန်လုပ်ရမယ်ဆိုတဲ့ အတွေးတွေနဲ့ ပြည့်နေခဲ့တယ်။ ဒါကြောင့် သူအားတဲ့အချိန်မှာ စုဝေးပွဲတွေကို ရံဖန်ရံခါပဲ တက်နိုင်ခဲ့တယ်။
အန်းရန် ဆယ့်ခုနစ်နှစ်ရှိတဲ့အချိန် တစ်ညနေမှာ၊ လေထဲက စွဲကျန်နေတဲ့ အပူဒဏ်က ပျောက်ပြယ်မသွားသေးဘူး။ ကလစ်။ တဒ်။ တံခါးဖွင့်သံ၊ ပိတ်သံတွေက မြန်ဆန်သွက်လက်ပြီး အလျင်စလိုဖြစ်တဲ့ ခြေလှမ်းတွေက နောက်ကလိုက်လာကြတယ်။ သူ့ ဝမ်းကွဲအစ်ကို ပြန်လာပြီ။
“ဘာဖြစ်တာလဲ။ အရေးပေါ် တစ်ခုခု ရှိလို့လား။” အန်းရန်က မေးလိုက်တယ်။
“နင့်အတွက် ငါ့မှာ သတင်းကောင်းရှိတယ်။ ငါတို့ကျောင်းက ဆရာ၊ ဆရာမသစ်တွေကို အလောတကြီး စုဆောင်းနေတာ။ ငါ နင့်ကို ကျောင်းအုပ်ကြီးဆီ မိတ်ဆက်ပေးခဲ့တယ်။ နင့်ကို အလုပ်ခန့်ရင် ဒီအလုပ်က သိက္ခာရှိပြီး လစာလည်း ကောင်းတယ်။” ဒီသတင်းကို ကြားတော့၊ အန်းရန်က ချက်ချင်း စိတ်လှုပ်ရှားသွားတယ်။ ကလေးဘဝကတည်းက တစ်နေ့နေ့မှာ သူ့ကိုယ်သူ ထူးချွန်ပြီး အခြေခိုင်အောင်လုပ်ဖို့ မျှော်လင့်ခဲ့တာလေ။ အခု ကျောင်းဆရာမဖြစ်လာဖို့ သူ့အတွက် သိပ်ကောင်းတဲ့ အခွင့်အရေးရှိနေတယ်။ အဲဒါက သိက္ခာရှိတဲ့ အလုပ်အကိုင်တစ်ခုလို့ ယူဆထားတာ။ ကျောင်းတွေမှာ အလုပ်လုပ်နိုင်သူတွေက ကောလိပ်ဘွဲ့ရတွေ အနည်းဆုံးတော့ တွဲဖက်ဘွဲ့တစ်ခု ရှိကြသူတွေဆိုတာ သူသိတယ်။ သူ့ဝမ်းကွဲရဲ့ အကူအညီမပါရင်၊ သူ ဘယ်လိုလုပ်ပြီး ကျောင်းမှာ အလုပ်လုပ်ခွင့်ရှိနိုင်မှာလဲ။ နောက်ပိုင်းမှာ၊ သင်ကြားရေး အရည်အချင်းရဖို့ စာမေးပွဲဖြေပြီး တရားဝင် ကျောင်းဆရာမတစ်ယောက် ဖြစ်လာနိုင်မယ်။ အဲဒါဆိုရင် ကျော်ကြားမှုကိုရော အကျိုးအမြတ်ကိုပါ သူ ရနိုင်မှာ မဟုတ်လား။ အဲဒီနေ့ရောက်လာတဲ့အခါ၊ ဘယ်သူကမှ သူ့ကို ထပ်ပြီး အထင်သေးမှာ မဟုတ်ဘူး။ ဒါကို တွေးရင်းနဲ့ သူ မတုံ့ဆိုင်းဘဲ လက်ခံသဘောတူခဲ့တယ်။
သူ့ဝမ်းကွဲအစ်ကိုရဲ့ အိမ်ကနေ လမ်းလျှောက်ထွက်လာရင်းနဲ့၊ အန်းရန်ရဲ့ စိတ်က အပြင်းအထန် စလှုပ်ရှားလာတယ်။ အနာဂတ်မှာ၊ ကိုယ်ပိုင်ကျောင်းမှာ အလုပ်လုပ်တာက နှစ်ပတ်တစ်ခါဘဲ အားပြီးတော့ စုဝေးပွဲတွေကို သူ သေချာပေါက် တက်နိုင်မှာ မဟုတ်တဲ့သဘောပဲ။ ဘုရားရဲ့ အမှုတော်က မကြာခင် အဆုံးသတ်တော့မယ်။ သူ့အလုပ်က စုဝေးပွဲတွေ သူတက်တာကို ထိခိုက်ရင်၊ အဲဒါက သူ့ဘဝကို ထိခိုက်နစ်နာစေမှာပဲ။ ဒါပေမဲ့ ဒါက ထူးချွန်ဖို့ သူ အမြဲ အိမ်မက်မက်ခဲ့တဲ့ အခွင့်အရေးလေ။ အန်းရန်က လက်မလွတ်ချင်ခဲ့ဘူး။ အများကြီး တွေးပြီးတဲ့နောက်မှာ၊ အဲဒီလုပ်ကိုပဲ အန်းရန် ရွေးခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်ပြီး၊ သူ အလုပ်အားတဲ့ရက်တွေမှာ စုဝေးပွဲတွေ တက်သရွေ့၊ အဆင်ပြေမှာပါလို့ ပြောပြီးတော့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်တယ်။ အဲဒါက သိပ်အများကြီး သက်ရောက်မှု ရှိမှာမဟုတ်ပါဘူးပေါ့။
နွေရာသီ အားလပ်ရက် နီးလာတဲ့အချိန်မှာ၊ အန်းရန်က အလုပ်ကို အောင်အောင်မြင်မြင် ရသွားခဲ့ပြီး၊ သူ ဆန္ဒရှိခဲ့တဲ့အတိုင်းပဲ မူလတန်းကျောင်း ဆရာမတစ်ယောက် ဖြစ်လာခဲ့တယ်။ သူ့အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ လမ်းကြောင်းကို နောက်ဆုံးမှာ အန်းရန် တွေ့သွားပြီး အရမ်း စိတ်လှုပ်ရှားခဲ့တယ်။ ဒီအလုပ်ကို ၁၁၀ ရာခိုင်နှုန်း အားထုတ်ခဲ့တယ်။
ဆောင်းဦးရာသီအစောပိုင်းမှာ ကျောင်းက ကျောင်းသား အသစ်တစ်သုတ်ကို ကြိုဆိုလက်ခံခဲ့တယ်။ ကျောင်းဝင်းက ပျော်စရာ စကားသံတွေ၊ ရယ်မောမှုသံတွေနဲ့ ပြည့်သွားတယ်။ အန်းရန်က မျက်ခုံးတွေ တွန့်ပြီးတော့ လက်ထဲက သင်ခန်းစာစာအုပ် တစ်ပုံတစ်ခေါင်းနဲ့ စာသင်ကြားရေး အဆောက်အအုံဆီကို ခပ်သွက်သွက် လျှောက်သွားတယ်။ သူ့ဘာသာ တွေးမိတယ်။ “ဒီကျောင်းမှာ အတန်းတွေကြား ပြိုင်ဆိုင်မှုက တော်တော်ကို ပြင်းထန်တယ်။ ဆရာ၊ ဆရာမတိုင်းရဲ့ အတန်း စာမေးပွဲအမှတ်တွေက ခေါင်းဆောင်တွေနဲ့ ဒါရိုက်တာတွေကြားမှာ အဓိက ဆွေးနွေးတဲ့အရာဖြစ်လာတယ်။ ငါ့မှာ ဘာသင်ကြားရေး အတွေ့အကြုံမှ မရှိဘူး။ ကျောင်းကို စဝင်တုန်းက၊ ငါ သင်ခဲ့တဲ့ အတန်းက အဆင့်မှာ အနိမ့်ဆုံး အမှတ်တွေ ရကြတယ်။ ငါ့အတန်းတွေကို တခြားအတန်းတွေနဲ့ မီချင်ရင် အချိန်နဲ့ အားထုတ်မှုကို ပိုရင်းနှီးမှ ဖြစ်မယ်” ပေါ့။ အန်းရန်က စိတ်ပိုင်းဖြတ်လိုက်တယ်။ “သူတို့ရဲ့ စာမေးပွဲအမှတ်တွေကို တိုးတက်အောင် ငါ လုပ်ပြီး၊ ကျောင်းသားမိဘတွေ ချီးမွမ်းရတဲ့ ထူးချွန်တဲ့ ဆရာမတစ်ယောက် ဖြစ်လာရမယ်”လို့ပေါ့။ ဒါကို တွေးမိတော့၊ အန်းရန်က ပင့်သက်မရှိုက်ဘဲ မနေနိုင်ခဲ့ဘူး။ ဒါက ကြီးမားတဲ့ ဖိအားတစ်ခုပဲလေ။
အဲဒီနောက်မှာ၊ အန်းရန်က သံပတ်ပေးထားတဲ့ နာရီလိုပဲ။ ခဏလေးတောင် လုံးဝ မနားရဲဘူး။ အချိန်ပို အလုပ်လုပ်ပြီး ညနက်တဲ့ထိနေတာက ပုံမှန်ဖြစ်လာတယ်။ စာတွေကို ပြင်ပေးတာ၊ ရုန်းကန်နေရတဲ့ ကျောင်းသားတွေကို သူတို့အမှတ်တွေ တိုးတက်အောင်လို့ သင်ပေးတာတွေ လုပ်တယ်။ လအတော်များများ ကြာပြီးတဲ့နောက်မှာ၊ အန်းရန်သင်ပေးတဲ့ အတန်းက နောက်ဆုံးကနေ ပထမနဲ့ ဒုတိယနေရာကို ရောက်လာတယ်။ ဒါနဲ့ မိဘတွေက ချီးမွမ်းကြပြီး ခေါင်းဆောင်တွေက လေးစားကြတယ်။ အဲဒါက အန်းရန်ရဲ့ မာနကို အရမ်းကျေနပ်အားရစေခဲ့တယ်။ သူက ဘဝင်ခိုက်နေခဲ့တယ်၊ ခေါင်းမော့ လမ်းလျှောက်ပြီး၊ သူ့ရွာက လူတွေနဲ့တွေ့တဲ့အခါ ဂုဏ်ယူမိတယ်။ သူ့ရဲ့ ဆင်းရဲဒုက္ခအားလုံးက ဘယ်လောက်ပဲ ခက်ခဲပြီး ပင်ပန်းစရာဖြစ်ပါစေ တန်တယ်လို့ ယုံကြည်ခဲ့တယ်။
ဒါပေမဲ့ အဆင်ချောတဲ့ အပြင်ပန်းအောက်မှာ၊ သူခါးစီးခံနေခဲ့ရတဲ့ ခါးသီးမှုနဲ့ ဆင်းရဲဒုက္ခကို သူပဲ သိတယ်။
“ငါနင့်ကို အကြိမ်အများကြီး ပြောပြီးပြီ၊ သိပ်အလုပ်မများတဲ့ အလုပ်တစ်ခုကို နင် ပြောင်းလို့မရဘူးလား။ နင့်ကိုယ်နင် ကြည့်အုံး၊ တစ်နှစ်ခွဲအတွင်းမှာပဲ ဆယ့်နှစ်ပေါင်ကျော် ကျသွားတယ်။ အမြဲ ဆေးစားပြီး ဆေးထိုးနေရတယ်။ နင့်ကိုယ်နင် ပင်ပန်းအောင် လုပ်နေတာပဲ။ နင့်ကိုယ်နင် အသေသတ်ဖို့ ကြိုးစားနေတာလား။ စုဝေးပွဲတွေကိုတောင် နင်မတက်နိုင်ရင် ဘုရားကို နင် ဘယ်လို ယုံကြည်လို့ရမှာလဲ။ ဒီလိုနဲ့ သမ္မာတရားကို နားလည်ပြီး နင် ကယ်တင်ခံရဦးမှာလား။” အန်းရန်ရဲ့ အမေက သနားတဲ့ အကြည့်တွေနဲ့ အန်းရန်ကို အိပ်ရာဘေးမှာထိုင်ပြီး ဆူနေတယ်။
“အမေ၊ ဒီအလုပ်က အရမ်းအလုပ်များပြီး စုဝေးပွဲတွေအတွက် အချိန်မရှိတာကို သမီးသိပါတယ်၊ ဒါပေမဲ့...” ပြောလို့မပြီးနိုင်ခင်မှာပဲ၊ အန်းရန်ရဲ့ လည်ချောင်း နာလာတယ်။
သူ့အမေက လှည့်ပြီး အန်းရန်ကို ရေတစ်ခွက် ပေးတယ်။ သူ့အမေထွက်သွားပြီးတဲ့နောက်မှာ၊ ပြီးခဲ့တဲ့နှစ်ကို အန်းရန် ပြန်စဉ်းစားတယ်။ လုပ်ဖော်ကိုင်ဖက်တွေကြားက ထင်သာမြင်သာရှိတဲ့ ပြိုင်ဆိုင်မှုနဲ့ ဖုံးကွယ်ထားတဲ့ အခက်အခဲတွေ၊ မကြာခဏ ညနှက်ခဲ့ရတာတွေနဲ့ အလုပ်ဖိအားတွေက အန်းရန်ကို အိပ်မပျော်တဲ့ရောဂါ ခံစားစေခဲ့တယ်။ အိပ်လို့ရတဲ့အချိန်မှာတောင် အိပ်မက်ဆိုးတွေက ခဏခဏ ဒုက္ခပေးတယ်။ သူ့ရဲ့ ခုခံအားစနစ်က တကယ်ကို အားနည်းပြီး၊ နေ့တိုင်းနီးပါး ဆေးသောက်နေခဲ့ရတယ်။ နေ့တိုင်း အရမ်းများတဲ့ အလုပ်ဝန်တွေကြောင့် အန်းရန်မှာ ဘုရားရှေ့လာဖို့ အချိန်၊ အားအင်မရှိတော့ဘူး။ လုံးဝ မရပ်မနား အလုပ်လုပ်နေတဲ့ စက်တစ်ခုလို သူ ခံစားခဲ့ရတယ်။ အလုပ်ကလွဲလို့ ဘာမှ မသိတော့တဲ့ထိနီးပါးပဲ။ တစ်ခါတလေ သူတွေးမိတယ်၊ “ငါ အလုပ် ပြောင်းသင့်လား။ ဒီလို ဆက်လုပ်နေတာက ငါ့ရဲ့ အသက်ဝင်ရောက်မှုကို တကယ် ထိခိုက်နေတာ။ ဒါပေမဲ့ ငါ အလုပ်ထွက်လိုက်ရင်၊ ထင်ပေါ်ဖို့ တစ်သက်လုံး ငါ မက်လာခဲ့တဲ့ အိမ်မက်က လုံးဝ ပြိုကွဲသွားမှာ မဟုတ်လား။ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို ငါ ထပ်ကြုံရပါ့မလား။” ဆွေမျိုးတွေနဲ့ မိတ်ဆွတွေဆီက လေးစားအားကျတဲ့ အကြည့်တွေ ပြီးတော့ ကျောင်းသား မိဘတွေနဲ့ ကျောင်းခေါင်းဆောင်တွေဆီက ချီးမွမ်းသံတွေ၊ ဒါတွေအားလုံးက အန်းရန် တောင့်တခဲ့တဲ့အရာလေ။ “‘လူတွေက သူတို့ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ရဲတဲ့ သတ္တိ ရှိရမယ်’ဆိုတဲ့ ဆိုရိုးစကားလိုပေါ့။ လူတွေက ကိုယ့်ကိုယ်ကိုယ် သက်သေပြပြီး လေးစားမှုရဖို့ အသက်ရှင်ကြတာ မဟုတ်လား။ ကိုယ့်ဘဝတစ်လျှောက်လုံး သာမန်ပဲ ဖြစ်နေရင် အသက်ရှင်တာ ဘာအဓိပ္ပာယ်ရှိလို့လဲ”လို့ သူတွေးမိတယ်။ အန်းရန် ထလိုက်ပြီး သူ့စားပွဲဆီ ပြန်သွားတယ်။ သူ့ရဲ့ သင်ခန်းစာ အစီအစဉ်ကို ဆက်လုပ်ဖို့ ဘောပင်ကို ကောက်ကိုင်လိုက်တယ်။ သူ့စိတ်ကို သူ ပိုင်းဖြတ်လိုက်ပြီ။ ဒီအလုပ်ကို သူ မစွန့်လွှတ်နိုင်ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ဖို့နဲ့ စုဝေးပွဲတွေ ပိုတက်ဖို့ အလုပ်အားရက်တွေကို သူ ကောင်းကောင်း အသုံးချသရွေ့၊ ပြောင်းလဲမှာ မဟုတ်ပါဘူးပေါ့။
၂၀၁၁ ခုနှစ် နွေဦးပွဲတော်အတွင်းမှာ၊ သူ့အမေနဲ့ အိမ်သန့်ရှင်းရေး လုပ်နေတုန်း၊ အန်းရန်က သူ့ညာလက်ကို မမြှောက်နိုင်တော့တာကို သိလိုက်ရပြီး ခေါင်းကိုလည်း မငုံ့ရဲတော့ဘူး။ ခေါင်းငုံ့ဖို့ ကြိုးစားတဲ့အခါ ဂျွတ်ခနဲ မြည်သံတစ်ခုကို ကြားလိုက်ရတယ်။ အန်းရန် ကြောက်လန့်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။
“ခင်ဗျားမှာ လက်မောင်းကပ်ရောဂါနဲ့ လည်ပင်းအရိုးကျီးပေါင်း ရှိနေတယ်။ နှစ်မျိုးလုံးက အလုပ်ကြောင့်ဖြစ်တဲ့ ရောဂါတွေပဲ။ ကုသတာကို စောစော မလုပ်ရင် ကုလို့မရအောင် ဖြစ်လာနိုင်တယ်။ ခင်ဗျားရဲ့ ခန္ဓာကိုယ်က တကယ်ကို မကောင်းတဲ့ အခြေအနေမှာ ရှိနေတယ်။ ကုသတာကို ချက်ချင်း စလုပ်ဖို့ လိုတယ်။” ဆေးခန်းမှာ ဆရာဝန်က အန်းရန်ကို လေးလေးနက်နက် အကြံပေးတယ်။
ဆရာဝန်ရဲ့ စကားတွေကို ကြားပြီးတော့ အန်းရန်က တကယ် ကြောက်သွားတယ်။ “ငါ ဆယ့်ကိုးနှစ်ပဲ ရှိသေးတာ။ ငါ့ဘဝက စရုံပဲရှိသေးပြီး၊ ဖြည့်ဆည်းရမဲ့ အိမ်မက်တွေ အများကြီး ရှိသေးတယ်။ ငါ့ရဲ့ လက်မောင်းကပ်ရောဂါနဲ့ လည်ပင်းအရိုးကျီးပေါင်းက ပိုဆိုးလာရင်၊ လာမဲ့ ရက်တွေကို ငါ ဘယ်လို ဖြတ်သန်းရမှာလဲ။ စာသင်ခန်းကို ပုံမှန်အတိုင်း သွားပြီး ငါ အလုပ်လုပ်နိုင်ပါဦးမလား။” အောင်မြင်ဖို့ သူ့အိမ်မက်တွေ ပြိုကွဲသွားမှာကို တွေးကြည့်ရုံနဲ့ အန်းရန်က တကယ်ကို မလိုချင်ခဲ့သလို မညည်းညူဘဲ မနေနိုင်ခဲ့ဘူး။ “ဘာလို့ ငါ့ဘဝက အရမ်း ခါးသီးရတာလဲ။ ငါ့ဆန္ဒတွေကို ဘာလို့ အကောင်အထည်ဖော်လို့ မရတာလဲ။ ငါ့ဘဝတစ်လျှောက်လုံး အထင်သေးခံရဖို့ပဲ ကံပါလာတာလား။” သူ မငိုဘဲမနေနိုင်ဘူး။
ကောင်းကင်က နှင်းကျတော့မလိုမျိုး မိုးမှောင်ကျနေတယ်။ အေးမြတဲ့လေက လေချွန်သံပေးနေတယ်။ ရေခဲတိုက်ထဲ ကျသွားရသလိုမျိုး လူတွေကို အေးစိမ့်သွားစေတယ်။
အန်းရန်က သူ့အိပ်ရာပေါ် ကွေးနေပြီး သူ့မျက်နှာမှာ စိတ်ဓာတ်ကျတာတွေနဲ့ ပြည့်နေတယ်။ သူ့မှာ အနာဂတ်မရှိသလိုမျိုး ခံစားရပြီး၊ လုပ်သမျှမှာ စိတ်ထက်သန်မှု မရှိဖြစ်နေတယ်။ သူနာကျင်နေရတဲ့အချိန်မှာ ဆုတောင်းရင်းနဲ့ပဲ ဘုရားရှေ့ကို သူလာနိုင်ခဲ့တယ်။ “အို ဘုရားသခင်၊ အရမ်းဆိုးတဲ့ ရောဂါတစ်ခုကို ကျွန်မ ရုတ်တရက်ရပြီး ကြောက်မိပါတယ်။ ဒီကနေ ဘယ်လို ရှေ့ဆက်ရမလဲ ကျွန်မ မသိပါဘူး။ ပြီးခဲ့တဲ့နှစ်က တစ်ချိန်လုံး ကျွန်မ အလုပ်လုပ်နေခဲ့ပြီး စုဝေးပွဲတွေ သိပ်မတက်ခဲ့ပါဘူး။ ဒါက ကိုယ်တော်ရဲ့ ရည်ရွယ်ချက်နဲ့ မကိုက်တာကို သိပါတယ်။ ဒါပေမဲ့ ကျွန်မအလုပ်ကို ကျွန်မ လက်မလွှတ်ရက်ဘူး။ ကျွန်မဘဝ ခါးသီးသလို ခံစားရပြီး ဒီအရာအားလုံး ဘာလို့ ကျွန်မဆီ ဖြစ်ရလဲ မသိပါဘူး။ ကိုယ်တော် ကျွန်မကို ဉာဏ်အလင်းပေးပြီး ဒီနာကျင်မှုကနေ လွတ်လာဖို့ တတ်နိုင်စေတော်မူပါ။”
အဲဒီအချိန်မှာ၊ ဆောင်းရာသီ အားလပ်ရက်ရောက်ပြီး၊ အန်းရန်က စုဝေးပွဲတက်ရင်တက်၊ မတက်ရင် ဘုရားနှုတ်ကပတ်တော်တွေကို အိမ်မှာ ဖတ်ပြီးတော့ အချိန်ကုန်ခဲ့တယ်။ အထူးသဖြင့် ဧဝံဂေလိ ရုပ်ရှင်နဲ့ ဗီဒီယိုတွေကို ကြည့်ရတာ သူ နှစ်သက်ခဲ့တယ်။ ကျေးဇူးတော်ခေတ်အတောအတွင်းမှာ၊ သာသနာပြု အတော်များများက တရုတ်နိုင်ငံဆီ နေရာအနှံ့ ခရီးသွားခဲ့ကြတာ၊ သူတို့ မိသားစုတွေနဲ့ အိမ်ထောင်ရေးတွေကို စွန့်လွှတ်ပြီး၊ နှိပ်ကွပ်မှုမျိုးစုံကို ခါးစီးခံကြရပေမဲ့ သူတို့ရဲ့ ရွေးချယ်မှုကို နောင်တမရဘဲ ဧဝံဂေလိတရားကို မမောနိုင်မပန်းနိုင် ဖြန့်ပြီး၊ သခင်ဘုရားအတွက် သူတို့ကိုယ်သူတို့ လိုလိုလားလား အသုံးခံတာကို မြင်တော့၊ အန်းရန် အရမ်းကို ခွန်အားရခဲ့တယ်။ သူ့ဘာသာ တွေးမိတယ်။ “သူတို့က အဲဒီလိုစိတ်ထက်သန်မှုမျိုးနဲ့ သခင်ယေရှုကို ယုံကြည်ခဲ့ကြပြီး၊ ဒီနေ့ ငါက ဘုရားရဲ့ တတိယအဆင့် အမှုတော်ကို လက်ခံခဲ့တယ်။ သခင်ယေရှုရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုခဲ့တယ်။ ငါက သူတို့ထက် ဘုရားနှုတ်ကပတ်တော်တွေကို ပိုကြားခဲ့ရပြီး သမ္မာတရားနဲ့ နက်နဲမှုတွေကို ပိုနားလည်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေ ရေလောင်း၊ ထောက်ပံ့တာတွေကို အများကြီး မွေ့လျော်ခဲ့ရတယ်။ ဒီတော့ ငါက ပိုလို့တောင် ဧဝံဂေလိ ဖြန့်ပြီး ဘုရားအတွက် သက်သေခံသင့်တာပဲ။” အိမ်ထောင်ရေးနဲ့ အလုပ်ကို လက်လွှတ်ပြီး အသင်းတော်မှာ သူတို့တာဝန်တွေကို တက်တက်ကြွကြွ လုပ်ကြသလို၊ ဘုရားမေတ္တာကို ပြန်ပေးဆပ်နေကြတဲ့ သူ့အနီးဝန်းကျင်က ညီအစ်ကို မောင်နှမတွေ အတော်များများကို အန်းရန် သတိရမိတယ်။ အခုဆိုရင် သူက ဘုရားရဲ့ ကျေးဇူးတော်ကို မွေ့လျော်ရင်းနဲ့ ဘုရားသခင်ကို ယုံကြည်ခဲ့တာ နှစ်အတော်ကြာခဲ့ပြီ။ ဒါပေမဲ့ သူ့တာဝန်တွေကို လုပ်မဲ့အစား၊ စုဝေးပွဲတွေကိုတောင် ပုံမှန် မတက်နိုင်ခဲ့ဘူး။ သူက ဘုရားကို ယုံကြည်သူ တကယ်ဟုတ်ရဲ့လားလို့ တွေးမိတယ်။ သူနဲ့ စုဝေးလေ့ရှိတဲ့ ညီအစ်မတွေကို ပြန်စဉ်းစားတော့၊ သူတို့က အခု အသင်းတော်မှာ သူတို့တာဝန်တွေကို လုပ်နေတုန်းမှာ သူကိုယ်တိုင်ကတော့ ကြွယ်ဝမှု၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေနောက်လိုက်နေခဲ့တယ်။ အန်းရန်က သူ့ကိုယ်သူ မေးမိတယ်။ “ကြွယ်ဝတာ၊ ကျော်ကြားတာနဲ့ အကျိုးအမြတ်တွေနောက် လိုက်တာကို ငါ ဘာလို့ မရပ်နိုင်တာလဲ”လို့ပေါ့။
တစ်နေ့မှာ အန်းရန်က ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ရတယ်။ “လူ၏ကံကြမ္မာကို ဘုရားသခင်၏လက်များက ထိန်းချုပ်ထား၏။ သင်သည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိပေ- လူသည် သူ၏အကျိုးအတွက် အမြဲပြေးလွှားကာ အလုပ်ရှုပ်နေသော်လည်း၊ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိမြဲဖြစ်လေသည်။ သင်သည် သင်ကိုယ်တိုင်၏အလားအလာများကို သိနိုင်မည်ဆိုပါက၊ သင်၏ကံကြမ္မာကို ထိန်းချုပ်နိုင်မည်ဆိုပါက၊ သင်သည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်ဦးမည်လော။ တိုတိုပြောရလျှင်၊ ဘုရားသခင်သည် မည်သို့ အမှုပြုသည်ကို ပဓာနမထားဘဲ၊ သူ၏အမှုအားလုံးသည် လူသားအတွက်ဖြစ်၏။ ဥပမာအားဖြင့်၊ လူသားကို အလုပ်အကျွေးပြုရန် ဘုရားသခင် ဖန်ဆင်းခဲ့သည့် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ကြည့်လော့။ လူသားအတွက် သူဖန်ဆင်းခဲ့သည့် လ၊ နေနှင့် ကြယ်များ၊ တိရစ္ဆာန်များနှင့် အပင်များ၊ နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီ စသဖြင့်- အားလုံးသည် လူသား၏ဖြစ်တည်မှုအတွက် ဖန်တီးထားခြင်း ဖြစ်၏။ ထို့ကြောင့်၊ ဘုရားသခင်သည် လူကို မည်သို့ ပြစ်တင်ဆုံးမကာ တရားစီရင်သည်ဖြစ်စေ၊ အားလုံးသည် လူ၏ ကယ်တင်ခြင်းအတွက်သာ ဖြစ်၏။ သူသည် လူသားထံမှ ၎င်း၏ ဇာတိဆန်သည့် မျှော်လင့်ချက်များကို ဖယ်ရှားပစ်သော်လည်း၊ ယင်းသည် လူသားကို သန့်စင်စေခြင်းအတွက်ဖြစ်ပြီး လူ ရှင်သန်နိုင်ဖို့အလို့ငှာ လူကိုသန့်စင်ခြင်းကို လုပ်ဆောင်ခြင်း ဖြစ်သည်။ လူ၏ ခရီးပန်းတိုင်သည် ဖန်ဆင်းရှင်၏ လက်ထဲတွင်ရှိ၏၊ ထို့ကြောင့် လူသည် မိမိကိုယ်ကိုယ် မည်သို့ ထိန်းချုပ်နိုင်မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) လူ့ကံကြမ္မာက ဘုရားလက်ထဲမှာရှိပြီး သူ့ကိုယ်ပိုင် ဆန္ဒတွေအတိုင်း မဖြစ်ဘူးဆိုတာကို အန်းရန် နားလည်သွားတယ်။ သူက အရေးမပါတဲ့ ဖန်ဆင်းခံတစ်ယောက်ပဲဆိုတာနဲ့ ဘဝမှာ ဘယ်အတွေ့အကြုံတွေကို သူ ဖြတ်သန်းရမယ်ဆိုတာကို မထိန်းချုပ်နိုင်မှန်းလည်း သဘောပေါက်သွားတယ်။ ဒါပေမဲ့ သူက ကိစ္စတွေကို သူ့သဘောအတိုင်း လုပ်ချင်ခဲ့ပြီး၊ ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို မကျိုးနွံမနာခံခဲ့ဘူး။ သူ နေမကောင်းဖြစ်ပြီး အလုပ်ဆက်မလုပ်နိုင်လို့၊ ဒါမှမဟုတ် မထင်ပေါ်နိုင်လို့ သူ့ဘဝက ခါးသီးတယ်လို့ ထင်ခဲ့တယ်။ ဒါက ဘုရားအပေါ် မကျေမနပ်ပြောနေတာ မဟုတ်လား။ ပြီးခဲ့တဲ့နှစ်ကို သုံးသပ်ကြည့်တဲ့အခါ၊ အလုပ်အပေါ် သူ အာရုံစိုက်ခဲ့လို့ ဘုရားနဲ့ သူ့ရဲ့ ဆက်ဆံရေးက အပိုအလှမ်းဝေးသွားခဲ့တာကို အန်းရန် သဘောပေါက်သွားတယ်။ သူ့ရဲ့ ရောဂါကြောင့်မဟုတ်ရင်၊ ဘုရားရှေ့လာဖို့ အချိန် ဒါမှမဟုတ် အားအင်မရှိဘဲနဲ့ အလုပ်နဲ့ ငွေရှာတာကိုပဲ စွဲစွဲမြဲမြဲ သူ အာရုံစိုက်နေခဲ့မိမှာ။ အခုတော့၊ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခရှိပေမဲ့၊ သူ စိတ်ငြိမ်အောင်ထားပြီး ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရင်းနဲ့ အချိန်ကုန်နိင်တယ်။ အဲဒါက ကောင်းတဲ့အရာတစ်ခုပဲ။ အန်းရန်က ဘုရားရဲ့ ရည်ရွယ်ချက်ကို ကျိုးနွံနာခံပြီး ရှာဖွေဖို့ လိုလားနေခဲ့တယ်။
ဆောင်းနေ ထွက်လာတာနဲ့အမျှ၊ သူ့အနွေးဓာတ်က အထူး နှစ်လိုဖွယ်ကောင်းနေခဲ့တယ်။ နေရောင်က သူ့ခန္ဓာကိုယ်ကို အနွေးဓာတ်နဲ့ လွှမ်းခြုံပြီး ခြံဝင်းရဲ့ နေရာတိုင်းမှာ ဖြာကျနေတယ်။
အန်းရန်က ခြံဝင်းထဲမှာ ထိုင်ပြီးတော့ သူ့ထိုင်ခုံကို နောက်မှီရင်းနဲ့ ဒီဘုရားနှုတ်ကပတ်တော်တွေကို တိတ်တဆိတ်ဖတ်ပါတယ်။ “ဤအချိန်သည် ကြီးမားသော အမှုများကို ငါ၏ဝိညာဉ်က လုပ်ဆောင်နေချိန် ဖြစ်ပြီး တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ငါ၏အလုပ်ကို စတင်လုပ်ဆောင်ချိန် ဖြစ်သည်။ ထိုထက်ပို၍ပင် ဤအချိန်သည် ဖန်ဆင်းခံအားလုံးကို တစ်ဦးချင်း ယင်းတို့သက်ဆိုင်ရာ အုပ်စုအလိုက် ငါခွဲခြားချိန် ဖြစ်သည်။ ငါ၏ အလုပ် သာ၍ လျင်မြန်ထိရောက်စွာ ရှေ့ဆက်နိုင်ရန်အတွက် ထိုသို့လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ငါသင်တို့ဆီမှ တောင်းဆိုနေသည်မှာ ငါ၏အလုပ်အားလုံးအတွက် သင်၏ဖြစ်တည်ခြင်း တစ်ရပ်လုံးကို ဆက်ကပ်ရန်အပြင် သင်၌ ငါလုပ်ဆောင်ခဲ့သမျှကို သင်သည် ရှင်းရှင်းလင်းလင်း ထိုးထွင်းနားလည်ကာ သေသေချာချာ သိရန်နှင့် ငါ့အလုပ် ပိုမိုထိရောက်စေရန်အတွက် သင့်ခွန်အား အားလုံးကို အသုံးပြုရန် ဖြစ်ဆဲဖြစ်သည်။ သင်နားလည်ရမည်ကား ဤအချက် ဖြစ်သည်။ အချင်းချင်း ခိုက်ရန်ဖြစ်ခြင်း၊ နောက်ကြောင်းပြန်လှည့်ဖို့ လမ်းကို ရှာဖွေခြင်း၊ သို့မဟုတ် ဇာတိဆိုင်ရာ သက်သာမှုများ ရှာဖွေခြင်းကို ရပ်တန့်လော့။ ယင်းတို့သည် ငါ၏အလုပ်ကို နှောင့်နှေးစေမည့်အပြင် သင်၏ အံ့သြဖွယ် အနာဂတ်ကို နှောင့်နှေး စေမည့် အရာများဖြစ်သည်။ ထိုအရာများကို လုပ်ဆောင်ခြင်းသည် သင့်ကို အကာအကွယ် လုံးဝမပေးနိုင်သည့်အပြင် သင့်ကို ပျက်စီးစေမည် ဖြစ်သည်။ ယင်းသည် သင်မိုက်မဲခြင်းပင် ဖြစ်သည် မဟုတ်လော။ ယနေ့ သင်လောဘတကြီး မွေ့လျော်နေသော အရာသည် သင်၏အနာဂတ်ကို ဖျက်ဆီးမည့်အရာ ဖြစ်ပြီး၊ ယနေ့သင် ခံစားနေသည့် နာကျင်မှုသည် သင့်ကို အကာအကွယ်ပေးနေသည့် အရာပင် ဖြစ်သည်။ သင်သည် ဤအရာများကို ရှင်းရှင်းလင်းလင်း သိရမည်၊ ယင်းသည် သင့်ကိုယ်သင် လွတ်မြောက်စေရာ၌ အခက်တွေ့မည့် ဖြားယောင်းသွေးဆောင်မှုများ၏ သားကောင် ဖြစ်ခြင်းမှ ရှောင်ရှားရန်နှင့် ထူထပ်သည့်မြူထဲ၌ စမ်းတဝါးဝါးဖြစ်ပြီး နေကို မမြင်နိုင်ခြင်းအား ရှောင်ရှားရန်အလို့ငှာ ဖြစ်သည်။ ထူထပ်သည့်မြူ ရှင်းသွားသောအခါမှ ကြီးမြတ်သည့်နေ့၏ တရားစီရင်ခြင်း အလယ်၌ သင်ရောက်နေသည်ကို သင်တွေ့မည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားရင်းနဲ့ အန်းရန်က တဖြည်းဖြည်း နားလည်လာတယ်။ သူ ကလေးဘဝကတည်းက၊ ထူးချွန်ဖို့ အမြဲ အားထုတ်ခဲ့တယ်၊ သူကိုယ်တိုင်ရဲ့ လက်နဲ့ သူ့ကံကြမ္မာကို ပြောင်းလဲချင်ခဲ့တယ်။ လောကမှာ ကိုယ်ကိုယ်တိုင်အတွက် နာမည်ကြီးအောင်လုပ်ပြီး လူတွေရဲ့ လေးစားတာကို ရအောင် လုပ်ရမယ်၊ မဟုတ်ရင် ဘဝက အဓိပ္ပာယ်မရှိမှာ မဟုတ်ဘူးလို့ သူ အမြဲ ခံစားမိခဲ့တယ်။ ကိုယ်က အဆင့်အတန်းနိမ့်နေရင် အသက်ရှင်ရတဲ့ အကြောင်းရင်းက ဘာလဲ။ ထူးချွန်မှုနဲ့ ဂုဏ်အသရေကို ရှာတဲ့နေရာမှာ၊ အန်းရန်က ငွေရဖို့ အလုပ်ကြိုးစားခဲ့တယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ၊ ဒီအမှုတော်အဆင့်က လူတွေကို သန့်စင်ပြီး ပြောင်းလဲစေတာကို ရည်ရွယ်တယ်ဆိုတာ၊ ဘုရားအမှုတော်ရဲ့ နောက်ဆုံးအဆင့်ဆိုတာ၊ ပြီးတော့ ဒီအမှုတော်အဆင့်က တစ်သက်မှာ တစ်ခါပဲလာသလို၊ ဒါကို လွဲချော်သွားရင် ကယ်တင်ခံရမဲ့ အခွင့်အရေးကို ဆုံးရှုံးသွားမယ်ဆိုတာ သူ သိခဲ့ပေမဲ့၊ ကြွယ်ဝမှု၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေနောက်လိုက်ဖို့ ဘုရားဆီကနေ သူ လမ်းလွဲပြီး၊ သူ့အိမ်မက်တွေ၊ ဆန္ဒတွေကို ဖြည့်ဆည်းတာ၊ ထူးချွန်ဖို့ အားထုတ်တာတွေကို ဘဝရဲ့ တန်ဖိုးအနေနဲ့ သဘောထားခဲ့တယ်။ ဒီအတွက် သူက မရပ်မနား အလုပ်လုပ်တယ်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ ကြွယ်ဝမှု ဝဲဂယက်ထဲမှာ အသည်းအသန် ရုန်းကန်နေခဲ့တယ်။ အဲဒါက နောက်ဆုံးမှာ သူ့ကို လုံးဝ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခနဲ့ နက်ရှိုင်းတဲ့ နာကျင်မှုကို ရစေခဲ့တယ်။ အရေးအကြီးဆုံးကတော့ ထင်ပေါ်ဖို့နဲ့ ရှေ့ရေးလို့ခေါ်တဲ့ ဒီအရာတွေအတွက် ဘုရားနဲ့ကင်းကွာသွားပြီး ဘုရားကို သစ္စာဖောက်မိခဲ့တာပဲ။ တခြားလူတွေနဲ့ အတူစုဝေးပြီး သမ္မာတရား ရမဲ့အခွင့်အရေးတွေကို နှောင့်နှေးသွားစေခဲ့တယ်။ ဒါက ဘုရားနှုတ်ကပတ်တော်တွေ ပြောတဲ့အရာပဲ မဟုတ်လား။ “ယနေ့ သင်လောဘတကြီး မွေ့လျော်နေသော အရာသည် သင်၏အနာဂတ်ကို ဖျက်ဆီးမည့်အရာ ဖြစ်ပြီး” ဆိုတာလေ။ ကြွယ်ဝမှု၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကို လိုက်စားအားထုတ်တာက ကောင်းတဲ့ရှေ့ရေးဆီ မရောက်စေဘူး။ အဲဒါက ကိုယ့်ကိုယ်ကို တကယ် ထိခိုက်ပျက်စီးစေတယ်။ အန်းရန် သဘောပေါက်လိုက်တယ်။ ဒီရောဂါက သူ့ကို ဝေဒနာတချို့ ဖြစ်စေပေမဲ့၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေအပေါ် သူ့ရဲ့လိုက်စားမှုကိုလည်း တားဆီးပိတ်ပင်တာပဲ။ အပြင်ပန်းမှာ ဒီရောဂါက သူ့အိမ်မက်တွေကို ပြိုကွဲစေတယ်လို့ထင်ရပေမဲ့ မမြင်ကွယ်ရာကနေ သူ့ကို ကာကွယ်ခဲ့တာပါ။ ဒီနာမကျန်းဖြစ်တာကနေ ဘုရားရှေ့ကို အန်းရန် လာနိုင်ခဲ့တယ်၊ သူ့ကိုယ်ပိုင် လမ်းကြောင်းကို သုံးသပ်နိုင်ခဲ့ပြီး သူ့ဘဝကို တကယ် ချင့်ချိန်စဉ်းစားနိုင်ခဲ့တယ်။ ဘယ်ဟာက ပိုအရေးကြီးလဲ၊ သမ္မာတရားနဲ့ အသက်ကို လိုက်စားတာလား ဒါမှမဟုတ် ကျော်ကြားမှုနဲ့ အကျိုးအမြတ်လား။ အဲဒီအချိန်မှာပဲ အန်းရန်က အသိတရားတစ်ခု ရသွားတယ်။ ကျမ်းစာထဲက စကားတွေကို တွေးမိပြီးတော့ပေါ့။ “နေအောက်မှာ ပြုလေသမျှသော အမှုအရာ တို့ကို ငါမြင်ပြီ။ အလုံးစုံတို့သည် အနတ္တအမှု၊ လေကို ကျက်စားသော အမှုဖြစ်ကြ၏။” (ဒေသနာကျမ်း ၁:၁၄) “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၆) ကြွယ်ဝမှု၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်က ခဏတာ ပျော်ရွှင်မှုကို ယူဆောင်ပေးနိုင်ပြီး၊ ထင်ပေါ်ကျော်စောမှုနဲ့ သူများတွေ လေးစားတာကို ရရှိစေတယ်။ ဒါပေမဲ့ အဲဒါက သမ္မာတရားနဲ့ ကယ်တင်ခြင်းရဖို့ အခွင့်အရေး ဆုံးရှုံးတဲ့သဘောဖြစ်တယ်ဆိုရင် ဒါဟာ ကိုယ့်အသက်ကို စတေးလိုက်သလိုမျိုးပဲ။ အဲဒီမှာ ဘာအဓိပ္ပာယ်ရှိလဲ။
ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို အန်းရန် ဆက်ဖတ်တယ်။ “အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကိုခံဖူးသော ဤလူများအပေါ် သနားကရုဏာရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူသားတို့ထံမှ အဖြေတစ်ခုကို စောင့်ဆိုင်းနေခဲ့ရသည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် အသိဉာဏ်ကင်းမဲ့သော ဤလူများ ကိုလည်း အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်၏။ သင်သည် ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းကို မခံရတော့မည့်အကြောင်း သူသည် ရှာဖွေရန်၊ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံ ရေနှင့် အစာကို ယူဆောင်လာရန်နှင့် သင့်ကို နှိုးရန် ဆန္ဒရှိတော်မူ၏။ သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ စိတ်ဓာတ်ကျဖွယ် ပျက်စီးခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို စတင်ခံစားရသောအခါ၊ လမ်းပျောက်ခြင်းမရှိစေနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံ ပွေ့ဖက်လေမည်။ သူသည် သင့်ထံပါး၌ အိပ်ဖန်စောင့်လျက် သင်နောက်ပြန်လှည့်လာရန် စောင့်ဆိုင်းနေ၏။ သင်၏မှတ်ဉာဏ် ရုတ်တရက် ပြန်ရသောနေ့ရက်ကို သူစောင့်ဆိုင်းလျက်နေ၏၊ ထိုနေ့ရက်မှာ သင်သည် ဘုရားသခင်ထံမှ လာခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် သင်ဦးတည်ချက်ပျောက်ခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် လမ်းပေါ်၌ အသိဉာဏ် ပျောက်ဆုံး ခဲ့ရကြောင်းနှင့် မသိခဲ့သောအချိန်တစ်ချိန်တွင် ‘အဖ’ တစ်ဦးရ ခဲ့ကြောင်း သဘောပေါက်သောနေ့ရက်၊ ထိုမျှမက အနန္တတန်ခိုးရှင်သည် အစဉ်သဖြင့် စောင့်ကြပ်နေကာ သင်ပြန်လာမည်ကို ထိုနေရာ၌ အလွန့်အလွန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းလျက်နေကြောင်း သင်သဘောပေါက်သောနေ့ရက် ဖြစ်ပေသည်။ သူသည် ပြင်းပြသောတောင့်တမှုဖြင့် စောင့်ကြည့် နေကာ အဖြေမပါသော တုံ့ပြန်မှုတစ်ခုကို စောင့်ဆိုင်းလျက်နေ၏။ သူ၏အမြဲတစေ စောင့်ကြည့်ခြင်းနှင့် စောင့်ဆိုင်းခြင်းတို့မှာ တန်ဖိုး မဖြတ်နိုင်ဘဲ၊ ယင်းတို့သည် လူသား၏စိတ်နှလုံးနှင့် လူသား၏ ဝိညာဉ်အဖို့အလို့ငှာ ဖြစ်၏။ ဤစောင့်ကြည့်ခြင်းနှင့် စောင့်ဆိုင်းခြင်းတို့သည် အချိန်အကန့်အသတ်မဲ့ ဖြစ်ကောင်း ဖြစ်နိုင်၍ ၎င်းမှာ ဆုံးခန်း၌လည်း ရှိကောင်းရှိနေနိုင်သည်။ သို့သော်လည်း ယခုအခါ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်တို့မှာ မည်သည့်နေရာ၌ ရှိနေကြောင်းကို သင်အတိအကျ သိသင့်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း) ဘုရားနှုတ်ကပတ်တော်က လူသားမျိုးနွယ်ကို ထပ်တလဲလဲ ဆင့်ခေါ်နေတာ မြင်ရတော့၊ အန်းရန်ရဲ့ စိတ်နှလုံးက အရမ်းတို့ထိခံရတယ်၊ မျက်ရည်တွေကြောင့် သူ့အမြင်က မှုန်ဝါးနေတယ်။ သူအတွင်းကျိတ် သက်ပြင်းချလိုက်တယ်။ “ဒီတော့ ဘုရားက ငါ ပြန်လာမှာကို အမြဲ စောင့်နေခဲ့တာပဲ၊ ငါ့ကို ကယ်တင်ဖို့ လုံးဝ လက်မလျှော့ခဲ့ဘူး။” ဘုရားအသံကို ဟိုးအရင်ချိန်ကတည်းက သူ ကြားခဲ့ပြီးဖြစ်သလို ဘုရားနှုတ်ကပတ်တော်တွေ အများကြီး သူဖတ်ခဲ့ပြီးပြီမှန်း သဘောပေါက်ခဲ့တယ်။ နောက်ဆုံးသောကာလမှာ ဘုရားက လူသားမျိုးနွယ်ကို ကိုယ်တိုင် ကယ်တင်ဖို့ လူ့ဇာတိခံလာခဲ့တာ သူ သိခဲ့တယ်။ ဒါက အရမ်းကို ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ။ ဒါပေမဲ့ သူက အရမ်းနှလုံးခိုင်မာပြီး စိတ်နှလုံးက ထုံထိုင်းတယ်။ သူ့အတွေး၊ အားအင်နဲ့ အချိန်တွေကို ငွေအတွက် အလုပ်လုပ်ဖို့ပဲ အာရုံစိုက်ခဲ့တယ်။ သူများတွေလေးစားတာကိုခံရဖို့ ကြိုးစားပြီး သူ့ကိုယ်သူ မြှင့်တင်ဖို့ ကြိုးပမ်းတယ်။ ဒီလမ်းကြောင်းကို သူ ဆက်လျှောက်ရင်၊ သူ့ကိုယ်သူပဲ ခြေကုန်လက်ပန်းကျစေမှာဖြစ်ပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရဲ့ စတေးခံ သားကောင် လုံးဝ ဖြစ်လာမှာပဲ။ ကောင်းမွန်တဲ့ ရှေ့ရေးကို ရနိုင်မှာမဟုတ်သလို နောက်ဆုံးမှာ သူ့ကိုယ်သူ ပျက်စီးစေမှာ။ အဲဒီအချိန်မှာပဲ အန်းရန်က အရမ်း တို့ထိခံရတယ်။ သူ့မျက်လုံးတွေမှာ မျက်ရည်တွေနဲ့ ပြည့်နေတယ်။ သူက ငြင်းပယ်၊ ရှောင်လွဲ၊ အတိုက်အခံလုပ်ပြီး တုံ့ပြန်ခဲ့ချိန်မှာ ဘုရားသခင် သူ့ကို ပေးသမျှတိုင်းက ချစ်ခြင်းနဲ့ ကယ်တင်ခြင်းဖြစ်မှန်း သူ သဘောပေါက်လိုက်တယ်။ ဘုရားကို သူ အကြွေးတင်တယ်လို့ ခံစားမိခဲ့တယ်။ သူ တိတ်တဆိတ် ဆုံးဖြတ်လိုက်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို လေးလေးနက်နက် စားသောက်ပြီး စုဝေးပွဲတွေမှာ ပါဝင်ဖို့နဲ့ မျှော်လင့်ချက်မဲ့ပြီး သိက္ခာကျတဲ့အထဲ လုံးဝ ထပ်ပြီး အနစ်မွန်းမခံဖို့ပေါ့။
နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်တာကို သူ နားထောင်ခဲ့တယ်။ “သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို မကိုးကွယ်ဘဲ ညစ်ညမ်းသော သင်၏ ဇာတိပကတိအထဲ၌ အသက်ရှင်ပါက၊ သင်သည် လူ့အသွင်အပြင်ဖြင့် သားရဲတိရစ္ဆာန် တစ်ကောင်သာ ဖြစ်သည်မဟုတ်လော။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။ ဤကမ္ဘာလောကတွင်၊ လူသားသည် နတ်ဆိုး၏ အဝတ်အထည်ကို ဆင်မြန်းသည်၊ နတ်ဆိုးထံမှ အစားအစာကို စားပြီး၊ ယင်း၏ ညစ်ညမ်းခြင်း၌ လုံးလုံးလျားလျား နင်းချေခြင်းခံလာရလျက်၊ နတ်ဆိုး၏ ကြိုးဆွဲရာကလျက် အလုပ်လုပ်ကာ အစေခံလေသည်။ သင်သည် အသက်၏အဓိပ္ပါယ်ကို သဘောမပေါက်ပါက သို့မဟုတ် စစ်မှန်သော လမ်းခရီးကို မရရှိပါက၊ ဤသို့အသက်ရှင်ခြင်း၌ မည်သည့် အဓိပ္ပာယ် ရှိသနည်း။ သင်တို့သည် လမ်းကြောင်းမှန်ကို လိုက်စားရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၂)) ဘုရားနှုတ်ကပတ်တော်တွေကို နားထောင်ရင်းနဲ့ ဘဝမှာ မှန်ကန်တဲ့ ရည်မှန်းချက်ကို အန်းရန် တွေ့ခဲ့တယ်။ တော်တော်လေးလွတ်မြောက်ပြီး စိတ်အေးသွားတယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် သူ အသက်ရှင်ခဲ့တဲ့ နှစ်တွေအားလုံးကို သုံးသပ်မိတယ်။ ထင်ပေါ်ချင်စိတ်နဲ့ သူ့ကိုယ်သူ အရမ်း ဆင်းရဲဒုက္ခခံစေခဲ့တာ၊ စိတ်ဖိစီးမှု၊ နာကျင်မှု၊ ခါးသီးမှုတွေနဲ့ ဝန်လေးခဲ့ရတာ၊ နောက်ဆုံးမှာ စာတန်နဲ့အတူ ပျက်စီးခြင်းကို ရင်ဆိုင်ခဲ့ရတာတွေကိုပေါ့။ ဒီအရာအားလုံးက ဘဝအပေါ် မှားယွင်းတဲ့ အမြင်အတိုင်း အသက်ရှင်ခဲ့လို့ပဲ။ အခုတော့ ကြွယ်ဝမှု၊ အဆင့်အတန်း၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေအားလုံးက အနှစ်မဲ့ အရာတွေဖြစ်မှန်း အန်းရန် နားလည်သွားခဲ့တယ်။ ဖန်ဆင်းခံတစ်ဦးအနေနဲ့၊ ကိုယ့်ဘဝကို ဘုရားအတွက် ရည်စူးဖို့၊ သမ္မာတရား လိုက်စားပြီး ဘုရားကို သိဖို့ အသက်ရှင်တာက အဓိပ္ပာယ်အရှိဆုံး ဖြစ်တည်မှုပဲ။ ဘုရားအမှုတော်အတွင်းမှာ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို စွန့်ပယ်ပြီး သမ္မာတရားကို လေးလေးနက်နက် လိုက်စားနိုင်ရင်၊ နောက်ဆုံးမှာ ဘုရား လက်ခံတဲ့ သူတစ်ယောက် ဖြစ်လာနိုင်မှာပဲ။ သူ့တစ်သက်တာမှာ လူတွေဆီက အသိအမှတ်ပြုတာ မရခဲ့ရင်တောင်၊ ဘုရားကလက်ခံခြင်းကို ခံရတာက အမြင့်ဆုံး ဂုဏ်အသရေ ဖြစ်မှာပဲ။ ညီအစ်ကို မောင်နှမတွေ တော်တော်များများကို တွေးကြည့်တဲ့အခါ၊ တချို့က တက္ကသိုလ် ဘွဲ့ရတွေ၊ တချို့က မိသားစု လုပ်ငန်းကို စီမံဆောင်ရွက်နေကြတယ်၊ သူတို့က သူတို့တာဝန်တွေကို ထမ်းဆောင်ဖို့ ကိုယ်ပိုင် ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို စွန့်ပစ်နိုင်ခဲ့ကြတယ်။ အညတရ ကျောင်းဆရာမတစ်ယောက်ဖြစ်တဲ့ သူက ဘာမစွန့်လွှတ်နိုင်စရာ ရှိလို့လဲ။ အန်းရန်က သူ့ရဲ့ ဘုရားနှုတ်ကပတ်တော်စာအုပ်ကို ပိတ်လိုက်ပြီး ဒူးထောက်၊ ဆုတောင်းလိုက်တယ်။ “ဘုရားသခင် ကျွန်မ ပုန်ကန်တတ်ခဲ့ပါတယ်။ ကြွယ်ဝမှု၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကို လိုက်စားရာမှာ အသက်ရှင်ခဲ့တယ်၊ ကိုယ်တော်ရှေ့ကို မလာချင်ခဲ့ဘူး။ ဒီနေ့မှာ ကျွန်မ နိုးထပြီး၊ ကိုယ့်ဘဝကို ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ ကြွယ်ဝမှုအတွက် စတေးတာက မတန်မှန်းကို သဘောပေါက်ပါပြီ။ ဘုရားသခင်၊ ကျွန်မ ပြန်လာဖို့အတွက် အမြဲ စောင့်ဆိုင်းရင်းနဲ့ ကျွန်မကို ကယ်တင်ဖို့ လုံးဝ လက်မလျှော့ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုကစပြီး ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်တာ အာရုံစိုက်ဖို့၊ စုဝေးပွဲတွေမှာ ပိုပါဝင်ပြီး ကိုယ့်တာဝန်တွေကို ပိုလုပ်ဖို့ ကျွန်မ ဆန္ဒရှိပါတယ်။ စာတန်ရဲ့ လှည့်စားပြီး ထိခိုက်နစ်နာစေတာ ခံရဖို့ ကျွန်မ မလိုချင်တော့ပါဘူး”လို့ပေါ့။ အန်းရန်ဟာ ဆုတောင်းပြီးတော့ သူ့စိတ်နှလုံးမှာ တည်ငြိမ်တဲ့ခံစားချက်တစ်ခုကို ခံစားရတယ်။ နောက်ရက်တွေမှာ၊ နေ့တိုင်း ဘုရားနှုတ်ကပတ်တော်တွေကို သူ ကြိုးကြိုးစားစား စားသောက်ပြီး စုဝေးပွဲတွေကို ပိုတက်ခဲ့တယ်။
နွေဦးရာသီ ပွဲတော် ပြီးသွားလို့ မကြာခင်မှာပဲ၊ သူနဲ့ အဆက်အသွယ်မရှိခဲ့တဲ့ အတန်းဖော်တစ်ယောက်က ရုတ်တရက် သူ့ကို ဖုန်းဆက်တယ်။ မြို့ရဲ့ အတန်းချိန်နောက်ပိုင်း အစီအစဉ်အတွက် အလုပ်လုပ်ဖို့ ရာထူးတစ်ခု သူ့ကို ကမ်းလှမ်းတယ်။ သူက ထမင်းစားချိန်အတွင်းမှာပဲ ကျောင်းသား၊ ကျောင်းသူတွေကို သင်ပေးရမှာ။ ဒီအလုပ်က လုပ်အားခနည်းသလို အသိအမှတ်ပြုတာ၊ လေးစားတာတွေ မရပေမဲ့၊ အန်းရန်က ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ဖို့နဲ့ သူ့တာဝန်တွေကို လုပ်ဖို့ အချိန်ပိုရလို့ နှစ်သက်သဘောကျခဲ့တယ်။
နောက်ထပ် တနင်္ဂနွေမနက်မှာ၊ အန်းရန်က အိမ်ကို လမ်းလျှောက်လာနေရင်းနဲ့ တခြားလူတွေက ဟိုဟိုသည်သည် မြန်မြန်ဆန်ဆန် လျှောက်နေကြတုန်းမှာ၊ သူ အရှိန်လျှော့လိုက်တယ်။ သူ့ခေါင်းက မူးနောက်သွားတယ်။ မနေ့က သူ့ဝမ်းကွဲအစ်ကိုဆီက ဖုန်းဝင်လာပြီး ကျောင်းမှာ အလုပ်ပြန်လုပ်ဖို့ သူ့ကို တိုင်းတွန်းခဲ့တယ်။ သူ့ အမျိုးတွေကလည်း အဲဒီအတိုင်း တိုက်တွန်းကြတယ်။ သူ စဉ်းစားမိတယ်။ သူ့ရောဂါက သက်သာလာခဲ့သလို၊ သူက ငယ်သေးတယ်လေ။ ဘာလို့ ထပ်မကြိုးစားကြည့်ရမှာလဲပေါ့။ သူ ကျောင်းကို သူ ပြန်သွားခဲ့ရင်၊ တခြားလူတွေရဲ့ လေးစား၊ အားကျမှုက လိုက်လာမှာပဲ။
လေညင်း ဖြတ်သွားချိန်မှာ၊ ကျောင်းတုန်းက ခါးသီးတဲ့ နေ့တွေကို အန်းရန် သတိရမိတယ်။ အခု နောက်ဆုံးမှာ သူက ထွက်လာနိုင်ခဲ့ပြီဖြစ်သလို၊ စုဝေးပွဲတွေကိုလည်း ပုံမှန် တက်နိုင်တယ်၊ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီး သူ့တာဝန်ကို လုပ်နိုင်တယ်။ ကျောင်းမှာ လုပ်ဖို့ သူ ပြန်သွားခဲ့ရင်၊ မလိုအပ်တဲ့ ဆင်းရဲဒုက္ခကို ခေါ်ဖိတ်ခေါ်မိမှာပဲ မဟုတ်လား။
ဒါကို တွေးမိတော့၊ အန်းရန်က သူ့ဖုန်းကို ထုတ်ပြီး သူ့ဝမ်းကွဲအစ်ကိုဆီကို ယဉ်ယဉ်ကျေးကျး ငြင်းလိုက်တဲ့ စာကို ပို့လိုက်တယ်။
ဘဖ်။ ဟွန်းသံပေးပြီး ကားတစ်စီးက အန်းရန်ရှေ့ ရပ်လာတယ်။ သူ့ရဲ့ ခရီးဆောင် လက်ဆွဲသေတ္တာကို ကိုင်ပြီး သူ့တာဝန်တွေကို လုပ်တဲ့ လမ်းကြောင်းပေါ် အစပြုလိုက်တယ်။
ကားတံခါးနားမှာ ထိုင်ရင်းနဲ့ သူ့ခရီးစဉ်နဲ့ပတ်သက်လို့ သူ ပြန်တွေးခဲ့တယ်။ ငွေ၊ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အရမ်း နှောင်ဖွဲ့ခံခဲ့ရတဲ့ သူတစ်ယောက်ကနေ ဘုရားအိမ်တော်မှာ တာဝန်တွေကို ထမ်းဆောင်တဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာတာကိုပေါ့။ တကယ်ကို ခြေလှမ်းတိုင်းကို ဘုရားက ဦးဆောင်လမ်းပြခဲ့ပြီး၊ ဘုရားရဲ့ မေတ္တာ၊ ကယ်တင်ခြင်းနဲ့ အရမ်းကို ပြည့်နေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ဉာဏ်အလင်းပေးပြီး ဦးဆောင်လမ်းပြခဲ့တာကြောင့် မဟုတ်ရင်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်း လိုက်စားတဲ့ ဝဲဂယက်ထဲမှာ သူ ပိတ်မိနေခဲ့ဦးမှာပဲ။ သူ့စိတ်နှလုံးမှာ ဘုရားကို သူ တိတ်တိတ်လေး ကျေးဇူးတင်မိတယ်။ သမ္မာတရားကို လေးလေးနက်နက် လိုက်စားပြီး ဘုရားရဲ့ စိတ်နှလုံး ကျေနပ်စေဖို့ သူ့တာဝန်တွေကို ဖြည့်ဆည်းဖို့ အခု သူ့မှာရှိတဲ့ တန်ဖိုးရှိတဲ့အချိန်ကိုပဲ မြတ်နိုးတန်ဖိုးထားချင်ပါတော့တယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ကျွန်တော်က ဆင်းရဲတဲ့ မိသားစုမှာ မွေးခဲ့တယ်။ ကျွန်တော့်ရဲ့ ရိုးသားဖြောင့်မတ်ပြီး အလုပ်ကြိုးစားတဲ့ မိဘတွေက မိသားစုကို လယ်အလုပ်နဲ့...
ဂွါဇီး၊ အမေရိကန်နိုင်ငံ ကျွန်မသည် ခရစ်ယာန် မိသားစုတစ်စုတွင် မွေးဖွားလာခဲ့ပြီး၊ ကျွန်မအသက် ၁ နှစ်သား အရွယ်တွင် ကျွန်မ အမေက...
ကျွန်မ ငယ်ငယ်တုန်းက၊ မိသားစု အရမ်းဆင်းရဲခဲ့တယ်။ ဆွေမျိုးတွေနဲ့ အိမ်နီးချင်းတွေအားလုံးက ကျွန်မတို့ကို အထင်သေးပြီး အိမ်နီးချင်းကလေးတွေက...
ရှင်းကျန်း တရုတ်ပြည်ကျွန်တော် မမွေးမီ ကျွန်တော့်အဖေက ဥပဒေကို ချိုးဖောက်မိပြီး အဖမ်းခံခဲ့ရသည်။ ၁၉၇၀ ဝန်းကျင်တွင် ထိုသို့သော အရာမျိုးသည်...