အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အခန်း ၄၄

လူတို့သည် ငါ၏အမှုကို အဖြည့်တစ်ခုအဖြစ် သဘောထားကြသည်၊ ၎င်းတို့သည် ၎င်းအတွက် အစားအစာ သို့မဟုတ် အိပ်စက်ခြင်းကို မစွန့်လွှတ်ကြသဖြင့် ငါ၌ ရွေးချယ်စရာ မရှိဘဲ လူအား ငါ့အပေါ်ထားသည့် သူ၏သဘောထားအတိုင်း ထိုက်တန်သော တောင်းဆိုချက်များကို တောင်းခြင်းဖြစ်သည်။ ငါသည် တစ်ကြိမ်တစ်ခါက လူသားကို မြောက်မြားစွာသော ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများစွာကို ပေးခဲ့သော်လည်း ဤအရာများကို ဆတ်ခနဲဆွဲယူပြီးနောက် သူသည် ချက်ချင်း ထွက်ခွာသွားခဲ့ကြောင်းကို ငါမှတ်မိသည်။ ၎င်းမှာ ငါသည် မရည်ရွယ်ဘဲ ၎င်းတို့ကို သူ့အား ပေးနေသကဲ့သို့ ဖြစ်ခဲ့သည်။ ထို့ကြောင့် လူသားသည် သူ၏ကိုယ်ပိုင် အယူအဆများအကြားတွင် ငါ့ကို အမြဲချစ်ခဲ့ခြင်းဖြစ်သည်။ လူသားသည် ငါ့ကို စစ်မှန်စွာ ချစ်ရန် ငါအလိုရှိသည်၊ သို့သော်လည်း ယနေ့တွင် လူတို့သည် အချိန်ဖြုန်းနေကြပြီး ၎င်းတို့၏စစ်မှန်သောချစ်ခြင်းမေတ္တာကို ငါ့အား မပေးနိုင်ကြပေ။ ၎င်းတို့၏စိတ်ကူးထဲတွင် ၎င်းတို့က အကယ်၍ ၎င်းတို့၏စစ်မှန်သောချစ်ခြင်းမေတ္တာကို ငါ့အား ပေးပါက ၎င်းတို့၌ မည်သည့်အရာမျှ ကျန်မည်မဟုတ်ဟု ယုံကြည်ကြသည်။ ငါကန့်ကွက်သောအခါ ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်ကြသည်၊ သို့သော်လည်း ၎င်းတို့သည် ၎င်းတို့၏စစ်မှန်သောချစ်ခြင်းမေတ္တာကို ငါ့အား မပေးလိုဘဲ ဆက်လက်ရှိနေကြသည်။ ၎င်းတို့သည် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသကဲ့သို့ပင် ဖြစ်သဖြင့် ၎င်းတို့သည် ရှေ့သို့ကြိုကြည့်ကြပြီး အမှန်တကယ် ဖြစ်နေသည့်အရာကို မည်သည့်အခါမျှ ငါ့အား မပြောကြပေ။ စတေကာကပ်ခွာတစ်ခုသည် ၎င်းတို့၏ပါးစပ်များ၌ ကပ်နေသည့်အလား ဖြစ်သဖြင့် ၎င်းတို့သည် မည်သည့်အခါမျှ ပွင့်ပွင့်လင်းလင်း မပြောပေ။ လူသားရှေ့တွင် ငါသည် အနိုင်ရရန် နည်းကုန်လမ်းကုန်လုပ်သော အရင်းရှင်တစ်ဦး ဖြစ်သွားခဲ့ပုံရသည်။ လူတို့သည် ငါ့ကို အမြဲ ကြောက်ကြသည်၊ ငါ့ကို မြင်ပါက ၎င်းတို့သည် သဲလွန်စတစ်ခုပင် မချန်ဘဲ ချက်ချင်း ပျောက်ကွယ်ကြသည်၊ ၎င်းတို့၏အခြေအနေများနှင့်ပတ်သက်၍ ၎င်းတို့အား ငါမေးမည့်အရာကို ကြောက်လန့်ကြသည်။ လူတို့သည် ၎င်းတို့၏ “တစ်ရွာတည်းသားများ” ကို စိတ်ရင်းအတိုင်း ချစ်နိုင်စွမ်း ရှိကြသော်လည်း ဝိညာဉ်၌ ဖြောင့်မှန်သော ငါ့ကို အဘယ်ကြောင့် မချစ်နိုင်ကြသည့် အကြောင်းရင်းကို ငါမသိပေ။ ဤအရာကြောင့် ငါသက်ပြင်းချရသည်၊ လူတို့သည် လူ့လောကကြီးထဲတွင် ၎င်းတို့၏ချစ်ခြင်းမေတ္တာကို အဘယ်ကြောင့် အမြဲတမ်းလွှတ်ထုတ်ကြသနည်း။ ငါသည် အဘယ်ကြောင့် လူသား၏ချစ်ခြင်းမေတ္တာကို မမြည်းစမ်းနိုင်သနည်း။ ၎င်းမှာ ငါသည် လူသားမျိုးနွယ်ထဲမှ တစ်ဦး မဟုတ်ခြင်းကြောင့် ဖြစ်သလော။ လူတို့သည် ငါ့ကို တောင်များပေါ်မှ လူရိုင်းတစ်ဦးအဖြစ် အမြဲ သဘောထားကြသည်။ သာမန်လူတစ်ဦး၌ ရှိသောအရာများ ငါ၌ မရှိသကဲ့သို့ ဖြစ်သောကြောင့် ငါ့ရှေ့တွင် လူတို့သည် မြင့်မားသော လူ့ကျင့်ဝတ် သဘောလက္ခဏာတစ်ခုကို အမြဲ ပြစားကြသည်။ ၎င်းတို့သည် ငါ့ကို ပြစ်တင်ရန် ၎င်းတို့ရှေ့သို့ မကြာခဏ ငါ့ကို တရွတ်တိုက်ဆွဲသွားကြပြီး ကျောင်းမတက်ရသေးသော အရွယ် ကလေးတစ်ဦးကဲ့သို့ ငါ့ကို ဆူကြသည်၊ အဘယ်ကြောင့်ဆိုသော် လူတို့၏မှတ်ဉာဏ်များထဲတွင် ငါသည် ဆင်ခြင်တုံတရားနှင့် ပညာမဲ့သောသူ တစ်စုံတစ်ဦး ဖြစ်ခြင်းကြောင့် ၎င်းတို့သည် ငါ့ရှေ့တွင် ပညာသင်ကြားပေးသူ၏ ကဏ္ဍတွင် အမြဲ သရုပ်ဆောင်ကြသည်။ ငါသည် လူတို့ကို ၎င်းတို့၏ အားနည်းချက်များကြောင့် ပြစ်တင်ဆုံးမခြင်း မပြုဘဲ ၎င်းတို့ကို သင့်လျော်သော အကူအညီပေးပြီး “အကျိုးအမြတ်ရှိသော အထောက်အကူ” ကို ၎င်းတို့အား ပုံမှန် ရရှိစေသည်။ လူသားသည် ကြီးမားသောကပ်ဘေးအကြားတွင် အမြဲနေထိုင်ခဲ့ပြီး လွတ်မြောက်ရန် ခက်ခဲ၍ ဤဘေးဒုက္ခအကြား၌ သူသည် ငါ့ကို အမြဲတမ်း အော်ခေါ်ခဲ့သောကြောင့် ငါသည် အချိန်မှန်မှန် “ဆန်စပါးဂျုံစသည့် အထောက်အပံ့များ” ကို သူ၏လက်ထဲ ပေးပို့၍ ခေတ်သစ် မိသားစုကြီးထဲတွင် လူအပေါင်းကို အသက်ရှင်ခွင့်ပေးပြီး မိသားစုကြီး၏နွေးထွေးမှုကို တွေ့ကြုံခံစားစေခြင်းဖြစ်သည်။ လူသားအကြားရှိ အမှုကို ငါလေ့လာသောအခါ လူသား၏ များစွာသောချွတ်ယွင်းချက်များကို ငါရှာဖွေတွေ့ရှိပြီး ရလဒ်အဖြစ် လူသားကို ငါအကူအညီပေးခြင်းဖြစ်သည်။ ဤအချိန်၌ပင်လျှင် လူသားအကြားတွင် ထူးခြားသောဆင်းရဲခြင်း ရှိနေဆဲဖြစ်သောကြောင့် ငါသည် “နွမ်းပါးသောနေရာများ” အပေါ် သင့်လျော်သောစောင့်ရှောက်မှုကို ပေးအပ်ခဲ့ပြီးဖြစ်၍ ၎င်းတို့ကို ဆင်းရဲတွင်းထဲမှ မတင်ပေးခဲ့သည်။ ဤသည်မှာ ငါအမှုပြုသောနည်းလမ်းဖြစ်ပြီး လူအပေါင်းတို့ကို ၎င်းတို့တတ်နိုင်သ၍ ငါ၏ကျေးဇူးတော်ကို ခံစားခွင့်ပေးသည်။

ကမ္ဘာမြေကြီးပေါ်ရှိလူတို့သည် ပြစ်တင်ဆုံးမခြင်းကို မရည်ရွယ်ဘဲ ခံစားကြရသဖြင့် ငါသည် ငါ၏ကြီးသောလက်ကို ဖွင့်၍ ၎င်းတို့အား ငါ့ဘက်သို့ ဆွဲခေါ်ကာ ကမ္ဘာမြေကြီးပေါ်၌ ငါ၏ကျေးဇူးတော်ကို မွေ့လျော်ခံစားရန် ကောင်းသောအခွင့်အလမ်းကို ပေးလျက်နေသည်။ ကမ္ဘာမြေကြီးပေါ်၌ မည်သည့်အရာသည် အနှစ်သာရမကင်းမဲ့၍ တန်ဖိုးမရှိသနည်း။ လူ့လောကထဲမှ နေရာအားလုံး၌ ငါ လျှောက်လှမ်းသည်၊ ထို့အပြင် နာမည်ကြီးသော သမိုင်းဝင်အဆောက်အအုံ မြောက်မြားစွာနှင့် သာယာသော သဘာဝရှုခင်း ရှိသော်လည်း ငါသွားသမျှ နေရာတိုင်း၌ အသက်ဝင်တက်ကြွမှု ကင်းမဲ့နေခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ ထိုအချိန်မှသာ ငါသည် ကမ္ဘာမြေကြီးပေါ်တွင် မှောင်ရိပ်သန်းပြီး စိတ်ဆင်းရဲဖွယ်ဖြစ်ကြောင်း သတိပြုမိသည်၊ ကမ္ဘာမြေကြီးပေါ်တွင် အသက် ပျောက်ကွယ်ခဲ့သည်မှာ ကြာလှပြီဖြစ်သည်၊ သေခြင်းတရား၏ အနံ့အသက်သာ ရှိသောကြောင့် ဤကပ်ဘေးသင့်သော ပြည်မှ အမြန် ထွက်ခွာကြရန် လူသားကို ငါအမြဲ ခေါ်နေခြင်းဖြစ်သည်။ ငါမြင်သောအရာအားလုံးမှာ ပြန်လည်အမှတ်ရစေသော အနှစ်သာရ ကင်းမဲ့ခြင်းပင် ဖြစ်သည်။ ငါသည် အခွင့်အရေးကို အသုံးပြုကာ ငါ၏လက်ထဲမှ အသက်ကို ငါရွေးချယ်ခဲ့သောသူများထံ ပစ်ပေးလေသည်၊ ချက်ချင်းဆိုသလိုပင် ထိုပြည်၌ စိမ်းလန်းသောမြေကွက်တစ်ကွက် ရှိလေသည်။ လူတို့သည် ကမ္ဘာမြေကြီးပေါ်မှ တက်ကြွဖွယ် အမှုအရာများကို မွေ့လျော်လိုကြသော်လည်း ငါသည် ဤအရာ၌ ပျော်ရွှင်မှုကို မတွေ့ပေ၊ လူတို့သည် ကမ္ဘာမြေကြီးပေါ်မှ အရာများကို အမြဲမြတ်နိုးကြပြီး ၎င်းတို့၏ အနှစ်သာရကင်းမဲ့ခြင်းကို မည်သည့်အခါမျှ မမြင်ကြသောကြောင့် ယနေ့ ဤနေရာသို့ ရောက်ပြီးသော်လည်း ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကြောင့် အသက် မတည်ရှိကြောင်းကို ၎င်းတို့ နားမလည်ကြပေ။ ယနေ့ စကြဝဠာအတွင်း ငါ လျှောက်လှမ်းစဉ် လူတို့သည် ငါရှိသောနေရာ၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားနိုင်ကြပြီး ၎င်းတို့သည် ဤအရာကို အရင်းအဖြစ် သဘောထားကြ၍ အသက်၏အရင်းအမြစ်ကို မည်သည့်အခါမျှ လေ့လာလိုက်စားခြင်းမရှိကြချေ။ ၎င်းတို့အားလုံးသည် အရင်းအဖြစ် ငါပေးသောအရာကို အသုံးပြုကြသော်လည်း တက်ကြွမှု၏ မူရင်းအလုပ်ကို မည်သူမျှ ကြိုးစား၍ လုပ်ဆောင်ခြင်းမရှိပေ။ ၎င်းတို့သည် သဘာဝအရင်းအမြစ်များကို မည်ကဲ့သို့ အသုံးပြုရမည် သို့မဟုတ် ကြီးထွားစေရမည်ကို မသိကြသဖြင့် ၎င်းတို့သည် ခိုကိုးရာမဲ့ဖြစ်ကြသည်။ ငါသည် လူသားအကြားတွင် နေထိုင်သည်၊ လူသားအကြားတွင် အသက်ရှင်သော်လည်း ယနေ့တွင် လူသားသည် ငါ့ကို မသိသေးပေ။ ငါသည် အိမ်နှင့်အလွန်ဝေးလျက်နေသည့် ရလဒ်တစ်ခုအဖြစ် လူတို့သည် ငါ့ကို အကူအညီများစွာ ပေးခဲ့ပြီးသော်လည်း ငါသည် လူသားနှင့် မှန်ကန်သောခင်မင်ရင်းနှီးမှုကို မတည်ဆောက်ရသေးသကဲ့သို့ ဖြစ်သောကြောင့် ငါသည် လူ့လောက၏ မတရားမှုကို ခံစားနေရဆဲဖြစ်သည်၊ ငါ၏အမြင်တွင် လူသားမျိုးနွယ်သည် နောက်ဆုံးတွင် အနှစ်သာရ ကင်းမဲ့ပြီး လူသားအကြားတွင် တန်ဖိုးတစ်စုံတစ်ရာရှိသော ရတနာဟူ၍ မရှိပေ။ လူ့ဘဝအပေါ် လူတို့၏အမြင် မည်ကဲ့သို့ ရှိကြောင်းကို ငါမသိသော်လည်း အချုပ်အားဖြင့် ငါ၏အမြင်မှာ “အနှစ်သာရကင်းမဲ့သည်” ဟူသော စကားလုံးမှ ခွဲထုတ်၍မရပေ။ ဤအရာကြောင့် လူတို့သည် ငါ့ကို မကောင်း မထင်ကြမည့်အကြောင်း ငါ မျှော်လင့်သည်၊ ငါသည် ထိုကဲ့သို့ပင် ဖြစ်သည်၊ ငါသည် တဲ့တိုးပြောတတ်သည်၊ ငါသည် ကြိုးစား၍ ယဉ်ကျေးသိမ်မွေ့ရန် မနေပေ။ သို့သော်လည်း ငါစဉ်းစားသောအရာတို့ကို ဂရုတစိုက် အာရုံပြုကြရန် လူတို့ကို ငါအကြံပေးသည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏နှုတ်ကပတ်တော်များမှာ နောက်ဆုံးတွင် ၎င်းတို့အတွက် အကူအညီ ဖြစ်သောကြောင့်ပေတည်း။ “အနှစ်သာရကင်းမဲ့ခြင်း” အပေါ် လူတို့၏နားလည်မှုမှာ မည်သို့ဖြစ်ကြောင်းကို ငါမသိပေ။ ငါ၏မျှော်လင့်ချက်မှာ ၎င်းတို့သည် ဤအမှုတွင် အနည်းငယ် ကြိုးပမ်းအားထုတ်ကြမည်ဟူ၍ ဖြစ်သည်။ လူ့ဘဝကို အမှန်တကယ် တွေ့ကြုံခံစားပါက ၎င်းတို့ အကျိုးရှိမည်ဖြစ်ပြီး လူ့ဘဝထဲတွင် တန်ဖိုးရှိသော “တွင်းထွက်ပစ္စည်းများ” တစ်စုံတစ်ရာကို ၎င်းတို့ ရှာဖွေနိုင်ခြင်း ရှိမရှိ မြင်ကြမည်ဖြစ်သည်။ ငါသည် လူတို့၏အပြုသဘောဆောင်ခြင်းကို လျော့နည်းစေရန် ကြိုးစားနေသည်မဟုတ်ပေ၊ ငါသည် ၎င်းတို့အား ငါ၏နှုတ်ကပတ်တော်များ၌ အသိပညာ အချို့ ရစေလိုခြင်းသာဖြစ်သည်။ ငါသည် လူသားများ၏ အရေးကိစ္စများအလို့ငှာ အမြဲအပူတပြင်း ဖြစ်နေသော်လည်း ယနေ့ ဤနေရာသို့ ရောက်ပြီးလျှင်လည်း လူတို့သည် ကျေးဇူးတင်စကား တစ်ခွန်းကို မပြောရသေးချေ၊ ၎င်းတို့မှာ အလွန်အလုပ်ရှပ်နေသကဲ့သို့ ဖြစ်ကြ၍ ဤအရာကို မေ့လျော့ခဲ့ပြီးဖြစ်သည်။ ယနေ့ပင်လျှင် လူတို့သည် တစ်နေကုန် ဟိုဟိုသည်သည်အပူတပြင်းလုပ်ဆောင်ခြင်းဖြင့် မည်သည့်အကျိုးကို ရရှိခဲ့ပြီးကြောင်းကို ငါမသိသေးပေ။ ယနေ့တိုင်အောင် ငါသည် လူတို့၏စိတ်နှလုံးထဲ၌ နေရာတစ်ခု မရှိသေးသဖြင့် နောက်ထပ်တဖန် အတွေးနက်ရလေသည်။ ငါသည် “လူတို့၌ ငါ့ကို စစ်မှန်စွာ ချစ်သောစိတ်နှလုံးတစ်ခု အဘယ်ကြောင့်မရှိကြောင်း” သုတေသနပြုသည့်အမှုကို စတင်စီစဉ်နေပြီဖြစ်သည်၊ ငါသည် လူသားကို “ခွဲစိတ်စားပွဲ” ပေါ်သို့ မတင်ကာ၊ သူ၏ “စိတ်နှလုံး” ကို ခွဲစိတ်လေ့လာပြီး ငါ့ကို စစ်မှန်စွာချစ်ရန်အတွက် သူ၏စိတ်နှလုံးထဲတွင် မည်သည့်အရာက လမ်းကြောင်း ပိတ်ဆို့နေကြောင်းနှင့် ဟန့်တားနေကြောင်းကို ကြည့်မည်။ “ခွဲစိတ်ဓား” ၏သက်ရောက်မှုအောက်တွင် လူတို့သည် ၎င်းတို့၏မျက်လုံးများကို ဖျစ်ညှစ်၍မှိတ်ကာ ငါစတင်ရန် စောင့်ဆိုင်းနေကြသည်၊ အဘယ်ကြောင့်ဆိုသော် ဤအချိန်တွင် ၎င်းတို့သည် လုံးလုံးလျားလျား အလျှော့ပေးခဲ့ပြီးသောကြောင့် ဖြစ်သည်၊ ၎င်းတို့၏စိတ်နှလုံးများထဲတွင် ရောနှောထားသော အခြားအရာများစွာကို ငါရှာတွေ့သည်။ ၎င်းတို့၏စိတ်နှလုံးများထဲတွင် ဤအရာများထဲမှ အဓိကအရာမှာ လူတို့၏ကိုယ်ပိုင် အမှုအရာများပင် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ခန္ဓာကိုယ်အပြင်ဘက်တွင် အနည်းငယ်သော အရာများသာ ရှိကောင်းရှိနိုင်သော်လည်း ၎င်းတို့၏ခန္ဓာကိုယ်အတွင်းမှ အရာများမှာ မရေမတွက်နိုင်လောက်အောင်ပင်ဖြစ်သည်။ လူသား၏စိတ်နှလုံးမှာ လူတို့ လိုအပ်သမျှ ဥစ္စာဓနများဖြင့် ပြည့်လျက်ရှိသည့် သိုလှောင်ရန် သေတ္တာပုံးကြီးတစ်ပုံးကဲ့သို့ ဖြစ်သည်။ ထိုအခါမှသာ လူတို့သည် အဘယ်ကြောင့် ငါ့ကို မည်သည့်အခါမျှ တစ်စုံတစ်ရာ အလေးမထားသည့် အကြောင်းကို ငါအမှန်တကယ် နားလည်လာသည်၊ ၎င်းမှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မိမိကိုယ်ကို ကြီးစွာရပ်တည်နိုင်သောကြောင့်ဖြစ်သည်၊ ၎င်းတို့သည် ငါ၏အကူအညီကို ယူရန် အဘယ်လိုအပ်ချက် ရှိဦးမည်နည်း။ ထို့ကြောင့်ငါသည် လူသားထံမှ ထွက်ခွာခြင်းဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူတို့သည် ငါ၏အကူအညီကို မလိုအပ်ကြခြင်းကြောင့်ဖြစ်သည်၊ ငါသည် အဘယ်ကြောင့် ရဲရင့်သောမျက်နှာတစ်ခုကို တင်းထားပြီး ၎င်းတို့ကို ငါ့အား မုန်းစေရန်ပြုရမည်နည်း။

မည်သူသည် အဘယ်ကြောင့်ဖြစ်ကြောင်းကို သိမည်နည်း၊ သို့သော်လည်း ငါသည် လူသားအကြားတွင် စကားပြောရန် အမြဲလိုလိုလားလားရှိခဲ့သည်၊ ၎င်းမှာ ငါသည် မပြုဘဲမနေနိုင်သကဲ့သို့ဖြစ်သည်။ ဤအကြောင်းကြောင့် လူတို့သည် ငါ့ကို တန်ဖိုးမရှိဟု မြင်ကြပြီး ငါ့ကို တန်ဖိုးမရှိသည့် အရာတစ်စုံတစ်ခုအဖြစ် အမြဲသဘောထားကြသည်၊ ၎င်းတို့သည် ငါ့ကို ရိုသေလေးစားရမည့် အရာတစ်စုံတစ်ခုအဖြစ် သဘောမထားကြပေ။ ၎င်းတို့သည် ငါ့ကို မမြတ်နိုးကြသည့်အပြင် ငါ့ကို အိမ်သို့ အချိန်မရွေး တရွတ်တိုက်ဆွဲလာကြပြီး ငါ့ကို တဖန် အပြင်သို့ လွှင်ပစ်လေသည်၊ လူရှေ့သူရှေ့တွင် ငါ့ကို “ဖော်ထုတ်” ကြလေသည်။ လူသား၏ယုတ်ညံ့သော အပြုအမူကြောင့် ငါ၌အဆုံးစွန်သော စက်ဆုပ်ရွံရှာမှု ရှိသဖြင့် လူသား၌ သြတ္တပ္ပစိတ်မရှိကြောင်းကို ရိုးစင်စွာ ငါဆိုခြင်းဖြစ်သည်။ သို့သော်လည်း လူတို့သည် ခေါင်းမာကြသည်၊ ၎င်းတို့သည် ၎င်းတို့၏ “ဓားများနှင့် လှံများ” ကို ယူပြီး ငါနှင့် တိုက်ပွဲဆင်နွဲကာ ငါ၏နှုတ်ကပတ်တော်များသည် လက်တွေ့အနေအထားများနှင့် ကွဲပြားခြားနားကြောင်း ဆိုကြသည်၊ ငါသည် ၎င်းတို့ကို သားပုပ်လေလွင့်ပြောကြသည်၊ သို့သော်လည်း ငါသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော အပြုအမှု၏ ရလဒ်ကြောင့် ၎င်းတို့အပေါ် ပုံအော၍ အပြစ်ဒဏ်ပေးခြင်း မပြုပေ။ ငါသည် လူတို့ကို စည်းရုံးနိုင်ရန်၊ ၎င်းတို့အား ၎င်းကိုယ်ကိုယ် အရှက်ရစေရန် ငါ၏သမ္မာတရားများကို အသုံးပြုရုံမျှသာဖြစ်သည်၊ ယင်းနောက်တွင် ၎င်းတို့သည် တိတ်ဆိတ်စွာ နောက်ဆုတ်ကြလေသည်။ ငါသည် လူသားနှင့် ယှဉ်ပြိုင်ခြင်း မပြုပေ၊ အဘယ်ကြောင့်ဆိုသော် ထိုအရာ၌ အကျိုးကျေးဇူး မရှိခြင်းကြောင့် ဖြစ်သည်။ ငါသည် ငါ၏တာဝန်ကို လိုက်နာပြီး လူသားသည်လည်း သူ၏တာဝန်ကို လိုက်နာနိုင်ပြီး ငါ့ကို မဆန့်ကျင်မည့်အကြောင်း ငါမျှော်လင့်သည်။ ဤကဲ့သို့ ငြိမ်းချမ်းစွာ သင့်မြတ်နေသည်မှာ ပို၍မကောင်းသလော။ ငါတို့၏ဆက်ဆံရေးကို အဘယ်ကြောင့် ထိခိုက်စေမည်နည်း။ ငါတို့သည် ဤနှစ်ကာလများတစ်လျှောက် သင့်မြတ်ခဲ့ကြသည်၊ ငါတို့နှစ်ဦးအတွက် ပြဿနာဖြစ်စေရန် အဘယ်ကြောင့်လိုအပ်မည်နည်း။ ၎င်းမှာ ငါတို့၏ဂုဏ်သတင်းတစ်ခုစီအတွက် အကျိုးမဲ့မည် မဟုတ်သလော။ ငါတို့၏ဆက်ဆံရေးမှာ နှစ်ကာလကြာရှည်သော “သက်တမ်းရင့်သောခင်မင်ရင်းနှီးမှု”၊ “သက်တမ်းရင့်သောအကျွမ်းဝင်မှု” တစ်ခုဖြစ်သည်၊ မပြေမလည်မှုများကြောင့် ခွဲခွာရန် အဘယ်လိုအပ်ချက် ရှိဦးမည်နည်း။ ဤအရာ၌ အကျိုးအမြတ် ရှိသလော။ လူတို့သည် အကျိုးသက်ရောက်မှုကို အာရုံပြုရန်၊ ၎င်းတို့အတွက် မည်သည့်အရာမှာ ကောင်းကြောင်းကို ၎င်းတို့ သိကြရန် ငါမျှော်လင့်သည်။ ယနေ့ လူသားအပေါ် ငါ၏သဘောထားမှာ လူသား၏ တစ်သက်တာ ဆွေးနွေးမှုအတွက် လုံလောက်ပေသည်၊ လူတို့သည် ငါ၏ကြင်နာစိတ်ကို အဘယ်ကြောင့် အသိအမှတ်ပြုရန် အမြဲပျက်ကွက်ကြသနည်း။ ၎င်းမှာ ၎င်းတို့၌ ဖော်ပြသည့်တန်ခိုးများ ကင်းမဲ့ခြင်းကြောင့် ဖြစ်သလော။ ၎င်းတို့၌ လုံလောက်သော ဝေါဟာရ မရှိသလော။ ၎င်းတို့သည် အဘယ်ကြောင့် အမြဲ ဘာပြောရမှန်းမသိ ဖြစ်နေကြသနည်း။ ငါသည် ငါ့ကိုယ်ငါ မည်သို့ ပြုမူနေထိုင်ပုံကို မည်သူ မသိနားမလည်သနည်း။ လူတို့သည် ငါ၏လုပ်ဆောင်မှုများကို အပြည့်အဝ သိကြသည်။ ၎င်းတို့သည် အခြားသူများအပေါ် အမြဲအခွင့်ကောင်းယူလိုခြင်းသာ ဖြစ်သောကြောင့် ၎င်တို့၏စိတ်ဝင်စားမှုများကို မည်သည့်အခါမျှ ဘေးဖယ်ထားရန် လိုလိုလားလားမရှိကြခြင်းဖြစ်သည်၊ အကယ်၍ နှုတ်ကပတ်တော်တစ်လုံးသည် ၎င်းတို့၏စိတ်ဝင်စားမှုများကို ထိတွေ့သည့်အခါ ၎င်းတို့သည် အသာစီးရပြီးသည့်အချိန်အထိ လျှော့ရန် ငြင်းဆိုကြသည်၊ ထိုအရာ၌ မည်သည့် အဓိပ္ပာယ်ရှိသနည်း။ ၎င်းကို မည်မျှ ပေးနိုင်သည်ကို ယှဉ်ပြိုင်မည့်အစား လူတို့သည် ၎င်းတို့ မည်မျှ ရနိုင်သည့်အပေါ် ယှဉ်ပြိုင်ကြသည်။ ၎င်းတို့၏အဆင့်အတန်းတွင် ပျော်ရွှင်မှု မရှိသော်လည်း ၎င်းကို အလွန်မြတ်နိုးကြပြီး ၎င်းကို တန်ဖိုးမဖြတ်နိုင်သောရတနာတစ်ပါးအဖြစ်ပင် သဘောထားကြသည်၊ ထို့ကြောင့် ၎င်းတို့သည် အဆင့်အတန်း ကောင်းချီးမင်္ဂလာများကို လက်လွှတ်မည့်အစား ငါ၏ပြစ်တင်ဆုံးမခြင်းကို ပို၍ခံလိုကြသည်။ လူတို့သည် ၎င်းတို့ကိုယ်ကိုယ် အလွန်အထင်ကြီးကြသောကြောင့် ၎င်းတို့ကိုယ်ကိုယ် မည်သည့်အခါမျှ ဘေးဖယ်ထားရန် အလိုမရှိကြပေ။ လူသားအပေါ် ငါ၏သုံးသပ်မှုတွင် အသေးအမွှား အမှားအချို့ ရှိကောင်းရှိနိုင်သည်၊ သို့မဟုတ် ၎င်းမှာ ကွက်တိ ကိုက်ညီနိုင်သည်၊ သို့သော်လည်း အတိုချုပ်အားဖြင့်ဆိုပါက ငါ၏မျှော်လင့်ချက်မှာ လူတို့သည် ဤအရာကို သတိပေးချက်တစ်ခုအဖြစ် သဘောထားရန် ဖြစ်သည်။

၁၉၉၂ ခုနှစ်၊ မေလ ၂၁ ရက်

ယခင်က:အခန်း ၄၃

နောက်တစ်ခုသို့:အခန်း ၄၅

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ