အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အခန်း ၄၅

ငါသည် တစ်ကြိမ်တစ်ခါက ငါ၏အိမ်၌ ပြိုင်ဘက်ကင်းသောကြွယ်ဝမှုများ ရှိ၍ ၎င်းမှပျော်ရွှင်မှုကို ရရှိစေရန် အိမ်အတွင်း ထိုသို့ တန်ဆာဆင်စေရေးအတွက် ထားရှိရန် ကုန်စည်ကောင်းများကို ငါရွေးချယ်ခဲ့၏။ သို့သော်လည်း ငါ့အပေါ် လူသား၏သဘောထားနှင့် လူတို့၏စိတ်ဓာတ်လှုံ့ဆော်မှုများကြောင့် ငါ၌ ရွေးချယ်စရာ မရှိဘဲ ဤအမှုကို ဘေးချိတ်ကာ အခြားအမှုကို ပြုရန်အကြောင်း ဖြစ်ခဲ့သည်။ ငါသည် ငါ၏အမှုပြီးမြောက်စေရန် လူ၏ စိတ်ဓာတ်လှုံ့ဆော်မှုများကို အသုံးပြုမည်၊ ငါ့ကို အစေခံရန် အရာခပ်သိမ်းကို ငါကိုယ်တွယ်ပြီး ရလဒ်တစ်ခုအဖြစ် ငါ၏အိမ်မှာ စိတ်ပျက်စရာနှင့် အထီးကျန်ခြင်း မရှိတော့စေရန် ငါပြုမည်။ ငါသည် တစ်ကြိမ်တစ်ခါက လူတို့အကြားတွင် စောင့်ကြည့်ခဲ့သည်၊ ဇာတိပကတိနှင့် အသွေး၌ ဖြစ်တည်သမျှမှာ မိန်းမောဖွယ်ဖြစ်ခဲ့သည်၊ ငါတည်ရှိခြင်း၏ ကောင်းချီးမင်္ဂလာကို ခံစားခဲ့ရသည့် အရာတစ်စုံတစ်ခုမျှ မရှိခဲ့ပေ။ လူတို့သည် ကောင်းချီးမင်္ဂလာများအကြား၌ အသက်ရှင်သော်လည်း ၎င်းတို့သည် ကောင်းချီးမင်္ဂလာ မည်မျှခံစားကြရကြောင်းကို မသိကြပေ။ အကယ်၍ လူသားမျိုးနွယ်အပေါ် ငါ၏ကောင်းချီးမင်္ဂလာများသည် ယနေ့တိုင်အောင် မတည်ရှိခဲ့ပါက လူသားမျို့နွယ်ထဲမှ မည်သူသည် ပျက်စီးခြင်းမရှိဘဲ လက်ရှိအချိန်အထိ အသက်ရှင်နိုင်ခဲ့မည်နည်း။ လူသားအသက်ရှင်ခြင်းမှာ ငါ၏ကောင်းချီးမင်္ဂလာ ဖြစ်ပြီး၊ သူသည် ငါ၏ကောင်းချီးမင်္ဂလာများအကြား၌ အသက်ရှင်ကြောင်း ဆိုလိုသည်၊ အဘယ်ကြောင့်ဆိုသော် သူ၌ မူလက မည်သည့်အရာမျှ မရှိ၊ ကောင်းကင်ဘုံနှင့် မြေကြီးအကြားတွင် အသက်ရှင်ရန် မူလက အရင်းမရှိသောကြောင့် ဖြစ်သည်၊ ယနေ့ ငါသည် လူကို ဆက်လက်၍ ကူညီပြီး ဤအရာကြောင့်သာလျှင် လူသားသည် ငါ့ရှေ့တွင် အမှန်တကယ် ရပ်နိုင်ခြင်းဖြစ်၍ သေခြင်းမှ လွတ်မြောက်သည်မှာ ကံအကြောင်းလှခြင်းဖြစ်သည်။ လူတို့သည် လူသား၏တည်ရှိခြင်း၏ လျှို့ဝှက်ချက်များကို ပေါင်းရုံးသုံးသပ်ခဲ့ပြီးသော်လည်း ဤအရာမှာ ငါ၏ကောင်းချီးမင်္ဂလာဖြစ်ကြောင်းကို မည်သူမျှ တစ်ကြိမ်တစ်ခါပင်လျှင် သတိမူမိခဲ့ဖူးခြင်း မရှိပေ။ ရလဒ်အနေဖြင့် လူအပေါင်းသည် ကမ္ဘာလောကကြီးအတွင်း မတရားမှုကို ကျိန်ဆဲကြသည်၊ ၎င်းတို့အားလုံးသည် ၎င်းတို့၏ အသက်တာများထဲ၌ မပျော်ရွှင်မှုကြောင့် ငါ့အကြောင်းကို ညည်းတွားကြသည်။ ငါ၏ကောင်းချီးမင်္ဂလာများကြောင့်သာ မဟုတ်ခဲ့ပါက ယနေ့ကို မည်သူ မြင်ခဲ့လိမ့်မည်နည်း။ လူတို့သည် သက်သောင့်သက်သာရှိမှုအလယ်တွင် အသက်မရှင်နိုင်ကြသဖြင့် ၎င်းတို့အားလုံးသည် ငါ့အကြောင်းကို ညည်းတွားကြသည်။ အကယ်၍ လူသား၏အသက်တာသည် တောက်ပပြီး အပူအပင်မရှိခဲ့ပါက၊ အကယ်၍ နွေးထွေးသော "နွေဦးလေပြင်း" ကို လူသား၏စိတ်နှလုံးထဲသို့ စေလွှတ်ပြီး သူ၏တစ်ကိုယ်လုံး၌ လွန်ကဲသောသာယာမှုကို ဖြစ်စေ၍ သူ့ကို အနည်းငယ်မျှ နာကျင်မှု မရှိစေပါက လူသားအကြားတွင် မည်သူသည် ညည်းတွား၍ သေလိမ့်မည်နည်း။ လူတို့၌ အလွန်မြောက်မြားစွာသော ကလိမ်ကကျစ်အကြံအစည်များ ရှိကြပြီး ယင်းအကြံအစည်များမှာ တစ်စုံတစ်ဦး၏ဦးခေါင်းကို အမှန်တကယ် ချာချာလည်စေလောက်သဖြင့် ငါသည် လူသား၏အကြွင်းမဲ့ရိုးသားမှုကို ရရန် အလွန်အခက်ကြုံရသည်။ သို့သော်လည်း ၎င်းတို့အား ငါကန့်ကွက်သည့်အခါ ၎င်းတို့သည် ငါ့ကို ဥပေက္ခာပြုကြသည်၊ ငါ့ကို အရေးမစိုက်ကြပေ၊ အဘယ်ကြောင့်ဆိုသော် ငါ၏ကန့်ကွက်ချက်များမှာ ၎င်းတို့၏စိတ်ဝိညာဉ်များကို တို့ထိခဲ့ပြီး ဦးခေါင်းမှခြေချောင်းအထိ စိတ်ဓာတ်ကိုမြှင့်တင်နိုင်စွမ်း မရှိစေခြင်းကြောင့် ဖြစ်သည်၊ ထို့အပြင် ငါသည် ၎င်းတို့ကို "နှိပ်စက်" ရသည်ကို အမြဲနှစ်ခြိုက်သောကြောင့် လူတို့သည် ငါ၏တည်ရှိမှုကို စက်ဆုပ်ကြသည်။ ငါ၏နှုတ်ကပတ်တော်များကြောင့် လူတို့သည် သီဆိုကခုန်ကြသည်၊ ငါ၏နှုတ်ကပတ်တော်များကြောင့် ၎င်းတို့သည် နှုတ်ဆိတ်၍ ခေါင်းငုံ့ကြပြီး ငါ၏နှုတ်ကပတ်တော်များကြောင့် ၎င်းတို့သည် ဗြုန်းခနဲငိုကြွေးကြသည်။ ငါ၏နှုတ်ကပတ်တော်များ၌ လူတို့သည် မျှော်လင့်ချက်ပျက်ပြားကြသည်၊ ငါ၏နှုတ်ကပတ်တော်များ၌ ၎င်းတို့သည် ဆက်လက်ရှင်သန်ရန်အတွက် အလင်းကို ရကြသည်၊ ငါ၏နှုတ်ကပတ်တော်များကြောင့် ၎င်းတို့သည် လူးလှိမ့်ကြသည်၊ နေ့ညမပြတ် အိပ်ရေးပျက်ကြပြီး၊ ငါ၏နှုတ်ကပတ်တော်များကြောင့် ၎င်းတို့သည် ဟိုဟိုသည်သည် အပြေးအလွှားသွားကြသည်။ ငါ၏နှုတ်ကပတ်တော်များသည် လူတို့ကို မရဏာနိုင်ငံထဲသို့ ထိုးဆင်းစေပြီးနောက် ၎င်းတို့ကို ပြစ်တင်ဆုံးမခြင်းထဲသို့ ထိုးဆင်းစေသည်၊ သို့သော်လည်း လူတို့သည် ယင်းကိုသတိမပြုမိဘဲ ငါ၏ကောင်းချီးမင်္ဂလာများကိုလည်း ခံစားကြသည်။ ဤအရာကို လူသား ရယူနိုင်သလော။ ၎င်းသည် လူတို့၏ မမောနိုင်မပန်းနိုင်သော ကြိုးပမ်းအားထုတ်မှုများကို တုံ့ပြန်သည့်အနေဖြင့် လာနိုင်သလော။ ငါ၏နှုတ်ကပတ်တော်များ၏ စီစဉ်ညွှန်ကြားခြင်းများမှ အဘယ်သူ လွတ်မြောက်နိုင်သနည်း။ ဤအကြောင်းကြောင့် လူ၏အားနည်းချက်များကြောင့် ငါသည် လူသားမျိုးနွယ်အပေါ် ငါ၏နှုတ်ကပတ်တော်များကို ပေးအပ်ကာ၊ ငါ၏နှုတ်ကပတ်တော်များကြောင့် လူသား၏ပျော့ကွက်များကို အားဖြစ်စေခြင်းဖြစ်၍ လူသားမျိုးနွယ်၏အသက်တာတွင် ပြိုင်ဘက်ကင်းသောကြွယ်ဝမှုများကို ယူဆောင်လာခြင်းဖြစ်သည်။

ငါသည် လူတို့၏ စကားလုံးများနှင့် ပြုမူပုံများကို မကြာခဏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ၎င်းတို့၏အပြုအမူနှင့် မျက်နှာအမူအရာများတွင် ငါသည် များစွာသော "နက်နဲမှုများ" ကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။ လူတို့၏ အခြားသူများနှင့် အပြန်အလှန်တုံ့ပြန်မှုများတွင် "လျှို့ဝှက်နည်းနာများ" ကို လက်တွေ့ကျကျ အသားပေးထားခြင်းကြောင့် ငါသည် လူတို့နှင့် ထိတွေ့ဆက်ဆံသောအခါ ငါရသောအရာမှာ "လူအချင်းချင်း အပြန်အလှန်တုံ့ပြန်ခြင်း၏ လျှို့ဝှက်နည်းနာများ" ဖြစ်သည်၊ ၎င်းမှာ လူသားသည် ငါ့ကို မချစ်ကြောင်းကို ပြသခြင်းဖြစ်သည်။ ငါသည် လူသားကို သူ၏အားနည်ချက်များကြောင့် မကြာခဏ အပြစ်ဖော်ဆုံးမသော်လည်း ငါသည် သူ၏ယုံကြည်မှုကို ရနိုင်စွမ်းမရှိသေးချေ။ လူသားသည် ငါ့အား သူ့ကို သတ်ဖြတ်ခွင့်ပေးရန် လိုလိုလားလားမရှိပေ၊ အဘယ်ကြောင့်ဆိုသော် လူသား၏ "လူအချင်းချင်း အပြန်အလှန်တုံ့ပြန်ခြင်း၏ လျှို့ဝှက်နည်းနာများ" ထဲတွင် လူသားသည် ဆိုးရွားသောဘေးဒုက္ခတစ်ခုကို ခံစားခဲ့ဖူးကြောင်း မည်သည့်အခါမျှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်၊ သူသည် ကံအကြောင်းမလှသည့် အချိန်ကာလများအတွင်း အနှောင့်အယှက် အနည်းငယ်ကိုသာ ခံစားခဲ့ဖူးခြင်းဖြစ်သည်။ ငါ၏နှုတ်ကပတ်တော်များကြောင့် လူတို့သည် အော်ဟစ်ကြပြီး ၎င်းတို့၏တောင်းပန်မှုများတွင် ငါ၏အကြင်နာမဲ့ခြင်းနှင့်ပတ်သက်၍ မကျေနပ်ချက်များ အမြဲလိုလို ပါဝင်သည်။ ၎င်းတို့အားလုံးသည် လူသားအပေါ် ငါ၏စစ်မှန်သော "ချစ်ခြင်းမေတ္တာ" ကို ရှာဖွေနေကဲ့သို့ ဖြစ်သည်၊ သို့သော် ၎င်းတို့သည် ငါ၏ချစ်ခြင်းမေတ္တာကို ငါ၏ခက်ထန်သောနှုတ်ကပတ်တော်များထဲတွင် အဘယ်သို့ ရှာတွေ့နိုင်မည်နည်း။ ရလဒ်အနေဖြင့် ၎င်းတို့သည် ငါ၏နှုတ်ကပတ်တော်များကြောင့် အမြဲတစေ မျှော်လင့်ချက် ပျောက်ဆုံးကြသည်။ ၎င်းတို့သည် ငါ၏နှုတ်ကပတ်တော်များကို ဖတ်လျှင်ဖတ်ချင်း "သေမင်းတမန်" ကို ရှုမြင်ရသကဲ့သို့ ဖြစ်သောကြောင့်ကြောက်ရွံ့ခြင်းဖြင့် တုန်လှုပ်ကြသည်။ ဤအရာသည် ငါ့ကို စိတ်မချမ်းမြေ့စေ၏၊ သေခြင်းတရားအလယ်၌ အသက်ရှင်သော ဇာတိပကတိလူတို့သည် အဘယ်ကြောင့် သေခြင်းတရားကို အမြဲ ကြောက်ရွံ့ကြသနည်း။ လူသားနှင့် သေခြင်းတရားမှာ နာကြည်းသောရန်သူများ ဖြစ်ကြသလော။ သေခြင်းတရားကို ကြောက်ရွံခြင်းသည် အဘယ်ကြောင့် လူတို့ကို သောက အမြဲဖြစ်စေသနည်း။ ၎င်းတို့အသက်တာများ၏ "ထူးခြားသော" အတွေ့အကြုံများတစ်လျှောက်တွင် ၎င်းတို့သည် သေခြင်း အနည်းငယ်ကိုသာ တွေ့ကြုံကြရသလော။ ၎င်းတို့ပြောသောအရာတွင် လူတို့သည် ငါ့အကြောင်းကို အဘယ်ကြောင့် အမြဲ ညည်းတွားကြသနည်း။ ထို့ကြောင့် လူတို့သည် ငါ့အပေါ် အနည်းငယ်မျှသာ နာခံကြသဖြင့် ၎င်းတို့သည် ငါ့ကို အစဉ်မုန်းတီးကြသည်ဟူ၍ လူ့ဘဝအတွက် စတုတ္ထမြောက် ဆောင်ပုဒ်ကို ငါအကျဉ်းချုပ်သည်။ လူသား၏အမုန်းကြောင့် ငါမကြာခဏ စွန့်ခွာခြင်းဖြစ်သည်။ ငါသည် အဘယ်ကြောင့် ငါ့ကိုယ်ငါ ဤအမုန်းခံစေရမည်နည်း။ ငါသည် လူတို့အထဲတွင် စက်ဆုပ်ခြင်းကို အဘယ်ကြောင့် အမြဲတစေ ဆွပေးရမည်နည်း။ လူတို့သည် ငါ၏တည်ရှိမှုကို ဝမ်းမြောက်ဝမ်းသာစွာ လက်မခံသည့်အတွက် ငါသည် ရဲရင့်သောမျက်နှာထားဖြင့် လူသား၏အိမ်ထဲတွင် အဘယ်ကြောင့် နေရမည်နည်း။ ငါ၏ "အထုပ်အပိုး" ကို ယူကာ လူသားကို စွန့်ခွာရန်မှအပ ငါ၌ ရွေးချယ်စရာမရှိပေ။ သို့သော်လည်း လူတို့သည် ငါ့ကို သွားခွင့်ပေးရန် ခံနိုင်ရည်မရှိကြပေ၊ ငါစွန့်ခွာမည်ကို ၎င်းတို့ မည်သည့်အခါမျှ အလိုမရှိကြပေ၊ ငါထွက်သွားမည်ကို လွန်စွာစိုးရိမ်ကြပြီး ၎င်းတို့ အသက်ရှင်ရန် မှီခိုသောအရာ ဆုံးရှုံးရမည်ကိုလည်း လွန်စွာစိုးရိမ်ကြ၍ ၎င်းတို့သည် မြည်တမ်း၍ တရှိုက်ရှိုက်ငိုကြွေးကြသည်။ ၎င်းတို့၏အနူးအညွတ်တောင်းပန်သော အကြည့်ကို ကြည့်ပြီး ငါ၏စိတ်နှလုံး ပျော့ပျောင်းလာသည်။ လောကပင်လယ်များ၏အလယ်တွင် မည်သူသည် ငါ့ကို ချစ်နိုင်စွမ်းရှိသနည်း။ လူသားသည် ညစ်ညမ်းသောရေဖြင့် ဖုံးအုပ်ခြင်းနှင့် ပင်လယ်စွမ်းအား၏ လွှမ်းခြုံထားခြင်းကို ခံရသည်။ ငါသည် လူသား၏မနာခံခြင်းကို စက်ဆုပ်သော်လည်း လူသည် အဆုံးတွင် သားကောင်တစ်ကောင် ဖြစ်နေသေးခြင်းကြောင့် ငါသည် လူသားမျိုးနွယ်အားလုံး၏ ကံအကြောင်းမလှခြင်းအတွက်လည်း သနားကရုဏာသက်မိသည်။ ငါသည် လူသားကို သူအားနည်းပြီး အစွမ်းတန်ခိုး မရှိသောအချိန်တွင် အဘယ်သို့ ရေထဲ ပစ်ချနိုင်မည်နည်း။ သူ အောက်ရောက်နေသောအခါ ငါသည် သူ့ကို ခြေဖြင့်ကန်ရလောက်အောင်ပင် အလွန် ရက်စက်သလော။ ငါ၏စိတ်နှလုံးသည် အလွန်အကြင်နာမဲ့သလော။ လူသားမျိုးနွယ်အပေါ် ငါ၏သဘောထာကြောင့် လူသားသည် ငါနှင့်အတူ ဤခေတ်ကာလထဲသို့ ဝင်ရောက်ရခြင်း ဖြစ်သည်၊ ဤအရာကြောင့် သူသည် ငါနှင့်အတူတကွ ထူးခြားသော ဤနေ့ရက်များနှင့် ညတာများကို ကျော်ဖြတ်ခဲ့ပြီးခြင်းဖြစ်သည်။ ယနေ့တွင် လူတို့သည် ၎င်းတို့၏အသက်တာများထဲ၌ တက်ကြွမှု ရှိပြီး ၎င်းတို့သည် ကမ္ဘာမြေကြီးအစွန်းများအထိ ခြေဦးတည့်ရာလျှောက်သွားကာ အသုံးကြီးသော သားများ မဟုတ်တော့ခြင်းကြောင့် ၎င်းတို့သည် ဝမ်းမြောက်ခြင်းဖြင့် မချိတင်ကဲဝေဒနာကို ခံကြရသည်၊ ၎င်းတို့၌ ငါ၏ချစ်ခင်မှုအကြောင်း သာ၍ကြီးသောအသိတစ်ခု ရှိကြပြီး ၎င်းတို့သည် ငါ့ကို ကြီးစွာသောအားမာန်ဖြင့် ချစ်ကြသည်။

လူသားနှင့်အတူ နေထိုင်သော ငါ၏နေ့ရက်များတွင် လူတို့သည် ငါ့ကို အမှီပြုကြပြီး ငါသည် အရာခပ်သိမ်း၌ လူသားအပေါ် ထောက်ထားညှာတာပြီး သူ့အပေါ် ငါ၏ပြုစုစောင့်ရှောက်ခြင်းမှာ စေ့စပ်သေချာသောကြောင့် လူတို့သည် ငါ၏နွေးထွေးသော ပွေ့ဖက်မှုတွင် အစဉ် အသက်ရှင်ကြသည်၊ တိုက်ခတ်သောလေ၊ သည်းထန်သောမိုး သို့မဟုတ် တောက်လောင်သောနေ တစ်စုံတစ်ရာကိုမျှ သည်းခံရခြင်း မရှိပေ၊ လူတို့သည် ပျော်ရွှင်မှုအကြားတွင် အသက်ရှင်ကြပြီး ငါ့ကို ချစ်တတ်သောမိခင်တစ်ဦးအဖြစ် သဘောထားကြသည်။ လူတို့သည် ဖန်လုံအိမ်တစ်လုံးထဲမှ ပန်းများကဲ့သို့ ဖြစ်ကြပြီး "သဘာဝဘေးအန္တရာယ်များ" ၏ အပြင်းအထန်တိုက်ခိုက်မှုကို ကြံ့ကြံ့ခိုင်နိုင်စွမ်း လုံးလုံးလျားလျား မရှိဘဲ တစ်ခါမျှ မြဲမြံစွာ ရပ်တည်နိုင်စွမ်းမရှိကြပေ။ ထို့ကြောင့် ငါသည် ၎င်းတို့ကို တဝေါဝေါတိုက်သော စမ်းသပ်မှု ပင်လယ်များအကြားတွင် နေစေသည်၊ ထို့ကြောင့် ၎င်းတို့သည် "တုန်လှုပ်ယိမ်းယိုင်မှု" မစဲဘဲ မနေနိုင်ကြပေ၊ ၎င်းတိုထံ၌ ခုခံနိုင်စွမ်း မရှိလုနီးပါးဖြစ်သည်၊ ထို့အပြင် ၎င်းတို့၏ဝိညာဉ်အသက်တာသည် အလွန်ချို့တဲ့ပြီး ၎င်းတို့၏ခန္ဓာကိုယ်များမှာ အလွန်အားနည်းခြင်းကြောင့် ဝန်ထုပ်ဝန်ပိုးတစ်ခုကို ငါခံစားရသည်။ ဤအကြောင်းကြောင့် လူတို့သည် နုနယ်လွန်းပြီး တဝေါဝေါတိုက်သော လေပြင်းများနှင့် ပူလောင်သောနေကို ဒဏ်ခံနိုင်စွမ်းမရှိသောကြောင့် ၎င်းတို့သည် သတိမပြုမိဘဲ ငါ၏စမ်းသပ်မှုများကို ခံကြရသည်။ ဤအရာမှာ ပစ္စုပ္ပန်မှ ငါ၏အမှုပင် ဖြစ်သည်မဟုတ်လော။ ငါ၏စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ လူတို့သည် အဘယ်ကြောင့် အမြဲတစေ ရုတ်တရက် မျက်ရည်ကျကြသနည်း။ ငါသည် ၎င်းတို့အပေါ် မတရားမှုတစ်ခုကို ပြုနေသလော။ ငါသည် ၎င်းတို့ကို တမင်တကာ သတ်ဖြတ်နေသလော။ လူတို့၏ နှစ်လိုဖွယ်ကောင်းသော အခြေအနေသည် သေဆုံးပြီး အဘယ်ကြောင့် မည်သည့်အခါမျှ ရှင်ပြန်ထမြောက်ခြင်း မရှိသနည်း။ လူတို့သည် မည်သည့်အခါမျှ ၎င်းတို့ ဘာသာ အသက်ရှင်နိုင်စွမ်းမရှိဘဲ၊ ငါ၏လက်ဖြင့် ၎င်းတို့ကို ဦးဆောင်ရန် အစဉ် အခွင့်ပေးပြီး အခြားသူတစ်စုံတစ်ဦး၏ ယူငင်ခြင်းခံရမည်ကို လွန်စွာစိုးရိမ်ကြခြင်းကြောင့် ၎င်းတို့သည် ငါ့ကို အစဉ်ဆုပ်ကိုင်ထားကြပြီး အလွှတ်မပေးကြပေ။ ၎င်းတို့၏ဘဝတစ်ခုလုံးကို ငါလမ်းပြသည်မဟုတ်သလော။ ဝရုန်းသုန်းကားဖြစ်သော ၎င်းတို့၏အသက်တာများအတွင်း ၎င်းတို့ တောင်ထိပ်နှင့် တောင်ကြားကို ဖြတ်ကျော်စဉ် မြောက်မြားစွာသော ဗြောင်းဆန်ခြင်းကို တွေ့ကြုံခဲ့ရပြီးဖြစ်သည်၊ ဤအရာသည် ငါ၏လက်မှ လာခဲ့သည် မဟုတ်လော။ လူတို့သည် ငါ၏စိတ်နှလုံးကို အဘယ်ကြောင့် မည်သည့်အခါမျှ နားလည်နိုင်စွမ်း မရှိကြသနည်း။ ငါ၏ကောင်းသောရည်ရွယ်ချက်များကို ၎င်းတို အဘယ်ကြောင့် အမြဲနားလည်မှုလွဲကြသနည်း။ ငါ၏အမှုသည် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကြောင့် အောင်မြင်စွာ စတင်နိုင်ခြင်း မရှိသနည်း။ လူသား၏အားနည်ခြင်းကြောင့် ငါသည် လူသားကို အမြဲရှောင်ဖယ်ခဲ့ပြီး ထိုအရာသည် ငါ့ကို ဝမ်းနည်းမှုဖြင့် ပြည့်စေသည်၊ ငါ့အမှု၏ နောက်တစ်ဆင့်ကို လူသားထဲ၌ အဘယ်ကြောင့် လုပ်ဆောင်နိုင်ခြင်း မရှိသနည်း။ ထို့ကြောင့် ငါသည် သူ့ကို ဂရုတစိုက် လေ့လာချိန်ဆပြီး နှုတ်ဆိတ်သွားသည်၊ ငါသည် လူသား၏ချွတ်ယွင်းချက်များဖြင့် အစဉ်ဘောင်ခတ်ခံရသနည်း။ ငါ၏အမှု၌ ပိတ်ဆို့မှုများ အဘယ်ကြောင့် အစဉ်ရှိသနည်း။ လူသား၏သဘောထားသည် အစဉ်ပြောင်းလဲနေ၏၊ သူသည် မည်သည့်အခါမျှ ပုံမှန်မဟုတ်ပေ၊ သူသည် ငါ့ကို အကြီးအကျယ် မုန်းတီး၏၊ သို့မဟုတ် ငါ့ကို အဆုံးစွန် ချစ်၏။ ထို့ကြောင့် အဖြေအပြည့်အစုံကို လူထဲ၌ ယနေ့ ငါ မတွေ့သေးခြင်းဖြစ်သည်။ ပုံမှန်ဖြစ်သော ငါ ဘုရားသခင်ကိုယ်တော်တိုင်သည် လူသားထံမှ ယင်းကဲ့သို့ ညှဉ်းပန်းမှုဒဏ်ကို မခံနိုင်ပေ။ လူတို့သည် စိတ်ပိုင်းဆိုင်ရာ အစဉ်ပုံမှန်မဟုတ်ခြင်းကြောင့် ငါသည် လူသားကို အနည်းငယ်ကြောက်ရွံ့သည်ဟု ထင်ရပုံပေါက်သည်၊ ထို့ကြောင့် သူ၏လှုပ်ရှားမှု တစ်ခုချင်းစီကို စောင့်ကြည့်ခြင်းသည် ငါ့အား သူ၏ပုံမှန်မဟုတ်ခြင်းကို တွေးမိစေသည်။ ငါသည် လူသားထဲရှိ နက်နဲမှုကို အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့သည်၊ အမှန်အားဖြင့် သူ၏နောက်ကွယ်၌ ကြိုးကိုင်သူတစ်ဦး ရှိနေသည်၊ ရလဒ်အနေဖြင့် လူတို့သည် တရားမျှတကြောင်းပြနိုင်သောအရာ တစ်စုံတစ်ခုကို ပြုပြီးသည့်အလား အမြဲတစေ ရဲဝံ့ပြီး ယုံကြည်မှုအပြည့်ရှိနေသည်၊ ထို့ကြောင့် လူတို့သည် အရွယ်ရောက်သူတစ်ဦးအဖြစ် အမြဲဟန်ဆောင်ကြပြီး "ကလေးငယ်" အား ကပ်ချွဲကြသည်။ လူ၏မပိမရိဟန်ဆောင်မှုကို ကြည့်ပြီး ငါသည် ဒေါသမထွက်လာဘဲမနေနိုင်ပေ၊ လူတို့သည် အဘယ်ကြောင့် မိမိတို့ကိုယ်ကိုယ် အလွန် ကြင်နာခြင်းနှင့် လေးစားမှု မရှိကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အဘယ်ကြောင့် မသိကြသနည်း။ ငါ၏နှုတ်ကပတ်တော်များ ဆိတ်သုဉ်းခဲ့ပြီလော။ ငါ၏နှုတ်ကပတ်တော်များမှာ လူသား၏ရန်သူလော။ လူတို့သည် ငါ၏နှုတ်ကပတ်တော်များကို ဖတ်သည့်အခါ ငါ့အပေါ် အဘယ်ကြောင့် မကျေမချမ်းဖြစ်လာကြသနည်း။ လူတို့သည် ငါ၏နှုတ်ကပတ်တော်များတွင် ၎င်းတို့၏ကိုယ်ပိုင် အတွေးများကို အဘယ်ကြောင့် အမြဲထည့်သွင်းကြသနည်း။ ငါသည် လူသားအပေါ် အလွန် မလျော်ကန်သလော။ လူအပေါင်းသည် ဤအရာအကြောင်း၊ ငါ၏နှုတ်ကပတ်တော်များအတွင်း ပါဝင်သောအရာများအကြောင်းကို အလေးအနက် ဆင်ခြင်သင့်သည်။

၁၉၉၂ ခုနှစ်၊ မေလ ၂၄ ရက်

ယခင်က:အခန်း ၄၄

နောက်တစ်ခုသို့:အခန်း ၄၆