ပေါ့ပေါ့ဆဆ လုပ်ဆောင်မှု နောက်ကွယ်တွင် အမှန်တကယ် ရှိနေသည့်အရာ

12.03.2023

ရှင်းချယ် တောင်ကိုရီးယားနိုင်ငံ

အရင်တစ်ခါတုန်းက ဗီဒီယိုတွေကို စစ်တဲ့ အစ်မက ပြောတယ်။ အခုနောက်ပို်ငး ကျွန်မလုပ်တဲ့ ဗီဒီယိုတွေရဲ့ အရည်အသွေးတွေက သိပ်မကောင်းဘူးတဲ့။ ပြီးတော့ သူက ပြဿနာတွေ အများကြီး တွေ့တယ်။ သူက ပြောတယ်။ ကျွန်မက ဗီဒီယိုတွေလုပ်နေတုန်းမှာ ပိုပြီးတော့ အာရုံစိုက်ရင် ပြဿနာတချို့ကို တွေ့နိုင်တယ်၊ ဒါဆိုရင် သူတို့က နောက်ကျမှ ပြန်ပြင်ဖို့ မလိုတော့ဘူး တဲ့။ တာဝန်ထမ်းဆောင်တဲ့အခါ ပိုဂရုစိုက်ပြီး အာရုံစိုက်ဖို့ ကျွန်မကို ပြောတယ်။ ကျွန်မက ဟုတ်ကဲ့လို့ပြောလိုက်ပေမဲ့ ကိုယ့်ဘာသာ တွေးမိတယ်။ “ဒါတွေက တကယ့်ပြဿနာတွေဟုတ်ရဲ့လားဆိုတာ ငါ မသေချာဘူး။ ငါက နောက်ဆုံးကျတော့ အမှားသေးသေးလေးတွေကို ပြင်ဖို့ အချိန်နဲ့ အားအင်အသုံးချနေရရင် ဘယ်လိုလုပ်မလဲ။ ဒါဆို တော်တော် ဖြစ်ထွန်းမှုရှိမှာမဟုတ်ဘူး။ ငါ့ ကျွမ်းကျင်မှုက နည်းနေတာ။ အခု ဒီပြဿနာတွေကို ပြင်ဖို့ ရှာရဖွေရဦးမယ်။ အဖြေရှာနိုင်မယ်လို့ အာမခံချက်မရှိဘူး။ ဒီတော့ ဘာလို့လုပ်နေမှာလဲ။ ပြီးတော့ ငါ့မှာ လုပ်စရာ ဗီဒီယိုတွေ အများကြီးရှိသေးတယ်။ ဒီပြဿနာတွေအကုန်လုံးကို ပြည့်စုံသွားအောင် ပြင်ဖို့ ဘယ်မှာ အချိန်ရှာရမှာလဲ။ ရှင်တို့က ပြဿနာတွေကို သတိထားမိတဲ့နေရာမှာ ကျွန်မထက်ပိုကျွမ်းကျင်ပြီး တော်တယ်။ ပြဿနာတွေကို ရှင်တို့က တွေ့တဲ့အခါကျမှပဲ ကျွန်မက ပြင်လို့မရဘူးလား။ ဒီလောက် ဒုက္ခမများပါဘူး” ပေါ့။ အဲဒီလိုနဲ့ ကျွန်မအစ်မက သတိပေးတာတွေကို ပစ်ထားလိုက်တယ်။ အဲဒီနောက်တော့ ကျွန်မ မသေချာတဲ့ ပြဿနာတစ်ခုကို ကြုံရတိုင်းမှာ ဒါကို စဉ်းစားဖို့၊ စည်းမျဉ်းတွေ ရှာဖို့ကို အချိန်၊ အားအင်အသုံးမချချင်ဘူး။ ဒါတွေကို ဖြေရှင်းဖို့အတွက် စစ်တဲ့သူဆီမှာပဲ အမြဲတမ်းထားလိုက်တယ်။ တစ်ခါတလေမှာ ကျွန်မ နည်းနည်း စိတ်မသက်မသာဖြစ်တယ်။ “ငါ့တာဝန်ကို ဒီလိုထမ်းဆောင်နေတော့ ငါက ဝတ်ကျေတမ်းကျေလုပ်နေတာလား” ပေါ့။ ဒါပေမဲ့ ကျွန်မက ကျွန်မအသိစိတ်ကို ဒီလိုအပြစ်တင်တာတွေကို ဆင်ခြေတွေနဲ့ အမြန် ပြန်ချုပ်တည်းထားလိုက်တယ်။ “ငါက အလုပ်ကို ရှေ့ဆက်အောင် ကူညီပေးဖို့ ဒီလိုလုပ်နေတာ။ ငါ့ကျွမ်းကျင်မှုက နည်းနေရင် သူများတွေကို ကြည့်ခိုင်းမယ်။ ဒီပြဿနာတွေအပေါ်မှာ အချိန်ဆွဲပြီး မစဉ်းမစားနဲ့ အချိန်မဖြုန်းပစ်ချင်ဘူး” ပေါ့။ အဲဒီနောက်တော့ ကျွန်မလုပ်တဲ့ ဗီဒီယိုတွေက မသေသပ်ဘူး၊ ပြဿနာတွေ အများကြီးရှိတယ်ဆိုပြီး စစ်တဲ့သူက ကျွန်မကို ခဏခဏပြောတယ်။ ဒါကို ကြားရတော့ ကျွန်မက ဟုတ်ကဲ့ဆိုပြီး ပြီးပြီးရော ပြောလိုက်တယ်။ စိတ်ထဲမှာတော့ တကယ် လက်မခံဘူး။

အဖွဲ့ခေါင်းဆောင်က ဒီလို ပြည့်ပြည့်စုံစုံ ပြောမှပဲ သုံးသပ်မိသွားတာ။ “အစ်မဗီဒီယိုတွေမှာ ပြဿနာတွေ များလွန်းတယ်။ အစ်မ ပြင်နိုင်တာ သေချာတဲ့ဟာတွေကို မပြင်ဘူး။ ဒါတွေကို စစ်တဲ့ အစ်မကိုပဲ အလုပ်ကို တွန်းပို့လိုက်တယ်။ အစ်မက တာဝန်ထမ်းဆောင်တဲ့ပုံစံက ပေါ့ဆပြီး တာဝန်မသိတတ်ဘူး။ ပုံမှန်ဆိုရင် ဗီဒီယိုတစ်ခုကို စစ်ဖို့ မကြာဘူး။ ဒါပေမဲ့ အစ်မအလုပ်က အရမ်းကို မသေသပ်တော့၊ တော်တော်သိသာတဲ့ ပြဿနာတချို့ကိုတောင် မဖြေရှင်းတော့ အစ်မဗီဒီယိုတွေကို စစ်ဖို့က နှစ်ဆပိုကြာတယ်၊ ဒါမှမဟုတ် အဲဒီထက်တောင် ပိုကြာနေတယ်။ ဒါ အနှောင့်အယှက်ဖြစ်တယ်လို့ မထင်ဘူးလား” တဲ့။ အဖွဲ့ခေါင်းဆောင်က ဒီလိုလည်း မိတ်သဟာယဖွဲ့တယ်။ “အလုပ်ကို ကောင်းကောင်းလုပ်ဖို့က ဂရုစိုက်ပြီး စေ့စပ်ရမယ်။ တာဝန်ထမ်းဆောင်နေတုန်းမှာ အကောင်းဆုံးကြိုးစားရမယ်။ လူတိုင်းက တာဝန်မသိတတ်ရင် ပြဿနာတိုင်းကို တခြားတစ်ယောက်ဆီပဲ တွန်းပို့နေရင် သူ့အတွက် ဖိအားဖြစ်မယ်။ အလုပ်ရဲ့ တိုးတက်မှုအားလုံးလည်း နှောင့်နှေးသွားမယ်” တဲ့။ အစတော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြေတွေပေးဖို့ ကြိုးစားသေးတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ အဖွဲ့ခေါင်းဆောင်က ဒါကို ထောက်ပြနေတာဟာ ဘုရားက ခွင့်ပြုတာဖြစ်တယ်ဆိုတာ သတိထားမိနေတယ်။ ဗီဒီယိုတွေကို စစ်တဲ့အစ်မက ကျွန်မကို သုံးလေးခါ သတိပေးပေမဲ့ ကျွန်မက လုံးဝ စိတ်ထဲမထားတာကို တွေးမိတယ်။ ကျွန်မရဲ့ ဒီလိုပေါ့ဆတဲ့ သဘောထားက တကယ်ကို ပြဿနာပါပဲ။

နောက်ပိုင်းမှာ သက်သေခံချက်စာတစ်စောင်ကို ကျွန်မ ဖတ်ရတယ်။ အဲဒီထဲမှာ ကိုးကားထားတဲ့ ဘုရားနှုတ်ကပတ်တော်အပိုဒ်တွေက ကျွန်မတော်ကို တော်တော်လှုံ့ဆော်ပေးတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သမ္မာတရားကို စိတ်ကုန်ခြင်းဆိုသည်မှာ အဘယ်ကို ဆိုလိုသနည်း။ အပြုသဘောဆောင်သောအရာများနှင့်၊ သမ္မာတရားနှင့်၊ ဘုရားသခင်တောင်းဆိုသည့်အရာ၊ ဘုရားသခင်၏ အလိုတော်တို့နှင့် ဆက်စပ်သောအရာများကို ရင်ဆိုင်ရသောအခါ လူတို့သည် စိတ်ဝင်စားမှုမရှိကြခြင်းကို ဆိုလိုပေသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ဤအရာများကို မနှစ်သက်ကြချေ။ တစ်ခါတစ်ရံတွင် ဤအရာများကို အဖက်မလုပ်ကြပေ။ တစ်ခါတစ်ရံတွင် မကြောက်ရွံ့ခြင်း၊ စိတ်မဝင်စားခြင်း သဘောထားရှိကြသည်။ ယင်းတို့ကို အရေးမကြီးဟု မှတ်ယူပြီး ယင်းတို့အပေါ် ရိုးသားစစ်မှန်ခြင်းမရှိဘဲ ပြီးစလွယ်ပြုကြသည်၊ သို့မဟုတ် ယင်းတို့အတွက် တာဝန်မယူကြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကိုယ် သိခြင်းဖြစ်သည်)ဘုရားသခင်သည် လူများ၏ညံ့ဖျင်းသော အစွမ်းအစကို မမုန်းတီး၊ ၎င်းတို့၏မိုက်မဲမှုကို မမုန်းတီးသကဲ့သို့ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ကိုလည်း သူမမုန်းပေ။ ဘုရားသခင်သည် လူတို့ထဲ၌ အစက်ဆုပ်ဆုံးဖြစ်သော အရာမှာ အဘယ်နည်း။ ယင်းမှာ လူများက သမ္မာတရားကို စိတ်ကုန်သည့်အချိန် ဖြစ်သည်။ သင်သည် သမ္မာတရားကို စိတ်ကုန်ပါက ထိုတစ်ချက်တည်းကြောင့်ပင် ဘုရားသခင်သည် သင့်ကြောင့် မည်သည့်အခါမျှ ဝမ်းမြောက်မည် မဟုတ်။ ဤသည်မှာ ပြောင်းလဲ၍မရနိုင်ပေ။ သင်သည် သမ္မာတရားကို စိတ်ကုန်လျှင်၊ သမ္မာတရားကို မချစ်လျှင်၊ သမ္မာတရားအပေါ် သင်သည် ဂရုမစိုက်သော သဘောထားရှိပြီး အထင်သေးကာ ဂုဏ်မောက်သည့်အပြင် တွန်းပင်တွန်းလှန်ကာ အတိုက်အခံလုပ်ပြီး ငြင်းပယ်လျှင် သင့်တွင် ဤအပြုအမူများရှိလျှင်၊ ဘုရားသခင်က သင့်အား လုံးလုံး မုန်းတီးပြီး သင်သည် ကယ်တင်၍မရတော့အောင် ကျရှုံးပြီးဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် သမ္မာတရားကို အမှန်တကယ် ချစ်သည့်တိုင် အတော်အတန် အစွမ်းအစနည်းပြီး အသိအမြင် မရှိလျှင်၊ အနည်းငယ် မိုက်မဲလျှင်၊ တစ်ခါတစ်ရံတွင် အမှားများပြုလုပ်သော်လည်း မကောင်းမှုလုပ်ဖို့ မရည်ရွယ်လျှင်၊ မိုက်မဲသောအရာအနည်းငယ်ကိုသာ လုပ်ဆောင်ခဲ့လျှင်၊ သမ္မာတရားနှင့်ပတ်သက်သည့် ဘုရားသခင်၏ မိတ်သဟာယကို ကြားနာရန် သင်၏ စိတ်နှလုံး၌ လိုလားပြီး သမ္မာတရားကို သင်၏ စိတ်နှလုံးက တောင့်တလျှင်၊ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကို သင်ဆက်ဆံရာတွင် ထားရှိသည့် သဘောထားသည် ရိုးသားစစ်မှန်ပြီး တောင့်တခြင်းရှိလျှင်၊ ဘုရားနှုတ်ကပတ်တော်များကို တန်ဖိုးထားပြီး မြတ်နိုးနိုင်လျှင် ဤသည်မှာ လုံလောက်သည်။ ဘုရားသခင်သည် ဤသို့သောသူများကို နှစ်သက်သည်။ သင်က တစ်ခါတစ်ရံတွင် အနည်းငယ် မိုက်မဲနိုင်သော်လည်း ဘုရားသခင်က သင့်ကိုနှစ်သက်ဆဲဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရားကို တောင့်တသော သင်၏ စိတ်နှလုံးကို ချစ်သည်။ သမ္မာတရားအပေါ် သင်၏ ရိုးသားစစ်မှန်သောသဘောထားကို ချစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် သင့်အပေါ် သက်ညှာမှုရှိပြီး သင့်အား အစဉ်သဖြင့် မျက်နှာသာပေးသည်။ သူသည် သင်၏ မကောင်းသော အစွမ်းအစ၊ သို့မဟုတ် မိုက်မဲမှုကို ထည့်မတွက်သကဲ့သို့ သင်၏ ပြစ်မှားမှုများကိုလည်း ထည့်မတွက်ပေ။ သမ္မာတရားအပေါ် သင်၏ သဘောထားသည် ရိုးသားစစ်မှန်ပြီး ထက်သန်သောကြောင့် သင်၏စိတ်နှလုံးသည် စစ်မှန်သဖြင့် သင်၏စိတ်နှလုံးနှင့် သဘောထားတို့သည် ဘုရားသခင် တန်ဖိုးထားသည့်အရာဖြစ်သည်နှင့်အညီ သူသည် သင့်အပေါ် အစဉ် သနားကရုဏာထားရှိလိမ့်မည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အပေါ် အလုပ်လုပ်လိမ့်မည်။ ပြီးလျှင် သင်၌ ကယ်တင်ခြင်း မျှော်လင့်ချက်ရှိပေမည်။ သို့သော် သင်၏စိတ်နှလုံးသည် မာကျောပြီး သင်သည် စိတ်အလိုလိုက်လွန်းပါက၊ သင်သည် သမ္မာတရားကို စိတ်ကုန်ပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားပါဝင်သည့် အရာအားလုံးကို အလေးမထားဘဲ သင်၏စိတ်နှလုံးနက်ရှိုင်းရာမှ ရန်မူလိုပြီး အထင်အမြင်သေးပါက သင့်အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ရွံရှာခြင်း၊ စက်ဆုပ်ခြင်းနှင့် မစဲသော အမျက်တို့ဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်) စည်းမျဉ်းအရတော့ ကျွန်မက ကိုယ့်တာဝန်မှာ အာရုံမစိုက်ဘဲပေါ့ဆနေတာကို မြင်ပေမဲ့ ဘယ်တော့မှ အလေးအနက်မထားတဲ့အကြောင်းရင်းကို ဘုရားနှုတ်ကပတ်တော်ဖတ်တော့ ကျွန်မ နားလည်သွားတယ်။ လက်စသတ်တော့ ကျွန်မက သမ္မာတရားကို စိတ်ကုန်နေပြီး ခေါင်းမာတဲ့ စိတ်သဘောထားရှိနေတာပဲ။ ကျွန်မဗီဒီယိုတွေက မသေသပ်ဘူး၊ ပိုပြီး ဂရုစိုက်ဖို့လိုတယ်လို့ ကျွန်မအစ်မက ကျွန်မကို သုံးလေးခါ သတိပေးတယ်။ ဒါ ကောင်းတဲ့အရာပါ။ သူက ကျွန်မကို ကူညီပေးနေတာ။ သူ့ပါးစပ်က ပြောတာကို ကျွန်မ သိပေမဲ့ လုံးဝ စိတ်ထဲမထားခဲ့ဘူး။ ကျွန်မက ခေါင်းထဲမှာ ဆင်ခြေတွေတောင် အမြဲတမ်းပေးနေခဲ့တာ။ ဒီလေးစားမှုမရှိတဲ့သဘောထားက ကျွန်မက သမ္မာတရားကို စိတ်ကုန်နေတယ်ဆိုတာ ပြတယ်။ ဒါဟာ ဘုရားကို စက်ဆုပ်ရွံရှာစေတယ်။ ကျွန်မက အမြဲတမ်းပဲ ကျွန်မအနားက လူတွေ၊ အမှုကိစ္စတွေကို ဒီမလေးစားတဲ့၊ အထင်သေးတဲ့ သဘောထားနဲ့ ဆက်ဆံနေရင် တစ်ယောက်ယောက်က ကျွန်မကို သတိပေးဖို့၊ ကူညီဖို့ ဘယ်နှစ်ကြိမ်ပဲ ကြိုးစားပါစေ ကျွန်မက တိုးတက်မှာမဟုတ်ဘူး။ ဒီကနေ ဘာမှ ရမှာမဟုတ်ဘူး။ ဘုရားနှုတ်ကပတ်တော်တွေက တော်တော်ရှင်းပါတယ်။ မသိနားမလည်ခြင်း၊ အစွမ်းအစနည်းခြင်းနဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက သေစေနိုင်တဲ့ ရောဂါတွေမဟုတ်ဘူး။ ဒါပေမဲ့ ခေါင်းမာတဲ့ စိတ်နှလုံးရှိရင်၊ သမ္မာတရားကို စိတ်ကုန်ရင် ဘုရားသခင်က စီစဉ်တဲ့ အခြေအနေတွေကို မလေးစားတဲ့၊ အာခံတဲ့ သဘောထားနဲ့ အမြဲတမ်း ဆက်ဆံရင် သမ္မာတရားကို မရှာရင်၊ သင်ခန်းစာတွေမယူရင် သမ္မာတရားကို ရနိုင်ဖို့၊ ဘုရားသခင် ကယ်တင်တာ ခံရနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်မက နောင်တမရရင်၊ ကျွန်မပုံစံတွေကို မပြင်ရင် ကျွန်မက ကိုယ့်တာဝန်ကို လုပ်တာ မကောင်းရုံတင်မကဘဲ အဆုံးမှာ ဘုရားက စွန့်ပစ်မှာပဲ။ ဒါတွေကို ကျွန်မ သဘောပေါက်သွားတော့မှ ကြောက်လာတယ်။ ကျွန်မတာဝန်မှာ ဒီလိုဂရုမစိုက်တဲ့သဘောထားမျိုးကို အသုံးပြုနေလို့ မဖြစ်တော့ဘူးလေ။ အမြန် ကိုယ့်ကိုယ်ကို သုံးသပ်ပြီး ဘုရားထံမှာ နောင်တရရမယ်။ အဲဒီသုံးလေးရက်မှာ ကျွန်မ ဘုရားကို ခဏခဏ ဆုတောင်းတယ်။ ကျွန်မကို ဉာဏ်အလင်းဖွင့်ပြပြီး ကိုယ့်ကိုယ်ကိုယ် သိအောင်ကူညီဖို့ ဆုတောင်းတယ်။ ဒီအကြောင်းကိစ္စနဲ့ပတ်သက်ပြီး ဘုရားနှုတ်ကပတ်တော်တွေကိုလည်း ကျွန်မ သတိရှိရှိနဲ့ စားသောက်တယ်။

တစ်နေ့တော့ ဒီ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “အမှန်တကယ်တွင် သင့်တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် အလွန်မခက်ခဲပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိခြင်း၊ ဖြောင့်မှန်ပြီး လုံ့လရှိခြင်းနှင့်သာဆိုင်သည်။ စိတ်ထက်သန်စွာ အလုပ်လုပ်ပြီး ရလဒ်အနေဖြင့် အောင်မြင်သွားသော မယုံကြည်သူများစွာရှိသည်။ ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများအကြောင်း မည်သည့်အရာမျှ မသိပေ။ ဤသို့ဆိုလျှင် ၎င်းတို့သည် အဘယ်သို့ အလွန်အဆင်ပြေကြသနည်း။ ၎င်းတို့သည် စဉ်းစားနှိုင်းချိန်ပြီး လုံ့လရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ထက်သန်စွာ အလုပ်လုပ်နိုင်သည်။ စေ့စပ်နိုင်ပြီး၊ အလွယ်တကူ လုပ်ဆောင်ပြီးစီးနိုင်သည်။ ဘုရားအိမ်တော်၏ မည်သည့်တာဝန်များကမျှ အလွန် မခက်ခဲပေ။ သင်၏ စိတ်နှလုံးအပြည့်အဝထည့်သွင်းပြီး အကောင်းဆုံးကြိုးစားသရွေ့ သင် ကောင်းစွာလုပ်ဆောင်နိုင်သည်။ သင်သည် မဖြောင့်မတ်လျှင်၊ သင်လုပ်ဆောင်သမျှ၌ လုံ့လမရှိလျှင်၊ သင့်ကိုယ်သင် ဒုက္ခမရောက်အောင် အစဉ် ကြိုးစားနေလျှင်၊ သင်သည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေဖြစ်ပြီး၊ အရာရာကို ဖြစ်သလိုလုပ်လျှင်၊ သင်၏တာဝန်ကို ကောင်းစွာမထမ်းဆောင်လျှင်၊ ရလဒ်အနေဖြင့် အမှားများလုပ်ပြီး ဘုရားအိမ်တော်ကို ထိခိုက်နစ်နာစေလျှင် ယင်းမှာ သင်က မကောင်းမှုလုပ်နေသည်ဟု ဆိုလိုပေသည်။ ထိုအရာသည် ဘုရားသခင်ကို ရွံရှာစေသည့် ပြစ်မှားမှုတစ်ခု ဖြစ်လာလိမ့်မည်။ ဧဝံဂေလိဖြန့်ဝေခြင်း၏ အဓိကအချိန်များတွင် သင်သည် သင့်တာဝန်တွင် ရလဒ်ကောင်းများမရဘဲ အပြုသဘောဆောင်သော အခန်းကဏ္ဍတစ်ခုကို မလုပ်ဆောင်ပါက၊ သို့မဟုတ် သင်က အနှောင့်အယှက်၊ အဖျက်အဆီးများဖြစ်ပေါ်စေလျှင် အလိုအလျောက်ပင် ဘုရားသခင်က သင့်ကို ရွံရှာမည်ဖြစ်ပြီး ထုတ်ပယ်ခံရမည်ဖြစ်ကာ သင်၏ ကယ်တင်ခြင်း အခွင့်အရေးကို ဆုံးရှုံးရလိမ့်မည်။ ဤသည်မှာ သင်၏ ထာဝရနောင်တ ဖြစ်လိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအတွက် ဘုရားသခင်က သင့်အား ချီးမြှောက်ခြင်းသည် သင်၏ ကယ်တင်ခြင်းရရန် တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။ သင်သည် တာဝန်မဲ့လျှင်၊ ပေါ့တန်စွာ သဘောထားပြီး ဖြစ်သလိုလုပ်ဆောင်လျှင် ဤသည်မှာ သင်က သမ္မာတရားနှင့် ဘုရားသခင်ကို ဆက်ဆံနေသည့် သဘောထားဖြစ်သည်။ သင်သည် အနည်းငယ်မျှပင် ရိုးသားစစ်မှန်ခြင်း၊ သို့မဟုတ် နာခံခြင်းမရှိလျှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို အဘယ်သို့ ရနိုင်မည်နည်း။ ယခုအခါတွင် အချိန်က အလွန်တန်ဖိုးရှိသည်။ နေ့ရက်တိုင်း၊ စက္ကန့်တိုင်းက အရေးပါသည်။ သမ္မာတရားကို သင်မလိုက်စားလျှင်၊ အသက်ဝင်ရောက်မှုကို အာရုံမစိုက်လျှင်၊ သင်၏တာဝန်တွင် ဖြစ်သလိုလုပ်ပြီး ဘုရားသခင်ကို လှည့်စားလျှင် ယင်းမှာ အမှန်တကယ်ပင် အသိစိတ်ကင်းမဲ့ပြီး အန္တရာယ်ရှိပေသည်။ သင်သည် ဘုရားသခင်ကို ရွံရှာစေပြီး ထုတ်ပယ်ခံရသည်နှင့် တစ်ပြိုင်နက် သန့်ရှင်းသောဝိညာဉ်တော်က သင့်အထဲတွင် အလုပ်လုပ်တော့မည်မဟုတ်သကဲ့သို့ ထိုနေရာမှ ပြန်လာ၍ မရပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး)ဘုရားသခင်က မည်သည့်လူစားမျိုးကို ကယ်တင်သနည်း။ ၎င်းတို့အားလုံးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိပြီး သမ္မာတရားကို လက်ခံနိုင်သည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူများသာ သမ္မာတရားကို လက်ခံနိုင်ပြီး ချစ်နိုင်သည်။ သမ္မာတရားကို ၎င်းတို့ နားလည်သရွေ့ ယင်းကို လက်တွေ့လုပ်ဆောင်နိုင်သည်။ ထိုတာဝန်မသိတတ်သကဲ့သို့ ကျိုးကြောင်းမသင့်သောသူများသည် လူ့သဘာဝကင်းမဲ့သောသူများ ဖြစ်သည်။ ဒေသစကားဖြင့်ပြောလျှင် ၎င်းတို့က သူတော်ကောင်းတရားမရှိဟု ပြောကြသည်။ သူတော်ကောင်းတရားကင်းမဲ့ခြင်း၏ သဘာဝမှာ အဘယ်နည်း။ ဤသည်မှာ လူသားဟုခေါ်ဖို့ မထိုက်သည့်၊ လူ့သဘာဝကင်းမဲ့သော သဘာဝဖြစ်သည်။ ဆိုရိုးစကားရှိသည့်အတိုင်း သင်သည် သူတော်ကောင်းတရားမှလွဲ၍ မည်သည့်အရာကိုမဆို ကင်းမဲ့နိုင်သည်။ သူတော်ကောင်းတရားမရှိလျှင် သင်သည် အဆုံးသတ်ပြီဖြစ်ပြီး လူသားမဟုတ်တော့ပေ။ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ပြီး ဘုရားသခင်ရွေးချယ်ထားသောလူများကို ထိခိုက်ရန် အကောင်းဆုံးလုပ်ဆောင်ကြသည့် ထိုမကောင်းဆိုးဝါးများနှင့် နတ်ဆိုးမင်းများကို ကြည့်လော့။ ၎င်းတို့သည် သူတော်ကောင်းတရားကင်းမဲ့ကြသည် မဟုတ်လော။ ကင်းမဲ့ကြပေသည်။ အမှန်ပင် ကင်းမဲ့ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) အရင်တုန်းက ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်တွေကို မြင်ဖူးပေမဲ့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့အတွက် ဒါတွေကို ဘယ်တော့မှ အလေးအနက် မသုံးခဲ့ဖူးဘူး။ ပြန်ဖတ်ကြည့်တော့ ကျွန်မ တော်တော် ခွန်အားဖြစ်တယ်။ ဟုတ်တယ်။ ဘုရားသခင်က ကျွန်မကို အများကြီး မတောင်းဆိုဘူး။ ကျွန်မလုပ်နိုင်တာထက်ပိုပြီး တွန်းအားမပေးဘူး။ လုံးဝ အပြစ်အနာအဆာမရှိတဲ့ ဗီဒီယိုတွေကို လုပ်ဖို့ ဘုရားက ကျွန်မကို မျှော်လင့်နေတာမဟုတ်ဘူး။ လုံ့လရှိဖို့၊ စေ့စပ်ဖို့၊ အကောင်းဆုံးလုပ်ဖို့ပဲ မျှော်လင့်တာပါ။ ကျွန်မ ကျွမ်းကျင်မှုက နည်းပေမဲ့၊ ကျွန်မ တကယ်တမ်း မတွေ့နိုင်တဲ့ ပြဿနာတချို့ရှိပေမဲ့ ကျွန်မက ကိုယ်တတ်နိုင်သလောက်လုပ်ရင် တာဝန်ကို ဖြည့်ဆည်းတာပဲ။ ဒါပေမဲ့ ကျွန်မက ဘာလုပ်ခဲ့လဲ။ ကျွန်မ သေချာ ရှာတွေ့နိုင်တဲ့ ပြဿနာတွေရှိတယ်။ ဂရုစိုက်စဉ်းစားပြီး ဒါတွေကို ပြင်ဖို့အတွက် အချိန်နည်းနည်းသုံးဖို့ပဲ လိုတာပါ။ ဒါပေမဲ့ ကျွန်မက အားမစိုက်ချင်ဘူး။ ကိုယ့်ကိုယ်ကိုယ် ဒုက္ခမရောက်အောင် အလုပ်ကို သူများဆီ လွှဲချတယ်။ ဒီလိုနည်းနဲ့ ကျွန်မက ဒုက္ခမခံရဘူး။ ပြဿနာမဖြစ်ဘူး။ အလုပ်လည်း ပြီးအောင်လုပ်နိုင်တယ် ပေါ့။ ကျွန်မက ဝတ်ကျေတမ်းကျေလုပ်ပြီး ချောင်ခိုတဲ့နေရာမှာ အရမ်းတော်နေတာပါ။ ကျွန်မက ဗီဒီယို အရေအတွက် တစ်ခုထိ လုပ်တယ်၊ အလုပ်က ထိရောက်တယ်ဆိုတဲ့ ပုံစံပေါက်နေတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ သူများတွေက ဒီပြဿနာတွေကို ပြင်ဖို့ အားထုတ်နေတာပဲ။ ကျွန်မက ပျင်းနေတာ သက်သက်ပဲ။ ကျွန်မက တကယ်ကို ဘုရားဖော်ပြတဲ့သူမျိုးပဲ။ သူတော်ကောင်းတရားနဲ့ လူ့သဘာဝမရှိဘူး။ အမည်ခံအရတော့ ဒီဗီဒီယိုတွေကို ကျွန်မ လုပ်ခဲ့တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ကျွန်မက သူများတွေကို ဒါတွေအပေါ်မှာ အချိန်ဘယ်လောက်ကုန်စေခဲ့သလဲဆိုတာ ကျွန်မ မသိဘူး။ ဗီဒီယိုတစ်ခုကို စစ်ဖို့က တစ်နာရီပဲ ကြာသင့်တယ်။ ဒါပေမဲ့ သူများတွေက ကျွန်မ ဗီဒီယိုတွေကို စစ်ဖို့ နှစ်ဆ၊ ဒါမှမဟုတ် ဒီထက်တောင် ပိုကြာတယ်။ သူများတွေက သူတို့ကိုယ်ပိုင်တာဝန်တွေနဲ့ အလုပ်ရှုပ်နေတာ။ အဲဒီအချိန်မှာ ကျွန်မက ဒါတွေအပြင်ကို အလုပ်တွေအများကြီး ထပ်ဖြည့်ပြီး အဘက်ဘက်ကအလုပ် တိုးတက်မှုကို နှေးအောင်လုပ်ခဲ့တယ်။ ကျွန်မလုပ်နေတာက ကိုယ့်ကိုယ်ကိုယ် အကျိုးဖြစ်ဖို့ သူများတွေကို တကယ် ထိခိုက်နေတာပဲ။ ကျွန်မတာဝန်ကို ပိုပြီး အလေးအနက်ထားဖို့၊ ပိုဂရုစိုက်ဖို့ကို ကျွန်မအစ်မက ကျွန်မကို ခဏခဏသတိပေးတယ်။ ဒါပေမဲ့ သူ့ကို လုံးဝ အလေးအနက်မထားခဲ့ဘူး။ အရမ်းကို ဝတ်ကျေတမ်းကျလုပ်တဲ့အတွက်ကို ဆင်ခြေတွေတောင် ပေးခဲ့တယ်။ ကျွန်မက ဖြစ်ထွန်းဖို့၊ အလုပ်ထိရောက်ဖို့အတွက် ဒီလိုလုပ်နေတာလို့ ပြောခဲ့တယ်။ ကျွန်မက တကယ်ကို တော်တော် တာဝန်မသိတတ်တာပဲ။ ကျွန်မ ဖြေရှင်းဖို့အတွက် ကျွမ်းကျင်မှုသိပ်မရှိတဲ့ ပြဿနာတချို့ တကယ်ရှိပါတယ်။ ဒါပေမဲ့ အဲဒါတွေကို ညီအစ်ကိုမောင်နှတွေနဲ့ ဆွေးနွေးပြီး ဒီနည်းလမ်းနဲ့ တစ်ပိုင်းတစ်စ ပြုပြင်လိုက်လို့ ရတယ်လေ။ ဒါဆိုရင် ကျွန်မက ကိုယ့်ပြဿနာတွေကို သူများတွေဆီ လွှဲချနေတာ မဖြစ်တော့ဘူးပေါ့။ ဒါပေမဲ့ ကျွန်မက ဒီလိုအဖိုးအခတောင် ပေးဆပ်ချင်စိတ်မရှိဘူး။ တကယ်ကို လူ့သဘာဝ ကင်းမဲ့တာပဲ။ နောက်တော့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “လူအချို့သည် မည်သည့်အလုပ်ကိုလုပ်ဆောင်ပါစေ၊ သို့မဟုတ် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ ၎င်းတို့သည် အောင်မြင်ရန် မစွမ်းဆောင်နိုင်ကြပေ။ ၎င်းတို့အတွက် ခဲယဉ်းလွန်း၏။ ၎င်းတို့သည် လူတို့ထမ်းဆောင်သင့်သည့် မည်သည့်တာဝန်ဝတ္တရားများကိုမဆို ဖြည့်ဆည်းနိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် အမှိုက်မဟုတ်သလော။ ၎င်းတို့သည် လူများဟု ခေါ်ရန် ထိုက်တန်သေးသလော။ ခြွင်းချက်အနေဖြင့် ငနုံ၊ ငအများ၊ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့သူများနှင့်၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းမှုကို ခံစားရသောသူများမှလွဲ၍ မိမိတို့တာဝန်ကို မထမ်းဆောင်သင့်သော၊ မိမိတို့ ဝတ္တရားများကို မဖြည့်ဆည်းသင့်သော အသက်ရှင်သည့်သူ တစ်ယောက်ယောက်ရှိသလော။ သို့သော် ဤလူစားမျိုးသည် သစ္စာမဲ့ခြင်းကို အစဉ်ဖုံးကွယ်ပြီး မရိုးမသား အစဉ်ပြုမူကာ မိမိတို့၏ တာဝန်များကို မဖြည့်ဆည်းလိုပေ။ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို သင့်လျော်သောလူများကဲ့သို့ ပြုမူဆောင်ရွက်လိုခြင်းမရှိပေ။ ဘုရားသခင်သည် ၎င်းတို့ကို အစွမ်းအစနှင့် ဆုကျေးဇူးများပေးခဲ့သည်။ ၎င်းတို့အား လူသားဖြစ်ဖို့ အခွင့်အရေး သူပေးခဲ့သော်လည်း၊ ၎င်းတို့က ဤအရာကို မိမိတို့၏တာဝန် ထမ်းဆောင်ရာ၌ အသုံးမပြုနိုင်ကြချေ။ ၎င်းတို့သည် ဘာမျှမလုပ်ကြ၊ သို့သော်လည်း အရာအားလုံးကို မွေ့လျော်ခံစားလိုကြ၏။ ဤသို့သောသူသည် လူသားအဖြစ် ခေါ်ဆိုရန် သင့်တော်သလော။ ၎င်းတို့ကို မည်သည့်အလုပ်ပဲ ပေးပေး၊ အလုပ်က အရေးကြီးသည်ဖြစ်စေ၊ သာမန်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ၊ ရိုးရှင်းသည်ဖြစ်စေ ၎င်းတို့သည် အစဉ်သဖြင့် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေ ပြုလုပ်သည်။ အစဉ် ပျင်းရိပြီး မယုံရပေ။ ပြဿနာများ ဖြစ်ပေါ်သောအခါ ၎င်းတို့အတွက် တာဝန်ကို အခြားလူများအပေါ်သို့ တွန်းပို့ရန် ကြိုးစားသည်။ ၎င်းတို့သည် မိမိတို့၏ ကပ်ပါးကောင် ဘဝများကို ဆက်အသက်ရှင်ဖို့ လိုလားရင်း၊ မည်သည့်တာဝန်ကိုမျှ မယူကြပေ။ ၎င်းတို့သည် အသုံးမဝင်သော အမှိုက်များဖြစ်သည် မဟုတ်လော။ လူမှုအဖွဲ့အစည်းတွင် မည်သူက ရှင်သန်ရေးအတွက် မိမိတို့ကိုယ်ကို မမှီခိုရသနည်း။ လူတစ်ဦးသည် အရွယ်ရောက်လာသည့်အခါ မိမိကိုယ်ကို ထောက်ပံ့ရမည်။ ၎င်းတို့၏ မိဘများသည် မိမိတို့၏တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်သည်။ ၎င်းတို့၏ မိဘများက ၎င်းတို့အား ထောက်ပံ့ဖို့ လိုလားလျှင်ပင်၊ ၎င်းတို့သည် ယင်းနှင့်ပတ်သက်၍ ဘဝင်မကျဖြစ်မည်ဖြစ်ကာ၊ ‘ကျွန်ုပ်၏မိဘများသည် သားသမီးများကို ပြုစုပျိုးထောင်ပေးသည့်၎င်းတို့၏အလုပ် ပြီးစီးပြီဖြစ်သည်။ ကျွန်ုပ်သည် အရွယ်ရောက်သူတစ်ဦး ဖြစ်ပြီး ကျန်းမာသန်စွမ်းသည်။ ကျွန်ုပ်သည် အမှီအခိုကင်းစွာ နေထိုင်နိုင်သင့်သည်’ ဟု သတိပြုမိနိုင်သင့်သည်။ ဤသည်မှာ အရွယ်ရောက်သူတစ်ဦး ရှိသင့်သည့် အနိမ့်ဆုံး အသိစိတ်ဖြစ်သည် မဟုတ်လော။ တစ်စုံတစ်ဦးသည် အမှန်တကယ် အသိစိတ်ရှိပါက ၎င်း၏ မိဘများထံမှ ဆက်လက်၍ အလကားလက်ဖြန့်တောင်း‌နိုင်မည် မဟုတ်ချေ။ အခြားသူများ လှောင်ပြောင်ကြမည်၊ မိမိအရှက်ခွဲခံရမည်ကို စိုးရွံ့ပေလိမ့်မည်။ သို့ဖြစ်၍ ပျင်းရိသော လူလေလူလွင့်တစ်ဦးသည် အသိစိတ်ရှိသလော။ (မရှိပါ။) ၎င်းတို့သည် အစဉ်သဖြင့် တစ်စုံတစ်ခုကို အလကားရယူလိုကြသည်။ မည်သည့်အခါမျှ တာဝန်မခံလိုပေ။ ၎င်းတို့သည် အခမဲ့နေ့လယ်စာကို ရှာဖွေကြသည်။ ၎င်းတို့သည် တစ်ရက်လျှင် ဟင်းကောင်းသုံးပွဲ လိုချင်ကြသည်။ မည်သည့်အလုပ်မျှမလုပ်ဘဲ တစ်ယောက်ယောက်က ၎င်းတို့ကို ကျွေးမွေးပြုစုဖို့၊ အစားအစာကို အရသာရှိဖို့ လိုချင်ကြသည်။ ဤသည်မှာ ကပ်ပါးကောင်တစ်ကောင်၏ စိတ်ထား မဟုတ်သလော။ ကပ်ပါးကောင်ဖြစ်သော လူတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသလော။ ၎င်းတို့တွင် ဂုဏ်သိက္ခာနှင့် တည်ကြည်မှု ရှိသလော။ လုံးဝ မရှိပေ။ ၎င်းတို့အားလုံးသည် ကပ်ပါးရပ်ပါး လုပ်ကြသည်၊ အသုံးမကျဘဲ အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမရှိသည့် လူ့တိရစ္ဆာန်များဖြစ်ကြသည်။ ၎င်းတို့ထဲမှ မည်သူမျှသည် ဘုရားအိမ်တော်၌ ဆက်လက်တည်ရှိဖို့ မသင့်တော်ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တော့ ကျွန်မမျက်နှာက ပူထူပြီး နီရဲသွားတယ်။ ဘဝမှာ လူတိုင်းက ယူရမယ့် တာဝန်တွေ၊ သူတို့ထမ်းဆောင်ရမယ့် တာဝန်တွေရှိတယ်။ ကိုယ့်တာဝန်ကိုတောင် ဂရုမစိုက်နိုင်ရင် ကျွန်မတို့က တကယ်ကို အလကား၊ အသုံးမဝင်တဲ့သူတွေပဲ။ ကျွန်မက အဲဒီလိုဖြစ်ခဲ့တာမဟုတ်ဘူးလား။ ဒီဗီဒီယိုတွေလုပ်ဖို့ ကျွန်မက တာဝန်ရှိတယ်။ ဒါတွေကို ကောင်းကောင်းလုပ်ဖို့ ကျွန်မ တတ်နိုင်သမျှ လုပ်ခဲ့သင့်တယ်။ ဒါက ကျွန်မ တာဝန်ပဲလေ။ တစ်ယောက်ယောက်က ဒါကို စစ်နေတာကြောင့်ဆိုပြီး ဒါကို ပေါ့ပေါ့တန်တန် လုပ်လို့မရဘူး။ ဒီလိုလုပ်တာက ကျွန်မက ဝတ်ကျေတမ်းကျေဆန်နေတာပဲ။ ချောင်ခိုနေပြီး တာဝန်ကို ရှောင်ဖို့ ကြိုးစားနေတာပဲ။ ဒီတာဝန်တွေကို သူများတွေဆီပေးလိုက်ဖို့ ဆင်ခြေတွေ ရှာနေတာပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မေးလိုက်တယ်။ “ငါက ဒီတာဝန်တွေကို သူများတွေဆီ တွန်းပို့တယ်။ ဒီတော့ ငါ တကယ်တမ်းထမ်းဆောင်နေတာ ဘယ်နေရာလဲ။ ငါ့အစွမ်းအစက အမြဲတမ်း အလယ်အလတ်ပဲရှိတယ်။ ကျွမ်းကျင်မှုက အကန့်အသတ်ရှိတယ်။ ငါက အလုပ်မကြိုးစားရင်၊ အဖိုးအခ မပေးဆပ်ချင်ရင် ငါ့တာဝန်ကို ဘယ်လို ကောင်းကောင်းလုပ်နိုင်မှာလဲ” ပေါ့။ ဘုရားသခင်ကို ကျွန်မ ယုံကြည်ခဲ့တဲ့ ဒီနှစ်တွေအားလုံးမှာ ဘုရားဆီကနေ ကျေးဇူးတော်တွေ အများကြီး ခံစားခဲ့ရတယ်။ အခု ကျွန်မကောင်းကောင်းလုပ်နိုင်တဲ့ တာဝန်တွေကိုတောင် ကျွန်မ မလုပ်နေဘူး။ ကျွန်မက တကယ်ကို အသိစိတ်၊ ဆင်ခြင်တုံတရားမရှိခဲ့ဘူး။ လူ့သဘာဝ လုံးဝ ကင်းမဲ့ခဲ့တယ်။ လူ့သဘာဝရှိတဲ့သူ၊ သိက္ခာရှိတဲ့သူတွေက ဘုရားအလိုတော်ကို သူတို့ ထောက်ထားရမယ်၊ တာဝန်တွေကို ကောင်းကောင်းလုပ်ရမယ်၊ ဘုရားချစ်ခြင်းကို ပြန်ပေးဆပ်ရမယ်ဆိုတာကို သူတို့ သိကြတယ်။ သမ္မာတရားကို သူတို့ သိပ်နားမလည်ရင်၊ အလုပ်ကြီးကြီးမားမားတစ်ခုမှ မလုပ်နိုင်ရင်တောင်မှ အနည်းဆုံးတော့ သူတို့ဝတ္တရားကို ဆောင်ရွက်နိုင်တယ်။ ဘုရားရဲ့ ဖန်ဆင်းခံတွေအနေနဲ့ သူတို့ရဲ့ မှန်ကန်တဲ့တာဝန်ကို အလေးအနက် ဖြည့်ဆည်းနိုင်တယ်။ ဒါပေမဲ့ ကျွန်မကတော့ ကိုယ့်အတွက် ဒုက္ခမရောက်အောင် တာဝန်ထမ်းဆောင်တဲ့နေရာမှာ ဝတ်ကျေတမ်းကျေလုပ်တယ်။ အလုပ်က အရမ်းမခက်တာ သိသာပါတယ်။ ဒါပေမဲ့ ချောင်ဖို့အတွက် ရသမျှအခွင့်အရေးယူနေတုန်းပဲ။ ကျွန်မက သိက္ခာ၊ သမာဓိမရှိတဲ့ တကယ်ကို မယုံကြည်ရတဲ့သူတစ်ယောက်ပဲ။ ဒါကို သုံးသပ်ပြီးတော့ ကျွန်မ တော်တော်နောင်တရတယ်။ ဒီလိုမျိုး ဆက်ပြီး ဝတ်ကျေတမ်းကျေမလုပ်ချင်တော့ဘူးလေ။ ကျွန်မတာဝန်ကို အာရုံစိုက်ပြီးတော့ပဲလုပ်ချင်တယ်။ တာဝန်တွေကို ဂရုစိုက်ချင်ခဲ့တယ်။

နောက်တော့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်ပါတယ်။ “မိမိတို့၏တာဝန်များ၌ လုံးဝ ဒုက္ခမခံလိုသော၊ ပြဿနာတစ်ခုကြုံသည့်အခါတိုင်း အစဉ်သဖြင့် ညည်းညူပြီး အဖိုးအခပေးဖို့ ငြင်းဆန်သော လူအချို့ရှိသည်။ ယင်းမှာ အဘယ် သဘောထားမျိုးဖြစ်သနည်း။ ယင်းသည် ဝတ်ကျေတမ်းကျေ သဘောထားမျိုးဖြစ်သည်။ သင်၏တာဝန်ကို ဝတ်ကျေတမ်းကျေ ဆောင်ရွက်ခြင်းနှင့် ယင်းကို ပေါ့ပေါ့တန်တန် သဘောထားခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ယင်းသည် သင်၏ တာဝန်နှင့်သက်ဆိုင်သည့် ညံ့ဖျင်းသော စွမ်းဆောင်မှု ဖြစ်သည်၊ သင့်အနေဖြင့် သင်၏ တာဝန်ကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်စွမ်းရှိသော်လည်း- သင်၏ တာဝန်သည် စံမီလိမ့်မည်မဟုတ်သကဲ့သို့၊ မိမိတာဝန်အပေါ် ထားရှိသည့် သင်၏ သဘောထားကို ဘုရားသခင် စိတ်ကျေနပ်လိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ထံ ဆုတောင်းနိုင်ပြီး သမ္မာတရားကို ရှာဖွေနိုင်ခဲ့လျှင်၊ စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်နိုင်ခဲ့လျှင်၊ ဤသို့သော ပူးပေါင်းဆောင်ရွက်မှုကို စွမ်းဆောင်နိုင်ခဲ့လျှင် ဘုရားသခင်က သင့်အတွက် အားလုံးကို ကြိုတင်ပြင်ဆင်ပြီး ဖြစ်လိမ့်မည်။ ဤသို့ဖြင့် သင်လုပ်ဆောင်သောအခါတွင် အရာရာတိုင်းက သင့်လျော်လိမ့်မည်ဖြစ်ပြီး ရလဒ်က ကောင်းလိမ့်မည်။ သင့်အနေဖြင့် ခွန်အားစိုက်ထုတ်ဖို့ များစွာ မလိုအပ်ပေ။ ပူးပေါင်းလုပ်ဆောင်မှုတွင် သင်သည် မခြွင်းမချန် အားထုတ်သည့်အခါတွင်၊ ဘုရားသခင်သည် သင့်အတွက် အရာရာ စီစဉ်နှင့်ပြီး ဖြစ်လိမ့်မည်။ သင်သည် ဉာဏ်များကာ သစ္စာဖောက်ပြီး၊ သင်၏ တာဝန်အပေါ် စိတ်မဝင်စားဘဲ အစဉ်သဖြင့် လမ်းလွဲပါက ဘုရားသခင်သည် အရေးယူဆောင်ရွက်မည် မဟုတ်ချေ။ သင်သည် ဤအခွင့်အရေးကို ဆုံးရှုံးရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်က၊ ‘သင်သည် ကျေနပ်လောက်အောင် မကောင်းပေ။ သင်သည် အသုံးမကျပေ။ ဘေးထွက်ရပ်လော့။ သင်သည် ဉာဏ်များပြီး သစ္စာမဲ့ရသည်ကို နှစ်သက်သည် မဟုတ်လော။ ပျင်းရိခြင်းနှင့် အေးဆေးသက်သာ နေရခြင်းကို သင် နှစ်သက်သည် မဟုတ်လော။ ကဲ ထိုသို့ဆိုလျှင် အစဉ်ထာဝရ အေးဆေးသက်သာ နေလော့’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်သည် ဤကျေးဇူးတော်နှင့် အခွင့်အရေးကို အခြားသူတစ်ဦးအား ပေးလိမ့်မည်။ မည်သို့သဘောရသနည်း- ဤသည်မှာ ဆုံးရှုံးမှုတစ်ခုလော၊ အောင်မြင်မှုတစ်ခုလော။ (ဆုံးရှုံးမှုတစ်ခုဖြစ်ပါသည်။) ယင်းမှာ ဧရာမ ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဗီဒီယိုလုပ်တဲ့ လုပ်ငန်းစဉ်မှာ ပြဿနာတွေကို ကျွန်မ ကြုံပြီး မသေမချာဖြစ်နေတုန်းက ကျွန်မသာ လုံ့လရှိပြီး အဖိုးအခပေးဆပ်ရင်၊ ဆုတောင်းပြီး ရှာဖွေရင် ဘုရားသခင်က ပြဿနာရဲ့ အဓိကအချက်ကို ကျွန်မ နားလည်အောင် ကျွန်မကို ဉာဏ်အလင်းဖွင့်ပြပြီး ဦးဆောင်ပေးမှာပဲ။ ဒါဆိုရင် ကျွန်မတာဝန်မှာ ဆက်တိုးတက်လာပြီး ကျွန်မအားနည်းချက်တွေကို ဖာထေးပြီးလုပ်နိုင်မှာပဲ။ ကျွန်မရဲ့ ကျွမ်းကျင်မှုနဲ့ အသက်ဝင်ရောက်မှုနှစ်ခုလုံးမှာ အကျိုးအမြတ်တွေ၊ တိုးတက်မှုတွေ ရှိမှာပဲ။ ပြဿနာတစ်ခုကို ကျွန်မ ကြုံရတဲ့အခါမှာ တခြားလူတွေဆီကို တွန်းပို့ဖို့ ကြိုးစားတာကို တွေးမိတယ်။ အဆုံးမှာ သူတို့က ရှာဖွေခြင်း၊ တွေးတောခြင်းကတစ်ဆင့် ဒီကနေ တစ်ခုခုရကြတယ်။ သူတို့တာဝန်တွေမှာ ဆက်ပြီး တိုးတက်လာကြပြီး သူတို့အသက်တာမှာ တိုးတက်မှုတွေရှိလာကြတယ်။ ကျွန်မကတော့ အလုပ်တွေပဲ ပြီးပြီးတော့ ဘာမှမရဘူး။ ကျွန်မက တော်တော် မိုက်မဲနေတာမဟုတ်ဘူးလား။ အဆုံးမှာတော့ ကျရှုံးသွားတာက ကျွန်မပဲ။ နောက်ပြီးတော့ ဘုရားသခင်က ကျွန်မတာဝန်အပေါ်ထားတဲ့ သဘောထားကို ရွံရှာမုန်းတီးတယ်။ ဒါကြောင့် ဘုရားက ကျွန်မကို ဉာဏ်အလင်းဖွင့်မပြဘူး။ အလင်းမပေးဘူး။ ဒါကြောင့်မို့ ကျွန်မက မျက်ကန်းဖြစ်ပြီး ဘာပြဿနာကိုမှ မမြင်နိုင်ခဲ့ဘူး။ ကျွန်မ နောင်တမရရင် ကျွန်မရဲ့ အသက်စိတ်သဘောထားက လုံးဝ မပြောင်းလဲရုံမကဘူး။ ကျွန်မတာဝန်မှာလည်း တိုးတက်မှုလုံးဝ ရှိမှာမဟုတ်ဘူး။ ဘယ်သူကမှ ကျွန်မအလုပ်ကို စစ်ဆေးမကြည့်ဘဲ ကျွန်မက အကုန်လုံးကို ကောင်းကောင်းမလုပ်ရင် ကျွန်မက အလကားလူဖြစ်မသွားဘူးလား။ ဒါကို စဉ်းစားကြည့်ပြီးတော့ ကျွန်မ နားလည်သွားတယ်။ ဝတ်ကျေတမ်းကျေလုပ်ပြီး ချောင်ခိုတော့ ကျွန်မက ဘုရားကို လှည့်စားနေပြီး အသင်းတော်အလုပ် နှောင့်နှေးနေရုံမကဘဲ ကိုယ့်ကိုယ်ကိုယ်လည်း လှည့်စားပြီး ပျက်စီးအောင်လုပ်နေတာပဲ။ ဒီအတွေးကြောင့် ကျွန်မ တော်တော်မပျော်မရွှင်ဖြစ်သွားတယ်။ နောင်ကျရင် ကျွန်မတာဝန်ကိုပဲ အာရုံစိုက်လုပ်ပြီး ကျွန်မ တာဝန်ယူထားတာတွေကို ဂရုစိုက်ချင်ခဲ့တယ်။ ချောင်ခိုဖို့၊ ဝတ်ကျေတမ်းကျေလုပ်ဖို့အတွက် ဆင်ခြေတွေကို မရှာချင်တော့ဘူး။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မဖတ်တယ်။ “လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသောအခါ သူတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ မကြာခဏ ဝတ်ကျေတန်းကျေပြုပြီး ပေါ့ဆကြသည်။ ဤသည်မှာ ပြဿနာအားလုံးတွင် အဆိုးဆုံးတစ်ခုဖြစ်သည်။ လူတို့သည် မိမိတို့၏ တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်ရမည်ဆိုလျှင် ဤဝတ်ကျေတန်းကျေပြုခြင်းနှင့် ပေါ့ဆခြင်းပြဿနာကို အရင်ဦးဆုံး ကိုင်တွယ်ရမည်။ ၎င်းတို့တွင် ဝတ်ကျေတန်းကျေဖြစ်ပြီး ပေါ့ဆသည့် သဘောထားရှိသရွေ့ ၎င်းတို့၏ တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ယင်းမှာ ဝတ်ကျေတမ်းကျေဖြစ်ခြင်းနှင့် ပေါ့ဆခြင်းပြဿနာကို ဖြေရှင်းခြင်းသည် အလွန့်အလွန် အရေးကြီးသည်ဟူသည့် သဘောဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ရှေးဦးစွာ ၎င်းတို့၏ စိတ်အခြေအနေပြဿနာကို အရင်ဆုံး ဖြေရှင်းရမည်။ လှည့်စားခြင်း၊ သို့မဟုတ် ဝတ်ကျေတမ်းကျေဖြစ်ခြင်းမရှိဘဲ ၎င်းတို့၏ တာဝန်ကို မှန်ကန်စွာ ချဉ်းကပ်ပြီး အမှုအရာများကို လေးနက်မှုနှင့် တာဝန်သိစိတ်တစ်ခုဖြင့် လုပ်ဆောင်ရမည်။ မိမိ၏ တာဝန်သည် ဘုရားသခင်အတွက် ထမ်းဆောင်ခြင်းဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်အတွက်မျှ မဟုတ်ပေ။ လူတို့သည် ဘုရားသခင်၏ စိစစ်မှုကို လက်ခံနိုင်လျှင် မှန်ကန်သည့် စိတ်အခြေအနေ ရှိလိမ့်မည်။ ထို့အပြင် တစ်စုံတစ်ခုကို လုပ်ဆောင်ပြီးနောက်တွင် လူတို့သည် ယင်းကို ဆန်းစစ်ရမည်။ ဆင်ခြင်သုံးသပ်ရမည်။ မိမိတို့၏ စိတ်နှလုံးတွင် သံသယတစ်ခုခုရှိလျှင်၊ အသေးစိတ် စစ်ဆေးပြီးနောက်တွင် အမှန်တကယ် ပြဿနာတစ်ခုရှိသည်ကို တွေ့ရှိလျှင် အပြောင်းအလဲများ ပြုလုပ်ရမည်။ ဤအပြောင်းအလဲများ ပြုလုပ်ပြီးသည်နှင့်တစ်ပြိုင်နက် မိမိတို့၏ စိတ်နှလုံး၌ မည်သည့်သံသယမျှ ရှိမည်မဟုတ်တော့ပေ။ လူတို့သည် သံသယများရှိသည့်အခါ ပြဿနာတစ်ခုရှိသည်ကို သက်သေပြသည်။ ၎င်းတို့လုပ်ဆောင်ပြီးခဲ့သည့်အရာကို လုံ့လရှိစွာ စစ်ဆေးရမည်။ အထူးသဖြင့် အရေးပါသည့် အဆင့်များတွင်ဖြစ်သည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ရာတွင် တာဝန်သိတတ်သော သဘောထားတစ်ခုဖြစ်သည်။ လူတစ်ဦးသည် အလေးအနက်ထားနိုင်သောအခါ၊ တာဝန်ယူနိုင်ပြီး သူ၏ စိတ်နှလုံးအကြွင်းမဲ့ ပေးနိုင်သောအခါတွင် အလုပ်သည် သင့်လျော်စွာ ပြီးမြောက်မည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်သည် မှားယွင်းသည့် စိတ်အခြေအနေတွင် ရှိနေသည်။ အလွန်ရှင်းလင်းသော အမှားတစ်ခုကို သင် ရှာဖွေ တွေ့ရှိနိုင်ခြင်း မရှိပေ။ သင်သည် မှန်ကန်သည့် စိတ်အခြေအနေတွင် ရှိလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုအားဖြင့် ဤပြဿနာကို ဖော်ထုတ်နိုင်လိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်က သိမြင်မှုကို သင့်အား လမ်းပြပြီး ပေးအပ်ခဲ့ကာ စိတ်နှလုံးထဲတွင် ကြည်လင်မှုကို ခံစားစေပြီး အမှားတည်ရှိသည့်နေရာကို သိစေလျှင် သင်သည် လမ်းလွဲခြင်းကို ပြုပြင်နိုင်ပြီး သမ္မာတရားစည်းမျဉ်းများအတွက် ကြိုးစားနိုင်လိမ့်မည်။ သင်က မှားယွင်းသည့် စိတ်အခြေအနေတွင်ရှိနေခဲ့ပြီး အာရုံမစိုက်ဘဲ ပေါ့ဆလျှင် အမှားကို သင် သတိပြုနိုင်မည်လော။ သတိပြုနိုင်မည်မဟုတ်ပေ။ ဤအခြင်းအရာမှ ဘယ်အရာကို မြင်ရသနည်း။ လူတို့သည် မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန်မှာ ပူးပေါင်းဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်းကို ပြသည်။ ၎င်းတို့၏ စိတ်နေစိတ်ထားသည် အလွန်အရေးကြီးသည်။ ပြီးလျှင် ၎င်းတို့၏ အတွေးများနှင့် ရည်ရွယ်ချက်များကို အဘယ်နေရာသို့ ဦးတည်သည်မှာ အလွန်အရေးကြီးသည်။ လူတို့သည် မိမိတာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့် စိတ်အခြေအနေတွင် ရှိနေသည်၊ စွမ်းအင်မည်မျှကို ၎င်းတို့ အသုံးချသည်တို့ကို ဘုရားသခင်မှ စိစစ်ပြီး မြင်နိုင်သည်။ လူတို့သည် ၎င်းတို့လုပ်သည့်အရာ၌ စိတ်နှလုံးနှင့်ခွန်အား အလုံးစုံကို အသုံးပြုရန်မှာ အလွန်အရေးပါသည်။ ပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လူတို့သည် ၎င်းတို့ ပြီးမြောက်ခဲ့သော တာဝန်များနှင့် ၎င်းတို့ လုပ်ဆောင်ခဲ့သော အရာများအပေါ်တွင် နောင်တမရရှိရန် ကြိုးပမ်းမှသာလျှင်၊ ဘုရားသခင်အား အကြွေးတင်ခြင်း မရှိမှသာလျှင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးနှင့်ခွန်အား အလုံးစုံဖြင့် ပြုမူဆောင်ရွက်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး)အသင်းတော်က သင့်အား လုပ်ဆောင်ရန် အလုပ်တစ်ခုပေးသည် ဆိုပါစို့။ သင်က ‘အလုပ်က ထင်ပေါ်ဖို့ အခွင့်အရေးဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ငါ့ကို ပေးထားပြီးပြီဖြစ်တဲ့အတွက် ငါ ကောင်းကောင်းလုပ်မယ်။ ဒီတာဝန်ကို ငါယူမယ်။ ဧည့်ကြိုအတွက် ငါ့ကို တာဝန်ပေးရင် အဲဒီအလုပ်ကို ကောင်းကောင်းလုပ်ဖို့ ငါအစွမ်းကုန်လုပ်မယ်။ ညီအစ်ကိုမောင်နှမတွေကို ကောင်းကောင်းစောင့်ရှောက်ပြီး လူတိုင်း ဘေးကင်းလုံခြုံရေးကို အစွမ်းကုန် ထိန်းသိမ်းမယ်။ ငါ့ကို ဧဝံဂေလိဖြန့်ဝေဖို့တာဝန်ချပေးရင် ငါ့ကိုယ်ငါ သမ္မာတရားနဲ့ ပြင်ဆင်ပြီး ဧဝံဂေလိကို အမြတ်တနိုး မျှဝေပြီး တာဝန်ကို ကောင်းကောင်းထမ်းဆောင်မယ်။ နိုင်ငံခြားဘာသာစကားတစ်ခုကို သင်ယူဖို့ ငါ့ကို တာဝန်ပေးရင် လုံ့လရှိရှိနဲ့ လေ့လာပြီး ကြိုးစားလုပ်မယ်။ တစ်နှစ်၊ နှစ်နှစ်အတွင်း ဖြစ်နိုင်သမျှ အမြန်ဆုံး သင်ယူမယ်။ ဒါဆိုရင် နိုင်ငံခြားသားတွေကို ဘုရားသခင်အကြောင်း ငါသက်သေခံနိုင်မယ်။ သက်သေခံချက်ဆောင်းပါးတွေရေးဖို့ ငါ့ကို တောင်းဆိုရင် အဲဒီလိုဖို့အတွက် တာဝန်သိသိနဲ့ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ပြီး ကိစ္စတွေကို သမ္မာတရားရဲ့ စည်းမျဉ်းတွေနဲ့အညီ ရှုမြင်မယ်။ ဘာသာစကားအကြောင်း သင်ယူမယ်။ လှပတဲ့ စကားပြေတွေနဲ့ ဆောင်းပါးတွေကို ငါ မရေးကောင်းမရေးနိုင်ပေမဲ့၊ အနည်းဆုံးတော့ ငါ့ရဲ့ အတွေ့အကြုံတွေနဲ့ သက်သေခံချက်ကို ရှင်းရှင်းလင်းလင်း ဆွေးနွေးပြောဆိုနိုင်မှာပဲ။ သမ္မာတရားအကြောင်းကို နားလည်နိုင်အောင် မိတ်သဟာယဖွဲ့နိုင်မယ်။ ဘုရားသခင်အကြောင်း စစ်မှန်တဲ့ သက်သေကို ခံနိုင်မယ်။ ဒီလိုနဲ့ လူတွေက ငါ့ဆောင်းပါးတွေကို ဖတ်တဲ့အခါမှာ တည်ဆောက်စရာဖြစ်ပြီး၊ အကျိုးဖြစ်ကြမယ်။ အသင်းတော်က ငါ့ကို ဘာအလုပ်မျိုးပဲ ချပေးပါစေ ငါ့ရဲ့ စိတ်နှလုံး၊ အားအင်ရှိသမျှနဲ့ ခံယူမယ်။ ငါနားမလည်တာ တစ်ခုခုရှိရင်၊ ပြဿနာတစ်ခုဖြစ်လာရင် ဘုရားသခင်ဆီကို ဆုတောင်းမယ်၊ သမ္မာတရားကို ရှာမယ်။ သမ္မာတရား စည်းမျဉ်းတွေကို နားလည်အောင် ကြိုးစားမယ်။ ကောင်းကောင်းလုပ်မယ်။ ငါ့တာဝန်က ဘာပဲဖြစ်ပါစေ ကောင်းကောင်းထမ်းဆောင်ပြီး ဘုရားကို ကျေနပ်စေဖို့ အရာရာကို အသုံးပြုမယ်။ ငါစွမ်းဆောင်နိုင်တဲ့ ဘယ်အရာမဆိုအတွက် ငါခံယူရမယ့်တာဝန်တွေအားလုံးကို တာဝန်ယူဖို့ အကောင်းဆုံးလုပ်မယ်။ အနည်းဆုံးအနေနဲ့ ငါ့ရဲ့ အသိစိတ်၊ ဆင်ခြင်တုံတရားကို ဆန့်ကျင်မှာမဟုတ်ဘူး။ သတိမမူဖြစ်ပြီး ဝတ်ကျေတမ်းကျေမလုပ်ဘူး။ ဉာဏ်များပြီး တာဝန်ကို မပျက်ကွက်ဘူး။ သူများတွေ အလုပ်ကြိုးစားပြီး ရထားတဲ့ အသီးအပွင့်တွေကို ခံစားမှာမဟုတ်ဘူး။ ငါလုပ်တဲ့ ဘယ်အရာကမှ အသိစိတ်ရဲ့ စံနှုန်းတွေထက် နိမ့်ကျမှာမဟုတ်ဘူး’ ဟူ၍ ပြောသည်ဆိုပါစို့။ ဤသည်မှာ လူသားအပြုအမူ၏ အနည်းဆုံးစံနှုန်းဖြစ်သည်။ ဤသို့သောပုံစံဖြင့် တာဝန်ထမ်းဆောင်သောသူသည် တာဝန်သိသော၊ ကျိုးကြောင်းသင့်သောသူအဖြစ် အရည်အချင်းပြည့်မီနိုင်သည်။ သင်သည် အနည်းဆုံးအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် အသိစိတ်ရှင်းလင်းရမည်။ အနည်းဆုံးအနေဖြင့် သင်၏ တစ်ရက် ထမင်းသုံးနပ်ကို ထိုက်တန်စွာရရှိပြီး ညာစားနေခြင်းမဟုတ်ဟု ခံစားရမည်။ ဤသည်မှာ တာဝန်သိစိတ်ဟု ခေါ်သည်။ သင်၏ အစွမ်းအစက မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ သမ္မာတရားကို သင်နားလည်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင်သည် ဤသဘောထားရှိရမည်။ ‘ဒီအလုပ်ကို ငါ့ကို ပေးထားတဲ့အတွက် ငါ အလေးအနက် သဘောထားရမယ်။ စိတ်နှလုံး၊ အားအင်ရှိသမျှနဲ့ ငါ့ရဲ့ အရေးကိစ္စအဖြစ် မှတ်ယူပြီး ကောင်းကောင်းလုပ်ရမယ်။ လုံးဝ ကောင်းကောင်း လုပ်နိုင်မလားဆိုတာကတော့ အာမခံနိုင်တယ်လို့ ယူဆလို့ မဖြစ်ဘူး။ ဒါပေမဲ့ ငါ့သဘောထားကတော့ ကောင်းကောင်းပြီးဖို့အတွက် အကောင်းဆုံးလုပ်မယ်။ အဲဒါနဲ့ ပတ်သက်လို့ သတိမမူဖြစ်ပြီး ဝတ်ကျေတမ်းကျေဆန်တာမျိုး သေချာပေါက် ဖြစ်မှာမဟုတ်ဘူး။ ပြဿနာတစ်ခုဖြစ်လာရင် တာဝန်ယူသင့်တယ်။ အဲဒီကနေ သင်ခန်းစာယူပြီး ငါ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ သေချာလုပ်သင့်တယ်’ဟူ၍ ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော သဘောထားဖြစ်သည်။ သင်တို့တွင် ထိုသို့သော သဘောထားတစ်ခုရှိသလော။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားနှုတ်ကပတ်တော်ဖတ်ခြင်းအားဖြင့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ကျွန်မ တွေ့သွားတယ်။ တာဝန်ထမ်းဆောင်နေတုန်းမှာ လေးနက်ပြီး တာဝန်သိတတ်တဲ့ စိတ်နှလုံးကို ထားဖို့ လိုတယ်။ ဗီဒီယိုတစ်ခုစီတိုင်းကို ဂရုစိုက်လုပ်ဖို့ လိုတယ်။ တစ်ခုခုက မသေချာဘူးလို့ ခံစားရရင် ဒါကို ပိုပြီး ဂရုတစိုက် စစ်ဆေးပြီး စဉ်းစားဖို့လိုတယ်။ တစ်ခါတလေမှာ ကျွန်မက ကိုယ့်ဘာသာ အဖြေရှာနိုင်မှာမဟုတ်ပေမဲ့ ဒါကို ဆွေးနွေးဖို့ ကျွမ်းကျင်မှုရှိတဲ့ညီအစ်ကိုမောင်နှမတွေကို ရှာနိုင်တယ်။ ပြီးရင် ပြဿနာကို ဖြေရှင်းဖို့ ကျွန်မ တတ်နိုင်သမျှကို လုပ်လို့ရတယ်။ ကျွန်မတာဝန်ကို ဒီလို ထမ်းဆောင်မှပဲ ဘုရားရဲ့ ဉာဏ်အလင်းဖွင့်ပြမှုကို ကျွန်မ ရနိုင်ပါတယ်။ ဒါကို သေချာစဉ်းစားပြီးတဲ့နောက်မှာ ဒီလက်တွေ့လုပ်ဖို့ လမ်းကြောင်းကို သတိရှိရှိနဲ့ လုပ်ခဲ့တယ်။ ပြဿနာတချို့ကို ကျွန်မ ကြုံရပြီး ချောင်ခိုချင်ပြီးတော့ သူများတွေဆီ ထပ်ပြီး လွှဲချချင်တဲ့အခါမှာ ကျွန်မ ဆုတောင်းပြီး ကိုယ့်တာဝန်မှာ ဝတ်ကျေတမ်းကျေ မဆန်ချင်တော့ဘူး။ ကျွန်မလုပ်နိုင်တဲ့ တာဝန်တွေကို ဂရုစိုက်ရမယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ဘုရားကို ရွံရှာစေမယ့်အရာတစ်ခုကို ထပ်ပြီး မလုပ်နိုင်ဘူးလေ။ အဲဒါနဲ့ ကျွန်မ အဖြေမရှာနိုင်တဲ့ ပြဿနာတွေကို ယူပြီး သူများတွေနဲ့ ဆွေးနွေးတယ်။ လူတိုင်းနဲ့ မိတ်သဟာယဖွဲ့လိုက်တော့ ပြဿနာတချို့ကို ကျွန်မ ဖြေရှင်းနိုင်ပြီး အများကြီး သင်ယူလိုက်ရတယ်။ အရင်က ပြဿနာတစ်ခုကို ကြုံရတဲ့အခါမှာ ကျွန်မက ဂရုစိုက်မတွေးဘဲ တခြားတစ်ယောက်ဆီပဲ တွန်းပို့လိုက်တယ်။ သူများတွေက ပြဿနာတစ်ခုအကြောင်းကို ကျွန်မကို ပြောတဲ့အခါတိုင်း သူတို့ဦးဆောင်တဲ့နောက်ပဲလိုက်တယ်။ ဘာကိုယ်ပိုင်စိတ်ကူးမှ မရှိခဲ့ဘူး။ ဗီဒီယိုတစ်ခု ပြီးသွားတော့ ဘာကိုမှ မရလိုက်ဘူး။ ဒါပေမဲ့ သူများတွေက ပြဿနာတစ်ခုကို ထောက်ပြတဲ့အခါမှာ ကျွန်မက ဂရုတစိုက် စဉ်းစားတယ်။ ကျွန်မ အများကြီးရလိုက်သလို ခံစားရတယ်။ ဒီလိုမျိုး အချိန်နည်းနည်းလောက် လက်တွေ့လုပ်ပြီးတဲ့နောက်မှာ ကျွန်မ ကျွမ်းကျင်မှုတွေက နည်းနည်းတိုးတက်လာတယ်။ ကျွန်မဗီဒီယိုတွေမှာ ပြဿနာတွေက အရင်ကထက်ပိုနည်းလာတယ်။ ကျွန်မတာဝန်မှာလည်း နည်းနည်းပိုပြီး ထိရောက်လာတယ်။ ကျွန်မတာဝန်ကို အာရုံစိုက်ပြီး လုပ်သရွေ့၊ ကျွန်မတာဝန်တွေကို ဂရုစိုက်သရွေ့ ကျွန်မ စိတ်ငြိမ်ပြီး စိတ်အေးမယ်၊ အကျိုးအမြတ်အများကြီးရပြီး တိုးတက်မှုရှိမယ်လို့ အခုမှပဲ ကျွန်မ ခံစားရတယ်။ အသက်ဝင်ရောက်မှုက တကယ်ကို တာဝန်ကို လုံ့လရှိရှိနဲ့ထမ်းဆောင်ခြင်းကနေ စတင်ပါတယ်။ ကျေးဇူးတော်ပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သူတော်ကောင်းယောင်ဆောင်ခြင်းနှင့်ဆိုင်သော ဝန်ထုပ်

ဆုဝမ် တရုတ်နိုင်ငံ ၂၀၂၀ ခုနှစ် ဩဂုတ်လမှာ၊ အဆင့်အတန်းကို လိုက်စားပြီး အိုးနင်းခွက်နင်း လုပ်နေလို့ ခေါင်းဆောင်မှု တာဝန်ကနေ ကျွန်မ...

ဘုရားနှုတ်ကပတ်တော်များဖြင့် ပိုင်းခြားသိမြင်ခြင်းက မည်သည့်အခါမျှ မကျရှုံးပေ

ရှိတမ်း အမေရိကန်နိုင်ငံ ၂၀၂၁ခုနှစ်၊ ဧပြီလမှာ ကျွန်မက ချန်ရွီနဲ့ တခြားအစ်မသုံးလေးယောက်နဲ့အတူ အိမ်တစ်အိမ်မှာနေတယ်။ အစပိုင်းမှာ ချန်ရွီက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။