အခန်း ၄၆

လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ ဖြစ်တည်မှု၏ အခြေခံ ဖြစ်စေရာ၌ မည်မျှ ကောင်းစွာ လုပ်ဆောင်နေကြသည်ကို ငါ မသိ။ ငါသည် လူ၏ ကံကြမ္မာအတွက် အမြဲ စိုးရိမ်လျက်ရှိသော်လည်း လူတို့သည် ဤအရာ နှင့်သက်ဆိုင်၍ မည်သည့် အသိစိတ်မျှ မရှိပုံရကြလေသည်- အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ငါ၏ လုပ်ဆောင်ချက်များကို မည်သည့်အခါမျှ အလေးဂရုမပြုဖူးသကဲ့သို့၊ လူသားအပေါ် ငါ၏ သဘောထားကြောင့် မည်သည့်အခါတွင်မျှ ကြည်ညိုခြင်း တစ်ခုတစ်လေ မဖြစ်ပေါ်ဖူးပေ။ ၎င်းတို့သည် ငါ၏ စိတ်နှလုံး ကျေနပ်စေရန် အချိန်ကြာမြင့်စွာက စိတ်ခံစားချက်ကို ခါချခဲ့ကြပြီးသည့်အလား ဖြစ်သည်။ ထိုသို့သော အခြေအနေများကို ရင်ဆိုင်ရလျက်၊ ငါသည် နောက်ထပ်တဖန် နှုတ်ဆိတ်ရလေ၏။ ငါ၏ နှုတ်ကပတ်တော်များသည် လူတို့၏ အရေးထားမှု၊ တိုး၍ ၀င်ရောက်မှုနှင့် အဘယ်ကြောင့် မထိုက်တန်ရသနည်း။ ယင်းမှာ ငါသည် “လက်တွေ့အရှိတရား”မရှိသကဲ့သို့ ငါသည် လူတို့အား ဆန့်ကျင်လျက် အသုံးပြုနိုင်သည့် အရာတစ်စုံတစ်ခုကို ရှာရန် ကြိုးစားနေသောကြောင့် ဖြစ်သလော။ လူတို့သည် အဘယ်ကြောင့် ငါ့အား “အထူး ဆက်ဆံမှု” အမြဲ ပေးသနည်း။ ငါသည် မိမိ၏ ကိုယ်ပိုင် အထူးလူနာဆောင်ထဲတွင်ရှိသည့် လူမမာတစ်ဦး ဖြစ်သလော။ အမှုအရာများသည် ၎င်းတို့ ယနေ့ ရှိကြသည့် အဆင့်သို့ ရောက်ရှိပြီးချိန်တွင်၊ လူတို့သည် အဘယ်ကြောင့် ငါ့အား တမူထူးခြားစွာ ကြည်ကြဆဲ ဖြစ်သနည်း။ လူသားအပေါ် ငါ၏ သဘောထား၌ အမှားတစ်ခု ရှိသလော။ ယနေ့တွင်၊ ငါသည် စကြဝဠာများ၏ အထက်တွင် အမှုသစ်ကို စတင်လေပြီ။ ငါသည် ကမ္ဘာမြေကြီးပေါ်ရှိ လူတို့အား အသစ်သော အစပြုခြင်း တစ်ခုကို ပေးပြီးဖြစ်သကဲ့သို့၊ ငါ၏ အိမ်မှ ၎င်းတို့အားလုံး ထွက်သွားရန် ငါ စေခိုင်းပြီး ဖြစ်သည်။ လူတို့သည် အမြဲတစေ မိမိတို့ကိုယ်ကိုယ် အလိုလိုက်ရန် နှစ်သက်ကြသောကြောင့်၊ ငါသည် ၎င်းတို့အား မိမိတို့ကိုယ်ကိုယ် သိကြရန် နှင့် ငါ၏ အမှုကို အမြဲ မနှောင့်ယှက်ကြရန် အကြံပြုသည်။ ငါ ဖွင့်ထားပြီးသော “ဧည့်ရိပ်သာ” ထဲတွင် လူတို့သည် ငါ့ကို အမြဲ ပြဿနာရှာပြီး စိတ်ပျက်စေသောကြောင့်၊ လူသားထက် ငါ၏ စက်ဆုပ်မှုကို မည်သည့်အရာကမျှ မလှုံ့ဆော်ပေးပေ။ ၎င်းတို့၏ အပြုအမူသည် ငါ့အပေါ် အရှက်ရစေပြီး ငါသည် မည်သည့်အခါမျှ “ငါ၏ ဦးခေါင်းကို မော့နိုင်ခြင်း” မရှိဖူးပေ။ ထို့ကြောင့် ငါ၏ အိမ်မှ ၎င်းတို့ ဖြစ်နိုင်သမျှ မြန်မြန် ထွက်သွားကြရန် နှင့် ငါ၏ အစာကို အခမဲ့ စားခြင်းအား ရပ်တန့်ရန် တောင်းဆိုလျက်၊ ၎င်းတို့ကို ငါ အေးအေးဆေးဆေး စကားပြော၏။ အကယ်၍ ၎င်းတို့ ဆက်နေရန် ဆန္ဒရှိပါက၊ ၎င်းတို့သည် ဒုက္ခဆင်းရဲကို ကြုံရမည်ဖြစ်ပြီး၊ ငါ၏ ပြစ်တင်ဆုံးမခြင်းကို သည်းခံရမည် ဖြစ်သည်။ ၎င်းတို့၏ စိတ်များထဲတွင် ၎င်းတို့၏ လုပ်ဆောင်ချက်များကို ငါသည် အလျှင်း မသိသကဲ့သို့ နားမလည်ပေ၊ ထို့ကြောင့် ၎င်းတို့သည် လဲကျမည့် လက္ခဏာ တစ်ခုတစ်လေမျှ မရှိဘဲ အရေအတွက် ဖြည့်ရန် လူသားအဖြစ် ဟန်ဆောင်ရုံမျှဟန်ဆောင်နေရင်း၊ ငါ့ ရှေ့တွင် ရဲရဲဝံ့ဝံ့ အမြဲရပ်ကြလေပြီ။ လူတို့အား ငါ တောင်းဆိုမှုများပြုသည့်အခါ ၎င်းတို့ အံ့အားသင့်ကြသည်- နှစ်ပေါင်းများစွာ စိတ်ထားကောင်းပြီး ကြင်နာပြီးဖြစ်သည့် ဘုရားသခင်သည် သနားကြင်နာမဲ့ပြီး တရားနည်းလမ်းမကျသည့် ထိုသို့သော နှုတ်ကပတ်တော်များကို ဆိုနိုင်မည်ဟု ၎င်းတို့ မည်သည့်အခါကမျှ မတွေးခဲ့ဖူးကြချေ၊ ထို့ကြောင့် ၎င်းတို့ မှင်တက်ကြလေသည်။ ထိုသို့သော အချိန်များတွင် လူတို့သည် ညည်းတွားခြင်း အလုပ်ကို တစ်ဖန် စတင်ကြပြီးဖြစ်သောကြောင့်၊ ၎င်းတို့၏ စိတ်နှလုံးများထဲရှိ ငါ့အား မုန်းတီးခြင်းသည် နောက်တဖန် ကြီးထွားလာပြီးဖြစ်သည်ကို ငါ မြင်ရသည်။ ၎င်းတို့သည် ကမ္ဘာမြေကြီးကို အမြဲ ကြိမ်းမောင်းကြပြီး၊ ကောင်းကင်ကို ကျိန်ဆဲကြသည်။ သို့သော် ငါသည် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ချစ်ခြင်း အလွန် ကြီးမားသောကြောင့် ၎င်းတို့၏ စကားများတွင် မိမိတို့ကိုယ်ကိုယ် ကျိန်ဆဲသည့် မည်သည့်အရာကိုမျှ ငါ ရှာမတွေ့ပေ။ ထို့ကြောင့် ငါသည် လူ့ဘဝ၏ အဓိပ္ပာယ်ကို ပေါင်းရုံသုံးသပ်၏။ လူတို့သည် မိမိတို့ကိုယ်ကိုယ် အလွန် ချစ်ကြသောကြောင့်၊ ၎င်းတို့၏ ဘဝများတစ်ခုလုံးသည် အလွန် မချိတင်ကဲ ဝေဒနာဖြစ်ပြီး အနှစ်သာရမဲ့ကာ၊ ၎င်းတို့သည် ငါ့အား မုန်းတီးခြင်းကြောင့် မိမိတို့ကိုယ်တိုင်၏ ခေါင်းပေါ်သို့ ပျက်စီးခြင်း ဆောင်ကြဉ်းကြလေသည်။

လူသား၏ စကားများထဲတွင် ငါ့အတွက် မဖွင့်ဟသေးသော “ချစ်ခြင်း” ရှိသော်လည်း ဤစကားများကို စစ်ဆေးခြင်းအတွက် “ဓာတ်ခွဲခန်း” ထဲသို့ ငါ ယူသွားပြီး၊ အဏုကြည့်ကိရိယာအောက်တွင် လေ့လာသည့်အခါ၊ ၎င်းတို့အတွင် ပါရှိသမျှအားလုံးသည် အကြွင်းမဲ့ ရှင်းလင်းပြတ်သားမှုဖြင့် ထုတ်ဖော်ပြခံရလေသည်။ ဤအခိုက်အတန့်တွင်၊ ငါသည် ၎င်းတို့အား စစ်မှန်ရိုးသားစွာ ယုံကြည်လက်ခံစေဖို့အလို့ငှာ၊ ၎င်းတို့အား ၎င်းတို့၏ “ဆေးမှတ်တမ်းများ” ကို ကြည့်စေရန် လူသားအလယ် နောက်တစ်ကြိမ် ကြွလာသည်။ လူတို့သည် ယင်းတို့ကို မြင်သည့်အခါ၊ ၎င်းတို့၏ မျက်နှာများသည် ဝမ်းနည်းခြင်းဖြင့် ပြည့်ကြသည်၊ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် နောင်တရကြပြီး ၎င်းတို့သည် အလွန် စိုးရိမ်ကြောင့်ကြကြသည်မှာ ငါ့ကို ပျော်ရွှင်စေဖို့အလို့ငှာ ၎င်းတို့၏ ဆိုးယုတ်သောလမ်းများကို ချက်ချင်း စွန့်လွှတ်ပြီး၊ မှန်သောလမ်းကြောင်းဆီသို့ ပြန်လာကြရန် တရွရွ ဖြစ်နေကြသည်။ ၎င်းတို့၏ ဆုံးဖြတ်ချက်ကို မြင်သည့်အခါ၊ ငါသည် အလွန့်အလွန် ကျေနပ်နှစ်သိမ့်၏။ ငါသည် ဝမ်းမြောက်ခြင်းဖြင့် မွှန်ထူသွားသည်- “ကမ္ဘာမြေကြီးပေါ်တွင်၊ လူသားကလွဲ၍ မည်သူသည် ငါ နှင့်အတူ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်းနှင့် အခက်အခဲတို့ကို မျှဝေခံစားနိုင်သနည်း။ လူသားသည် တစ်ဦးတည်းသောသူ ဖြစ်သည် မဟုတ်လော။” သို့သော် ငါ ထွက်သွားသည့်အခါ၊ လူတို့သည် ၎င်းတို့၏ ဆေးမှတ်တမ်းများကို ဆုတ်ဖြဲကြပြီး၊ ဟန်ပါပါ ထွက်မသွားမီ ကြမ်းပြင်ပေါ် ပစ်ချလိုက်ကြသည်။ ထိုအချိန်ကတည်းက နေ့ရက်များထဲတွင်၊ လူတို့၏ လုပ်ရပ်များထဲတွင် ငါ၏ စိတ်နှလုံး၌ညီညွတ်သော အရာ အနည်းငယ်သာ ငါ မြင်ရလေပြီ။ သို့သော်လည်း ငါ့ ရှေ့က ၎င်းတို့၏ ဆုံးဖြတ်ချက်များသည် တော်တော် စုပုံလာပြီးဖြစ်ကာ၊ ၎င်းတို့ထဲတွင် ငါ၏ ပျော်ရွှင်မှုအတွက် စံပြုနိုင်သော အရာမည်သည့်အရာမျှ မရှိသည့်အတွက်၊ ၎င်းတို့၏ ဆုံးဖြတ်ချက်များပေါ် ကြည့်ခြင်းဖြင့် ငါ စက်ဆုပ်ရွံရှာ၏။ ယင်းတို့သည် လွန်စွာ စွန်းထင်းနေကြသည်။ ၎င်းတို့၏ ဆုံးဖြတ်ချက်အတွက် ငါ၏ လျစ်လျူရှုခြင်းကို မြင်ရသည့်အခါ၊ လူတို့သည် တိုး၍ အေးစက်သွားကြသည်။ နောက်ပိုင်းတွင်၊ လူသား၏ စိတ်နှလုံးသည် ငါ့ ရှေ့တွင် မည်သည့်အခါမျှ ချီးကျူးခြင်းကို မခံရဖူးသကဲ့သို့၊ ငါ၏ ငြင်းပယ်ခြင်းကိုသာ အစဉ် တွေ့ကြုံရပြီးဖြစ်သောကြောင့်၊ ၎င်းတို့သည် ရံဖန်ရံခါမျှသာ “လျှောက်လွှာ” တစ်ခုကို တင်ကြသည်- လူတို့၏ ဘဝများတွင် ဝိညာဉ်ရေးရာ ပံ့ပိုးမှုတစ်ခုတစ်လေ မရရှိတော့သောကြောင့် ၎င်းတို့၏ စိတ်အားထက်သန်မှု ပျောက်ကွယ်သကဲ့သို့၊ ရာသီဥတုမှာ “ချစ်ချစ်တောက် ပူပြင်းသည်” ဟု ငါနောက်ထပ် မခံစားရတော့ပေ။ ယနေ့ အခြေအနေ ရောက်ရှိလာခြင်းနှင့်အတူ သေမလား ရှင်မလား ဖြစ်သည့်အထိ ၎င်းတို့သည် ငါ၏ “ညှဉ်းဆဲခြင်း” ကို အလွန်ခံကြရသည့် အတိုင်းအတာထိ လူတို့သည် ၎င်းတို့၏ ဘဝများတစ်လျှောက်လုံး များစွာ ဆင်းရဲဒုက္ခခံစားရလေသည်။ ရလဒ်တစ်ခုအနေဖြင့်၊ ၎င်းတို့၏ မျက်နှာများတွင် အလင်းရောင် မှေးမှိန်သွားပြီး ၎င်းတို့အားလုံး “အရွယ်ရောက်” ကြပြီးဖြစ်သည့်အတွက်၊ “ဖျတ်လတ်တက်ကြွမှု” ပျောက်ဆုံးကြလေသည်။ လူတို့သည် ပြစ်တင်ဆုံးမခြင်းအတောအတွင်း စစ်ဆေးခံရသည့်အခါ ၎င်းတို့၏ သနားစဖွယ် အခြေအနေအား မြင်ရသည်ကို ငါ မခံနိုင်ပေ- သို့သော် လူသားမျိုးနွယ်၏ အလွန်စိတ်ပျက်စရာကောင်းသော ရှုံးနှိမ့်မှုကို မည်သူ အဖတ်ဆယ်နိုင်သနည်း။ မည်သူသည် လူသားကို အလွန်စိတ်ပျက်စရာကောင်းသော လူ့ဘဝထဲမှ ကယ်တင်နိုင်သနည်း။ လူတို့သည် ဒုက္ခပင်လယ်ထဲ၏ အသူတစ်ရာနက်သော ချောက်မှ မိမိတို့ကိုယ်ကိုယ် အဘယ်ကြောင့် လုံးဝ မလွတ်မြောက်စေနိုင်ကြလေပြီနည်း။ ငါသည် လူတို့အား တမင်တကာ ထောင်ဖမ်းထားသလော။ လူတို့သည် ငါ၏ စိတ်နေစိတ်ထားကို မည်သည့်အခါမျှ နားမလည်ဖူးကြပေ၊ ထို့ကြောင့် ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာခပ်သိမ်းထဲတွင် မည်သည့်အရာမျှ ငါ၏ စိတ်နှလုံးကို သတိမမူမိဖူးသကဲ့သို့ မည်သည့်အရာမျှ ငါ့ကို အမှန်တကယ် မချစ်ဟု စကြဝဠာထံ ငါ မြည်တမ်းရ၏။ ယနေ့တွင်ပင်၊ လူတို့သည် ငါ့အား အဘယ်ကြောင့် ချစ်နိုင်စွမ်းမရှိကြသည်ကို ငါ မသိသေးပေ။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများကို ငါ့အား ပေးနိုင်သည်၊ ၎င်းတို့၏ ကံကြမ္မာကို ငါ့အတွက် စွန့်လွှတ်အနစ်နာခံနိုင်ကြသော်လည်း ၎င်းတို့၏ ချစ်ခြင်းကို ငါ့အား အဘယ်ကြောင့် မပေးနိုင်ကြသနည်း။ ငါ တောင်းသော အရာကို ၎င်းတို့ မပိုင်ဆိုင်ကြသလော။ လူတို့သည် ငါမှတစ်ပါး အရာရာကို ချစ်နိုင်ကြသည်- ထိုကြောင့် ၎င်းတို့သည် ငါ့အား အဘယ်ကြောင့် မချစ်နိုင်ကြသနည်း။ ၎င်းတို့၏ချစ်ခြင်းကို အဘယ်ကြောင့် အမြဲ ကွယ်ဝှင်ထားကြသနည်း။ ၎င်းတို့သည် ငါ့ ရှေ့တွင် ယနေ့တိုင်အောင် ရပ်ကြပြီးဖြစ်သည်နှင့်အမျှ၊ ၎င်းတို့၏ ချစ်ခြင်းကို အဘယ်ကြောင့် ငါ လုံးဝ မမြင်ဖူးသနည်း။ ဤသည်မှာ ၎င်းတို့ မရှိသော အရာတစ်စုံတစ်ခု ဖြစ်သလော။ ငါသည် လူတို့အတွက် အမှုအရာများကို ခက်ခဲအောင် တမင်တကာ ပြုလုပ်နေသလော။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် သိက္ခာစောင့်စည်းမှုများ ရှိကြသေးသလော။ ၎င်းတို့သည် မှားယွင်းသော လူကို ချစ်မိပြီး၊ မိမိတို့ကိုယ်ကိုယ် မကုစားနိုင်မည်ကို စိုးရွံ့နေကြသလော။ လူတို့အထဲတွင် မရေမတွက်နိုင်သည့် နားမလည်နိုင်သော နက်နဲမှုများ ရှိ၏၊ ထို့ကြောင့် ငါသည် လူသားရှေ့တွင် အမြဲ “တွန့်ဆုတ်ကာ စိုးရွံ့” နေရသည်။

ယနေ့တွင်၊ နိုင်ငံတော်၏ ဂိတ်တံခါးဆီသို့ ချီတက်ခြင်း အချိန်၌ လူအပေါင်းသည် တစ်ဟုန်ထိုးသွားနေကြသည်- သို့သော် ၎င်းတို့ ဂိတ်တံခါးရှေ့ ရောက်သည့်အခါ၊ ငါသည် ဂိတ်တံခါးကို ပိတ်လိုက်သည်၊ လူတို့အား ငါ အဝင်မခံသကဲ့သို့၊ ၎င်းတို့၏ ဝင်ခွင့် လက်မှတ်များကို ပြရန် ငါတောင်းဆိုသည်။ ထိုသို့သော တစ်မူထူးသည့် လှုပ်ရှားမှုသည် လူတို့၏ မျှော်လင့်ချက်များနှင့် လုံးဝ ဆန့်ကျင်ပြီး၊ ၎င်းတို့အားလုံး အလွန် အံ့သားသင့်ကြသည်။ အမြဲ ကျယ်စွာ ဖွင့်ထားသော- ဂိတ်တံခါးသည် အဘယ်ကြောင့် ယနေ့တွင် ရုတ်ခြည်း တင်းတင်း ပိတ်ထားလေပြီနည်း။ လူတို့သည် ၎င်းတို့၏ ခြေကိုဆောင့်ကာ ဟိုဟိုသည်သည် လျှောက်လှမ်းကြသည်။ ၎င်းတို့သည် တိုးဝှေ့ဝင်နိုင်ကြမည်ဟု စိတ်ကူးကြသော်လည်း ၎င်းတို့၏ ဝင်ခွင့် လက်မှတ်အတုများကို ငါ့အား ကမ်းပေးသောအခါ၊ ငါသည် ၎င်းတို့ကို မီးအိုင်ထဲသို့ ချက်ချင်း ပစ်ချပြီး၊ ၎င်းတို့၏ “အပတ်တကုတ်လုပ်ရသော အားထုတ်မှုများကို” မီးလျှံများထဲတွင် မြင်ရသည့်အခါ၊ ၎င်းတို့ မျှော်လင့်ချက် ပျောက်ဆုံးကြလေသည်။ ၎င်းတို့သည် ငိုကြွေးရင်း၊ နိုင်ငံတော်အတွင်းက လှပသော မြင်ကွင်းများကို ကြည့်ရသော်လည်း မဝင်ရောက်နိုင်ကြဘဲ၊ ၎င်းတို့၏ ဦးခေါင်းများကို ဆုပ်ကိုင်ထားကြသည်။ သို့သော် ၎င်းတို့၏ သနားစရာ အခြေအနေကြောင့် ၎င်းတို့အား ငါ ဝင်ခွင့်မပြုပေ- မည်သူသည် ငါ၏ အစီအစဉ်ကို ၎င်းတို့ သဘောရှိ ကမောက်ကမ ဖြစ်စေနိုင်သနည်း။ အနာဂတ် ကောင်းချီးမင်္ဂလာများကို လူတို့၏ စိတ်အားထက်သန်မှုအတွက် အတုံ့အလှည့်ပေးခြင်း ဖြစ်သလော။ လူသား ဖြစ်တည်မှု အဓိပ္ပာယ်သည် စိတ်ရှိသည့်အတိုင်း ငါ၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်း၌ တည်သလော။ ငါသည် အလွန် အရေးမပါသောသူ ဖြစ်သလော။ ငါ၏ ပြင်းထန်သော နှုတ်ကပတ်တော်များကြောင့်သာ မဟုတ်ခဲ့ပါက၊ လူတို့သည် အချိန်ကြာမြင့်စွာက နိုင်ငံတော်ထဲသို့ ဝင်ရောက်ကြပြီးဖြစ်မည် မဟုတ်လော။ ထို့ကြောင့် လူတို့သည် ငါ၏ ဖြစ်တည်ခြင်းက ၎င်းတို့အား ဖြစ်စေသည့် ဒုက္ခအားလုံးအတွက် ငါ့အား အစဉ် မုန်းတီးကြသည်။ အကယ်၍ ငါ မတည်ရှိခဲ့ပါက၊ ၎င်းတို့သည် မျက်မှောက်ကာလအတွင်းတွင်၊ နိုင်ငံတော်၏ ကောင်းချီးမင်္ဂလာများကို ခံစားနိုင်ကြမည်မဟုတ်ပေ- သို့ဆိုလျှင် ဤဆင်းရဲဒုက္ခကို သည်းခံရန် အဘယ်လိုအပ်မှု ရှိမည်နည်း။ ထို့ကြောင့် လူတို့အား ၎င်းတို့ ထွက်သွားကြလျှင် ပို၍ ကောင်းမည်၊ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ရှာရန် လက်ရှိအချိန်တွင် အမှုအရာများ ကောင်းစွာ ဖြစ်ပျက်နေပုံကို ကောင်းစွာ အသုံးပြုသင့်သည်ဟု ငါ ပြောပြသည်။ ၎င်းတို့ ငယ်ရွယ်ဆဲရှိစဉ် ကျွမ်းကျင်မှု အချို့တို့ကို သင်ယူရန် လက်ရှိအချိန်ကို ၎င်းတို့ ကောင်းစွာ အသုံးပြုသင့်သည်။ အကယ်၍ ၎င်းတို့ အသုံးမပြုပါက၊ အနာဂတ်တွင် အလွန် နောက်ကျသွားလိမ့်မည်။ ငါ၏ အိမ်တွင်၊ မည်သူမျှ ကောင်းချီးမင်္ဂလာများကို ရရှိဖူးခြင်း မရှိပေ။ “ဆင်းရဲခြင်း” ထဲတွင် စွဲမြဲ မနေကြရန်၊ မြန်မြန် လုပ်ကာ ထွက်သွားကြဖို့ လူတို့အား ငါ ပြော၏။ အနာဂတ်တွင် နောင်တများအတွက် အလွန် နောက်ကျပေလိမ့်မည်။ မိမိကိုယ်ကိုယ် အလွန် မညှာမတာ မပြုနှင့်။ အဘယ်ကြောင့် မိမိကိုယ်ကိုယ်အတွက် အမှုအရာများကို ခက်ခဲစေသနည်း။ သို့သော် လူတို့သည် ကောင်းချီးမင်္ဂလာများကို မရရှိနိုင်ကြသည့်အခါ၊ ငါနှင့်ပတ်သက်၍ မည်သူမျှ စောဒကတက်၍မရနိုင်သည်ကိုလည်း ၎င်းတို့ကို ငါ ပြောပြ၏။ လူသားအပေါ် ငါ၏ နှုတ်ကပတ်တော်များကို ဖြုန်းတီးရန် ငါအချိန် မရှိပေ။ ဤအရာသည် လူတို့၏ စိတ်များထဲတွင် ကျန်ရှိဖို့၊ ယင်းကို ၎င်းတို့ မမေ့လျော့ဖို့ ငါ မျှော်လင့်သည်- ဤ နှုတ်ကပတ်တော်များသည် ငါ ပေးသည့် ကသိကအောင့်နိုင်သော သမ္မာတရား ဖြစ်သည်။ ငါသည် အချိန်ကြာမြင့်စွာက လူသား၌ ယုံကြည်ခြင်း ပျောက်ဆုံးပြီးဖြစ်ကာ၊ ၎င်းတို့သည် ရည်မှန်းချက် ကင်းမဲ့ကြသည့်အတွက်၊ အချိန်ကြာမြင့်စွာကတည်းက ငါသည် လူတို့၌ မျှော်လင့်ချက် ပျောက်ဆုံးပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို ချစ်သော စိတ်နှလုံးတစ်ခုကို ငါ့အား မည်သည့်အခါမျှ မပေးနိုင်ဖူးကြသကဲ့သို့၊ ထိုအစား ငါ့အား ၎င်းတို့၏ ကြံရွယ်ချက်များကို အမြဲ ပေးကြသည်။ ငါသည် လူသားထံ များစွာ ပြောဆိုပြီးဖြစ်ကာ၊ လူတို့သည် ငါ၏ အကြံဉာဏ်ကို ယနေ့တွင် မသိကျိုးကျွန်ပြုကြဆဲဖြစ်သည့်အတွက်၊ အနာဂတ်တွင် ငါ၏ စိတ်နှလုံးအား နားလည်မှုလွဲခြင်းမှ ၎င်းတို့ကို တားဆီးရန် ၎င်းတို့အား ငါ၏ အမြင်ကို ငါပြောပြ၏။ နောင်လာမည့် ကာလများတွင် ၎င်းတို့ ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ၎င်းတို့၏ ကိစ္စ ဖြစ်သည်။ ဤအရာပေါ် ငါ ထိန်းချုပ်ခြင်း မရှိ။ ၎င်းတို့သည် ရှင်သန်မှုဆီသို့ ၎င်းတို့၏ ကိုယ်ပိုင် လမ်းကြောင်းကို ရှာတွေ့မည်ဟု ငါ မျှော်လင့်သည်။ ဤအရာ၌ ငါ အစွမ်းမဲ့ပေသည်။ လူသားသည် ငါ့ကို အမှန်တကယ် မချစ်ကြသည့်အတွက်၊ ငါတို့ သက်သက် လမ်းခွဲလိုက်ကြသည်။ အနာဂတ်တွင်၊ ငါတို့ အကြား၌ စကားတခွန်းတလေမျှ ရှိတော့မည် မဟုတ်၊ ငါတို့ ပြောရမည့်အရာ တစ်ခုတစ်လေမျှ ရှိတော့မည် မဟုတ်၊ အချင်းချင်း ငါတို့ အနှောင့်အယှက် ပေးလိမ့်မည်မဟုတ်၊ ငါတို့သည် ကိုယ့်လမ်းကို ကိုယ်သွားကြလိမ့်မည်၊ လူတို့သည် ငါ့အား လာ၍ မရှာစေရ၊ ငါသည် လူသား၏ “အကူအညီ”ကို နောက်ထပ် မည်သည့်အခါမျှ တောင်းမည် မဟုတ်ပေ။ ဤသည်မှာ ငါတို့ အကြား၌ ရှိသောအရာ တစ်စုံတစ်ခု ဖြစ်ပြီး အနာဂတ်တွင် အရေးကိစ္စ တစ်ခုတစ်လေ ရှိခြင်းကို တားဆီးရန် မရေမရာလုပ်ခြင်းမရှိဘဲ ငါတို့ ပြောဆိုပြီး ဖြစ်သည်။ ဤအရာသည် အမှုအရာများကို ပို၍ မလွယ်ကူစေသလော။ ငါတို့ အသီးသီးသည် ကိုယ့်လမ်းကိုယ် သွားကြပြီး၊ အချင်းချင်း ပတ်သက်စရာ မည်သည့်အရာမျှ မရှိပေ- ယင်း၌ မည်သည့်အရာ မှားယွင်းသနည်း။ လူတို့သည် ဤအရာကို အနည်းငယ် စဉ်းစားဆင်ခြင်ကြမည်ဟု ငါ မျှော်လင့်သည်။

၁၉၉၂ ခုနှစ်၊ မေလ ၂၈ ရက်

အရှေ့သို့- အခန်း ၄၅

နောက်တစ်ခုသို့- အခန်း ၄၇

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ပုံမှန်ဝိညာဉ်ရေးရာအသက်တာသည် လူတို့ကိုလမ်းကြောင်းမှန်ပေါ်သို့ ပို့ဆောင်ပေး၏

သင်သည် ဘုရားသခင်၌ ယုံကြည်သူတစ်ဦးနှင့်ဆိုင်သည့် လမ်းကြောင်း၏ အလွန်သေးငယ်သည့် အစိတ်အပိုင်း တစ်ခုကိုသာ လျှောက်လှမ်းပြီးဖြစ်ကာ လမ်းမှန်ပေါ်သို့...

လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်

ဘုရားသခင်၏ ဝိညာဉ်တော်သည် ကမ္ဘာမြေပေါ်၌ အလုပ်လုပ်သည်နှင့်အမျှ ရှာဖွေနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး၊ ခေတ်ကာလများတစ်လျှောက်...

အခန်း ၂၂

လူသည် အလင်းအလယ်တွင် နေထိုင်သော်ငြားလည်း၊ သူသည် အလင်း၏ အဖိုးတန်မှုကို မသိချေ။ သူသည် အလင်း၏ အနှစ်သာရနှင့် အလင်း၏ အရင်းအမြစ်၊ ထို့အပြင် အလင်းက...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်